Healthy Elders Living Program -HELP-Myanmar

Healthy Elders Living Program -HELP-Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy Elders Living Program -HELP-Myanmar, Medical and health, No. 20, 41 x 42 streets & 81 x 82 streets, Mandalay.

Health Elders Living Program (HELP) - Myanmar, aims to empower older adults to lead healthier, longer, and more fulfilling lives by promoting preventive care and supporting the management of chronic diseases within the community.

08/09/2025
18/08/2025

အမျိုးအစား(၂)ဆီးချိုသွေးချိုဖြစ်ပွားရခြင်းမှာ လူတစ်ဦး၏နေထိုင်စားသောက်မှုအပေါ်တွင် များစွာမူတည်ပါသည်။ ဆီးချိုသွေးချိုရောဂါဟာ တစ်ခဏအတွင်း ချက်ချင်းဖြစ်ပေါ်လာသော ရောဂါမဟုတ်ပါ။ စားသောက်ပုံ၊ နေထိုင်ပုံနှင့် အခြားအချက်များစွာကို အခြေခံပြီး သွေးတွင်းသကြားဓာတ်များ တစ်ဖြည်းဖြည်းတက်လာကာ ဆီးချိုရောဂါဟု အမည်မတပ်နိုင်သေးသော "ကနဦးဆီးချို" အဆင့် ဦးစွာဖြစ်ပွားလာရပါသည်။

📝 လေ့လာတွေ့ရှိချက်များအရ ကနဦးဆီးချို ဖြစ်ပွားသူများသည် ဆီးချိုအဆင့်သို့ ကူးပြောင်းနိုင်ချေများသော်လည်း ကနဦးဆီးချိုဖြစ်နေမှန်း စောစီးစွာသိရှိလျှင် နေထိုင်စားသောက်ပုံများနှင့် ဆီးချိုမဖြစ်အောင် ကာကွယ်နိုင်ပါသည်။

အမျိုးအစား(၂)ဆီးချိုဖြစ်ပွားစေသော အချက်များတွင် မျိုးရိုး၊ အသက်အရွယ်စသည်တို့ကို ထိန်းချုပ်၍မရသော်လည်း နေထိုင်စားသောက်မှုပုံစံများကို ထိန်းသိမ်းကာ ကာကွယ်နိုင်ပါသည်။ အောက်ပါနည်းလမ်းများဖြင့် အမျိုးအစား(၂)ဆီးချိုသွေးချို ကို ကာကွယ်ဟန့်တားနိုင်ပါသည်။

☘️ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
ပြေးခြင်း၊ အိမ်သန့်ရှင်းရေးပြုလုပ်ခြင်း၊ အေရိုးဗစ်ပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း စသည်တို့ကို ပြုလုပ်ပေးပါ။ တစ်ပတ်လျှင် အနည်းဆုံး ၅ရက် ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။ အကယ်၍ မိမိသည်အထိုင်များသော ရုံးအလုပ်လုပ်ကိုင်သူ၊ ကွန်ပျူတာစားပွဲရှေ့ အချိန်ကြာမြင့်စွာထိုင်သူ ဖြစ်ပါက ကိုယ်လက်လှုပ်ရှားမှုကို သတိပြု အချိန်ပေးလုပ်ဆောင်ပေးပါ။ ဓာတ်လှေကားအစား ရိုးရိုးလှေကားအသုံးပြုပါ။ ကားစီးရမည့်အစား နီးလျှင် လမ်းလျှောက်ပါ။ ချွေးအနည်းငယ်စို့စေသော လှုပ်ရှားမှုများကို လုပ်ဆောင်ပေးပါ။

☘️ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်သောက်ခြင်းသည် အမျိုးအစား(၂)ဆီးချို သွေးချို ဖြစ်ပွားရသည့် အကြောင်းအရင်းတစ်ရပ်အဖြစ် ပါဝင်နေသောကြောင့် ဆီးချိုဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဥ်ပါ။

☘️အချိုနှင့် အသင့်စားအစားအစာများ လျှော့စားပါ။
ဝက်ပေါင်ခြောက်၊ ကြက်အူချောင်း၊ ခေါက်ဆွဲခြောက်၊ ဟမ်ဘာဂါ၊ ပီဇာ စသည့် အသင့်ပြုလုပ်ထားသောအစားအစာများ၊ ရေခဲမုန့်၊ကွတ်ကီး၊ သကြားလုံး၊ သကြား ထန်းလျက်ဖြင့်ပြုလုပ်သော အချိုကဲသော မြန်မာမုန့်မျိုးစုံတို့ကို အလွန်အကဲ မစားသောက်ပါနှင့်။

☘️ကိုယ်အလေးချိန်ထိန်းပါ။
အဝလွန်နေပါက အလေးချိန်လျှော့ပါ။ မိမိအရပ်နှင့် ရှိသင့်ရှိထိုက်သော ကိုယ်အလေးချိန် ပမာဏအတွင်းသာ နေထိုင်သင့်ပါသည်။ ရှိသင့်သောBMI ထက်များနေပါက လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအစာ လျှော့စားခြင်း စသည့် သဘာဝနည်းလမ်းများနှင့် ကိုယ်အလေးချိန် ကျဆင်းအောင် ပြုလုပ်ပါ။

☘️ အသင့်သောက်အချိုရည်များအစား ရေလုံလောက်စွာသောက်ပါ။
ဂက်စ်ပါသော အလွယ်တကူရရှိနိုင်သော အချိုရည်များကို တတ်နိုင်သမျှရှောင်ကျဥ်ပါ။ ထို အစား ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝစေရန် ရေကိုသာ လုံလောက်အောင်သောက်သုံးပါ။

☘️ ဟင်းသီးဟင်းရွက်များများစားသုံးပါ။
ဟင်းနုနယ်၊ မုန့်ညှင်း၊ ကိုက်လန်၊ ကန်စွန်း၊ ‌‌‌‌ဂေါ်ဖီ၊ ပန်းစိမ်း စသော အစိမ်းရောင်ရှိသော အရွက်များ၊ ခရမ်းချဥ်သီး၊ မုန်လာဥနီ၊ ငရုတ်သီး စသော အနီရောင်ရှိသော အသီးများ၊ အမျှင်ဓာတ်များသော ပန်းဂေါ်ဖီစိမ်း၊ ပဲပင်ပေါက်၊ ပဲသီးတို့ကို နေ့စဥ်စားသုံးပေးသင့်ပါသည်။

Reference: healthline.com/nutrition/prevent-diabetes

15/08/2025

#အစာအိမ်အနာနှင့်အစာအိမ်ရောင်ခြင်းအတွက် #အာဟာရအကြံပြုချက်များ

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အနာများ (Peptic Ulcer Disease) အတွက် ရှေးအယူအဆဖြစ်သော ပျော့ပျောင်းသည့် အစားအစာများ (ဥပမာ - ဆန်ပြုတ်) စားရန် အကြံပြုချက်မှာ ယခုအခါ ခေတ်မမှီ-အကျိုးမရှိသောအကြံပြုချက် သာဖြစ်ပါသည်။

#ခေတ်သစ်ကုသမှုနည်းလမ်းများတွင် အာရုံစိုက်သည့် အချက်များမှာ -**
* **ဆေးဝါးကုသမှု** - အနာကျက်စေရန်နှင့် ပြန်ဖြစ်ခြင်းကို ကာကွယ်ရန် အဓိက ကုသမှုဖြစ်ပြီး PCAB-Vonoprazan-Proton Pump Inhibitors (PPIs) နှင့် H. pylori ဘက်တီးရီးယားကြောင့်ဆိုလျှင် ပဋိဇီဝဆေးများ ပေးလေ့ရှိသည်။

#အစာအိမ်ကိုထိခိုက်စေနိုင်သောအရာများကို ရှောင်ရှားခြင်း** - လူနာများအနေဖြင့် အစာအိမ်နံရံကို ထိခိုက်စေသော (သို့) အစာအိမ်အက်ဆစ်ထုတ်လုပ်မှုကို မြင့်တက်စေသော အရာများကို ရှောင်ရှားရန် အကြံပြုထားသည်။ ၎င်းတို့တွင် -
* အရက်
* ဆေးလိပ်သောက်ခြင်း
* NSAIDs (ဥပမာ - ibuprofen, naproxen ကဲ့သို့ အကိုက်အခဲပျောက်ဆေးများ) တို့ ပါဝင်သည်။
* **
#အစားအသောက်** - ပျော့ပျောင်းသော အစားအစာများ စားရန် မလိုအပ်သော်လည်း တစ်ချို့လူများတွင် အစားအစာအချို့က လက္ခဏာများကို ပိုဆိုးစေနိုင်သည်။ ထို့ကြောင့် မိမိနှင့် မတည့်သော အစားအစာများကို ရှောင်ရှားခြင်းက ပိုအရေးကြီးပြီး သီးသန့်အစားအစာစာရင်း အတင်းလိုက်နာရန် မလိုအပ်ပါ။

#အစာအိမ်အနာရှိသူများဆန်ပြုတ်စားရမည်ဆိုသောအယူအဆမှာခေတ်နောက်ကျသွားပြီဖြစ်သည်။** လူနာအနေဖြင့် ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းများ ရှိပါက ဆန်ပြုတ်သည် နူးညံ့သော အစားအစာဖြစ်သော်လည်း ကုသမှုအတွက် မဖြစ်မနေ စားရန် မလိုအပ်တော့ပါ။


# # အစာအိမ်အနာ (Peptic Ulcer) နှင့် အစာအိမ်ရောင်ခြင်း (Gastritis) အတွက် #သင့်တော်သောအစားအစာများ

# # #အာဟာရပြည့်ဝသောအစားအစာများ**

ပုံမှန်ထမင်းနဲ့ဟင်းကိုစားနိုင်ပါတယ်၊ဆန်ပြုတ်သောက်ဖို့မလိုပါ။ထမင်းစားလို့ပိုဆိုးရင်တော့ဆန်ပြုတ်ပြောင်းသောက်ပါ။

- **အမျှင်ဓာတ်များသော အစားအစာများ**: ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ သစ်သီးများ (ပန်းသီး၊ ငှက်ပျောသီး)

- **ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများ**: ကြက်ဥအကာ၊ ငါး၊ ကြက်သား (အဆီမပါသောအသား)

- **အဆီနည်းသော နို့ထွက်ပစ္စည်းများ**: ဒိန်ချဉ် (probiotic ပါဝင်သော)

#ရှောင်ရန်အစားအစာများ**
- **အချဉ်ဓာတ်များသော အစားအစာများ**: ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ သံပုရာသီး

- **အဆီများသော အစားအစာများ**: အမဲသား၊ ဝက်သား၊ ကြက်အရေခွံ

- **အပူအစပ်များ**: ငရုတ်သီး၊ ငရုတ်ကောင်း

- **ကဖင်းဓာတ်ပါသော အရည်များ**: ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်များ။

လက်ဖက်-ရေနွေးကြမ်းခါးခါးကျကျ။

- **အရက် နှင့် ဆေးလိပ်**
ကွမ်းယာ၊စိတ်ကြွဆေး-အားဖြည့်အချိုရည်။

ပါရာစီတမောမဟုတ်သောအကိုက်ပျောက်ဆေးနဲ့သွေးကြဲဆေးမတည့်ပါ။

#အစာအိမ်အတွက်ကောင်းမွန်သော အလေ့အထများ**

- **နည်းနည်းနှင့် မကြာခဏစားပါ**: တစ်နေ့ကို ၅-၆ ကြိမ်ခွဲ၍ စားပါ

- **ညနေ ၈ နာရီကျော်တွင် အစာမစားပါနှင့်**

- **စားပြီးနောက် ၃ နာရီအတွင်း မအိပ်ပါနှင့်**

- **အစာကို သေချာဝါးပါ**
Prof Thein Myint -GI (14.8.2025)

#ကိုးကားချက်များ
1. Myanmar Ministry of Health and Sports. (2019). *Dietary Guidelines for Gastric Diseases*.
2. World Gastroenterology Organisation. (2018). *Global Guidelines on Gastritis and Peptic Ulcer Disease*.
3. University of Medicine, Yangon. (2020). *Nutritional Management of Peptic Ulcer and Gastritis*.
Prof Thein Myint-GI 14.8.2025

ဆီးချိုအတွက် လွယ်ကူပြီး အကောင်းဆုံးလေ့ကျင့်ခန်းပါ။
05/07/2025

ဆီးချိုအတွက် လွယ်ကူပြီး အကောင်းဆုံးလေ့ကျင့်ခန်းပါ။

24/05/2025

ဆားနှင့် ငန်သောဆော့စ်များကို လျှော့သုံးခြင်းဖြင့် ဆားစားသုံးမှုကို လျှော့ချနိုင်ပါတယ်။

ဆားစားသုံးမှုလျှော့ချနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးထားတာမို့ လေ့လာကြည့်ကြပါဦးနော်….

29/04/2025
**ဆီးချိုသွေးချိုရောဂါလက္ခဏာများ**၁။ ဆီးခဏခဏသွားခြင်း   ၂။ ရေအလွန်ငတ်ခြင်း  ၃။ ဆာလောင်မွတ်သိပ်နေခြင်း         ၄။ ပိန်သွာ...
25/02/2025

**ဆီးချိုသွေးချိုရောဂါလက္ခဏာများ**

၁။ ဆီးခဏခဏသွားခြင်း

၂။ ရေအလွန်ငတ်ခြင်း

၃။ ဆာလောင်မွတ်သိပ်နေခြင်း

၄။ ပိန်သွားခြင်း

၅။ နုံးချိနေခြင်း

၆။ ပတ်ဝန်းကျင်အား စိတ်ဝင်စားမှုမရှိခြင်း

၇။ စိတ်အာရုံစူးစိုက်မှုမရှိခြင်း

၈။ အန်ခြင်း

၉။ ဗိုက်နာခြင်း

၁၀။ ခြေလက်များထုံခြင်း/ကျဉ်ခြင်း

၁၁။ အမြင်အာရုံဝေဝါးခြင်း

၁၂။ အနာများမကြာခဏပေါက်ခြင်း

၁၃။ အနာကျက်ရန် ခက်ခဲခြင်း

၁၄။ ညတွင်ဆီးခဏခဏသွားခြင်း

၁၅။ မိန်းမကိုယ်ယားယံခြင်း

**ဆီးချိုသွေးချိုဖြစ်နိုင်ချေရှိသူများ**၁။ မိသားစုဝင်ထဲ၌ ဆီးချိုသွေးချိုရောဂါရှိခြင်း၂။ ကိုယ်အလေးချိန်များလွန်းခြင်း၊ အထ...
24/02/2025

**ဆီးချိုသွေးချိုဖြစ်နိုင်ချေရှိသူများ**

၁။ မိသားစုဝင်ထဲ၌ ဆီးချိုသွေးချိုရောဂါရှိခြင်း

၂။ ကိုယ်အလေးချိန်များလွန်းခြင်း၊ အထူးသဖြင့်ဝမ်းတွင်းအဆီများလွန်ခြင်း

၃။ အသက် (၄၅) နှစ်အထက်ဖြစ်ခြင်း

၄။ ကိုယ်ကာယလှုပ်ရှားမှုနည်းပါးသည့် ဘဝနေထိုင်မှုဟန်ရှိခြင်း

၅။ ယခင်က ကိုယ်ဝန်ဆောင်စဉ် ဆီးချိုရောဂါရှိခဲ့ဖူးခြင်း

၆။ ယခင်က ဆီးချိုသွေးချိုရောဂါ ကနဦးအဆင့်များရှိခဲ့ခြင်း

**ဆီးချိုသွေးချိုရောဂါ**ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသည့် သွေးတွင်း အချိုဓာတ်များနေသော ရေ...
22/02/2025

**ဆီးချိုသွေးချိုရောဂါ**

ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ ဖြစ်ပေါ်လာသည့် သွေးတွင်း အချိုဓာတ်များနေသော ရောဂါတစ်ခုဖြစ်သည်။

ဆီးချိုသွေးချိုရောဂါအဓိကအမျိုးအစားများ
• ဆီးချိုသွေးချိုရောဂါ အမျိုးအစား(၁)
• ဆီးချိုသွေးချိုရောဂါ အမျိုးအစား(၂)

**ဆီးချိုသွေးချိုရောဂါအမျိုးအစား(၁)**

ပန်ကရိယဟုခေါ်သော ဂလင်းအကျိတ်မှ အင်ဆူလင်ဟော်မုန်းကို လိုအပ်သလောက် မထုတ်ပေးနိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသောဆီးချိုသွေးချိုရောဂါ ဖြစ်သည်။

ကလေးသူငယ်များနှင့်လူငယ်လူရွယ်များတွင် အဖြစ်များသည်။

ဆီးချိုသွေးချိုရောဂါရှင် စုစုပေါင်း၏(၅% - ၁၀%) မှာ ဆီးချိုသွေးချိုရောဂါ အမျိုးအစား(၁) ဖြစ်ပါသည်။

**ဆီးချိုသွေးချိုရောဂါ အမျိုးအစား(၂)**

ပန်ကရိယဟုခေါ်သော ဂလင်းအကျိတ်မှ ထွက်လာသော အင်ဆူလင်ဟော်မုန်းကို ခန္ဓာကိုယ်မှ အပြည့်အဝ အသုံးမပြုနိုင်ခြင်းကြောင့်ဖြစ်ပေါ်လာသော ဆီးချိုသွေးချိုရောဂါဖြစ်သည်။

အသက်အရွယ်ကြီးသူများတွင် အဖြစ်များသည်။

ဆီးချိုသွေးချိုရောဂါရှင် စုစုပေါင်း၏ (၉၅%)မှာ ဆီးချိုသွေးချိုရောဂါ အမျိုးအစား (၂) ဖြစ်ပါသည်။

21/02/2025

NCD| part - 5 | သွေးတိုးရောဂါ - ၂

**သွေးတိုးရောဂါရှိပါက လိုက်နာရန်အချက်များ**• ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားသော  ဆေးဝါးများကို ပုံမှန်သောက်ပါ။• သွေးကျ...
15/02/2025

**သွေးတိုးရောဂါရှိပါက လိုက်နာရန်အချက်များ**

• ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်ပါ။

• သွေးကျဆေးများသည် လူနာတစ်ဦးနှင့်တစ်ဦး အာနိသင်နှင့် ဆိုးကျိုးများ မတူ
တတ်သဖြင့် တစ်ဦးချင်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်စမ်းသပ်ပြီးမှ ဆေးသောက်ပါ။

• သွေးပေါင်မှန်မှန် ချိန်ပါ။

• မဝလွန်း၊ မပိန်လွန်း သင့်တော်သည့် ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။

• သင့်တော်သည့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို နေ့စဉ်နာရီဝက်ခန့် မှန်မှန်ပြုလုပ်ပါ။

• ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကိုဖြတ်ပါ။

• ငါး၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတို့ကို များများစားပါ။

• အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

သွေးတိုးရောဂါကို အချိန်မီသိရှိပြီး ထိထိရောက်ရောက် ဆေးကုသမှုခံယူပါကသွေးတိုးရောဂါကို အခြေခံပြီးဖြစ်ပေါ်လာမည့် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိအမြင်လွှာပျက်စီးခြင်းတို့ကို အချိန်မီကာကွယ်နိုင်မည်ဖြစ်သကဲ့သို့ သက်တမ်းစေ့ နေနိုင်မည် ဖြစ်ပါသည်။


Address

No. 20, 41 X 42 Streets & 81 X 82 Streets
Mandalay
05031

Opening Hours

Monday 17:00 - 21:00
Tuesday 17:00 - 21:00
Wednesday 17:00 - 21:00
Thursday 05:00 - 21:00
Friday 17:00 - 21:00
Saturday 17:00 - 21:00
Sunday 09:30 - 13:00

Website

Alerts

Be the first to know and let us send you an email when Healthy Elders Living Program -HELP-Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram