
27/07/2025
ဂြိုဟ်နဲ့ အတန့် ဘာဝ ဘာကွာလဲ
ဗေဒင်နဲ့ပတ်သတ်တဲ့ စာစုတွေမှာ ဂြိုဟ်တွေဟာ ဘယ်အတန့်ဘာဝ တွေမှာရပ်တည်ရင် ဘာဖြစ်မယ် စသည်ဖြင့် ရေးသားထားတာကို တွေ့ရ လေ့ရှိပါတယ် ။ ဒီတော့ ဂြိုဟ်ကိုတော့ သိကြပါရဲ့ ။ အတန့်ဘာဝ ဆိုတာဘာလဲ ဆိုပြီးသိချင်စိတ်ဖြစ်လာတတ်ပါတယ် ။
အတန့်ဘာဝဆိုတာဟာ Houses တွေကိုဆိုလိုတာပါ ။ စုစုပေါင်း အတန့်ဘာဝ 12 ခုရှိပါတယ် ။ 12 Houses ပေါ့နော် ။ Houses တစ်ခုချင်းစီမှာ လူဝာစ်ယောက်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ၊ ချမ်းသာခြင်း ၊ ကျန်းမာခြင်း ၊ ပျော်ရွှင်ရခြင်း ၊ ဝမ်းနည်းရခြင်း ၊ အိမ်ထောင်ကျခြင်း စတဲ့အကြောင်းအရာတွေကို ဆုပ်ကိုင်ထားကြပါတယ် ။
ဥပမာအားဖြင့် 1 တန့်ဘာဝ Houses 1 ဟာ လူတစ်ယောက်ရဲ့ ဦးခေါင်း ၊ ဘဝတစ်ခုလုံးကို လွှမ်းခြုံပြီး အသက်ရှည်ခြင်း ကျန်းမာခြင်း ၊ ဘဝ၏တိုးတက် အောင်မြင် ကြီးပွားမှုကို ကိုယ်စားပြုပါတယ် ။ Houses 1 ကို လဂ် သို့မဟုတ် လဂ္ဂဏ လို့ခေါ်ဆိုကြပါတယ် ။
ဇာတာတစ်ခုကို ကြည့်ရာမှာ Houses 1 ကအရေးပါဆုံးနေရာကနေ တာဝန်ယူထားပါတယ် ။ လူတစ်ယောက်ရဲ့ ဦးခေါင်းဟာ ခန္ဓာအစိတ်အပိုင်းအားလုံးကို ထိန်းချုပ်ထားသည့်အတွက် ၊ Houses 1 တစ်နည်းအားဖြင့် လဂ်ဟာလည်း ဇာတာတစ်စောင်ကို ထိန်းချုပ်ထားသည်နဲ့ ဆင်ပါတယ် ။
ဥပမာ လဂ်ဟာ မသန့်စင်တာမျိုးဖြစ်နေမယ်ဆိုရင် ဇာတာရှင်မှာလည်း တိုးတက်ကြီးပွားလိုစိတ်မရှိခြင်း ၊ ဦးခေါင်းနှင့် အာရုံကြောဆိုင်ရာ ဝေဒနာခံစားရတတ်ပါတယ် ။ ဒါကတေ့ာ Houses 1 မှာရပ်တည်ရာဂြိုဟ် ၊ မြင်ယှဉ်ရာဂြိုဟ်တွေနဲ့ ဆုံးဖြတ်ရမှာဖြစ်ပါတယ် ။
အတန့် ဘာဝ တစ်ခုစီမှာ သက်ဆိုင်ရာ သတ်မှတ်ချက်တွေရှိပါတယ် ။ အဲဒီ သတ်မှတ်ချက်တွေဟာ ဆိုးကျိုးဖြစ်စေမလား ၊ ကောင်းကျိုးဖြစ်စေမလားဆိုတာကတော့ ရပ်တည်ရာ ဂြိုဟ် ၊ မြင်ယှဉ်ရာဂြိုဟ် ၊ စီးနင်းထားတဲ့ နက္ခတ် ၊ ဘုတ္တိနက္ခတ်တွေနဲ့ အဆုံးအဖြတ်ပြုရမှာပဲ ဖြစ်ပါတယ်ရှင် ။