ဆရာဘုန်းသူရကျော် ဗေဒင်နှင့်လက္ခဏာ

  • Home
  • ဆရာဘုန်းသူရကျော် ဗေဒင်နှင့်လက္ခဏာ

ဆရာဘုန်းသူရကျော် ဗေဒင်နှင့်လက္ခဏာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဆရာဘုန်းသူရကျော် ဗေဒင်နှင့်လက္ခဏာ, Astrologist & Psychic, .

ဇာတာစစ်ဆေးလိုတာ
ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ကံကြမ္မာ အခက်အခဲ
ရှင်းလင်းစီမံပေးတာ စတဲ့ သိရှိလိုတဲ့ ကိစ္စအဝဝကို
09-402228787 (viber /telegram) ဖြစ်စေ
မန္တလေးမြို့ (၇၂-၇၃)လမ်းကြား ၃၆လမ်း
မဟာနွယ်လမ်းသွယ်မှာ လာရောက်၍ဖြစ်စေ
ဆရာနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

တနင်္ဂနွေ ဗုဒ္ဓဟူး တင်္နလာ သောကြာ ကြာသာပတေး 🌹ယခုပိုစ့်ကိုမြင်တာနဲ့ချက်ချင်းရှယ်ပါလေ🌹ဒီကနေ့  9ရက် နေ့ကစပြီး လာမဲ့ 27ရက်နေ...
13/08/2025

တနင်္ဂနွေ ဗုဒ္ဓဟူး တင်္နလာ သောကြာ ကြာသာပတေး 🌹

ယခုပိုစ့်ကိုမြင်တာနဲ့ချက်ချင်းရှယ်ပါလေ🌹

ဒီကနေ့ 9ရက် နေ့ကစပြီး လာမဲ့ 27ရက်နေ့ထိ သင့်အတွက် မေ့မရအောင် ‌ကံကောင်းတဲ့နေရက်တွေဖြစ်လာပါလိမ့်မယ်။ ကိုယ်ပိုင် တိုက်ခန်း၊ကားပိုင်ဆိုင်ခွင့်ရပါလိမ့်မယ်။ အရေးကြီးဆုံးတစ်ခုက သင်ရဲ့အလုပ်ကိုင်အခွင့်လမ်းတစ်ခုပွင့်လာပါလိမ့်မယ်။သိန်းသောင်းချီသောငွေဝင်လာမည့် နေ့တစ်နေ့ဖြစ်ပါတယ်။ ထီပေါက်ကိန်းရှိနေတတ်ပါတယ်။အထူးခြားဆုံးတစ်ခုက သင်အလိုချင်ဆုံးအရာတိုက်တာ အိုးအိမ် ခြံမြေ ရွှေ စက်ပစ္စည်း ငွေစသည့်အရာ (၂)ခုရမည်။

၃ရက်အတွင်း ရွှေငွေများအထုတ်လိုက်ဝင်လာပါမည်။လက်ခံရယူကြပါ။
11/08/2025

၃ရက်အတွင်း ရွှေငွေများအထုတ်လိုက်ဝင်လာပါမည်။လက်ခံရယူကြပါ။

🥀မင်္ဂလာရှိသောနံနက်ခင်းလေးပါ🙏🙏🙏🌾လူ.နတ်.ဗြဟ္မာ..သတ္တာဝါများအားလုံး🌿🌿ကျန်းမာချမ်းသာကြပါစေ။🌹🙏🌹🙏🌹🙏🙏၁။ လုံးစုံများစွာ ၊ သတ္တဝ...
10/08/2025

🥀မင်္ဂလာရှိသောနံနက်ခင်းလေးပါ🙏🙏🙏🌾လူ.နတ်.ဗြဟ္မာ..သတ္တာဝါများအားလုံး🌿🌿

ကျန်းမာချမ်းသာကြပါစေ။🌹🙏🌹🙏🌹🙏

🙏၁။ လုံးစုံများစွာ ၊ သတ္တဝါ ၊🙏🌹🙏🌹🙏
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။🙏

🙏၂။ ကြောက်တတ် မကြောက်တတ် ၊
နှစ်ရပ်များစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။🙏🌹🙏🌹🙏🌹

