သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက် - Thadar Phyu Traditional Medicine

  • Home
  • Myanmar
  • Mandalay
  • သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက် - Thadar Phyu Traditional Medicine

သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက် - Thadar Phyu Traditional Medicine Traditional Medicine

29/09/2025

သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက်မှာ ခါးနာဝေဒနာအတွက် ကုသမှုပေးနေတဲ့ ကုထုံးများစွာအနက်-
အကောင်းဆုံးကုထုံးတစ်ခုကတော့ ကဋိဝတ္တိ -Kati Vasti(ခါးကို ဂျုံဆီလောင်းကုသခြင်း)ပဲဖြစ်ပါတယ်။

Kati Vasti ကုထုံးကို…
🪷ခါးဆစ်ရိုးကျီးပေါင်း
🪷ခါးနာပြီး တင်ခံနပ်ဖ်ကြောရောင်ရမ်းခြင်း
🪷နာတာရှည်ခါးနာခြင်းကြောင့် နောက်ဆက်တွဲ အဖြစ် တင်ဆုံခွက်အတွင်း နာကျင်ကာ ပေါင်တန်း၍ လမ်းလျှောက်ရ ခက်ခဲခြင်း၊ ခြေချင်းဝတ်တွင် နာကျင်ခြင်း၊ခြေဖဝါးနှင့်ခြေချောင်းကလေးများထုံကျင်ခြင်း
🪷ခါးဆစ်ရိုးကြား အရွတ်ပြားကျွံခြင်း
🪷ခါးဆစ်ရိုးနဲ့မြီးထူရိုး အကြောမျက်ခြင်း
🪷ခါးဆစ်ရိုးစောင်းခြင်း
🪷ခါးဆစ်ရောင်လေးဖက်နာ …စတဲ့ ခါးနာ ဝေဒနာတွေမှာ Kati Vasti ကုထုံး ဖြင့် ကုသနိုင်ပါတယ်။

🪷 Kati Vasti ပြုလုပ်ခြင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးတွေကတော့-
💥နောက်ကျောဘက်(ခါး) နှင့်ခြေထောက်ပိုင်း နာကျင်ခြင်းကို လျော့ကျစေခြင်း
💥ခါးနှင့် ခါးအောက်ပိုင်းတောင့်တင်းခြင်းကို လျော့ကျစေခြင်း
💥နောက်ကျောဘက်ရှိ တစ်ရှုးများ အရိုးအဆစ်များရောင်ရမ်းမှုကို လျော့ကျစေခြင်း
💥ခန္ဓာကိုယ်ကို ပေါ့ပါးစေခြင်း
💥အရိုးအဆစ် ကြွက်သားများနှင့် တစ်ရှုးများကို သန်မာစေပြီး
💥လမ်းလျှောက်ရာတွင်ပေါ့ပါးသွက်လက်စေခြင်း
💥နောက်ကျောဘက်(ခါး) ရှိအာရုံကြောများအားကောင်းလာခြင်း
💥ခန္ဓာကိုယ်နောက်ကျောဘက်သို့ သွေးထောက်ပံ့မှုကောင်းမွန်စေခြင်း တို့ ဘဲဖြစ်ပါတယ်။

🪷ရောဂါအခြေအနေပေါ်မူတည်ပြီး ကုထုံးခံယူရမည့်ရက်အပြောင်းအလဲရှိနိုင်ပါတယ်။
🪷များသောအားဖြင့် (၇)ရက် မှ (၁၄)ရက် အထိကြာမြင့်နိုင်ပါတယ်။
🪷ကုထုံးခံယူရန် ကြာမြင့်ချိန်ကတော့ အကြမ်းဖျင်းအားဖြင့် မိနစ်(၃၀) မှ ၄၅မိနစ်ခန့်အထိ ကြာမြင့်နိုင်ပါတယ်။
🪷ကုထုံးကို ရောဂါအမျိုးအစားအလိုက် နံနက်/နေ့လည်/ညနေ ဆိုပြီးခွဲ၍ကုသမှုပေးပါတယ်။
အများအားဖြင့်နံနက်ပိုင်းမှာ ကုသမှုပေးပါတယ်။
🪷ကုထုံးခံယူမည့် လူနာဟာ ခန္ဓာကိုယ်မှောက်လျှက်အနေအထားဖြင့်ခံယူရမည့်ဖြစ်သည့်အတွက်
ဝမ်းဗိုက်အတွင်း အစာမရှိရန်/အစာမစားထားရန် လိုအပ်ပါတယ်။

👩‍⚕️ဒေါ်သီတာစိုး
(B.M.T.M)
Certified in Clinical Acupuncture & Pathology (I.C.O.M,UK)

🪷သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက်
⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)
လပြည့်၊လကွယ်နေ့တိုင်း ဆေးခန်းပိတ်သည်။

🏥၃၀(A)*၃၁လမ်းကြား၊၈၉* ၉၀ကြားလမ်း၊ပြည်ကျော်စျေးအနောက်၊လမ်းသွယ်-၂၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

☎️ +95 9797300141 , +95 9256274177

ရပ်ဝေးမှ မိတ်ဆွေများ ဆေးခန်းသို့လာရောက်ကုသလိုပါက ဖုန်းဆက် ၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

🪷ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့်pageကိုlike & follow ထားဖို့အကြံပေးပါရစေ။ Page လဲဝင် ရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ် 💗
#သဒ္ဓါဖြူတိုင်းရင်းဆေးတိုက် #ခါးနာရောဂါ

22/09/2025

မကြာခဏ ကြွက်တက်ခြင်း(Muscle Cramps) ဖြစ်နေပြီလား❓
ဘာကြောင့်ကြွက်တက်ရသလဲ နှင့်
ကြွက်တက်ရင် ချက်ချင်းဘာလုပ်ရမလဲ…❓

#ကြွက်တက်ခြင်း


#သဒ္ဓါဖြူတိုင်းရင်းဆေးတိုက်


TikTok

09/09/2025

ဇက်ကျီးပေါင်းဝေဒနာ အား (Griva Vasti) ဂျုံဆီလောင်းခြင်းကုထုံးဖြင့် ကုသခြင်း



#ဇက်ကျီးပေါင်း
#သဒ္ဓါဖြူတိုင်းရင်းဆေးတိုက်

03/09/2025

သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက် တွင် ဒူးနာ ရောဂါ ကို ခံစားရသောဝေဒနာအပေါ် မူတည်ပြီး

🪷အနီအောက်ရောင်ခြည် ပေး၍ကုသခြင်း (Infrared Radiation)
🪷လျှပ်စစ်သံလိုက်လှိုင်း ပေး၍ကုသခြင်း (Magnetic Radiation)
🪷 လျှပ်စီးအားအသုံးပြု၍ အာရုံကြော လှုံ့ဆော်ကုသခြင်း (Electrical Stimulation)
🪷တရုတ်အပ်စိုက်နည်းပညာ ဖြင့်ကုသခြင်း (Acupuncture Therapy)
🪷အိန္ဒိယ - အာယုဗ္ဗေဒ ဆေးပညာ ဖြစ်တဲ့
🪷ဆေးငွေ့ဖြန်းကုသခြင်း (Nadi Sweda)
🪷ဒူး -ဂျုံဆီလောင်းကုသခြင်း (Janu Vasti)
🪷မြန်မာ့ရိုးရာ အကြောပြင် ကုသခြင်း -Myanmar Traditional Massage
🪷ဆေးစည်းခြင်း၊ဆေးကပ်ခြင်း
စတဲ့ ကုထုံးများနှင့် ကုသမှုခံယူနိုင်ပါတယ်ရှင်။

🪷သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက်
⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)
လပြည့်၊လကွယ်နေ့တိုင်း ဆေးခန်းပိတ်သည်။

☎️ +95 9797300141 , +95 9256274177

01/09/2025

ခြေဖနောင့် ဘာကြောင့်နာလာရသလဲ…?
ဘယ်လိုအပြုအမူအနေအထိုင်တွေက ခြေဖနောင့် နာကျင်ခြင်းကိုဖြစ်စေတတ်တာလဲ.. နှင့် ခြေဖနောင့်နာကျင်ခြင်းကိုသက်သာစေမည့် နည်းလမ်းများ

29/08/2025

🪷မဂ္ဂနီစီယမ်(Magnesium) ဟာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ ဖြစ်စဉ်ပေါင်း ၃၀၀ ကျော်မှာ ပါဝင်ကူညီပေးပါတယ်။

မဂ္ဂနီစီယမ်၏ အဓိက ကောင်းကျိုးများ

၁။ စွမ်းအင်ထုတ်လုပ်ခြင်းနှင့် ဇီဝကမ္မဖြစ်စဉ်များ

· ATP (adenosine triphosphate) လို့ခေါ်တဲ့ ဆဲလ်တွေရဲ့ စွမ်းအင်အချက်ပြကို ထုတ်လုပ်ရာမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ မဂ္ဂနီစီယမ်မရှိရင် ခန္ဓာကိုယ်က စွမ်းအင်အဖြစ် အသုံးပြုဖို့ ခက်ခဲပါတယ်။

၂။ အာရုံကြောနှင့် ကြွက်သားစနစ်များ ကောင်းမွန်စေခြင်း

· အာရုံကြောတွေကနေ ကြွက်သားတွေဆီကို အချက်ပြမှုပို့လွှတ်တဲ့ ဖြစ်စဉ်ကို ထိန်းညှိပေးပါတယ်။
· ကြွက်သားတွေ ပြေလျော့စေပြီး ကြွက်သားတက်ခြင်း (muscle cramps)၊ ခြေသလုံးတွေညောင်းညာကိုက်ခဲခြင်း၊ မျက်ခုံးတွေလှုပ်ခြင်း စတာတွေကို ကာကွယ်ပေးပါတယ်။

၃။ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း

· နှလုံးကြွက်သားရဲ့ ပုံမှန်ညှစ်ထုတ်မှုကို ထိန်းသိမ်းပေးပါတယ်။
· သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးတိုးရောဂါ ကို ကာကွယ်ပေးနိုင်ပါတယ်။
· နှလုံးခုန်မြန်ခြင်း (Heart palpitations) ကိုလည်း သက်သာစေနိုင်ပါတယ်။

၄။ အရိုးများ သန်မာစေခြင်း

· အရိုးတည်ဆောက်မှုအတွက် အရေးပါတဲ့ ကယ်လ်စီယမ်ကို အရိုးထဲသို့ စုပ်ယူမှုကောင်းအောင် ကူညီပေးပါတယ်။
· ဗီတာမင် ဒီ ဇီဝကမ္မဖြစ်စဉ်ကို ထိန်းညှိပေးပြီး အရိုးပွရောဂါ (osteoporosis) ကို ကာကွယ်ပေးနိုင်ပါတယ်။

၅။ စိတ်ကျန်းမာရေး ထောက်ပံ့ပေးခြင်းနှင့် အိပ်စက်မှုကို ကောင်းမွန်စေခြင်း

· စိတ်ဖိစီးမှုဟော်မုန်း (cortisol) ကို ထိန်းချုပ်ပေးပါတယ်။
· စိတ်ကျဝေဒနာ လက္ခဏာတွေကို သက်သာစေနိုင်ကြောင်း လေ့လာချက်တွေအရ သိရပါတယ်။
· မလိုလားအပ်တဲ့ အာရုံကြောအချက်ပြမှုတွေကို ငြိမ်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

၆။ ခုခံအားစနစ် အားကောင်းစေခြင်း

· ခုခံအားစနစ်ကောင်းမွန်စေဖို့နဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နိုင်ဖို့ လိုအပ်တဲ့ antibody တွေ ထုတ်လုပ်မှုကို ကူညီပေးပါတယ်။

၇။ သွေးတွင်းသကြားဓာတ် ထိန်းညှိပေးခြင်း

· အင်ဆူလင်ရဲ့ လုပ်ဆောင်မှုကို ပိုမိုထိရောက်အောင် ကူညီပေးပါတယ်။
· ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၈။ ခေါင်းကိုက်ခြင်း (Migraine ) ကို သက်သာစေခြင်း

· မဂ္ဂနီစီယမ်ချို့တဲ့ခြင်းဟာ
(Migraine)ခေါင်းကိုက်ခြင်းနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဖြည့်စွက်စာသောက်သုံးခြင်းဖြင့် ကိုက်ခဲမှုကို သက်သာစေနိုင်ပါတယ်။

မဂ္ဂနီစီယမ်ကို သဘာဝအစားအစာတွေကနေအဓိက ရရှိနိုင်ပါတယ်။

· အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ - ဟင်းနုနွယ်၊ ကိုက်လန်
· အစေ့အဆန်များ - ဗာဒံစေ့၊ မြေပဲ၊ ကြက်သွန်နီစေ့၊ သီဟိုဠ်စေ့
· ပဲအမျိုးမျိုး - ကုလားပဲ၊ ပဲစိမ်းပွား
· သစ်သီးခြောက်များ
· ထောပတ်သီး
· ငှက်ပျောသီး
· ချောကလက် အမည်း (Dark Chocolate)
· ဂျုံဖြင့် ပြုလုပ်ထားသော အစားအစာများ (Whole grains)

⚠️သတိပြုရန်

မဂ္ဂနီစီယမ်ဟာ ခန္ဓာကိုယ်အတွက် အရေးပါပေမယ့် အလွန်အကျွံမသုံးစွဲသင့်ပါ။ ဆေးပြားအဖြစ် ဖြည့်စွက်သောက်သုံးမယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ အထူးသဖြင့် ကျောက်ကပ်ရောဂါရှိသူများဟာ မဂ္ဂနီစီယမ်ကို သတိထားပြီး သုံးစွဲသင့်ပါတယ်။

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေ ပိုင်ဆိုင်ရပါစေ။

👩‍⚕️ဒေါ်သီတာစိုး
(B.M.T.M)
Certified in Clinical Acupuncture & Pathology (I.C.O.M,UK)

🪷သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက်
⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)
လပြည့်၊လကွယ်နေ့တိုင်း ဆေးခန်းပိတ်သည်။

🏥၃၀(A)*၃၁လမ်းကြား၊၈၉* ၉၀ကြားလမ်း၊ပြည်ကျော်စျေးအနောက်၊လမ်းသွယ်-၂၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

☎️ +95 9797300141 , +95 9256274177

20/08/2025

နာတာရှည် ဇက်ကျီးပေါင်းဝေဒနာ ခံစားနေရပြီလား❓

🪷 နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေတဲ့ ကြွက်သားနာကျင်မှု၊ အဆစ်အမြစ်ကိုက်ခဲမှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပါသလား?🪷 သဘ...
15/08/2025

🪷 နေ့စဉ်ဘဝမှာ အနှောင့်အယှက်ဖြစ်စေတဲ့ ကြွက်သားနာကျင်မှု၊ အဆစ်အမြစ်ကိုက်ခဲမှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေပါသလား?

🪷 သဘာဝတိုင်းရင်းဆေးပညာရဲ့ အနှစ်သာရကို အခြေခံပြီး ဖန်တီးထားတဲ့ "သဒ္ဓါဖြူ တိုင်းရင်းဆေးကပ်ခွါ" နဲ့ မိတ်ဆက်ပေးပါရစေ။

"သဒ္ဓါဖြူ တိုင်းရင်းဆေးကပ်ခွါ" ရဲ့ ထူးခြားတဲ့ အကျိုးကျေးဇူးတွေကတော့ -
🪷 နာကျင်မှု လျင်မြန်စွာ သက်သာစေခြင်း—ကြွက်သားနာတာ၊ ခါးနာတာ၊ ဒူးနာတာနဲ့ အဆစ်အမြစ်ကိုက်ခဲတာတွေကို အလျှင်အမြန် သက်သာစေပါတယ်။

🪷 သဘာဝပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း
သဘာဝဆေးဖက်ဝင်အပင်တွေရဲ့ စွမ်းအားကို အသုံးပြုထားတာကြောင့် ဘေးထွက်ဆိုးကျိုး နည်းပါးပြီး စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

🪷 အသုံးပြုရ လွယ်ကူခြင်း
ကိုက်ခဲနာကျင်တဲ့နေရာမှာ ကပ်လိုက်ရုံနဲ့ နာကျင်မှုကနေ သက်သာရာရစေပါတယ်။

🪷 ရောင်ရမ်းမှုကို လျော့ပါးစေခြင်း
ရောင်ရမ်းနေတဲ့နေရာတွေကိုပါ သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

🪷 လုပ်ငန်းခွင်မှာ အလုပ်ပင်ပန်းပြီး ကိုက်ခဲနေတဲ့သူတွေ၊ အားကစားသမားတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

🪷နာကျင်မှုကင်းပြီး သက်တောင့်သက်သာရှိတဲ့
နေ့ရက်တိုင်းအတွက်"သဒ္ဓါဖြူ တိုင်းရင်းဆေးကပ်ခွါ"

TikTok- https://www.tiktok.com/?_t=ZS-8yt9BJZcOO2&_r=1

#တိုင်းရင်းဆေးကပ်ခွါ
#သဒ္ဓါဖြူတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#သဒ္ဓါဖြူတိုင်းရင်းဆေးတိုက်

13/08/2025

ခါးနာရောဂါ နှင့် တင်ခံနာ့ဗ်ကြောရောင်ရမ်းခြင်း-Sciatica ဝေဒနာအား တိုင်းရင်းဆေးဖြင့်ကုသခြင်း





သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက် - Thadar Phyu Traditional Medicine

ရောဂါဝေဒနာ ခံစားနေရသော ရပ်ဝေး၊ရပ်နီးမှ မိတ်ဆွေများအတွက် သဒ္ဓါဖြူတိုင်းရင်းဆေးတိုက်မှ ထုတ်လုပ်သော ဆေးခန်းသုံးဆေးများဖြစ်သ...
10/08/2025

ရောဂါဝေဒနာ ခံစားနေရသော ရပ်ဝေး၊ရပ်နီးမှ မိတ်ဆွေများအတွက် သဒ္ဓါဖြူတိုင်းရင်းဆေးတိုက်မှ ထုတ်လုပ်သော ဆေးခန်းသုံးဆေးများဖြစ်သည့်

🪷အာရုံကြောအားဆေး
🪷အရိုးအကြောမန်းဆေး
🪷စက္ခုပါလဆေး
🪷နှလုံးသည်းခြေဆေး
🪷မုတ်ကဲဆေး
🪷သားအိမ်အားဆေး
🪷သွေးဆေး
🪷ဆီးဆေး
🪷အစာကြေဆေး
🪷ချောင်းဆိုးသလိပ်ပျော်လျက်ဆား
🪷အခိုးပွင့်ဆေး
🪷ယားနာလိမ်းဆေး
🪷အထူးလိမ်းဆေးမှုန့်
🪷သဒ္ဓါဖြူ ဒဏ်ကျေလိမ်းဆေးဆီ
🪷ကျီးပေါင်းလိမ်းဆေး
🪷တိုင်းရင်းဆေးကပ်ခွါ …တို့ကိုလည်း ဝယ်ယူရရှိနိုင်ပါတယ်။

ဆေးဝယ်ယူလိုခြင်း၊ ဆေးကုသလိုခြင်းနှင့် ပါတ်သက်၍ ဆရာမနဲ့ အသေးစိတ် အခမဲ့ ဆွေးနွေးနိုင်ပါတယ်

👩‍⚕️ဒေါ်သီတာစိုး
(B.M.T.M)
Certified in Clinical Acupuncture & Pathology (I.C.O.M,UK)

🪷သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက်
⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)
လပြည့်၊လကွယ်နေ့တိုင်း ဆေးခန်းပိတ်သည်။

🏥၃၀(A)*၃၁လမ်းကြား၊၈၉* ၉၀ကြားလမ်း၊ပြည်ကျော်စျေးအနောက်၊လမ်းသွယ်-၂၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။

☎️ +95 9797300141

ရပ်ဝေးမှ မိတ်ဆွေများ ဆေးခန်းသို့လာရောက်ကုသလိုပါက ဖုန်းဆက် ၍ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

#တိုင်းရင်းဆေး
#သဒ္ဓါဖြူတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#သဒ္ဓါဖြူတိုင်းရင်းဆေးတိုက်

🪷“သဒ္ဓါဖြူ” တိုင်းရင်းဆေးတိုက် မှ သောက်ဆေး၊ လိမ်းဆေး များကို လားရှိုးမြို့မှ ယုံကြည်စွာ သုံးစွဲပြီး လာရောက် ဝယ်ယူသွားတဲ့...
22/06/2025

🪷“သဒ္ဓါဖြူ” တိုင်းရင်းဆေးတိုက် မှ သောက်ဆေး၊ လိမ်းဆေး များကို လားရှိုးမြို့မှ ယုံကြည်စွာ သုံးစွဲပြီး လာရောက် ဝယ်ယူသွားတဲ့အတွက် သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက် မိသားစုမှကျေးဇူးအထူး တင်ရှိပါတယ်ရှင့်…🥰

" ကျီးပေါင်းရောဂါ နာတာရှည်နေပြီလား? “ကျီးပေါင်းရောဂါ ဟာ အရိုးဆစ် မူမမှန်တာကနေ အရိုးနု အတက်ထွက်လာခြင်းကြောင့် ဖြစ်တဲ့ နာတ...
18/06/2025

" ကျီးပေါင်းရောဂါ နာတာရှည်နေပြီလား? “

ကျီးပေါင်းရောဂါ ဟာ အရိုးဆစ် မူမမှန်တာကနေ အရိုးနု အတက်ထွက်လာခြင်းကြောင့် ဖြစ်တဲ့ နာတာရှည် ဝေဒနာ တမျိုး ဖြစ်ပါတယ်။

🪷 ဖြစ်ပေါ်တဲ့နေရာအပေါ်မူတည်ပြီး ဇက်ကျီးပေါင်း၊ ခါးကျီးပေါင်း၊ ဒူးကျီးပေါင်း စသဖြင့်ခံစားရတဲ့ လက္ခဏာတွေ ကွဲပြားနိုင် ပါတယ်။

🪷 ကျီးပေါင်းရောဂါခံစားနေရပြီ ဆိုရင်စနစ်တကျ ကုသမှုခံယူလျှင်သက်သာပျောက်ကင်းနိုင်သလို မကုသဘဲထားလျှင် အခြေအနေက ပိုဆိုးရွားလာနိုင်တာကြောင့် စနစ်တကျ ကုသမှုခံယူသင့်ပါတယ်။

🪷 ဝေဒနာကြောင့် ဆေးထိုးဆေးသောက် မလုပ်ချင်သူတွေ ၊ဘေးထွက်ဆိုးကျိုးဖြစ်မှာလည်း ကြောက်တဲ့သူတွေအတွက် သဘာဝ ဆေးဖက်ဝင်ပစ္စည်းများနှင့် ဖော်စပ်ထားတဲ့ “သဒ္ဓါဖြူ ကျီးပေါင်းလိမ်းဆေး” ကို အသုံးပြုနိုင်ပါတယ်။

🪷 “သဒ္ဓါဖြူ”ကျီးပေါင်း လိမ်းဆေး ကို

➡️ လည်ဆစ်ရိုး၊ ပုခုံးဆစ်၊ ခါးရိုးဆစ်၊ ဒူးဆစ် တွင် ဖြစ်တတ်သော အရိုးကျီးပေါင်းရောဂါ အမျိုးမျိုး

➡️ လေးဘက်နာ၊ အဆစ်အမြစ် ကိုက်ခဲခြင်း၊ ထုံကျင် ညောင်းညာကိုက်ခဲခြင်း

➡️ လေဖြတ်၊လေငန်း၊ခေါင်းကိုက် ဇက်ကြောတက်ခြင်း တို့အတွက် အသုံးပြုနိုင်ပါသည်။

သုံးစွဲရမယ့် ပမာဏ နှင့် ပျောက်ကင်းမှု ကြာချိန်ကတော့ ဝေဒနာပေါ်မူတည်ပြီး တစ်ယောက်နှင့် တစ်ယောက် ကွဲပြားနိုင်တဲ့အတွက် ဝေဒနာကို ဆွေးနွေးတိုင်ပင်ပြီး မှာယူနိုင်ပါတယ်။

⏰ဆေးခန်းဖွင့်ချိန်
🕑တနင်္လာ မှ သောကြာ (၂နာရီ မှ ၇နာရီ)
🕟စနေ၊တနင်္ဂနွေ (၄နာရီ မှ ၇နာရီ)
လပြည့်၊လကွယ်နေ့တိုင်း ဆေးခန်းပိတ်သည်။

🏥၃၀(A)*၃၁လမ်းကြား၊၈၉* ၉၀ကြားလမ်း၊ပြည်ကျော်စျေးအနောက်၊လမ်းသွယ်-၂၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
☎️ +95 9797300141

#ကျန်းမာရေးအသိပညာ
#ကျီးပေါင်းဝေဒနာရှင်များ
#အရိုးကျီးပေါင်းလိမ်းဆေး
#တိုင်းရင်းဆေး

#အရိုးကျီးပေါင်း
#လည်ဆစ်ရိုးကျီးပေါင်း
#ဒူးကျီးပေါင်း
#ခါးကျီးပေါင်း
#တစ်ခါလိမ်းတစ်ခါသက်သာ
#သဘာဝတိုင်းရင်းဆေး
#သဒ္ဓါဖြူတိုင်းရင်းဆေးတိုက်

Address

Block(267), 89St Between 30(A)*31St, West Of Pyi Kyaw Zay
Mandalay
05021

Opening Hours

Monday 14:00 - 19:00
Tuesday 14:00 - 19:00
Wednesday 14:00 - 19:00
Thursday 14:00 - 19:00
Friday 14:00 - 19:00
Saturday 16:00 - 19:00
Sunday 16:00 - 19:00

Telephone

+959797300141

Website

Alerts

Be the first to know and let us send you an email when သဒ္ဓါဖြူ တိုင်းရင်းဆေးတိုက် - Thadar Phyu Traditional Medicine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram