Mandalar Dental Center

Mandalar Dental Center “သွားနှင့်ခံတွင်းကျန်းမာ မန္တလေးမှာဆို Mandalar Dental Center” 📞 Hotline - 09 943 080 099

🦷 🤷‍♀️ မညီညာတဲ့ သွားတွေကြောင့်ယုံကြည်မှုပျောက်ဆုံးနေပါသလား?🙅‍♀️ ဒါအတွက် စိတ်ပူနေတယ်ဆိုရင် စိတ်ပူစရာမလိုတော့ဘူးနော်…🦷 အပြ...
22/04/2026

🦷 🤷‍♀️ မညီညာတဲ့ သွားတွေကြောင့်ယုံကြည်မှုပျောက်ဆုံးနေပါသလား?

🙅‍♀️ ဒါအတွက် စိတ်ပူနေတယ်ဆိုရင် စိတ်ပူစရာမလိုတော့ဘူးနော်…

🦷 အပြုံးလှလှလေးတွေနဲ့ ယုံကြည်မှုရှိရှိ ပြုံးရယ်နိုင်ဖို့ လှပတဲ့သွားလေးတွေ ရှိဖို့တော့ အရင်လိုအပ်ပါတယ်။ ညီညာလှပတဲ့ သွားလေးတွေ ပိုင်ဆိုင်ဖို့ဆိုရင် Braces တပ်ပေးဖို့တော့ လိုအပ်ပါတယ်ရှင့်…

Braces တပ်ခြင်းဟာ ဘယ်လောက်ထိပြောင်းလဲမှုတွေဖြစ်စေနိုင်မလဲဆိုတာကို Bracesမတပ်ခင်နှင့် တပ်ပြီး ကွာခြားချက်များအကြောင်း “မန္တလာသွားဆေးခန်း” မှ ဗဟုသုတဖြစ်အောင် တင်ပြပေးလိုက်ပါတယ်…

🔸 Braces မတပ်ခင် (Before Braces)အခြေအနေမျိုးမှာဆိုရင်တော့

😬 သွားများမညီခြင်း

🦷 သွားများ အထက်အောက် မညီခြင်းကြောင့် အစားစားရာမှာ တစ်ခါတစ်လေ အဆင်မပြေဖြစ်ခြင်း

😶 ယုံကြည်မှုရှိရှိ မပြုံးနိုင်ခြင်း

🪥 သွားသန့်ရှင်းရေးလုပ်ရခက်ခဲပြီး သွားဖုံးရောဂါ ဖြစ်နိုင်ခြေရှိခြင်း စတဲ့ အခြေအနေတွေကြောင့် သင့်ရဲ့အသွင်အပြင် နဲ့ ခံတွင်းကျန်းမာရေးတွေအပေါ် ကို သက်ရောက်မှုရှိလာနိုင်ပါတယ်။

🔹 Braces တပ်ပြီးနောက် (After Braces)အခြေအနေမှာတော့

😁 သွားများ ညီညာလှပလာခြင်း

✨ မျက်နှာအချိုးအစား ပိုလှလာခြင်း

💯 ယုံကြည်မှုရှိရှိ ပြုံးနိုင်ခြင်း

🪥 သွားသန့်ရှင်းရေးလုပ်ရ လွယ်ကူလာပြီး သွားနှင့်ခံတွင်းကျန်းမာရေး (Oral Health) ကို ကောင်းမွန်စေခြင်းလိုမျိုး အကျိုးတွေရရှိနိုင်မယ့်အပြင်

👉 အရေးကြီးဆုံးအချက်ဖြစ်တဲ့…
🌟 စစ်မှန်တဲ့အပြုံးပိုင်ရှင်လေးတွေဖြစ်လာမှာအမှန်ပါရှင်။

ဒါကြောင့် Braces Treatment ပြီးစီးတဲ့အချိန်မှာ-
✔️ သင့်ရဲ့ အပြုံးတွေဟာ သဘာဝဆန်ပြီး တောက်ပလာမယ်
✔️ Self-confidence တိုးလာပြီး လူတွေကြားမှာ ယုံကြည်မှုရှိရှိ ပြုံးရယ်လာနိုင်တာဖြစ်လို့
✔️ Before & After ကို နှိုင်းယှဉ်ကြည့်ရင် အံ့သြစရာကောင်းလောက်တဲ့ ပြောင်းလဲမှုတွေကို တွေ့ရမှာဖြစ်ပါတယ်😍

Braces တပ်ခြင်းဆိုတာ လှပမှုကိုသာ ပြုပြင်တာမဟုတ်ဘဲ သင့်ဘဝတခုလုံးရဲ့ confidence ကို ပြောင်းလဲပေးနိုင်တဲ့အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတခုဖြစ်တာကြောင့် ယုံကြည်ချက်ရှိရှိ ပြုံးနိုင်ဖို့ “မန္တလာသွားဆေးခန်း” ကို အမြန်ဆုံးလာခဲ့လိုက်တော့နော်…

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“သွားနှင့်ခံတွင်းကျန်းမာ မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

#မန္တလာသွားဆေးခန်း &After

💦 🙏 မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် (၁၃.၄.၂၀၂၆) မှ (၁၇.၄.၂၀၂၆) ရက်နေ့အထိ “မန္တလာသွားဆေးခန်း” ကို ယာယီပိတ်ထားမည်...
11/04/2026

💦 🙏 မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များဖြစ်သည့် (၁၃.၄.၂၀၂၆) မှ (၁၇.၄.၂၀၂၆) ရက်နေ့အထိ “မန္တလာသွားဆေးခန်း” ကို ယာယီပိတ်ထားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။

🦷 (၁၈.၄.၂၀၂၆) နေ့ မှစ၍ “မန္တလာသွားဆေးခန်း” ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်…

မိဘပြည်သူအပေါင်း နှစ်သစ်သင်္ကြန်အခါသမယတွင် ရွှင်လန်းချမ်းမြေ့ကြပါစေရှင်💦

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

28/03/2026

🤰 ကိုယ်ဝန်ဆောင်မိခင်များ ကိုယ်ဝန်ဆောင်စဉ်တွင် သွားဖုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်လာမှုကို ကာကွယ်နိုင်ရန် သွားသန့်ရှင်းရေး( Scaling )ကို ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။

🕰️ ကိုယ်ဝန်ဆောင်မိခင်တို့အနေနဲ့ သွားသန့်ရှင်းရေး(Scaling)ကို-

👉 ကိုယ်ဝန် (၃)လနှင့် (၄)လကြားတွင် Scaling လုပ်ဖို့ပိုပြီး သင့်လျော်ပါတယ်။

🦷 သွားသန့်ရှင်းရေး(Scaling) ပြုလုပ်ပေးခြင်းဖြင့် အကျိုးကျေးဇူးတွေအနေနဲ့-

👉 ပျို့အန်ခြင်း

👉 သွားဖုံးရောင်ခြင်း

👉 သွားပိုးဝင်ခြင်း

👉 မသက်မသာဖြစ်ခြင်း

👉 ရောဂါပိုးဝင်ခြင်းနှင့်ဆက်စပ်တဲ့ လမစေ့ဘဲမွေးဖွားခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

🦷 ကိုယ်ဝန်ဆောင်ချိန်မှာ သွားသန့်ရှင်းရေး(Scaling) မလုပ်ဖြစ်ရင် ဘာရောဂါတွေဖြစ်ပွါးနိုင်လဲ?

👩‍🍼 ကိုယ်ဝန်ဆောင် မိခင်တွင်-
👉 သွားဖုံးရောင်ရောဂါဖြစ်ပွါးနိုင်ခြင်း (Periodontitis)
👉 သွားနဲ့ခြင်း
👉 ခံတွင်းပိုးဝင်မှုမှ တစ်ကိုယ်လုံးသို့ ရောဂါပြန့်ပွားနိုင်ခြင်း
👉 ဆီးချို၊ သွေးတိုး စတဲ့ရောဂါများ ပိုမိုဆိုးရွားလာနိုင်
ခြင်း

👶 ကလေးတွင်-
👉 လမစေ့ဘဲမွေးဖွားခြင်း (Preterm Birth)
👉 မွေးဖွားချိန် အလေးချိန်နည်းခြင်း (Low Birth Weight)
👉 မိခင်ရောဂါပိုးများ ကလေးထံသို့ သက်ရောက်နိုင်ခြင်း
👉 ဖွံ့ဖြိုးမှုနှောင့်နှေးနိုင်ခြင်းများ ဖြစ်နိုင်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်ချိန်တွင် မိမိရဲ့ခံတွင်းကျန်းမာရေးအတွက် -
👉 ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် တစ်နေ့ (၂)ကြိမ် သွားတိုက်ပါ
👉 Dental Floss အသုံးပြုပါ
👉 သကြားပါဝင်သောအစားအစာများ လျော့ချပါ
👉 ပုံမှန် သွားဆရာဝန်စစ်ဆေးမှာများ ပြုလုပ်ပေးသင့်ပါတယ်နော်…

ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ သွားကျန်းမာရေးအတွက် “မန္တလာသွားဆေးခန်း” ကို အခုပဲ ဆက်သွယ်လိုက်တော့နော်…

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“သွားနှင့်ခံတွင်းကျန်းမာ မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

#မန္တလာသွားဆေးခန်း

🧒 ကလေးငယ်များရဲ့ အထွေထွေကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့ အလွန်အရေးကြီးပါတယ်🧒 🦷 ( ၆-၁၂ ) နှစ်အရွယ် ကလေးတ...
24/03/2026

🧒 ကလေးငယ်များရဲ့ အထွေထွေကျန်းမာရေးအတွက် သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့ အလွန်အရေးကြီးပါတယ်

🧒 🦷 ( ၆-၁၂ ) နှစ်အရွယ် ကလေးတွေမှာ များသောအားဖြင့်

▪️ကလေးတွေရဲ့သွားတွေဟာ လူကြီးသွားများထက် ပိုးစားနိုင်ခြေပိုများခြင်း

▪️သွားပိုးစားရာမှ ပြည်တည်နာများဖြစ်နိုင်ခြင်း

▪️ပြည်တည်နာများမှတစ်ဆင့် အခြားရောဂါများ ကူးစက်နိုင်ခြင်း

▪️ကလေးတွေရဲ့ ကြောက်စိတ်ကြောင့် ကုသရန် ခက်ခဲခြင်း

▪️ ကလေးအရွယ်ကတည်းက သွားလေးတွေကို သေချာ ဂရုစိုက်မှ အရွယ်ရောက်လာတဲ့အချိန်မှာ သွားလေးတွေ ညီညာလှပနိုင်မှာဖြစ်တာကြောင့် ကလေးငယ်များရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

ဒါ့အပြင် မိဘများအနေဖြင့် မိမိတို့၏ကလေးငယ်များကို သွားနှင့်ခံတွင်း သန့်ရှင်းမှုရှိစေရန်အတွက်-

🦷 သွားနှင့် ပတ်သက်ပြီး ငယ်စဉ်ကတည်းက အလေ့ကျင့်ကောင်းများ သင်ပေးပါ

🦷 သွားတိုက်ရာမှာ စနစ်တကျတိုက်ရန် ကလေးများကို သင်ကြားကူညီပေးပါ

🦷 ကလေးများအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးကို အသုံးပြုပါ

🦷 မနက်စာ စားပြီး ( ၁ ) ကြိမ် ၊ ညစာ စားပြီး ( ၁ ) ကြိမ် တစ်နေ့ ( ၂ ) ကြိမ် သွားတိုက်ပေးပါ။ အစာစားပြီးတိုင်း ပါးလုတ်ကျင်းပါ

🦷 သွားကျန်းမာရေးစစ်ဆေးခြင်းကို အနည်းဆုံး ( ၆ ) လ တစ်ကြိမ်စစ်ဆေးပေးပါ

🦷 သွားလေးတွေ ကောင်းမွန်စွာဖွံ့ဖြိုးဖို့အတွက် အစာအာဟာရလုံလောက်စွာ ကျွေးမွေးပါ စတဲ့အချက်တွေကို မိမိတို့ ကလေးတွေရဲ့ သွားကျန်းမာရေးအတွက် လိုက်နာသင့်ပါတယ်။

🦷 သင့်ကလေးရဲ့ သွားကျန်းမာရေး လိုအပ်ချက်များအတွက် မန္တလာသွားဆေးခန်းက အသင့်ရှိနေပါပြီနော်…

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“သွားနှင့်ခံတွင်းကျန်းမာ မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

#မန္တလာသွားဆေးခန်း #ကလေးသွားကျန်းမာရေး

🦷 သွားတွေ မကိုက်ဘူးဆိုပြီး Dental Check Up မလုပ်ဘဲ နေလိုက်တာ မမှန်ပါဘူးနော်…သွားကျန်းမာရေးစစ်ဆေးခြင်းကို (၆) လတစ်ကြိမ်ခန...
13/03/2026

🦷 သွားတွေ မကိုက်ဘူးဆိုပြီး Dental Check Up မလုပ်ဘဲ နေလိုက်တာ မမှန်ပါဘူးနော်…

သွားကျန်းမာရေးစစ်ဆေးခြင်းကို (၆) လတစ်ကြိမ်ခန့် ပုံမှန်
ပြုလုပ်ပေးတာက အလွန်အရေးကြီးပါတယ်။

ဘာကြောင့်လဲဆိုတော့…

သွားနဲ့ ခံတွင်းကျန်းမာရေးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးနဲ့ ဆက်နွယ်နေပါတယ်။ အထူးသဖြင့် နှလုံး၊ အဆုတ် စတဲ့ အရေးကြီးအင်္ဂါတွေကိုတောင် သက်ရောက်မှုရှိနိုင်ပါတယ်။

ဒါကြောင့် သင့်မှာ ဒီအချက်တွေ ရှိနေပြီဆိုရင်
Dental Check Up လုပ်ဖို့ မမေ့လျော့သင့်ပါဘူး။

🔹 ခံတွင်းနံ့ဆိုးတာ ကြာရှည်ဖြစ်နေခြင်း
🔹 ပူတဲ့ / အေးတဲ့ အစားအစာတွေ စားတဲ့အခါ သွားကျဉ်ခြင်း
🔹 သွားကို မကြာခဏ ကိုက်မိခြင်း
🔹 အစာဝါးတိုင်း သွားနာကျင်ခြင်း
🔹 သွားအက်ကွဲခြင်း၊ သွားကျိုးခြင်း

ဒီလို လက္ခဏာတွေကို စောစီးစွာ စစ်ဆေးကုသနိုင်ဖို့ အတွက်
Dental Check Up ကို ပုံမှန်လုပ်ပေးတာက အကောင်းဆုံးပါပဲ။

🦷 သင့်သွားကျန်းမာရေးကို ဂရုစိုက်ချင်တယ်ဆိုရင်…

📞 Mandalar Dental Center ကို အခုပဲ ဆက်သွယ်ပြီး
Dental Check Up Appointment ကြိုတင် ဘိုကင်ယူလိုက်ပါနော်။

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

#မန္တလာသွားဆေးခန်း #မန္တလေး

🦷 သွားကျောက်ခြစ်ခြင်း (Dental Scaling) မလုပ်ဘဲ ထားရင် ဘာတွေဖြစ်နိုင်လဲ?“နေ့တိုင်း သွားတိုက်နေတာပဲ…သွားကျောက်ခြစ်ဖို့လိုသ...
12/03/2026

🦷 သွားကျောက်ခြစ်ခြင်း (Dental Scaling) မလုပ်ဘဲ ထားရင် ဘာတွေဖြစ်နိုင်လဲ?

“နေ့တိုင်း သွားတိုက်နေတာပဲ…
သွားကျောက်ခြစ်ဖို့လိုသေးလား?” 🤔

လူအများစုက သွားတိုက်တာ၊ ခံတွင်းသန့်ရှင်းရေးလုပ်တာကိုသာ အရေးကြီးတယ်လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် သွားကျောက် (Tartar) ဆိုတာကတော့ သွားတိုက်ရုံနဲ့ မဖယ်ရှားနိုင်တဲ့ အရာတစ်ခုပါနော်။

ဒါကြောင့် သွားကျောက်ခြစ်ခြင်း (Dental Scaling) ကို ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။

━━━━━━━━━━━━━━━

🦠 သွားကျောက်ဆိုတာ ဘာလဲ?

သွားပေါ်မှာ စုပုံနေတဲ့
• ဘက်တီးရီးယားတွေ
• အစာအကြွင်းအကျန်တွေ
• သတ္တုဓာတ်တွေ

ပေါင်းစည်းပြီး မာခဲသွားတဲ့ အရာကို သွားကျောက် လို့ ခေါ်ပါတယ်။

သွားတွေကို သေချာမတိုက်ခြင်း၊
သွားကြားထဲမှာ အစာအကြွင်းအကျန်တွေ ကျန်နေခြင်းတွေကြောင့်
အချိန်ကြာလာတာနဲ့အမျှ သွားကျောက်တွေ တဖြည်းဖြည်း စုပုံလာတတ်ပါတယ်။

━━━━━━━━━━━━━━━

⚠️ သွားကျောက် မခြစ်ဘဲ ထားရင် ဘာတွေဖြစ်နိုင်လဲ?

🔴 သွားဖုံးရောင်ခြင်း (Gingivitis)
သွားဖုံးတွေ ရောင်လာပြီး
သွားတိုက်တဲ့အချိန် သွေးထွက်ခြင်း၊ နာကျင်ခြင်း တွေ ဖြစ်လာနိုင်ပါတယ်။

🔴 သွားဖုံးရောဂါ ပြင်းထန်လာခြင်း
အချိန်ကြာလာရင် သွားတွေကို ထောက်ပံ့ပေးထားတဲ့ အရိုးတွေ ပျက်စီးလာပြီး
သွားတွေ လှုပ်လာခြင်း၊ ကျွတ်ခြင်း အထိ ဖြစ်နိုင်ပါတယ်။

🔴 ခံတွင်းအနံ့ဆိုးခြင်း
သွားကျောက်ထဲမှာ ဘက်တီးရီးယားတွေ အများကြီး ရှိနေတဲ့အတွက်
ခံတွင်းအနံ့ဆိုးတာ ဖြစ်နိုင်ပါတယ်။
ဘယ်လောက်ပဲ mouthwash သုံးသုံး အနံ့က အမြစ်မဖြေရှင်းနိုင်ပါဘူး။

━━━━━━━━━━━━━━━

🛡 သွားကျောက်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

✔️ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ် သွားတိုက်ပါ
✔️ Dental Floss (သွားပွတ်ကြိုး) အသုံးပြုပါ
✔️ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပါ
✔️ ၆ လတစ်ကြိမ် သွားကျောက်ခြစ်ပါ

━━━━━━━━━━━━━━━

💬 ခံတွင်းကျန်းမာရေးက ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာရေးနဲ့လည်း ဆက်နွယ်နေပါတယ်။

ဒါကြောင့် သွားကျောက်ခြစ်ခြင်း (Dental Scaling) ကို ပုံမှန်ပြုလုပ်ပေးခြင်းက
သွားနဲ့ သွားဖုံးကိုသာမက ကျန်းမာရေးတစ်ခုလုံးကို ကာကွယ်ပေးနိုင်ပါတယ်။ 🦷✨

𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာလည်း သွားနဲ့ပတ်သက်ပြီး သိချင်တာလေးတွေကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

#မန္တလာသွားဆေးခန်း

သွားတွေဝါနေလို့ ပြုံးလိုက်တဲ့ အချိန်မှာ ယုံကြည်မှုမရှိဖြစ်နေပါသလား❓  ဝါနေတဲ့သွားတွေကို အချိန်တိုအတွင်းမှာ သဘာဝဆန်ဆန် ဖြူ...
05/03/2026

သွားတွေဝါနေလို့ ပြုံးလိုက်တဲ့ အချိန်မှာ ယုံကြည်မှုမရှိဖြစ်နေပါသလား❓

ဝါနေတဲ့သွားတွေကို အချိန်တိုအတွင်းမှာ သဘာဝဆန်
ဆန် ဖြူဖွေးလှပတဲ့ သွားလေးတွေအဖြစ် ပြောင်းလဲနိုင်ပါတယ်

လှပတဲ့ သွာလေးတွေ ပိုင်ဆိုင်နိုင်ဖို့ “မန္တလာသွားဆေးခန်း”ရဲ့ Laser Whitening Treatment က သင့်အတွက် အသင့်ရှိနေပါပြီ✨

Whitening Treatment ရဲ့ အားသာချက်တွေကတော့-

✅အချိန်အနည်းငယ်(မိနစ် ၃၀ခန့်)သာပေးရပြီး ထိရောက်တဲ့ ရလဒ်ကို ချက်ချင်း မြင်တွေ့ရမှာမို့ စိတ်ကျေနပ်မှု ရာခိုင်နှုန်းအပြည့်ရရှိနိုင်ခြင်း

✅သွားကျဉ်တာမျိုး၊ သွားကြွေလွှာကို ထိခိုက်တာမျိုး စတဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း မဖြစ်အောင် ဂရုတစိုက်
လုပ်ဆောင်ပေးခြင်း

✅ကျွမ်းကျင်သော သွားဆရာဝန်ကြီးများမှ ခေတ်မီစက်ကိရိယာများဖြင့် ကုသပေးခြင်း

✅ သဘာဝဆန်တဲ့ ဖြူဖွေးတဲ့သွားလေးတေကြောင့် ယုံကြည်မှုရှိရှိ ပြုံးနိုင်ခြင်း

✅ဖြူဖွေးဆွတ်နေတာ မဟူတ်ပဲ နဂိုသွားအရောင်ထက် သဘာဝဆန်ဆန်လေး ပိုဖြူတာကြောင့် Treatment လုပ်ထားမှန်း မသိသာခြင်း

✅အချိန်ကြာမြင့်စွာ အရောင်ထိန်းသိမ်းနိုင်ခြင်း စတဲ့ အားသာချက်များ ရရှိမှာဖြစ်ပါတယ်ရှင်

ဒါကြောင့် ဖြူဖွေးပြီး လှပတဲ့သွားလေးတွေပိုင်ဆိုင်နိုင်ဖို့ “မန္တလာသွားဆေးခန်း”မှာ အခုဘဲ 𝐁𝐨𝐨𝐤𝐢𝐧𝐠 ကြိုတင်လိုက်တော့နော်…

𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှာလည်း သွားနဲ့ပတ်သက်ပြီး သိချင်တာလေးတွေကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

#မန္တလာသွားဆေးခန်း #မန္တလေး

20/02/2026

🦷 သွားညှိထားတယ်လို့ မသိသာစေဘဲ သဘာဝဆန်ပြီး သက်တောင့်သက်သာရှိတဲ့ သွားညှိနည်း (Invisalign Aligner Treatment)

🦷သွားညှိတဲ့အခါမှာ braces တပ်ထားတယ်ဆိုတာကို သိသာနေတာ မကြိုက်ဘူး၊ bracesအတုံးလေးတွေကြောင့် အနေခက်တာ မကြိုက်ဘူးဆိုတဲ့ သူတို့အတွက် သဘာဝဆန်ပြီး သက်တောင့်သက်သာဖြစ်စေတဲ့အပြင် သွားညှိထားတာကို မသိသာစေတဲ့ Invisalign Aligner Treatment လေးနဲ့ မိတ်ဆက်ပေးပါရစေ…

သွားညှိအထူးကုဆရာဝန် Dr. Ei Ei Maung မှ Invisalign Alignerနဲ့ ပတ်သတ်ပြီး အားသာချက်များကို Videoလေးနဲ့ အသေးစိတ် ရှင်းပြပေးထားပါတယ်ရှင် 🥰

ဒါ့အပြင် “Mandalar Dental Center” ရဲ့ အထူးအစီအစဉ်အနေနဲ့-
✔️ပထမဆုံးလာရောက်ပြသသူ (၂) ဦးတည်းကိုသာ 20% လျှော့စျေးပေးမှာဖြစ်ပြီး
✔️သက်တမ်းကာလလေးကတော့ (၂၈.၂.၂၀၂၆) ရက်နေ့အထိပဲဖြစ်တာကြောင့် အမြန်ဆုံး bookingလုပ်ဖို့တော့ လိုပါမယ်နော်…

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

🦷 ကျန်းမာဖြူစင်သော သွားများကို ပိုင်ဆိုင်နိုင်ဖို့ သင့်သွားကျန်းမာရေးအတွက် သိထားသင့်တဲ့ အကြောင်းအရာတွေကတော့…✅ တစ်နေ့ ၂ က...
18/02/2026

🦷 ကျန်းမာဖြူစင်သော သွားများကို ပိုင်ဆိုင်နိုင်ဖို့ သင့်သွားကျန်းမာရေးအတွက် သိထားသင့်တဲ့ အကြောင်းအရာတွေကတော့…

✅ တစ်နေ့ ၂ ကြိမ် သွားတိုက်ပါ
(မနက်စာစားပြီးချိန်နဲ့ ညအိပ်ခါနီးမှာ အနည်းဆုံး ၂ မိနစ်ကြာအောင် စနစ်တကျ သွားတိုက်သင့်ပါတယ်)

✅ ဖလိုရိုက် (Fluoride) ပါသော သွားတိုက်ဆေးသုံးပါ
(ဖလိုရိုက်ဟာ သွားကြွေလွှာကို ခိုင်မာစေပြီး သွားပိုးစားခြင်းကို ကာကွယ်ပေးပါတယ်)

✅ သွားပွတ်ကြိုး (Floss) သုံးပါ
(သွားတိုက်ရုံနဲ့ မစင်ကြယ်နိုင်တဲ့ သွားကြားထဲက အစာဟောင်းတွေကို ဖယ်ရှားဖို့ သွားပွတ်ကြိုး သုံးပေးရပါမယ်)

✅ သင်စားသုံးတဲ့ အစားအသောက်တွေက သွားရဲ့ ကြံ့ခိုင်မှုကို တိုက်ရိုက်သက်ရောက်စေပါတယ်
(ဥပမာ-အချိုရည်များ၊ သကြားလုံးများနှင့် ကပ်စေးသော မုန့်များသည် သွားပိုးစားစေသည့် ဘက်တီးရီးယားများကို ပွားများစေပါတယ်။

-ကယ်လ်စီယမ်ကြွယ်ဝသော အစာများများစားပါ
(ဥပမာ-နွားနို့၊ ဒိန်ချဉ်နှင့် အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များသည် သွားနှင့် မေးရိုးကို သန်မာစေပါတယ်)

🚨ရှောင်ကြဉ်သင့်သည့်အလေ့အထများ🚨
🦷 ဆေးလိပ်သောက်ခြင်း
(ဆေးလိပ်သောက်ခြင်းကသွားတွေကို အရောင်စွန်းစေရုံတင်
မကဘဲ သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာ ဖြစ်ပွားမှုကို မြင့်
တက်စေပါတယ်)

🦷 သွားဖြင့် အမာခဲများ ကိုက်ခြင်း
(ရေခဲတုံးများ၊ နံရိုးများကိုက်ခြင်း၊ပန်းသီးကိုအလုံးလိုက်ကိုက်ခြင်းက သွားအက်ခြင်း သို့မဟုတ် သွားပဲ့ခြင်းကို ဖြစ်စေနိုင်ပါတယ်)

🧑‍⚕️*သွားကျန်းမာရေးကို ဘယ်နှစ်လတစ်ကြိမ်စစ်ဆေးပေးသင့်လဲ?

🦷 သွားကျန်းမာရေးကို ၆လ တစ်ကြိမ်ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

👉🏻🦷 သွားကျန်းမာရေး လိုအပ်ချက်များအတွက် “မန္တလာသွားဆေးခန်း” က သင့်အတွက် အသင့်ရှိနေပါပြီနော်…

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

သွားကိုက်တယ်ဆိုတာ နေရထိုင်ရခက်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒါကြောင့် သွားကိုက်ရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်👇🦷 သွားက...
12/02/2026

သွားကိုက်တယ်ဆိုတာ နေရထိုင်ရခက်တဲ့ ကိစ္စတစ်ခုပါပဲ။ ဒါကြောင့် သွားကိုက်ရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်👇

🦷 သွားကိုက်ရတဲ့ အကြောင်းရင်း အမျိုးမျိုးရှိပေမယ့် အများစုကတော့

- သွားပိုးစားခြင်း: အချိုတွေစားပြီး သွားသေချာမတိုက်ရင် သွားမှာ အပေါက်တွေဖြစ်လာတာပါ။

- သွားဖုံးရောင်ခြင်း: သွားနဲ့သွားဖုံးကြားမှာ ဘက်တီးရီးယားတွေ အောင်းနေရင် သွားဖုံးသွေးထွက်ပြီး နာကျင်တတ်ပါတယ်။

- သွားအက်ခြင်း: မာတဲ့အရာတွေ ကိုက်မိတဲ့အခါ သွားအက်ပြီး အာရုံကြော ထိခိုက်တာမျိုးပါ။

- အံဆုံးပေါက်ခြင်း: အံဆုံးက ထွက်ရခက်ပြီး ဘေးကသွားတွေကို တွန်းတဲ့အခါ အရမ်းနာပါတယ်။

🚨 ဘယ်အချိန်မှာ ဆရာဝန်ဆီ ပြသင့်လဲဆိုရင်

- သွားကိုက်တာ (၂) ရက်ထက် ပိုကြာလာရင်
- ဖျားလာတာ ဒါမှမဟုတ် နားပါ ကိုက်လာရင်
- ပါး ဒါမှမဟုတ် မေးရိုးတွေ ရောင်လာရင်
- ပါးစပ်ဟရတာ ခက်ခဲလာရင် ပြသသင့်ပါတယ်။

သွားကျန်းမာရေးက အထူးအရေးကြီးတာမို့ ပုံမှန်သွားတိုက်ဖို့နဲ့ ခြောက်လတစ်ကြိမ် သွားစစ်ဆေးဖို့ မမေ့ပါနဲ့ဦးနော်…

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

#မန္တလာသွားဆေးခန်း

28/01/2026

ကျွန်တော်တို့ ငယ်ငယ်က သွားတိုက်ဆေးကြော်ငြာတွေမှာ ကြားနေကျ ဖလိုရိုက် (Fluoride) က

✅ သွားကိုခိုင်မာစေတယ်
✅ သွားပိုးစားတာ၊ သွားဖုံးယောင်တာကို ကာကွယ်ပေးတယ်

ဒီလိုပဲ ကြားနေကျလေ…ဟုတ်တယ်မလား?

ဒါလည်း မှန်ပါတယ်…ဒါပေမယ့် ဘယ်သူကမှ ဖလိုရိုက်ဓါတ် (Fluoride)များရင် ဘာတွေဖြစ်နိုင်လဲ ဆက်မပြောကြပါဘူး…

ဒါကြောင့် ဒီ Video လေးထဲမှာတော့ ဖလိုရိုက်ဓါတ် (Fluoride) များတဲ့အခါ သွားမှာ ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာ ပြောပြပေးလိုက်ပါတယ်…

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗

📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

#မန္တလာသွားဆေးခန်း #မန္တလေး

22/01/2026

ကျွန်တော်တို့ “မန္တလာသွားဆေးခန်း”မှာ 𝐖𝐨𝐫𝐥𝐝 𝐍𝐨. 𝟏 𝐂𝐥𝐞𝐚𝐫 𝐀𝐥𝐢𝐠𝐧𝐞𝐫 (𝐔𝐒𝐀 𝐌𝐚𝐝𝐞) ဖြစ်တဲ့ 𝐈𝐧𝐯𝐢𝐬𝐚𝐥𝐢𝐠𝐧 နဲ့ သွားညှိလို့ရပါပြီဗျာ 🤩

𝐈𝐧𝐯𝐢𝐬𝐚𝐥𝐢𝐠𝐧 နဲ့ဆို “သွားညှိထားတယ်” လို့ မိတ်ဆွေသာမပြောရင် ဘယ်သူမှမသိဘူး

ဘာလို့လဲဆိုတော့ သူက တခြား 𝐁𝐫𝐚𝐜𝐞s တွေလို 𝐖𝐢𝐫𝐞 တွေနဲ့သွားညှိတာမဟုတ်ဘူးလေ

▪️ ဒီတော့ braces တွေနဲ့ကုသတာထက်ပိုပီးသက်တောင့်သက်သာရှိတယ်

▪️ 𝐌𝐞𝐭𝐚𝐥 အတုံးလေးတွေပြုတ်မှာကိုလည်း စိတ်ပူစရာမလိုသလို သွားဆေးခန်းလဲ ခနခနသွားစရာမလိုတော့ အချိန်ကုန်သက်သာပါတယ်

ကိုယ့်သွားပုံစံအတိုင်းယူထားတဲ့ အကြည်စွပ်လေးကို တပ်လိုက်ရုံပဲဆိုတော့

✅တပ်ထားမှန်းမသိသာသလို

✅ သန့်ရှင်းရေးလုပ်ရတာလည်း အရမ်းလွယ်တယ်

✅အကြည်ရောင်အစွတ်လေးတွေဖြစ်လို့ ဖြုတ်ရတပ်ရလွယ်ကူပီး

✅ အစားအစာတွေကိုလည်း ကိုယ်ပုံမှန်စားနေကျအတိုင်းပဲ စားလို့ရတယ်

ပုံမှန် 𝐖𝐢𝐫𝐞 နဲ့ 𝐁𝐫𝐚𝐜𝐞 တပ်တာထက် 𝐈𝐧𝐯𝐢𝐬𝐚𝐥𝐢𝐠𝐧 က 𝐑𝐞𝐬𝐮𝐥𝐭 ရတာ ပိုမြန်တော့

- နိုင်ငံခြားမသွားခင်လေး သွားညှိချင်တယ်
- သွားညှိဖို့ကို အချိန်အများကြီးမပေးချင်ဘူး
- 𝐁𝐫𝐚𝐜𝐞 ကို နှစ်နဲ့ချီ အသေတပ်မထားချင်ဘူးဆိုတဲ့သူတွေအတွက်ကတော့

𝐈𝐧𝐯𝐢𝐬𝐚𝐥𝐢𝐠𝐧 က နံပါတ် (၁) စဉ်းစားသင့်တဲ့ထဲမှာ ပါပါတယ်ခင်ဗျာ

👉🏻“Mandalar Dental Center”ရဲ့ အထူးအစီအစဉ်အနေနဲ့ ပထမဦးဆုံး Booking ပြုလုပ်သူ (၂) ဦးတိတိကို

🎁 20% Discount နဲ့
🎁 သွားညှိအထူးကုဆရာဝန်ကြီးနှင့် Free Consultation ပြုလုပ်
နိုင်မယ့် အခွင့်အရေးတွေ ရရှိနိုင်မှာဖြစ်ပါတယ်…

သတ်မှတ်ရက်လေးကလည်း
🗓️ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ဖေဖော်ဝါရီလ (၂၈) ရက်နေ့အထိပဲ ဖြစ်တာကြောင့် အမြန်ဆုံး လာရောက် Booking ယူဖို့ မမေ့ကြပါနဲ့ဦးနော်…

“မန္တလာသွားဆေးခန်း”

☎️ 𝐇𝐨𝐭𝐥𝐢𝐧𝐞 - 𝟎𝟗 𝟗𝟒𝟑 𝟎𝟖𝟎 𝟎𝟗𝟗
📍𝐀𝐝𝐝𝐫𝐞𝐬𝐬 - 𝟑𝟐 (𝐀) 𝐒𝐭𝐫𝐞𝐞𝐭, 𝐁𝐞𝐭 𝟔𝟖 & 𝟔𝟗 𝐒𝐭𝐫𝐞𝐞𝐭, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

“သွားနှင့်ခံတွင်းကျန်းမာ
မန္တလေးမှာဆို 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐫 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐞𝐧𝐭𝐞𝐫“

#မန္တလာသွားဆေးခန်း

Address

33rd Street, Between 68th And 69th
Mandalay

Alerts

Be the first to know and let us send you an email when Mandalar Dental Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mandalar Dental Center:

Share