Ayar Nadi

Ayar Nadi (5D Ultrasound Center)

အိမ်ထောင်မပြုခင် ကျန်းမာရေးစစ်ဆေးပြီးပြီလား❓9️⃣9️⃣0️⃣0️⃣0️⃣ကျပ်တည်း နှင့် Couple/ Marriage Package ကို ဧရာနဒီ အထူးကုဆေးခ...
26/10/2025

အိမ်ထောင်မပြုခင် ကျန်းမာရေးစစ်ဆေးပြီးပြီလား❓

9️⃣9️⃣0️⃣0️⃣0️⃣ကျပ်တည်း နှင့် Couple/ Marriage Package ကို ဧရာနဒီ အထူးကုဆေးခန်း မှာ စစ်ဆေးနိုင်ပါပြီရှင်📣📣

မင်္ဂလာမဆောင်ခင်မှာ မိမိနှင့် မိမိလက်တွဲဖော် နှစ်ဖက်လုံး ဆေးစစ်တာဟာ အရေးကြီးတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်ရှင်။

စုံတွဲတွေအနေနဲ့ ကျန်းမာရေးစစ်ဆေးတာဟာ ရှက်စရာမဟုတ်ပါ။

HIVတခုတည်းစစ်ဆေးရတာမဟုတ်ပဲ လိုအပ်တာတွေ အကုန်စစ်ဆေးပေးတဲ့ Couple Packageလေးကို ဧရာနဒီမှာ စီစဉ်ပေးထားပါပြီရှင်။

ဧရာနဒီရဲ့ Couple Packages မှာ ဘာတွေပါလဲ❓

📣သွေးနီဥပမာဏ စစ်ဆေးပေးခြင်း (Hb%)

📣 သွေးဖြူဥ၊ သွေးနီဥ၊ သွေးဥမွှား စစ်ဆေးခြင်း (Blood For CP)

📣အသည်းရောင် အသားဝါဘီပိုး၊ စီပိုးစစ်ဆေးခြင်း (Hepatitis B,C)

📣ကာလသားရောဂါပိုး စစ်ဆေးခြင်း (VDRL)

📣ခုခံအားကျဆင်းမှု ရောဂါရှိမရှိ စစ်ဆေးခြင်း (HIV Screening)

📣သွေးတွင်းအချိုဓာတ် စစ်ဆေးခြင်း (RBS)

📣ဆီးစစ်ဆေးခြင်း (UREME)

📣 သွေးအမျိုးအစားခွဲခြားခြင်း (A/B/O/Rh)

📣တီဗွီဓာတ်မှန်ရိုက်ကူးခြင်း )USG Abdomen & Pelivs)

📣Contraception Method Discussion with Doctor

စတဲ့ စုံတွဲတွေအတွက်လိုအပ်တဲ့ စစ်ဆေးချက်များကို အလုံးစုံ စစ်ဆေးပေးမှာ ဖြစ်ပါတယ်ရှင်😍

ဒါ့ကြောင့် သီတင်းကျွတ်ပြီး မင်္ဂလာဆောင်ကြမဲ့ စုံတွဲလေးများ အနေနဲ့ ကိုယ်နဲ့ကိုယ့်Partner ကြားယုံကြည်မှုပိုတိုးဖို့ Couple Packageလေးကို ဧရာနဒီ အထူးကုဆေးခန်းမှာ စျေးနှုန်းချိုသာစွာ လာရောက်စစ်ဆေးလိုက်ကြတော့နော်📣

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


ရာသီတုပ်ကွေး ခံစားနေရပြီလား❓💡💡ယခုလို ရာသီအကူးအပြောင်း မှာ အဖြစ်များသော ရာသီတုပ်ကွေးရောဂါအကြောင်း မျှဝေပေးလိုက်ပါတယ်။ ဘယ်...
22/10/2025

ရာသီတုပ်ကွေး ခံစားနေရပြီလား❓

💡💡ယခုလို ရာသီအကူးအပြောင်း မှာ အဖြစ်များသော ရာသီတုပ်ကွေးရောဂါအကြောင်း မျှဝေပေးလိုက်ပါတယ်။

ဘယ်လို ရောဂါလက္ခဏာမျိုးလဲ❓

✅ချောင်းဆိုးခြင်း
✅ဖျားနာခြင်း
✅နှာစေးခြင်း
✅ခေါင်းကိုက်ခြင်း
✅ခေါင်းမူးခြင်း
✅သတိလစ်ခြင်း
✅ကိုယ်လက်များနာကျင် ကိုက်ခဲခြင်း
✅ လက်ဖျား၊ခြေဖျား အေးစက်ခြင်း

ဘာကြောင့်ဖြစ်တာလဲ❓

virus ပိုးကြောင့် ဖြစ်တဲ့ ရောဂါဖြစ်တဲ့အတွက် တုပ်ကွေးရောဂါဖြစ်တဲ့ အခါမှာ Antibiotics လို့ခေါ်တဲ့ ပဋိဇီဝဆေးတွေကို သောက်သုံးသော်လည်း မပျောက်ကင်းနိုင်တာ ဖြစ်ပါတယ်။

ဘယ်လိုကူးစက်လဲ❓

လေထုထဲက တစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပြီး ကူးစက်တာမြန်တဲ့အတွက် မိသားစုဝင်ထဲက တစ်ယောက်ယောက် တုပ်ကွေး စဖြစ်ပြီဆိုရင် ဂရုမစိုက်မိပါက တစ်အိမ်လုံးကူးကြတာ ဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ ပိုဖြစ်နိုင်လဲ❓

🔔ကလေးငယ်များ၊
🔔အသက် (၆၀) ကျော်နှင့်အထက် သက်ကြီးရွယ်အိုများ၊
🔔ကိုယ်၀န်ဆောင်အမျိုးသမီးများ၊
🔔ကိုယ်ခံစွမ်းအားစနစ် အားနည်းသူများ (ဥပမာ- HIV ၊ TB ဝေဒနာရှင်များ)၊
🔔နာတာရှည်ရောဂါ ခံစားနေရသူများ ၊(ဥပမာ- ဆီးချိုရောဂါ၊ နှလုံးရောဂါ)၊
🔔တုပ်ကွေးလူနာများကို ပြုစုစောင့်ရှောက်ကုသရသော ကျန်းမာရေး၀န်ထမ်းများ၊
🔔လူအများနှင့် စုပေါင်းနေထိုင်ရတဲ့သူများ (ဥပမာ-ကျောင်း၊ အဆောင်၊ ဘိုးဘွားရိပ်သာတွေ)၊
🔔ကင်ဆာရောဂါကုသမှုခံယူနေရသူများ နှင့်
🔔စတီးရွိုက်ဆေးသုံးစွဲနေရသူများတွင်
ဖြစ်နိုင်ချေများပြီး ဖြစ်ခဲ့လျှင်လည်း နောက်ဆက်တွဲရောဂါပြဿနာများ၀င်ဖို့ အခွင့်အရေးပိုများပါတယ်။

ဘယ်လိုကာကွယ်မလဲ❓

အထိရောက်ဆုံး ကာကွယ်နည်းဟာ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးရမှာ ဖြစ်ပါတယ်။

ဒါ့ပြင်..

✅ကိုယ်ခံအားစနစ်ကိုမြှင့်တင်ပါ။
✅အိပ်ရေးဝဝ အိပ်ပါ။
✅အစားအသောက်မျှတစုံလင်ပြီး အာဟာရပြည့်ဝအောင် စားပါ။
✅Vitamin C ကြွယ်ဝတဲ့ အသီးအရွက်များ စားသုံးပါ။
✅ရေများများ သောက်ပါ။ (တစ်နေ့ အနည်းဆုံး (၃) လီတာ သောက်ရန်လိုအပ်ပါသည်။ )
✅စိတ်ဖိစီးမှုများကို တတ်နိုင်သမျှလျှော့ချပါ။

ဒါ့ကြောင့် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး ထိုးနှံရန် လိုအပ်လာပါက ဧရာနဒီ အထူးကုဆေးခန်းတွင် ထိုးနှံနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ
#ရာသီတုပ်ကွေး

