မဟော်သဓာ Physiotherapy and Rehabilitation

မဟော်သဓာ Physiotherapy and Rehabilitation ကျန်းမာ ကြံ့ခိုင်တဲ့ ပေါ့ပါးသွက်လက်တဲ့ နေ့စဉ်ဘဝသို့

01/05/2026

လေဖြတ်တဲ့လူနာတိုင်းအတွက်

လက် နဲ့ ခြေထောက်ကို

ဘယ်လို မထားရဘူးလဲ

ဘယ်လိုထားရမှာလဲ

ဆိုတာကို

အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး အထူးပြု ပညာရှင်

ဆရာချမ်းမင်းလွင် ( Physiotherapy and Rehabilitation) မှ

ပြောရင်းပြပေးထားတာပါ

သင်္ကြန်တွင်းတရားစခန်းဝင်တယ်ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး ကျွန်တော် ကိုယ်တိုင်လည်း သန္တိသုခ တောရရိပ်သာမှာ ၇ ရက်တိုင်တ...
21/04/2026

သင်္ကြန်တွင်းတရားစခန်းဝင်တယ်ဆိုတာ လွယ်တဲ့အလုပ်တော့မဟုတ်ပါဘူး
ကျွန်တော် ကိုယ်တိုင်လည်း သန္တိသုခ တောရရိပ်သာမှာ ၇ ရက်တိုင်တိုင် ကြိုးစားအားထုတ်ခဲ့ပါတယ်

လူကြီးမင်းတို့
ဖိုးဖိုးဖွားဖွား
ဦးလေး အန်တီတို့
ကိုယ့်မှာ ခါးနာလို့ တရားထိုင်ရတာအခက်ခဲဖြစ်နေရင်

ဇာတ်ကြောတွေတွေတောင့်လို့ တရားမှတ်ရတာ အဆင်မပြေဖြစ်ကြရရင်

ဒူးနာလို့ တင်ပလ္လင်ခွေရတာ အဆင်မပြေဘူးဆိုရင်

မဟော်သဓာ
အကြောအဆစ် နှင့် ပြန်လည်သန်စွမ်းရေးမှာ

- နာတာ ကိုက်တာ ထုံတာကျဉ်တာ
- ရောင်တာ တင်းတာ တွေကို

- Physiotherapy စက်တွေနဲ့ကုသတာ
- လေ့ကျင့်ကုသတာ အပြင်
- ဆောင်ရန်ရှောင်ရန်တွေကို သိရှိနားလည်ဖို့

လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်

လိပ်စာကတော့

မဟော်သဓာ အကြောအဆစ်
85-C (မလွန်ငပိတန်းလမ်း)
31&32ကြား ၊ ညနေ ၃ နာရီမှ ၇ နာရီ
ဖုန်း
09-444016947
09-787896840

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ

 #ခါနာခြင်း၊  #ခါးအရွတ်ပြားကျွံခြင်း (  Pr*****ed Intervertebral Disc)-လည်ပင်းကနေ ၊ ကျော ၊ခါး အပါအဝင် မြီးညောင့်ရိုးအထိ ...
22/01/2024

#ခါနာခြင်း၊ #ခါးအရွတ်ပြားကျွံခြင်း ( Pr*****ed Intervertebral Disc)

-လည်ပင်းကနေ ၊ ကျော ၊ခါး အပါအဝင် မြီးညောင့်ရိုးအထိ အဆစ်ပေါင်း ၃၃ ခုရှိပါတယ်။

#ခါးဆစ်ရိုး Lumbar vertebrae ကတော့ L1, L2,L3,L4,L5 ဆိုပြီး ငါးခုရှိပါတယ်။
ခါးရိုးတွေနောက်မှာ အာရုံကြောမကြီးရှိပြီး ၊သစ်မြစ်ထွက်သလို ဘယ်တစ်ဖက် ညာတစ်ဖက် ပြန်ခွဲထွက်နေပါတယ်။
ပြီးရင် တင်ပါးခွက်ထဲကနေ ပေါင် ခြေသလုံး ခြေဖျားထိအောက်ဆင်းသွားပါတယ်။

ဒါ့ကြောင့် ခါးနာတာနဲ့ တင်ပါးခွက်ထဲ ကိုက်တာ၊ ပေါင် ခြေသလုံးတွေထိ ကျဉ်တာ ၊ထုံတာ တွေတွဲဖက်နေတာလည်းဖြစ်ပါတယ်။
ပေါင်ထဲမှာတုတ်ကြီးလျှိုထားသလိုအောင့်ပြီးတင်းနေလို့ #ပေါင်တန်းနာ လို့ ခေါ်ဝေါ်နေကြတာတွေ တွေ့နေရပါတယ်။

ဓါတ်မှန်ထဲမှာမြင်ရသလို ခါးရိုးဆစ်လေးတွေဟာ လေးထောင့်တုံးလေးတွေထပ်ထားတာနဲ့တူပါတယ်။
သူတို့ကြားမှာ ဘောကွင်းအသေးလေးတွေလို့မြင်ကြည့်နိုင်တဲ့ ဒစ်စ်ပြားလေးတွေခံထားတာပါ။
၎င်း ဒစ်စ်ပြားလေးတွေ ကျွံထွက်ပြီး အာရုံကြောပိတာကို PID ( *****edIntervertebralDisc) လို့ခေါ်ပါတယ်။

ဘယ်လိုအကြောင်းရင်းတွေကြောင့်ခါးအရွတ်ပြားကျွံထွက်တာဖြစ်သွားနိုင်တာလဲ?
ဘာတွေကြောင့် ခါးနာသွားနိုင်သလဲ???

🚩အလေးအပင်မတာ (ဥပမာ 20L ရေသန့်ဗူး မတင်တာ ၊ကလေးကုန်းချီတာ)
🚩တစ်ခုခုကိုခါးကုန်းကောက်တာ
🚩အက်ဆီးဒန့် တစ်ခုခုကြောင့်ဖြစ်စေ
🚩ချော်လဲတာ
🚩ပုံစံမမှန်တဲ့ အချိန်ကြာမြင့်စွာထိုင်တာ
ဥပမာ ၊ ခရီးဝေးကားစီးတာ
ဒါပေမယ့်
*️⃣ခါးနာတာအခံရှိသူတွေမှာ
နှာချေရင်း ၊ချောင်းဆိုးရင်းလည်း ဖြစ်သွားနိုင်ပါတယ်။

❗ခါးနာတဲ့သူတွေဟာ ထိုင်တဲ့အခါ ၊ရပ်နေတဲ့အခါ ၊ လှဲနေရာကနေ အထမှာ ဘာတွေသတိထားရမလဲ???

❗ခါးနာတဲ့သူတွေက
ထိုင်တဲ့အခါ
ကြာကြာမထိုင်ပါနဲ့။
အရမ်းနာနေတဲ့အချိန်ဆို
လုံးဝမထိုင်ပါနဲ့ ။
လဲလျောင်းပြီး ခါးကိုအနားပေးပါ။
ထိုင်နိုင်တဲ့အခါမှာလည်း
နောက်မှီပါတဲ့ထိုင်ခုံနဲ့ထိုင်ပါ။

ခါးနောက်မှာ ခေါင်းဦးအသေးတစ်ခုခံပြီးလည်း ခါးကိုမတ်အောင်ထိုင်တာဟာလည်း
အနေအထားမှန်မှန်နဲ့ ထိုင်နည်းတစ်ခုဖြစ်ပါတယ်။

ခါးကိုမတ်မတ်ထိုင်ပါ ။
ကြာကြာထိုင်ပြီးခရီး‌ဝေး သွားတာတွေမလုပ်ပါနဲ့ ။

ထိုင်ရာကနေ အထ မှာ ဆတ်ကနဲ့ မထပါနဲ့ ။

တစ်ချို့ကတော့ ရပ်နေရင်လည်းနာပါတယ်။

ရပ်နေတဲ့အခါမှာ
* ခါးကုန်းပြီးကောက်ယူတာရှောင်ပါ။
ပစ္စည်းသေးသေး၊ကြီးကြီး၊ဘယ်ဟာမှာ ကုန်းမကောက်ပါနဲ့
*ထိုင်ပြီးကောက်ပါ။ပြီးမှပြန်ထပါ။
*မျက်နှာသစ်တဲ့အခါ ခါးကုန်းမယ်ဆိုရင် ခါးကိုသတိထားပါ။

❗အိပ်ယာထဲမှာ
*လှဲလျောင်းတဲ့အခါ အရမ်းမာတဲ့ ၊အရမ်းပျော့အိတဲ့ အိပ်ယာတွေကို အားမပေးပါဘူး။
*ထိုင်ရာကနေ လှဲတဲ့အခါ ပက်လက်လှန်မချပါနဲ့၊ ထိုင်ရာကနေ အိပ်ယာထဲကိုစောင်းပြီးလှဲချပါ။ ပြီးမှ ပက်လက်အနေအထား ပြန်ပြောင်းနိုင်ပါတယ်။
*အချို့ကတော့ ပက်လက်ကနေ ဘေးစောင်းတဲ့အခါမှာ အရမ်းနာတာရှိတက်ပါတယ်။
*ပက်လက်ကနေ ၊ဘေးစောင်းတာ ၊ ဘေးတစောင်းကနေ ပက်လက်ပြောင်းတဲ့အခါတွေမှာ ၊ခါးကိုမလိမ်‌သွားအောင် ဂရုတစိုက် ဖြေးဖြေးစောင်းပါ၊ ပုခုံးနဲ့ တင်ပါးကို တစ်တန်းတည်း တပြိုင်တည်း အလိုက်သင့် လိုက်လှည့်ဖို့လိုမှာဖြစ်ပါတယ်။
ဒါမှ အစောင်းအလှည့်မှာ နာတာမရှိမှာပါ။
*အိပ်ရာကနေ ပြန်ထထိုင်တဲ့အခါမှာ ပက်လက်ဆွဲမထူပါနဲ့/မထပါနဲ့၊ အိပ်ရာကနေ ဘေးကိုအရင်စောင်းပါ ၊ ခြေထောက်ကိုကုတင်ရှေ့ထုတ်ပြီး၊ လက်ထောက်ကာ ဖြည်းဖြည်းထပါ။

⚕️ #အကြောအဆစ် ဆေးခန်းတွေမှာ
ဘယ်လိုကုသနိုင်မလဲ???

- ပထမဆုံး ခါးနာရတဲ့အကြောင်းရင်းကို အရင်စမ်းသပ်ဖို့လိုပါတယ်။
- Ultrasound Therapyအသံလှိုင်းဖြင့်ကုသခြင်း
- ဖြစ်ရတဲ့ အကြောင်းရင်းပေါ်အခြေခံပြီးလိုအပ်တဲ့ #လေ့ကျင့်ခန်း ဖြင့်ကုသခြင်း

ခါးကိုနောက်မှ ရှေ့မှ ဘေးမှထိန်းထားတဲ့ကြွက်သားတွေထဲမှ
တင်းနေတဲ့ကြွက်သားတွေကို လျော့စေတဲ့လေ့ကျင့်ခန်း ( stretching )
အားနည်းနေတဲ့ကြွက်သားတွေအတွက် ပိုအားကောင်းစေတဲ့လေ့ကျင့်ခန်း ( Strengthening exercises) တွေက ခါးကို ပိုမိုကြံ့ခိုင်စေပါမယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။

မဟော်သဓာ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး ( Physiotherapy & Rehabilitation)
85-C (မလွန်ငပိတန်းလမ်း)၊ 31လမ်းx32လမ်းကြား
မန္တလေး။

အချိန်
ညနေ ၄ နာရီမှ ည ၈နာရီထိ

ဖုန်း
09 787896840

For more reading;
https://www.physio-pedia.com/Intervertebral_disc

ဆေးခန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်ခများဒီပုံထဲကလိုပဲအိပ်ယာထဲလဲနေတဲ့သူ‌ကိုပြန်ထိုင်နိုင်အောင်မတ်တပ်ရပ်နိုင်အောင်ပြန...
20/01/2024

ဆေးခန်းနေရာပြောင်းရွှေ့ဖွင့်လှစ်ထားပါတယ်ခများ

ဒီပုံထဲကလိုပဲ
အိပ်ယာထဲလဲနေတဲ့သူ‌ကို
ပြန်ထိုင်နိုင်အောင်
မတ်တပ်ရပ်နိုင်အောင်
ပြန်လမ်းလျောက်နိုင်အောင်

ကျနော်တို့
မဟော်သဓာ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး Active Lifestyle Clinic က
ကူညီပေးမှာပါ

 #လေဖြတ်ခြင်း နှင့် နောက်ဆက်တွဲပြဿနာများStroke Rehab မှာ ပြန်လည်လေ့ကျင့်ကုသခြင်း  အပိုင်းနဲ့ နောက်ဆက်တွဲပြဿနာများအား ကာက...
16/09/2023

#လေဖြတ်ခြင်း နှင့် နောက်ဆက်တွဲပြဿနာများ

Stroke Rehab မှာ
ပြန်လည်လေ့ကျင့်ကုသခြင်း
အပိုင်းနဲ့

နောက်ဆက်တွဲပြဿနာများအား ကာကွယ်ခြင်း Prevention of complications ဆိုပြီး နှစ်ပိုင်းရှိပါတယ်
Rehab ကိုတော့ ပြောဖူးတဲ့အတွက်
Complications ပိုင်းကိုပြောရရင်

1) ဆိုတဲ့ လက်နဲ့ခြေထောက်မှာ အဆစ်တွေ ကွေးတာ ကပ်တာ ကုပ်တာတွေ
2) ဆိုတဲ့ ချွဲသလိပ် နဲ့ အဆုတ်ပြဿနာ
3) pain #ပုခုံးနာတာ ကပ်တာ အဆစ်ပြုတ်တာ စတာတွေ
4) Extremities ဆိုတဲ့ ခြေဖမိုး လက်ဖမိုးရောင်တာ
5) ဆိုတဲ့ ခြေခေါက်လဲတာ ချော်လဲတာ ချော်ကျတာ စတဲ့ ကိစ္စတွေဟာ

လေဖြတ်တဲ့ လူနာတစ်ယောက်ကို
ထန်းပင်မှ ပြုတ်ကျသူကို တုတ်ဖြင့်ရိုက်သကဲ့သို့ “ ဆိုသလို
တစ်ပူပေါ် တစ်ပူမဆင့်ရလေအောင်
ကာကွယ်ရမယ့် အချက်တွေဖြစ်ပါတယ်။

Ref ; Physiopedia.com

ချမ်းမင်းလွင် ( Physiotherapist )

မဟော်သဓာ အကြောအဆစ်ဆေးခန်း
32လမ်း၊86&87လမ်းကြား ၊မန္တလေးမြို့။
ဆေးခန်းဖွင့်ချိန်
ညနေ ၄ နာရီမှ ၈ နာရီထိ
ဖုန်း 09-444016947

"လေဖြတ်ပြီး စကားမပြောနိုင်တာ"-စကားမပီတာ-ပီတော့ပီတယ် ပြောချင်တဲ့စကားက ထွက်မလာတာ-ပြောချင်တာတခြား ပြောနေတာတခြားဖြစ်တာ-ကိန်း...
17/05/2023

"လေဖြတ်ပြီး စကားမပြောနိုင်တာ"
-စကားမပီတာ
-ပီတော့ပီတယ် ပြောချင်တဲ့စကားက ထွက်မလာတာ
-ပြောချင်တာတခြား ပြောနေတာတခြားဖြစ်တာ
-ကိန်းဂဏန်းတွေ မတွက်နိုင်တော့တာ
-ဘယ်နှစ်နာရီလဲဆိုတာ ပြောမပြတတ်တာ
-ကိုယ့်မိန်းမနံမည်မေ့သွားတာ
(ဒါကတော့ ပြဿနာပိုကြီးတယ် 😁)
စသဖြင့် စသဖြင့်
လေဖြတ်တဲ့ သူတွေ
ခေါင်းထိခိုက်ဒါဏ်ရာရပြီးသူတွေ
ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါဖြစ်ထားသူတွေမှာ

ကြုံတွေ့နိုင်တဲ့ ပြဿနာတွေထဲကတစ်ခုပါ။
ကိုယ့်ပတ်ဝန်းကျင်မှာတွေ့ဖူးကောင်းတွေ့ဖူးပါလိမ့်မယ်။

တွေ့ရနည်းတယ်ဆိုပေမယ့်
လေဖြတ်သူရဲ့ သုံးပုံတစ်ပုံမှာ ဒီလို စကားပြောတာနဲ့ဆက်နွယ်တဲ့အခက်အခဲ ( / ) ရှိနေပါတယ်။
UK လိုနိုင်ငံတွေမှာတောင် လူနာဦးရေ 350,000 ရှိနေပါတယ်တဲ့ဗျာ။

တစ်ချို့ကတော့
ရေးတာ ဖတ်တာ ပြောတာ နားလည်နိုင်စွမ်း စတဲ့ စွမ်းရည် လေးခုထဲက တစ်ခုမကလည်း ထိခိုက်နိုင်ပါတယ်။

အဓိကပြောချင်တာက
ဒီလိုတွေရှိတဲ့ လူနာတွေက #ပြန်လည်ထူထောင်ရေးအတွက်
အကောင်းဆုံးဖြစ်အောင် ကုသလို့ရပါတယ်။

ဆိုင်ရာ အထူးကုသမားတော်များရဲ့ ဆေးနဲ့ကုသမှုတွေရယူရင်း
နိုင်ငံတကာမှာတော့
ဆိုတဲ့ စကားပြောတာကိုပြန်လည်လေ့ကျင့်ပေးတဲ့ အထူးပြုပညာရှင် သီးသန့်ရှိပါတယ်။
မြန်မာနိုင်ငံမှာတော့
ဆိုတဲ့ အကြောဆစ်နှင့် ပြန်လည်သန်စွမ်းမှုအထူးပြုထားတဲ့ ပညာရှင်တွေနဲ့
သေချာ စိတ်ရှည်စွာ
စနစ်တကျ
ကုသမှုခံယူနိုင်ပါတယ်၊
ပြန်လည် လေ့ကျင့်နိုင်တယ်ဆိုတာ
မျှဝေလိုက်ရပါတယ်။

Ref; Stroke Association of UK

မဟော်သဓာ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး ( Physiotherapy & Rehabilition )
၃၂လမ်း ၈၆ လမ်း ၈၇လမ်းကြား၊ မန္တလေး။

အချိန်
ညနေ ၄ နာရီမှ ည ၈နာရီထိ

ဖုန်း
09 444016947

 #လေဖြတ်ခြင်း နဲ့ ပြန်လည်သန်စွမ်းရေး *️⃣လေဖြတ်သူတွေမှာ တတောင်ဆစ်ကကွေးနေတာ ၊လက်ကောက်ဝတ်က ကုပ်နေတာ ၊လက်ချောင်းတွေဖြန့်ရခက်...
18/02/2023

#လေဖြတ်ခြင်း နဲ့ ပြန်လည်သန်စွမ်းရေး

*️⃣လေဖြတ်သူတွေမှာ တတောင်ဆစ်ကကွေးနေတာ ၊လက်ကောက်ဝတ်က ကုပ်နေတာ ၊လက်ချောင်းတွေဖြန့်ရခက်အောင် ဆုပ်နေတာ စတဲ့ ပုံစံတွေ တွေ့ကြဖူးပါလိမ့်မယ်။

*️⃣ကြွက်သားတွေစတင်ပြန်ကောင်းလာတဲ့အချိန်မှာ ၊လက်မှာ ကွေးတဲ့ ကုပ်တဲ့ ကပ်တဲ့ကြွက်သားတွေကအရင်ပြန်ကောင်းတာများပါတယ်။
ဥပမာ #တတောင်ဆစ် ဆိုရင် ကွေးတာအရင်လုပ်နိုင်ပေမယ့် ၊ ဆန့်တာကခက်နေနိုင်ပါတယ်။

#လက်ကောက်ဝတ် ဆိုရင် ကုပ်တာလွယ်ပေမယ့် ကော့တာခက်နေနိုင်ပါတယ်။

#လက်ချောင်း လေးတွေဟာ ဆုပ်တာရပေမယ့် ဆန့်တာ မရတာတွေပါ။

📢*️⃣လက်ရဲ့ တတောင်ဆန့်တာ၊ လက်ကောက်ဝတ်ကော့တာ၊ ပုခုံးဘေး‌ကားတာတွေ မလေ့ကျင့်ရင် ၊ လက်ချောင်းဆန့်တာတွေမလေ့ကျင့်ရင်

လူနာဟာ လက်ကကွေးကွေးကောက်ကောက် နဲ့ ကုပ်နေတဲ့ပုံစံအမှားကြီးမှာ အသားကျသွားပါလိမ့်မယ်။

ဒါကြောင့်
#အကြောအဆစ် #ပြန်လည်သန်စွမ်းရေး မှာ
Bed side Physiotherapy ဖြစ်တဲ့ လူနာအိပ်ယာထဲမှာ လက်တွေ ကွေးကောက် ကပ်မသွားဖို့
ဘယ်လိုပုံစံထားရမယ်ဆိုတဲ့ Position Care ကိုအရင်သင်ပြပေးမှာဖြစ်ပါတယ်။

သို့မှသာ
အဆစ်တွေခိုင်မသွားအောင် ကြွက်သားတွေကျုံ့မသွားဖို့ ကာကွယ်နိုင်ပါလိမ့်မယ်။ လက်လေ့ကျင့်ခန်း ခြေထောက်လေ့ကျင့်ခန်းတွေကို ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမယ် ဆိုတာအပြင်
ခြေထောက်ရဲ့သွေးပြန်ကြောတွေထဲမှာ သွေးခဲတာ ( ) မဖြစ်စေဖို့ လေ့ကျင့်ခန်းတွေ ဆေးရုံကဆရာဆရာမတွေသင်ပေးတာကို မပျက်မကွက်လုပ်ပေးဖို့လိုပါတယ် ။

ဆေးရုံမှာ လူနာရဲ့တိုးတက်မှုပေါ်မှာမူတည်ပြီး ဟန်ချက်မပျက်ထိုင်နိုင်ဖို့ ၊ ထိုင်ရာကနေ ထနိုင်ဖို့ ၊ မတ်မတ်ရပ်နိုင်ဖို့ ( Sitting Balance , Sit to Stand , Stand Balance ) စတာတွေတစ်ဆင့်ချင်း သင်ပြပေးပါလိမ့်မယ်။

နောက် လူနာရဲ့ အခြေနေပေါ်မှာမူတည်ပြီး
Gait Training ဆိုတဲ့ လမ်းလျောက်တာကို ခြေလှမ်းတစ်ခုရဲ့ ဘယ်လိုထောက် ဘယ်ကိုအားယူပြီး ဘယ်လိုလှမ်းရမယ်ဆိုတာတွေကို စနစ်တကျ လေ့ကျင့်သင်ကြားပေးနေတာတွေရှိပါတယ်ခများ။

ရောဂါကင်းပ ကျန်းမာကြပါစေ ။

#မဟော်သဓာ and

20/10/2022

ပုခုံးကပ်ခြင်း Frozen Shoulder

အဓိကလက္ခဏာတွေကတော့ ပုခုံးတစ်ဝိုက်ကိုက်ခဲခြင်း လက်ကိုမြှောက်တာ ကားတာတွေမှာ ခါးနောက်လှမ်းတဲ့အခါ နောက်စေ့နောက်လှမ်းတဲ့အခါ နာကျဉ်တာ ခံစားရလို့
တစ်နေ့တာ ဘာလုပ်လုပ်အဆင်မပြေရှိနေတက်ပါတယ်

ဘယ်သူတွေမှာဖြစ်တက်သလဲ ???

နေရင်းထိုင်ရင်းဖြစ်လာတက်တာကတော့ အသက် ၄၀ နဲ့ ၆၀ ကြားမှာပိုဖြစ်ကြပါတယ်
အမျိုးသမီးတွေပိုဖြစ်ကြပါတယ်

ထိခိုက်ဒဏ်ရာကြောင့်ဆိုရင်တော့ လူကြီးလူငယ်တိုင်းဖြစ်တက်ပါတယ်

ရောဂါရဲ့ ဖြစ်ပွားပုံအဆင်ဆင့်ကဘယ်လိုလဲ????

ကနဦး အဆင့်မှာ
- နာတာများပါတယ် လက်မောင်းကဘာလုပ်လုပ်နာနေတက်ပါတယ်
- မမှီမကမ်းလှမ်းယူတဲ့အခါပိုနာပါတယ်
- ညပိုင်းဖိအိပ်မိရင်လည်းနာတက်ပါတယ်

အဆစ်ခဲသွားတဲ့အဆင့်
- သိပ်မနာတော့ပါဘူး ဒါပေမယ့်
- အဆစ်ကခိုင်သွားလို့ လက်မောင်းလှုပ်ရှားမှုတွေ သိပ်လုပ်လို့မရတော့ပါဘူး

ဖြစ်ရတဲ့အကြောင်းရင်းကဘာလဲ ????
-အကျီၤတစ်ထည်ကိုဝတ်တာများရင် ချုပ်ရိုးအဆက်တွေပျက်ဆီးလာသလိုပါပဲ
ပုခုံးအဆစ်ဟာ အသုံးအများဆုံးအဆစ်တစ်ခုဖြစ်တဲ့အတွက်
အသက်ကြီးလာတဲ့အခါ ပုခုံးအရွတ်တွေအရည်အိတ် နဲ့ ကြွက်သားတွေအားနည်းလာလို့ဖြစ်တာပါ
- လေဖြတ်ထားတဲ့သူတွေ
-ရင်သားဖြတ်ထားသူတွေ မှာ
ဖြစ်တက်ကြပါတယ်

Physiotherapy ဖြင့်ကုသခြင်း

အကြောဆစ်ကုပညာရှင်က
Ultrasound အသံလှိုင်းဖြင့်ကုသခြင်း ဖြင့် ပုခုံးဆစ်ကိုအရွတ်တွေပျော့ပျောင်းလာအောင် အဆစ်ထဲက ဒဏ်တွေသက်သာအောင်
Infra Red Therapy အနီအောက်ရောင်ခြည် စသဖြင့် ကြွက်သားတင်းတာတွေလျော့အောင်
TENS ဆိုတဲ့ လျှပ်စစ်လှိုှုင်းဖြင့် Pain gate ကို ပိတ်ပေးတဲ့ Analgesis effect ကိုသုံးပြီး နာတာကိုက်တာသက်သာအောင်
အရေးကြီးဆုံးဖြစ်တဲ့
Manipulation techniques , Exercises တွေနဲ့ လက်လှုပ်ရှားမှုတွေကို မနာပဲ ပိုကောင်းလာအောင် လေ့ကျင့်ပေးနိုင်မှာဖြစ်ပါတယ်

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ။

မဟော်သဓာ #အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး ( Physiotherapy & Rehabilition )
၃၂လမ်း ၈၆ လမ်း ၈၇လမ်းကြား ၊မန္တလေး ။

အချိန် ညနေ ၄ နာရီမှ ည ၈နာရီထိ

ဖုန်း
09 444016947

ကျန်းမာ ကြံ့ခိုင်တဲ့ ပေါ့ပါးသွက်လက်တဲ့ နေ့စဉ်ဘဝသို့

Sciatica and Physiotherapyခါးအာရုံကြောညှပ်ခြင်းနှင့် ဖီဆီရိုသရပီ*Sciatica ဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။Sciatic nerve ဆိုတဲ...
15/05/2022

Sciatica and Physiotherapy
ခါးအာရုံကြောညှပ်ခြင်းနှင့် ဖီဆီရိုသရပီ

*Sciatica ဆိုတာ ရောဂါတစ်ခုမဟုတ်ပါဘူး။

Sciatic nerve ဆိုတဲ့ (ခါးရိုးဆစ်ကြားက ထွက်လာတဲ့ အာရုံကြောအကြီးကြီး)ကို ဖိမိလို့ဖြစ်လာတဲ့ ရောဂါလက္ခဏာများကို ခေါ်တာပါ။ဒီအာရုံကြောကို ဖိမိရင် တင်ပဆုံကနေ ခြေချောင်းလေးတွေထိ သူထောက်ပံ့ပေးတဲ့ လမ်းကြောင်းတလျှောက် နာကျင်နိုင်ပါတယ်။

အာရုံကြောကို ခါးရိုးက အရွတ်ပြားလေးကျွံထွက်ပြီး ဖိမိတာ၊ ခါးရိုးမှာအကြိတ်ဖြစ်ပြီး ဖိမိတာမျိုးဆိုရင်တော့ နာကျင်မှု အပြင်
-ခြေထောက်ရဲ့ အလိုအလျောက်တုန့်ပြန်မှု (ဒူးရဲ့ ခုံညင်းရိုးအောက်က အရွတ်လေးကို ဆေးပညာသုံး တူလေးနဲ့ ခေါက်လိုက်ရင် အလိုလို ဆန့်လာတာမျိုး)တွေ မရှိတော့တာ
-ခြေထောက်တွေ အားနည်းလာတာ
-ထုံကျဉ်လာတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

နေ့စဉ်လှုပ်ရှားသွားလာမှုတွေ(ထိုင်တာ၊မတ်တပ်ရပ်တာ၊လမ်းလျှောက်တာ)မှာ ပြသနာတွေဖြစ်လာနိုင်ပါတယ်။

အာရုံကြောကို လုံးဝပျက်စီးသွားတာမျိုးတော့ ရှားပါတယ်။
အာရုံကြောရောင်ရမ်းမှုတွေ ကျသွားလို့ ရက်သတ္တပတ် အနည်းငယ်ကြာရင်တော့ တော်တော်များများဟာ ပြန်ကောင်းသွားတတ်ပါတယ်။

Symptoms of Sciatica
*ရောဂါလက္ခဏာများ

-ထိုင်ရင်ပိုနာပါတယ်
-ဒူးကိုဆန့်ထားပြီး ပေါင်ကိုမြှောက်ရင် ခြေထောက်တွေ ကျဉ်လာ နာလာပါတယ်။
-ခြေထောက်တွေ ထုံလာ၊ အားနည်းလာပြီး လှုပ်ရှားမှုတွေလုပ်ရင် အခက်အခဲဖြစ်လာပါတယ်။
-တင်ပဆုံနဲ့ ပေါင်အနောက်ဖက် တစ်ခြမ်းက တစ်ချိန်လုံးနာနေမယ်။
-နာလွန်းတော့ လူနာက မတ်မတ်မရပ်နိုင်ဘဲ ဖြစ်တဲ့ဖက်ကို စောင်းနေနိုင်ပါတယ်။

What Causes Sciatica?
*ဘာကြောင့်ဖြစ်တာလဲ???

Sciatic nerve ကို irritate ဖြစ်စေတဲ့ အကြောင်းအရင်းများကြောင့် sciatica ရနိုင်ပါတယ်။

အများသောအားဖြင့် ခါးရိုးဆစ်ကြားက အရွတ်ပြားလေး ကျွံထွက်ခြင်း၊ ပျက်စီးခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။

အခြားအကြောင်းအရင်းတွေကတော့

-ခါးရိုးဆစ်အတွင်းရှိ အပေါက်များ ကျဉ်းခြင်း
-အသက်ကြီး၍ ခါးရိုးဆစ်များ ပျက်စီးလာခြင်း
-ခါးရိုးဆစ် ချော်ထွက်ခြင်းနှင့်
-ကိုယ်ဝန်ဆောင်ချိန် ကိုယ်နေဟန်ထား မှားယွင်းစွာနေမိခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ခါးနာခြင်းကိုပိုဆိုးစေသော အကြောင်းအရာများမှာ
-အဝလွန်ခြင်း
-ဒေါက်ဖိနပ်အမြင့်စီးခြင်းနှင့်
-ပျော့လွန်းသောမွေ့ရာပေါ်အိပ်ခြင်းတို့ ဖြစ်ပါတယ်။

How is Sciatica Diagnosed?
*ရောဂါရှာဖွေခြင်း

Sciatica ကို စမ်းသပ်မယ်ဆိုရင်တော့
ခါး၊ ပေါင်၊ ခြေထောက် တို့ရဲ့
*ကြွက်သားအား
*လှုပ်ရှားနိုင်စွမ်း
*အာရုံသိနိုင်စွမ်း
*အလိုအလျောက် တုန့်ပြန်မှု စတာတွေနဲ့
*ဓါတ်မှန်
*MRI
*CT Scan
*Nerve conduction studies စတာတွေနဲ့ စမ်းသပ်ရှာဖွေနိုင်ပါတယ်။

General Principles of Treatment
ယေဘုယျ ကုသမှုများ

Sciatica ကို ကုသရာမှာ အာရုံကြောအပေါ် ဖိအားနဲ့ အာရုံကြောယောင်ယမ်းခြင်း သက်သာဖို့ အတွက်

-ဆေးဖြင့်အလွန်အမင်း နာကျင်ကိုက်ခဲခြင်းကို ထိန်းချုပ်နိုင်တာနဲ့ စပြီး ဖီဆီယိုသရပီ ကုသမှုခံယူလို့ ရပါပြီ။
-ဆီး၊ ဝမ်း မထိန်းနိုင်တော့တဲ့ အခြေအနေထိရောက်နေရင်တော့ ခွဲစိတ်ကုသလို့ရပါတယ်။

Physiotherapy Goals and Interventions
ဖီဆီယိုသရပီကုသမှုနှင့် ရည်ရွယ်ချက်များ

ဖီဆီယိုသရပီကုသမှုမှာ
*Electrotherapy (စက်များနှင့်ကုသခြင်း)နှင့်
*Exercise therapy (လေ့ကျင့်ခန်းဖြင့် ကုသခြင်း)တို့ဖြင့်
လူနာတစ်ဦးခြင်းရဲ့ လိုအပ်ချက်အလိုက်
-နာကျင်မှုသက်သာအောင်
-လှုပ်ရှားနိုင်စွမ်းတက်လာအောင်
-ကြံ့ခိုင်မှုရလာအောင်
ကုသခြင်း ဖြစ်ပါတယ်။

Electrotherapyမှာတော့

-Short Wave Diathermy (ကြိမ်နှုန်းမြင့် လျှပ်စစ်သံလိုက်လှိုင်းများကို ထွက်စေခြင်းဖြင့် ခန္ဓာကိုယ် အတွင်းထိ အပူပေးခြင်း)

-Trans-cutaneous electrical stimulation (TENs)
(နာကျင်မှုကို ဦးနှောက်သို့ ပို့ပေးသော လမ်းကြောင်းကို ပိတ်လိုက်ခြင်းဖြင့် အနာသက်သာစေခြင်း)

-Ultrasound (အသံလွန်လှိုင်းဖြင့် အရွတ်၊ ကြွက်သား ယောင်ယမ်းမှုများကို ကုသခြင်း)

-Interferential therapy (IFT) (electrodes လေးခုနှင့် beat frequency effect ရရန် TENs လို စူးစူးကျဉ်ကျဉ် မခံစားရဘဲ အနာသက်သာစေခြင်း)

-အပူ၊ အအေးဖြင့် ကုသခြင်း

-ခါးဆွဲခြင်းဖြင့်ကုသခြင်း စသည်တို့ဖြင့် ကုသနိုင်ပါတယ်။

Exercise therapyမှာတော့

-လူနာရဲ့ လှုပ်ရှားနိုင်စွမ်း

-ခါးရိုးရဲ့ လှုပ်ရှားနိုင်မှု အတိုင်းအတာ

-ကြွက်သား၊ အရွတ်များ အားကောင်းလာရန်
တစ်ဦးခြင်းနှင့် သင့်တော်သော လေ့ကျင့်ခန်းများပေး၍ ကုသနိုင်ပါတယ်။

Manual techniques မှာ
myofascial release လို deep tissue massage လိုလည်း လုပ်ပေးနိုင်ပါတယ်။

ဖီဆီယို သရပစ်က လူနာအတွက် လုပ်ရလွယ်ကူပြီး ဆက်လုပ်နိုင်မဲ့ Exercise plan လေးဆွဲပေးဖို့လိုပါတယ်။

***လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် Endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထွက်ပြီး ဒီဟော်မုန်းဟာ နာကျင်မှုသက်သာပြီး စိတ်ကိုရွှင်လန်းတက်ကြွစေပါတယ်။

နောက်ပြီး လူနာကို ဘယ်လိုနေထိုင်ရမယ် လှုပ်ရှားသွားလာရမယ် ဆောင်ရန်ရှောင်ရန်တွေ ပညာပေးရပါမယ်။

Instruction to Patient on Self-care
လူနာကိုယ်တိုင်လုပ်ဆောင်ရမည့် ညွှန်ကြားချက်များ

Sciatica ခံစားရသူတွေအနေနဲ့ ကိုယ့်ကိုယ်ကို အနေအထိုင် ဆောင်ရန်ရှောင်ရန်တွေ ဂရုစိုက်ခြင်းဖြင့် ရောဂါထပ်မဖြစ်အောင် ကာကွယ်လို့ရပါတယ်။

*နာကျင်မှု ဖြစ်စေတဲ့ လှုပ်ရှားမှုမှန်သမျှ(ဥပမာ ခါးကုန်းခြင်း)ကို ရှောင်ရပါမယ်။

*ချောင်းဆိုး ၊နှာချေချိန်ခါးနာတတ်ရင် ချောင်းဆိုး၊ နှာချေချိန်မှာ မတ်တပ်ရပ်ပြီး ခါးကို အနောက်ဘက်ကို အနည်းငယ်စောင်းလိုက်ပါ။

*အကြာကြီး အိပ်ယာထဲမှာ လှဲနေခြင်းကိုလည်းရှောင်ပါ။
လုပ်နိုင်သလောက် သွားလာလှုပ်ရှားပါ။တချိန်လုံး ငြိမ်နေခြင်းကလည်း ရောဂါလက္ခဏာကို ပိုဆိုးစေပါတယ်။

ပစ္စည်းမခြင်း

*တတ်နိုင်သလောက် ပစ္စည်းမခြင်းကိုရှောင်ပါ။
*မ ရမယ်ဆိုလည်း အရမ်းလေးတဲ့ပစ္စည်း ၁၁ပေါင်ထက် ပိုလေးတဲ့ ပစ္စည်းကို မ မပါနဲ့။
*ပစ္စည်း မ မခင်မှာ ခြေဖဝါးကို သေချာ မြဲအောင်ချပါ။
*ခါးကုန်းပြီး လုံးဝ မ မပါနဲ့။ ခါးကို အဆန့်ထားပြီး ဒူးကွေးပြီးတော့ပဲ မ ပါ။

အိပ်စက်ခြင်း

*ပျော့အိနေတဲ့ မွေ့ယာပေါ် မအိပ်ပါနဲ့။ ခပ်တင်းတင်းမွေ့ယာပေါ်သာအိပ်ပါ။

*ခါးအောက်မှာ တဘက်လေးလိပ်ပြီး သက်သောင့်သက်သာ အနေအထားနဲ့ အိပ်နိုင်ပါတယ်။

*အိပ်ယာက ထမယ်ဆိုရင် ပက်လက်ကနေ ထထိုင်ခြင်းကိုရှောင်ပါ။
ဘေးတဘက်စောင်း၊ ဒူးကွေး ၊ခြေထောက်ကို အိပ်ယာအောက်ချပြီးမှ တံတောင်ဆစ်နဲ့ထောက်ပြီး ထပါ။

Reference
Pushpal K Mitra.
Handbook Of Practical Neurophysiotherapy.

အိဖြိုးဇော်
Physiotherapist

#ခါးနာခြင်း


#အကြောအဆစ်
#မဟော်သဓာအကြောအဆစ်

19/02/2022

ခါးလေ့ကျင့်ခန်း ၁ ( Back Flexibility Exercise )

ဒီလေ့ကျင့်ခန်းရဲ့ အဓိကရည်ရွယ်ချက်က ခါးရိုး‌ဘေးမှ ကြွက်သားများရဲ့ တောင့်တင်းနေမှုကိုလျော့ချဖို့ ဖြစ်ပါတယ်။

မျက်နှာသစ်ရင်း ၊ရေကို ကုန်းပြီးခပ်လိုက်ရင်း ခါးနာသွားတယ်ဆိုတာမျိုးဟာ ကိုယ်လက်လှုပ်ရှားမှုတွေမှာ ခါးက အလိုက်သင့်ပျော့ပျောင်းစွာ ပါဝင်နိုင်မှု နှင့် ကြံ့ခိုင်မှု အားနည်းလို့ဖြစ်ပါတယ်။

ခါးသာမက ကျော ၊တင်ပါးကဲ့သို့ ခန္ဓာကိုယ် နောက်ဘက်ခြမ်းမှ ကြွက်သားနှင့် အရွတ်များရဲ့ ဆွဲဆန့်နိုင်မှု တနည်းအားဖြင့် ကိုယ်လက်လှုပ်ရှားမှုတွေမှာ ခါးရဲ့ အလိုက်သင့် ပါဝင်နိုင်မှု Flexibility ကို ပိုကောင်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။

ခါးရိုးခွဲစိတ်ထားသူတွေ ၊ ညအိပ်လို့မရအောင် အလွန်နာတဲ့သူတွေအတွက်တော့ မသင့်တော်ပါဘူး။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

မဟော်သဓာ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး ( Physiotherapy & Rehabilition )
၃၂လမ်း ၈၆ လမ်း ၈၇လမ်းကြား၊ မန္တလေး။

အချိန်
မနက် ၉နာရီမှ ၁၁နာရီထိ
ညနေ ၄ နာရီမှ ည ၈နာရီထိ

ဖုန်း
09 444016947

ဒီလေ့ကျင့်ခန်းကို Physiotherapist ၊ Pure Yoga Studio ရဲ့ Yoga instructor လည်းဖြစ်တဲ့ နန်းစံမိုင်က သင်ပြပေးထားတာဖြစ်ပါတယ်

ခုလိုဆောင်းရာသီဆို  မျက်နှာတစ်ခြမ်းရွဲ့တာတွေ ဖြစ်တတ်လို့ ဒီအကြောင်းလေးတင်ပေးလိုက်ပါတယ်  Palsy & Physiotherapyမျက်နှာတစ်ခ...
25/12/2021

ခုလိုဆောင်းရာသီဆို မျက်နှာတစ်ခြမ်းရွဲ့တာတွေ ဖြစ်တတ်လို့ ဒီအကြောင်းလေးတင်ပေးလိုက်ပါတယ်

Palsy & Physiotherapy
မျက်နှာတစ်ခြမ်းရွဲ့ခြင်း နှင့် ဖီဆီယိုသရပီ

Facial Palsy ဆိုတာ မျက်နှာကြွက်သားတွေကို ထောက်ပံ့ပေးတဲ့ အာရုံကြောမှာ ထိခိုက်လို့ မျက်နှာကြွက်သားတွေ အလုပ်မလုပ်နိုင်တာဖြစ်ပါတယ်။

ခန္ဓာကိုယ်မှာ ဦးနှောက်ကထွက်တဲ့ အာရုံကြောက ၁၂စုံရှိပါတယ်။ အဲ့ထဲက နံပါတ်-၇ အာရုံကြောက မျက်နှာကြွက်သားတွေဆီသွားတဲ့ အာရုံကြောဖြစ်ပါတယ်။ ၁၂စုံထဲက တချို့က sensoryလို့ခေါ်တဲ့ မြင်တာ၊ကြားတာ၊ အရသာခံတာ၊ အထိအတွေ့ကို သိတာ စသဖြင့် အာရုံခံ အာရုံကြောဖြစ်ပြီး၊ တချို့က motor လို့ခေါ်တဲ့ ကြွက်သားတွေ ကျုံ့တာ၊ ဆန့်တာ လိုမျိုး အလုပ်လုပ်တဲ့ အာရုံကြောတွေဖြစ်ပြီး နံပါတ်-၇ အာရုံကြောကတော့ sensory ရော motor ရော နှစ်မျိုးလုံးပါလို့ မျက်နှာကြွက်သားတွေလည်း အလုပ်လုပ်သလို၊ အာရုံလည်းခံနိုင်ပါတယ်။ ဒီရောဂါမှာတော့ အများသောအားဖြင့် motor ကိုထိလို့ ကြွက်သားတွေ အလုပ်မလုပ်နိုင်တာပါ။ ဘယ်၊ညာ နှစ်ဘက်ကို တစ်စုံရှိတော့ တစ်ဖက်ကကောင်းပြီး တစ်ဖက်ကထိလို့ မျက်နှာနှစ်ဖက်က မညီတာပါ။

ဒီရောဂါကို Charles Bell ဆိုတဲ့ ပုဂ္ဂိုလ်ကရှာဖွေတွေ့ရှိခဲ့လို့ Bell's Palsy လို့လည်းခေါ်ပါတယ်။

ဘာကြောင့်ဖြစ်တာလဲ

*အများသောအားဖြင့် အအေးမိလို့ပါ (ဥပမာ အေးတဲ့အချိန်မှာ ကားမှန်ဖွင့်ပြီး ကားမောင်း၊ ကားစီးတာ၊ ပြတင်းပေါက်ဖွင့်ပြီး အိပ်မိတာတို့လို)
*နံပါတ်-၇ အာရုံကြော ယောင်ယမ်းတာ
*မျက်နှာ ဒဏ်ရာရတာ (ဥပမာ ကလေးမွေးချိန်မှာ ညှပ်ဆွဲမွေးချိန်မှာ ခိုက်မိတာ)
*Ramsay Hunt syndrome လို့ခေါ်တဲ့ ရေယုန်က နားတစ်ဘက်က မျက်နှာအာရုံကြောကို ထိခိုက်စေတာ

ဘယ်လိုလူမျိုးတွေ အဖြစ်များသလဲ???

*ဆီးချိုရောဂါရှိသူတွေ အဖြစ်များပါတယ်။
*အမျိုးသား၊ အမျိုးသမီး ဖြစ်နိုင်ခြေအချိုးကတော့ အတူတူပါပဲ။
*ကလေးတွေထက်တော့ အရွယ်ရောက်သူတွေ ပိုအဖြစ်များပါတယ်။ (ကလေးတွေမှာလည်း ဖြစ်တော့ဖြစ်နိုင်ပါတယ်)

Clinical Manifestations (ရောဂါလက္ခဏာ ပြသမှု)

*အများသောအားဖြင့် ဘာလက္ခဏာမှ ကြိုတင်ပြသမှုမရှိပါဘူး။
*စမဖြစ်ခင် တစ်ရက်၊နှစ်ရက်လောက်မှာ နားအနောက်က ဦးခေါင်းခွံ အရိုးဖုလေးမှာ နာခြင်းတော့ ဖြစ်တတ်ပါတယ်။
*မျက်ခုံးပင့်မရခြင်း
*အစာစားခြင်း၊ ရေသောက်ခြင်းတို့တွင် အစာမြိုချရာတွင် အခက်အခဲရှိခြင်း
*နှုတ်ခမ်းတစ်ဖက်က ကြွက်သားများ အားနည်းနေ၍ နှုတ်ခမ်းတစ်ဖက် အောက်ကျနေခြင်း
*အရသာပျောက်နေခြင်း၊ နားအူနေခြင်း
*ပါးစပ်၊ မျက်လုံးများ ခြောက်နေခြင်း
*ကြွက်သားများ တဆတ်ဆတ်တုန်နေခြင်း

Diagnosis (ရောဂါရှာဖွေခြင်း)

EMG Test
Electro myography လို့ခေါ်တဲ့ ကြွက်သားပေါ် ပမာဏနည်းတဲ့ လျှပ်စစ်အားလေး ဖြတ်စေပြီး အာရုံကြောရဲ့ ဘယ်လောက်အတိုင်းအတာ၊ ဘယ်လောက်ပမာဏ ထိခိုက်တယ်ဆိုတာ ရှာဖွေလို့ရပါတယ်။

MRI/CT Scan
ပုံမှန်တော့မျက်နှာထိရုံနဲ့ MRI CT Scan မရိုက်လည်းရပေမယ့် မျက်နှာ အာရုံကြောပေါ်မှာ တခုခုဖိထားသလားဆိုတာ သိချင်ရင် ရိုက်လို့ရပါတယ်။

Assessment
*မျက်နှာ တစ်ခြမ်း ပါးစပ်က အောက်ဆွဲကျနေလား၊ မျက်လုံးမှိတ်နိုင်လား စစ်ဆေးကြည့်မယ်။
*တချို့တွေကျ မသိသာပါဘူး။ အဲ့လိုလူတွေ့ရင် မျက်နှာကြွက်သားရဲ့ လုပ်ဆောင်မှုတွေလုပ်ခိုင်းမယ် (မျက်ခုံးပင့်ကြည့်၊နဖူးတွန့်ကြည့်၊ မျက်မှောင်ကြုတ်ကြည့်၊ ပြုံး၊ပါးဖောင်းကြည့် ခိုင်းပါမယ်)။
*လျှာရဲ့ ၃ပုံ၂ပုံထိ အရသာသိလား စမ်းကြည့်ပါမယ်။ သကြားလုံးလေး တင်ကြည့်တာမျိုးပါ။

Special Test
ပညာရှင်တွေ အတွက်တော့ Facial nerve grading system (House JW, Brackmann DE, 1985) နဲ့ test လုပ်လို့ရပါတယ်။

PHYSIOTHERAPY INTERVENTION
(ဖီဆီယိုသရပီ ကုသမှုများ)

Aim (ရည်ရွယ်ချက်)
(ဒါလေးဖြစ်တာပဲဆိုပြီး မကုဘဲ ထားတဲ့လူကြီးတွေလည်း ရှိပါတယ်။တစ်ယောက်နဲ့ တစ်ယောက်အခြေအနေမတူတော့ တစ်ယောက်အတွက်ပြသနာမရှိပေမယ့် အချို့အတွက်တော့ ပြသနာကြီးလည်း ဖြစ်နေနိုင်ပါတယ်။)
ကုသရတဲ့ ရည်ရွယ်ချက်တွေကတော့

*လူနာကို ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ရှင်းပြ၊ အသိပညာပေးရန်
*နာကျင်မှုသက်သာရန်
*အကယ်၍ အာရုံခံအာရုံကြောတွေပါ ထိသွားရင် အာရုံခံခြင်းကို ပြန်လေ့ကျင့်ပေးရန်
*ကြွက်သားများ ပြန်အလုပ်လုပ်နိုင်ရန်
*နောက်ဆက်တွဲ ပြသနာများကို ကာကွယ်နိုင်ရန်

Physiotherapy management

အထက်ပါရည်ရွယ်ချက်တွေ အောင်မြင်ဖို့ ဖီဆီယိုသရပီက ပြုလုပ်ပေးနိုင်တာတွေကတော့

1.Patient Education(လူနာကို အသိပညာပေးခြင်း)

*လူနာကို ရောဂါအကြောင်းသေချာရှင်းပြမယ် (ဘာကြောင့်ဖြစ်တယ်၊ဘာတွေကြုံတွေ့နိုင်တယ်၊ပြန်ကောင်းနိုင်ခြေ၊ ကုသမှုအကြောင်း)
*အောက်ပါကုသမှုတွေနဲ့ လုံလောက်ကြောင်းပြောပြပါမယ်။ အာရုံကြောရောင်ရမ်းခြင်းကြောင့် ဖြစ်တာမို့ အရမ်းနှိပ်တာမျိုးတွေ၊ သံပရာသီးနဲ့ လှိမ့်တာမျိုး မလုပ်သင့်ပါ။
*နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တာမျိုး၊ TV နား အနီးကပ်ကြည့်တာမျိုး မလုပ်သင့်ပါ။
*အပြင်ထွက်ရင် နေကာမျက်မှန်တပ်ပါ။
*စာအကြာကြီးဖတ်တာမျိုး ရှောင်ပါ။
*Air Con က လေအေး‌တွေ နဲ့ တိုက်ရိုက်ထိတွေ့တာမျိူး ရှောင်ပါ။

2.Electrothermotherapy(လျှပ်စစ် အပူဖြင့်ကုသခြင်း)

Stimulation (ES)(လျှပ်စစ်ဖြင့် လှုံ့ဆော်ကုသခြင်း)
*အလုပ်မလုပ်နိုင်တဲ့ မျက်နှာကြွက်သားတွေကို လျှပ်စစ်အား လမ်းကြောင်းလေးတွေ ဖြတ်စီးစေခြင်းဖြင့် ကုသခြင်းဟာ မျက်နှာတစ်ခြမ်းရွဲ့ခြင်းမှာ လူသိများတဲ့ ကုသမှုဖြစ်ပါတယ်။
*အဓိက မျက်နှာကြွက်သား ၆ခုကို သေးငယ်တဲ့ လျှပ်စီးကြောင်းကို Pulsed mode နဲ့ ဖြတ်စီးစေခြင်းဖြင့် ကြွက်သားကို ပြန်ကောင်းလာအောင် လှုံ့ဆော်ပေးမယ်။

(အသံလွန်လှိုင်းဖြင့် ကုသခြင်း)
ပုံမှန်အာထရာဆောင်းရိုက်တယ်ဆိုတာက အသံလွန်လှိုင်းကိုသုံးပြီး ရောဂါရှာဖွေတာ ကိုယ်ဝန်ဆောင်တွေမှာ ကလေးအနေအထားတွေသိအောင်လုပ်တဲ့နေရာမှာ သုံးတာပါ။ အခု အာထရာဆောင်းကတော့ ကုသရေးမှာသုံးတဲ့ အာထရာဆောင်းပါ။
လတ်တလောဖြစ်ထားတဲ့ မျက်နှာရွဲ့ခြင်းဆိုရင် အာရုံကြော အရောင်ကျအောင်၊ ပြန်ကောင်းတာမြန်အောင် အာထရာဆောင်းခေါ် အသံလွန်လှိုင်းကို သုံးပြီးကုသလို့ ရပါတယ်။

Biofeedback
Electromyography ဆိုတဲ့ စက်က electrodes တွေကို ကြွက်သားပေါ်တပ်ပြီး ကြွက်သား လှုပ်ရှားမှုကို monitor ပေါ်မှာ လှိုင်းလေးတွေ သို့မဟုတ် အသံနဲ့ကြားရပါတယ်။လူနာကို လေ့ကျင်ခန်းလုပ်ခိုင်းရင် အဲ့စက်ပေါ်မှာ activityပြ မပြကြည့်ပြီး ကိုယ့်ကြွက်သား အခြေအနေကို သိရပါတယ်။

3. Neuromuscular Retraining (NMT) (အာရုံကြောနှင့် ကြွက်သားကို ပြန်လည်လေ့ကျင့်ခြင်း)

မျက်နှာကြွက်သားတွေ အားနည်းသွားတဲ့အခါမှာ မျက်နှာလှုပ်ရှားမှု တခုခုလုပ်တဲ့အခါမှာ မလိုအပ်တဲ့ကြွက်သားတွေပါ သုံးပြီးအလုပ်လုပ်တတ်ပါတယ်။(ဥပမာ မျက်လုံးမှိတ်တဲ့အချိန် မျက်လုံးကြွက်သားပဲ အလုပ်လုပ်ရမှာကို နဖူးကြွက်သားတွေပါ ပါလာတာမျိုး)။
အဲ့ဒါမျိုးမဖြစ်အောင် တကယ်အလုပ်လုပ်ရမယ့်ကြွက်သားကိုပဲ သုံးအောင်လေ့ကျင့်ပေးပါမယ်။

**မျက်လုံးမှိတ်၊ မျက်ခုံးပင့်၊ မျက်မှောင်ကုတ်၊နှာခေါင်းရှုံ့၊သွား‌စိ၊ ပြုံး၊ ပါးဖောင်း၊ လေချွန် စတဲ့ မျက်နှာလှုပ်ရှားမှုတွေကို သက်ဆိုင်ရာကြွက်သားကိုပဲ အသုံးပြုပြီး မလိုတဲ့ကြွက်သားလှုပ်ရှားမှုတွေ မပါအောင် လေ့ကျင့်ပေးပါမယ်။

ဘယ်ကြွက်သား ဘယ်လောက်အားနည်းလဲဆိုတာ သေချာစမ်းသပ်မယ်။ပြီးရင် အဲ့ကြွက်သားရဲ့ လုပ်ဆောင်မှုကို မှန်ထဲမှာကြည့်ပြီး မှန်မှန်ကန်ကန်(မလိုအပ်တဲ့ကြွက်သား မပါအောင်) လုပ်ပါမယ်။
*မှန်ကြည့်ပြီးလုပ်ခြင်းအားဖြင့် ကောင်းတဲ့ဘက်နဲ့ ယှဉ်ပြီးဘယ်လောက်အားနည်းနေသလဲ သိရတဲ့အပြင် မှန်ကန်တဲ့လုပ်ဆောင်မှုရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ပိုသိလာရပါတယ်။

အကြိမ်ရေဘယ်လောက်၊ တနေ့ဘယ်နှခါဆိုတာတော့ သူ့ရဲ့တိုးတက်မှုပေါ် မူတည်ပြီး လုပ်ရပါမယ်။
လေ့ကျင့်ခန်းတွေကို ဖြည်းဖြည်းမှန်မှန်လုပ်ရပါမယ်။ဒါမှ သူ့လှုပ်ရှားမှု အသေးစိတ် ဘယ်လိုလုပ်ရမယ် သိလာပြီး မှန်ကန်လာမှာပါ။ ပြီး ပြီးရော မြန်မြန် မလုပ်ရပါဘူး။


Stretching ဆိုတာ ပုံမှန်လေ့ကျင့်ခန်းတွေ မလုပ်ခင်တို့ လုပ်ပြီးတို့မှာ လုပ်တဲ့ မြန်မာလို အကြောလျှော့တယ်လို့ ပြောကြပါတယ်။
(ကြွက်သားတွေနဲ့ တွယ်ဆက်ထားတဲ့ အရွတ်တွေမှာ Proprioceptors လို့ခေါ်တဲ့ တင်းတာကိုသိတဲ့ အရာလေးတွေရှိတယ်။ ကြွက်သားတစ်ခုကို ဆန့်နိုင်သလောက်အတင်းဆွဲဆန့်တဲ့အချိန်မှာ အဲ့ Proprioceptors လေးတွေထိ တင်းလာရင် သူကဦးနှောက်ကို တင်းနေပြီဆိုတာ သတင်းပို့ပါတယ်။ အဲ့ချိန်မှာ ဦးနှောက်က အလိုအလျောက်ကာကွယ်တဲ့အနေနဲ့ အဲ့တင်းနေတဲ့ကြွက်သားလေးကို လျော့ပေးလိုက်ပါတယ်။ဒါကြောင့် အကြောလျှော့ ပြီးရင် ကြွက်သားတွေပျော့သွားတာပါ။)

ဒီမှာတော့ မျက်နှာကြွက်သား‌တွေ တင်းမသွားအောင် လျှော့ပေးတာပါ။ များသောအားဖြင့် မျက်နှာကြွက်သားကတော့ တောင့်တင်းတဲ့အဆင့်ထိမရောက်လို့ မလုပ်ကြပါဘူး။

Manipulation

Facial Manipulation ဆိုတာတော့ မျက်နှာကြွက်သားကို လက်နဲ့ ကုသပေးတာပါ။ ဘာတွေပါလဲဆို
*အပေါ်ကိုဆွဲသပ်တင်ပေးတာ
*လက်မ သို့မဟုတ် လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံ နှိပ်နယ်ပေးတာ
*ညှစ်ပေးတာ
*လှုပ်ခါပေးတာ စတာတွေဖြစ်ပါတယ်။

Rehabilitation

ဒါကတော့ Physiotherapist တွေ သုံးတဲ့ PNF ပေါ် အခြေခံပြီး Proprioceptors တွေကို လှုံ့ဆော်တဲ့နည်းပါ။

Reference
P Shanmuga Raju. Handbook of Neurological Physiotherapy.
Pictures from Google.

အိဖြိုးဇော်
Physiotherapist
B.Med Tech, M.Med.Tech (Physiotherapy)

"ပါကင်ဆန်ရောဂါနှင့် ဖီဆီယိုသရပီ"Parkinson's Disease and Physiotherapy 's Disease ဆိုတာ ဦးနှောက်ရဲ့ Substantia Nigra ဆိုတ...
30/11/2021

"ပါကင်ဆန်ရောဂါနှင့် ဖီဆီယိုသရပီ"
Parkinson's Disease and Physiotherapy

's Disease ဆိုတာ ဦးနှောက်ရဲ့ Substantia Nigra ဆိုတဲ့နေရာကနေ Dopamine (ဒိုပါမင်း) ဟော်မုန်းထွက်တဲ့ ဆဲလ်တွေ ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ရောဂါပါ။

စုစုပေါင်း လူဦးရေရဲ့ 0.3%လောက်ဖြစ်ပါတယ်။(လူ1000 မှာ 3ယောက်ဖြစ်တယ်လို့ဆိုလိုတာပါ)
အသက် 55နှစ်ကျော်တဲ့ လူဦးရေမှာတော့ 1%ဆိုတော့ လူ100မှာ 1ယောက်ဖြစ်တတ်ပါတယ်။ (ဒီကိန်းဂဏာန်းတွေကတော့ UK က ဂဏာန်းတွေပါ)

ဘာကြောင့်ဖြစ်ရတာလဲ???

*အသက်ကြီးလို့ချည်းတော့ ဒီရောဂါဖြစ်တာမဟုတ်ပါဘူး။
*မျိုးရိုးဗီဇကြောင့်
*ပိုးသတ်ဆေးလို စက်ရုံသုံးဓါတုပစ္စည်းလို အဆိပ်ဖြစ်စေတဲ့ အရာတွေနဲ့ထိတွေ့တာ၊ လေထု ရေထု မြေထု ညစ်ညမ်း‌တဲ့နေရာမှာ နေတာ
*အဝလွန်တာ၊ အဆီ သကြားဓါတ်များတဲ့ အစာတွေစားတာ၊ စီးကရက် အရက်သောက်တာ၊ တချို့သောဆေးတွေသောက်တာ
စတဲ့အကြောင်း အရာတွေေ‌ေကြာင့် ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာများ

1-Resting Tremor
* ‌ခန္ဓာကိုယ်အစိတ်အပိုင်းများ တုန်ခြင်း (လက်တို့ ခေါင်းတို့ တုန်ခြင်း)
တုန်ခြင်းက တစ်စုံတစ်ခုကို အာရုံစိုက်လုပ်တဲ့ အချိန်မှာ တုန်လာတာနဲ့ ဘာမှမလုပ်ဘဲနေတဲ့အချိန် တုန်တာရယ်လို့နှစ်မျိုးရှိတဲ့ အထဲမှာ ဒီရောဂါမှာက နားနေတဲ့အချိန်တုန်တာပါ။
ဒီလက္ခဏာက အတွေ့ရအများဆုံးဖြစ်ပြီး တစ်စက္ကန့်မှာ 4 ခါက နေ 6 ခါထိ တုန်နိုင်ပါတယ်။

2- Rigidity
*အဆစ်များကို အကွေးအဆန့်ပြုလုပ်ချိန်မှာ တောင့်တင်းနေခြင်း
သူများက မိမိအဆစ်တွေကို ‌အကွေးအဆန့်ပြုလုပ်ပေးချိန်မှာ တောင့်တင်းနေတာပါ။
အဲ့မှာ lead pipe နဲ့ cog wheel ဆိုပြီးနှစ်မျိုးထပ်ရှိပါတယ်။
Lead pipe ဆိုတာ ကွေးဆန့်ပေးတဲ့ တလျှောက်လုံးတောင့်တင်းနေတာဖြစ်ပြီး
Cog wheel ဆိုတာ ခွေးသွားစိပ်လို ကွေးဆန့်ချိန်မှာ ထစ်ထစ် နေတာပါ။
ရလာဒ်အနေနဲ့ ကိုယ်နေဟန်ထားက ကုန်းကုန်းကြီးဖြစ်လာမယ်။
ကျောတွေ ခေါင်းတွေလှည့်ရာမှာ ခက်ခဲလာတော့ လှမ်းခေါ်ရင် ‌လှည့်ကြည့်လို့မရဘဲ တစ်ကိုယ်လုံးကြီး လှည့်လာရမယ်။
လမ်းလျှောက်ရင်၊ ခန္ဓာကိုယ် အနေအထားပြောင်းရင် အဆစ်တွေ လှုပ်ရှားနိုင်စွမ်းတွေ ကျလာမယ်။

3- Bradykinesia
* လှုပ်ရှားမှုတွေ နှေးလာမယ်။
အထူးသဖြင့် ခန္ဓာကိုယ်က ရုတ်တရက်တုန့်ပြန်မှု (လဲကျခါနီး ဟန်ချက်ကို ထိန်းတာတို့)မလုပ်နိုင်တော့ဘူး။

4- Postural instability
*ဟန်ချက် ငြိမ်အောင် မထိန်းနိုင်တာ
ဒီရောဂါအတွက် ဒုက္ခအပေးဆုံး အချက်ပါပဲ။
ပါကင်ဆန်ရောဂါ ခံစားရသူတွေရဲ့90%လောက်ဟာ ခန္ဓာကိုယ်ရဲ့ "ရုတ်တရက်တုန့်ပြန်မှု" တွေ ကျဆင်းသွားပါတယ်။
အဲ့ဒီ အကျိုးဆက်အဖြစ် လဲကျပြီး အရိုးကျိုးတာ၊ ဆေးရုံတက်ရတာ Wheelchairပေါ်မှာပဲ နေရတာတွေဖြစ်တတ်ပါတယ်။

5- Other signs & symptoms
*တခြားရောဂါလက္ခဏာများ

-မျက်နှာက ခံစားချက်ဖော်ပြတဲ့ အမူအယာတွေမလုပ်နိုင်တာ (ပျော်ခြင်း၊ ဝမ်းနည်းခြင်းတွေ မဖေါ်ပြနိုင်ပဲ မျက်နှာသေနဲ့ ဖြစ်နေတာ)

-မျက်တောင် ခဏခဏမခတ်နိုင်တာ

- Myerson's sign လို့ခေါ်တဲ့ မျက်ခုံးနှစ်ဘက်ကြားက နှဖူးကို လက်ချောင်းနဲ့ အဆက်မပြတ်ခေါက်ရင် ရောဂါမရှိသူက မျက်တောင် 2ခါ 3ခါပဲ ခတ်ပြီး ခဏကြာရင်ကျင့်သားရသွားပေမယ့် ဒီရောဂါမှာတော့ တစ်ချက်ခေါက်တိုင်း မျက်တောင်တစ်ခါခတ်နေပါမယ်။

-အစာနဲ့ရေ မြိုချရခက်တာ

-မြန်မြန်နဲ့ အသေးစိတ်လုပ်ရတဲ့ အလုပ်တွေမလုပ်နိုင်တာ

-လမ်းလျှောက်ရင် ခန္ဓာကိုယ် အပေါ်ပိုင်းက ရှေ့ရောက်ပြီး အောက်ပိုင်းခြေထောက်တွေက အပေါ်ပိုင်းကို balance ဖြစ်အောင် လိုက်နေရလို့ ပြေးနေသလို ဖြစ်နေတာ

-ခန္ဓာကိုယ်လှည့်တဲ့အချိန် မငြိမ်တာ

-လမ်းလျှောက်နေရင်လည်း ရပ်ရခက်လို့ လဲကျနိုင်ခြေများတာ

-ကောင်းကောင်းအိပ်မပျော်တာ

-ဆီးသွားရင် ခက်ခဲတာ

-အမြင်အာရုံ ထိခိုက်တာ

Psychological problems
*စိတ်ပိုင်းဆိုင်ရာ ပြသနာများ
Depressionလို့ ခေါ်တဲ့ စိတ်ဓါတ်ကျခြင်းနဲ့
Dementia လို့ခေါ်တဲ့ မေ့တတ်ခြင်း တွေ ခံစားရတတ်ပါတယ်။

Diagnosis (ရောဂါရှာဖွေခြင်း)

အထက်ပါ လက္ခဏာတွေရှိလား စစ်ဆေးမယ်။
ပိုသေချာချင်ရင် MRI တို့ CT Scan တို့ ရိုက်လို့ရပါတယ်။

ဒီရောဂါလက္ခဏာတွေ ခံစားရရင် အရေးအကြီးဆုံး အနေနဲ့
***ဦးနှောက်နဲ့ အာရုံကြော အထူးကု သမားတော်နဲ့ ပြပြီး ကုသမှု ခံယူပါ။

ကျွန်မတို့ "ဖီဆီယိုသရပီ" က လုပ်ပေးနိုင်တဲ့ အရာတွေကို ဆက်ရေးပါမယ်။

*Assessment
ဒါက အရေးကြီးပါတယ်။ လူနာအခြေအနေအစအဆုံး
Cognitive& behaviour, Communication, Oromotor, Nutrition, Vision, Hearing, Muscle tone& strength, ROM, Motor control, Involuntary movement, Sensory& perceptual deficit, Balance, Gait, Functional level, Endurance အားလုံးကို Access လုပ်ပါမယ်။
ဒီအပိုင်းတွေက ပညာရပ်ဆိုင်ရာတွေမို့ အသေးစိတ်ကို ကျော်လိုက်ပါမယ်။ဆက်လုပ်မယ့် အရာတွေဆီ ဆက်သွားပါမယ်။

Intervention
ဒီဝေဒနာရှင်တွေကို ဖီဆီယိုသရပီပေးရတဲ့ ရည်ရွယ်ချက်
*ကြံခိုင်မှုရအောင်
*အလိုက်သင့် လုပ်ဆောင်မှုတွေတက်လာအောင်(လှည့်တာ၊စောင်းတာ)
*ဟန်ချက်ပြန်ထိန်းနိုင်အောင်
*အထိုင်၊အထ သွားလာလှုပ်ရှားမှုတွေ လွယ်အောင်
*အဆစ်တွေ လှုပ်ရှားရလွယ်အောင်
*လမ်းလျောက်တာမှန်လာအောင် ရုပ်ပိုင်းဆိုင်ရာစွမ်းအင်တွေ တက်လာအောင်

ဒီဝေဒနာရှင်တွေဟာ အသွားအလာ လှုပ်ရှားလို့ မလွယ်တာတွေကြောင့် မလှုပ်ရှား မသွားလာတော့ဘဲ အိပ်ရာထဲမှာပဲနေတော့မယ် ဆိုတာမျိုးမလုပ်သင့်ပါဘူး။

အဲ့လိုလုပ်ရင် ကိုယ်ဟာကိုယ် အမှီအခိုကင်းကင်းနဲ့ သွားလာလှုပ်ရှားနိုင်စွမ်းတွေ ပိုကျလာမယ်။
မဖြစ်မနေသွားလာရရင် လဲမှာ ဒဏ်ရာရမှာကြောက်မယ်။ ကြောက်ရင် ပိုမှားမယ်။
ရလာဒ်အနေနဲ့ လူတွေနဲ့ပြောဆိုဆက်ဆံခြင်း မရှိတော့ဘဲ အထီးကျန်ဆန်လာမယ်။ မလှုပ်ရှားတော့ရင် အရိုးပွတာတွေ ၊နှလုံးရောဂါဖြစ်နိုင်ခြေတွေ တက်လာပါမယ်

*****ဒါတွေမဖြစ်အောင် ဆရာဝန်နဲ့ ကုသမှု ခံယူပြီးရင် "ဖီဆီယိုသရပစ်" (အကြောအဆစ်နဲ့ #ပြန်လည်သန်စွမ်းရေး ပညာရှင်) နဲ့ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

#လေ့ကျင့်ခန်း တွေ အဓိကထားလုပ်ရမယ့် အရာ 6 ခုရှိပါတယ်။
1-Transfer (အထိုင်အထ ၊နေရာရွေ့တာ)
2- Posture (လည်ပင်း၊ ခါး၊ကျော ပြသနာ အပါအဝင် ကိုယ်နေဟန်ထား စောင်းတာ လှည့်တာ)
3-Reaching & grasping (လှမ်းယူတာ ဆုပ်ကိုင်တာ စတဲ့ လက်လှုပ်ရှားမှုတွေ)
4-Balance& fall (ဟန်ချက်ထိန်းဖို့နဲ့ လဲမကျအောင်)
5-Gait& walking (လမ်းလျှောက်တာ)
6- Physical capacity & activity (ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းပြီး လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်တာ)

ဒီအရာတွေ အပေါ် Focusထားပါမယ်။

Recommendations of Physical Therapy Intervention (ဘယ်လို နည်းလမ်းတွေသုံးမလဲ)

Strategies (တိုင်မင်ပေးခြင်း)

ဒီဝေဒနာရှင်တွေကို လမ်းလျှောက်ချိန်မှာ အမြင်အာရုံ (သို့) အကြားအာရုံနဲ့ တိုင်မင်ပေးလို့ရပါတယ်။
(ကျွန်မတို့ လမ်းလျှောက်ချိန်မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှုနဲ့ သူ့ဟာသူ စည်းချက်မှန်မှန် လှုပ်ရှားသွားလာနိုင်ပါတယ်။ဒီဝေဒနာရှင်တွေမှာ ဦးနှောက်ရဲ့ လှုံ့ဆော်နိုင်စွမ်း ကျသွားလို့ ပြင်ပက လှုံ့ဆော်ပေးတဲ့သဘောပါပဲ။)

အကြားအာရုံနဲ့ လှုံ့ဆော်ခြင်း (တစ်၊နှစ်၊သုံး၊လေး ရေပေးတာဖြစ်ဖြစ် ၊နားကျပ်နဲ့ စည်းချက်မှန်တဲ့ ဂီတကို ဖွင့်ပေးတာ)

အမြင်အာရုံနဲ့ လှုံ့ဆော်ခြင်း (ကြမ်းပြင်မှာ ခြေနင်းဖို့ ဇယားကွက်လေးတွေ ဆွဲထားတာ)

အထိအတွေ့အာရုံနဲ့ လှုံ့ဆော်ခြင်း (လမ်းလျှောက်ရမယ့် ခြေထောက်ကို ထိပေးခြင်း)

စိတ်အာရုံနဲ့ လှုံ့ဆော်ခြင်း (မသွားခင်မှာ စိတ်နဲ့အရင် သွားခိုင်းကြည့်မယ်)

# Cognitive Movement Strategies (Cognitive ဆိုတဲ့စကားလုံးက ကျယ်ပြန့်သလို မြန်မာပြန်ရလည်းခက်ပါတယ်။ စဉ်းစား၊ နားထောင်၊ ကျိုးကြောင်းဆင်ခြင်၊ မှတ်ဉာဏ်၊ ကောက်ချက်ချ၊ တုန့်ပြန်၊ အာရုံစိုက်၊ နားလည် စတာတွေ အကုန်လုံးကို ခြုံငုံပြီးခေါ်တဲ့စကားလုံးပါ။

ဒီနည်းလမ်းမှာဆို ပုံမှန်လူအတွက် အလိုအလျောက်လုပ်လို့ ရနေတဲ့ လမ်းလျှောက်တာ၊ ရပ်တာ၊ သွားလာတာတွေကို ကိုယ်က အရင် စိတ်ထဲက အဆင့်လိုက်ခွဲမယ်။ ဥပမာ ထိုင်ခုံကနေ အိမ်သာကိုသွားမယ်ဆို အရင် ထိုင်ရာကထ၊ လမ်းလျှောက်၊ အိမ်သာနားမရောက်ခင် စိတ်က ရပ်ဖို့အမိန့်ပေး၊ တံခါးဖွင့်၊ လှည့်၊ ထိုင် စသဖြင့် အစီအစဉ်လေးတွေ အရင်ဆွဲ၊ ပြီးမှ လိုက်လုပ်ကြည့်။
အဲ့ဒါမျိုးကို အလေ့အကျင့်ဖြစ်လာအောင် ကြိုးစားလေ့ကျင့်ကြည့်မယ်။

(ဟန်ချက်ထိန်းဖို့ လေ့ကျင့်တာ)
လူနာကို ဟန်ချက်ထိန်းဖို့ လေ့ကျင့်ဖို့အတွက် အမြင်အာရုံကို ပိုသုံးမယ်။
ခြေထောက်ကြွက်သားတွေ အားသန်ဖို့လေ့ကျင့်ခန်းတွေနဲ့ တွဲပေးမယ်။

# Physical activity
လေ့ကျင့်ခန်းချည်းသက်သက် မဟုတ်ဘဲ တစ်နေ့တာလုပ်ငန်းဆောင်တာတွေနဲ့ တွဲပြီးလေ့ကျင့်ပါမယ်။

Reference
P Shanmuga Raju. Handbook of Neurological Physiotherapy.

*တယောက်ချင်းစီရဲ့ အခြေအနေက မတူတာမို့ ဒီရောဂါဖြစ်ရင် နီးစပ်ရာ Physiotherapist နဲ့ တိုင်ပင်ဆွေးနွေးကြည့်နိုင်ပါတယ်။

ဒေါအိဖြိုးဇော်

B.Med Tech, M.Med.Tech (Physiotherapy)

Address

85-C ( မလွန်ငပိတန်းလမ်း) Between 31St & 32St
Mandalay

Telephone

09444016947

Website

Alerts

Be the first to know and let us send you an email when မဟော်သဓာ Physiotherapy and Rehabilitation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မဟော်သဓာ Physiotherapy and Rehabilitation:

Share