🙏၃။ မြင်အပ် မမြင်အပ် ၊
နှစ်ရပ်များစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။🙏🌹🙏🌹🙏🌹

🙏၄။ ဝေးနေ နီးနေ ၊
နှစ်ထွေများစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။🙏🌹🙏🌹🙏🌹

🙏၅။ ဘ၀ဇာတ်ဆုံး ၊
မဆုံးများစွာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။🙏🌹🙏🌹🙏🌹

🙏၆။ ရှည် - တို - အလတ် ၊
သုံးရပ်ခန္ဓာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။🙏🌹🙏🌹🙏🌹

🙏၇။ ကြီး - ငယ် - အလတ် ၊
သုံးရပ်ခန္ဓာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။🙏🌹🙏🌹🙏🌹

🙏၈။ ဆူ - ကြုံ - အလတ် ၊
သုံးရပ်ခန္ဓာ ၊ သတ္တဝါ ၊
ချမ်းသာကိုယ်စိတ် မြဲပါစေ ။
ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊
ငြိမ်းအေးကြပါစေ။🙏🌹🙏🌹🙏🌹

🙏၉။ လူအချင်းချင်း လှည့်ပတ်ခြင်း
ကင်းရှင်းကြပါစေ။🙏

🙏၁၀။ အထင်သေးခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။🙏

🙏၁၁။ ဆင်းရဲလိုခြင်း အချင်းချင်း
ကင်းရှင်းကြပါစေ။🙏🙏
🌹🙏🙏🌹🙏🌹🙏🌹🙏🌹🙏🙏🙏

အဓိဋ္ဌာန် နဲ့ အဖျက် 🙏🏻🙏🏻📿📿 အဓိဌာန် ဝင်ပြီ ဆိုတာနဲ့ အဖျက် ဓာတ်တွေ တခု ပြီး တခု တန်းစီ ပြီး ဝင်လာပါတော့တယ်..... ဘယ်လို  အရ...
09/08/2025

အဓိဋ္ဌာန် နဲ့ အဖျက် 🙏🏻🙏🏻📿📿

အဓိဌာန် ဝင်ပြီ ဆိုတာနဲ့ အဖျက် ဓာတ်တွေ တခု ပြီး
တခု တန်းစီ ပြီး ဝင်လာပါတော့တယ်.....

ဘယ်လို အရာတွေက အဖျက်တွေလည်း သိဖို့
လိုအပ်ပါတယ် သိထားမှလည်း အဖျက်ကို
ကာကွယ်နိုင်မယ် တွန်းလှန်နိုင်မယ် အဖျက် လို့
ဆိုလိုက်တာနဲ့ ဓမ္မမိတ်ဆွေတွေ မျက်စိ ထဲမှာ ပြေးမြင်တာက ပရလောကသား နဲ့ လမိုင်း ၊ စုန်း ၊ ကဝေ အစရှိတဲ့ မမြင်အပ်တဲ့ အရာတွေကို စိတ်ကူးနဲ့ တန်းပြီး ပုံဖော်လိုက်ကြတာပါပဲ.... အခု ပြောမယ့် အဖျက်ဓာတ်က အရမ်းသိမ်မွေ့ပါတယ်....

ဘယ်လို အဖျက် ဓာတ်တွေလည်း ?

အဓိဋ္ဌာန် စပြီးဝင်ကာစ ၃ရက်လောက်အထိ ကို အဖျက်ဓာတ်က မလာသေးတာများပါတယ် ဥပမာ ၉ရက် အဓိဋ္ဌာန် ဝင်ထားသူ ဆိုပါတော့ ၄ရက်မြောက် နေ့ဆို လာပါပြီအဖျက်.....ပြောရရင်တော့ သာမန်ရိုးရိုးအဖျက်ပေါ့ ။

ဥပမာ ပြောရရင် ပရိတ်ကြီး ၁၁ သုတ် ကို အဓိဋ္ဌာန် ဝင်ထားသူ ဆိုပါတော့ ၄ရက်မြောက် နေ့ တချို့လည်း ၅ရက်မြောက်နေ့ ရောက်ပြီဆိုတာနဲ့ ရွတ်နေတဲ့ အဓိဋ္ဌာန် ပျက်အောင်.... ချောင်းဆိုးမယ် ၊ လည်ပင်းနာမယ် ၊သွားကိုက်မယ်၊ လျှာမှာအဖုပေါက်မယ် ။ ရွတ်ဖတ်နေတဲ့ ပါဠိတွေ မဖတ်နိုင်လောက်အောင် ခေါင်းကိုက်မယ် ၊မျက်ရိုးတွေကိုက်မယ် ။

တစ်ဦး နဲ့ တစ်ဦးတော့ တူလိမ့်မည်မဟုတ်ပါ။

တချို့ကျတော့ အဓိဋ္ဌာန်ပြုပြီဆိုတာနဲ့ အဓိဋ္ဌာန် လုပ်ရမည့် အချိန် နီးလာရင် အစောကြီး အိပ်တတ်တဲ့ အကျင့်မရှိတဲ့သူတောင် အိပ်ငိုက်လာမယ် ခေါင်းမကြည်ဘူး ။ထိုင်ပြီး ရွတ်ဖတ်ခြင်း အဓိဋ္ဌာန် ဝင်ထားတဲ့ သူတွေဆို ထိုင်ပြီး အာရုံပြုလို့မရအောင် ညောင်းညာ ကိုက်ခဲမှုတွေဖြစ်မယ် ။

တချို့သော အဓိဋ္ဌာန် ဝင်သောသူများဆိုလျှင် မိမိယူထားသော အဓိဋ္ဌာန်ကို မေ့သွားသည်အထိ ဖြစ်တတ်ပါတယ် ဥပမာ ည၉နာရီတိတိတွင် မေတ္တာသုတ် ၉ခေါက် ရွတ်ပါမည်ဟု အဓိဋ္ဌာန် ဝင်ထားသူဆိုလျှင် ည၉နာရီအချိန်မှာ အလုပ်ရှုပ်စရာ ကိစ္စတခုခု ပေါ်လာပြီး အချိန်လွန်သွားခြင်းများ ဖြစ်တတ်ပါတယ် ။

အဓိဋ္ဌာန် ပြုလုပ်နေစဉ် ဖျက်တဲ့ အဖျက်ကတော့.... မျက်စိမှိတ်ပြီး ပုတီးစိပ်နေစဉ် အတွင်း ဟိုနားက ယားသလိုလို ဒီနေရာကပဲ ယားသလိုလို ၊ ပိုးကောင် တစ်ကောင်ကောင်ပဲ ကိုယ်ပေါ် တက်လာသလိုလို ခံစားရတတ်ပါတယ် ။

အဲ့ဒီလို ခံစားရပြီ ဆိုပါက စိပ်နေတဲ့ ပုတီးကို ခဏ ရပ်ပြီး စက္ကန့် ၂၀ လောက် ငြိမ်နေလိုက်ပါ... ပိုးကောင် ထင်ပြီး ခံစားနေရတဲ့နေရာကို လက်နဲ့ ပွတ်ပစ်ဖို့ မကြိုးစားပါနဲ့.... ကြိုးစားရင် သမာဓိ ပျက်ပြီပေါ့ ။

နောက်တခုက
မိမိကိုယ်ကိုမိမိစရဏအားကောင်းနေတယ် ထင်ပြီး လူပြတ်တဲ့နေရာဌာနတွေမှာအဖော်မပါပဲပုတီးသွားစိပ်
ခြင်းပါ ။

အဖော် ၃ယောက် ၄ယောက်မပါပဲ လူပြတ်တဲ့ နေရာဌာန ဖြစ်တဲ့ စေတီတွေမှာ အရဲစွန့်ပြီး ပုတီးသွားမစိပ်သင့်ပါဘူး အခန့်မသင့်ရင် ရူးသွပ် တဲ့အထိ ဖြစ်သွားနိုင်ပါတယ် မိမိမှာ သမာဓိအား အခြေခံ မရှိသေးပဲ လူပြတ်တဲ့နေရာ လူသူဝေးတဲ့ ဇရပ်လိုနေရာမျိုး လူမနီးသူမနီး ဘုရားစေတီတွေမှာ အားမထုတ်သင့်ပါဘူး အလွန်အန္တရာယ်များပါတယ် ...။

အဓိဌာန် ဝင်တိုင်း ပျက်ပျက်သွားတယ်... ဘာဖြစ်လို့ ပျက်ရတာလည်း....
တချို့ကလည်း အဓိဌာန် ပျက်လို့ ပျက်မှန်းတောင် မသိကြဘူး....
ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ ဘုရားတောင်မှ ဗောဓိပင် ရွှေပလ္လင် မရခင်မှာ မာရ်နတ်ရဲ့ အဖျက်ကို တွန်းလှန် ခဲ့ရသေးတာပဲ.... ။

ကောင်းတာလုပ်တိုင်း အဖျက်ဆိုတာ ရှိမှာပဲ.... ဒါက လောကနိယာမ တခု လို့ဆိုရင် မမှားပါဘူး....
အဓိဌာန် ဘာလို့ ပျက်ရတာလည်း....
၁။မနိုင်ဝန်ထမ်းမိလို့
၂။လေးလေးနက်နက် မထားမိလို့
၃။အဖျက် ကို အဖျက်မှန်း မသိလို့

အဓိဌာန် ဆိုတာက တခုခုကို တိတိကျကျ မှန်မှန်ကန်ကန် အပိုအလိုမရှိ ကွက်တိ ပြုမူ လုပ်ဆောင်ပါ့မည်ဟု ကတိကဝတ်ပြု တာ.... ဘယ်သူ့ကို ကတိကဝတ် ပြုသလည်း မေးရင် ဘုရားကျောင်းဆောင် ရှေ့မှာ ဘုရားကို တိုင်တည်ပြီး ကတိပြုတယ်လို့ ဓမ္မမိတ်ဆွေတွေ က များသောအားဖြင့် ဖြေကြပါလိမ့်မယ်.... ။
အမှန်ကတော့ သေချာစဉ်းစားရင် မိမိကိုယ်ကို မိမိ ဘုရားရှေ့မှာ ကိုယ့်ကိုကိုယ် အာမဘန္တေ ခံတာပါ.... ကိုယ့်ကိုကိုယ် ကတိပေးတာပါ.... ။

၁။မနိုင်ဝန်ထမ်းမိလို့

မိမိ အမှန်တကယ် ပြုလုပ်နိုင်သည်ထက်ပို၍ ကတိပြုမိခြင်း.... ဥပမာ တနေ့ ကို ဤဂါထာကို အခေါက်ရေ ၄၅ခေါက်ရွတ်ပါ့မည်ဟု မိမိ မရွတ်နိုင်သော အခေါက်ရေကို အဓိဌာန် ယူမိခြင်း.... အဲ့ဒါကြောင့် မိမိတကယ် ပြုလုပ်နိုင်သော အကြိမ်ရေ အခေါက်ရေ ပုတီးပါတ်တို့ကိုသာ အဓိဌာန်ယူပါ ။

၂။လေးလေးနက်နက်မထားမိလို့

တနေ့ ပုတီး ၉ပါတ် နှုန်းဖြင့် ၉ရက် အဓိဌာန်ယူထားတယ်.... အကြောင်းတခုခုကြောင့်/ကျန်းမာရေး ကြောင့်သော် ၄င်း အဓိဌာန် ပုတီးပါတ် စိပ်နေရင်း အိပ်ပျော်သွားတယ် ပုတီးပါတ်မပြည့်ဘူး... ရပါတယ်လေ နောက်ရက် မနေ့ ကကျန်ခဲ့တဲ့ ပုတီးပါတ်ရယ် ဒီနေ့ ပုတီးပါတ်ရယ် ရောပြီးစိပ်လည်း ရတာပဲ ထင်ကြတယ်.... မရပါဘူး အဓိဌာန်ဆိုတာ အပိုအလိုမရှိကွက်တိဖြစ်နေရပါမယ် ။

၃။အဖျက်ကို အဖျက်မှန်းမသိလို့

တခြား အချိန်ဆိုရင် ကျွေးမည့် မွေးမည့်သူ မပြောနဲ့ လက်ဖက်ရည် တောင် အလကား တိုက်မယံသူမရှိဘူး အဓိဌာန် ဝင်ပြီဆိုတာနဲ့ ဘီယာ တိုက်မယ့်သူ အရက်တိုက်မယ့်သူ ၊ KTV ကို စားရိတ်ခံ ခေါ်မယ့်သူတွေက အလျှိုအလျှို ပေါ်လာတတ်ကြတာပါပဲ... မိမိက အားနာလို့ မငြင်းမိရင် ပျက်ပြီလေ အဓိဌာန်.... ဒါက အဖျက်ကို အဖျက်မှန်း မသိ လို့ပါပဲ ။

အဖျက် သဘောက အယဉ်ရယ် အကြမ်း ရယ် ဆိုပြီး အကြမ်းဖျဉ်း ၂မျိုး ၂စား ခွဲလို့ရပါတယ်.... အဖျက်အရမ်းကြမ်းရင် ကာယကံရှင် က သတိထားမိပြီး ရှောင်နိုင်သေးတယ်....
ယဉ်တဲ့ အဖျက်ကျတော့ အဖျက်လို့ကို မထင်မိတာ အမျိုးသားတွေမှာ ကြုံရလေ့ရှိတဲ့ အဖျက်လို့ပဲပြောရမလား..... သာမာန်အချိန်မှာ ဘယ်မိန်းခလေးမှ ကိုယ့်ကို ရှိမှန်းတောင် ဂရုပြုမခံရတဲ့ မိမိက... အဓိဌာန် ဝင်ပြီဆိုတာနဲ့ ခင်ချင်လို့ပါဆိုပြီး ချဉ်းကပ်ခံရတာနဲ့.... အမျိုးသမီး တစ်ဦးဦးနဲ့ ပါတ်သက်ဆက်နွယ်ဖို့ အကြောင်းဖန်လာတော့တာပါပဲ..... အဲ့ဒီအချိန်မှာ မိမိကိုယ်ကို မိမိ ထင်တစ်လုံးနဲ့ ငါတော်တော်စွံပါလား လို့ မထင်မိစေဖို့ပါပဲ.... အဖျက်ကို အဖျက်မှန်း သိပါစေ ။

ယခု တင်ပြသွားသော် အဖျက်ဓာတ်များဟာ အဓိဌာန်ပြုသော သူများကြုံတွေ့ရတဲ့ အဖျက်ဓာတ်များ သာဖြစ်ပါတယ် ။
ရှောင်နိုင်အောင် post တခုအနေနဲ့ ရေးသားဖော်ပြပေးခြင်း ဖြစ်ပါတယ်.....အကြံပေးချင်တာက
အဓိဌာန်ဝင်တိုင်း ပျက်ပျက်သွားတတ်တယ် ဆိုရင် မိမိ တကယ် ပြုလုပ်နိုင်သောအကြိမ်ရေအခေါက်ရေ နဲ့ နေ့ရက် တို့ကိုသာ အဓိဌာန် တင်ပါ ။
လုပ်တိုင်း ခဏခဏ ပျက်နေရင်.... မိမိရဲ့ မသိစိတ်ကို အပျက်ဓာတ်က စိုးမိုးသွားပါလိမ့်မယ်.... ကိုယ့်ကိုကိုယ် ယုံကြည်မှု အားနည်း သွားပါလိမ့်မယ်.....ထို့ကြောင့် မိမိ အမှန်တကယ်ပြုလုပ်နိုင်သည်ထက်ပို၍ အဓိဌာန်မပြုလုပ်စေလိုပါ။

သိသာတဲ့ အဖျက်.... အဓိဋ္ဌာန်ဝင်ပြီဆိုတာနဲ့ အရင်က ဝင်နေတဲ့ လာဘ်လာဘတွေတောင် မဝင်တော့ပါဘူး.... အဓိဌာန် ဝင်တာနဲ့ မိသားစုအတွင်း စကားတွေများမယ် ရန်တွေဖြစ်မယ် ပြသနာတွေရှင်းရမယ်..... ဒါ အဖျက်ဓာတ်ပါပဲ..... ။

အဖျက်ဓာတ်တွေ ဒုက္ခ မပေးနိုင်အောင် အဓိဋ္ဌာန်ပုတီးမစိပ်ခင်မှာ ပြုဖွယ် ကိစ္စတွေက

၁။မိမိ၏ ရုပ်နာမ်၂ပါး နှင့် ခန္ဓာ ၅ပါးကို မြတ်စွာဘုရားထံလှူဒါန်းပါ ။

၂။ဘဝ အဆက်ဆက်က ပဌာန်းဆက်ရှိတဲ့ ပုဂ္ဂိုလ်တွေမှ မိမိအား စောင့်ရှောက်ပေးဖို့ တောင်းဆိုပါ။

၃။ပုတီး မစိပ်ခင် /ဂါထာတွေ မရွတ်ခင်မှာ မြင်အပ် မမြင်အပ် တွေကို မေတ္တာပို့ပါ ၊ မိမိ၏ အဓိဋ္ဌာန်ကုသိုလ်တွေကို အမျှပေးဝေပါ ။

၇ရက်သားသမီးအပေါင်း အဖျက်ဓာတ် ကင်းကင်း နဲ့ အဓိဋ္ဌာန်တွေပြုနိုင်ကြပါစေ ။
အဓိဋ္ဌာန်တွေ အောင်မြင်ကြပါစေ။🙏🙏🙏

ဒီပုံလေးကိုတွေ့ပြီးမကြာခင်မှာပဲငွေကြေးနဲ့ပတ်သက်ပြီးစိတ်ပူနေရတာတွေပြီးဆုံးပါတော့မယ်။မမျှော်လင့်ထားတဲ့ငွေကြေးတွေ ရောက်ရှိလ...
30/07/2025

ဒီပုံလေးကိုတွေ့ပြီးမကြာခင်မှာပဲ
ငွေကြေးနဲ့ပတ်သက်ပြီး
စိတ်ပူနေရတာတွေပြီးဆုံးပါတော့မယ်။
မမျှော်လင့်ထားတဲ့ငွေကြေးတွေ
ရောက်ရှိလာပါတော့မယ်။
ရယူဖို့အဆင်သင့်ပြင်ထားပါနော်🩵

💫 ဒီပုံလေးကိုတွေ့ပြီးမကြာခင်မှာပဲငွေကြေးနဲ့ပတ်သက်ပြီးစိတ်ပူနေရတာတွေပြီးဆုံးပါတော့မယ်။မမျှော်လင့်ထားတဲ့ငွေကြေးတွေ 💰 ရောက်...
14/07/2025

💫 ဒီပုံလေးကိုတွေ့ပြီးမကြာခင်မှာပဲ
ငွေကြေးနဲ့ပတ်သက်ပြီး
စိတ်ပူနေရတာတွေပြီးဆုံးပါတော့မယ်။
မမျှော်လင့်ထားတဲ့ငွေကြေးတွေ 💰
ရောက်ရှိလာပါတော့မယ်။
ရယူဖို့အဆင်သင့်ပြင်ထားပါနော်။

နက္ခတ်ဗေဒင် ♍ မဟာဘုတ်ဗေဒင် 📝 တဲရော့ ဗေဒင်🎆 လက္ခဏာဗေဒင်🤲တို့ဖြင့်စီးပွားရေး 💰💵💰အချစ်ရေး💖💓💞 အိမ်ထောင်ရေး 👫💏👫/လူမှုရေး 🏃🏃‍♂...
29/06/2025

နက္ခတ်ဗေဒင် ♍ မဟာဘုတ်ဗေဒင် 📝
တဲရော့ ဗေဒင်🎆 လက္ခဏာဗေဒင်🤲
တို့ဖြင့်
စီးပွားရေး 💰💵💰
အချစ်ရေး💖💓💞
အိမ်ထောင်ရေး 👫💏👫
/လူမှုရေး 🏃🏃‍♂️🏃‍♂️
ပညာရေး👨‍🎓👨‍🎓👨‍🎓
တို့ကို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်

ကန်တော့ပွဲ ထိုးပေးတာတွေ /နဝင်းပွဲ စီမံပေးတာ/
ဓာတ်ရိုက်ဓာတ်ဆင်နဲ့ ကံကြမ္မာ အခက်အခဲ
ဖြေရှင်းတာတွေ စတဲ့ သိရှိလိုတဲ့
ကိစ္စအဝဝကို ဆရာနဲ့
တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

ဆရာဘုန်းသူရကျော် (လောကီအစီအမံ)
ဆရာ့ဟောခန်းလိပ်စာ-
(၇၂×၇၃)လမ်းကြား (၃၆×၃၇)လမ်းကြား မဟာနွယ်လမ်းသွယ် မန္တလေးမြို့
09402228787(viber& Telegram& whatsapp)

ဂုဏ်ယူပါတယ် 👏သင့်အတွက် ...🙏🏡အိမ် ခြံ မြေ ၀ယ်ဖို့ငွေတွေရောက်ရှိလာပါပြီ💸🙏ကျေးဇူးပြုပီး လက်ခံပေးပါအုံးနော်🙏အခုပဲလက်ခံလိုက်ပ...
27/06/2025

ဂုဏ်ယူပါတယ် 👏
သင့်အတွက် ...🙏
🏡အိမ် ခြံ မြေ ၀ယ်ဖို့ငွေတွေရောက်ရှိလာပါပြီ💸
🙏ကျေးဇူးပြုပီး လက်ခံပေးပါအုံးနော်🙏
အခုပဲလက်ခံလိုက်ပါ။🙌

မင်္ဂလာနံနက်ခင်းလေးပါ🍁🍂ဒီလ အတွက် လက်ဆောင်လာပို့တာတံခါးဖွင့်ပါအုံး🙏☘️ဂုဏ်ယူပါတယ် 🎊🎉💰သင့်အတွက် ဒီနှစ်မကုန်ခင်အတွင်း 🏠အိမ်ဝ...
26/06/2025

မင်္ဂလာနံနက်ခင်းလေးပါ🍁🍂
ဒီလ အတွက် လက်ဆောင်လာပို့တာတံခါးဖွင့်ပါအုံး🙏
☘️ဂုဏ်ယူပါတယ် 🎊🎉
💰သင့်အတွက် ဒီနှစ်မကုန်ခင်အတွင်း
🏠အိမ်ဝယ်ဖို့ ငွေတွေလာပါပြီ။အခုပဲလက်ခံလိုက်ပါ။

🏡သင့်စီ အိမ် ခြံ မြေ ၀ယ်ဖို့ငွေတွေရောက်ရှိလာပါပြီ💸🙏ကျေးဇူးပြုပီး လက်ခံပေးပါအုံးနော်🙏
23/06/2025

🏡သင့်စီ အိမ် ခြံ မြေ ၀ယ်ဖို့ငွေတွေရောက်ရှိလာပါပြီ💸
🙏ကျေးဇူးပြုပီး လက်ခံပေးပါအုံးနော်🙏

ကျိုက်ထီးရိုးစေတီကိုတည်ထားခဲ့သည့်ရသေ့ကြီးနှင့် သိကြားမင်းပုံတော်ပါ၇ရက်သားသမီးများဖူးမြှော်နိုင်ကြပါစေ
20/06/2025

ကျိုက်ထီးရိုးစေတီကို
တည်ထားခဲ့သည့်
ရသေ့ကြီးနှင့် သိကြားမင်းပုံတော်ပါ

၇ရက်သားသမီးများ
ဖူးမြှော်နိုင်ကြပါစေ

20/12/2024

ဤဂါထာကို မနက် 6:00 - 6:30 အတွင်း တစ်နေ့ 3ကြိမ် 21ရက်တိတိ မိမိဖြစ်ချင်တဲ့ဆန္ဒကို အာရုံထားပြီး ယုံကြည်စွာဖြင့် ရွတ်ဆိုပါ။ 21 ရက်အတွင်း
ကောင်းသောအကျိုး ခံစားရလိမ့်မည်။

#ယုံကြည်မှုရှိမှအောင်မြင်မည်။

Address


Telephone

+959402228787

Website

Alerts

Be the first to know and let us send you an email when ဆရာဘုန်းသူရကျော် ဗေဒင်နှင့်လက္ခဏာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram