Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး

  • Home
  • Myanmar
  • Mandalay
  • Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး

Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ☘️ကျန်းမာရွှင်လန်းကြပါစေ☘️

အစာလည်း ဆေး၊ ဆေးလည်း အစာ - အပိုင်း (၁)ဒီတစ်ပတ်မှာတော့ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သတ်ပြီး မျှဝေပေ...
24/10/2025

အစာလည်း ဆေး၊ ဆေးလည်း အစာ - အပိုင်း (၁)

ဒီတစ်ပတ်မှာတော့ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သတ်ပြီး မျှဝေပေးမှာဖြစ်ပါတယ်။

ပါဝင်မဲ့အကြောင်းအရာတွေက
⁃ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတာ
⁃ အာဟာရဓာတ်ဆိုတာ
⁃ အခြေခံအစာအုပ်စု (၃) စု
⁃ အနောက်နိုင်ငံတွေရဲ့ အစာအုပ်စု (၅) စု

လူတွေဟာ အသက်ရှင်သန်ဖို့ အစားအစာတွေကို စားသုံးကြရပါတယ်။ ဒီလိုစားတဲ့အခါမှာ လူကိုအာဟာရပြည့်ဝစေပြီး ကျန်းမာကြံ့ခိုင်စေတဲ့ အစာတွေကို ဂရုတစိုက်စားဖို့ရာ အင်မတန် အရေးကြီးပါတယ်။

အစာလည်း ဆေး၊ ဆေးလည်း အစာ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။

အနက်အဓိပ္ပာယ် :
သင့်လျော်သော အစားအစာသည် အာဟာရဖြစ်စေသဖြင့် ဆေးတစ်မျိုးပင် ဖြစ်သည်။ သင့်လျော်သော ဆေးသည်လည်း အာဟာရဖြစ်စေသဖြင့် အစားအစာတစ်မျိုးပင် ဖြစ်သည်။

ဆိုလိုတာကတော့ “အစားအစာကို မှန်ကန်စွာစားသုံးခြင်းဖြင့် ဆေးသောက်သကဲ့သို့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်။ ထို့နည်းတူစွာပဲ ဆေးသောက်ခြင်းဖြင့်လည်း ကိုယ်ခန္ဓာမှာလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်များ ဖြည့်တင်းပေးလို့ အစာစားသကဲ့သို့ အားဖြစ်စေနိုင်တယ်” လို့ ဆိုလိုပါတယ်။

အစာစားတိုင်း အာဟာရဓာတ်ရရှိတာ မဟုတ်ပါဘူး။ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာကို စားသုံးမှသာ အာဟာရ ရရှိပါတယ်။

အာဟာရဓာတ် (Nutrients) ဆိုတာ ဘာလဲ
၁။ ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်)
၂။ အသားဓာတ် (ပရိုတင်း)
၃။ အဆီဓာတ်
၄။ ဗီတာမင်နှင့် သတ္တုဓာတ် တွေဖြစ်ပါတယ်။

ဗီတာမင် စုစုပေါင်း (၆) မျိုး ရှိပါတယ်။

⁃ ဗီတာမင် A
⁃ ဗီတာမင် B (1, 2, 3, 5, 6, 12)
⁃ ဗီတာမင် C
⁃ ဗီတာမင် D
⁃ ဗီတာမင် E
⁃ ဗီတာမင် K

သတ္တုဓာတ်အနေနဲ့ကတော့ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေဟာ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်၊ ဖေ့ာစပေါရပ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ အိုင်အိုဒင်းဓာတ်၊ ကလိုရိုက်၊ ဖလိုရိုက်၊ မန်းဂနိစ်ဓာတ် တို့ဖြစ်ပါတယ်။

မိမိတို့စားလိုက်တဲ့ အစားအစာဟာ အပေါ်ကပြောခဲ့တဲ့ အာဟာရဓာတ်အနည်းဆုံးတစ်မျိုး ပါဝင်နေမှသာလျှင် အာဟာရရှိတဲ့အစားအစာဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေသုံးကာ ဖန်တီးထားတဲ့ အစားအသောက်တွေမှာ အာဟာရဓာတ်ပါဝင်မှု လျော့နည်းပါတယ်။