20/10/2025

5D Ultrasound နှင့် အခြားရောဂါများရှာဖွေခြင်းအတွက် Ultrasound ရိုက်ကူးရန် လိုအပ်လာပါက ဧရာနဒီ အထူးကုဆေးခန်းကို သတိရပါ📣📣 #ဧရာနဒီ

❝ ဆီမီးထိန်ညီ ဒီပါဝလီ .. ❞ ဟိန္ဒူဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီပါဝလီ (ခေါ်) ဒီဝါလီနေ့မှာ ထွန်းညှိလိုက်တဲ့ ဆီမီးအလ...
20/10/2025

❝ ဆီမီးထိန်ညီ ဒီပါဝလီ .. ❞
ဟိန္ဒူဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီပါဝလီ (ခေါ်) ဒီဝါလီနေ့မှာ

ထွန်းညှိလိုက်တဲ့ ဆီမီးအလင်းရောင်တွေနဲ့အတူ မိတ်ဆွေတို့မှာရှိနေတဲ့ အဆိုးတွေအညံ့တွေ၊ အဆင်မပြေစရာတွေ အားလုံးကင်းဝေးသွားပြီးတော့ ကောင်းခြင်းတွေအပြည့်နဲ့ စိတ်ချမ်းသာစရာတွေပဲ ကြုံတွေ့ရပါစေလို့

ဧရာနဒီ အထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ



#ဒီပါဝလီ

အသည်းအဆီဖုံးနေပြီလား ❓ယနေ့ခေတ် လူနေမှူ ပုံစံအရ အသည်းအဆီဖုံးတဲ့ ရောဂါဟာ အဖြစ်များလာတာကို တွေ့ရပါတယ်။‎‎ဘယ်လိုဖြစ်တာလဲ❓အဆီဓ...
18/10/2025

အသည်းအဆီဖုံးနေပြီလား ❓

ယနေ့ခေတ် လူနေမှူ ပုံစံအရ အသည်းအဆီဖုံးတဲ့ ရောဂါဟာ အဖြစ်များလာတာကို တွေ့ရပါတယ်။

‎ဘယ်လိုဖြစ်တာလဲ❓

အဆီဓါတ်တွေဟာ အသည်းပေါ်မှာ စုပုံလာပြီး အချိန်ကြာလာတဲ့ အခါ အသည်းတစ်ခုလုံးဟာ အဆီတွေနဲ့ ဖုံးလွှမ်းသွားတာ ဖြစ်ပါတယ်။

ဘာတွေခံစားရမလဲ❓

အသည်းအဆီဖုံးရင်စတင်ခံစားလာရမှာကတော့..

✅လူကလေးကန်လာခြင်း

✅မောလာခြင်း

✅အပန်းမခံနိုင်ခြင်း

✅ဗိုက်ညာဘက်အပေါ်ခြမ်းကတင်းသလိုခံစားမှုမျိုးဖြစ်လာခြင်း

စတာတွေ ခံစားလာရမှာ ဖြစ်ပါတယ်။

အသည်းအဆီဖုံးခြင်းကို လူတော်တော်များများမှာတွေ့ရပေမယ်သေစေနိုင်တဲ့ရောဂါတစ်ခုမဟုတ်လို့လူတွေကအရေးတယူမရှိတတ်ကြပါဘူး။

ဘာတွေဆက်ဖြစ်နိုင်လဲ❓

‎နောက်ဆက်တွဲ ဆိုးကျိုးတွေအနေနဲ့ …

‎✅အသည်းရောင်/အသည်းဝါ
‎✅အသည်းခြောက်ခြင်းစတာတွေ ဖြစ်ပေါ်နိုင်ပါတယ်။

အသည်းအဆီဖုံးတာကို သတိမထားမိပါက သွေးတွင်းအဆီဓာတ်မျာပြီး ခန္ဓာကိုယ်တွင်းမှာ သွေးလည်ပတ်မှုစနစ်ပုံမှန်မဟုတ်တော့ပဲ နှလုံးသွေးကြောကျဉ်းရောဂါပါခံစားရနိုင်တဲ့အပြင် အသက်အန္တရာယ်ပါ ထိခိုက်နိုင်ပါတယ်။

‎ဘာ့ကြောင့် ဖြစ်တာလဲ❓

‎”အဝလွန်ခြင်း” ဟာ အသည်းအဆီဖုံးခြင်းရဲ့ အဓိက အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။

ကိုလတ်စထရော (၂) မျိုး ရှိတဲ့အထဲက “LDL ကိုလက်စထရာ”ဟာ အသည်းအဆီဖုံးစေပါတယ်။

ဆီးချို” ရှိတဲ့သူများမှာ အသည်းအဆီဖုံးတာ တော်တော်အဖြစ်များပါတယ်။ ကာဗိုဟိုက်ဒရိတ်ဓါတ်အမြောက်အများပါတဲ့ အစားအစာတွေနဲ့ အရက် အလွန်အကျွံသောက်ခြင်းဟာ အသည်းအဆီဖုံးတာကို ပိုမိုဆိုးရွားစေပါတယ်။
‎‎
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်တာမို့...

အသည်းအဆီဖုံးတယ်လို့ သံသယရှိပါက ဆိုးရွားလှတဲ့ အဆင့်တွေထိ မရောက်ခင် ကြိုတင်စစ်ဆေးပြီး ဆောင်ရန်၊ ရှောင်ရန်များကို ပြုလုပ်သင့်ပါတယ်။

ဒါ့ကြောင့် အသည်းအဆီဖုံးခြင်းအတွက် အသေးစိတ်သိရှိလိုပါက ဧရာနဒီ အထူးကုဆေးခန်းတွင် အသည်းအတွက် Ultrasound ရိုက်ကူးခြင်းများ အပြင် ❝အသည်းဓာတ်စစ်ဆေးခြင်းLFT❞ နှင့် သွေးတွင်းအဆီဓာတ်စစ်ဆေးခြင်းများကို စစ်ဆေးပြီး ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်ရှင်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


#အသည်းအဆီဖုံး

🔔ဧရာနဒီ အထူးကုဆေးခန်း၏ ဓာတ်ခွဲခန်း ဝန်ဆောင်မှု🔔ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ အတွက် ဧရာနဒီ အထူးကုဆေးခန်း ရှိနေပါပြီရှင်။ဘာတ...
16/10/2025

🔔ဧရာနဒီ အထူးကုဆေးခန်း၏ ဓာတ်ခွဲခန်း ဝန်ဆောင်မှု🔔

ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ အတွက် ဧရာနဒီ အထူးကုဆေးခန်း ရှိနေပါပြီရှင်။

ဘာတွေစမ်းသပ် စစ်ဆေးနိုင်ပါသလဲ❓

✅ အသည်းရောင် အသားဝါ Bပိုး C ပိုး ရှိ မရှိ စစ်ဆေးပေးခြင်း (Screening) နှင့် ရောဂါပိုး ရှိသူများအား ပိုးကောင်ရေ အတိအကျ (Viral Load) စစ်ဆေးပေးခြင်း။

✅ ခုခံအားကျရောဂါ HIV ပိုး ရှိ မရှိ (Screening) နှင့် ရောဂါပိုးရှိသူများအား ပိုးကောင်ရေ အတိအကျ (Viral Load) စစ်ဆေးပေးခြင်း။

✅ သားအိမ်ခေါင်း ရောဂါပိုး (HPV) ရှိ မရှိ စစ်ဆေးခြင်း နှင့် ပိုးအမျိုးအစား (Genotypes) ခွဲပေးခြင်း။

✅ ကာလသားရောဂါ(Syphilis) ရှိ မရှိ စစ်ဆေးပေးခြင်း။

✅ ဆီး နှင့် ဝမ်း ရောဂါများစစ်ဆေးပေးခြင်းနှင့် ပိုးမွေးမြူ စစ်ဆေးပေးခြင်း။ (Culture & sensitivity)

✅ တီဘီရောဂါပိုး ရှိ မရှိ စစ်ဆေးပေးခြင်း။

✅ အဆစ်ယောင် ရောဂါ ၊လေးဖက်နာ ရောဂါ ၊သွေးလေးဖက်နာ ရောဂါပိုး ရှိ မရှိ စစ်ဆေးပေးခြင်း။

✅ သွေးလွန်တုပ်ကွေး ရောဂါနှင့် ရာသီ တုပ်ကွေး ရောဂါ ရှိ မရှိ စစ်ဆေးပေးခြင်း။

✅ ဆီးချို၊သွေးချို ရှိ မရှိ စစ်ဆေးပေးခြင်း။

✅ သွေးတွင်းရှိ အဆီ ဓာတ်များ စစ်ဆေးပေးခြင်း။

✅ သွေး အုပ်စု(သွေးအမျိုးအစား) စစ်ဆေးပေးခြင်း။

✅ ခန္ဓာကိုယ်တွင်း ကလီစာများဖြစ်သော နှလုံး၊အသည်း ၊ကျောက်ကပ် တို့၏ လုပ်ဆောင် ချက်များ စစ်ဆေးပေးခြင်း။

✅ သွေးတွင်းရှိ ကင်ဆာ ရောဂါရှေ့ပြေးများဖြစ်သော Hormones နှင့် Tumour Markers
များ စစ်ဆေးပေးခြင်း။

✅ အသားစ စစ်ဆေးပေးခြင်း။

✅ ငှက်ဖျားရောဂါရှိမရှိ စစ်ဆေးပေးခြင်း။

✅ အိမ်အရောက် သွေးဖောက်စစ်ဆေးပေးခြင်း။

စသည်တို့ကို ပြုလုပ်နိုင်ပါပြီ။

📌📌 အရေးပေါ် လိုအပ်ချက်များအတွက် အမြန်ဆုံး စစ်ဆေးပေးသည့်အပြင် တိကျမှန်ကန်တဲ့ ရလဒ်များကိုပါ ထုတ်ပေးနေပြီ ဖြစ်တဲ့အတွက် ဓာတ်ခွဲခန်း ဝန်ဆောင်မှုကို လိုအပ်လာပါက ဧရာနဒီ အထူးကုဆေးခန်းကို သတိရလိုက်ပါ။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️-09697099884,09686010310,09650808064, 09759262686, 09897730084.

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


#ဓာတ်ခွဲခန်း

အမျိုးသမီးများနှင့် သားအိမ်ခေါင်းကင်ဆာ‼️ဘာကြောင့်ဖြစ်ရသလဲ❓အဓိကအားဖြင့် human papilloma virus (HPV)လို့ခေါ်တဲ့ အကောင်ကြော...
13/10/2025

အမျိုးသမီးများနှင့် သားအိမ်ခေါင်းကင်ဆာ‼️

ဘာကြောင့်ဖြစ်ရသလဲ❓

အဓိကအားဖြင့် human papilloma virus (HPV)လို့ခေါ်တဲ့ အကောင်ကြောင့် ဖြစ်ရတာ ဖြစ်ပါတယ်။ ထို virus ဟာ လိင်မှတဆင့်ကူးစက်နိုင်သော ပိုးတမျိုးဖြစ်ပါတယ်။ အသက် ၃၅နှစ်မှ ၄၅ နှစ် အတွင်း အမျိုးသမီးများတွင် အဖြစ်များဆုံးဖြစ်ပြီး အသက် ၆၅ နှစ် အထက် ၏၁၅% တွင်လည်း ဖြစ်တတ်တာကိုတွေ့ရပါတယ်။

ရောဂါလက္ခဏာက ဘာတွေလဲ❓

သားအိမ်ခေါင်းကင်ဆာကို အဆင့် ၄ဆင့် ခွဲထားပြီး အစောဆုံး အဆင့်တွေမှာ လက္ခဏာ မပေါ်တတ်ပါဘူ။

အများဆုံး ရောဂါလက္ခဏာတွေကဘာတွေလဲ❓

❗️လိင်ဆက်ဆံပြီးတိုင်းသွေးဆင်းခြင်း
❗️ရာသီစက်ဝန်းတခုနှင့် တခုကြားသွေးဆင်းခြင်း
❗️သွေးဆုံးပြီးမှသွေးပြန်ဆင်းခြင်း
❗️လိင်ဆက်ဆံချိန်နာကျင်ခြင်း
❗️အစားအသောက်ပျက်ခြင်း
❗️ရုတ်တရက် သိသိသာသာပိန်ကျခြင်း

စသည်တို့ ဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ အဖြစ်များလဲ ❓

သားအိမ်ခေါင်းကင်ဆာဟာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါဖြစ်ပါတယ်။ ဒါ့ကြောင့်များသောအားဖြင့် လိင်ဆက်ဆံမှုများသောသူ (multiple sexual partners)မှာ အတွေ့များပါတယ်။

သို့သော်

✅ လိင်ဆက်ဆံတဲ့ အသက်အရွယ်စောခြင်း
✅ အခြား လိင်မှတဆင့်ကူးစက်ရောဂါများရှိနေခြင်း (ဥပမာ-HIV/AIDS)
✅ ကိုယ်ခံအားလျော့နည်းနေခြင်း
✅ ဆေးလိပ်သောက်ခြင်း
✅ တားဆေးများကို နှစ်ပေါင်းကြာရှည်စွာစွဲသောက်ခြင်း

စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ❓

အဖြစ်များသလို ကာကွယ်လို့လဲရ စောစီးစွာ သိရှိပါက ကုသလို့လဲ ရတဲ့ ကင်ဆာ တစ်မျိုးဖြစ်ပါတယ်။

📌 သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးခြင်း။
📌 သားအိမ်ခေါင်း အချွဲအမြေ့ယူပြီး စစ်ဆေးခြင်း (PAP smear) ။
📌လိင်ဆက်ဆံတဲ့အခါတိုင်း condom သုံးခြင်း။
📌 ဆေးလိပ်သောက်ခြင်း ရှောင်ကြဉ်ပါ။
📌နှစ်ရှည် ခလေး မယူသေးပါက hormone ပါသော တားဆေးများသောက်ခြင်းထက် ဆရာဝန် နှင့်တိုင်ပင်ခြင်း။

သားအိမ်ခေါင်းကင်ဆာလို့ သံသယရှိလာပါက ဆရာဝန်နှင့်အမြန်ဆုံး ပြသတိုင်ပင်ပါ။

အမျိုးသမီး မီးယပ်ရောဂါများအတွက် ပြသရန်လိုအပ်လာပါက ဧရာနဒီ အထူးကုဆေးခန်းကို သတိရပေးပါ။

ယခုအခါ သားအိမ်ခေါင်းကာကွယ်ဆေးထိုးနှံလိုပါက ဧရာနဒီအထူးကုဆေးခန်းတွင် ထိုးနှံနိုင်ပြီ ဖြစ်ကြောင်းပါ သတင်းကောင်းပါးအပ်ပါတယ်ရှင်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ



#သားအိမ်ခေါင်းကင်ဆာ

💭 World Mental Health Day 2025 (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့) 🌍နှစ်စဉ်အောက်တိုဘာလ (၁၀) ရက်နေ့ကို World Mental Health Day အဖြစ...
10/10/2025

💭 World Mental Health Day 2025 (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့) 🌍

နှစ်စဉ်အောက်တိုဘာလ (၁၀) ရက်နေ့ကို World Mental Health Day အဖြစ် ကမ္ဘာတစ်ဝှမ်း ပြုလုပ်ကျင်းပကြပါတယ်။

စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာများတိုးပွါးစေရန်နှင့် လူတိုင်းရဲ့စိတ်ကျန်းမာရေးအတွက် ပိုမိုဂရုပြုမိစေရန် ရည်ရွယ်၍ ကျင်းပကြခြင်း ဖြစ်ပါတယ်။

🌍 ယခုနှစ် ဆောင်ပုဒ်ကတော့ 'Mental health in humanitarian emergencies' ဖြစ်ပါတယ်။

စစ်ပွဲ၊ သဘာဝဘေးအန္တရာယ်၊ ဒုက္ခသည်အကျပ်အတည်းတွေမှာ စိတ်ဖိစီးမှု၊ စိတ်ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရသူတွေ ကမ္ဘာတဝှမ်းမှာ အများကြီးရှိပါတယ်။ 😔

ဒီလူတွေရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်ဖို့ အချိန်တန်ပါပြီ! 💪

❗ဘာကြောင့် အရေးကြီးလဲ❓

အရေးပေါ်အခြေအနေတွေမှာ လူတစ်ဦးချင်းစီဟာ
‼️စိတ်ကျရောဂါ
‼️စိုးရိမ်ပူပန်မှု ဒါမှမဟုတ်
‼️စိတ်ဒဏ်ရာ (trauma) နဲ့ ရင်ဆိုင်ရနိုင်ခြေ ၅ယောက်မှာ ၁ ယောက် ရှိတယ်လို့ WHO က ဆိုပါတယ်။

ဒါပေမယ့် စိတ်ကျန်းမာရေးပံ့ပိုးမှုနဲ့ အားပေးစကားတစ်ခွန်းကတောင် သူတို့ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းလဲပေးနိုင်ပါတယ်! 🌟

💡 ဘယ်လိုကူညီနိုင်မလဲ❓

✅ နားထောင်ပါ၊ ဂရုစိုက်ပါ၊ အားပေးပါ။
✅ “ကိုယ်ခံစားရတာကို ပြောပြလို့ရတယ်နော်” ဆိုတဲ့ စကားလေးကို ပြောကြည့်ပါ။
✅ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးတဲ့
လှုပ်ရှားမှုတွေမှာ ပါဝင်ပါ။

💬 အခုပဲ လုပ်ကြည့်ရအောင်❤️

ဒီနေ့ပဲ သင်ချစ်ရတဲ့သူတစ်ယောက်ကို ဒီစကားလေးတွေ ပြောကြည့်ပါ။
🌟 “မင်းတစ်ယောက်တည်း မဟုတ်ဘူးနော်၊ ငါဒီမှာ ရှိတယ်။”
🌟 “မင်းခံစားရတာကို ငါနဲ့ အတူပြောပြလို့ရတယ်။”
🌟 “မင်းအဆင်ပြေဖို့ ငါအမြဲအားပေးနေမယ်။”

🌿 အတူတူ လူသားချင်းစာနာမှုအကျပ်အတည်းတွေမှာ စိတ်ကျန်းမာရေးကို အလေးထားပြီး ပိုမိုသန်မာတဲ့ လူမှုအသိုင်းအဝိုင်းကို တည်ဆောက်ကြရအောင်နော်😘😘

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

#ဧရာနဒီ




‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

ဆေးခန်းပြဖို့ လိုအပ်နေပါသလား❓မန္တလေးမြို့တွင် ဧရာနဒီ အထူးကုဆေးခန်း နှင့်  5D Ultrasound Centerကို ဖွင့်လှစ် ထားပြီဖြစ်ကြ...
09/10/2025

ဆေးခန်းပြဖို့ လိုအပ်နေပါသလား❓

မန္တလေးမြို့တွင် ဧရာနဒီ အထူးကုဆေးခန်း နှင့် 5D Ultrasound Centerကို ဖွင့်လှစ် ထားပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်☺️☺️

ဧရာနဒီကို ဘာ့ကြောင့်ရွေးချယ်သင့်တာလဲ❓

📌ဆေးခန်းပြသရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန် မလိုခြင်း၊

📌 ကာကွယ်ဆေးများထိုးနှံနိုင်ခြင်း၊

📌 ရိုးရိုးတီဗွီဓါတ်မှန်အပြင် နောက်ဆုံးပေါ် 5D Ultrasoundပါ ရိုက်ကူးနိုင်ခြင်း၊

📌 သွေးကြော တီဗွီဓါတ်မှန် Vascular Ultrasound နှင့်သားအိမ်တွင်းအပြင် Ultrasoundမျိုးစုံ ရိုက်ကူးနိုင်ခြင်း၊

📌သားဥပြွန်ပွင့်မပွင့်ကို SonoHSG အသုံးပြု၍ စစ်ဆေးနိုင်ခြင်း၊

📌 ရောဂါရှာဖွေမှုအတွက် ဓာတ်ခွဲခန်းရှိခြင်း

📌 Day Care ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ခြင်း၊

📌 ကျန်းမာရေးစစ်ဆေးခြင်း (Medical Check Up) ပြုလုပ်နိုင်ခြင်း။

ထို့အပြင်…

✔️ အထွေထွေရောဂါ အထူးကုဆရာဝန်များ
✔️ သားဖွားမီးယပ် အထူးကုဆရာဝန်များ
✔️ အသည်းအထူးကု ဆရာဝန်များ
✔️ ကလေး အထူးကုဆရာဝန်ကြီးများ
✔️ နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီးများ

မှ ပိတ်ရက်မရှိ ကျန်းမာရေး ဝန်ဆောင်မှုပေးနေပြီ ဖြစ်ပါတယ်ရှင်။

ဒါ့ကြောင့် မိတ်ဆွေတို့ အနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုများအတွက် ပြသရန် လိုအပ်လာပါက ဧရာနဒီ အထူးကုဆေးခန်းကို သတိရလိုက်ပါနော်။

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့်၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


🌕❝သီတင်းကျွတ်လပြည့်နေ့❞မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်၊ မြန်မာလူမျိုးတို့အတွက် ထူးခြားမွ...
06/10/2025

🌕❝သီတင်းကျွတ်လပြည့်နေ့❞

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်၊ မြန်မာလူမျိုးတို့အတွက် ထူးခြားမွန်မြတ်လှတဲ့ ရက်မြတ်အချိန်အခါ ဖြစ်ပြီး…

လူကြီးမိဘများကို ရိုသေဂါရဝပြုခြင်း၊ လမ်းများ၊
အိမ်များမှာ မီးထွန်းပွဲများ ကျင်းပပြုလုပ်ခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း အစဉ်အလာများကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်လေ့ရှိကြပါတယ်🪔

ယခုလို နေ့ထူးနေ့မြတ်မှာ ခုနစ်ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး လိုအင်ဆန္ဒများပြည့်ဝကြပါစေလို့
❝ဧရာနဒီ❞ မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်🥰

မိတ်ဆွေတို့ အနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုများအတွက် ပြသရန် လိုအပ်လာပါက ဧရာနဒီ အထူးကုဆေးခန်းကို သတိရလိုက်ပါနော်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


မိဘပြည်သူများအတွက် ဧရာနဒီအထူးကုဆေးခန်း မှ သီတင်းကျွတ်ကာလအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင...
05/10/2025

မိဘပြည်သူများအတွက် ဧရာနဒီအထူးကုဆေးခန်း မှ သီတင်းကျွတ်ကာလအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

✅ သီတင်းကျွတ်ကာလအတွင်းမှာ သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးနဲ့ ပြသလိုသူများ

✅ ကျန်းမာရေးစစ်ဆေးမှုအတွက် Medical Check-up လုပ်လိုသူများ

✅ သီတင်းကျွတ်ကာလ အတွင်း 5D Ultrasound ရိုက်ကူရန်လိုအပ်သော မေမေများ

✅ အရေးပေါ်အခြေအနေများကြုံတွေ့လာရပါက ဧရာနဒီ အထူးကုဆေးခန်းသို့ လာရောက်ပြသနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

ဒါ့ကြောင့် မိတ်ဆွေတို့ အနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုများအတွက် ပြသရန် လိုအပ်လာပါက ဧရာနဒီ အထူးကုဆေးခန်းကို သတိရလိုက်ပါနော်။

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ


သီတင်းကျွတ်ကာလတွင် ဧရာနဒီ 5D Ultrasound Center မှာ 5Dလာရိုက်ရင် ဒီလို လှလှလေးရမယ် မေမေတို့ရေ😍😍"စိတ်ချယုံကြည် ဧရာနဒီ"ဆက်သ...
05/10/2025

သီတင်းကျွတ်ကာလတွင် ဧရာနဒီ 5D Ultrasound Center မှာ 5Dလာရိုက်ရင် ဒီလို လှလှလေးရမယ် မေမေတို့ရေ😍😍

"စိတ်ချယုံကြည် ဧရာနဒီ"

ဆက်သွယ်ရန်…

‎☎️ 09 697099884, 09686010310, 09650808064, 09759262686, 09897730084

‎🏩အောက်ကမ်းနားလမ်း၊ ၂၆လမ်း နှင့် ၂၇လမ်းကြား၊ ပိုက်ကျုံး၊ မန္တလေးမြို့။

#ဧရာနဒီ

Address

Pulaing Street, Between 26th St & 27th St, Chanmyatharsi
Mandalay
05023

Website

Alerts

Be the first to know and let us send you an email when Ayar Nadi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category