July Nyein " Masked Tarot "

July Nyein " Masked Tarot " 🌟✨⭐️ July Nyein 🍀🌸☘️

⚜️🔔 Masked Tarot ⚜️🔔

၈.၈.၂၀၂၅ ဝါခေါင်လပြည့်နေ့🦁 8.8 Lion's Gate Portal ပွင့်တဲ့အချိန် ☀️ ၈ ပါး ဥပုသ်သီလခံယူ☀️ သရဏဂုံ ၃ ပါး (၉၉၉) ခေါက်☀️ ဒိဝါ...
09/08/2025

၈.၈.၂၀၂၅ ဝါခေါင်လပြည့်နေ့
🦁 8.8 Lion's Gate Portal ပွင့်တဲ့အချိန်

☀️ ၈ ပါး ဥပုသ်သီလခံယူ
☀️ သရဏဂုံ ၃ ပါး (၉၉၉) ခေါက်
☀️ ဒိဝါတပတိဂါထာ (၉၉) ခေါက်
☀️ ဘုရားဂုဏ်တော် ၉ ပါး (၉) ခေါက်
☀️ သမ္ဗုဒ္ဓေဂါထာ (၉) ခေါက်
☀️ ဖုဌဿဂါထာ (၉) ခေါက်
☀️ နမောတေဂါထာ (၉) ခေါက်
☀️ မေတ္တာသုတ် (၉) ခေါက် တို့အား
ရွတ်ဖတ်ပွားများပူဇော်ခဲ့ပါတယ်။
☀️ ဘုရားဝတ်ပြုပူဇော် ရှိခိုးကန်တော့
☀️ ဝိပဿနာတရား ပွားများအားထုတ်ပြီး
(၇) ရက်သားသမီးတွေကို မေတ္တာပို့ အမျှဝေခဲ့ပါတယ်ရှင့် 🙏🙏🙏

ဤကုသိုလ်ကောင်းမှုတို့ကို (၇) ရက်သားသမီးများအားလုံး ကုသိုလ်ထပ်တူရရှိနိုင်ကြပါစေ 🙏

☀️ ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ 🙏
☀️ ရောဂါခပ်သိမ်း ငြိမ်းကြပါစေ 🙏
☀️ ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ 🙏
☀️ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ 🙏
☀️ မြန်မာပြည်သူ/သားများ ငြိမ်းချမ်းမှုများ
အမြန်ဆုံး ရရှိနိုင်ပါစေ 🙏🙏🙏

https://www.facebook.com/MaskedTarot/posts/pfbid08WJjM2s3YerQ86xUSjggE44gf2Bi2Msao5eKKWGWSQKoiG9W4EtrRTMmDNjk4yoSl
06/04/2025

https://www.facebook.com/MaskedTarot/posts/pfbid08WJjM2s3YerQ86xUSjggE44gf2Bi2Msao5eKKWGWSQKoiG9W4EtrRTMmDNjk4yoSl

တိုင်းပြည်ကောင်းဖို့ အစီအရင်
=========

❤ အများပြည်သူလုပ်ဆောင်ရန် အစီအရင်ကို
ဟော့ဒီ Link မှာ မနက်က တင်ခဲ့ပါတယ် ❤
🔗https://www.facebook.com/photo?fbid=9774553682612008&set=a.201694273231378

❤ အခုထပ်တင်တာကတော့ ... တားရော့ဆရာတွေ လုပ်ဆောင်ဖို့အတွက်
ကျနော်တို့ရဲ့ အတွင်းစည်းယတြာပါ။ ဒီကိစ္စဟာ အများအကျိုးအတွက်မို့
လိုက်လံလုပ်ဆောင်လိုသူများရှိက လုပ်နိုင်အောင် တင်ပေးလိုက်ပါတယ် ❤
~~~~~~~~~~

⏰ လုပ်ဆောင်ရမည့် နေ့ရက်
Apr 7, 2025 (တနင်္လာနေ့)

⏰ လုပ်ဆောင်ရမည့် အချိန်
နံနက် ၉နာရီတိတိ

• လိုအပ်သည့် ပစ္စည်းများ •

🪬ဘုရားပူဇော်ရန် ပန်းများ
ကံ့ကော် ၁၅ ညွှန့်၊ အင်ကြင်း ၂၁ ညွှန့်
🪬ဖယောင်းတိုင် ၉ တိုင်
🪬ရေ ခွက်ငယ် ၉ ခွက်
🪬မြန်မာ့မြေပြင်မှ ကျောက်ခဲငယ်တစ်လုံး
🪬တားရော့ကဒ်များအနက်မှ The Star, The Sun နှင့် The World

• စီရင်ပုံ အဆင့်ဆင့် •

⏰ နံနက် ၉နာရီတိတိတွင် -
ကံ့ကော် ၁၅ညွှန့် အား
ရေဆေးသန့်စင်ကာ ဘုရားလှူပါ။

အင်ကြင်း ၂၁ ညွှန့်အား
ရေဆေးသန့်စင်ကာ ဘုရားပန်းအိုးထိုး၍
မြင့်သော နေရာတစ်ခုတွင် တင်ထားပါ။

ထို့နောက် ဘုရားရှိခိုးဝတ်ပြုပါ။

⏰ နံနက် ၉နာရီ၁၅မိနစ်တိတိတွင် -
ဘုရားစင်ရှေ့၌ အရှေ့အရပ်ကို မျက်နှာပြု၍
ကောင်းမွန်သန့်ပြန့်စွာ ခင်းကျင်းထားသော
စားပွဲတစ်လုံးအပေါ်တွင် ...

ရေဆေးထားသော ကျောက်ခဲအားအလယ်တွင်ထားကာ
The Star, The Sun နှင့် The World
ကဒ် ၃ကဒ်အား တြိဂံပုံစံ ဖိုနောက်ဆိုင် ကာလိုက်ပါ။
ယင်း၏အပြင်မှ ရေခွက်ငယ် ၉ခွက်ဖြင့် ဝန်းရံပါ။
ထို့နောက် ဖယောင်းတိုင် ၉တိုင်ကို အပြင်မှ
ထပ်မံဝန်းရံ စိုက်ထူလိုက်ပါ။

⏰ နံနက် ၉နာရီခွဲ တိတိတွင် -
အောက်ဆုံးတွင် ဖော်ပြထားသော Page တစ်ခုခုအား
ဖွင့်ကာ ထို Page တွင် တင်ပေးထားသော
ယတြာနောက်ခံ အသံ Video အားဖွင့်လှစ်ကာ
အောက်ပါတို့အား အဆင့်ဆင့်လုပ်ဆောင်ပါ။

🧙 စားပွဲပေါ်ရှိ ကျောက်ခဲကို လက်တွင်ကောက်ယူ
ကိုင်ဆောင်လိုက်ကာ ...
မြန်မာ့မြေဓာတ်အား ကုစားစီရင်ပါ၏ဟု
စိတ်တွင် နှလုံးသွင်းကာ
အခြားလက်က The Sun ကဒ်အားကောက်ယူကိုင်ဆောင်ပြီး

မြန်မာ့မြေပြင်
ပြန်လည်သန်စွမ်းကြည်လင်လာသည်ကို
စိတ်အာရုံတွင် မြင်ယောင်ပါ။

ပြီးလျှင် အောက်ပါ တာရော့မန္တာန်ကို ရွတ်ဆိုပါ။
With the energy of the Sun, may the land of Myanmar prosper and come alive.

မြန်မာလို အဓိပ္ပါယ်မှာ ...
နေမင်း၏ စွမ်းအင်ဖြင့် မြန်မာ့မြေ သာယာဝပြောပြီး အသက်ဝင်လာပါစေ။
(မြန်မာလို အဓိပ္ပါယ်မှာ နှလုံးသွင်းရန်သာဖြစ်ပြီး ရွတ်ဖို့ မလိုပါ)

ထို့နောက် ... ကျောက်ခဲငယ် နှင့် The Sun ကဒ်အား မူလနေရာပြန်ချကာ

🧙 ဖယောင်းတိုင် ၉ တိုင်ကို မီးညှိပါ။
ထိုသို့ မီးညှိစဉ်တွင် ... လက်တဘက်က မီးငြှိရန်နှင့်
ကျန်လက်တစ်ဘက်တွင် The Star ကတ်အားကိုင်ကာ

မင်္ဂလသုတ်တော်လာ ဂါထာတလှည့်
တာရော့မန္တာန်တလှည့် ရွတ်ဖတ်ရန်ဖြစ်သည်။

'ဗဟူ ဒေဝါ မနုဿာ စ၊

မင်္ဂလာနိ အစိန္တ ယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊
ဗြူဟိ မင်္ဂလ မုတ္တမံ'

Many devas and humans have pondered over blessings,
Desiring well-being; proclaim the highest blessing.
(ဗုဒ္ဓဘာသာမဟုတ်သူများပါဝင်လိုပါက
အင်္ဂလိပ်လို အဓိပ္ပါယ်ကို ရွတ်ဖတ်နိုင်ပါသည်)

အဓိပ္ပါယ်မှာ ...
လူတို့ရော နတ်တို့ပါ များစွာသော သူတို့သည် မင်္ဂလာတရားတို့ကို ကြံစည်ခဲ့ကြသည်။ ဘေးကင်းခြင်းကို ရည်စူးလျက် အကောင်းဆုံး မင်္ဂလာကို ဟောကြား ညွှန်ပြပါဘုရား။

ထိုသို့ ပါဠိလိုရွတ်ဖတ်ပြီးပါက ... အောက်ပါ တာရော့မန္တာန်ကို ရွတ်ဆိုပါ
With the light of the Star, may new hope arise for the land of Myanmar.

မြန်မာလို အဓိပ္ပါယ်မှာ ...
ကြယ်၏ အလင်းစွမ်းအားဖြင့် မြန်မာ့မြေအတွက် မျှော်လင့်ချက်သစ်ကို ဖြစ်ပေါ်ပါစေ။
(မြန်မာလို အဓိပ္ပါယ်မှာ နှလုံးသွင်းရန်သာဖြစ်ပြီး ရွတ်ဖို့ မလိုပါ)

ထို့နောက် ... The Star ကတ်အားမူလနေရာပြန်ချကာ

🧙 စားပွဲပေါ်ရှိ ရေခွက်ငယ်လေးများပေါ်တွင်
လက်ဖြင့် ညင်သာစွာ ဝှေ့ယမ်းပြီး
မြန်မာ့မြေတစ်ဝှမ်းသို့ ခွန်အားစွမ်းအင်များထောက်ပံ့ ဖြန့်ဝေသည်ဟု ခံစားပါ။

ထို့နောက် အောက်ပါ ဂါထာကို ရွတ်ဆိုပြီး

'သောတ္ထိ ဟောတု သဗ္ဗဒါ'
May there be well-being at all times

အဓိပ္ပါယ်မှာ ...
အခါခပ်သိမ်း ဘေးကင်းပါစေ

ရေခွက်ငယ်လေး တစ်ခွက်စီမှ ရေအနည်းငယ်ကို
(စတိသဘော) အလယ်မှ ကျောက်ခဲလေးပေါ်
သွန်းလောင်းပေးပါ။ ထိုသို့သွန်လောင်းစဉ်
ကျန်လက်တစ်ဘက်တွင် The World ကဒ်အားကိုင်ကာ

တခါသွန်းလောင်းစဉ်တိုင်း
သောတ္ထိ ဟောတု သဗ္ဗဒါ ... ဟု
တကြိမ်ရွတ်ပြီနောက် ...
With the completeness of the World, may the land of Myanmar unite and be filled with good fortune
ဟု တကြိမ် ဆက်ရွတ်ရမည် ဖြစ်သည်‌။
မြန်မာလိုအဓိပ္ပါယ်မှာ ...
The World ကဒ်၏ ပြီးပြည့်စုံမှုဖြင့် မြန်မာ့မြေ စည်းလုံးညီညွတ်ပြီး ကံကောင်းခြင်းများ ပြည့်စုံပါစေ။

ရေမှာ စတိသဘောမျှသာ သွန်းလောင်းရန်ဖြစ်ပြီး
စားပွဲပေါ် အရမ်းမရွှဲစိုသွားစေရန် သတိပြုပါ။

ထို့နောက် ... The World ကတ်အားမူလနေရာပြန်ချကာ

🧙 ဖယောင်းတိုင် ၉ တိုင်အား လက်မ လက်ညှိုးတို့ဖြင့်
ဖိပိတ်ကာ တတိုင်စီ ငြှိမ်းသတ်ရမည်ဖြစ်သည်။

ထိုသို့ ငြှိမ်းသတ်စဉ်တွင် ...
အောက်ပါအတိုင်းရွတ်ဖတ်ပါ။

'သဗ္ဗဒုက္ခဝိနာသန္တု၊ မင်္ဂလံ ဘဝတု သဗ္ဗံ'
May all suffering cease, may all blessings arise.

အဓိပ္ပါယ်မှာ ...
ဒုက္ခအလုံး ချုပ်ငြိမ်းပါစေ၊ မင်္ဂလာအရပ်ရပ် ဖြစ်ပွားပါစေ။

ဖယောင်းတိုင် တတိုင်ကို မီးငြှိမ်းစဉ်တိုင်း
တကြိမ်စီ ရွတ်ဆိုရမည်ဖြစ်သည်။

ထို့နောက်တွင် ကဒ်သုံးကဒ်လုံးအား လက်နှစ်ဘက်ဖြင့် ထိတွေ့ကာ ...
အောက်ပါ တာရော့မန္တာန်ကို ရွတ်ဆိုရမည်ဖြစ်သည်။
With the energy of the Star, the Sun, and the World, may this ritual be fulfilled.
ကြယ်စင်၊ နေမင်း၊ ကမ္ဘာ၏ စွမ်းအင်ဖြင့် ဤအစီအရင် ပြီးပြည့်စုံပါစေ။

❤️ အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီ ... ဟု သုံးကြိမ်ရွတ်ဆိုပြီးအောင်မြင်ခြင်းသို့ ရောက်ပါပြီ ❤️

ကံကော်ညွှန့်များအား အနောက်အရပ်ရှိ
သစ်ပင်ကြီးကြီးတပင်တွင် စွန့်ပါ။

ကျောက်ခဲငယ်အား အိမ်ခြံဝင်းသို့မဟုတ်
အိမ်အနီးအနားတွင် စွန့်ပါ။

ရေခွက်ငယ်များအတွင်း ကျန်သမျှအား
ထိုကျောက်ခဲငယ်အပေါ် သွန်းလောင်းလိုက်ပါ။

• အင်ကြင်းညွှန့်များထိုးထားသော
ပန်းအိုးအား ... ထိုနေ့မှ စကာ ၉ရက်တိတိ
ဘုရားစင်တွင် ထားရှိပူဇော်ထားရန်ဖြစ်သည်။

• ထို ဘုရားပန်းအိုးရှေ့တွင် ဖယောင်းတိုင်တတိုင်ထွန်းကာ
နေ့စဉ် မြန်မာ့မြေ ပြန်လည် သန်စွမ်းကျန်းမာလာရန်
ဆုတောင်းမှု ပြုနိုင်ပါသည်။
_______________
ယတြာနောက်ခံ အသံ Video တင်ပေးထားမည့် Page များ
🔗 www.facebook.com/ThornNaySoul
🔗 www.facebook.com/MyanmarFortuneTeller
🔗 www.facebook.com/TheRevolutionaryMagician
🔗 www.facebook.com/MaskedTarot

နတ်တော်လပြည့်နေ့2024 ခုနှစ်အတွက် နောက်ဆုံး Full Moon ကို December 15 ရက်နေ့ 3:31 PM အချိန်တွင် ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။
15/12/2024

နတ်တော်လပြည့်နေ့
2024 ခုနှစ်အတွက် နောက်ဆုံး Full Moon ကို
December 15 ရက်နေ့ 3:31 PM အချိန်တွင်
ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။

December 15 ရက်နေ့ 3:31 PM အချိန်တွင် 2024 ခုနှစ်အတွက် နောက်ဆုံး Full Moon ကို ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။

2024 ခုနှစ်အတွက် နောက်ဆုံး Full Moon ဖြစ်ပေါ်ချိန်မှာ ပြီးခဲ့တဲ့ 2024 ခုနှစ် June လပိုင်းက အချိန်တွေကို ပြန်စဉ်းစားကြည့်ရမှာဖြစ်ပြီး ကိုယ့်ရဲ့ Manifestation တွေရဲ့ ရလာဒ်များကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ Gemini ရာသီခွင်မှာ ဖြစ်ပေါ်တာကြောင့် စိတ်ပိုင်းဆိုင်ရာပေါ်မှာ လွှမ်းမိုးမှုရှိပြီး 2025 ခုနှစ်အတွက် သယ်သွားစရာ မလိုတဲ့အရာတွေကို လွှတ်ချထားခဲ့ဖို့ တွန်းအားပေးထားပါတယ်။ ဒါကြောင့် လပြည့်ချိန် နီးကပ်လာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာမှာ လေးလံတဲ့ ခံစားချက်တွေ ရှိနေခဲ့မယ်ဆိုရင် Grounding နဲ့ Meditation ပြုလုပ်ခြင်းအားဖြင့် သိသာစွာ ပေါ့ပါးမှုကိုလည်း ရရှိနိုင်ပါတယ်။

Gemini ရာသီခွင်ဟာ Duality ကို ကိုယ်စားပြုတဲ့ ရာသီခွင်ဖြစ်ပြီး ဆန့်ကျင်ဖက် အရာနှစ်ခုရဲ့ ပေါင်းစည်းမှုဟာ Wholeness ကိုယ်စားပြုတာကို သတိရစေနိုင်ပါတယ်။ အလင်းနဲ့ အမှောင်တို့ဟာ အတူတကွ တည်ရှိကြပြီး မျှတစွာနေနိုင်တဲ့အခါ ကိုယ့်ရဲ့ ဖြစ်တည်မှုကို ဟန်ချက်ညီစေပါတယ်။ ဒါကြောင့် ဒီအချိန်လေးမှာ ကိုယ့်ကိုယ်ကို အတွက်ရော၊ အခြားသူတွေ အတွက်ပါ အကောင်းဆုံး ပေးနိုင်တဲ့ လက်ဆောင်တစ်ခုရှိမယ်ဆိုရင် “မေတ္တာစေတနာ ထားခြင်း” ဖြစ်ပါလိမ့်မယ်။ အတိတ်တွေ၊ အမှားတွေ၊ ဝမ်းနည်းပူဆွေးစရာတွေဟာ ကိုယ်အသိသတိ မရှိခဲ့ချိန်မှာ ဖြန့်ဝေမိခဲ့တဲ့ Energy တွေ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သတိရှိစွာနဲ့ မေတ္တာတရား၊ ကိုယ်ချင်းစာတရားများနဲ့ ကောင်းမွန်တဲ့ Energy များကို စေတနာရှိစွာ မျှဝေကြဖို့ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်အတွက် မမြင်နိုင်သော စွမ်းအားများကို ယုံကြည်စေပြီး ကံကောင်းမှုများကို ဆွဲငင်ပေးနိုင်ပါလိမ့်မယ်။

Mercury ဂြိုဟ်ရဲ့ နောက်ဆုံး Retrograde လည်း ပြီးဆုံးတာကြောင့် Healing Energy များလည်း ရရှိကြပါတယ်။ Mercury ရဲ့ Retrograde ခရီးဟာ ကိုယ့်ကို Reflection များစွာ လုပ်ပေးခဲ့ပြီး အများကြီး သတိကကပ်စေခဲ့ပါလိမ့်မယ်။ ကျန်းမာရေး ပိုင်းဆိုင်ရာ၊ အစားအသောက်ပိုင်းဆိုင်ရာများဟာ အလေးမထားမိကြတဲ့အရာတွေကို စတင်သတိပြုမိလာကြပါတယ်။
Inner Work တွေ လုပ်ဖို့ တွန်းအားပေးခဲ့သလို ပြည့်ဝစွာ အနားယူတတ်ဖို့၊ ခန္ဓာကိုယ်က ပြောပြတာတွေကို နားထောင်တတ်ဖို့ သင်ပြပေးခဲ့ပါတယ်။ ဒါကြောင့် Full Moon ဖြစ်ပေါ်ချိန်ကစလို့ လူတိုင်းမှာ မျှဝေစရာ အတွေးအမြင်သစ်တွေ၊ နားလည်သဘောပေါက်မှုတွေ ရှိနေပါတယ်။ အချို့သူများအတွက် အံ့ဩစရာ သတင်းတွေ ရောက်လာတာ၊ လျှို့ဝှက်ချက်တွေ ထွက်ပေါ်တာ၊ သတင်းပေါက်ကြားတာ၊ နာမည်ကြီးသူများ မျက်နှာဖုံးတွေ ကွာကြတာတွေ ကြုံရနိုင်ပါတယ်။ လုပ်လက်စ အလုပ်တွေကို ပြီးဆုံးအောင် လုပ်ကြဖို့၊ အဆုံးသတ်စရာတွေ လက်စသတ်ဖို့ အကောင်းဆုံး အချိန်လည်း ဖြစ်ပါလိမ့်မယ်။

2024 ခုနှစ်က လူတိုင်းအတွက် ကောင်းမွန်ဖို့ မသေချာနိုင်ပေမယ့် အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့ကြတာကတော့ သေချာပါတယ်။ တခါတလေမှာ သန်မာစွာ ရှင်သန်နေနိုင်တာကလည်း စွမ်းရည်တစ်ခုပဲ ဖြစ်ပြီး ကိုယ်ဘယ်လောက် ဝေးဝေးရောက်အောင် ကြိုးစားလျှောက်လှမ်းနိုင်ခဲ့ပြီလဲဆိုတာကို အသိအမှတ်ပြုရပါလိမ့်မယ်။ Full Moon နဲ့အတူ ကိုယ့်ရဲ့ Energy တွေကို ဘယ်နေရာမှာ သုံးနေခဲ့သလဲ၊ ဘယ်လိုသူတွေနဲ့ ရှေ့ဆက်ဖို့ ရွေးချယ်ထားလဲ၊ စိတ်ဖိစီးမှုတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနေလဲ၊ ဆုံးဖြတ်ချက်တွေကို ဘယ်လောက် ခိုင်မာစွာ ချထားလဲ ပြန်ပြီး Reflect လုပ်ပါ။ Full Moon ရဲ့ အလင်းရောင်ဟာ ကိုယ်တစ်ယောက်ထဲ ရှာဖွေတွေ့ရှိရမယ့် အရာတွေကို အလင်းပြပေးနိုင်ပါတယ်။

Gemini Full Moon ရဲ့ Energy ကို Gemini, Virgo, Sagittarius နဲ့ Pisces ရာသီခွင်များက သိသာစွာ သိရှိခံစားရနိုင်ပြီး ပေါ့ပါးကြည်လင်မှုနဲ့ ကံကောင်းမှုများက 2025 ခုနှစ်နဲ့အတူ အခြားတစ်ဖက်မှာ စောင့်ကြိုနေပါတယ်။ ကိုယ့်အတွက် အရေးမပါတော့တဲ့အရာတွေကို ထားခဲ့နိုင်ဖို့ကတော့ ကိုယ့်ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါလိမ့်မယ်။

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when July Nyein " Masked Tarot " posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram