Royal Rose Eye Center

Royal Rose Eye Center တော်ဝင်နှင်းဆီမျက်စိဆေးရုံ

 #နှစ်သစ်ကူးအကြိုအထူးပရိုမိုရှင်း  မျက်စိဆိုတာ ခန္ဓာကိုယ်ရဲ့အနုနယ်ဆုံးအစိတ်အပိုင်းဖြစ်ပါတယ်ရှင်။ မိမိရဲ့မျက်စိကျန်းမာရေး...
22/03/2024

#နှစ်သစ်ကူးအကြိုအထူးပရိုမိုရှင်း


မျက်စိဆိုတာ ခန္ဓာကိုယ်ရဲ့အနုနယ်ဆုံးအစိတ်အပိုင်းဖြစ်ပါတယ်ရှင်။ မိမိရဲ့မျက်စိကျန်းမာရေးကိုစစ်ဆေးပြီး ကိုယ့်ရဲ့တန်ဖိုးရှိသော မျက်စိ​လေးကို ဂရုစိုက်ပေးပါနော်😍😊

"တော်ဝင်နှင်းဆီမျက်စိအထူးကုဆေးရုံ"မှ မိဘပြည်သူတို့အတွက် နှစ်သစ်ကူးအကြို အထူးပရိုမိုရှင်းကိုပြုလုပ်ပေးတော့မှာမို့ အမြန်လှမ်းလာဖို့ဖိတ်ခေါ်ပါတယ်ရှင်❤😍

မျက်စိကျွမ်းကျင်ပညာရှင်များဖြင့် "စက်​ဖြင့်မျက်စိစမ်းသပ်ခ အခမဲ့ (10,000ကျပ်တိတိ)
လျော့ပေးသွားမှာဖြစ်လို့" အမြန်လာရောက်ပြသနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်🤗🤗

အော်...မေ့တော့မလို့ ပရိုမိုရှင်းကာလကို
🗓12.3.2024မှ 12.4.2024အထိ ပေးသွားမှာဖြစ်လို့အမြန်လာရောက်စမ်းသပ်နိုင်ပါတယ်ရှင်။

နှစ်သစ်ကူးအခါသမလေးမှာကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေနော်😊🙏

Royal Rose Eye Center

#တော်ဝင်နှင်းဆီမျက်စိအထူးကုဆေးရုံ
#စက်ဖြင့်မျက်စိစမ်းသပ်ခအခမဲ့

 #မျက်စိစစ်ဆေးခအမဲ့မတ်လ ၂ရက်​နေ့ (စ​နေ​နေ့) တွင်ကျရောက်မည့် "တောင်သူလယ်သမားနေ့  " အထိမ်းအမှတ်အဖြစ် မီနီအိုး​ဝေ ​မောင်းနှ...
01/03/2024

#မျက်စိစစ်ဆေးခအမဲ့

မတ်လ ၂ရက်​နေ့ (စ​နေ​နေ့) တွင်ကျရောက်မည့်
"တောင်သူလယ်သမားနေ့ " အထိမ်းအမှတ်အဖြစ် မီနီအိုး​ဝေ ​မောင်းနှင် သူများနှင့် မိသားစုဝင်များအား "တော်ဝင်နှင်းဆီ မျက်စိ​ဆေးရုံ"မှ "အခမဲ့ "စက်ဖြင့်မျက်စိစစ်​ဆေး​ပေးပြီး ကုသိုလ်ယူချင်ပါသဖြင့် ​မျက်စိစစ်​ဆေးချင်သူ အိုး​ဝေဆရာများနှင့် မိသားစုဝင်များ အောက်ပါလိပ်စာသို့ မတ်လ ၂ရက်​နေ့ (စ​နေ​နေ့) မနက် ၈နာရီ မှ ည​နေ ၆နာရီအထိ စက်ဖြင့်စစ်ဆေးခ မပေးရပဲ "အခမဲ့" လာ​ရောက်စစ်​ဆေးနိုင်ပါတယ်ရှင်😍😍

အိုးဝေလေးနဲ့ အရောက်လာပြီး
မျက်စိ"အခမဲ့"စစ်ဆေးလိုက်ပါ🤗🤗

🏥လိပ်စာ🏥
၇၇ ​(A), ၃၁×၃၂ကြား, ချမ်း​အေးသာဇံမြို့နယ်
မန္တ​လေးမြို့။

☎လိပ်စာ☎
09781532777

#တော်ဝင်နှင်းဆီမျက်စိဆေးရုံ
#မန္တလေးမြို့

 အချစ်​တွေလွှမ်းခြုံထားတဲ့​February လ​လေးမှာ ကိုယ်ချစ်ရတဲ့သူ​တွေအတွက်မျက်မှန်​လှလှ​လေး​တွေ ဝယ်​ပေးချင်ကြရင်ဖြင့်​တော်ဝင်...
10/02/2024



အချစ်​တွေလွှမ်းခြုံထားတဲ့
​February လ​လေးမှာ ကိုယ်ချစ်ရတဲ့သူ​တွေအတွက်မျက်မှန်​လှလှ​လေး​တွေ ဝယ်​ပေးချင်ကြရင်ဖြင့်​တော်ဝင်နှင်းဆီ မျက်စိ​ဆေးရုံကို
အမြန်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်😍😍

​ဖေဖော်ဝါရီ(12) ရက်နေ့မှ(14) ရက်‌​နေ့အထိ
ခေတ်မှီစက်ကိရိယာကြီး​များဖြင့် အခမဲ့စစ်​ပေးမှာဖြစ်လို့ မနက်(8)နာရီ မှ ည​နေ(6)နာရီအထိလာရောက်ပြသလို့ရပါတယ်နော်😊😊

တစ်တီတူး ချစ်ကြည်နူးကြမယ့်
စုံတွဲများအတွက်လည်း
အထူးအစီအစဥ်​‌​လေးတွေရှိပါတယ်ရှင်👫👫

​ဖေဖော်ဝါရီ (14) ရက် "Happy Valentine's Day" ​တွင်ဆေးခန်းသို့ လာ​ရောက်​သော
စုံတွဲများအား မျက်စိ"အခမဲ့"စမ်းသပ်​ပေးပြီး

ပထမဆုံးမျက်မှန်ဝယ်ယူသူ (14) ယောက်အား
Valentine's day အထိမ်းအမှတ် လက်​ဆောင်များ ​လည်းပေးအပ်သွားမှာဖြစ်တဲ့အတွက်
မြန်မြန်​လေး​လှမ်းလာခဲ့​တော့နော်❤❤

ပြုလုပ်​နေကျ Culture ထက် ပိုမိုဆန်းသစ်ပြီး အကျိုးရှိ​အောင် မျက်မှန်ကိုင်းလှလှ​လေး​တွေ ဝယ်​ပေးခြင်းဖြင့် အမြင် လက်​ဆောင်​လေး ​ပေးလိုက်ကြရ​အောင်🤗🤗

"ကိုယ်ချစ်ရသူ​တွေရဲ့မျက်လုံးထဲ ကိုယ်ပါ ပိုလှ​နေမှာ​နော်"😉😉

Calssik မျက်မှန်များကိုလည်း"တစ်လက်ဝယ်10%"
"နှစ်လက်ဝယ်15%"ကိုလည်းလျော့ပေးသွားမှာဖြစ်လို့ အမြန်လာရောက်အားပေးနိုင်ပါတယ်ရှင်😍😍



   2024ခုနှစ် ဖေ​ဖော်ဝါရီလ(10)ရက်နေ့တွင် ကျရောက်သော တရုတ်နှစ်သစ်ကူး (နဂါးနှစ်)မှစ၍ကျန်းမာချမ်းသာပြီး ပျော်ရွှင်ခြင်းများ...
10/02/2024



2024ခုနှစ် ဖေ​ဖော်ဝါရီလ(10)ရက်နေ့တွင် ကျရောက်သော တရုတ်နှစ်သစ်ကူး (နဂါးနှစ်)မှစ၍
ကျန်းမာချမ်းသာပြီး ပျော်ရွှင်ခြင်းများပိုင်ဆိုင်ကြပါစေကြောင်း "တော်ဝင်နှင်းဆီမျက်စိဆေးရုံ"မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်😍🤗




ဇန်နဝါရီလ25ရက်နေ့ (ပြာသိုလပြည့်)တွင်ကျရောက်ပါသော အမေများနေ့အားကြိုဆိုဂုဏ်ပြုအပ်ပါသည်။👱‍♀️"အမေ"👱‍♀️စိတ်အားငယ်တိုင်းပါးစပ်...
24/01/2024

ဇန်နဝါရီလ25ရက်နေ့ (ပြာသိုလပြည့်)တွင်ကျရောက်ပါသော အမေများနေ့အားကြိုဆိုဂုဏ်ပြုအပ်ပါသည်။

👱‍♀️"အမေ"👱‍♀️
စိတ်အားငယ်တိုင်း
ပါးစပ်က အမေလို့
ရေရွတ်မိလိုက်ရုံနဲ့
ခွန်အားတွေ ပြည့်သွားတယ်...

#ပြာသိုလပြည့်
#အမေများနေ့

မိဘပြည်သူတို့၏ မျက်စိကျန်းမာရေးအတွက်"တော်ဝင်နှင်းဆီမျက်စိဆေးရုံ"မှမင်္ဂလာရန်ကင်းအိမ်ရာ၊ ပုသိမ်ကြီးမြို့နယ်သို့ ပရဟိတမျက်...
22/01/2024

မိဘပြည်သူတို့၏ မျက်စိကျန်းမာရေးအတွက်
"တော်ဝင်နှင်းဆီမျက်စိဆေးရုံ"မှမင်္ဂလာရန်ကင်းအိမ်ရာ၊ ပုသိမ်ကြီးမြို့နယ်သို့ ပရဟိတမျက်စိကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း အမှတ်တရပုံရိပ်များပဲဖြစ်ပါတယ်ရှင့်😍🤗

မင်္ဂလာရန်ကင်းအိမ်ရာမှ သက်ဆိုင်ရာတာဝန်ရှိလူကြီးများကို"တော်ဝင်နှင်းဆီမျက်စိဆေးရုံ"မှအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။


#မင်္ဂလာရန်ကင်းအိမ်ရာ
#တော်ဝင်နှင်းဆီမျက်စိဆေးရုံ

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အနုနယ်ဆုံးဖြစ်တဲ့ မျက်လုံးကို ပစ်မထားပါနဲ့။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်လိုက်ကြရအော...
13/01/2024

ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အနုနယ်ဆုံးဖြစ်တဲ့ မျက်လုံးကို ပစ်မထားပါနဲ့။ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေနဲ့ ဂရုစိုက်လိုက်ကြရအောင်ပါ။


(၁) အစားကောင်းကောင်းစားရအောင်🥗🥗

သင့်တော်တဲ့ အစားအစာကို ရွေးချယ်စားသောက်တတ်ခြင်းဟာ မျက်လုံးအတွက် အတော်လေး အကျိုးရှိပါတယ်။ အိုမီဂါ – ၃ ဖက်တီးအက်စစ်၊ ဇင့်၊ ဗီတာမင်စီ၊ ဗီတာမင်အီးစတဲ့ အာဟာရတွေကို စားပေးခြင်းဟာ မျက်လုံးမှုန်ဝါးခြင်း၊ အသက်အရွယ်ကြောင့် ယိုယွင်းပျက်စီးလာခြင်းနဲ့ အတွင်းတိမ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

အစိမ်းရောင်အရွက်များ(ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ဂေါ်ဖီစသည်)
ဆယ်လ်မွန်ငါး၊ တူနာငါး
ကြက်ဥ၊ မြေပဲ၊ ပဲစိမ်းနဲ့ အသားဟင်းမဟုတ်ဘဲ ပရိုတင်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့ အရာတွေ လိမ္မော်သီးနဲ့ အခြားအချဉ်ဓာတ်ပါတဲ့ အသီးတွေယောက်သွား၊ ကမာနဲ့ ဝက်သားစတဲ့ အစားတွေကို သင့်တင့်မျှတစွာစားပါ။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းထားနိုင်တာဟာ ဆီးချိုရောဂါကို ကာကွယ်နိုင်ပါသေးတယ်။ ဆီးချိုရောဂါ အမျိုးအစား(၂)ဖြစ်တဲ့အခါ မျက်လုံးကိုပြင်းထန်စွာ ထိခိုက်နိုင်တာကို သတိချပ်စေချင်ပါတယ်။

(၂) ဆေးလိပ်ဖြတ်ရအောင် 🚭🚭

ဆေးလိပ်သောက်ခြင်းဟာ အတွင်းတိမ်ဖြစ်စေပြီး မျက်လုံးကို ထောက်ပံ့ပေးတဲ့ အာရုံကြော ကို ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းဟာ အမြင်အာရုံပြဿနာတွေကို လျော့နည်းစေတာ ကြောင့် မြန်မြန်ဖြတ်ကြရအောင်ပါ။ ဆေးလိပ်ဖြတ်နိုင်မယ့် နည်းလမ်းတွေကို ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။


(၃)​နေကာမျက်မှန် တပ်ရအောင်😎😎

လူတွေဟာ အရိပ်ကောင်းကောင်းကို ကြိုက်ကြသလို မျက်လုံးကိုလည်း နေကာမျက်မှန် တပ်ဆင်ခြင်းဖြင့် အရိပ်ပေးကြရအောင်။ မျက်လုံးကို တိုက်ရိုက်ထိခိုက်လာနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို နေကာမျက်မှန်တစ်လက်က ကာကွယ်ပေးနိုင်ပါတယ်။ နေကာမျက်မှန်အမျိုးအစားနဲ့ မှန်ကို အသေအချာ ရွေးဝယ်ပါ။ မျက်ကပ်မှန်အချို့မှာလည်း ခရမ်းလွန်ရောင်ခြည် ကာကွယ်နိုင်တဲ့ အလွှာတွေ ထည့်ပေးထားပါတယ်။ မျက်ကပ်မှန် တပ်ထားလည်း နေကာမျက်မှန် ထပ်မံတပ်ဆင်တာ ပိုကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။ နေပူပူထဲ ထွက်တိုင်း ထွက်တိုင်း နေကာမျက်မှန် တပ်ကြရအောင်ပါ။

(၄) မျက်လုံးအကာအကွယ်ဝတ်ရအောင်🛡🛡

မျက်လုံးကိုထိခိုက်နိုင်တဲ့ အလုပ်တွေလုပ်တော့မယ်ဆိုရင် အကာအကွယ်တပ်ဆင်ထားပါ။ အိမ်မှာလုပ်တဲ့အလုပ်တွေလည်း ပါပါတယ်။ ဥပမာ ဖုန်မှုန့် ဝင်နိုင်တဲ့ အလုပ်တွေ (အခန်းရှင်း၊ ဗီရို ရှင်းခြင်း)၊ ဆိုင်ကယ်မောင်းနှင်ခြင်း၊ ဂဟေဆော်ခြင်း၊ ဆီကြော်ခြင်း၊ ဓာတုပစ္စည်းတစ်ခုခုကို ကိုင်တွယ်ရန် လိုအပ်ခြင်း စတာတွေမှာ (Eye Shield) မျက်လုံးအကာ တပ်ဆင်ပါ။ ခွဲစိတ်ခန်းတွေမှာ ဆရာဝန် တွေ တစ်ခါတစ်လေသုံးတဲ့ Shield မျိုးတွေကို ဆိုလိုပါတယ်။

(၅) ကွန်ပျူတာကို လျော့သုံးရအောင်💻💻

ကွန်ပျူတာ မှန်သားပြင်ကို အကြာကြီးကြည့်နေခြင်းဟာမျက်လုံးအမြင်ဝေဝါးခြင်း

အဝေးမှုန်

မျက်ခမ်း ခြောက်ခြင်း

ခေါင်းကိုက်ခြင်း

ဇက်နာခြင်း၊ ခါးနာခြင်းနဲ့ ပုခုံးကြွက်တက်ခြင်းတွေကို ဖြစ်နိုင်ပါတယ်။ ဒီလိုမဖြစ်အောင်

မှန်သားပြင်ရဲ့ အပေါ်မျက်နှာပြင် Level ကို မျက်လုံးနဲ့ တစ်တန်းတည်းထားပါ။ မျက်လုံးကို အောက်စိုက် ကြည့်ပါ။

ပြတင်းပေါက်၊ တံခါးတွေက အလင်းတွေဟာ ကွန်ပျူတာသုံးနေစဉ်မှာ မဝင်လေ ကောင်းလေ ပါပဲ။

သက်တောင့်သက်သာရှိတဲ့ ထိုင်ခုံမျိုးနဲ့ ထိုင်ပါ။ ခြေထောက်ကို အပြားလိုက်အောက် ချ ထားပါ။

မျက်ခမ်းခြောက်လာရင် မျက်တောင်အကြိမ်ရေပိုခတ်ပါ။

မိနစ်(၂၀)ခြားကာ မျက်လုံးအနားပေးပါ။ ပေ(၂၀)အကွာကို စက္ကန့်(၂၀)လောက် စိုက်ကြည့် ပါ။ (၂)နာရီပြည့်လျှင် လမ်းခဏလျှောက်ပြီး (၁၅)မိနစ်လောက်နားပါ။

(၆) မျက်စိစမ်းသပ်ရအောင်👁👁

လူတိုင်းလူတိုင်းမျက်စိကို မကြာခဏ စမ်းသပ်ဖို့လိုပါတယ်။ ကလေးငယ်တွေလည်း ပါပါ တယ်။ မျက်မှန်သမားတွေမှ လိုအပ်တာမဟုတ်ပါဘူး။

မျက်စိစမ်းသပ်ခြင်းဟာ ရေတိမ်၊ အတွင်းတိမ်စတဲ့ မျက်စိရောဂါတွေကို ရှာဖွေနိုင်ပါတယ်။ မစမ်းသပ်လို့ နောက်ကျမှ သိရရင်တော့ အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ပေါက်ရတာမျိုး ဖြစ်လာတတ်ပါတယ်။

မျက်စိအထူးကုဆရာဝန်ကြီးများနဲ့ မျက်စိအထူးပြု ကျန်းမာရေးဝန်ထမ်းများဆီမှာ သွားရောက်စမ်းသပ်နိုင်ပါတယ်။

မိမိရဲ့နုနယ်လှတဲ့မျက်ဝန်းတစ်စုံကို
အထက်ပါအချက်များကိုလိုက်နာပြီး
ကာကွယ်လိုက်ကြရအောင်နော်😍😊




ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော"လွတ်လပ်ရေးနေ့"အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။  #တော်ဝင်နှင်းဆီမျက်စိဆေးရုံ
04/01/2024

ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော
"လွတ်လပ်ရေးနေ့"အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။


#တော်ဝင်နှင်းဆီမျက်စိဆေးရုံ

မိဘပြည်သူတို့၏ မျက်စိကျန်းမာရေးအတွက်  မျက်စိ ပါဝါကိုစက်ဖြင့်"အခမဲ့"စစ်ဆေးပေးခြင်းကို"5.1.2024"ထိတိုးမြှင့်ပေးထားပါကြောင်...
01/01/2024

မိဘပြည်သူတို့၏ မျက်စိကျန်းမာရေးအတွက် မျက်စိ ပါဝါကိုစက်ဖြင့်"အခမဲ့"စစ်ဆေးပေးခြင်းကို"5.1.2024"
ထိတိုးမြှင့်ပေးထားပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်🤗🤗




 2024နှစ်သစ်တွင် မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း "တော်ဝင်နှင်းဆီမျက်စိဆ...
31/12/2023



2024နှစ်သစ်တွင် မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေကြောင်း "တော်ဝင်နှင်းဆီမျက်စိဆေးရုံ"မှဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်😍😍


#2024

နှစ်ကိုယ်တူCoffee Date ​လေးလုပ်ပြီး Ro ကြမလား☕👫​တော်ဝင်နှင်းဆီ မျက်စိ​ဆေးခန်းရှိတယ်​နော် 😍😍မျက်မှန်ပါဝါ​လေး စက်နှင့် အခမ...
27/12/2023

နှစ်ကိုယ်တူ
Coffee Date ​လေးလုပ်ပြီး
Ro ကြမလား☕👫

​တော်ဝင်နှင်းဆီ မျက်စိ​ဆေးခန်း
ရှိတယ်​နော် 😍😍

မျက်မှန်ပါဝါ​လေး စက်နှင့် အခမဲ့ စစ်ရင်း
နှစ်​ယောက် အတူတူ မျက်မှန်ကိုင်း​လေး
​ရွေးကြရ​အောင် 🤗🤗

နှစ်​ယောက်တစ်အိမ်မက် ကို
​နွေး​​နွေး​ထွေး​ထွေး ​လေး​ မက်ကြရ​အောင်...

၂၅.၁၂.၂၀၂၃ မှ ၃၁.၁၂.၂၀၂၃ အထိပဲ​နော်...


#တော်ဝင်နှင်းဆီမျက်စိဆေးရုံ
#မန္တလေး

ချစ်တို့​ရေ...​အေးချမ်းတဲ့​ဆောင်းရာသီ​လေးမှာ​ကော်ဖီပူပူ​လေး​​သောက်မုန့်​လေး​တွေစားပြီးမျက်မှန်လှလှ​လေး​တွေ ဝယ်ပြီး လန်းက...
25/12/2023

ချစ်တို့​ရေ...

အေးချမ်းတဲ့​ဆောင်းရာသီ​လေးမှာ
​ကော်ဖီပူပူ​လေး​​သောက်
မုန့်​လေး​တွေစားပြီး
မျက်မှန်လှလှ​လေး​တွေ
ဝယ်ပြီး လန်းကြမလား​​!!! 😍😍

ဒါဆိုရင်...
​တော်ဝင်နှင်းဆီမျက်စိ​ဆေးရုံ
၇၇​(အေ) ၃၁×၃၂ ကြားကို
အ​ပြေးလာခဲ့ကြ​တော့​နော်😍😍

မျက်မှန်ပါဝါကို စက်ဖြင့် အခမဲ့စမ်းသပ်ပေးပြီး
Classic မျက်မှန်ဒီဇိုင်းလှလှ​လေး​တွေကိုလည်း
15% ​လျှော့​ပေးအုန်းမယ်နော်🤗🤗

ဘာလို​သေးလဲ​ကွယ်...

ဒီဇင်ဘာ ၂၅ မှ ၃၁ အထိပဲ​...အသည်းတို့

🕗 မနက်(8)နာရီမှ ညနေ (5)နာရီထိ🕔
(ပိတ်ရက်မရှိပါ)

​ခြေသွက်သွက်​လေး ​ပြေးလာမှ
စိတ်ချရမယ်​နော်🏃🏃

#တော်ဝင်နှင်းဆီမျက်စိဆေးရုံ
☎ ဖုန်းနံပါတ် ☎
09 781 532 777, 09 781 532 333



Address

Mandalay
Mandalay

Telephone

+959781532777

Website

Alerts

Be the first to know and let us send you an email when Royal Rose Eye Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Rose Eye Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram