Panda Home & Online Health Care Service

  • Home
  • Panda Home & Online Health Care Service

Panda Home & Online Health Care Service Health Education

STEMI equivalents Conventional STEMI ကို တော့ မြင်ကြပေမဲ့ လူနာ တွေ ရဲ့ presentation က ဒီလို ECG တွေ နဲ့လည်း လာနိုင်ပါတယ်...
12/03/2024

STEMI equivalents

Conventional STEMI ကို တော့ မြင်ကြပေမဲ့
လူနာ တွေ ရဲ့ presentation က ဒီလို ECG တွေ နဲ့လည်း လာနိုင်ပါတယ် !

RLS & Iron Assessment Diagram
11/03/2024

RLS & Iron Assessment Diagram

Dengue Hemorrhagic Feverသွေးလွန်တုပ်ကွေး ဆိုတာ ဘာလဲ၊ ရောဂါလက္ခဏာတွေရော ဘယ်လိုပြသလဲ ဆိုတာနဲ့ သွေးလွန်တုပ်ကွေးမှာ သတိထားရမ...
28/08/2023

Dengue Hemorrhagic Fever
သွေးလွန်တုပ်ကွေး ဆိုတာ ဘာလဲ၊ ရောဂါလက္ခဏာတွေရော ဘယ်လိုပြသလဲ ဆိုတာနဲ့ သွေးလွန်တုပ်ကွေးမှာ သတိထားရမယ့် အန္တရာယ်ရှိတဲ့ သွေးလန့်ခြင်း လက္ခဏာများအကြောင်း ဝေမျှ ပေးချင်ပါတယ်။

သွေးလွန်တုပ်ကွေး ဆိုတာ ဘာလဲ?
------------------------------
သွေးလွန်တုပ်ကွေးရောဂါသည် Dengue Virus ကူးစက်ခြင်းကြောင့် ဖြစ်ပွားပါသည်။ အဆိုပါ ရောဂါသည် သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်သည့် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ဒင်ဂီးအဖျားရောဂါ (Dengue Fever)၊ သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic Fever) နှင့် သွေးလန့်ခြင်း (Dengue shock syndrome) ဟူ၍ အဆင့်ဆင့်ဖြစ်ပွားတတ်သော ရောဂါဖြစ်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အသက်(၁၅)နှစ်အောက်တွင် အများဆုံး ဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိပါသည်။ ကျား/မ မရွေး တောရောမြို့ပါ နေရာမရွေး ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အဖြစ်အများဆုံးဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ
--------------------------------------
- အဖျားတက်ခြင်း

- ခေါင်းကိုက်ခြင်း

- တစ်ကိုယ်လုံး ကိုက်ခဲခြင်း

- ပျို့ခြင်း၊ အန်ခြင်း

- မစားချင် / မသောက်ချင်ဖြစ်ခြင်း

- ခန္ဓာကိုယ်၌ အစက်အပြောက်များ ပေါ်လာခြင်းတို့ ဖြစ်တတ်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါတွင် သတိထားရမည့် အန္တရာယ်ရှိသော သွေးလန့်ခြင်း လက္ခဏာများ
------------------------------------------
- ခန္ဓာကိုယ်တွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း

- ဝမ်းမည်းမည်း သွားခြင်း

- နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးယိုခြင်း

- ခန္ဓာကိုယ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း

- ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)

- ရုတ်တရက် ဗိုက်အောင့်လာခြင်း

- ဂဏှာမငြိမ်ဖြစ်ခြင်း(သို့) အရမ်းမှိန်းလာခြင်း

- ခြေဖျား၊ လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း

- သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း

- အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် (၂၀)မီလီမီတာ မာကျူရီ (သို့) ထို့ထက်နည်းခြင်း

- အစာ /ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ် အန်ခြင်း စသည်တို့ဖြစ်ပါသည်။

- ကလေးကိုယ်အပူချိန် ကျဆင်းသွား၍ မှိန်းလျှင် / အိပ်နေလျှင် အန္တရာယ်ရှိသော အခြေအနေ ဖြစ်နိုင်ပါသည်။

*** အထက်ပါ စိုးရိမ်ရသည့် လက္ခဏာတစ်ခုခု တွေ့ရှိခဲ့ပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ချက်ချင်း ခေါ်ဆောင်ပြသရန် လိုအပ်ပါသည်။ ****

မိဘများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများအနေနှင့် တုပ်ကွေးဖျား (အထူးသဖြင့်ကလေးသူငယ်များ) ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်‌ချေကို အစဉ်အမြဲ ထည့်သွင်းစဉ်းစားရပေမည်။ ရာသီတိုင်းတွင် သွေးလွန်တုပ်ကွေးဖြစ်တတ်သည်။

မိဘများ အနေနဲ့လည်း ဒီကာလ မိမိတို့ကလေးများ ဖျားနာပါက ပေါ့ဆမနေကြပဲ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ချေကို အမြဲ ထည့်သွင်း စဉ်းစားပြီး သတိထားရမယ့် လက္ခဏာများကို ဂရုစိုက် စောင့်ကြည့်၍ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသဖို့ သတိပေးလိုပါတယ်။

အားလုံးပဲ သွေးလွန်တုပ်ကွေး ရောဂါ အန္တရာယ်မှ ကင်းဝေးကြပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ရှိကြပါစေ။

သားသားမီးမီး လေးတွေ ဖျားနေတာ သွေးလွန် တုပ်ကွေး ဖြစ်မှာကြောက် ရင် Panda online health & online service မှာ လာရောက် consult နိုင်ပါတယ် ။
Hotline - 09788882218, 09970181125, 09404100682

ဆီးချို ရောဂါဆိုတာ ဘာလဲဘာကြောင့် ဖြစ်တာလဲရောဂါတစ်ခုဆိုတာ ဖြစ်လာမှ ကုသတာထက်စာရင် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါဆ...
23/08/2023

ဆီးချို ရောဂါဆိုတာ ဘာလဲ
ဘာကြောင့် ဖြစ်တာလဲ

ရောဂါတစ်ခုဆိုတာ ဖြစ်လာမှ ကုသတာထက်စာရင် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ

ဆီးချိုသွေးချိုရောဂါနဲ့ပတ်သတ်ပြီး အချိန်နည်းနည်းပေးပြီး ဖတ်ကြည့်ပေးပါနော်

🩸 ဆီးချိုသွေးချိုရောဂါသည် အမြစ်ပြတ်အောင်မကုသနိုင်သော်လည်း သေချာစွာ ကုသထိန်းသိမ်းခြင်းဖြင့် သက်တန်းစေ့ ကျန်းမာစွာနေထိုင်နိုင်သည်။ အချို့သောလူများသည် “ဆီးချိုက နည်းနည်းပဲတက်တာပါ” “သိပ်အရေးမကြီးပါဘူး” အစရှိသည်ဖြင့် ထင်မိသော်လည်း ဆီးချိုသွေးချိုရောဂါသည် မည်သည့်အနေအထားတွင်ဖြစ်စေ အရေးကြီးပြီး အသက်အန္တရာယ်ကိုစိုးရိမ်ရသောရောဂါဖြစ်သည်။

🩸 ဆီးချို‌သွေးချိုရောဂါ ဘယ်နှစ်မျိုးရှိလဲ?

အဖြစ်အများဆုံး ဆီးချိုသွေးချိုရောဂါအမျိုးအစားများမှာ အမျိုးအစား ၁ (type 1 diabetes) ၊ အမျိုးအစား ၂ (type 2 diabetes) နှင့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်ပွားတတ်သောဆီးချို (gestational diabetes) တို့ဖြစ်ပါသည်။

1️⃣ Type 1 diabetes

ဆီးချိုသွေးချိုအမျိုးအစား ၁ ဖြစ်ပွားပါက ခန္ဓာကိုယ်သည် အင်ဆူလင်ဟော်မုန်းကို မထုတ်လုပ်နိုင်တော့ခြင်းဖြစ်သည်။ လူ၏ကိုယ်ခံအားစနစ်မှ အင်ဆူလင်ထုတ်လုပ်ပေးနေသည့် pancreas ဆဲလ်များကို တိုက်ခိုက်‌နေခြင်းကြောင့်ဖြစ်သည်။ အမျိုးအစား ၁ ဆီးချိုသွေးချိုကို ကလေးများ၊ ဆယ်ကျော်သက်များတွင် အများဆုံးတွေ့ရတတ်သည်။

2️⃣ Type 2 diabetes

ဆီးချိုသွေးချိုအမျိုးအစား ၂ တွင် ခန္ဓာကိုယ်သည် အင်ဆူလင်ကို ကောင်းကောင်းအသုံးမချနိုင်တော့ခြင်းဖြစ်သည်။ ဆီးချိုသွေးချိုအမျိုးအစား ၂ သည် အသက်အရွယ် အမျိုးမျိုးတွင်ဖြစ်ပွားနိုင်သည်။ သို့သော်လည်း သက်လတ်ပိုင်းနှင့် အသက်အရွယ်ကြီးသူများတွင် အများဆုံးတွေ့ရနိုင်သည်။ ဆီးချိုသွေးချိုအမျိုးအစား ၂ သည် အဖြစ်အများဆုံးရောဂါလည်း ဖြစ်သည်။

🩸 ဆီးချိုသွေးချိုဖြစ်ပွားမှုနှုန်း ဘယ်လောက်များလဲ?

၂၀၁၅ ခုနှစ်တွင် အမေရိကန်ရှိ လူဦးရေ၏ ၉.၄ ရာခိုင်နှုန်း လူဦးရေပေါင်း ၃၀.၃ သန်းသည် ဆီးချိုသွေးချိုရောဂါဖြစ်ပွားခဲ့သည်။ အဆိုပါရောဂါရှိသူများထဲမှ ၂၅ ရာခိုင်နှုန်းခန့်သည် ရောဂါရှိနေသည်ကို ဂရုမပြုမိဘဲ ရှိခဲ့သည်။ ဖြစ်ပွားမှုနှုန်း၏ ၉၀-၉၅ ရာခိုင်နှုန်းသည် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါဖြစ်ပွားခဲ့သည်။

🩸 ဘယ်သူတွေမှာ ဆီးချိုသွေးချို အမျိုးအစား ၂ ပိုမိုဖြစ်ပွားနိုင်ပါသလဲ?

အသက် ၄၅နှစ် အထက်လူများ၊ မိသားစုထဲတွင် ဆီးချိုသွေးချိုရောဂါ ရှိသူများ၊ အဝလွန်သူများတွင် ပိုမိုဖြစ်ပွားနိုင်သည်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း၊ သွေးတိုးရှိခြင်းစသည့်အချက်များကလည်း ဆီးချိုသွေးချိုဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်သည်။

🩸 ဆီးချို ကြောင့် ရုတ် တရက် အသက်ဆုံးရှုံးနိုင်တာ ဖြစ်နိုင်ပါသလား
ဆီး ချို ရုတ်တရက် ထိုး တက်ခြင်း ကြောင့် ဆီးချို ဆိပ်တက် ခြင်း ၊ ရုတ် တရက် ထိုး ကျ၍ သတိမေ့မျော် သွား ခြင်း စတဲ့ နောက် ဆက်တွဲ မှ တဆင့် အသက် အန္တရယ် ရှိတဲ့ အတွက် ဆီး ချို ဆေး တွေ ပုံမှန် သောက် ဖို့ နဲ့ ပို မသောက် မိဖို့ ၊ အင်ဆူလင် ဆို လည်း ပုံမှန် ထိုး ဖို့ နဲ့ ပို မ ထိုး ဖို့ အထူး အရေးကြီး ပါတယ်

🩸 ဆီးချိုသွေးချိုရောဂါဖြစ်ပွားရင် တခြားမည်သည့်ရောဂါများထပ်မံဖြစ်ပွားနိုင်ပါသလဲ?

သွေးတွင်းအချိုဓါတ်များ‌နေသောကြောင့် အောက်ပါရောဂါများထပ်မံဖြစ်ပွားနိုင်သည်။

- နှလုံးရောဂါ
- လေဖြတ်ရောဂါ
- ကျောက်ကပ်ရောဂါ
- မျက်စိရောဂါ
- အာရုံကြောရောဂါ အစရှိသည်တို့ ဖြစ်ပွားနိုင်သည်။

ယခုဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်သည် ကိုယ်ခံအားနည်းသူများ၊ ရောဂါအခံရှိသူများ (ဆီးချိုရောဂါ၊ သွေးတိုးရောဂါ) စသည်တို့တွင် ပိုမိုဆိုးရွားနိုင်သည်။

🩸 အောက်ပါအချက်အလက်များကို ကြိုတင်လိုက်နာခြင်းဖြင့် အန္တရာယ်ရှိမှုကို အတတ်နိုင်ဆုံးလျှော့ချနိုင်သည်။

- ပုံမှန်သောက်နေကျ ဆေးများကို အချိန်မှန်မှန်သောက်ခြင်းနှင့် အင်ဆူလင်ကို ပုံမှန်အတိုင်းထိုးခြင်း
- ဆရာဝန် ညွှန်ကြားချက်အတိုင်း သွေးထဲရှိ သကြားဓါတ်ကို ပုံမှန်တိုင်းတာခြင်း
- ပုံမှန် သောက်သုံးနေကျဆေးများနှင့် အင်ဆူလင်ကို အနည်းဆုံး တစ်လစာ ကြိုတင်ဝယ်ထားခြင်း
- ရောဂါရှိသူများအနေဖြင့် သက်ဆိုင်ရာဆရာဝန်နှင့် ပြသပြီး ပုံမှန်စစ်ဆေးမှု ခံယူခြင်း
- ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကာကွယ်ရန်အချက်များကို တိတိကျကျလိုက်နာနေထိုင်ခြင်း။

🩸 ဆီးချိုရောဂါမရှိသေးသောသူများအနေနဲ့လည်း ကြိုတင်ကာကွယ်နိုင်ရန်

- ၄၅ နှစ်ကျော်လျှင် အနည်းဆုံးတနှစ်တခါ ကျန်းမာရေး စစ်ဆေးပါ
- အစာအာဟာရ အုပ်စုသုံးစုကို သင့်တင့်မျှတစွာစားပါ
- သင့်တင့်မျှတသော ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ
- မိသားစုဆရာဝန်နှင့် ပုံမှန်ပြသတိုင်ပင်ပါ
- စိတ်ဖိစီးမှုများကို တတ်နိုင်သလောက်ရှောင်ကျဉ်ပါ

🩸 ဆီးချို ဆေး တွေ တလ ၊ တနှစ်သောက် ရုံနဲ့ ပျောက်ပြီလား
ဆီးချို ရောဂါ ဆို တာ အမြစ်ပြတ်ကု လို့ မရတဲ့ရောဂါထဲ မှာ ပါတဲ့ အတွက် ပုံမှန် ဆေးသောက် ရမယ် ပုံမှန် follow up တွင် ဆေးညှိဖို့ လိုအပ်တာ တွေ ပြန် စစ်ဆေး ဖို့ လို တဲ့ အတွက်
ဆရာဝန် နဲ့ တိုင်ပင်သင့်ပါတယ်။

🩸 အသေးစိတ် သိလို ရာ မေးချင်ရင် , လူနာရဲ့ ရောဂါ အခြေအနေနဲ့ ပက်သက်ပြီး Teleconsultation လုပ်ချင်ရင်လည်း အချိန်မရွေး
Panda Home & Health Care service မှာ သိလို ရာလာ မေး လို့ ရပါတယ်။
Hotline - 09970181125, 09788882218, 09404100682

Night life လူငယ်တွေကြားထဲ အရမ်းခေတ်စားလာတဲ့ `happy water’ ဆိုတဲ့ ပျော်ရွှင်မှူအရည် အဲ့အကြောင်းလေး သိရှိနားလည်အောင် မျှဝေ...
21/08/2023

Night life လူငယ်တွေကြားထဲ အရမ်းခေတ်စားလာတဲ့ `happy water’ ဆိုတဲ့ ပျော်ရွှင်မှူအရည် အဲ့အကြောင်းလေး သိရှိနားလည်အောင် မျှဝေပေးလိုပါတယ်။

အောက်မှာ ဆက်ပြီးပြောပြသွားမှာကတော့ happy water ထဲမှာဘာတွေပါလဲ၊ သုံးလိုက်ရင် ဘယ်လိုဖြစ်တာလဲ ၊ side effect ကဘာတွေရှိတာလဲ စတာတွေ မျှဝေပေးသွားမှာပါ။

(1)ပါဝင်မှူ

-methamphetamine
-tramadol
-diazepam
-ecstasy (E)
-ketamine (K)
အကြမ်းဖျင်း ဒီ ၅ မျိုးပါဝင်ပါတယ်။

ဒါတွေက ဆေးလောကမှာ မေ့​ဆေး၊အကိုက်အခဲပျောက်ဆေး၊ စိတ်ဓာတ် တက်ကြွအောင်လုပ်ပေးတဲ့နေရာတွေမှာ အသုံးပြုပါတယ်၊

ဆိုတော့ ဒါတွေအကုန်ပေါင်းလိုက်တဲ့အချိန်မှာ သုံးတဲ့လူတွေက မမောမပန်း အရမ်းပျော်လာပြီး လေပေါ်ပျံဝဲနေတဲ့ ခံစားချက်မျိုးကို ရစေပါတယ်။

တန်ဆေးလွန်ဘေး ဆိုတဲ့ စကားအတိုင်းဘဲ တခါတလေ သောက်ကြည့်ရင်တော့ ခန္ဓာကိုယ်ကို ထိခိုက်စေတာ သိပ်မရှိပေမဲ့ သုံးစွဲမှူ ရက်ဆက်လာတဲ့ အခါ ဘေးထွက်ဆိုးကျိုးတွေ စတင်ခံစားလာရမှာဖြစ်ပါတယ်။

(2)ဘေးထွက်ဆိုးကျိုးများ

-စွဲလန်းလာပါမယ်(စိတ်ထဲက မသိလိုက်ဘဲ စွဲလန်းနေတဲ့ လူငယ်တွေအများကြီးတွေ့ဘူးပါတယ်)
-ညည အိပ်မပျော် ဖြစ်လာပါမယ်
-ခေါင်းကိုက်၊ဖျားနာ၊သွေးတိုးစတာတွေဖြစ်စေပါ တယ်
-စိတ်အတက်အကျကြမ်းပြီး စိတ်တိုလွယ်လာပါမယ်
-မရှိတဲ့ အသံတွေကြား၊မရှိတဲ့ အရာတွေကို မြင်လာပါမယ်

အပေါ်မှာ ပြောထားတာက ဖြစ်လာမဲ့ ဘေးထွက်ဆိုးကျိုး အချို့ကို ပြောပြထားတာဖြစ်ပါတယ်။

ဒီစာကိုရေးတဲ့ အဓိကရည်ရွယ်ချက်ကတော့ တချို့ လူငယ်တွေ happy water သာသုံးနေတယ် ဘာဆိုးကျိုးရှိမှန်းမသိတဲ့အတွက် ဒီစာလေး ဖတ်မိပြီး ဗဟုသုတ တခုခု ကျန်သွားရင်ကို ရေးရကျိုး နပ်ပြီလို့မှတ်ယူပါတယ်။

ဘဝကြီးကို happy water မလိုဘဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေ။

♦️ကျန်းမာရေးအသိ ၊ကျန်းမာရေးအိမ်တိုင်ရာရောက် ဝန်ဆောင်မှူနဲ့ပတ်သက်လို့ စုံးစမ်းမေးမြန်းလိုတာရှိရင်

09404100682,09970181125, 09788882218 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ရာသီတုတ်ကွေး (seasonal flu) 🤧နှင့် ကာကွယ်ဆေး (flu vaccine)💉ရာသီတုတ်ကွေးအဖြစ်များတဲ့ မိုးတွင်းကာလမှာ ရာသီတုတ်ကွေးအကြောင်း...
20/08/2023

ရာသီတုတ်ကွေး (seasonal flu) 🤧နှင့် ကာကွယ်ဆေး (flu vaccine)💉

ရာသီတုတ်ကွေးအဖြစ်များတဲ့ မိုးတွင်းကာလမှာ ရာသီတုတ်ကွေးအကြောင်းလေး အများသိရှိနားလည်အောင် မျှဝေပေးလိုပါတယ်။

🔹အချိန် 🔹
မြန်မာနိုင်ငံမှာတော့ ဧပြီ ကနေ စက်တင်ဘာလအတွင်းဟာ တုတ်ကွေးရာသီ ဖြစ်ပါတယ်။ အထူးသဖြင့် ဇွန်၊ဇူလိုင်မှာ အဖြစ်များပါတယ်။

🔹ကူးစက်ပုံ 🔹
အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်သော ရောဂါဖြစ်ပါတယ်။

🔹လက္ခဏာ 🔹
ဖျားမယ်၊ နာစီး ချောင်းဆိုးမယ်၊ နာရည်ယိုမယ်၊ နာမွှန်မယ်၊ လည်ချောင်းနာမယ်၊ ညောင်းညာကိုက်ခဲမယ်၊ မအီမသာ အားအင်ချိနဲ့နေမယ်၊ ခံတွင်းပျက်မယ်၊ ဗိုက်ပျက် ဝမ်းလျှောမယ်၊တစ်ခါတစ်ရံ အဆုတ်ရောင်တဲ့အထိ ဖြစ်ပြီး အသက်ဆုံးရှူံသည်အထိ ဖြစ်နိုင်ပါတယ်။

ကြိုတင်ကာကွယ်လို့ရလား ❓
ရာသီတုတ်ကွေးဟာ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ရပါတယ်။

ဘယ်အချိန်ထိုးသင့်လဲ ❓
တုတ်ကွေးရာသီမရောက်ခင် ၂ပတ်လောက်အလိုမှာ ကြိုထိုးသင့်ပါတယ်။ မေ၊ဇွန်လ တွေမှာ အသင့်တော်ဆုံးပါ။

လူတိုင်းကာကွယ်ဆေးထိုးသင့်လား ❓
လူတိုင်းတော့ ထိုးစရာမလိုပါဘူး။ ဒါပေမယ့် အသက်၆လနှင့်အထက် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါအခံရှိသူများ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ ခုခံအားကျစေတဲ့ ဆေးသောက်နေသောသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ ဆိုရင်တော့ ထိုးသင့်ပါတယ်။

မထိုးသင့်သောသူများ ‼️
လက်တစ်လော ဖျားနာ နေမကောင်းဖြစ်နေသူများ၊ ယခင်ကာကွယ်ဆေးထိုးရာတွင်ဓာတ်မတည့်သည့်သူများ၊ ကြက်ဥနှင့်ဓာတ်မတည့်သောသူများ။
Guillain-Barré Syndrome လို့ခေါ်တဲ့ ကြွက်သားအားနည်းရောဂါ ရှိနေသာသူများမှာ ဆရာဝန်နှင့်တိုင်ပင် ပြီးမှသာ ထိုးသင့်ပါတယ်။

ရာသီတုတ်ကွေး (seasonal flu) နှင့် ကာကွယ်ဆေး (flu vaccine) အကြောင်းလဲ သိသင့်သလောက်သိပြီဆိုတော့ ကာကွယ်ဆေးထိုးချင်ရင် Panda home and online health service ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ် ။☎️😇

📞 09404100682, 09970181125, 09788882218

Address


05011

Website

Alerts

Be the first to know and let us send you an email when Panda Home & Online Health Care Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram