Zin May Phyo - Physiotherapist

Zin May Phyo - Physiotherapist Trust me, I'm a physiotherapist.

လေဖြတ်ပြီးနောက် ပြန်လည်သန်စွမ်းရေးကိုဘယ်အချိန်မှာ စသင့်ပါသလဲ????https://youtu.be/_Ueb4CPLUu4?si=N4k6Zy7BDto93NpA
08/05/2025

လေဖြတ်ပြီးနောက် ပြန်လည်သန်စွမ်းရေးကို
ဘယ်အချိန်မှာ စသင့်ပါသလဲ????
https://youtu.be/_Ueb4CPLUu4?si=N4k6Zy7BDto93NpA

အားလုံးဘဲ မင်္ဂလာပါရှင့်🙏ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့အထိ ဖြစ်တတ်တဲ့ ခါးဆစ်အရွတ်ပြားကျွံခြင်း (Prolapse Inter...
07/05/2025

အားလုံးဘဲ မင်္ဂလာပါရှင့်🙏

ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့အထိ ဖြစ်တတ်တဲ့ ခါးဆစ်အရွတ်ပြားကျွံခြင်း (Prolapse Intervertebral Disc) အကြောင်းမျှဝေ‌ပေးပါရစေ ☺️

ခါးဆစ်အရွတ်ပြားကျွံခြင်းဆိုတာ ခါးရိုးဆစ်အတွင်းမှာရှိတဲ့အရွတ်ပြားဟာ ခါးဆစ်နောက်ကို ထွက်လာကာ ကျောရိုးတိုင်အနီးရှိ အာရုံကြောများကို ဖိမိပြီး ခါးနာတာတာကိုခေါ်တာဖြစ်ပါတယ်

ဒီလိုဖြစ်တာဟာ အသက်အရွယ်ရလာလို့ အရွတ်များပျက်ဆီးလာတာကြောင့်အဖြစ်များပေမယ့် ထိခိုက်ဒဏ်ရာ ရခြင်း၊ ပုံမှန်မဟုတ်သော ခန္ဓာကိုယ်အနေအထားနဲ့ အလေးအပင် ‘မ’မိသူများမှာလည်းဖြစ်တတ်ပါတယ်။

အာရုံကြောကို ဖိမိပြီဆိုရင် ခါးနာရုံသာမက ခါးအောက်ခြေဖျားအထိ နာကျဉ်တာ၊ ထုံကျဉ်တာတွေသာမက အဆိုးဆုံးအနေနဲ့ အောက်ပိုင်းမလှုပ်ရှားနိုင်တာအထိဖြစ်နိုင်ပါတယ်

ဒီလိုမျိုးခံစားရပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနှင့် ပြသ၍
ရောဂါရှာဖွေစစ်ဆေးပြီး သေသေချာချာ ကုသမှုခံယူဖို့ လိုပါတယ် 👨‍⚕️

ကုသမှုအနေနဲ့ နာကျဉ်တာကိုသက်သာအောင် ထိုးဆေးသောက်ဆေးများသာမက ကျွမ်းကျင် အကြောအဆစ်ပညာရှင်များ (Physiotherapist) များမှ
ခေတ်မီနည်းပညာတစ်ခုဖြစ်တဲ့ High Intensity Laser Therapy
လေဆာရောင်ခြည်ဖြင့် ကျွံ၍နာသည့်နေရာကို focus ထားကုသပေးခြင်းဖြင့် ပိုမိုမြန်ဆန်စွာ သက်သာစေနိုင်သလို.....

ရောဂါအနေအထားပေါ်မူတည်ပြီး ကျွံသွားတဲ့ ခါးဆစ်ပြားနဲ့ ဖိမိတဲ့အာရုံကြော လွတ်သွားအောင် ခါးကို သင့်တော်သော အလေးချိန်ညှိပြီး Lumbar Traction စက်နဲ့ ဆွဲပြီးကုသနိုင်ပါတယ်။

Exercise Therapy ဟုခေါ်သော လူနာတစ်ဦးချင်းအလိုက် သင့်လျော်တဲ့ လေ့ကျင့်ခန်း ကုထုံးများဖြင့်လည်း ကြိုတင်ကာကွယ်ခြင်း၊ ကုသခြင်းများ ပြုလုပ်နိုင်ပါတယ်။

ဒီလို နောက်ဆုံးပေါ်ကုသမှုတွေကို
အင်္ဂလန်နိုင်ငံ BTL Company ထုတ် နိုင်ငံတကာအဆင့်မှီ စက်ကြီးများဖြင့် ကျွမ်းကျင်ပညာရှင်များထံမှာ ကုသမှုခံယူနိုင်ပါတယ်။

ဆောင်းတွင်းကာလနဲ့ အခုလို ရာသီဥတု ကူးပြောင်းတဲ့ ကာလမှာ အဖြစ်များတဲ့ ရောဂါတစ်ခုအကြောင်းကို မျှဝေပေးချင်ပါတယ်။ ဟုတ်ပါတယ် မျ...
02/03/2024

ဆောင်းတွင်းကာလနဲ့ အခုလို ရာသီဥတု ကူးပြောင်းတဲ့ ကာလမှာ အဖြစ်များတဲ့ ရောဂါတစ်ခုအကြောင်းကို မျှဝေပေးချင်ပါတယ်။

ဟုတ်ပါတယ် မျှဝေပေးမယ့်ရောဂါနာမည်လေးက Facial Palsy (မျက်နှာတစ်ခြမ်းရွဲ့ခြင်း) ဆိုတဲ့ ရောဂါပဲဖြစ်ပါတယ်။

လူကြီးမင်းတို့ နေထိုင်ရာ ပတ်ဝန်းကျင်မှာ မျက်နှာတစ်ခြမ်းရွဲ့နေသူများကို အခါအားလျော်စွာ တွေ့ဖူးမြင်ဖူး သတိထားမိကြမှာပါ။ အနီးစပ်ဆုံး ဥပမာပေးရရင်
ကမ္ဘာကျော်မင်းသမီး အန်ဂျလီနာဂျိုလီ ဟာဆိုရင်လဲ ဒီရောဂါကိို ခံစားရဖူးပါတယ်။ အဆိုတော် ဂျပ်စတင်ဘီဘာဆိုလဲ ဒီရောဂါကို ခံစားခဲ့ရပါတယ်။

Facial Palsy
********

ပထမဆုံးအနေနဲ့ အသိပေးချင်တာကတော့ ဒီရောဂါဟာ အသက်အရွယ်မရွေး၊ ကျားမမရွေး ဖြစ်တတ်တယ်ဆိုတာပါပဲ။ ကလေးမှစပြီး လူကြီးထိဖြစ်တတ်တာကို ဆိုလိုရင်းပါ။

ရောဂါ ဖြစ်ပွါးရတဲ့အကြောင်းရင်း သေသေချာချာမရှိပေမဲ့ အများစုကတော့ မျက်နှာကို အအေးပတ်ဖြင်းကြောင့်ဖြစ်ပါတယ်။(ဆိုင်ကယ်စီးရင် မှန်ပါတဲ့ ဦးထုပ်မဆောင်းတာ၊ ကားစီးရင် ပြတင်းပေါက်ဖွင့်စီးတာ၊ အဲကွန်း/ ပန်ကာတို့အောက်မှာ အိပ်တာ) အစရှိသဖြင့်ပေါ့။

ကျွန်တော်တို့ ဦးနှောက်ကနေထွက်တဲ့ အာရုံကြောဟာ ၁၂ စုံ ရှိပါတယ်။ ထိုအထဲကမှ မျက်နှာမှာရှိတဲ့ အာရုံကြောကတော့ ၇ စုံမြောက်ဖြစ်ပါတယ်။ တနည်းအားဖြင့်
cranial nerve 7 သို့မဟုတ် facial nerve လို့လည်း ခေါ်ပါတယ်။

အဲ့တော့ အပေါ်ကစာကြောင်းနဲ့ပြန်ဆက်ရရင် မျက်နှာအအေးပတ်ခြင်းကြောင့် facial nerve ဟာ ရောင်ရမ်းခြင်း၊ အားနည်းခြင်းကို ရောက်သွားစေပြီး မျက်နှာမှာရှိတဲ့ ကြွက်သားတွေကို ထောက်ပံံ့မှု အားနည်းသွားပါတယ်။

ထိုသို့ ကြွက်သားထောက်ပံ့မှု အားနည်းသွားတဲ့အခါ မျက်နှာအမူအရာ ၊ လှုပ်ရှားမှုတွေဟာ တစ်စိတ်တစ်ပိုင်းသို့မဟုတ် အပြည့်အဝ ချို့ယွင်းသွားစေပြီး တစ်ဦးနဲ့တစ်ဦး မျက်နှာချင်းဆိုင်ပြောဆိုဆက်သွယ်ရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားထောက်ပံ့မှု အားနည်းတဲ့အတွက် ဖြစ်တဲ့မျက်နှာဘက်ခြမ်းမှာ
မျက်ခုံးမပင့်နိုင်ခြင်း၊ မျက်လုံးအပြည့်အဝ မပိတ်နိုင်ခြင်း၊ မျက်ရည်ကျခြင်း၊ ပါးဖောင်းမရခြင်းနှင့် အစာစားချိန်၊ရေသောက်ချိန်နဲ့ စကားပြောချိန်တို့တွင်ပါ အခက်ခဲကြုံရနိုင်ပါတယ်။ နောက်ပိုင်း နေ့စဉ်လှုပ်ရှားမှုဆိုင်ရာ လုပ်ငန်းဆောင်တာတွေပါ မလုပ်နိုင်တော့ထိဖြစ်တတ်ပါတယ်။

အများစု အမှတ်မှားတတ်တာက မျက်နှာရွဲ့သွားရင် ရွဲ့သွားတဲ့ဘက်ခြမ်းက မကောင်းတာဆိုပြီး။ ဒါဟာမှားပါတယ် ။လူနာရဲ့ မျက်နှာညာဘက်ခြမ်းက မကောင်းရင် ဘယ်ဘက်ခြမ်းမှာရွဲ့သွားသလို ဘယ်ခြမ်းမကောင်းရင် ညာဘက်ခြမ်းကို ရွဲ့သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ ဖြစ်တဲ့ဘက်ခြမ်းမှာ ကြွက်သားထောက်ပံ့မှုတွေမရတော့တဲ့အတွက် မလှုပ်ရှားနိုင်တော့ပဲ ကောင်းတဲ့ဘက်ကို ရွဲ့သွားတာပါ။ (ဒါလေးကတော့ ဂရုပြုမိဖို့ပါ)။

ဒါကြောင့် မိမိတို့ရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့မျက်နှာမှာ ဒီလိုဝေဒနာခံစားလာရပြီဆိုရင်တော့ စောလျင်စွာကုသမှုခံယူနိုင်ကြပါစေကြောင်းနှင့်နောက်ကျရင်ကျသလောက် ပျောက်ကင်းမှုက နှေးနိုင်ပါတယ်ဆိုတာလည်း အသိပေးရင်း အားလုံးပျော်ရွှင်ကျန်းမာသော ဘဝများပိုင်ဆိုင်နိုင်ကြပါစေ။

Credit to
Content writer- Koko Thwin

Cerebral Palsy ဆိုတာ “Brain Paralysis_ဦးနှောက်အကြောသေခြင်း” လို့လည်း အဓိပ္ပါယ် ရပါတယ်။ ခန္ဓာကိုယ်အနေအထားနဲ့ လှုပ်ရှားသွာ...
25/03/2023

Cerebral Palsy ဆိုတာ

“Brain Paralysis_ဦးနှောက်အကြောသေခြင်း” လို့လည်း အဓိပ္ပါယ် ရပါတယ်။ ခန္ဓာကိုယ်အနေအထားနဲ့ လှုပ်ရှားသွားလာမှုကိုသက်ရောက်စေတဲ့ မသန်စွမ်းခြင်း တစ်မျိုး ဖြစ်ပါတယ်။

☑ ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားချိန် သို့မဟုတ် ကလေးဘဝအစောပိုင်းတွင် ဒဏ်ရာရမှု
☑ မွေးဖွားနေစဉ်နှင့် မွေးဖွားပြီးနောက်တွင် အောက်စီဂျင် လုံလောက်စွာမရမှု
☑ ငယ်ရွယ်စဉ်တွင် ပြင်းထန်စွာရောဂါပိုးကူးစက်ခံရမှု စသည်တို့ဟာ အဖြစ်များတဲ့ အကြောင်းရင်းတွေ ဖြစ်ကြပါတယ်။

***ရောဂါလက္ခဏာများ

▪️ ငယ်ရွယ်စဉ်တွင် ကြွက်သားများပျော့ခြင်း၊
▪️ လမ်းလျှောက်တတ်ရန်နှင့် စကားပြောတက်ရန်
ကြာခြင်း၊
▪️ ကိုယ်နေဟန်ထားပုံမမှန်ခြင်း၊ ကြွက်သားများ
အကြောဆွဲခြင်း၊ ခန္ဓာကိုယ်တောင့်တင်းခြင်း၊
▪️ အာရုံနှင့် ရုပ်ပိုင်ဆိုင်ရာလှုပ်ရှားမှုကို
ညီညွတ်အောင် ဆောင်ရွက်မှု ညံ့ဖျင်းခြင်း နှင့်
▪️ မျက်စိစွေခြင်းတို့ ဖြစ်ပါတယ်။

တစ်ခါတစ်ရံမှာ ဦးနှောက်အကြောသေရောဂါ ရှိတဲ့ကလေးတွေဟာ စာသင်ကြားခြင်းနှင့် အမြင် အကြားအာရုံတို့တွင် အခက်အခဲများ ရှိတတ်ပါတယ်။
ညဏ်ရည် မမှီခြင်းလည်းရှိတတ်ပါတယ်။



ခေါင်းမထိန်းနိုင်တဲ့(head controlမရတဲ့) သမီးလေးက သူ့ခေါင်းသူ ကောင်းကောင်း ထိန်းနိုင်လာပြီ။
မတ်တပ်ရပ်ခိုင်းလို့မရတဲ့ သားသားလေးကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ အကြာကြီး မတ်တပ်ရပ်နိုင်နေပြီ။

အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းမှုပညာ(Physiotherapy)နဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေကို ဘယ်လိုကုသမလဲ??????*...
17/12/2022

အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းမှုပညာ(Physiotherapy)နဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာ ဖြစ်တတ်တဲ့ ရောဂါတွေကို ဘယ်လိုကုသမလဲ??????

*ကိုယ်ဝန်ရင့်လာတဲ့အခါ သန္ဓေသားရဲ့ အလေးချိန်ကြောင့်ရယ် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဥ် ပြောင်းလဲလာတာကြောင့်ရယ် အများအားဖြင့် ခါးနာခြင်းကို ခံစားတတ်ကြရပါတယ်။

*ထိုင်ရာမှ ထသည့်အခါ လက်ကို အားပြုပြီး ထရသည့်အတွက် လက်ကောက်ဝတ်တွေနာလာတတ်ပါတယ်။အချို့မှာ ဒူးဆစ်၊ ခြေကျင်းဝတ် စတာတွေ နာတတ်ပါတယ်။

*သန္ဓေသားက ဆီးအိမ်ပေါ်မှာ ဖိထားတဲ့အတွက် ဆီးမကြာခဏ သွားချင်လာတာတွေ ၊ ခြေထောက်ယောင်တာတွေ ဖြစ်တတ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်ပါတယ်။
ကလေးမမွေးဖွားခင်နှင့် မွေးဖွားပြီးချိန်တွေမှာ မွေးလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေ သန်မာဖို့အတွက် လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုအပ်ပါတယ်။
ရောဂါဝေဒနါတွေ မခံစားရခင်ကတည်းက ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာရပါမယ်။
ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်နေဖို့ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ရပါမယ်။
အကြောအဆစ် ရောဂါဝေဒနါတွေ ခံစားလာရပါက သက်ဆိုင်ရာ ဆရာဝန် ဆရာမများနှင့် တိုင်ပင်ပြီး နာသည့်နေရာကို ရေနွေးအိပ်ကပ်ခြင်း၊ ရေခဲကပ်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။
မသက်သာပါက Physiotherapy ဌာနများမှာ ပြသပြီး ကုသမှုခံယူနိုင်ပါတယ်။

ကျန်းမာ ပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ....🙏

ခြေကျင်းဝတ်လည်ခြင်း (Ankle Sprain) လှုပ်ရှားသွားလာနေကြရတဲ့ ကျွန်မတို့ရဲ့နေ့စဉ်ဘဝမှာ တစ်ခါတလေ ခြေခေါက်ပြီး ခြေကျင်းဝတ်လည်...
22/10/2022

ခြေကျင်းဝတ်လည်ခြင်း (Ankle Sprain)

လှုပ်ရှားသွားလာနေကြရတဲ့ ကျွန်မတို့ရဲ့
နေ့စဉ်ဘဝမှာ တစ်ခါတလေ ခြေခေါက်ပြီး
ခြေကျင်းဝတ်လည်တာမျိုး တွေ့ကြုံဖူးကြမှာပါ။

ခြေကျင်းဝတ်က အတွင်း (သို့) အပြင်ကို လည်ထွက်သွားတဲ့အခါ အဲ့ဒီနေရာက အဆစ်ကိုပါ လွဲသွားစေနိုင်ပါတယ်။ အတွင်းဘက်ကို လည်ရင် အတွင်းဘက် အရွတ်ကို ထိခိုက်စေသလို အပြင်ဘက်ကို လည်ရင် အပြင်ဘက်အရွတ်ကို ထိခိုက်စေပါတယ်။

🤦‍♀️ ဒီလို လည်ထွက်သွားပြီဆိုရင် အရွတ်တွေကို
ဆွဲဖြဲလိုက်သလိုဖြစ်ပြီး အရွတ်တွေပြဲသွားတာကြောင့် နာကျင်ရောင်ရမ်းမှုကို ခံစားရနိုင်သလို
အောက်ပါ ဝေဒနာတွေလည်း ခံစားရတတ်ပါတယ်

🔹 ခြေကျင်းဝတ်ကို ဖိလိုက်တဲ့အခါ နာကျင်ခြင်း

🔹 အလေးတစ်ခုခုမထားရတဲ့ အချိန်တိုင်း လည်
ထားတဲ့ ခြေကျင်းဝတ်ဘက်မှာ နာကျင်ခြင်း

🔹 ခြေကျင်းဝတ် အပြည့်အဝ မလှုပ်ရှားနိုင်ခြင်း

🔹 ခြေကျင်းဝတ်ကို လှုပ်ရမ်းလိုက်တိုင်း နာကျင်ခြင်း စတာတွေပဲဖြစ်ပါတယ်။

မကုသပဲ ထားလိုက်ရင် ဝေဒနာ ပိုမိုပြင်းထန်လာနိုင်တဲ့ အတွက် ထိခိုက်ဒဏ်ရာဖြစ်ပွား ပြီးလျှင်ပြီးချင်း ( PRICE ) လို့ အတိုကောက် မှတ်သားထားနိုင်တဲ့ အောက်ပါအချက် (၅) ချက်ကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။

1️⃣ Protection(ကာကွယ်): ခြေကျင်းဝတ်ကို ထပ်မံထိခိုက်ခြင်း မရှိအောင် သတိထားခြင်း။ (လမ်းလျှောက်လျှင် တုတ်ကောက်၊ ကျိုင်းထောက် စသဖြင့် တစ်ခုခုကို အသုံးပြု၍ လျှောက်လှမ်ခြင်း။)

2️⃣ Rest(အနားယူ): ဒဏ်ရာရရှိပြီး ၂ရက် ၃ရက် ကြာအောင် အနားပေးခြင်း။ (သက်သာလာရင် ဖြည်းဖြည်းချင်း လှုပ်ရှား လို့ရပါတယ်။

3️⃣ Ice(ရေခဲကပ်): ရေခဲကပ်ပေးခြင်း။ (၁၅မိနစ်၊ မိနစ်၂၀ မျှ ၂ နာရီ ခြား တစ်ခါ ကပ်ပေးခြင်းဖြင့်လည်း နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။)

4️⃣ Compression(ပတ်တီးစည်း): မလိုလားပဲ မလှုပ်ရှားမိအောင် ပတ်တီးစည်းပေးခြင်း၊ ခြေကျင်းဝတ်အစွပ် ဝတ်ပေးခြင်း (အိပ်ယာဝင်ချိန်မှလွဲ၍)

5️⃣ Elevate(မြှောက်ထားပေး): ရောင်ရမ်းခြင်းကို သက်သာစေရန် ခြေကျင်းဝတ်အောက်မှာ ခေါင်းအုံး (သို့) တစ်စုံတစ်ခု ထား၍ ခြေ‌ထောက်ကို အပေါ်သို့ မြှောက်ထားပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်ပေးရပါမည်။

သို့သော် အခြေနေဆိုး၍ အလွန်အမင်း ရောင်ရမ်းနာကျင်နေပါက အရိုးထိခိုက်မှု ရှိမရှိ X ray ရိုက်၍ ကျွမ်းကျင်သော သမားတော်များ၊ ဆရာဝန်များ၊ Physiotherapist များနှင့် တိုင်ပင်ဆွေးနွေးကာ
ကုသမှုခံယူသင့်ပါတယ်။

Physiotherapy Center တွေမှာဆိုရင်

TENS (Transcutaneous Electrical Nerve Stimulation) - လို့ခေါ်တဲ့ စက်ကိရိယာများကို အသုံးပြုပြီး ကြွက်သားများကို ပြေလျှော့စေခြင်း၊ သွေးလည်ပတ်မှုကောင်းစေခြင်း တို့ကို လုပ်ဆောင်ပေးခြင်းဖြင့် နာကျင်မှုကို သက်သာစေပါတယ်။

Heat - အပူပေးခြင်းဖြင့် နာကျင်ရောင်ရမ်းမှုကို သက်သာစေခြင်း။ သွေးလည်ပတ်စီးဆင်းမှု ကောင်းစေခြင်း၊ ခြေကျင်းဝတ်ရှိ ထိခိုက်ပျက်ဆီးသွားသော တစ်ရှူးများအား အနာကျက်စေခြင်း၊ လှုပ်ရှားမှုမပြုလုပ်ခင် ခြေကျင်းဝတ်အဆစ်ခိုင်မှုများ၊ နာကျင်မှုများကို သက်သာစေရန်အတွက် အပူပေးရပါတယ်။

Ultrasound - အသံလှိုင်းဖြင့် ပျက်စီးသွားတဲ့ တစ်ရှူးများကို အနာကျက်စေအောင် ကုသပေးခြင်း

စသည့် ခေတ်မီစက်ကိရိယာများဖြင့် ကုသပေးခြင်း လေ့ကျင့်ခန်းများပြုလုပ်ပေးခြင်း ဖြင့် ကုသနိုင်ပါသည်။

🏃‍♀️🏃🏃‍♀️

♦️Stroke (လေဖြတ်ခြင်း)ဆိုသည်မှာ.....?ဦးနှောက်သွေးကြောပေါက်ခြင်း သို့မဟုတ်  ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် ခန္ဓာကိုယ်...
30/05/2022

♦️Stroke (လေဖြတ်ခြင်း)ဆိုသည်မှာ.....?

ဦးနှောက်သွေးကြောပေါက်ခြင်း သို့မဟုတ် ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့် ခန္ဓာကိုယ်တခြမ်း(လက်နှင့်ခြေထောက်)ကြွက်သားများ အားနည်းသွားခြင်း သို့မဟုတ် လုံးဝမလှုပ်ရှားနိုင်တော့ခြင်းကို ခေါ်ပါတယ်။

အချို့လူနာများမှာ မျက်နှာတစ်ခြမ်းရွဲ့ခြင်းပါ ဖြစ်တတ်ပါတယ်။

ဦးနှောက်အတွင်း ဖြစ်ပွားမှုပမာဏပေါ်မူတည်ပြီး စကားမပြောနိုင်တော့ခြင်း ၊ အစာစားသည့်အခါ ပါးစပ်မှရေများ စီးကျခြင်း ၊ စိတ်ခံစားမှုလွယ်ပြီး ငိုလွယ် ရယ်လွယ်ခြင်း ဖြစ်တတ်ပါတယ်။

အိပ်ရာထဲမှာ နေရစဥ်မှစပြီး လေ့ကျင့်ခန်းမလုပ်ပါက အချိန်ကြာလာသည့်အခါ လေဖြစ်သူတွေမှာ တံတောင်ဆစ်၊ လက်ကောက်ဝတ်နှင့် လက်ချောင်းလေးများ ဆန့်ရခက်အောင်ကွေးနေတတ်ပါတယ်။
ခြေထောက်ပိုင်းမှာဆို ဒူးဆန့်ပြီး ခြေကျင်းဝတ် အောက်ကိုစိုက်နေတတ်ပါတယ်။

♦️အဲ့လိုတွေမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

Bed side (အိပ်ရာပေါ်မှာနေရစဥ်ကတည်းက)လေ့ကျင့်ခန်းတွေကို လုပ်ပေးရပါမယ်။လေ့ကျင့်ခန်းလုပ်ပေးခြင်းက ကြွက်သားသိမ်ခြင်း အားနည်းခြင်းကို ကာကွယ်နိုင်မှာဖြစ်သလို Deep Vein Thrombosis(DVT) လို့ခေါ်တဲ့ ခြေထောက်သွေးပြန်ကြောအတွင်း သွေးခဲခြင်းကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

Position(ခန္ဓာကိုယ်အနေအထား)မှန်အောင်ထားပေးရပါမယ်။

2 hourly turning(၂နာရီခြားတခါ ခန္ဓာကိုယ်ကို လှည့်ပေးရပါမယ်။)
Bed soreလို့ခေါ်တဲ့ အိပ်ရာနာတွေမဖြစ်အောင် ကာကွယ်ရန် ဖြစ်ပါတယ်။

လူနာရဲ့တိုးတက်လာမှုပေါ်မူတည်ပြီး လေ့ကျင့်ခန်းများကို တဆင့်ခြင်း တိုးပြီးလုပ်ပေးသွားခြင်းဖြင့် နောက်ဆုံးမှာမည်သူ့အကူညီမျှမရယူဘဲ နေ့စဥ်လူနေမှုဘဝမှာ ကျင်လည်နိုင်သည်ထိ တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။

လေဖြတ်လို့ သင့်ဘဝကြီး မဆုံးရှုံးရအောင် အမြန်ဆုံး ကုသမှုခံယူကြပါလို့ အကြံပေးတိုက်တွန်းလိုက်ပါရစေ။

လည်ပင်းကျီးပေါင်းရောဂါဆိုသည်မှာ....အသက်အရွယ်အိုမင်းလာတဲ့အခါမှာ၊ အချိန်ကြာမြင့်စွာ ခေါင်းငုံ့ပြီး အလုပ်လုပ်ရသူတွေမှာ(ဥပမာ...
10/05/2022

လည်ပင်းကျီးပေါင်းရောဂါဆိုသည်မှာ....

အသက်အရွယ်အိုမင်းလာတဲ့အခါမှာ၊ အချိန်ကြာမြင့်စွာ ခေါင်းငုံ့ပြီး အလုပ်လုပ်ရသူတွေမှာ(ဥပမာ-ကွန်ပျူတာ အသုံးများသူ၊ ဖုန်းအသုံးများသူ၊ အလေးပင်ရွက်ရ မ'ရသောသူတွေ) လည်ပင်းရိုး၊ အရွတ်ပြားနဲ့ လည်ပင်းအဆစ်တွေမှာ ပျက်စီးယိုယွင်းလာတတ်ပါတယ်။လည်ပင်းအရိုးဆစ်လေးတွေမှာ အတက်ကလေးတွေလည်း ထွက်လာတတ်ပါတယ်။အဲ့လိုပျက်စီးယိုယွင်းမှုတွေဖြစ်ပေါ်လာခြင်းကို လည်ပင်းကျီးပေါင်းလို့ခေါ်ပါတယ်။

ဘာကြောင့်ဖြစ်ရသလဲ?

-အနေအထား မှားယွင်းစွာ အိပ်မိခြင်း
-လည်ပင်းရိုးပတ်၀န်းကျင်မှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း
-လည်ပင်းအား အချိန်ကြာမြင့်စွာ ငုံ့ထား/မော့ထားခြင်း
-လေးလံသော ကျောပိုးအိတ်/လွယ်အိတ်များကို သယ်ပိုးခြင်း စတဲ့အကြောင်းရာတွေကြောင့် ဖြစ်တတ်ပါတယ်။

ဘယ်လိုလက္ခဏာတွေ ခံစားရမလဲ?

-လည်ပင်းနာခြင်း
-နောက်ကျောတက်ခြင်း
-လည်ပင်းအဆစ်ခိုင်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်း
-ခေါင်းကိုက်ခြင်း
-ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း
-အမြင်အာရုံဝေဝါးခြင်း
-မှတ်ဥာဏ်ချို့ယွင်းခြင်း
-ပခုံးနှင့် လက်မောင်း နာကျဥ်ခြင်း
-ခြေလက် ထုံကျဥ်ခြင်း/ပူခြင်း
-ရောဂါအလွန်ဆိုးတဲ့အခါ ဆီးနှင့်ဝမ်း ထိန်းချုပ်နိုင်မှု လျော့နည်းလာခြင်းတို့ပါ ဖြစ်စေနိုင်ပါတယ်။

အတတ်နိုင်ဆုံး ဘယ်လိုကာကွယ်မလဲ?

-ပြင်းထန်တဲ့အားကစားလုပ်ခြင်း(ဥပမာ-ပြေးခြင်း၊ခုန်ခြင်း)
-လည်ပင်းရိုးမှာ ဒဏ်မဖြစ်အောင်နေခြင်း
-အနေအထားတမျိုးထဲမှာ ကြာမြင့်စွာနေခြင်း(ဥပမာ-ကားမောင်းခြင်း၊တီဗွီကြည့်ခြင်း)တို့ကို ရှောင်ကျဥ်ရပါမယ်။
-ခေါင်းအုံးမြင့်မြင့်အိပ်ခြင်း၊ ဇတ်ချိုးခြင်း၊နှိပ်ခြင်းတို့ကိုလည်း ရှောင်ရှားရပါမယ်။
-နေ့စဥ်ခေါင်းလေ့ကျင့်ခန်းနှင့် ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးရပါမယ်။

ဘယ်လိုကုသမလဲ?

-မခံမရပ်နိုင်အောင်နာကျဥ်ကိုက်ခဲမှု ခံစားနေရပါက ဆရာ၀န်နှင့်ပြသပြီး ဆေးထိုးဆေးသောက်ခြင်းဖြင့် ကုသရပါမယ်။
-Physiotherapy Clinicလို့ခေါ်တဲ့ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဌာနများတွင်လည်း လေ့ကျင့်ခန်းများ ခေတ်မီစက်ကိရိယာများဖြင့် ကုသမှု ခံယူပြီး လည်ပင်းကျီးပေါင်း ရောဂါဝေဒနာများမှ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

***ဘာကြောင့်ဒူးနာရပါသလဲ?***အသက်အရွယ်ကြီးရင့်လာလို့ အရိုးအဆစ်တွေမှာ degenerationလို့ခေါ်တဲ့ ပျက်စီးယိုယွင်းလာခြင်းအရိုးပွ...
21/03/2022

***ဘာကြောင့်ဒူးနာရပါသလဲ?***

အသက်အရွယ်ကြီးရင့်လာလို့ အရိုးအဆစ်တွေမှာ degenerationလို့ခေါ်တဲ့ ပျက်စီးယိုယွင်းလာခြင်း

အရိုးပွခြင်း

အရိုးကျီးပေါင်းတက်ခြင်း

ထိခိုက်ဒဏ်ရာရခြင်း

မကြာခဏ ဒူးမှာဒဏ်ဖြစ်ခြင်း

အဝလွန်ခြင်း

အရွတ်စုတ်ပြဲခြင်း

အရိုးနှစ်ခုကြားတွင်ခံထားသော အရွတ်ပြားများ ပျက်စီးခြင်း

ဂေါက်ရောဂါနှင့် လေးဘက်နာကဲ့သို့သော ရောဂါ စတာတွေကြောင့် ဒူးနာစေတတ်ပါတယ်။

**ဘယ်လိုလက္ခဏာတွေခံစားရမလဲ?**

ဒူးနာခြင်း၏တည်နေရာနှင့် ပြင်းထန်မှုပေါ်မူတည်ပြီး ရောဂါလက္ခဏာများ ကွဲပြားနိုင်ပါတယ်။

ရောင်ရမ်းခြင်းနှင့် ကြွက်သားများတင်းမာခြင်း

ဒူးနာသည့်တစ်ဝိုက်တွင် နီပြီး နွေးနေခြင်း

မတ်တပ်ရပ်သည့်အခါ ဒူးကိုကောင်းကောင်းမထိန်းနိုင်ဘဲ ညွတ်သွားခြင်း

အပြည့်အဝဖြောင့်တန်းအောင် မဆန့်နိုင်ခြင်း

လှေကားအတက်ဆင်းပြုလုပ်သည့်အခါ သို့မဟုတ် ဒူးအကွေးအဆန့်ပြုလုပ်သည့်အခါ crepitusလို့ခေါ်တဲ့ ''ခရစ် ခရပ်''ဆိုတဲ့ အသံတွေ မြည်နေခြင်းတို့ ဖြစ်တတ်ပါတယ်။

***ဘယ်လိုကုသမလဲ***

ချော်လဲလို့ သို့မဟုတ် အားကစားလုပ်လို့ သို့မဟုတ် ထိခိုက်ဒဏ်ရာရလို့ ရုတ်တရက်ဒူးနာပြီး ရောင်ရမ်းလာပါက
ပထမဦးဆုံးလုပ်ရမှာက RICEပါ

R=rest လှုပ်ရှားမှုတွေရပ်ပြီး အနားယူရပါမယ်
I=ice နာတဲ့ ရောင်တဲ့ နေရာကို ရေခဲကပ်ပေးရပါမယ်(၁၅မိနစ်ခန့်)
C=compression (elsatic bandageနဲ့ နာတဲ့ ရောင်တဲ့နေရာကို စည်းထားရပါမယ်
E=elevation ဒူးအောက်နှင့် ခြေဖနောင့်အောက်မှာ စောင် သို့မဟုတ် ခေါင်းအုံး ခုထားပြီး ခြေထောက်ကိုမြှင့်ထားရပါမယ်

မသက်သာလျှင် ဆေးခန်းပြပါ။
ဂေါက်ရောဂါနှင့် လေးဘက်နာကဲ့သို့ရောဂါများအတွက် သက်ဆိုင်ရာဆရာဝန်ထံတွင် ကုသမှုခံယူပါ။

အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဋ္ဌာနများတွင် စက်ကိရိယာများ​ဖြင့်ကုသခြင်း လေ့ကျင့်ခန်းများဖြင့်ကုသခြင်း စတဲ့လိုအပ်သောကုသမှုများ ရယူနိုင်ပါသည်။

15/03/2022

Second Waveမှာ
လုပ်ပေးနိုင်ခဲ့သလောက်လေး...

Address

Mandalay
7289

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 16:00 - 20:00
Sunday 16:00 - 20:00

Telephone

09444015154

Website

Alerts

Be the first to know and let us send you an email when Zin May Phyo - Physiotherapist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Zin May Phyo - Physiotherapist:

Share

Category