Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး

  • Home
  • Myanmar
  • Mandalay
  • Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး

Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ❄️ကျန်းမာရွှင်လန်းကြပါစေ❄️

👉 𝗠𝗲𝗻𝗼𝗳𝗲𝗺 ကောင်းကျိုးများ📌𝗠𝗲𝗻𝗼𝗳𝗲𝗺 မှာပါဝင်တဲ့ 𝗥𝗲𝗱 𝗖𝗹𝗼𝘃𝗲𝗿 က အစွမ်းထက်သဘာဝ 𝗣𝗵𝘆𝘁𝗼𝗲𝘀𝘁𝗿𝗼𝗴𝗲𝗻 ဖြစ်တဲ့အတွက်🩸 သွေးဆုံးကိုင်ချိန်မ...
30/11/2025

👉 𝗠𝗲𝗻𝗼𝗳𝗲𝗺 ကောင်းကျိုးများ

📌𝗠𝗲𝗻𝗼𝗳𝗲𝗺 မှာပါဝင်တဲ့ 𝗥𝗲𝗱 𝗖𝗹𝗼𝘃𝗲𝗿 က အစွမ်းထက်သဘာဝ 𝗣𝗵𝘆𝘁𝗼𝗲𝘀𝘁𝗿𝗼𝗴𝗲𝗻 ဖြစ်တဲ့အတွက်

🩸 သွေးဆုံးကိုင်ချိန်မှာ ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို သက်သာစေခြင်း

🩸သွေးတွင်းအဆီကိုလည်း ထိန်းညှိပေးနိုင်တဲ့အတွက် သွေးဆုံးပြီးနောက် အဖြစ်များတဲ့ နှလုံးသွေးကြောရောဂါများ၊ အဝလွန်ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

⚫️ 𝗕𝗹𝗮𝗰𝗸 𝗖𝗼𝗵𝗼𝘀𝗵 ကတော့ သွေးဆုံးကိုင်ဝေဒနာတွေဖြစ်တဲ့ ခန္ဓာကိုယ်အနှံ့ပူရှိန်း ပူလောင်ဖြစ်ခြင်း၊ ညဘက်တွင် ချွေးပြန်ခြင်း စတဲ့ လက္ခဏာတွေကို အဓိက သက်သာစေသည့် အပြင်

🌸စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း စတာတွေကိုလည်း သက်သာစေနိုင်မှာဖြစ်ပါတယ်။

🌸ဒါ့အပြင် အရိုးဆဲလ်လေးများပျက်စီးခြင်းမှလည်း ကာကွယ်ပေးနိုင်သည့်အတွက် သွေးဆုံးကိုင်ချိန်မှာ အမျိုးသမီးများဖြစ်တတ်သော အရိုးပွ၊ အရိုးပါးခြင်းနှင့် အရိုးကျိုးခြင်းများကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။

👉ဒါကြောင့် သင့်ရဲ့ သွေးဆုံးကိုင်ချိန်ကို 𝗠𝗲𝗻𝗼𝗳𝗲𝗺 နဲ့အတူ ကျန်းမာပျော်ရွှင်စွာဖြတ်ကျော်လိုက်ပါ...

🔔Menofem ဆေးကတ်များကို Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး ဆိုင်တွင်ဝယ်ယူရရှိနိုင်ပါတယ်။

❄️ကျန်းမာရွှင်လန်းကြပါစေ ❄️

📌ဆိုင်လိပ်စာ- ၇၁ လမ်း၊ ၂၈ လမ်း*၂၉လမ်းကြား၊
နန်းတော်ဆေးရုံအနီး၊ ချမ်းအေးသာဇံမြို့နယ်၊
မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

💪 နေ့စဥ်ကျန်းမာကိုယ်ခန္ဓာ 𝗦𝘂𝗽𝗿𝗮𝘃𝗶𝘁 နဲ့အားဖြည့်ပါ💊𝗦𝘂𝗽𝗿𝗮𝘃𝗶𝘁 အဆင့်မြင့်အားဆေးတွင် ဗီတာမင်နှင့် သတ္တုဓာတ် (၂၁) မျိုး ပေါင်းစ...
29/11/2025

💪 နေ့စဥ်ကျန်းမာကိုယ်ခန္ဓာ 𝗦𝘂𝗽𝗿𝗮𝘃𝗶𝘁 နဲ့အားဖြည့်ပါ

💊𝗦𝘂𝗽𝗿𝗮𝘃𝗶𝘁 အဆင့်မြင့်အားဆေးတွင် ဗီတာမင်နှင့် သတ္တုဓာတ် (၂၁) မျိုး ပေါင်းစပ်ပါဝင်ပါသည်။

💊𝗦𝘂𝘀𝘁𝗮𝗶𝗻𝗲𝗱 𝗥𝗲𝗹𝗲𝗮𝘀𝗲 𝗧𝗲𝗰𝗵𝗻𝗼𝗹𝗼𝗴𝘆 (၂၄ နာရီ အာနိသင်ရှိစေသောနည်းပညာ)ဖြင့် ထုတ်လုပ်ထားသောကြောင့် တစ်နေ့လုံး အားအင်ပြည့်ဖြိုး ခွန်အားရှိစေနိုင်ပါသည်။

💊Supravit အားဆေးကို တစ်နေ့တစ်လုံး သောက်သုံးနိုင်ပါသည်။

‼️အသက် (၁၈) နှစ်အောက် ငယ်သူများအတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါသည်။

🔔Supravit ဆေးကတ်များကို Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

❄️ ကျန်းမာရွှင်လန်းကြပါစေ ❄️

📌ဆိုင်လိပ်စာ- ၇၁ လမ်း၊ ၂၈ လမ်း*၂၉လမ်းကြား၊
နန်းတော်ဆေးရုံအနီး၊ ချမ်းအေးသာဇံမြို့နယ်၊
မန္တလေးမြို့။
📞 09 266 888 936



#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

Arthocerin 🚶‍♂️🚶‍♂️🦴အရိုးအဆစ် ရောင်ရမ်းခြင်း၊နာကျင်ခြင်း၊ အရိုးနု၊ အရိုးနှင့် Synovial အမြှေးပါးပျက်စီးမှုကို လျှော့ချပေ...
27/11/2025

Arthocerin 🚶‍♂️🚶‍♂️

🦴အရိုးအဆစ် ရောင်ရမ်းခြင်း၊နာကျင်ခြင်း၊
အရိုးနု၊ အရိုးနှင့် Synovial အမြှေးပါးပျက်စီးမှုကို လျှော့ချပေးပါတယ်။

🦴အဓိကအားဖြင့် တင်ပဆုံရိုး၊ ဒူးရိုးဆစ် ရောင်ရမ်းနာကျင်ခြင်းအတွက်လည်း အသုံးပြုပါတယ်။

‼️ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်ရပါမည်။

🔔 Arthocerin ဆေးကတ်များကို Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်။

❄️ကျန်းမာရွှင်လန်းကြပါစေ❄️

📌ဆိုင်လိပ်စာ- ၇၁ လမ်း၊ ၂၈ လမ်း*၂၉လမ်းကြား၊
နန်းတော်ဆေးရုံအနီး၊ ချမ်းအေးသာဇံမြို့နယ်၊
မန္တလေးမြို့။
📞 09 266 888 936



#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

ဆီးချိုးသမားများအတွက် မျှတသောအာဟာရ 🥛🥛Glucerna မှာ Myo-Inositol (၄)ဆနှင့် အာဟာရဓာတ် (၃၅)မျိုးပါဝင်လို့ သွေးတွင်းအချိုဓာတ်...
23/11/2025

ဆီးချိုးသမားများအတွက် မျှတသောအာဟာရ 🥛

🥛Glucerna မှာ Myo-Inositol (၄)ဆနှင့် အာဟာရဓာတ် (၃၅)မျိုးပါဝင်လို့ သွေးတွင်းအချိုဓာတ်ကို ထိရောက်စွာ ထိန်းညှိပေးနိုင်ပါတယ်။

🥛Glucerna ကို တစ်နေ့တာ စားသောက်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် သို့မဟုတ် အဆာပြေအနေနဲ့ သောက်သုံးနိုင်ပါတယ်။

🥛Glucerna ဘူးထဲမှာပါတဲ့ ဇွန်းနှင့် Glucerna (၅) ဇွန်းကို ရေ (၂၀၀) ml ဖြင့် သမအောင် ဖျော်စပ်ပြီး ဆီးချိုသွေးချို ရှိသူတွေအတွက် ပြည့်စုံမျှတသော အာဟာရတစ်ခွက်ကို ရရှိနိုင်မှာဖြစ်တယ်။

​🔔Glucerna ဘူး၊ အထုပ်များကို Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး တွင်ဝယ်ယူရရှိနိုင်ပါပြီ။

❄️ကျန်းမာရွှင်လန်းကြပါစေ❄️

📌ဆိုင်လိပ်စာ- ၇၁ လမ်း၊ ၂၈ လမ်း*၂၉လမ်းကြား၊
နန်းတော်ဆေးရုံအနီး၊ ချမ်းအေးသာဇံမြို့နယ်၊
မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

🏃‍♂️ အရိုးအဆစ်နာရင် Go Gel ပဲပေါ့  🏃‍♂️Go Gel လိမ်းဆေးကို ကြွက်သားနှင့် အရိုးအဆစ်များ ရောင်ယမ်းနာကျင်ခြင်း၊ ခါးမျက်ခြင်း...
22/11/2025

🏃‍♂️ အရိုးအဆစ်နာရင် Go Gel ပဲပေါ့ 🏃‍♂️

Go Gel လိမ်းဆေးကို ကြွက်သားနှင့် အရိုးအဆစ်များ ရောင်ယမ်းနာကျင်ခြင်း၊ ခါးမျက်ခြင်း၊ အုန်းလွဲခြင်းကြောင့် အာရုံကြောများနာခြင်း၊ ဆီးချိုကြောင့် ခြေလက်များ ထုံကျင်ခြင်းတို့အတွက် လိမ်းပေးနိုင်ပါတယ်။

🚫 အရေပြားပေါက်ပြဲဒဏ်ရာ၊ မီးလောင်ဒဏ်ရာနှင့် ပြည်တည်အနာများတွင် မလိမ်းရ။

🔔 Go Gel လိမ်းဆေးဘူးများကို Shwe Baho Pharmacy- ရွှေဗဟိုရ် ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါပြီခင်ဗျာ။

❄️ ကျန်းမာရွှင်လန်းကြပါစေ ❄️

📌ဆိုင်လိပ်စာ- ၇၁ လမ်း၊ ၂၈ လမ်း*၂၉လမ်းကြား၊
နန်းတော်ဆေးရုံအနီး၊ ချမ်းအေးသာဇံမြို့နယ်၊
မန္တလေးမြို့။
📞 09 266 888 936



#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

☘️Zi Liv  အသည်းအားဆေးသည်- ဗိုင်းရပ်စ်ပိုးများကို နိုင်ခြင်း၊ - ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း၊ - ရောင်ရမ်းမှုကိုသက်သာစ...
14/11/2025

☘️Zi Liv အသည်းအားဆေးသည်

- ဗိုင်းရပ်စ်ပိုးများကို နိုင်ခြင်း၊
- ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း၊
- ရောင်ရမ်းမှုကိုသက်သာစေခြင်း အပြင်
- အသည်းရောင်ဘီပိုး၊ စီပိုး အသည်းရောဂါတွေကို သက်သာစေပါတယ်။

🔔 Zi Liv သဘာဝအသည်းအားဆေးကတ်များကို ရွှေဗဟိုရ်ဆေးဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်။

☘️ကျန်းမာရွှင်လန်းကြပါစေ☘️

📌ဆိုင်လိပ်စာ- ၇၁ လမ်း၊ ၂၈ လမ်း*၂၉လမ်းကြား၊
နန်းတော်ဆေးရုံအနီး၊ ချမ်းအေးသာဇံမြို့နယ်၊
မန္တလေးမြို့။
📞 09 266 888 936


#အသည်းအားဆေး
#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

Vitamin D3 1000IU🔹Vitamin D3 ချိုတဲ့မှု့ကို ကာကွယ်ပေးပါသည်။🔹Vitamin D3 သည် ကိုယ်ခံအားစနစ် လျော့နည်းခြင်းနှင့် နှလုံးအတွက...
10/11/2025

Vitamin D3 1000IU

🔹Vitamin D3 ချိုတဲ့မှု့ကို ကာကွယ်ပေးပါသည်။

🔹Vitamin D3 သည် ကိုယ်ခံအားစနစ် လျော့နည်းခြင်းနှင့် နှလုံးအတွက်လည်း အထောက်အကူဖြစ်စေသည်။

🔹ကယ်လ်ဆီယမ် အားနည်းခြင်းကြောင့်ဖြစ်သော အရိုးပျက်စီးခြင်းကိုလည်း သက်သာစေပါတယ်။

🔔ဗီတာမင်ဒီ ဆေးကတ်များကို Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

☘️ကျန်းမာရွှင်လန်းကြပါစေ☘️

📌ဆိုင်လိပ်စာ- ၇၁ လမ်း၊ ၂၈ လမ်း*၂၉လမ်းကြား၊
နန်းတော်ဆေးရုံအနီး၊ ချမ်းအေးသာဇံမြို့နယ်၊
မန္တလေးမြို့။
📞 09 266 888 936

#ဗီတာမင်ဒီ
#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

🪔တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလ အခါတော်နေ့၄-၁၁-၂၀၂၅ ရက်နေ့ ။ ယနေ့ကျရောက်သော မြန်မာလူမျိုးတို့၏ မြတ်နိုးတန်ဖိုးထားရာ နေ့ထူ...
04/11/2025

🪔တန်ဆောင်မုန်းလပြည့်နေ့
သာမညဖလ အခါတော်နေ့
၄-၁၁-၂၀၂၅ ရက်နေ့ ။

ယနေ့ကျရောက်သော မြန်မာလူမျိုးတို့၏
မြတ်နိုးတန်ဖိုးထားရာ နေ့ထူးနေ့မြတ်ဖြစ်သော
တန်ဆောင်မုန်းလပြည့်နေ့ အခါသမယမှာ ကမ္ဘာသူ၊ကမ္ဘာသားအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံကြပြီး ဘေးခပ်သိမ်း ရန််ခပ်သိမ်း အန္တရာယ်ခပ်သိမ်းကင်းဝေးကြပါစေကြောင်း Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆေးဆိုင်မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် ခင်ဗျာ 🙏🙏🙏

#တန်ဆောင်မုန်းလပြည့်နေ့
#သာမညဖလအခါတော်နေ့
#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

အစာလည်း ဆေး၊ ဆေးလည်း အစာ - အပိုင်း (၁)ဒီတစ်ပတ်မှာတော့ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သတ်ပြီး မျှဝေပေ...
24/10/2025

အစာလည်း ဆေး၊ ဆေးလည်း အစာ - အပိုင်း (၁)

ဒီတစ်ပတ်မှာတော့ အစာလည်း ဆေး၊ ဆေးလည်း အစာ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပတ်သတ်ပြီး မျှဝေပေးမှာဖြစ်ပါတယ်။

ပါဝင်မဲ့အကြောင်းအရာတွေက
⁃ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုတာ
⁃ အာဟာရဓာတ်ဆိုတာ
⁃ အခြေခံအစာအုပ်စု (၃) စု
⁃ အနောက်နိုင်ငံတွေရဲ့ အစာအုပ်စု (၅) စု

လူတွေဟာ အသက်ရှင်သန်ဖို့ အစားအစာတွေကို စားသုံးကြရပါတယ်။ ဒီလိုစားတဲ့အခါမှာ လူကိုအာဟာရပြည့်ဝစေပြီး ကျန်းမာကြံ့ခိုင်စေတဲ့ အစာတွေကို ဂရုတစိုက်စားဖို့ရာ အင်မတန် အရေးကြီးပါတယ်။

အစာလည်း ဆေး၊ ဆေးလည်း အစာ သည် မြန်မာဆိုရိုးစကား ဖြစ်သည်။

အနက်အဓိပ္ပာယ် :
သင့်လျော်သော အစားအစာသည် အာဟာရဖြစ်စေသဖြင့် ဆေးတစ်မျိုးပင် ဖြစ်သည်။ သင့်လျော်သော ဆေးသည်လည်း အာဟာရဖြစ်စေသဖြင့် အစားအစာတစ်မျိုးပင် ဖြစ်သည်။

ဆိုလိုတာကတော့ “အစားအစာကို မှန်ကန်စွာစားသုံးခြင်းဖြင့် ဆေးသောက်သကဲ့သို့ ကျန်းမာရေးကို ကောင်းမွန်စေနိုင်တယ်။ ထို့နည်းတူစွာပဲ ဆေးသောက်ခြင်းဖြင့်လည်း ကိုယ်ခန္ဓာမှာလိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်များ ဖြည့်တင်းပေးလို့ အစာစားသကဲ့သို့ အားဖြစ်စေနိုင်တယ်” လို့ ဆိုလိုပါတယ်။

အစာစားတိုင်း အာဟာရဓာတ်ရရှိတာ မဟုတ်ပါဘူး။ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရပြည့်ဝတဲ့ အစားအစာကို စားသုံးမှသာ အာဟာရ ရရှိပါတယ်။

အာဟာရဓာတ် (Nutrients) ဆိုတာ ဘာလဲ
၁။ ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်)
၂။ အသားဓာတ် (ပရိုတင်း)
၃။ အဆီဓာတ်
၄။ ဗီတာမင်နှင့် သတ္တုဓာတ် တွေဖြစ်ပါတယ်။

ဗီတာမင် စုစုပေါင်း (၆) မျိုး ရှိပါတယ်။

⁃ ဗီတာမင် A
⁃ ဗီတာမင် B (1, 2, 3, 5, 6, 12)
⁃ ဗီတာမင် C
⁃ ဗီတာမင် D
⁃ ဗီတာမင် E
⁃ ဗီတာမင် K

သတ္တုဓာတ်အနေနဲ့ကတော့ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေဟာ ကယ်ဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်၊ ဖေ့ာစပေါရပ်၊ သံဓာတ်၊ ဇင့်ဓာတ်၊ အိုင်အိုဒင်းဓာတ်၊ ကလိုရိုက်၊ ဖလိုရိုက်၊ မန်းဂနိစ်ဓာတ် တို့ဖြစ်ပါတယ်။

မိမိတို့စားလိုက်တဲ့ အစားအစာဟာ အပေါ်ကပြောခဲ့တဲ့ အာဟာရဓာတ်အနည်းဆုံးတစ်မျိုး ပါဝင်နေမှသာလျှင် အာဟာရရှိတဲ့အစားအစာဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေသုံးကာ ဖန်တီးထားတဲ့ အစားအသောက်တွေမှာ အာဟာရဓာတ်ပါဝင်မှု လျော့နည်းပါတယ်။

ဒါ့အပြင် အစာစားတဲ့အခါမှာ “အစာနှင့်ခိုင်း ဝမ်းကိုနှိုင်း” ဆိုသလို မိမိဝမ်းဗိုက်ပမာဏနှင့် ချင့်ချိန်စားမယ်ဆိုရင် အစာကြေညက်ပြီး ရောဂါကင်းစေပါတယ်။ သို့ပေမဲ့ အလွန်ကျူးစားမယ်ဆို တန်ဆေး လွန်ဘေး ဖြစ်တတ်ပါတယ်။

ဒီတော့ အစားအစာကို ဘယ်လိုစားရမလဲ
အစာအုပ်စု (၃) စု မျှတအောင် စားသုံးသင့်ပါတယ်။ အခြေခံအားဖြင့် အစာအုပ်စု (၃) စု ခွဲခြားထားပါတယ်။ ၎င်းတို့မှာ -
၁။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု
၂။ အင်အားဖြစ်စေသော အစာအုပ်စု
၃။ ရောဂါကာကွယ်စေသော အစာအုပ်စု တို့ဖြစ်ပါတယ်။

ဥရောပနိုင်ငံတွေမှာတော့ သူတို့နိုင်ငံရဲ့ ကျန်းမာရေးလမ်းညွှန်ချက်တွေအရ အစာအုပ်စု(၅)စု ခွဲထားပါတယ်။
၁။ ဟင်းသီးဟင်းရွက်များ (vegetables)
၂။ အသီးအနှံ (fruits)
၃။ အစေ့အဆန် (cereals & grains)
၄။ နို့နှင့် နို့ထွက်ပစ္စည်း (Diary)
၅။ ပရိုတင်း အသားဓာတ်ရစေသော အစာများ (Proteins)

ဆက်ရန် …

နောက်အပတ်မှာတော့ အစာအုပ်စု (၅)စုထဲက ဟင်းသီးဟင်းရွက်တွေအကြောင်းကို မျှဝေပေးမှာဖြစ်ပါတယ်။

ဟင်းသီးဟင်းရွက်တွေဟာ လူ့ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုနိုင်လဲဆိုတာကို စောင့်ကြည့်ဖတ်ရှုပေးပါဦးခင်ဗျာ။

ဒီနေ့တော့ ဒီလောက်ပါပဲဗျ။

#အစာလည်းဆေးဆေးလည်းအစာ
#ကျန်းမာရေးဗဟုသတ
#အပတ်စဉ်မျှဝေခြင်း
#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

ကလေးလေနိုင်ဆေးရည် နာနာကစ် 👶👶👶👶Nanakid ကလေးလေနိုင်ဆေးရည်တစ်ဘူးတွင် ဆေးရည် (၁၂၀) မီလီပါဝင်ပါတယ်။ 👶 Nanakid မှာ Sodium Bica...
23/10/2025

ကလေးလေနိုင်ဆေးရည် နာနာကစ် 👶👶👶

👶Nanakid ကလေးလေနိုင်ဆေးရည်တစ်ဘူးတွင် ဆေးရည် (၁၂၀) မီလီပါဝင်ပါတယ်။

👶 Nanakid မှာ Sodium Bicarbonate ပါဝင်လို့ ရင်ပူခြင်း၊ အစာအိမ်အချဉ်ဓာတ်များခြင်း၊ လေထခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

👶မွေးကင်းစကလေးနှင့် ကလေးငယ်များတွင် ဖြစ်လေ့ရှိသော ဗိုက်နာခြင်း၊ လေထိုးခြင်း၊ လေပွခြင်းတို့အတွက် အသုံးပြုနိုင်ပါသည်။

✅ မွေးကင်းစ ကလေး - တစ်ကြိမ်လျှင် ဆေးဗူးပါဇွန်းတစ်ဝက်

✅ ၁-၆ လသားကလေးများ - တစ်ကြိမ်လျှင် ဆေးဗူးပါဇွန်း ၂ ဇွန်း

✅ ၂ နှစ်ကလေးများ - တစ်ကြိမ်လျှင် ဆေးဗူးပါဇွန်း ၂-၃ ဇွန်း (သို့မဟုတ်) ဆရာဝန်ညွှန်ကြားချက်အတိုင်း တိုက်နိုင်ပါတယ်။

🫨ဆေးအာနိသင်ပြည့်ဝစေရန် ဆေးမတိုက်မီ ဆေးပုလင်းကို သေချာလှုပ်ခါပြီးမှ တိုက်ပါ။

🔔 Nanakid ဆေးဘူးများကိုShwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

❄️ ကျန်းမာရွှင်လန်းကြပါစေ❄️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

ဇီးမား ယားနာလိမ်းဆေး ❇️ ❇️❇️ ဤလိမ်းဆေးကို အရေပြားယောင်ယမ်းခြင်း၊ အနီကွက်ထခြင်း၊ နှင်းခူနာ၊ သဲဝဲစားခြင်း၊ ပွေးနှင့် မှိုက...
19/10/2025

ဇီးမား ယားနာလိမ်းဆေး ❇️ ❇️

❇️ ဤလိမ်းဆေးကို အရေပြားယောင်ယမ်းခြင်း၊ အနီကွက်ထခြင်း၊ နှင်းခူနာ၊ သဲဝဲစားခြင်း၊ ပွေးနှင့် မှိုကြောင့်ဖြစ်သော အနာများအတွက် အသုံးပြုနိုင်ပါသည်။

❇️ ဂွမ်းကို ဇီးမားလိမ်းဆေးထဲတွင်နှစ်၍ ယားယံရောင်ရမ်းသည့်နေရာပေါ်တွင် ဆေးစက်အနည်းငယ်ကို နေ့စဉ် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်လိမ်းပေးနိုင်ပါတယ်။

❇️ လိမ်းဆေးမလိမ်းမီ လိမ်းမည့်နေရာကို မကုတ်ဖဲ့ရ။

🔔 Zema ယားနာလိမ်းဆေးဘူးများကို Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆိုင်တွင်
ဝယ်ယူရရှိနိုင်ပါပြီ။

☘️ကျန်းမာရွှင်လန်းကြပါစေ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

ရေယုန်ပေါက်လာရင် 😳😳😳🎃 ပါးစပ်ရေယုန်က Herpes Simplex ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝိ...
18/10/2025

ရေယုန်ပေါက်လာရင် 😳😳😳

🎃 ပါးစပ်ရေယုန်က Herpes Simplex ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝိုက်မှာ အရည်ကြည်ဖုလေးများ ပေါက်လာပြီး နာကျင်မှုကိုလည်း ခံစားရပါတယ်။ ရေယုန်က အရင်ကပေါက်ခဲ့ဖူးတဲ့နေရာမှာပဲ ပြန်ပေါက်လေ့ရှိပါတယ်။

🎃 လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရေယုန်ဖြစ်ဖူးပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ရေယုန်က လူအများစုမှာ ဖြစ်တတ်တဲ့ရောဂါဖြစ်ပါတယ်။

🎃 ရေယုန်ဖြစ်ရတဲ့အကြောင်းကတော့ စိတ်ဖိစီးမှုများခြင်းနှင့် ကိုယ်ခံအားကျခြင်းကြောင့် ဖြစ်ပါတယ်။ ရေယုန်ပေါက်တာက ရာသီမရွေးဖြစ်တတ်ပါတယ်။

🎃 ရေယုန်ပေါက်လို့ စိတ်မညစ်လိုက်ပါနဲ့။ ရေယုန်ပျောက်စေတဲ့ လိမ်းဆေးလိမ်းလိုက်ရင် အနာကျက်မြန်ပြီး သက်သာပျောက်ကင်းပါတယ်။ ပုံမှန်အတိုင်းဆို အမာရွတ်မကျန်ခဲ့ပါ။ ပိုးဝင်ပါက အမာရွတ်ကျန်နိုင်ပါတယ်။

🎃 သတိထားရမှာက ရေယုန်ပေါက်တဲ့နေရာကို မသန့်ရှင်းတဲ့လက်ဖြင့် ကိုင်ခြင်း၊ ဆိတ်ဆွခြင်းနှင့် ဓာတုပစ္စည်းပါဝင်မှုများသော နှုတ်ခမ်းနီများဆိုးခြင်းကို မပြုလုပ်သင့်ပါ။

☑️ လိမ်းဆေးကို သန့်ရှင်းသောလက်ဖြင့် အနာဖြစ်ရာနေရာသို့ (၄) နာရီခြား၍ တစ်နေ့ ၄-၅ ကြိမ်ထိ လိမ်းပေးနိုင်ပါတယ်။

🔔 ရေယုန်ပျောက်စေတဲ့ Virvir လိမ်းဆေးဘူးများကို Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး ဆိုင်တွင် ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျာ။

☘️ ကျန်းမာရွှင်လန်းကြပါစေ ☘️

📌ဆိုင်လိပ်စာ- ၆၆လမ်း၊ ၃၆*၃၇ ကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
📞 09 266 888 936




#ရွှေဗဟိုရ်ဆေးဆိုင်မန္တလေး

Address

66th Street, Between 36th Street And 37th Street, Mahaaungmyay Township
Mandalay
05032

Website

Alerts

Be the first to know and let us send you an email when Shwe Baho Pharmacy- ရွှေဗဟိုရ်ဆေးဆိုင် မန္တလေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share