ဒါ့အပြင် အစာစားတဲ့အခါမှာ “အစာနှင့်ခိုင်း ဝမ်းကိုနှိုင်း” ဆိုသလို မိမိဝမ်းဗိုက်ပမာဏနှင့် ချင့်ချိန်စားမယ်ဆိုရင် အစာကြေညက်ပြီး ရောဂါကင်းစေပါတယ်။ သို့ပေမဲ့ အလွန်ကျူးစားမယ်ဆို တန်ဆေး လွန်ဘေး ဖြစ်တတ်ပါတယ်။

ဒီတော့ အစားအစာကို ဘယ်လိုစားရမလဲ
အစာအုပ်စု (၃) စု မျှတအောင် စားသုံးသင့်ပါတယ်။ အခြေခံအားဖြင့် အစာအုပ်စု (၃) စု ခွဲခြားထားပါတယ်။ ၎င်းတို့မှာ -
၁။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု
၂။ အင်အားဖြစ်စေသော အစာအုပ်စု
၃။ ရောဂါကာကွယ်စေသော အစာအုပ်စု တို့ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေမှာတော့ သူတို့နိုင်ငံရဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေအရ အစာအုပ်စု(၅)စု ခွဲထားပါတယ်။
၁။ ဟင်းသီးဟင်းရွက်များ (vegetables)
၂။ အသီးအနှံ (fruits)
၃။ အစေ့အဆန် (cereals & grains)
၄။ နို့နှင့် နို့ထွက်ပစ္စည်း (Diary)
၅။ ပရိုတင်း အသားဓာတ်ရစေသော အစာများ (Proteins)

ဆက်ရန် …

နောက်အပတ်မှာတော့ အစာအုပ်စု (၅)စုထဲက ဟင်းသီးဟင်းရွက်တွေအကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေဟာ လူ့ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုနိုင်လဲဆိုတာကို စောင့်ကြည့်ဖတ်ရှုပေးပါဦးခင်ဗျာ။

ဒီနေ့တော့ ဒီလောက်ပါပဲဗျ။

#အစာလည်းဆေးဆေးလည်းအစာ
#ကျန်းမာရေးဗဟုသတ
#အပတ်စဉ်မျှဝေခြင်း
#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

ကလေးလေနိုင်ဆေးရည် နာနာကစ် 👶👶👶👶Nanakid ကလေးလေနိုင်ဆေးရည်တစ်ဘူးတွင် ဆေးရည် (၁၂၀) မီလီပါဝင်ပါတယ်။ 👶 Nanakid မှာ Sodium Bica...
23/10/2025

ကလေးလေနိုင်ဆေးရည် နာနာကစ် 👶👶👶

👶Nanakid ကလေးလေနိုင်ဆေးရည်တစ်ဘူးတွင် ဆေးရည် (၁၂၀) မီလီပါဝင်ပါတယ်။

👶 Nanakid မှာ Sodium Bicarbonate ပါဝင်လို့ ရင်ပူခြင်း၊ အစာအိမ်အချဉ်ဓာတ်များခြင်း၊ လေထခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

👶မွေးကင်းစကလေးနှင့် ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ဗိုက်နာခြင်း၊ လေထိုးခြင်း၊ လေပွခြင်းတို့အတွက် အသုံးပြုနိုင်ပါသည်။

✅ မွေးကင်းစ ကလေး - တစ်ကြိမ်လျှင် ဆေးဗူးပါဇွန်းတစ်ဝက်

✅ ၁-၆ လသားကလေးများ - တစ်ကြိမ်လျှင် ဆေးဗူးပါဇွန်း ၂ ဇွန်း

✅ ၂ နှစ်ကလေးများ - တစ်ကြိမ်လျှင် ဆေးဗူးပါဇွန်း ၂-၃ ဇွန်း (သို့မဟုတ်) ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်နိုင်ပါတယ်။

🫨ဆေးအာနိသင်ပြည့်ဝစေရန် ဆေးမတိုက်မီ ဆေးပုလင်းကို သေချာလှုပ်ခါပြီးမှ တိုက်ပါ။

🔔 Nanakid ဆေးဘူးများကို Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

❄️ ကျန်းမာရွှင်လန်းကြပါစေ❄️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

ဇီးမား ယားနာလိမ်းဆေး ❇️ ❇️❇️ ဤလိမ်းဆေးကို အရေပြားယောင်ယမ်းခြင်း၊ အနီကွက်ထခြင်း၊ နှင်းခူနာ၊ သဲဝဲစားခြင်း၊ ပွေးနှင့် မှိုက...
19/10/2025

ဇီးမား ယားနာလိမ်းဆေး ❇️ ❇️

❇️ ဤလိမ်းဆေးကို အရေပြားယောင်ယမ်းခြင်း၊ အနီကွက်ထခြင်း၊ နှင်းခူနာ၊ သဲဝဲစားခြင်း၊ ပွေးနှင့် မှိုကြောင့်ဖြစ်သော အနာများအတွက် အသုံးပြုနိုင်ပါသည်။

❇️ ဂွမ်းကို ဇီးမားလိမ်းဆေးထဲတွင်နှစ်၍ ယားယံရောင်ရမ်းသည့်နေရာပေါ်တွင် ဆေးစက်အနည်းငယ်ကို နေ့စဉ် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လိမ်းပေးနိုင်ပါတယ်။

❇️ လိမ်းဆေးမလိမ်းမီ လိမ်းမည့်နေရာကို မကုတ်ဖဲ့ရ။

🔔 Zema ယားနာလိမ်းဆေးဘူးများကို Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး ဆိုင်တွင်
ဝယ်ယူရရှိနိုင်ပါပြီ။

☘️ကျန်းမာရွှင်လန်းကြပါစေ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

ရေယုန်ပေါက်လာရင် 😳😳😳🎃 ပါးစပ်ရေယုန်က Herpes Simplex ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝိ...
18/10/2025

ရေယုန်ပေါက်လာရင် 😳😳😳

🎃 ပါးစပ်ရေယုန်က Herpes Simplex ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝိုက်မှာ အရည်ကြည်ဖုလေးများ ပေါက်လာပြီး နာကျင်မှုကိုလည်း ခံစားရပါတယ်။ ရေယုန်က အရင်ကပေါက်ခဲ့ဖူးတဲ့နေရာမှာပဲ ပြန်ပေါက်လေ့ရှိပါတယ်။

🎃 လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရေယုန်ဖြစ်ဖူးပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ရေယုန်က လူအများစုမှာ ဖြစ်တတ်တဲ့ရောဂါဖြစ်ပါတယ်။

🎃 ရေယုန်ဖြစ်ရတဲ့အကြောင်းကတော့ စိတ်ဖိစီးမှုများခြင်းနှင့် ကိုယ်ခံအားကျခြင်းကြောင့် ဖြစ်ပါတယ်။ ရေယုန်ပေါက်တာက ရာသီမရွေးဖြစ်တတ်ပါတယ်။

🎃 ရေယုန်ပေါက်လို့ စိတ်မညစ်လိုက်ပါနဲ့။ ရေယုန်ပျောက်စေတဲ့ လိမ်းဆေးလိမ်းလိုက်ရင် အနာကျက်မြန်ပြီး သက်သာပျောက်ကင်းပါတယ်။ ပုံမှန်အတိုင်းဆို အမာရွတ်မကျန်ခဲ့ပါ။ ပိုးဝင်ပါက အမာရွတ်ကျန်နိုင်ပါတယ်။

🎃 သတိထားရမှာက ရေယုန်ပေါက်တဲ့နေရာကို မသန့်ရှင်းတဲ့လက်ဖြင့် ကိုင်ခြင်း၊ ဆိတ်ဆွခြင်းနှင့် ဓာတုပစ္စည်းပါဝင်မှုများသော နှုတ်ခမ်းနီများဆိုးခြင်းကို မပြုလုပ်သင့်ပါ။

☑️ လိမ်းဆေးကို သန့်ရှင်းသောလက်ဖြင့် အနာဖြစ်ရာနေရာသို့ (၄) နာရီခြား၍ တစ်နေ့ ၄-၅ ကြိမ်ထိ လိမ်းပေးနိုင်ပါတယ်။

🔔 ရေယုန်ပျောက်စေတဲ့ Virvir လိမ်းဆေးဘူးများကို Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

☘️ ကျန်းမာရွှင်လန်းကြပါစေ ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

CHOLE- SAFE 🌿ခိုလီဆော့ဖ်တွင် အသည်း၊ သည်းခြေအိတ်နှင့် ကျောက်ကပ်အတွက် လိုအပ်သော ဗီတာမင်များနှင့် သဘာဝဆေးဖက်ဝင်ပစ္စည်းများ ...
16/10/2025

CHOLE- SAFE 🌿

ခိုလီဆော့ဖ်တွင် အသည်း၊ သည်းခြေအိတ်နှင့် ကျောက်ကပ်အတွက် လိုအပ်သော ဗီတာမင်များနှင့် သဘာဝဆေးဖက်ဝင်ပစ္စည်းများ ပါဝင်ပြီး သည်းခြေအိတ်ကျောက်တည်ခြင်း၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာရောဂါများအတွက် ဖြည့်စွက်အားဆေးတစ်မျိုး ဖြစ်ပါသည်။

🔔 ရွှေဗဟိုရ်ဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်ပါသည်။

☘️ကျန်းမာရွှင်လန်းကြပါစေ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936

#ဖြည့်စွက်အားဆေး
#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

Folic acid ကို ဘာလို့သောက်ရတာလဲ📍ဖောလစ်အက်စစ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါကို ကာကွယ်ဖို့အတွက် ဖောလစ်အက်စစ်ကိ...
12/10/2025

Folic acid ကို ဘာလို့သောက်ရတာလဲ

📍ဖောလစ်အက်စစ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါကို ကာကွယ်ဖို့အတွက် ဖောလစ်အက်စစ်ကို သောက်ကြပါတယ်။

📍ဖောလစ်အက်စစ်ချို့တဲ့မှုက သာမန်လူထက် ကိုယ်ဝန်ဆောင်ချိန်မှာ ပိုဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဖောလစ်အက်စစ်ချို့တဲ့ခြင်းကြောင့် သန္ဓေသားမှာ အာရုံကြောဆိုင်ရာချို့ယွင်းမှုတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန် ပထမ (၃) လမှာ ဖောလစ်အက်စစ်မချို့တဲ့ဖို့ ပိုအရေးကြီးပါတယ်။

📍ဖောလစ်အက်စစ်ကို တစ်နေ့ 5 mg တစ်ပြား (သို့မဟုတ်) ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။

🔔 Folic acid ဆေးကတ်နှင့် ဆေးဘူးများကို Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

☘️ ကျန်းမာရွှင်လန်းကြပါစေ ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936



#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

🦴လူ့ခန္ဓာကိုယ်မှာ အရိုး ဘယ်နှချောင်းရှိပါသလဲ⁉️🦴အကျိုးလွယ်ဆုံး အရိုးက ဘယ်အရိုးလဲ⁉️🦴အရှည်ဆုံးအရိုးက ဘယ်အရိုးလဲ⁉️👋 ဒီနေ့မှာ...
11/10/2025

🦴လူ့ခန္ဓာကိုယ်မှာ အရိုး ဘယ်နှချောင်းရှိပါသလဲ⁉️
🦴အကျိုးလွယ်ဆုံး အရိုးက ဘယ်အရိုးလဲ⁉️
🦴အရှည်ဆုံးအရိုးက ဘယ်အရိုးလဲ⁉️

👋 ဒီနေ့မှာတော့ လူ့ခန္ဓာကိုယ်က အရိုးတွေနဲ့ပတ်သတ်ပြီး အခြေခံအချက်လေးတွေကို မျှဝေပေးမှာဖြစ်ပါတယ်။

🦴အရွယ်ရောက်ပြီးသား လူတစ်ယောက်မှာ အရိုး 206 ချောင်းရှိပါတယ်။

🦴အရိုးတွေထဲမှာ အကျိုးလွယ်ဆုံးအရိုးက sexy bone လို့ လူသိများတဲ့ ကော်လာရိုး (ခေါ်) ညှပ်ရိုး(clavicle) ဖြစ်ပါတယ်။ ညှပ်ရိုးဟာ သေးသွယ်တဲ့ပုံစံရှိပြီး အရိုးကလည်း ကောက်နေတဲ့အတွက် ကျိုးဖို့ ပိုလွယ်ပါတယ်။

🦴ပေါင်ရိုးကတော့ အရှည်ဆုံးအရိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဝိတ်ကို အများဆုံး ထိန်းပေးထားနိုင်တဲ့ အရိုးလည်းဖြစ်ပါတယ်။

🌐 လူ့ခန္ဓာကိုယ်မှာ အရိုးတွေဟာ အမျိုးအစားအလိုက် လုပ်ဆောင်ချက်တွေ မတူညီပါဘူး။ ရှည်လျားတဲ့အရိုးတွေဟာ ခန္ဓာကိုယ်ကို position ထိန်းနိုင်ဖို့ ထောက်ပံ့ပေးတဲ့ framework ဖြစ်ပါတယ်။

🫀ပြားချပ်တဲ့အရိုးတွေ (ဥပမာ - ဦးခေါင်းခွံရိုး၊ နံရိုး၊ ရင်ညွန့်ရိုး) တွေဟာ အရေးကြီးတဲ့ ကိုယ်အင်္ဂါများကို ဘေးပတ်လည်ကနေ ကာကွယ်ပေးပါတယ်။ ဦးခေါင်းအရိုးဟာ ဦးနှောက်ကို ဖုံးအုပ်ပေးပြီး၊ ရင်ညွန့်ရိုးနှင့် နံရိုးတွေကတော့ လှောင်ချိုင့်ပုံစံအနေအထားဖြင့် နှလုံးနှင့် အဆုတ်ကို ကာကွယ်ပေးပါတယ်။

🥛အရိုးတွေမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရတ် စသည့် သတ္တုဓာတ်တွေကို သိမ်းဆည်းထားပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အခါ ထုတ်ယူသုံးစွဲနိုင်ပါတယ်။

🩸အရိုးထဲက ရိုးတွင်းချဉ်ဆီဟာ သွေးဆဲလ်များကိုထုတ်လုပ်ပေးပါတယ်။ သွေးဆဲလ်ဆိုတာကတော့ သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားတွေ ဖြစ်ပါတယ်။ တချို့သော သွေးရောဂါတွေဟာ ချဉ်ဆီကနေ အစပျိုးတာဖြစ်လို့ ချဉ်ဆီအစားထိုးကုသမှုတွေ လုပ်လေ့ရှိပါတယ်။


🦴အရိုးများ သန်မာစေဖို့ 💪

🥛ကယ်လ်ဆီယမ်ကို လုံလောက်စွာစားသုံးပါ။
နို့နှင့် နို့ထွက်ပစ္စည်းများ၊ ဒိိန်ချဉ်တို့မှာ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။

🥩ပရိုတင်းဓာတ် ဖြည့်တင်းပါ။ (အသား၊ ငါးအမျိုးမျိုး၊ ဥအမျိုးမျိုး)

☀️ဗီတာမင် D ပြည့်ဝစေရန် နေရောင်ခြည်နှင့် ထိတွေ့ပါ။ ဗီတာမင် D ချို့တဲ့ရင် အရိုးပျော့ရောဂါ ဖြစ်နိုင်ချေများပါတယ်။

🏃‍♂️‍➡️ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် အရိုးဆီသို့ သွေးလည်ပတ်မှုကောင်းစေပြီး အရိုးများသန်မာစေပါတယ်ခင်ဗျာ။

ဒီနေ့တော့ ဒီလောက်ပါပဲဗျ🙌

👋 နောက်နေ့တွေမှာလည်း စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေကို မျှဝေပေးမှာမို့ page ကို like & follow လုပ်ပြီး စောင့်ကြည့်ပေးပါဦးခင်ဗျာ။

#အရိုးများအကြောင်း
#အရိုးသန်မာစေဖို့
#ကျန်းမာပျော်ရွှင်နေ့စဉ်တွင်
#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

🍊Biolysin ကလေးအားဆေးမှာ🍊ကလေးများအတွက် အစာစားချင်စိတ်ကိုဖြစ်စေသော lysine ဓာတ်🍊အစာချေစနစ်ကောင်းစေသော Java Tumeric Extract ...
10/10/2025

🍊Biolysin ကလေးအားဆေးမှာ

🍊ကလေးများအတွက် အစာစားချင်စိတ်ကိုဖြစ်စေသော lysine ဓာတ်

🍊အစာချေစနစ်ကောင်းစေသော Java Tumeric Extract

🍊ကိုယ်ခံအားကောင်းစေသော Vitamin C ၊ မှတ်ဉာဏ်ကောင်းပြီး ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးစေတဲ့ Vitamin B Complex များစွာ ပါဝင်သောဆေးတစ်မျိူးဖြစ်ပါတယ်။

🍊Biolysin ကို ဆေးအရည် ၊ အခဲ နှစ်မျိုးရှိပါသည်။ကလေးများအတွက် ကြိုက်နှစ်သက်စရာ ရွေးချယ်သောက်သုံးနိုင်ပါသည်။

🔔Biolysin ကလေးအားဆေးများကို Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆေးဆိုင် တွင်ဝယ်ယူရရှိနိုင်ပါသည်။

☘️ကျန်းမာရွှင်လန်းကြပါစေ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936



#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

ရာသီအကူးအပြောင်းကြောင့် ကလေးလေးတို့ ဖျားနာရင် ဘယ်လိုလုပ်ရမလဲမသိ 🤒🫣ဒီအတွက်တော့ စိတ်မပူပါနဲ့ခင်ဗျာ 😉😉Paragen (Pediatric ro...
09/10/2025

ရာသီအကူးအပြောင်းကြောင့် ကလေးလေးတို့ ဖျားနာရင် ဘယ်လိုလုပ်ရမလဲမသိ 🤒🫣

ဒီအတွက်တော့ စိတ်မပူပါနဲ့ခင်ဗျာ 😉😉

Paragen (Pediatric rop)လေးမှာ
ကိုယ်ပူခြင်း၊အဖျားကြီးခြင်း၊ နာကျင် ကိုက်ခဲခြင်းအမျိုးမျိုးတွင်အသုံးပြုနိုင်ပါတယ်။

Alcohol Free ဖြစ်လို့ အဖျားအမြန်ကျပြီး သက်သာပျောက်ကင်းစေပါတယ်။

🍊လိမ္မော်နဲ့ 🍒ချယ်ရီ အရသာ (၂) မျိုး ပါဝင်တာကြောင့် ကလေးလေးတို့အတွက် ကြိုက်နှစ်သက်ရာ ရွေးချယ် တိုက်ကျွေးနိုင်ပါတယ်။

🛎️ Paragen Drop ဆေးဘူးလေးများကို Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆိုင်မှာ ရွေးချယ် ဝယ်ယူလို့ပါပြီခင်ဗျာ။

☘️ကျန်းမာရွှင်လန်းကြပါစေ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936



#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

🌟 မိတ်ဆွေတို့ ဆောင်ထားသင့်တဲ့ စီလိုဆိုဂျင်း 🌟🍊Siloxogene အစာကြေလေနိုင်ဆေးက အစာအိမ်အတွင်း အက်စစ်များကို လျော့နည်းစေတဲ့အပြ...
08/10/2025

🌟 မိတ်ဆွေတို့ ဆောင်ထားသင့်တဲ့ စီလိုဆိုဂျင်း 🌟

🍊Siloxogene အစာကြေလေနိုင်ဆေးက အစာအိမ်အတွင်း အက်စစ်များကို လျော့နည်းစေတဲ့အပြင် Simethicone 40 mg ပါဝင်လို့ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းမှာ စုပုံနေတတ်တဲ့ လေတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

🍊Siloxogene က ဆေးပြားနှင့် ဆေးရည်ဆိုပြီး ပုံစံ (၂) မျိုး ရှိပါတယ်။

🍊Siloxogene Gel ကတော့ ဆေးပြားမစားချင်တဲ့ ကလေး၊လူကြီး နဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုသင့်လျော်ပါတယ်။

✔️ Siloxogene Gel ကို တစ်ခါသောက်လက်ဖက်ရည်ဇွန်း ၂-၄ ဇွန်း တစ်နေ့ (၂)ကြိမ် ပုံမှန် သောက်သုံးနိုင်ပါတယ်။

✔️ Siloxogene ဆေးပြားကို ၁-၂ ပြား တစ်နေ့ ၃-၄ ကြိမ်ထိ ဝါးစားနိုင်ပါတယ်။

🔔 အနံ့အရသာနှင့်ပြည့်စုံပြီး ထိရောက်တဲ့အာနိသင်ရှိသော အစာကြေလေနိုင်ဆေးပြား နှင့် ဆေးရည် 𝐒𝐢𝐥𝐨𝐱𝐨𝐠𝐞𝐧𝐞 (စီလိုဆိုဂျင်း) ကို Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီနော်။

☘️ ကျန်းမာရွှင်လန်းကြပါစေ ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

😴 Somino  Sleep မှာ မိတ်ဆွေတို့ ခန္ဓာကိုယ်အိပ်စက်ရန် အားဖြည့်ပေးတဲ့ သဘာဝဟော်မုန်း Melatonin ပါဝင်သည့်အတွက် အိပ်ချိန်စက်ဝ...
07/10/2025

😴 Somino Sleep မှာ

မိတ်ဆွေတို့ ခန္ဓာကိုယ်အိပ်စက်ရန် အားဖြည့်ပေးတဲ့ သဘာဝဟော်မုန်း Melatonin ပါဝင်သည့်အတွက် အိပ်ချိန်စက်ဝန်းကို မှန်ကန်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်ပါသည်။

💊 ဆိုမီနိုအိပ်ဆေးကို အိပ်ရာမဝင်ခင် နာရီဝက် မှ တစ်နာရီ အလိုတွင် တစ်နေ့ (၁)လုံး သောက်သုံးနိုင်ပါသည်။

‼️ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးပါရန်။

🔔 Somino Sleep ဆေးကတ်များကို Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါပြီ။

☘️ကျန်းမာရွှင်လန်းကြပါစေ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936



#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

🪔 သီတင်းကျွတ်လပြည့်နေ့ 🪔 အဘိဓမ္မာအခါတော်နေ့ 🪔 မြန်မာလူမျိုးတို့ရဲ့ ထူးမြတ်တဲ့အခါတော်နေ့ 🪔ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အ...
05/10/2025

🪔 သီတင်းကျွတ်လပြည့်နေ့
🪔 အဘိဓမ္မာအခါတော်နေ့
🪔 မြန်မာလူမျိုးတို့ရဲ့ ထူးမြတ်တဲ့အခါတော်နေ့

🪔ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင် ကမ္ဘာသူ ကမ္ဘာသားအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာခြင်းနှင့် ချမ်းသာခြင်းမင်္ဂလာအဖြာဖြာပြည့်စုံကြပါစေ🙏

အခက်အခဲဟူသမျှ အောင်မြင်ကျော်လွှားနိုင်ပြီး စီးပွါးလာဘ်လာဘများ တိုးပွါးကြပါစေလို့ Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ 🙏🙏🙏

#သီတင်းကျွတ်လပြည့်နေ့
#အဘိမ္မာအခါတော်နေ့
#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

Address

66th Street, Between 36th Street And 37th Street, Mahaaungmyay Township
Mandalay
05032

Website

Alerts

Be the first to know and let us send you an email when Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram