Aww Zar TM Clinic

Aww Zar TM Clinic သြဇာ တိုင်းရင်း​ဆေးခန်း

ခြေထောက်ထုံကျဉ်လာရင် လေဖြတ်ချင်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
19/06/2025

ခြေထောက်ထုံကျဉ်လာရင် လေဖြတ်ချင်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

Check out သြဇာ တိုင်းရင်းဆေးခန်း၊မန္တလေး’s post.

ဆေး​ပေါင်းစုံ​နေပြီ အခုချိန်ထိ ဇက်ကျီး​ပေါင်း မသက်သာ​သေးဘူးလား?* ဇက်ကျီး​ပေါင်း ဘာ​ကြောင့်ဖြစ်သလဲ?အသက် (၆၀) ​ကျော် လာတဲ့...
18/12/2024

ဆေး​ပေါင်းစုံ​နေပြီ အခုချိန်ထိ ဇက်ကျီး​ပေါင်း မသက်သာ​သေးဘူးလား?

* ဇက်ကျီး​ပေါင်း ဘာ​ကြောင့်ဖြစ်သလဲ?
အသက် (၆၀) ​ကျော် လာတဲ့အခါ အရိုးသိပ်သည်းဆ နည်းလာပါတယ်။အသက်အရွယ် ကြီးရင့်လာသောအခါ ရိုးတွင်းခြင်ဆီအားနည်းလာ၍ လည်ဆစ်ရိုးကြားရှိ အရွတ်များ ခြောက်လာ၊ ကျုံ့လာသောကြောင့် ဇက်ကျီးပေါင်းဖြစ်လာရသည်။

* လည်ဆစ်ရိုး တခုနဲ့တခု အကြားမှာ ဝါရှာလိုမျိုး ကြားခံ အရွတ်ပြားဟာ အဖိခံရပါများလာတဲ့အခါ ပါးလာ၊ ပျက်စီးလာမယ်။လည်ဆစ်ရိုးနှစ်ခု အကွာအဝေး နေရာဟာ တဖြည်းဖြည်းကျဉ်း‌လာမယ်။လည်ဆစ်ရိုးမျက်နှာပြင် မညီမညာ ဖြစ်လာမယ်။ လည်ဆစ်ရိုးကနေ အရိုးအချွန်အတက်​တွေ ထွက်လာပြီး အာရုံ​ကြောများကို ဖိမိမယ်။ဒါ​ကြောင့်မို့ လက်​ချောင်း​လေး​တွေ ထုံ၊ကျဥ်ခြင်း ​ဝေဒနာ ခံစားရတာ ဖြစ်ပါတယ်။

* ခန္ဓာကိုယ် အလေးချိန်များခြင်း၊ ထိုင်၍ လုပ်ရသော အလုပ်ချိန်ကြာမြင့်ခြင်း၊ ခေါင်းငုံ့၍/မော့၍ လုပ်ရသော အလုပ်ချိန် ကြာခြင်း၊ လည်ဆစ်ရိုးကို ဝန်ပိ​စေ​သော အလုပ်များ လုပ်ကိုင်ရခြင်း၊ထမ်းရွက်ရခြင်း(ပန်းရံလုပ်ငန်း)၊ လည်ဆစ်ရိုးကို ပြင်းထန်​သော ထိခိုက်ဒဏ်ရာ ရ​စေခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အဆစ်‌ယောင်‌ရောဂါ အခံရှိခြင်းတို့​ကြောင့် ​စောလျှင်စွာ ဇက်ကျီး​ပေါင်း ​​ရောဂါ ခံစားရနိုင်ပါတယ်။

* အခြား အကြောင်းရင်း တခုမှာ လူတို့၏ စားသောက်ပုံစနစ် ပြောင်းလဲလာခြင်းကြောင့်လည်း ဖြစ်နိုင်သည်။(ဥပမာ အချိုမှုန့်၊ ကြက်သားမှုန့် လွန်ကဲစွာ စားသုံးခြင်း၊ အပြင်စာများ အစားများခြင်း)

- အသက် ၃၁ နှစ် အရွယ် အမျိုးသမီးသည် ဆိုင်ကယ် မောင်း‌နေစဉ် လီဗာဆွဲသည့် အခါတိုင်း လက်ကျဉ်နေသဖြင့် ဓါတ်မှန်ရိုက်ကြည့်ရာ ဇက်ကျီးပေါင်း ဖြစ်နေမှန်း သိရသည်။အလုပ်၀င်သည့် (၆) နှစ်ခွဲလုံး ထမင်းဟင်းချက်ရန် အချိန်မရှိသဖြင့် ရုံးအနီးရှိ ထမင်းဆိုင်တွင်သာ ၀ယ်စားဖြစ်သည် ဆို၏။

* မိမိမှာ ဇက်ကျီး​ပေါင်းဖြစ်​နေတယ် ဆိုတာ လူအများစု သတိမထားမိကြပါ။
* အများစု ဖြစ်တတ်တဲ့ ​ဝေဒနာက ဇက်​ကြောတက်ခြင်းပဲ ဖြစ်ပါတယ်။ညက အိပ်ရေး၀သော်လည်း နေ့ခင်းဘက် သမ်းဝေနေတတ်သည်။
(ဇက်​ကြော မကြာခဏ တက်​နေရင် ကျီး​ပေါင်း သံသယအ​နေနှင့် နားလည်တတ်ကျွမ်းသူနှင့် တိုင်ပင် ပြသသင့်ပါတယ်။)

ဇက်ကျီး​ပေါင်း လက္ခဏာများ

- ဇက်​ကြောတက်ခြင်း
- ​ခေါင်းကိုက်ခြင်း
- ပခုံးကြွက်သားများ တင်းနေခြင်း
- လက်ပြင်​နေရာတ၀ိုက်တွင် စူးအောင့်အောင့်ဖြစ်ခြင်း
- လက်​မောင်းကြွက်သား တ​လျှောက်ကိုက်ခြင်း၊ လက်​ချောင်းများ ထုံကျဥ်ခြင်း
- ထိုင်ရာမှ အထ၊ အိပ်​နေရာမှ အထတွင် မိုက်ကနဲ မူး​ဝေခြင်း
- ပုံမှန် လုပ်​နေကျ အလုပ်များကို အာရုံမစိုက်နိုင်ခြင်း၊ ​ခေါင်းမူးခြင်း၊ ပိုမို ပင်ပန်းသလို ခံစားရခြင်း။
- လက်နှင့် ပစ္စည်းများကို ဆုပ်ကိုင်ရာတွင် အားမရှိသလို ဖြစ်ခြင်း
- လည်ဆစ်ရိုး၏ လှုပ်ရှားမှု အကန့်အသတ် ရှိခြင်း၊ အရိုးနှစ်ခု ပွတ်တိုက်သံ ကြားရခြင်း
- ဆိုးရွား​သော အ​ခြေအ​နေတွင် ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
- လည်ဆစ်ရိုး​နေရာသည် မျက်စိအမြင်တွင် ပုံမှန်ထက် မို့​မောက်​နေခြင်း
- ယခု ​ဖော်ပြမှုတွင် မပါဝင်​သော အခြား လက္ခဏာများလည်း ခံစားရနိုင်​သေးသည်။

* ဇက်ကျီး​ပေါင်း ​ရောဂါ ခံစား​နေရပြီဆိုလျှင်
​​နေ့စဥ် လူ​နေမှု ဘဝကို ထိခိုက်​စေပါတယ်။
* ​ဆေးမျိုးစုံ​နဲ့ ကုသ​နေ​ပေမဲ့ မသက်သာ​သေးဘူး ဖြစ်​နေသလား?
* အနာနဲ့ ​ဆေး မ​တွေ့​သေးလို့ ဇက်ကျီး​ပေါင်းကုရတာ စိတ်ပျက်​နေပြီလား?
* ဇက်ကျီး​ပေါင်းရှိ​နေလို့ ကိုယ်လုပ်ချင်​နေတဲ့
အလုပ်​တွေကို ရပ်နားထားရသလား?
* အစား​လေး နည်းနည်းမှားတာနဲ့ ကျီး​ပေါင်းထမှာ စိတ်ပူ​နေရသလား?

* ဒါဆိုရင်​တော့ မိတ်​ဆွေတို့ရဲ့ ဇက်ကျီး​ပေါင်း ​ရောဂါကို အချိန်တိုအတွင်း သက်သာဖို့ သြဇာ တိုင်းရင်း​ဆေးခန်းမှာ လာ​ရောက်ကုသနိုင်ပါပြီ။

* ဇက်ကျီး​ပေါင်းရောဂါ အတွက် အ​ရေးပါတဲ့ ဦး​​​ခေါင်း ​လေ့ကျင့်ခန်းလုပ်နည်း၊ ​ဆောင်ရန်၊​ရှောင်ရန်တို့ကိို ​သေချာရှင်းပြပေးပါတယ်။

* တရုတ်အပ်စိုက်ခြင်း
* အ​ကြောပြင်ခြင်း
* ​ဆေးကြပ်ထုပ်ထိုးခြင်း
* Traction ကုထုံး
* Ray အပူ​ပေး ကုထုံး
* Electric Stimulation ကုထုံး
* ​သောက်​ဆေး၊ လိမ်း​ဆေး စသည်တို့နှင့် စနစ်တကျ ကုသ​ပေးပါသည်။

* ​ဆေးခန်း တည်​နေရာ - နန်း​ရှေ့ ၁၉ လမ်း နှင့် နန်းဦးလွင် (သံလမ်းဆုံ) မီးပွိုင့် ​မြောက်ဘက် ( ၁ မိနစ်ခန့် ) ၊
​ရေနီ​မြောင်း အ​ရှေ့ဘက်၊ ​အောင်​မြေသာစံမြို့နယ်၊
မန္တ​လေးမြို့။

ဖုန်း - ၀၉ ၂၆၅ ၄၄၆ ၁၉၁
- ၀၉ ၇၈၄ ၃၇၂ ၄၄၅

# သြဇာ တိုင်းရင်း ​ဆေးခန်း
# ဇက်ကျီး​ပေါင်း
# အရိုး၊ အ​ကြော၊ အဆစ်နှင့် အ​ထွေ​ထွေ တိုင်းရင်း​ဆေးကုခန်း

ရိုးရိုး ခါးနာခြင်းနှင့် ​ကျောက်ကပ်​ကြောင့် ခါးနာခြင်း ကွာခြားချက်က ဘာ​တွေလဲ။၁။ရိုးရိုးခါးနာခြင်း တည်​နေရာ ခါး​အောက်ပိုင...
15/11/2024

ရိုးရိုး ခါးနာခြင်းနှင့် ​ကျောက်ကပ်​ကြောင့် ခါးနာခြင်း ကွာခြားချက်က ဘာ​တွေလဲ။

၁။ရိုးရိုးခါးနာခြင်း

တည်​နေရာ
ခါး​အောက်ပိုင်း ကြွက်သား​​နေရာ နာကျင်ခြင်း
​အောင့်ခြင်း။

နာကျင်ခြင်းပုံစံ
ခါးနာခါစ အချိန်တွင် ခါးကြွက်သား နေရာတွင်သာ နာမည်။ခါးအရွတ်ပြား ကျွံပြီး အာရုံကြော ညှပ်သူများသည် အိပ်နေစဉ် ဘယ်ညာစောင်းရာ၌ပင် အခက်အခဲ ရှိတတ်သည်။အလွန်အမင်း နာကျင်တတ်သည်။

ခါးနာခြင်း ( ၆ ) လ အထက်ကြာလာလျှင်တင်ပါး​နေရာ ​နာခြင်း၊ ​အောင့်ခြင်း၊ ​ပေါင် ​ဘေးဘက်၊ ​နောက်ဘက်ကြွက်သား တင်းခြင်း၊ ​​ခြေသလုံး ​ဘေး​​ကြောတင်းခြင်း/ညောင်းကိုက်ခြင်း၊ ခြေချောင်းလေးများ ထုံကျဥ်ခြင်း။
ခါးနာ​သောဘက်ခြမ်း ခြေသလုံး တဘက်တည်း ကြွက်ပိုတက်ခြင်း။
​ခြေဖ​နှောင့်​ကြောကို လက်နှင့် ဆွဲကုပ်ထားသကဲ့သို့ ​
တောင့်တင်းခြင်း။
ခြေထောက်‌ အောက်ပိုင်းကို သွားသော အာရုံကြော ထိခိုက်လာသည့်အခါ ခြေဖဝါးပူခြင်း။

လက္ခဏာများ

၁။ ခြေ​ထောက်နှစ်ဘက် မညီခြင်း။
(ခြေထောက်ညီပြီး ခါးနာ‌နေတာလည်း ဖြစ်နိုင်သည်။)
၂။ လမ်း​လျှောက်လျင် ခါး​စောင်း​နေခြင်း။
၃။ ခါး အာရုံ​ကြော ညှပ်သူများ ဘယ်ညာ ​စောင်း၍ အိပ်ရန်ပင် အခက်အခဲရှိခြင်း။
၄။ အထိုင်အထခက်ခဲခြင်း၊
ငြိမ်၂ ​လေး အိပ်နေလျင် သက်သာခြင်း၊
၅။ လမ်း​လျှောက်၊ ကိုယ်လက်လှုပ်ရှားလျင် ပိုနာခြင်း။
၆။ အ​​​လေး အပင်မလျင် ပိုနာခြင်း။

၂။​ကျောက်ကပ်​ကြောင့် ​နောက်​ကျောနာခြင်း

တည်​နေရာ
​ခါး​အ​ပေါ်ပိုင်း​ ကြွက်သားနေရာ၊ နံရိုးအိမ်၏အောက်ဘက်၊​ပေါင်ခြံ​နေရာ တဝိုက်၊ ဝမ်းဗိုက်ကြွက်သား​နေရာများသို့ ပျံ့နှံ့၍ နာကျင်ခြင်း။

နာကျင်ခြင်းပုံစံ
သွားလာလှုပ်ရှား​နေလည်းနာ၊
အနားယူ အိပ်​နေလည်းမသက်သာ တသမတ်တည်း နာ​နေမည်။

လက္ခဏာများ
၁။ ဆီးထဲ​သွေးပါခြင်း
၂။ ဆီးထဲ အနည်အမှုန်များပါခြင်း
၃။ ဆီးအ​ရောင်​ပြောင်းလဲခြင်း
၄။ ဆီးမကြာခဏ သွားလိုခြင်း
၅။ ဆီးသွားစဥ် နာကျင်ခြင်း
၆။ ဆီးသွားရ ခက်ခဲခြင်း
၇။ ချမ်းတုန်ဖျားခြင်း
၈။ ပျို့အန်ခြင်း
(​ပျို့အန်ခြင်းသည် ကျောက်ကပ်တွင် ​ကျောက်တည်ခြင်းနှင့် ဆီးလမ်း‌ကြောင်းပိုး၀င်လျှင် တွေ့ရတတ်သော လက္ခဏာ ဖြစ်သည်။)

အကြမ်းဖျင်းမှတ်ရန်

* ဆီးသွားစဥ် ပြဿနာ အခက်အခဲ မရှိ၊ ချမ်းတုန်ဖျားခြင်း၊ ပျို့အန်ခြင်း မရှိဘဲခါးကြွက်သားနာမည်။ ခါးနာ နောက်ဆက်တွဲ တင်ပါးအောင့်၊ ခြေထောက် ညောင်း/ကိုက်၊ ထုံကျဉ်သော် ရိုးရိုးခါးနာ/ခါးကျီးပေါင်းဖြစ်သည်။

* ဆီးသွားစဉ် ပြဿနာ အခက်အခဲ ရှိမည်။ချမ်းတုန်ဖျားခြင်း၊ ပျို့အန်ခြင်း ရှိမည်။
ခါးနာ နောက်ဆက်တွဲ တင်ပါး အောင့်ခြင်း၊ ခြေထောက် ညောင်း/ကိုက်ခြင်း၊ ထုံကျဉ်ခြင်း မရှိပါ။
ခါးကြွက်သား အပေါ်ပိုင်း နေရာနာမည်။၀မ်းဗိုက်ကြွက်သားများ နာကျင်မည်။
ဆိုးရွားသော အခြေအနေတွင် ခြေထောက် ဖောယောင်ခြင်း ရှိမည်ဆိုလျှင် ကျောက်ကပ်ကြောင့် ဖြစ်သော ခါးနာ ဖြစ်သည်။

ရိုးရိုးခါးနာ/ခါးကျီးပေါင်းအတွက် ကုသမှုခံယူလိုပါက ---

- တရုတ်အပ်စိုက် ကုသခြင်း
- အကြောပြင်ခြင်း
- ဆေးကြပ်ထုပ်ထိုးခြင်း
- လျှပ်စစ် လှုံ့ဆော် ကုသခြင်း
- ဆေးစည်း/ဆေးကပ်ခြင်း
- ခါးဆွဲကုသခြင်း
- အပူရောင်ခြည်ပေး ကုသခြင်း
စသည့် နည်းစနစ်တို့ဖြင့် စနစ်တကျ ကုသပေးပါသည်။

#လိပ်စာ -နန်းရှေ့ (၁၉) လမ်းနှင့် မြို့ပတ်လမ်း၊ သံလမ်းဆုံမီးပွိုင့် မြောက်ဘက်၊ရေနီမြောင်း အရှေ့ဘက်။

#ဆေးခန်းဖွင့်ချိန်
နံနနက် (၈) နာရီမှ (၁၁:၃၀) အထိ
ညနေ (၃)နာရီမှ (၆:၃၀) အထိ။

27/10/2024

ဆေးခန်းအစုံပြ၊ ငွေကုန်နေပေမဲ့ သင့် ဇက်ကျီးပေါင်းက မသက်သာဘူး ဖြစ်နေလား?

ဇက်ကျီးပေါင်းကြောင့် အလုပ်မလုပ်နိုင်တာ သုံးလခွဲလောက် ကြာပြီ။ အခုတော့ သက်သာလာပါပြီ။အလုပ် ပြန်ဆင်းနိုင်ပြီ။

အရိုးကျီးပေါင်း သောက်ဆေး၊ လိမ်းဆေးဆီ။ဇက်ကျီးပေါင်း ပြဿနာ ဩဇာမှာ အဖြေရှာပါ။
12/10/2024

အရိုးကျီးပေါင်း သောက်ဆေး၊ လိမ်းဆေးဆီ။
ဇက်ကျီးပေါင်း ပြဿနာ ဩဇာမှာ အဖြေရှာပါ။

* တရုတ်အပ်စိုက်ကုသခြင်းက ဘာကောင်းကျိုးတွေရှိလဲ?၁။တရုတ်အပ်စိုက်ရင် နာကျင်မှုခံစားရသလား?တရုတ်အပ် အရွယ်အစားဟာ လူ့ဆံပင်ထက် န...
28/08/2024

* တရုတ်အပ်စိုက်ကုသခြင်းက ဘာကောင်းကျိုးတွေရှိလဲ?

၁။တရုတ်အပ်စိုက်ရင် နာကျင်မှုခံစားရသလား?
တရုတ်အပ် အရွယ်အစားဟာ လူ့ဆံပင်ထက် နည်းနည်းပဲ ပိုကြီးတာမို့ အပ်စိုက်ချိန်မှာ ပုရွက်ဆိတ် ကိုက်သလောက်ပဲ နာကျင်မှုခံစားရပါတယ်။တခါတရံ အပ်စိုက်လိုက်မှန်းတောင် မသိလိုက်တာမျိုးလဲရှိပါတယ်။

၂။တရုတ်အပ်စိုက်ရင် ဘာတွေ ကောင်းကျိုးရှိလဲ?
ဆေးသောက်စရာ မလိုဘဲနဲ့ နာကျင်မှုကို သက်သာစေတာကြောင့် အစာအိမ်အနာရှိသူတွေ၊ အကိုက်အခဲပျောက်ဆေးနဲ့ မတည့်သူတွေ အတွက် ရွေးချယ်စရာ ကုထုံးတခုဖြစ်ပါတယ်။
နာတာရှည် ကိုက်ခဲ၊ နာကျင်ခြင်းတွေ ခံစားရတဲ့ ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ ခါးနာခြင်း၊ ခါးကျီးပေါင်းတက်ခြင်း၊ ဇက်ကျီးပေါင်းတက်ခြင်း၊ အဆစ်ရောင်ခြင်းတို့ကို သက်သာစေပါတယ်။လေငန်းလေဖြတ်ခြင်း၊ မေးရွဲ့ ပါးရွဲ့ခြင်း၊ ကျီးပေါင်းတက်ခြင်းကြောင့် ဖြစ်သော ခြေလက် ထုံကျင်ခြင်း ဝေဒနာကိုလည်း သက်သာစေပါတယ်။

* ရုတ်တရက် လေဖြတ်လူနာကို ဆရာ၀န်နှင့် ပြသပြီး အပ်စိုက်ကုထုံးနှင့် တွဲဘက် ကုသပါက လူနာရဲ့ တိုးတက်မှု မြန်ဆန်တာကို တွေ့ရပါတယ်။အပ်စိုက်နေစဉ် လျှပ်စစ် အပျော့စားကုထုံး တွဲလျက် ကုသခြင်းက ထိရောက်မှု ပိုရှိသည်။

၃။အပ်စိုက်ရင် အချိန် ဘယ်လောက်ကြာသလဲ?
၁၀ မိနစ်မှ မိနစ် ၂၀ ခန့် ကြာနိုင်ပါတယ်။

၄။အကိုက်ပျောက်ဆေး မသောက်ဘဲနှင့် ဘာလို့ နာကျင်မှုသက်သာစေတာလဲ?
အပ်စိုက်တဲ့နေရာက အာရုံကြော၊ ကြွက်သား၊ တစ်သျှုးနေရာတွေကို လှုံ့ဆော်မှုဖြစ်စေပြီး သွေးလည်ပတ်စီးဆင်းမှု အားကောင်းလာစေတယ်။
ခန္ဓာကိုယ်ထဲက ကိုက်ခဲနာကျင်မှုကို သက်သာစေတဲ့ သဘာ၀ဓါတ်ပစ္စည်းတွေ ထွက်လာပြီး နာကျင်မှုဝေဒနာကို သက်သာစေခြင်းဖြစ်ပါတယ်။

လေငန်းလေဖြတ်၊ မေးရွဲ့ပါးရွဲ့၊ဇက်ကျီးပေါင်း၊ ခါးကျီးပေါင်း၊ ခြေလက်ထုံကျင်၊အဆစ်နာ၊ ဒူးနာ၊ အိပ်မပျော်ခြင်းတို့ကို အချိန်ကြာကြာ ခံစားနေရမယ်၊ အကိုက်ပျောက်ဆေးလည်း မသောက်ချင်ဘူးဆိုရင် အပ်စိုက်ကုထုံးဟာ ရွေးချယ်စရာကုထုံး တခု ဖြစ်ပါတယ်။

ဩဇာ တိုင်းရင်းဆေးခန်း
Mandalay

ဇက်ကျီးပေါင်းလူနာများ ရှောင်ရန်၁။ အရက်နှင့် ဆေးလိပ်သောက်ခြင်း၊ ရှောင်ပါ။၂။ သကြား၊ အချိုရည်၊ ဝက်ဆီ၊ အမဲဆီ၊ တိရစ္ဆာန် အဆီမ...
26/08/2024

ဇက်ကျီးပေါင်းလူနာများ ရှောင်ရန်

၁။ အရက်နှင့် ဆေးလိပ်သောက်ခြင်း၊ ရှောင်ပါ။
၂။ သကြား၊ အချိုရည်၊ ဝက်ဆီ၊ အမဲဆီ၊ တိရစ္ဆာန် အဆီ
များ၊ စားအုန်းဆီပါဝင်မှုများသော အီကြာကွေး၊ စမူဆာစသည် မကြာခဏ စားခြင်း ရှောင်ပါ။
၃။ တာရှည်ခံ အစားအစာများ၊
ငါးပိ၊ငါးခြာက်၊ ငံပြာရည်၊ ဆားအငန် လွန်စွာစား
ခြင်း။အသင့်စား ခေါက်ဆွဲခြောက်၊ ကြာဆံထုပ် မကြာခဏ စားခြင်း။

၄။ အဆီအဆိမ့်၊ ဒန်ပေါက်၊ ကြက်ဆီထမင်း၊
အုန်းနို့ခေါက်ဆွဲ စသည်စားပြီး ရေခဲရေ သောက်ခြင်း၊
၅။ ဆူးပုပ်၊ ဒိန်ညင်းသီး၊ ကြက်ဟင်းခါးသီးခွေးတောက်ရွက် စသည့် အတက်စာများ သင့်ရုံစားပါ။
၆။ အချိုမှုန့်၊ ကြက်သားမှုန့် ပါဝင်မှုများသော အစာများ(ဥပမာ ကြေးအိုး၊ မုန့်ဟင်းခါး၊ အာပူလျှာပူ စသည် ရှောင်ပါ။)

၇။ ဝမ်းတွင်း ကလီစာများ ရှောင်ပါ။
၈။ ခေါင်းအုံး မြင့်မြင့် မအုံးပါနှင့်။
၉။ အာရုံ စူးစိုက် လုပ်ကိုင်ရသော အလုပ်များကို အချိန်ကြာရှည်စွာ အနားမယူဘဲ လုပ်ခြင်း ရှောင်ပါ။

၁၀။ ဖုန်း၊ တီဗီ ကြာရှည် ကြည့်ခြင်း ရှောင်ပါ။
၁၁။ မကြာခဏ ဇက်ချိုးခြင်း၊ အနင်းခံခြင်း မလုပ်ရပါ။
၁၂။ လေးလံသော ပစ္စည်းများ အချိန်ကြာမြင့်စွာ ထမ်းခြင်း၊ရွက်ခြင်း ရှောင်ကြဉ်ပါ။

ဆောင်ရန်

၁။ နွားနို့ တဖန်ခွက်ထဲ နနွင်း လဘက်စားဇွန်း တဇွန်းထည့်သောက်ပါ။(အစာနှင့် ဝေးချိန်သောက်ပါ။ နနွင်း မထည့်လိုက မထည့်ဘဲ သောက်နိုင်သည်။ ) ဒိန်ချဉ် သောက်ပါ။
၂။ ဗာဒံစေ့၊ နှမ်းလှော်၊ အခွံမာ သစ်သီးများ၊ ကိုက်လန်ရွက် စားပါ။
၃။ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များစားပါ။

၄။ ပြောင်းဖူး၊ ကညွတ်၊ ဘရိုကိုလီ၊ ဒန့်သလွန်ရွက် စားပါ။
၅။ အချဉ်ရည်ဟင်း၊ စွန်ထန် ဟင်းရည်သောက်ပါ။
(ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း စသည်တို့ သည်
ရောင်ရမ်းနာကျင်မှု လျော့ကျစေသည်။)
၆။ ငါးကြင်းခေါင်း ကင်မွန်းချဉ်ရွက်ဖြင့်ချက်စားပါ။
ငါးလေး အိုးကပ်ချက်စားပါ။

၇။ ကြက်စွပ်ပြုတ်၊ ဆိတ်ရုံး စွပ်ပြုတ်စားပါ။
၉။ သံပရာရည် သောက်ပါ။
ရှောက်သီးသုပ် စားပါ။(ဗီတာမင်စီသည် အရိုးများကို သန်မာစေသည်။)
၁၀။ခန္ဓာကိုယ် အလေးချိန်မတက်အောင် ထိန်းပါ။
၁၁။ ဦးခေါင်း လေ့ကျင့်ခန်း နေစဉ်လုပ်ပါ။

၁၂။ လည်ပင်းကော်လာ တပ်ပါ။(၁၀) ရက်ထက် ပိုမတပ်သင့်ပါ။လည်ပင်းကြွက်သားများ အားနည်း နိုင်၍ နာကျင်မှု သက်သာပါက ကော်လာကို ဖြုတ်ထားပါ။
၁၃။ နားလည် တတ်ကျွမ်းသူနှင့် စနစ်တကျ ကုသမှု ခံယူပါ။

ဩဇာ တိုင်းရင်းဆေးခန်း

95 အစား... 92 ပြောင်းသုံးလိုက်ရင် ဘာတွေဖြစ်နိုင်မလဲ ?ဓာတ်ဆီစျေးတွေ တက်နေလို့ပဲဖြစ်ဖြစ်၊ 95 ဝယ်မရလို့ 92 သုံးလိုက်ရလို့ပဲ...
18/08/2024

95 အစား...
92 ပြောင်းသုံးလိုက်ရင်
ဘာတွေဖြစ်နိုင်မလဲ ?

ဓာတ်ဆီစျေးတွေ တက်နေလို့ပဲဖြစ်ဖြစ်၊ 95 ဝယ်မရလို့ 92 သုံးလိုက်ရလို့ပဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့် 95 နဲ့ 92 ရောသုံးလိုက်ရင် ရေရှည်မှာ အင်ဂျင်ကို ထိခိုက်စေနိုင်လား?

ရေတိုမှာကော ဘယ်လောက်အတိုင်းအတာလောက်ထိ ကားကို သက်ရောက်စေနိုင်လဲ?
ဒါလေးဆွေးနွေး မျှဝေပေးသွားပါ့မယ်။

ဓာတ်ဆီဟာ မော်တော်ယာဉ်များရဲ့ အဓိကလောင်စာဆီဖြစ်ကာ ဓာတ်ဆီ၏ အရည်အသွေးကို အောက်တိန်းနံပါတ်ဖြင့် ခွဲခြားနိုင်ပါတယ်။

အောက်တိန်းနံပါတ် မြင့်သော ဓာတ်ဆီများဟာ လောင်ကျွမ်းမှု အားကောင်းပြီး မီးခေါက်သံ (Knocking) မဖြစ်ပေါ်စေနိုင်ပါ။

ဒါကြောင့် Octane Number ရဲ့ အဓိပ္ပာယ်မှာ လောင်စာတစ်ခု၏ မီးခေါက်သံဖြစ်ပေါ်မှုကို ခုခံတားဆီးပေးနိုင်သော အညွှန်းကိန်းကို ဖော်ပြရာတွင် သုံးစွဲသော တန်ဖိုးတစ်ခုပဲ ဖြစ်ပါတယ်။

Octane Rating ကို တစ်ကမ္ဘာလုံး ဘုံသတ်မှတ်ထားသော ယူနစ်မှာ RON (Research Octane Number) ဖြစ်ပါတယ်။

ပုံမှန်ဓာတ်ဆီတွင် ပါဝင်သော RON ပမာဏမှာ (၈၇) မှ (၉၀) အတွင်းရှိပြီး၊အလယ်အလတ် Mid-Grade အောက်တိန်းဆီမှာ (92 RON) ဖြစ်ကာ Premium Grade မှာ (95 RON) ရှိပါတယ်။

Super Plug Grade ကတော့ (98 RON) မှ (100 RON) အထိ ရှိပါတယ်။

မြန်မာနိုင်ငံတွင် အသုံးများသော အောက်တိန်းဆီမှာ (92 RON)နှင့် (95 RON) ပါ။

RON မြင့်တဲ့ ဆီတွေဟာ ကွန်ပရက်မြင့်တဲ့ အနေထားတစ်ခုမှာ လျှင်မြန်စွာမီးလောင်မပေါက်ကွဲနိုင်ဘဲ သက်မှတ်ထားတဲ့ အပူချိန်နဲ့ဖိအားရောက်မှသာ မီးလောင်ပေါက်ကွဲရမှာဖြစ်ပါတယ်။
ဒါကို detonating လို့ခေါ်ပါတယ်။

95 ဟာ 92 ထက် detonating နည်းတယ်လို့ စာမှာဖော်ပြထားပါတယ်။

တကယ်ကော လက်တွေ့ actuating မှာ မှန်ကန်ရဲ့လားဆိုတော့ မှန်သင့်သလောက်မှန်ပါတယ်။

95 သုံးနေကျ ကားတစ်စီးမှာ 92 ကို ရုတ်တရက် ပြောင်းသုံးလိုက်ရင် မီးသံထွက်တာတွေ ကြုံရမှာပါ။
တချို့ကားတွေမှာ မခေါက်ဘူး၊
အရုန်းအဆွဲတော့ နည်းနည်းပြောင်းတယ်။

ဓာတ်ဆီမန်နူရယ်ကားတွေဆို ပိုသိသာပါတယ်။

အော်တိုကားတွေမှာလည်း သတိထားကြည့်ရင် အရုန်းအဆွဲပိုင်း အနည်းငယ်ပြောင်းလဲမှုရှိတယ်ဆိုတာ သိနိုင်ပါတယ်။

detonating ဖြစ်တယ်ဆိုတာနဲ့ Knock ဆင်ဆာက သိပြီ အဲ့ဒီနောက် ECU ကို ဆီပိုကျွေးဖို့ signal ပို့ပေးတယ်။
ECU က ဆီပိုချပေးတယ်။

လိုအပ်တာထက် ဆီပိုချပေးလို့ တခါတရံမှာ ကိစ္စမရှိပေမဲ့ အမြဲတစေ အထက်ပါ အပြုအမူမျိုး လုပ်နေရရင် အရင်ဆုံး ထိမှာက plug တွေပဲ ဖြစ်ပါတယ်။

အရည်အသွေးနိမ့်တဲ့ ပလပ်တွေက ကြုံခိုင်မှုအားလျော့နည်းတယ်။ ရေရှည်အသုံးမခံဘူး။

abnormal combustion ကို မခံနိုင်ဘူး။
ဆီပိုကျွေးရလို့ ပလပ်ထိပ်တွေ ဆီစိုတယ်။

ဆီပိုကျွေးရလွန်းလို့ မီးသံ မခေါက်ဘူးမထင်ပါနဲ့။

မီးသံမခေါက်ဘဲ pre-ignition ဘက်ကို ကူးသွားတာကြောင့် carbon formation ပိုဖြစ်တယ်။ ဆက်စပ်ပြီး ဗားတွေ ပျက်စီးနိုင်တယ်။ ပစ္စတင်တွေ ရေရှည်မှာပျက်စီးနိုင်ပါတယ်။

ဒါ့ကြောင့် ရေတိုမှာ ပလပ်တွေ ထိမယ်၊ အင်ဂျက်တာတွေ ဆီပို ဆီလျံမယ်
spary pattern မှားကုန်တယ်၊ ကျောက်ဇကာသက်တမ်းတိုပါမယ်။ ရေရှည်မှာတော့ ကာဗွန်ဂျိုးတက်မယ်၊ ဗားတွေထိမယ်၊ ကွန်ပရက်ရှင်းချိန်ဘာတွေ ပျက်စီးကုန်မယ်။

ဒါက 92 နဲ့ 95 ရဲ့ အရည်အသွေးကို အတိအကျဖော်ပြထားတဲ့ ကိန်းဂဏန်းအရ ဖြစ်လာနိုင်တဲ့ ပြစ်ချက်တွေဖြစ်ပါတယ်။

ဒီမှာတော့ 95 ဆိုတာကလည်း 92 နဲ့ သိပ်မကွာလှဘူး။
ဆီအရည်အသွေးက တူတူလောက်ပဲဖြစ်နေတယ်ဆိုရင် အထက်က ပြစ်ချက်တွေ အဖြစ်နည်းမယ်ပေါ့ဗျာ။

ဒါလည်း ငြင်းခုန်နေတာတော့ မဟုတ်ဘူး။

95/92 rating စမ်းတဲ့ စက်ကို ဘယ်ကားအုံနာမှာ ဆီမထည့်ခင် ပြည့်မပြည့် အရင်စမ်းပြီးမှ ထည့်တာမျိုးမကြားဖူးသေးဘူး။
95 ဘယ်လောက်ထည့်ကွာ ဆိုတာမျိုးနဲ့သွားကြတာပါ။

နောက်တချက်က ကားပေါ်လည်းမူတည်ပါသေးတယ်။

ကိုယ့်ကားက ကာဗရိုက်တာရိုးရိုး အိုးမော်ဒယ်ဆိုရင် ဘာမှမဖြစ်ပါဘူး။ အင်ဂျင်ပါဝါကြီးတဲ့ ကားတွေဖြစ်နေရင်လည်း ဒီဖြစ်ရပ်က သိပ်မသိသာလှဘူး။ ကားက အသစ်၊ ပလပ်တွေ ရှယ်သုံးထားတယ်ဆိုရင်လည်း ချက်ချင်းတော့ သိသာသေးမှာမဟုတ်ပါဘူး။

Credit to original writer
မူရင်းရေးသားသူအားလေးစားစွာCreditပေးပါသည်။

၁။လက်ချောင်းလေးများ ထုံကျဉ်ခြင်းအသက် ၅၀ အရွယ် အမျိုးသမီးတွေမှာလက်ချောင်းများ ထုံကျဉ်လာပြီဆိုရင် မီးယပ်ရောဂါ၊သွေးဆုံးကိုင...
15/08/2024

၁။လက်ချောင်းလေးများ ထုံကျဉ်ခြင်း

အသက် ၅၀ အရွယ် အမျိုးသမီးတွေမှာ
လက်ချောင်းများ ထုံကျဉ်လာပြီဆိုရင် မီးယပ်ရောဂါ၊
သွေးဆုံးကိုင်လို့ ဖြစ်တယ် ထင်တတ်ကြပါတယ်။
လက်ချောင်းလေးတွေဆီကို သွားတဲ့ သွေးကြော
အာရုံကြောတွေကို ဇက်ကျီးပေါင်း အချွန် အတက်တွေက
ကုပ်မိ၊ဖိမိတဲ့အခါ သွေးအပြည့်အဝ မရောက်ဘဲ ထုံကျဉ်
တတ်ပါတယ်။

၂။ ဘယ်ဘက် ရင်ဘတ်အောင့်ခြင်း

ဇက်ကျီးပေါင်း ဟာ ဘယ်ဘက် ရင်အုံကို သွားတဲ့
သွေးကြော၊ အာရုံကြောကို ဖိမိတဲ့အခါ နှလုံးနေရာက
အောင့်သလို၊ အသက်ရှူမဝသလို ဖြစ်ပြီး နှလုံးရောဂါ၊
နှလုံးသွေးကြောကျဉ်းတာလို့ ယူဆမိတတ်သည်။

၃။ အာရုံကြော အားနည်းခြင်း

အာရုံကြော အားနည်းခြင်းတခုတည်း‌ကြောင့်
လက်မောင်းတလျှောက်နှင့် လက်ချောင်းများထုံကျဉ်
ခြင်းဖြစ်သည်ဟု မပြောနိုင်ပါ။ ဇက်ကျီးပေါင်းကြောင့်
သွေးကြော၊အာရုံကြောများကို ဖိမိနေလျှင် လက်ချောင်း
များ ထုံကျဉ်နေမည် ဖြစ်သည်။အာရုံကြောဆေးများ
သောက်နေသော်လည်း မသက်သာသည့် လူနာများကို
တွေ့ဖူးသည်။ဇက်ကျီးပေါင်းကို စနစ်တကျ ကုသမှုခံယူ
ပြီး အာရုံကြောဆေးကို တွဲသောက်ခြင်းက ပိုမို ထိရောက်မှုရှိသည်။

၄။ ခေါင်းမူးခြင်း

ခေါင်းမူးလျှင် သွေးတိုး၍ မူးနိုင်သလို
သွေးပေါင်ကျ၍လည်း မူးနိုင်သည်။ ဇက်ကျီးပေါင်း
ကြောင့် အထိုင်အထ မိုက်ကနဲဖြစ်ပြီး ချာချာလည်အောင်မူးတတ်သည်။ခေါင်းမူးစေသော အကြောင်းရင်းကို သိရှိရန် နားလည်တတ်ကျွမ်းသူနှင့် တိုင်ပင်ပြသသင့်သည်။

၅။ ပျို့အန်ခြင်း
အစာစားချင်စိတ် မရှိ ဖြစ်ခြင်း၊ စားထားသော အစာ
များ အန်ခြင်း၊ လေချဉ်တက်ခြင်း၊ တခါတရံ ရေသောက်
လျှင်ပင် ပြန်အန်ခြင်း စသည့် လက္ခဏာများ တွေ့ရလျှင်
အစာအိမ် ရောဂါဟု အထင်မှားနိုင်၏။အ အေးမိခြင်း၊
ခေါင်းလျှော်ရေချိုးမှားခြင်း၊ အစားမှားခြင်း၊ အလုပ်
ပင်ပန်းခြင်းတို့ကြောင့် ဇက်ကျီးပေါင်းရောဂါထပြီး ၎င်း
လက္ခဏာများ ခံစားရတတ်သည်။

၆။ ပခုံး၊လက်ပြင်ကြွက်သား အောင့်ခြင်း

ပခုံး၊ လက်ပြင်ကြွက်သား‌‌ နေရာ အောင့်ခြင်း၊ နာခြင်း၊
ဆေးလိပ်မီးနှင့် ထိုးနေသကဲ့သို့ ပူနေခြင်း စသည်တို့ ခံစားရပါက ရိုးရိုး အာရုံကြောညှပ်ခြင်းနှင့် လွှဲမှားနိုင်သည်။

၇။‌ ခြေချောင်း၊လက်ချောင်းများ ထုံကျင်တာ လေဖြတ်ချင်လို့လား?

လူအများစု တွေးထင်ကြသည့် အချက်မှာ ခြေချောင်း၊လက်‌ချောင်းလေးများ ထုံကျဉ်လာလျှင် မကြာမီ လေဖြတ်တော့မည် ဟူ၍ဖြစ်သည်။
လေဖြတ်ခြင်းကြောင့် အာရုံကြောများ ထိခိုက်ကာ
အထိအတွေ့ မသိ၊ ထုံကျဥ်နိုင်သည်။
ဆီးချို၊ သွေးချိုရောဂါ‌ နောက်ဆက်တွဲကြောင့်လည်း အာရုံကြောများ ထိခိုက်ကာ ထုံကျဉ်နိုင်သည်။

ယခုဖော်ပြမှုတွင် မပါ၀င်သော အခြား အကြောင်းများ
လည်း ရှိနိုင်သေးသည်။

21/06/2024

Facebook သုံးမရတော့ရင် ဩဇာ တိုင်းရင်းဆေးခန်း Tiktok မှာရှိပါမယ်။

17/05/2024

Manual car ​စ​မောင်းလျှင် အသုံးဝင်မည့် ကလပ်နဲ့ ဘရိတ် အသုံးပြုပုံ​လေးများ။
Credit to Original uploader.

24/04/2024

ကျောက်ကပ် ကျန်းမာ​ရေးအတွက် ​ ​ရှောင်ရန် အချက်များ။

# မူရင်း ပိုင်ရှင်အား ​လေးစားစွာဖြင့် မျှ​ဝေပါသည်။

Address

နန်း​ရှေ့ 19 လမ်းနှင့် နန်းဦးလွင် မီးပွိုင့် ​မြောက်ဘက်၊ ​ရေနီ​​မြောင်း အ​ရှေ့ဘက်။
Mandalay

Telephone

+959265446191

Website

Alerts

Be the first to know and let us send you an email when Aww Zar TM Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram