𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫

  • Home
  • Myanmar
  • Mandalay
  • 𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫

𝐙𝐄𝐍𝐀
𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫
ZENA is a Safe & Secure Digital Space dedicated to provide finest quality Sexual Health & STIs/HIV Care Service

HIV/အေ့စ် နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အချက် (၁၀) ချက်။++++++++++++++++++++++++++++++1️⃣ ART ကုသမှုခံယူပြီး၊ သွေးစစ်တဲ့အခ...
12/11/2025

HIV/အေ့စ် နဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ် အချက် (၁၀) ချက်။
++++++++++++++++++++++++++++++

1️⃣ ART ကုသမှုခံယူပြီး၊ သွေးစစ်တဲ့အခါ
Virus မတွေ့ရှိတော့သည့် 💚 U=U အဆင့်
ရောက်သွားနိုင်တယ်။ S*xual in*******se မှ မိမိ Partners များကို၊ မကူးစက်နိုင်တော့သည့်တိုင်၊ Virus ဟာ၊ ခန္ဓာကိုယ်ထဲက ဆဲလ်တွေထဲမှာ "ငုပ်လျှိုး" (Latent) အဆင့်မှာ ရှိနေဆဲဖြစ်တယ်။ ဆေးသောက်ရပ်ရင် 🛑 Virus ပြန်ပေါက်ထွက်လာနိုင်တယ်။

2️⃣ Virus ရှိသူတိုင်း 🅰️ အဆင့်၊ မရောက်ပါ။ ART နဲ့ Virus ကိုထိန်းထားနိုင်တဲ့သူဟာ၊
သူ့ရဲ့ဘဝတစ်လျှောက်လုံး🅰️ ရောဂါလက္ခဏာ
ဝေဒနာ မပြတော့ပဲ၊ Normal Person
လို၊ကျန်းမာပြီး Live Long နေနိုင်ပါတယ်။ စနစ်တကျ မှန်မှန်ကန်ကန်၊ ကုသမှုမရှိရင်တော့
၊ 🦠 ကြောင့် Immune System ပျက်စီးပြီး၊
အခွင့်အရေးယူရောဂါပိုးများ
(OIs - Opportunistic Infections) တွေ၊
ဝင်လာပြီး AIDS "နောက်ဆုံးအဆင့်" ကိုရောက်မှာဖြစ်ပါတယ်။ 🥵

3️⃣ လူသားတွေထဲကို V ပိုး ရောက်လာပုံ History အရတော့၊ *၁၉၀၀* ခုနှစ်အစောပိုင်းကာလတွေမှာ၊
V ဟာ Africa တိုက်အလယ်ပိုင်း၊ 🇨🇲 နိုင်ငံအ‌ရှေ့တောင်ပိုင်း မှာ
ရှိတဲ့ (Chimpanzee ချင်ပန်ဇီ - cpz) 🦧 SIVcpz (Simian Immunodeficiency Virus-HIV-1 လို့ခေါ်တဲ့၊
Pantroglodytes cpz မျိုးစိတ်‌အကောင်တွေ
ကို၊ အမဲလိုက်သတ်ဖြတ်၊ အကောင်တွေရဲ့ သွေး၊ အရည်၊ စားသုံး၊ ထိတွေ့မိရာက၊ ၊ V ကူးစက်ခံရပြီး၊ စတင်ကူးစက်ပျံ့နှံ့သွားတယ်လို့၊ Genetic Studies တွေအရ၊ ခန့်မှန်းရပါတယ်။ *1981* မှာ၊ U.S., က IDUs နဲ့ MSM အုပ်စုတွေကြား၊ဦးဆုံး 🅰️ cases တွေ၊ စတင်တွေ့ရှိခဲ့ပါတယ်။ *1986* မှာမှ Virus နာမည်ကို HIV လို့၊ တရားဝင်သတ်မှတ်ခဲ့ကြပါတယ်။ 🌟

4️⃣“အသက် 16 နဲ့ 24 ကြား၊ 👫🧑‍🤝‍🧑Youth တွေမှာ S*xual Health Education နည်းပါးခြင်း၊ ကြောင့် ကူးစက်နိုင်ခြေများလို့၊ V ပိုကူး-ပိုအဖြစ်များတယ်ထင်ရင်၊ မှားလိမ့်မယ်။ Everybody (အသက်အရွယ်မရွေး၊ ⚧️Any Gender identity, ♂️S*xual orientation) ♀️မှာ ကူးစက်နိုင်ခြေရှိပါတယ်။

5️⃣ V က၊ 🗣️Air, Sweat, 👁️Tears, P*e နဲ့ Poo‌ တွေကနေ၊ 🫱🫲လက်ဆွဲနှုတ်ဆက်၊ ပွေ့ဖက်ခြင်း 🫂 အနန်း ပေးခြင်၊ အင်းဆက်ကိုက်ခြင်း🪳🦟🪲၊၊စတာတွေကနေ လုံးဝမကူးစက်နိုင်လို့၊ V ရှိသူနဲ့အတူတူနေထိုင်ခြင်း၊ဖြင့် မကူးစက်နိုင်ပါ။ 👨‍❤️‍👨👩‍❤️‍👩

6️⃣ V ရှိသော 🫄 Pregnant woman ဟာ ART ဆေးကို ကိုယ်ဝန်တစ်လျှောက် မှန်မှန်သောက်သုံးပြီး မွေးဖွားချိန်နဲ့ ကလေးကိုနို့တိုက်ချိန်မှာ 🤱ဆရာဝန်ညွှန်ကြားချက်အတိုင်း 🧑‍🔬 လိုက်နာပါက ကလေးဆီ 👶ကို V မကူးစက်အောင် 99% နီးပါး ကာကွယ်ပေးနိုင်ပါတယ်။ (*PMtCT*)

7️⃣*ကြိုတင်ကာကွယ်ဆေး PrEP* 💊💉
(Pre-Exposure Prophylaxis) ဆေးကို နေ့စဉ်ပုံမှန်သောက်သုံးပါက V ကူးစက်မှုမှ
99% (from S*x) ကာကွယ်ပေးနိုင်ပါတယ်။

8️⃣အရေးပေါ်ကာကွယ်ဆေး PEP* 💊
(Post-Exposure Prophylaxis) ဆေးကို၊ V ကူးစက်နိုင်ခြေ လိင်အပြုအမူ၊ အခြေအနေနဲ့ ထိတွေ့မိပြီးနောက်၊ within 72 hr- ⏰အချိန်မှီသောက်သုံးပါက၊ V ကူးစက်မှုမှ 80% ကျော်ကာကွယ်‌ပေးနိုင်ပါတယ်။

9️⃣ကမ္ဘာပေါ်က လူဦးရေရဲ့ 1% ခန့်မှာ၊📍 V ကို ခံနိုင်ရည်တဲ့၊ CCR5-delta 32 လို့ခေါ်တဲ့၊ မွေးရာပါဗီဇ‌ပြောင်းလဲမှုတစ်ခု ရှိပါတယ်။ ဒီဗီဇပြောင်းလဲမှုဟာ V ကို Cells ထဲဝင်ရောက်မှုမှ 🛡️တားဆီးပေးနိုင်တဲ့အတွက် သူတို့ဟာ V ကူးစက်ခံရဖို့ ခဲယဉ်းပါတယ်။ 🔺

🔟 Vi ဟာ၊ လျင်မြန်စွာ ပြောင်းလဲတတ်လို့၊ Cells 🧬 တွေထဲမှာ၊ ပုံတူပွားတဲ့အခါတိုင်း အနည်းငယ်စီ ဗီဇပြောင်းလဲမှု (Genetic Mutation) ဖြစ်တတ်ပါတယ်။ ❗ဒါကြောင့် လူတစ်ယောက်ထဲမှာတောင် V - Subtypes များစွာ ရှိနေနိုင်ပါတယ်။ ဒီအချက်ဟာ ကုသရေးနဲ့ Vaccine ထုတ်လုပ်ရေးအတွက် အဓိက Challenge ဖြစ်နေပါတယ်။⁉️

**********************************************
Disclaimer: Facts & Images used in this content are sourced from HIV.org & AI generated for educational reference purposes only. All copyrights and ownership belong to their respective creators or copyright holders. If you are the rightful owner of any image and object to its use here, please contact us for immediate removal or proper attribution. No copyright infringement is intended.

*xualhealth

🔻*HIV နဲ့ အပေါင်းအပါများ*🔺>>>>>>>>
28/10/2025

🔻*HIV နဲ့ အပေါင်းအပါများ*🔺
>>>>>>>>

📍ဆေးယဉ်ပါးဂနို (Resistant Gono)📍🔺ဆေးယဉ်ပါး ဆီးပူညောင်းကျရောဂါ (Resistant Gonorrhea) သိထားရမည့် အရေးကြီးသော ၁၀ ချက်🔻---🚨 ...
17/10/2025

📍ဆေးယဉ်ပါးဂနို (Resistant Gono)📍

🔺ဆေးယဉ်ပါး ဆီးပူညောင်းကျရောဂါ (Resistant Gonorrhea)
သိထားရမည့် အရေးကြီးသော ၁၀ ချက်🔻
---
🚨 ဂိုနိုရီးယားပိုးသည် ပဋိဇီဝဆေးများကို ခုခံနိုင်စွမ်း မြင့်တက်လာနေပါတယ်။ နောက်ဆုံးရွေးချယ်စရာ၊ Ceftriaxone ထိုးဆေးဖြင့်၊ ကုသရန် လိုအပ်ပါတယ်။

🚨မစစ်ဆေး၊ မကုသပဲ နေပါက၊ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ အနေနဲ့… serious consequences
♀️များတွင် * သားအိမ်ပြွန်ရောင်ခြင်း၊ မျိုးအောင်နိုင်စွမ်းကျဆင်းခြင်း (Infertility)၊ ကိုယ်ဝန်ပြင်ပ သန္ဓေတည်ခြင်း (Ectopic Pregnancy*)။
♂️ များတွင်၊ *ဝှေးစေ့ဆိုင်ရာ ပြွန်ရောင်ခြင်း၊ မျိုးအောင်နိုင်စွမ်း ကျဆင်းခြင်း*။
⚧️♀️♂️ တွင်၊ *ကိုယ်တွင်းအင်္ဂါများသို့ ပိုးပျံ့နှံ့ခြင်း (Disseminated Gonococcal Infection - DGI) ဖြစ်ကာ အဆစ်များရောင်ခြင်း၊ အရေပြားပေါ်တွင် ပြည်တည်နာများထွက်ခြင်း*၊ ဖြစ်နိုင်ပါတယ်။

🚨 အမျိုးသမီးများ♀️တွင်၊ ရောဂါလက္ခဏာ သိသိသာသာ မပြဘဲ ရှိနေတတ်ပါတယ်။ မသိလိုက်ဘဲ ဆက်လက်ကူးစက်နိုင်ပါတယ်။

🚨Gono ဖြစ်နေပါက HIV ပိုး ကူးစက်ခံရနိုင်ခြေ ၅ ဆအထိ ပိုမိုများပြားစေကြောင်း တွေ့ရှိရပါတယ်။

🚨Ceftriaxone ထိုးဆေးသည် လက်ရှိအချိန်တွင် ထိရောက်မှုအရှိဆုံးဖြစ်ပြီး၊ ယင်းဆေးပါ ယဉ်ပါးလာပါက ကုသမှုနည်းလမ်း မရှိတော့သည့် အခြေအနေ (Untreatable Gonorrhea) သို့ ရောက်ရှိသွားနိုင်ပါတယ်။

🚨ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ ကွန်ဒုံး၏ ပုံမှန်နှင့် မှန်ကန်စွာ အသုံးပြုခြင်း ပင်ဖြစ်ပါတယ်။

🚨လိင်မှုကိစ္စ ပြုသည့် လူငယ်လူရွယ်များ၊ MSM, SWs များသည် regular STI စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။ Symptoms မပြလျှင်ပင် ရောဂါပိုးရှိနေနိုင်သောကြောင့် စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

🚨ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပဋိဇီဝဆေးများ သောက်သုံးခြင်း၊ ရောဂါလက္ခဏာပျောက်သွားသည်နှင့် ဆေးသောက်၊ ရပ်လိုက်ခြင်းတို့သည် ဆေးယဉ်ပါးမှုကို ပိုမိုဆိုးရွားစေပါသည်။

🚨ကိုယ်ဝန်ဆောင်မိခင်မှတစ်ဆင့် မွေးစကလေးငယ်သို့ ကူးစက်နိုင်ပြီး ကလေးငယ်၏ မျက်စိကို ပြင်းထန်စွာ ထိခိုက်စေကာ အမြင်အာရုံဆုံးရှုံးခြင်းအထိ ဖြစ်စေနိုင်ပါသည်။

🚨ဆေးယဉ်ပါးသော ဆီးပူညောင်းကျရောဂါသည် ကမ္ဘာ့အရေးပေါ် ကျန်းမာရေးစိုးရိမ်မှုတစ်ရပ်အဖြစ် WHO မှ သတ်မှတ်ထားပြီး၊ ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်ကာကွယ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေရသည့် အဆင့်ဖြစ်ပါသည်။
---

🛡️ကာကွယ်ခြင်းသည် အဓိကသော့ချက်ဖြစ်ပြီး၊ သံသယရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသ၍ ကုသမှုခံယူပါ။ ✌️

*xualhealth

Disclaimer: The Image is sourced from Google Images of WHO for illustrative and educational/reference purposes only. All copyrights and ownership belong to respective creators or copyright holders of WHO. No copyright infringement is intended.

PEP လုပ်သင့် ✅ မလုပ်သင့် ❌ ( Dos & Don'ts) ✅ လုပ်သင့်သောအရာများ (DOs) 🔹၂၄ နာရီအတွင်း အမြန် စသောက်ပါ။ (ASAP) စောစောစတင်နိ...
09/10/2025

PEP လုပ်သင့် ✅ မလုပ်သင့် ❌
( Dos & Don'ts)

✅ လုပ်သင့်သောအရာများ (DOs)

🔹၂၄ နာရီအတွင်း အမြန် စသောက်ပါ။ (ASAP) စောစောစတင်နိုင်လေ၊ ကာကွယ်မှုအာနိသင် ပိုကောင်းလေဖြစ်ပါတယ်။

🔹သောက်ရမယ့်ကာလ (၂၈ ရက်) ပြည့်အောင် မပျက်မကွက်၊ အချိန်အတိအကျ၊ ပုံမှန်သောက်ပါ။

🔹ဆေးစတင်မသောက်ခင်၊ သောက်ပြီး၊၂၈ ရက်ပြည့်တဲ့အခါ၊ ပြီးနောက် ၃ လအကြာ၊
မှာ HIV ပိုးရှိ/မရှိ ထပ်မံစစ်ဆေးဖို့ အရေးကြီးပါတယ်။

🔹ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ - ပျို့အန်၊ ဝမ်းပျက်ဝမ်းလျှော၊ ခေါင်းကိုက်၊ ပင်ပန်းနွမ်းနယ်)။ ခဏ-‌ရက်ပိုင်း၊
ခံစားရတတ်ပါတယ်။ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရရင် အမြန်ဆုံးဆက်သွယ်ပါ။

🔹အာဟာရပြည့်ဝအောင်စားပါ။ ရေများများသောက်ပါ၊ ♂️⚧️ ၃ လီတာ၊
♀️၂ လီတာ၊ အိပ်ရေးဝဝအိပ်ပါ။

🔹စိတ်ဖိစီးမှုကို ထိန်းသိမ်းပါ။
စိတ်သက်သာရာရစေမယ့် အလုပ်တွေလုပ်ပါ၊

---

❌ မလုပ်သင့်သောအရာများ (DON'Ts)

🔻ဆေးသောက်တာကို ဆရာဝန် မညွှန်ကြားပဲ၊
ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ဖြစ်၊ တခြားဘယ်အကြောင်းနဲ့မှ၊ ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။

🔻တခြားသောက်နေကျဆေးတွေ၊ ဖြည့်စွက်အားဆေးတွေ၊ သောက်နေရင်၊ ဆရာဝန်နဲ့ တိုင်ပင်ပါ၊

🔻PEP ဆေးက 100% အာမခံချက်မရှိပါဘူး။ ဆေးသောက်နေစဉ်၊ လိင်ဆက်ဆံရာမှာ၊ ကွန်ဒုံးမသုံးပဲ၊ လိင်မဆက်ဆံပါနဲ့။

🔻အရက်နှင့် ဘီယာ ရှောင်ကြဉ်ပါ။
ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး ဆေးရဲ့အာနိသင် လျော့နည်းစေနိုင်ပါတယ်။

🔻စစ်ဆေးမှုတွေကို မရှောင်ပါနဲ့၊
ဆေးသောက်ပြီးရင်၊ HIV စစ်ဆေးရမယ့်၊
အကြိမ်အရေအတွက်အတိုင်း၊ မဖြစ်မနေ ပြန်စစ်ပါ။

✔️❌ #အရေးပေါ်ကာကွယ်ဆေး

✌️လေးစားစွာဖြင့် with Love👌

21/09/2025

Getting Tested is the Act of Self-love & Respect for your Partners.
Treatment is Prevention.
Knowledge is Protection.
The Most Dangerous STI is Stigma. Let's End it. *xualHeal

📍STIs သိထားသင့်သော အကြောင်းများ📍💌ကမ္ဘာမှာ၊အသက်  18 - 49 ကြား၊ ကုသလို့ရတဲ့ ကာလသားပိုး ကူးစက် ခံရသူ၊ နေ့တိုင်း 1 million က...
12/09/2025

📍STIs သိထားသင့်သော အကြောင်းများ📍

💌ကမ္ဘာမှာ၊အသက် 18 - 49 ကြား၊ ကုသလို့ရတဲ့ ကာလသားပိုး ကူးစက် ခံရသူ၊ နေ့တိုင်း 1 million ကျော်​ ရှိ​နေတယ်​၊ အများစုက Asymptomatic
🗓️ In 2024 မှာ 🗓️
💌အသက် 18 - 49 ကြား၊
Trichomoniasis ထရိုင်​ခိုမိုနီးယားစစ်​၊ Syphilis (ဆစ်​ဖလစ်​) Gonorrhea (ဂနို)၊
Chlamydia ကလာမိုင်းဒီးရား၊
ပိုးရှိသူ လူသစ် 400 million ခန့်၊
💌အသက် 18 - 49 ကြား၊ ဆစ်ဖလစ်ပိုးရှိသူ ခန့်မှန်း​ လူ​​ပေါင်း 8 million ခန့်၊
💌အသက် 18 - 49 ကြား၊ Ge***al Herpes အဓိကဖြစ်‌စေတဲ့ HSV-2 ကူးစက်ခံရသူ၊ 550 million ခန့်၊
💌HPV (လိင်အင်္ဂါကြွက်နို့) ဖြစ်စေတဲ့ဗိုင်းရပ်ကြောင့်၊ Cervical Cancer ဖြစ်ပြီး၊ Deaths rate က၊ နှစ်စဉ် 350000 ကျော်၊
💌 STIs ရှိနေလို့၊ ပြစ်တင်ကဲ့ရဲ့ ခွဲခြားဆက်ဆံခံရတာ၊ ကလေးမရနိုင်တာ၊ ကင်ဆာဖြစ်တာ၊ ကိုယ်ဝန်ဆောင်ကျန်းမာရေးညံ့တာ၊ စတဲ့၊
S*xual နဲ့ Reproductive health ကိုပါ၊
တိုက်ရိုက်ထိခိုက်စေပါတယ်၊
💌HIV ကူးစက်ခံရနိုင်ချေလဲ တိုးလာစေတယ်⚠️

Disclaimer: Sharing Individual Knowledge & Experience to the High-risk Clients Doesn't Mean I Am A Specialist in Infectious Diseases!





☠️HIV-AIDS အထင်အမြင်လွဲမှားမှု☠️✔️လူတဦးနဲ့တဦး၊ ပွေ့ဖက် 🫂လက်ဆွဲနှုတ်ဆက် 🫱🫲 အစားအသောက် 🍨🍰☕🍺 တူတူမျှဝေစားသုံး.. ရင်ကူးစက်တယ...
05/09/2025

☠️HIV-AIDS အထင်အမြင်လွဲမှားမှု☠️

✔️လူတဦးနဲ့တဦး၊ ပွေ့ဖက် 🫂လက်ဆွဲနှုတ်ဆက် 🫱🫲
အစားအသောက် 🍨🍰☕🍺 တူတူမျှဝေစားသုံး.. ရင်ကူးစက်တယ်

✔️မူးယစ်ဆေးထိုးသွင်းသူ (Drug users)💉 လိင်အလုပ်သမ (SW) 👄🫦
အမျိုးသားချင်းလိင်တူချစ်သူ (MSM) 👨‍❤️‍👨 နဲ့
LGBTQ အသိုင်းအဝိုင်းက 💃🕺👯
သူတွေပဲ၊ ကူးစက်တယ်

✔️ခြင် နဲ့ Insects တွေ၊ ကိုက်ခံရရင်၊ ကူးစက်တယ် 🦟🪲🪳🪰🐞

✔️ပိုးရှိရင် AIDS ဖြစ်မှာ၊ 💯%သေချာတယ်

✔️လိင်ဆက်ဆံဖော်ဆက်ဆံဖက် ၂ ယောက်လုံးမှာ၊ ပိုးရှိနေရင်၊ 👥💗 အကာအကွယ်သုံးဖို့၊ မလိုအပ်တော့ဘူး🪖🛡️

✔️ပိုးကူးစက်ခံရရင်၊ a death sentence လစ်ပြီပဲ 💣

✔️ရိုးရာဓလေ့ဆေးဝါး (နတ်ဆေး) တွေ၊ ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေ နဲ့ ကုလို့ရတယ်®️©️
✔️အကြားအမြင်ရနေသလို၊ တယောက်သောသုကို အပြင်ပန်းကြည့်ပြီး ပိုးရှိနေတဲ့သူလို့ ပြောနိုင်တယ် 🧿
✔️HIV နဲ့ AIDS တူတူပါပဲ 🎗️




🔻Trace & Treat the Partners🔺❓STIs စစ်ဆေးကုသပြီး၊ အရှင်းမပျောက်တာ WHY ❓🔹ဖြစ်နိုင်တာ 3️⃣ facts🔹✔️ သက်ဆိုင်ရာ Field မှာ၊ ကျ...
02/09/2025

🔻Trace & Treat the Partners🔺

❓STIs စစ်ဆေးကုသပြီး၊ အရှင်းမပျောက်တာ WHY ❓

🔹ဖြစ်နိုင်တာ 3️⃣ facts🔹
✔️ သက်ဆိုင်ရာ Field မှာ၊ ကျွမ်းကျင်တဲ့ ဂုရုဆရာနဲ့ မပြ-မကုသလို့
✔️ ဆေး ယဉ် ပါး STIs ဖြစ်နေလို့
✔️ ကိုယ့် partner ကိုပလစ်ပီး တယောက်ထဲ၊ ကြိတ်ပြ ကြိတ်ကုနေလို့

🌈 ပြောချင်တာက 🌈
ကိုယ့် partner နဲ့ ပွင့်လင်းစွာပြော၊
mutual respect ထားပြီး၊
*Caring for you, Together* စိတ်ထားမှ၊
🤍Collaborative Cure🤍
ရရှိမှာပေါ့ဗျာ။ ✅
#💡 Compassionate Care ပေးနေတဲ့၊
ZENA HealthCare နဲ့၊
ခုပဲ ဆက်သွယ်လိုက်ပါ 📱





*xualHealthEquity

Chlamydia STI ♀️♂️⚧️ တွေရဲ့၊ မျိုးပွားအင်္ဂါတွေကို ဒုက္ခပေးတဲ့၊ အရမ်းအဖြစ်များတဲ့၊ ကလာမိုင်းဒီးယားဘက်တီးရီးယား ရောဂါကူးစ...
30/08/2025

Chlamydia STI

♀️♂️⚧️ တွေရဲ့၊ မျိုးပွားအင်္ဂါတွေကို ဒုက္ခပေးတဲ့၊ အရမ်းအဖြစ်များတဲ့၊
ကလာမိုင်းဒီးယားဘက်တီးရီးယား ရောဂါကူးစက်ခြင်း ဖြစ်တယ်

🤫Silent infection လို့တောင် မွှန်းကြတယ်။
Why❓ ပိုးရှိနေတဲ့ သူ‌တွေကိုယ်တိုင်တောင်၊ သိသာတဲ့ ဝေဒနာ မခံစားရတော့၊ သူတို့မှာ ပိုးဝင်နေမှန်း မသိရှာကြပါဘူး 🤐

✅ဒါပေမယ့်၊ good news က၊ မှန်ကန်တဲ့ antibiotics နဲ့၊ လွယ်လွယ်လေးကုလို့ရတယ်

📍How it spreads
အကာအကွယ်မသုံးရင် ၊ oral + a**l + vaginal s*x နည်းတွေနဲ့ ကူးစက်ပါတယ်

🔑 Why testing is key 🗝️ စစ်‌ဆေးဖို့အရေးကြီးတယ်၊ ‌ symptoms မ‌ပြတတ်လို့ပါ။ ဒီကြားထဲ၊
ဝေဒနာ တွေများဖြစ်လာရင်၊
♀️ ဆို၊ တမူထားခြားတဲ့ မိန်းမကိုယ်အရိအရွဲတွေဆင်း၊ ဆီးတွေပူ၊ သားအိမ်အောင့်၊
♂️ မှာတော့ 😷

⚠️ကုသဖို့ important
မကုသရင် 👎 နောက်ဆက်တွဲ ဆိုးကျိုးတွေ အနေနဲ့၊
✔️ကိုယ်ဝန်ရဖို့ ခက်တာ၊
✔️စောင်တလွဲ‌နေရာမှားသန္ဓေတည်တာ၊ ectopic preg
✔️♂️♀️ ကလေးမရနိုင်တော့တာ၊ infertility
✔️တခြားSTIs တွေပါ၊ကူးစက်နိုင်ချေများတာ

🩺 ဖြေရှင်းနည်းကတော့ simple ပါ 🩺
💡Get Tested & Treated စစ်မယ်-ကုမယ်



HIV Pre-Exposure Prophylaxis (PrEP)...🍓 Why It Matters ဘာကြောင့်အရေးကြီးတာလဲ?💑 ရိုးရိုးရှင်းရှင်းလေးပါ၊ ဆေးလေးတစ်ထောင့်က...
27/08/2025

HIV Pre-Exposure Prophylaxis (PrEP)...

🍓 Why It Matters ဘာကြောင့်အရေးကြီးတာလဲ?

💑 ရိုးရိုးရှင်းရှင်းလေးပါ၊ ဆေးလေးတစ်ထောင့်ကို နေ့စဉ်
မှန်မှန်ကန်ကန်သောက်ယုံနဲ့၊ ပိုးကူးစက်ခံရနိုင်ခြေ 90% ကျော်၊ လျော့နည်းစေတယ်
👩‍❤️‍👩 လိင်ကျန်းမာရေးကောင်းစေတဲ့အပြင်၊ စိတ်ငြိမ်းချမ်သာယာမှုရစေတယ်
👨‍❤️‍👨 ပိုးမကူးစက်ဖို့၊ လုံခြုံရေး အထူးတင်းကြပ်
ထားသလိုလည်းဖြစ်စေတယ်

*xualHealth



23/08/2025





☄️ဆစ်ဖလစ်ကာလသား အကြောင်း သိသင့်တာလေးတွေ Syphilis story ☄️❓What's it? Bacteria ပိုးကြောင့်ဖြစ်တဲ့ STIs တမျိုးပါပဲ🔺How is ...
19/08/2025

☄️ဆစ်ဖလစ်ကာလသား အကြောင်း သိသင့်တာလေးတွေ Syphilis story ☄️

❓What's it? Bacteria ပိုးကြောင့်ဖြစ်တဲ့ STIs တမျိုးပါပဲ

🔺How is it spread?:
Infected person နဲ့ Condom သုံးသုံး/ မသုံးသုံး ကူးစက်တယ် {Painless sores နဲ့ တိုက်ရိုက်ထိမိရင်}
ပိုးရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ကနေ သ‌န္ဓေသား
ဆီသို့

🔺Stages & Symptoms အဆင့်

1️⃣ကနဦး Primary stage အဆင့်မှာ - လိင်အင်္ဂါတဝိုက် နဲ့ ပါးစပ်မှာ မနာတဲ့ အနာ *chancre*ဖြစ်မယ် 🥹

2️⃣ဒုတိယ Secondary stage အဆင့်မှာ လက်ဖဝါး ခြေဖဝါး အနီကွက်၊ *rash* လည်ချောင်းနာ၊ ဖျား၊ အကြိတ်ရောင်၊ ဆံပင်အကွက်လိုက်ကျွတ်၊ ပေါ်လိုက် ပျောက်သွားလိုက်ပဲ 🥵

💢နောက်ကျ Latent stage အဆင့်မှာ - ဘက်တီးရီးယားပိုး သွေးထဲမှာ ရှိနေပေမယ့် ဘာဝေဒနာမှ မပြတော့ပါ😎

🚩Tertiary stage *နောက်ကျအဆင့်မှာ ဆေးကုသမှု မခံယူခဲ့ရင်တော့*၊ နာဗ်ကြော၊ မျက်လုံး 👁️ ဦးဏှောက် 🧠 နဲ့ နှလုံးသား 🫀 ပျက်စီးစေသော ကိန်းဆိုက်ပါပြီ🆘

🧪Diagnosis ရောဂါစမ်းသပ်ရှာဖွေခြင်း🧪

🌡️သွေးစစ်အတည်ပြုချက်🌡️

🛑 Why is Treatment Important? ဘာလို့ကုသဖို့ အရေးကြီးတာလဲ?

✔️ပြင်းထန်တဲ့ နောက်ဆက်တွဲ ရောဂါတွေကို ကာကွယ်ဖို့
✔️သူတပါးကို မကူးစက်ဖို့
✔️မိခင် မှ ရင်သွေးသို့ မကူးစက်ဖို့ 📍

✅ Prevention ကာကွယ်ဖို့က

🛡️အကာအကွယ်သုံး၊ (condom

❌အနာ sores အနီကွက် rush အနီစက် ရှိနေတဲ့သူနဲ့ s*xual contact ရှောင်

🩺S*xually active ဖြစ်ရင် ၆ လ တကြိမ် ရောဂါရှာဖွေစစ်ဆေးမှု လုပ်သင့်

⚠️ Important Remark: ကုသပြီးရင်တောင်၊ ဆစ်ဖလစ်ပိုး သွေးစစ်ရင် # အဖြေ ရနေနိုင်ပါသေးတယ်။

*xualhealthcare

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐙𝐄𝐍𝐀 𝐒𝐞𝐱𝐮𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 & 𝐒𝐓𝐈𝐬/𝐇𝐈𝐕 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share