Shoon Lei May Paing - Vital Flow Healing Service

Shoon Lei May Paing - Vital Flow Healing Service Healing makes your perfect life!

မင်္ဂလာ နံနက်ခင်းပါရှင် မတွေ့တာကြာလို့ အားလုံးကို သတိရနေပါတယ်ရှင် August လရဲ့ Gassho Meditation Program လေးမှာတက်ရောက်ခဲ...
24/10/2024

မင်္ဂလာ နံနက်ခင်းပါရှင်
မတွေ့တာကြာလို့ အားလုံးကို သတိရနေပါတယ်ရှင်

August လရဲ့ Gassho Meditation Program လေးမှာတက်ရောက်ခဲ့ကြသူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင် ❣️
ဒီProgramလေးမှာ တက်ရောက်ခဲ့ကြတဲ့ အစ်ကို၊အ​စ်မ၊ဦးလေး၊အဒေါ်တွေရဲ့ လက်တွေ့ခံစားရရှိတဲ့ Report လေးတွေကိုဖော်ပြပေးလိုက်ပါတယ်ရှင့်

မပျက်မကွက်တက်ရောက်ပေးကြသူများအားလုံးနှင့် အခုလို feedback လေးတွေပေးကြတဲ့ ကျွန်မရဲ့မိသားစုဝင်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်🙏🙏🙏
ယခုလို လူအများအတွက် Meditation Program လေးတွေကို ပြုလုပ်ပေးခွင့်ရတာလည်း ကျေးဇူးတင်ပါတယ်ရှင်

ကိုယ်စိတ်နှလုံး သုံးပါးစလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ
ရွှန်းလဲ့မေပိုင်
Vital Flow Healing

ိုအောင်မြင်စွာဖြတ်သန်းခဲ့ကြသူများ၏စကားသံ

မိဘလုပ်ကျွေးရခြင်း အကျိူးများ 🥰🙏🏼
30/09/2024

မိဘလုပ်ကျွေးရခြင်း အကျိူးများ 🥰🙏🏼

23/09/2024

TRUST FREE SHARING
=================
စောင့်နေတာကြာပြီ ဆိုတာ သိပါတယ်

မနက်ဖန် ည ၇:၀၀ နာရီ Free Sharing လေး ရမယ်ဆို ပျော်နေသူတွေ

ပျော်လက်စနဲ့ မိတ်ဆွေတွေကို ဖိတ်တော့ ခေါ်တော့ Share ပေးတော့

စိတ်ဒုက္ခ စိတ်သုခ တဲ့ ခေါင်းစဉ်လေးက
လာမယ်ဆိုပြောထားပေးနော်

မိတ်ဆွေတွေ ခေါ်လာနော်

စိတ်ဒုက္ခရှိနေရင် လာခဲ့လို့သာ ပြောလိုက်
ထွက်ပေါက်တစ်ခု အတွက်

တစ်နာရီခွဲသာသာ အချိန်လေးပဲ လိုပါတယ် လို့နော်

ချစ်တဲ့
ဆရာ

18/09/2024
18/09/2024

အရင်ရက်က
မဝင်းမြတ်သူကတဆင့်
လှူထားတဲ့ အလှူထဲက တစ်ခု

တို့လှူထားတဲ့ အလှူတွေ

တစ်ခုပြီး တစ်ခု တင်ပေးပါမယ်နော်

11/09/2024

🍀ဆီချိူသမားတွေအတွက် 🍀

ဆီးချိုပြောင်းပြန်လှန်သင်တန်း (၅)ရက် Free တက်ရောက်နိုင်မည့် အစီစဉ်လေးစိတ်ဝင်စားတယ်ဆိုလျှင် လာရောက်တက်ဖို့ ဖိတ်ခေါ်ပါတယ် 🙏🏼✨✨✨

https://www.facebook.com/ultimatelifestyle.mm?mibextid=LQQJ4d

“ #အတွေးကိုထိန်းချုပ်နည်း”*****************************(ပါချုပ်ဆရာတော်ဘုရားကြီး)🙏.မကောင်းတဲ့အတွေးတွေ ဖျောက်တဲ့နည်း ဘုရား...
04/09/2024

“ #အတွေးကိုထိန်းချုပ်နည်း”
*****************************
(ပါချုပ်ဆရာတော်ဘုရားကြီး)🙏
.မကောင်းတဲ့အတွေးတွေ ဖျောက်တဲ့နည်း ဘုရားရှင်ဟောထားတယ်..

(၁) #အာရုံပြောင်းတဲ့နည်း

(၂) #အတွေးရဲ့အပြစ်ကို ဆင်ခြင်သုံးသပ်တဲ့နည်း

(၃) #မေ့ပစ်တဲ့နည်း၊ စိတ်ထဲမှာ မထားနဲ့။
ဆက်မတွေးနဲ့လို့ ဆိုလိုတာ။

ကိုယ်တွေးတဲ့အတွေး တခုဟာ ဖျောက်လို့
မရဘူးဆိုရင် ဆက်မတွေးဘဲ၊ စိတ်ထဲမှာကို ပေါ်မလာအောင် မေ့ထားပါ။

(၄) #အတွေးရဲ့အခြေအမြစ်ကိုရှာတဲ့နည်း

ဥပမာ- လောဘနဲ့တွေးတဲ့အတွေးတွေ၊ ဒေါသ၊ မောဟ အတွေးတွေ ရန်လိုချင်တဲ့အတွေးတွေ ဘယ်က စနေတာတုံးဆိုတဲ့ အတွေးရဲ့အခြေအမြစ်ကို သိအောင်ရှာရမယ်။

ရှာရင်းရှာရင်းနဲ့ ထွက်ပေါက် တွေ့သွားလိမ့်မယ်။ အတွေးဟာ ဖျောက်ပြီးသားဖြစ်သွား မယ်။

အကြောင်းရှာရင်းနဲ့ပဲ ထိုအတွေးရဲ့
ထွက်ပေါက်ကို ရသွားနိုင်တယ်။

(၅)။ #နောက်ဆုံးပဉ္စမနည်းကျတော့ မြတ်စွာဘုရားက

(၁)။ အာရုံပြောင်းတဲ့စနစ်နဲ့လည်း မအောင်မြင်ဘူး။

(၂)။ အပြစ်ကို ဆင်ခြင်တွေးတောတဲ့နည်းနဲ့လည်း
မအောင်မြင်ဘူး။

(၃)။ မေ့လို့လည်း မရဘူး။

(၄)။ အရင်းအမြစ်ကိုရှာလို့လည်း မရဘူးဆိုရင် .....

စိတ်ကိုစိတ်နဲ့ ဖိနှိပ်ပြီး မရရအောင် ကြိုးစားပါတဲ့။
နောက်ဆုံးကတော့ ဒါပဲ။ လက်လျှော့ မပေးနဲ့တဲ့။
နောက်ဆုံးကျရင် မရရအောင် လုပ်ပါ။
မြတ်စွာဘုရား ဘယ်လောက် ထိအောင် ဟောထားတုန်း
ဆိုရင် “ဒန္တေဘိဒန္တ မာဓာယ၊ ဇိဝှါယ တာလုံ အာဟစ္စ”တဲ့။
အံကြိတ်ပြီးတော့ လုပ်ရမယ်တဲ့။

မကောင်းတဲ့ အတွေးတွေးနေရင် ___
အဲဒီ အတွေးကို .....
အံကြိတ်ပြီး ဖြေရှင်းရမယ်။
လောကလူတွေက
အံတော့ ကြိတ်ပါတယ်။ဘာနဲ့ ကြိတ်တာတုံး။
မခံချင်တဲ့ စိတ်နဲ့ ကြိတ်တာ။
လူတစ်ယောက်ကို
မခံချင်ဘူးဆိုရင် အဲဒီမခံချင်တဲ့စိတ်နဲ့
အံကြိတ်တာနော်။

“ဇိဝှါယ တာလုံ အာဟစ္စ” ဆိုတာ
လျှာနဲ့ အာခေါင်ကိုထောက်၊
တက်ခေါက်ပြီးတော့ ဒါမျိုး ငါ ဖြစ်ကို မဖြစ်စေရဘူး
ဆိုပြီး စိတ်ကို စိတ်နဲ့ ဖိညှစ်ကာ မကောင်းတဲ့
အတွေးတွေကို ဖယ်ရှားပစ်ပါတဲ့။
ဒါက “ဝိတတ္တ သဏ္ဌာန” သုတ်မှာ
မြတ်စွာဘုရားက ဟောတာနော်။

အဲတော့ စိတ်ရဲ့ အတွေးတွေထဲက မကောင်းတဲ့
အတွေးတွေကို ဟောဒီနည်းစနစ်ငါးမျိုး ပြန်ပြီးတော့
ပြောရအောင်။

နံပါတ်(၁) အာရုံပြောင်းပြီးတော့ ဖြေရှင်းတဲ့နည်းစနစ်။

နံပါတ် (၂) က အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းတဲ့နည်း။

နံပါတ် (၃) က မေ့ပစ်တဲ့နည်း။

နံပါတ် (၄) က အရင်းအမြစ် ရှာဖွေပြီးတော့ ဖြေဖျောက်တဲ့နည်း။

နံပါတ် (၅) က
စိတ်နဲ့ ဖိညှစ်ပြီး မရရအောင် ကြိုးစားတဲ့နည်းတဲ့။
ဟောဒီ (၅)မျိုးပဲ။

အဲဒီ (၅) မျိုးနဲ့ လုပ်ရင် စိတ်ရဲ့ အတွေးတွေ၊ မကောင်းတဲ့
အတွေးတွေဟာ လုံးဝ ကင်းသွားပြီးတော့ အတွေးပေါ်မှာ
ပိုင်နိုင်မှုဆိုတဲ့ စွမ်းရည်တစ်ခု ရလာနိုင်တယ်။
အဲဒီ့စွမ်းရည်က ကိုယ်တွေးချင်တဲ့ အတွေးကို တွေးနိုင်တယ်။
ကိုယ်မတွေးချင်တဲ့ အတွေးကိုထိန်းချုပ်နိုင်တယ်။

ဘယ်လောက်ကောင်းလဲ။
သာမန်အခြေအနေမှာမတွေးချင်တဲ့
အတွေးလည်း
တွေးနေရတယ် မဟုတ်လား။ ဒီအတွေး မကောင်းမှန်း
သိပေမယ့် တွေးနေမိတယ်။

ဥပမာ __ သရဲကြောက်တတ်တဲ့လူက ညအခါ
သရဲကြီးလာတယ် ၊ တွေးနေမိတာပဲ။
ကြောက်စရာ အတွေးတွေလည်း တွေးနေတာပဲ။
ဘာဖြစ်မှာ၊ညာဖြစ်မှာ တွေးပြီးတော့တွေးနေတဲ့
အတွေးတွေက ကိုယ့်ကိုကိုယ် ပြန်ခြောက်နေတာ။

ကိုယ်မတွေးချင်တာလည်း တွေးနေရတာပဲ။
အချို့များ ကြောက်လွန်းအားကြီးတော့ ....
စောင်ခေါင်းမှီးခြုံအိပ် ချွေးပြန်ရင်း မတွေးချင်တဲ့
အတွေးတွေ တွေးမိပြီး အတွေးရဲ့နှိပ်စက်မှုကိုခံနေရတယ်။

▬▬▬▬▬▬▬▬▬▬▬▬▬▬▬
“အတွေးကို ထိန်းချုပ်နိုင်ခြင်း အကျိုး”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မတွေးချင်တဲ့အတွေးတွေ တွေးနေမိတဲ့အခါ
ဒီနည်းစနစ်တွေ ကျင့်သုံးပြီး အတွေးကို ပယ်ဖျောက်
နိုင်မယ်ဆိုရင် ___
အဲဒီပုဂ္ဂိုလ်ဟာ အတွေးပေါ်မှာ .....
စွမ်းရည်သတ္တိတွေ ရသွားပြီး ကိုယ်တွေးချင်တဲ့
အတွေးကို တွေးနိုင်မယ်။

ကိုယ်မတွေးချင်တဲ့ အတွေးကို
မတွေးဘဲနေလို့ ရသွားလိမ့်မယ်တဲ့။
လေ့ကျင့်ပြီး ယူကြည့်ကြ။

အဲဒီလို ရသွားပြီဆိုရင် ___
တဏှာကို တွယ်တာမှုတွေ
အားလုံးဖယ်ရှားနိုင်လိမ့်မယ်။
သံယောဇဉ်တွေလည်း
ကင်းသွားလိမ့်မယ်။ အထင်အမြင်ဆိုတဲ့ မာန်မာနတွေလည်း
အားလုံးကျသွားပြီး နောက်ဆုံးမှာ ဒုက္ခဟူသမျှ
လုံးဝကင်းလွတ်သွားလိမ့်မယ်။
ဒါ မြတ်စွာဘုရားဟောထားတာ ___

နောက်ဆုံး ____
ဒုက္ခ အားလုံးက လွတ်သွားလိမ့်မယ်တဲ့။

ဒုက္ခတွေ ဘယ်က ရနေတာတုံးဆိုရင် ____
ဟောဒီ ... အတွေးတွေကရနေတာ။
နေ့စဉ်နဲ့အမျှ လူတွေက .....
တွေးနေကြတာ မဟုတ်လား__?
အဲဒီအတွေးတွေကြောင့် .....
ဒုက္ခရောက်နေတာ။
အဲဒီမကောင်းတဲ့ အတွေးတွေကို
ဖယ်ရှား ပစ်လိုက်နိုင်တာနဲ့တစ်ပြိုင်နက် တဏှာကိုလည်း
ပယ်ရှားနိုင်မယ်။ သံယောဇဉ်တွေကိုလည်း
ကင်းအောင်လုပ်နိုင်သွားမယ်။
မာနတွေကိုလည်း
ဖယ်ရှားပစ်နိုင်မယ်တဲ့။

အဲဒီတဏှာတွေ၊ မာနတွေ၊
သံယောဇဉ်တွေ ကင်းသွားပြီဆိုရင်
လူ့လောကမှာ
ကြုံရတဲ့ ဒုက္ခမှန်သမျှ၊ သံသရာထဲမှာ
ကြုံရတဲ့
ဒုက္ခ မှန်သမျှ လုံးဝအဆုံးသတ်သွားပါလိမ့်မယ်။

ဒါဟာ ____
စိတ်၏အတွေးများနဲ့ ပတ်သက်လို့
ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ “ဝိတက္ကသဏ္ဌာနသုတ်”လာ
တရားဒေသနာ ဖြစ်ပါတယ် ။
==================

【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】🙏🙏🙏🙏🙏🙏🙏🙏🙏
ဓမ္မပါလ ဆရာတော်

credit:
မူရင်း။
May Yuri‎


#ဝိမုတ္တိယုဂခေတ်

Address

Patheingyi
Mandalay

Website

Alerts

Be the first to know and let us send you an email when Shoon Lei May Paing - Vital Flow Healing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share