Myint Mo Clinic & Pharmacy

  • Home
  • Myint Mo Clinic & Pharmacy

Myint Mo Clinic & Pharmacy Grass root medical care and pharmacy.

25/03/2024

အသက်(၄၀)ကျော်လျှင်လမ်းလျှောက်ပါ...

သဘာဝကြီးကလူတွေကိုမွေးကတည်းက
ပေးထားတဲ့ နှလုံး ဟာ
တစ်ခုတည်းမဟုတ်ပါဘူး။
အဖော်ပါလာပါတယ်။

အဲဒါဟာခြေသလုံးတွေက
ကြွက်သားတွေပဲဖြစ်ပါတယ်။

နှလုံးခုန်ခြင်းဟာသူဟာသူခုန်နေတာဖြစ်ပေမဲ့
ခြေသလုံးကနှလုံးတွေကတော့
လူကလုပ်ပေးမှအလုပ်လုပ်တာပါ။

လူတစ်ယောက်ဟာတစ်နေ့ကိုနှလုံးခုန်တဲ့
အကြိမ်ပေါင်းတစ်သိန်းလောက်ရှိပါတယ်။

အဲဒါဟာသွေးတွေကိုသွေးလွှတ်ကြောကနေ
တစ်ဆင့်တစ်ကိုယ်လုံးသို့ပို့လွတ်ဖို့နှလုံး က
pump လုပ်နေခြင်း ဖြစ်ပါတယ်။

အဲဒီသွေးတွေဟာသွေးပြန်ကြောကနေတစ်ဆင့်
နှလုံးကိုပြန်ရောက်လာပါတယ်။
သွေးလည်ပတ်တယ်ဆိုတာဟာဒါပါပဲ။
နှလုံးကသွေးတွေကိုညှစ်ထုတ်ပြီးတစ်ကိုယ်လုံးကိုကောင်းစွာရောက်ဖို့ဆိုတာသူ့ရဲ့သွေးအိမ်ထဲမှာသွေးတွေပြည့်နေဖို့လိုပါတယ်။

နှလုံးအိမ်ထဲမှာသွေးတွေလျော့နည်းနေရင်
သွေးလွှတ်ကြောကနေသွေးပို့လွှတ်မှု
နည်းပါးသွားပါလေရော။

အဲဒီအခါကျတော့ သွေးလှည့်ပတ်မှုမကောင်းတော့ဘူး။

သွေးလည်ပတ်မှုမကောင်းတော့
သွေးထဲကကော်လက်စထရောတွေ၊ ကယ်စီယမ်တွေနဲ့အဆိပ်တွေကအနည်ထိုင်ပြီး
သွေးကြောပိတ်ဆို့မှုကိုဖြစ်စေပါတယ်။

နှလုံးအိမ်မှာသွေးအားကောင်းဖို့အတွက်
အထိရောက်ဆုံးလုပ်ပေးနိုင်တာကတော့
ခြေသလုံး၂ခုကကြွက်သားတွေပဲဖြစ်ပါတယ်။

ခြေသလုံး၂ခုကကြွက်သားတွေညှစ်ပေးမှ
သွေးပြန်ကြောထဲကသွေးတွေကနှလုံးကို
ကောင်းစွာ ရောက်ပါတယ်။

နှလုံးအိမ်မှာသွေးတွေပြည့်သွားတော့မှ
နှလုံးကညှစ်လိုက်ရင်သွေးတွေဟာအားကောင်းကောင်းနဲ့သွေးလွှတ်ကြောထဲကို
တရှိန်ထိုးဝင်ရောက်သွားပါတယ်။
ရေပိုက်တစ်ခုထဲမှာရေအားနည်းရင်ရေကကောင်းကောင်းမစီးဘဲရေထဲမှာပါလာတဲ့
အနည်တွေထိုင်ပါတယ်။
ကြာတော့ရေပိုက်ပိတ်ဆို့မှုဖြစ်လာရော။

ရေအားကောင်းကောင်းနဲ့ထိုးလွှတ်လိုက်တော့
ရေပိုက်ထဲကအနည်တွေပိတ်နေတာတွေလည်းရှင်းသွားပါတယ်။
သွေးကြောကလည်း အဲဒီသဘောအတိုင်းပါပဲ။

နှလုံးမှာသွေးအားကောင်းဖို့အတွက်
ခြေသလုံးကြွက်သားတွေညှစ်မှရတာပါ။

ခြေသလုံးကြွက်သားတွေညှစ်ဖို့ဆိုတာ
လမ်းလျှောက်ပေးမှရတာပါ။
အပြေးလေ့ကျင့်မှရတာပါ။

ခြေသလုံးကြွက်သားတွေအကြိမ်ကြိမ်ညှစ်မှ
နှလုံးသွေးအားကောင်းပြီးသွေးကြောတွေ
ရှင်းမှာဖြစ်ပါတယ်။

ယခုအခါမှာလူတွေဟာလမ်းတောင်
မလျှောက်ကြဘဲဇိမ်ခံပစ္စည်းအမျိုးမျိုးနဲ့သာ
အချိန်ကုန်နေကြပါတယ်။

ဒါကြောင့်နှလုံးသွေးကြောပိတ်ပြီး
နှလုံးရောဂါအမျိုးမျိုးနဲ့သေနေကြတာ
အများကြီးပါပဲ။
ခြေသလုံး၂ခုကိုလှုပ်ရှားပြီးကြွက်သားတွေကိုညှစ်ပေးနိုင်မှနှလုံးအားကောင်းပြီးကျန်းမာ
ကြပါလိမ့်မယ်။

လမ်းလျှောက်တဲ့လူတွေအသက်ရှည်တယ်
ဆိုတာဒါကြောင့်ပါ။

Welcome to our clinic and pharmacy.We care about your health with warmth and sincere.
21/12/2023

Welcome to our clinic and pharmacy.
We care about your health with warmth and sincere.

Address

115 Road, Between 74&75 Street

05051

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959259029032

Alerts

Be the first to know and let us send you an email when Myint Mo Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myint Mo Clinic & Pharmacy:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram