24/08/2025
                                            Friendship Time Program 
မင်္ဂလာပါရှင် ။ ကျွန်မက 2023 April လလောက်တည်းက online ပေါ်မှာ ဗေဒင်ဟောပြောခဲ့တာ အချိန်အားဖြင့် နှစ် နှစ်ကျော်ခဲ့ပြီလို့ ပြောလို့ရပါတယ်။ 
ဒီကြားထဲမှာ ကျွန်မရဲ့ မိတ်ဆွေဟောင်းတွေနဲ့ သီးသန့်စကားပြောတာတွေ၊ ဆွေးနွေးတာတွေ လုံးဝမလုပ်ဖြစ်ခဲ့ပါဘူး။ 
==
ဒါပေမယ့် တစ်ချို့သော Client လေးတွေက သူတို့ကိုယ်တိုင် ဆွေးနွေးဖို့အတွက် လာပြောကြတာတွေတော့ ရှိပါတယ်။ အဲဒီအချိန်မှသာ ဆွေးနွေးတာတွေ၊ တိုင်ပင်တာတွေ လုပ်ဖြစ်ခဲ့ပါတယ်။
ဒီတော့ တစ်ချို့သော Client လေးတွေမှာလည်း ပြောစရာတွေ၊ တိုင်ပင်စရာတွေ၊ ကိုယ့်ကံဇာတာနဲ့ပါတ်သတ်ပြီး ဆွေးနွေးစရာလေးတွေ ရှိမယ်လို့လဲ ကျွန်မ ထင်မြင်မိပါတယ်ရှင်။
==
ဒါကြောင့် မိတ်ဟောင်းတွေနဲ့ ဆွေးနွေးတာ ၊ တိုင်ပင်တာတွေပြုလုပ်ဖို့အတွက် Friendship Time Program လေးပြုလုပ်ပါ့မယ်ရှင် ။ ဗေဒင်ကို အခမဲ့မေးဖူးတဲ့သူပဲဖြစ်စေ၊ အခကြေးငွေနဲ့မေးဖူးတဲ့သူပဲဖြစ်စေ ဆွေးနွေးနိုင်မှာပဲ ဖြစ်ပါတယ်။
24.8.25 ကနေ August လကုန်အထိ ဒီ Program လေးရှိနေမှာဖြစ်ပြီး ဆွေးနွေးတာ၊ တိုင်ပင်တာတွေ ပြုလုပ်လိုတယ်ဆိုရင် Messenger, ကနေ ဆက်သွယ်ပြီး စာရင်းလေး ပေးထားလို့ရပါတယ်ရှင်။ 
Messenger- 
m.me/AstronomybyThirisandar 
မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေရှင့် 🎀