Shwe Physiotherapy & Rehabilitation Care

  • Home
  • Shwe Physiotherapy & Rehabilitation Care

Shwe Physiotherapy & Rehabilitation Care Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Physiotherapy & Rehabilitation Care, Medical and health, 88St, bet 27-28, .

သင်ရဲ့အရိုးအကြောအဆစ်ဆိုင်ရာရောဂါများကို
Shwe Physiotherapy Centerမှ Physiotherapist [B.Med.Tech(Physiotherapy)ဘွဲ့ရ ]ဆရာမနှင့်အသေးစိပ်တိုင်ပင်ဆွေးနွေး၍ ကုသနိုင်ပါသည်ရှင့်။☘️☘️☘️
Saturday & Sunday — 4:00PM to 8:00PM
Monday to Friday— 6:30PM to 8:30PM

“Shwe”ဆေးခန်းဖွင့်ချိန်လေး ကြေငြာချင်လို့ပါရှင့်🎉🎉🎉Monday to Friday— 6:30PM to 8:30PMSaturday & Sunday — 4:00PM to 8:00P...
07/02/2026

“Shwe”ဆေးခန်းဖွင့်ချိန်လေး
ကြေငြာချင်လို့ပါရှင့်🎉🎉🎉
Monday to Friday— 6:30PM to 8:30PM
Saturday & Sunday — 4:00PM to 8:00PM

မဂ်လာပါရှင့် ☘️☘️☘️Ankle Sprainလို့ခေါ်တဲ့ ခြေချင်းဝတ်ရှိအရွတ်ယောင်ခြင်း ဒဏ်ဖြစ်ခြင်းအတွက် Physiotherapy ကုသမှုများကို ပ...
07/08/2025

မဂ်လာပါရှင့် ☘️☘️☘️
Ankle Sprainလို့ခေါ်တဲ့ ခြေချင်းဝတ်ရှိအရွတ်ယောင်ခြင်း ဒဏ်ဖြစ်ခြင်းအတွက် Physiotherapy ကုသမှုများကို
ပြောပြပေးပါမည်ရှင်။



🎯 ကုသမှုရည်ရွယ်ချက်များ

• နာကျင်မှုနှင့် ယောင်ယမ်းမှု လျှော့ချခြင်း
• လှုပ်ရှားမှုများ (ROM) ပြန်လည်ရရှိစေခြင်း
• ကြွက်သားအား ကောင်းမွန်မှု တိုးတက်စေခြင်း
• ထပ်မံမပြတ်ရန်/ဒဏ်မဖြစ်ရန် ကာကွယ်ခြင်း
• မူလလှုပ်ရှားမှုများ ပြန်သုံးနိုင်စေခြင်း



📆 ကုသခြင်းအဆင့်များ

🔹 အဆင့် (၁): ပထမတစ်ပတ်အတွင်း
⭐️R.I.C.E Method⭐️

⭐️Rest-အနားယူခြင်း၊
⭐️Ice- ရေခဲအိတ်ကပ်ခြင်း၊ပတ်ခြင်း၊
⭐️Compression-ယောင်ယမ်းမှုလျော့ကျရန် elastic bandageပတ်တီးဖြင်းစီးခြင်း
⭐️Elevation-ခြေအဖျားမြင့်ထားခြင်း

✳️Ultrasound Therapy (အသံလှိုင်းဖြင့်ကုသမှု)
✳️TENS (လျှပ်စစ်လှိုင်းဖြင့် နာကျင်မှုလျော့ချခြင်း)




🔹 အဆင့် (၂): ၇ရက် မှ ၂ပတ်အတွင်း

ရည်ရွယ်ချက်: ROM ပြန်ရစေခြင်း၊ ကြွက်သားစွမ်းအား တိုးစေခြင်း

ကုသမှုများ:

• အဆစ်လှုပ်ရှားမှုတိုးရန် Ankle ROM Exercise
• ခြေဖိ, ခြေနင်းမြှောက်ခြင်း၊ မျဉ်းပြန်ခြင်း (inversion/eversion)
• Isometric Exercise



🔹 အဆင့် (၃): ၂ ပတ်–၄ ပတ်

ရည်ရွယ်ချက်: ကြွက်သားခိုင်မာမှုတိုးတက်စေရန်

ကုသမှုများ:
• Theraband → Resistance အားနဲ့ ဆက်လေ့ကျင့်ခြင်း
• Functional Exercises(နေ့စဉ်လှုပ်ဆောင်မှုactivity အတိုင်းလေ့ကျင့်ခြင်း)
• Balancing Exercises (ဟန်ချက်ထိန်းသည့် လေ့ကျင့်မှုများ)



🔹 အဆင့် (၄): ၄ ပတ်–၆ ပတ် (ကစားမှု/အလုပ် ပြန်စရန်)

ရည်ရွယ်ချက်: အပြည့်အဝ လှုပ်ရှားမှု ပြန်ရလာစေခြင်း၊ ပြန်ပြတ်ခြင်း ကာကွယ်ခြင်း

ကုသမှုများ:
• Plyometric Exercises:
• Agility drills (ဘောလုံးသမား/ပြေးသူများအတွက် အသုံးဝင်သည့်လေ့ကျင့်ခန်းများ)
• Taping/Ankle support – ပြန်လှုပ်ရှားချိန်မှာ supportive aidဖြင့် ထောက်ပံ့ခြင်း

Shwe Physiotherapy &Rehabilitation Care
88လမ်း 27-28ကြား မန္တလေးမြို့။
📞09-401636845

ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများ ပြန်လည်သက်သာချင်ပါသလား? 🧘‍♂️🧘‍♂️🧘‍♂️🎯 အောက်ပါအခက်အခဲများအတွက် အထူးသင့်လျော်ပါသည် –✔️ နာကျ...
13/07/2025

ခန္ဓာကိုယ်နာကျင်ကိုက်ခဲမှုများ ပြန်လည်သက်သာချင်ပါသလား? 🧘‍♂️🧘‍♂️🧘‍♂️

🎯 အောက်ပါအခက်အခဲများအတွက် အထူးသင့်လျော်ပါသည် –
✔️ နာကျင်မှုကြောင့်လှုပ်ရှားရာခက်သူများ
✔️ Stroke / Paralysis ပြန်လည်လေ့ကျင့်သူများ
✔️ Office Syndrome, Frozen Shoulder, Back Pain
✔️ Elderly care physiotherapy

🕒 စနေ တနဂ်နွေ တိုင်း
(မနက် ၁၀နာရီမှ ည၇နာရီထိ ကုသမှုပေးနေပါပြီ)✅

📞 Appointment ရယူရန် – 09401636845
(Bookingစနစ်သာလက်ခံပါသည်✅)

📍 Clinic တည်နေရာ – 88လမ်း၊27-28ကြား မန္တလေးမြို့
“ရွှေ”အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး

🔹OA Knee (ဒူးကျီးပေါင်းရောဂါ)🔹Ankle Sprain(ခြေကျင်းဝတ်အရွတ်ယောင်ခြင်း)🔹Neck Muscle Strain     (လည်ပင်းကြွက်သားဒဏ်ဖြစ်ခြင...
10/11/2024

🔹OA Knee (ဒူးကျီးပေါင်းရောဂါ)
🔹Ankle Sprain(ခြေကျင်းဝတ်အရွတ်ယောင်ခြင်း)
🔹Neck Muscle Strain
(လည်ပင်းကြွက်သားဒဏ်ဖြစ်ခြင်း)
🔹Sciatica Pain (ခါးအာရုံကြောညပ်ခြင်း)
🔹Cervical Radiculopathy
(လည်ပင်းအာရုံကြောညှပ်ခြင်း)
🔹Intrinsic Muscle Wasting (လက်ချောင်းရှိကြွက်သား
များအားနည်းခြင်း/သိမ်ခြင်း)

အစရှိသည့် ရောဂါဝေဒနာများကို
လာရောက်ကုသနိုင်ပါသည်ရှင့်☘️☘️☘️

☘️ရွှေ☘️
02/11/2024

☘️ရွှေ☘️

ယုံကြည်စွာဖြင့် ကုသမှုခံယူတဲ့Patient များကို အထူးကျေးဇူးတင်ပါတယ်😊😊😊သက်သာလို့ဆိုပြီး အသိမိတ်ဆွေတွေပါခေါ်လာပေးတဲ့လူနာများလ...
27/10/2024

ယုံကြည်စွာဖြင့် ကုသမှုခံယူတဲ့Patient များကို အထူးကျေးဇူးတင်ပါတယ်😊😊😊
သက်သာလို့ဆိုပြီး အသိမိတ်ဆွေတွေပါ
ခေါ်လာပေးတဲ့လူနာများလဲ ကျေးဇူးပါရှင့်☘️☘️☘️

မဂ်လာပါရှင့်☘️☘️☘️အခုတခေါက် Sharing လုပ်ပေးမဲ့ အကြောင်းအရာလေးကတော့ Planter Fascitis (ခြေဖနောင့်နာခြင်း\ ခြေဖနောင့်အရွတ်ပ...
25/10/2024

မဂ်လာပါရှင့်☘️☘️☘️

အခုတခေါက် Sharing လုပ်ပေးမဲ့ အကြောင်းအရာလေးကတော့ Planter Fascitis (ခြေဖနောင့်နာခြင်း\ ခြေဖနောင့်အရွတ်ပြားယောင်ခြင်း) ပဲဖြစ်ပါတယ်ရှင့်

❇️Planter Fasciaလို့ခေါ်တဲ့ အရွတ်ပြားသည် ခြေဖဝါးမှာရှိတဲ့ calcaneum boneနှင့် metatarsal headကိုဆက်ထားသည့် ခုံးခုံးပုံစံရှိသည့် အရွတ်ပြားဖြစ်ပါသည်။
လမ်းလျောက်လျင် ခန္ဓာကိုယ်၏ 110% ၊ပြေးလျင် ခန္ဓာကိုယ်၏ 250%က Planter Fasciaအပေါ်တွင် သက်ရောက်အားရှိပါသည်။

❇️မတ်တပ်ရပ်/လမ်းလျောက်ချိန် ကြာမြင့်သူများ၊
Body Weightများလွန်း သူများမှာ fasciaအရွတ်ပြားဒဏ်
ဖြစ်၍ ခြေဖနောင့်နာလေ့ရှိပါသည်။အခြားပြသနာ
များကြောင့်လဲဖြစ်တတ်ပါသေးသည်။

-ခြေခွင်သူများ
-ခြေဖဝါးပြားသူများ
-ဖိနပ်ပုံစံ အံဝင်ခွင်ကျမဖြစ်သူများ
-Dancerသမားများကဲ့သို့ ခုန်လွန်းခြင်း/ပြေးလွန်းခြင်း
-ခြေဖနောင့် အရိုးအတက်ထွက်ခြင်း
-ဆီးချိုရောဂါရှိခြင်း
-ခြေဖနောင့်အတိုအရှည်မညီညာခြင်း
-ခြေသလုံးကြွက်သား တော့င့်တင်းခြင်း/အားနည်းလျော့တွဲခြင်း တို့ကြောင့်လဲ ဖြစ်နိုင်ပါသေးသည်။

🛑🛑🛑ဘလိုလက္ခဏာတွေ ခံစားရလဲ —?

မနက်အိပ်ယာနိုးနိုးချင်း ထရပ်သည့်အချိန်၊ကြာကြာထိုင်နေရာမှ ထရပ်သည့်အချိန်၊လှေကားအတက်အဆင်းလုပ်သည့်အချိန်များတွင် Stabbing pain(ဓါးနှင့်ထိုးလိုက်သလို စူးကလဲနာကျင်မှု)ကို ခံစားရပါသည်။

❇️90%က conservative method နှင့်ပျောက်ကင်းလေ့ရှိပါသည်။
❇️အိမ်တွင်းကုထုံးလေ့ကျင့်ခန်းမှာ
ခြေဖနောင့် ယောင်ပြီးနာလျင် ရေအေးထည့်ထားသည့် ဖန်ပုလင်း၊မယောင်ဘဲ နာပဲနာလျင် ရေနွေးထည့်ထားသည့်ဖန်ပုလင်းကို ခြေဖနောင့်နှင့် 5mins ခန့်လှိမ့်စေခြင်းဖြင့် ယောင်ယမ်းမှုလျော့ကျ၍ Healingကောင်း၍ သက်သာစေပါသည်။

အိမ်တွင်းကုထုံးလေ့ကျင့်ခန်းနှင့် မသက်သာလျင် Physiotherapy ဆေးခန်းသို့ လာရောက်ကုသနိုင်ပါသည်။✅✅✅

-Myofascial Release Technique
-Stretching Exercise
-Electrotherapy (Shockwave /USG /Laser)
-Supportive aid wearing (Taping/Heel Cushion)
စသည့် သင့်တော်မည့်ကုထုံးနည်းများဖြင့် ကုသပေးနေပါသည်။

ရွှေ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး
Shwe Physiotherapy & Rehabilitation Care
👁️‍🗨️၈၈လမ်း၊၂၇-၂၈ကြား ၊ မန္တလေးမြို့။
📞09401636845

မဂ်လာပါရှင့်☘️☘️☘️အသက်၄၅နှစ်နောက်ပိုင်းတွင် လူအယောက်၁၀၀မှာ၄၆ယောက် မှ ၅၀အထိ ဖြစ်ပွါးလေ့ရှိတဲ့ ဒူးကျီးပေါင်းရောဂါ(Osteoart...
22/10/2024

မဂ်လာပါရှင့်☘️☘️☘️

အသက်၄၅နှစ်နောက်ပိုင်းတွင် လူအယောက်၁၀၀မှာ
၄၆ယောက် မှ ၅၀အထိ ဖြစ်ပွါးလေ့ရှိတဲ့ ဒူးကျီးပေါင်းရောဂါ(Osteoarthritis Knee) အကြောင်းကို Sharing လုပ်ပေးချင်ပါတယ်ရှင့်။

🔵OA Kneeသည် ဒူးဆစ်အတွင်းရှိ အရိုးနုကလေးများ ပျက်စီးယိုယွင်းလာခြင်းကြောင့် စတင်ဖြစ်ပေါ်လာပါသည်။

အတွေ့များသောလက္ခဏာများမှာ

-အချိန်အခါမရွေးဒူးနာခြင်း
-လှုပ်ရှားမှုပြုလုပ်သည့်အချိန် ပို၍နာခြင်း
-ဒူးဆစ်ယောင်ခြင်း
-ဒူးဆစ်အကွေးအဆန့်လုပ်ရန် ခက်ခဲခြင်း
-အထိုင်အထ ခက်ခဲခြင်း
-လှုပ်ရှားမှုပြုလုပ်သည့်အချိန် ဒူးဆစ်မှအသံမြည်ခြင်း
-ဒူးဆစ်ကြွက်သားများ အားနည်းခြင်း (သို့မဟုတ်)
သိမ်ခြင်း

🔵OA Kneeကို Primary OA နှင့် Secondary OA နှစ်မျိုးခွဲခြားထားပါသည်။

🔵Primary OA Knee သည်အသက်အရွယ်ကြီးရင့်လာမှုကြောင့် ဒူးဆစ်၏အရိုးနုကလေးများ ပျက်စီးယိုယွင်းမှုကြောင့် ဖြစ်ပေါ်လေ့ရှိပါသည်။

🔵Secondary OA Knee သည် အဝလွန်ခြင်း၊ဒူးဆစ်၏အရွတ်များခိုင်ခံ့မှုအားနည်းခြင်း၊ဒူးဆစ်၏အနေအထားမှားယွင်းခြင်း/ပုံပျက်ခြင်း၊Traumatic Injuryဟုခေါ်သည့် ထိခိုက်ကျိုးပဲ့ခြင်း၊ဒဏ်ရာရခြင်း၏ နောက်ဆက်တွဲဆိုးကျိုးကြောင့် ဖြစ်ခြင်း၊
ကိုယ်လက်လှုပ်ရှားမှုနည်းပါးလွန်းခြင်း၊
အရိုးပျော့ရောဂါ(Rickets)၏ နောက်ဆက်တွဲကြောင့်ဖြစ်ပေါ်ခြင်း တို့ပဲဖြစ်ပါသည်။

ဘယ်လိုကုသမလဲ …………???

✅OA Kneeကို NSAIDs ဆေးဝါးများပေး၍ကုသခြင်း၊Physiotherapy Treatment ယူ၍ကုသခြင်းတို့ဖြင့်
အရင် ကုသလေ့ရှိပါသည်။

✅Physiotherapy Treatment တွင် ခေတ်မှီစက်ကိရိယာများနှင့် နာကျင်ယောင်ယမ်းခြင်းများကို သက်သာအောင်ကုသခြင်းနှင့်
Knee Muscle Rehab Exercises (ဒူးဆစ်ကြွက်သားများ ပြန်လည်သန်စွမ်းအောင်လေ့ကျင့်ပေးခြင်း)တို့ဖြင့် ကုသပေးပါသည်။

✅Conservative Methodနှင့် မသက်သာပါက Surgery ခွဲစိတ်ကုသခြင်း (သို့မဟုတ်)
Total Knee Replacement ဟုခေါ်သည့် ဒူးဆစ်အစားထိုးခွဲစိတ်ကုသခြင်း တို့ဖြင့်ကုသနိုင်ပါသည်။

ဒူးနာဝေဒနာ စတင်ခံစားရပီဆိုလျှင် မပေါ့ဆဘဲ
ရောဂါဝေဒနာမပြင်းထန်ခင် Physiotherapy Treatment ယူ၍ တိုင်ပင်ကုသသင့်ပါသည်။

အကြံပေးဆွေးနွေးလိုပါလျှင် 👇🏼

Shwe Physiotherapy & Rehabilitation Center
88လမ်း၊27-28ကြား မန္တလေးမြို့။
09-401636845

Aging Factors (အသက်အရွယ်အရဖြစ်ပွါးခြင်း) Injury (ထိခိုက်ဒဏ်ရာရခြင်း)Poor Posture (ခန္ဓာကိုယ် အနေအထား မှားယွင်းနေထိုင်မှု...
20/09/2024

Aging Factors (အသက်အရွယ်အရဖြစ်ပွါးခြင်း)
Injury (ထိခိုက်ဒဏ်ရာရခြင်း)
Poor Posture (ခန္ဓာကိုယ် အနေအထား မှားယွင်းနေထိုင်မှု)
တို့ကြောင့် ဖြစ်ပေါ်လာသည့်
ဒူးကျီးပေါင်း ခါးကျီးပေါင်း လည်ပင်းကျီးပေါင်း
အာရုံကြောညပ်ခြင်း ကြွက်သားယောင်ယမ်းခြင်း
အရွတ်ယောင်ယမ်းခြင်းစသည့် ရောဂါဝေဒနာများကို
👇🏼👇🏼👇🏼

Electro Therapy (စက်ပစ္စည်းနှင့်ကုသပေးခြင်း) +
Exercise Therapy (လေ့ကျင့်ခန်းနှင့်ကုသပေးခြင်း)
တို့ဖြင့် သက်သာပျောက်ကင်းအောင်ကုသပေးနေပြီဖြစ်
ပါသည်ရှင့်☘️☘️☘️

ရွှေ
အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး
88လမ်း၊ 27-28ကြား၊မန္တလေးမြို့။
09401636845

မဂ်လာပါရှင့်☘️☘️☘️ယခုလတ်တလော အေးသည့်ရာသီများတွင် အဖြစ်များသည့်ရောဂါ မျက်နှာတခြမ်းရွဲ့ခြင်း (Bell’s Palsy)အကြောင်းကို Kno...
10/09/2024

မဂ်လာပါရှင့်☘️☘️☘️

ယခုလတ်တလော အေးသည့်ရာသီများတွင် အဖြစ်များသည့်ရောဂါ မျက်နှာတခြမ်းရွဲ့ခြင်း (Bell’s Palsy)အကြောင်းကို Knowledge Sharing လုပ်ပေးချင်ပါတယ်ရှင့်

Bell’s Palsy (မျက်နှာတခြမ်းရွဲ့ခြင်း)

🟢Bell’s Palsyဖြစ်ရသည့်အကြောင်းရင်းမှာ ဦးနှောက်မှထွက်သည့် အာရုံကြောနံပါတ် ၇ (Cranial Nerve Vll)
ဖြစ်သည့် Facial Nerve ဟုခေါ်သော အာရုံကြော ယောင်ယမ်း၍ ထိခိုက်ပျက်စီးခြင်းကြောင့်ပဲဖြစ်ပါသည်။

🟢ဗိုင်းရပ်စ်ပိုးကူးစက်ခြင်း(Viral Infection)ကြောင့်လဲ ဖြစ်နိုင်ပါသည်။
🟢အရက်သောက်သူများ၊အအေးခံတတ်သူများတွင် အဖြစ်များပါသည်။
အခြားကြောင်းရင်းများစွားလဲရှိပါသည်။

🟢Facial Nerve အာရုံကြောပျက်စီးခြင်းကြောင့် ထိခိုက်သွားသည့် မျက်နှာအခြမ်းဘက်ရှိ မျက်ခုံး၊မျက်လုံး၊နှာခေါင်း၊ပါးနှင့် နှုတ်ခမ်း၏ လှုပ်ရှားမှုများမလှုပ်ဆောင်နိုင်တော့ဘဲ ကောင်းသည့်အခြမ်းဘက်ကို ဆွဲပါသွားခြင်းများဖြစ်တတ်ပါသည်။

၄င်းလက္ခဏာများအပြင် ခေါင်းကိုက်ခြင်း၊မျက်နှာတခြမ်းထုံကျင်ခြင်း၊ ဇတ်ကြောတတ်ခြင်း၊နားကိုက်ခြင်း၊လျှာလေးလံခြင်းများလဲ ဖြစ်လေ့ရှိပါသည်။

🟢Bell’s Palsyသည် လူ10000တွင် ၁၁ယောက်မှ အယောက်၄၀အထိဖြစ်ပွါးနိုင်ပါသည်။

🟢ပုံမှန်အားဖြင့် Full recovery ရဖို့ဆိုလျှင် ခလေး လူငယ်တွင် ၁လ၊ လူကြီးတွင် ၁လမှ ၃လ ၊
အများဆုံး၆လအထိလဲကြာမြင့်တတ်ပါသည်။

🟢Bell’s Palsyသည် ဖြစ်ဖြစ်ချင်း 72 hours (၃ရက်)အတွင်းကုသပါက Early Recoveryမြန်မြန်ရပါသည်။အာရုံကြောဆရာဝန်များမှ Corticosteroids များပေး၍ ကုသလေ့ရှိပါသည်။

🟢ကြွက်သားများ မြန်မြန်ပြန်ကောင်းဖို့နှင့် Full Recoveryရဖို့ဆိုရင် Physiotherapy & Rehabilitation နှင့်တွဲဖက်ကုသမှရပါမည်။

Physiotherapy Treatments 👇🏼👇🏼👇🏼

❇️အားနည်းသွားသည့် အာရုံကြောနှင့် ကြွက်သားကို
Electrical Stimulation ဖြင့် ပြန်လည်လှုံ့ဆော်ပေးခြင်း

❇️မျက်နှာလေ့ကျင့်ခန်းများ(Facial Expression Exercises)လုပ်ဆောင်ခြင်း

❇️Tapping နှင့် မျက်နှာကြွက်သားလျော့ရဲမသွားစေရန် ထိန်းပေးခြင်း

❇️Eye care Education များလိုက်နာဆောင်ရွက်ခြင်း
တို့ လုပ်ဆောင်ရပါမည်။

ထို့ကြောင့်မိမိနဲ့ အနီးတဝိုက်ပတ်ဝန်းကျင်တွင် Bell’s Palsy လူနာများအားတွေ့ရှိပါက Physiotherapyကုသမှုခံယူရန် အကြံပေးပြောပြနိုင်ပါသည်ရှင့်။

Knowledge Sharing လုပ်ရန်အတွက် Like&Share လေးလုပ်နိုင်ပါသည်ရှင့် ✅

ရွှေ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး
Physiotherapy & Rehabilitation Care
👁️‍🗨️၈၈လမ်း၊၂၇-၂၈ကြား ၊ မန္တလေးမြို့။
📞09401636845

သင်၏အရိုးအကြောအဆစ်ပြသနာများကိုShwe Physiotherapy Care Centerမှ ကျွမ်းကျင်သည့်Physiotherapistဆရာမနှင့် တိုင်ပင်ဆွေးနွေး၍က...
06/09/2024

သင်၏အရိုးအကြောအဆစ်ပြသနာများကို
Shwe Physiotherapy Care Centerမှ ကျွမ်းကျင်သည့်
Physiotherapistဆရာမနှင့် တိုင်ပင်ဆွေးနွေး၍
ကုသနိုင်ပါပီရှင့်။☘️☘️☘️

Shwe Physiotherapy & Rehabilitation Care
88 st; between 27-28 ,MDY
09401636845
မလာခင် phလေးတော့ ကြိုဆက်ပြီး
Booking လုပ်ပေးပါနော်☺️☺️☺️

Address

88St, Bet 27-28

Opening Hours

Monday 18:30 - 20:30
Tuesday 18:30 - 20:30
Wednesday 18:30 - 20:30
Thursday 18:30 - 20:30
Friday 18:30 - 20:30
Saturday 16:00 - 20:00
Sunday 16:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Shwe Physiotherapy & Rehabilitation Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram