AURA Wellness Center

AURA Wellness Center ပျော်ရွှင် ကျန်းမာ ငြိမ်းချမ်းရာ AURA Wellness Center

မကြာမီရောက်ရှိလာမည့် မြန်မာ့နှစ်သစ်အခါသမယတွင် ပြီးခဲ့သောနှစ်၏ အပင်ပန်းများ၊ စိတ်ညစ်မှုများအားလုံးကို သင်္ကြန်ရေစက်များနှ...
13/04/2026

မကြာမီရောက်ရှိလာမည့် မြန်မာ့နှစ်သစ်အခါသမယတွင် ပြီးခဲ့သောနှစ်၏ အပင်ပန်းများ၊ စိတ်ညစ်မှုများအားလုံးကို သင်္ကြန်ရေစက်များနှင့်အတူ လွှင့်ပစ်နိုင်ပြီး အသစ်အသစ်သော စိတ်အားသစ်များ၊ မျှော်လင့်ချက်အသစ်များဖြင့် ဘဝကို ပြန်လည်စတင်နိုင်ပါစေ။

နှစ်သစ်မှစ၍ ဘဝတွင်
ကျန်းမာခြင်း၊ စိတ်ချမ်းသာခြင်း၊ အောင်မြင်ခြင်းများ
တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လာပြီး
မင်္ဂလာရှိသော အချိန်ကာလများကိုသာ
ဆက်လက်ကြုံတွေ့ရပါစေ။

မေတ္တာ၊ ပျော်ရွှင်မှုနှင့် အောင်မြင်မှုများဖြင့်
ပြည့်နှက်သော နှစ်သစ်တစ်နှစ်ဖြစ်ပါစေကြောင်း Aura မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🌸



13/04/2026

မင်္ဂလာရှိသော နှစ်သစ်မှာ စိတ်သစ်၊ လူသစ်နဲ့ အောင်မြင်မှုအသစ်တွေကို ဆွတ်ခူးနိုင်ကြပါစေ။ 🫧💦

မိသားစု၊ မိတ်ဆွေအပေါင်းအသင်းများနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ နှစ်သစ်ကူးအချိန်လေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။🙏🏻🤍

သင်္ကြန်နှစ်သစ်ကူး အမှတ်တရလက်ဆောင်လေးတွေအတွက် AMARAPURA ICON ကို Aura Wellness Center မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အခု...
09/04/2026

သင်္ကြန်နှစ်သစ်ကူး အမှတ်တရလက်ဆောင်လေးတွေအတွက် AMARAPURA ICON ကို Aura Wellness Center မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ အခုလို ဂရုတစိုက်နဲ့ အမှတ်တရရှိပေးလို့လည်း အများကြီး ဝမ်းသာရပါတယ်ရှင်။ 🙏🏻
နှစ်သစ်မှာ Amarapura Icon ရဲ့ လုပ်ငန်းများ ဒီထက်မက အောင်မြင်ကျော်ကြားပြီး ကံကောင်းခြင်းများစွာ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ ✨

Aura Wellness Center နှင့် Aura Yoga မှ သင်တန်းသား/သူများနှင့် မိတ်ဟောင်းမိတ်သစ်များရှင် 🙏လာမည့် မြန်မာ့ရိုးရာ အတာသင်္ကြ...
08/04/2026

Aura Wellness Center နှင့် Aura Yoga မှ သင်တန်းသား/သူများနှင့် မိတ်ဟောင်းမိတ်သစ်များရှင် 🙏

လာမည့် မြန်မာ့ရိုးရာ အတာသင်္ကြန် ပိတ်ရက်များတွင် Aura Studio (၂) ဆိုင်လုံး ကို ဧပြီလ (၁၂) ရက်မှ (၁၉) ရက်အထိ ခေတ္တပိတ်ထားမည်ဖြစ်ပြီး၊ ဧပြီလ (၂၀) ရက် နေ့တွင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။❤️

🗓 ပိတ်ရက်ကာလ: ဧပြီလ (၁၂) ရက်မှ (၁၉) ရက်အထိ
📅 ပြန်လည်ဖွင့်လှစ်မည့်ရက်: ဧပြီလ (၂၀) ရက် (တနင်္လာနေ့)

ဤနှစ်သစ်အခါသမယတွင် မိတ်ဆွေများအားလုံး ဘေးဘယဝေးကွာပြီး ငြိမ်းချမ်းသာယာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Aura Studio မိသားစုမှ လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 🌸

အနားယူခြင်း၊ စိတ်အပန်းဖြေခြင်းတို့ဖြင့် အနှစ်သာရရှိသော သင်္ကြန်ပိတ်ရက်လေး ဖြစ်ပါစေ။ အားအင်အပြည့်နဲ့ နှစ်သစ်မှာ ပြန်လည်ဆုံတွေ့ကြပါစို့။🙏🏻

07/04/2026

ရုံးခန်းထဲမှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့အခါ ဇက်ကြောတက်တာ၊ ပခုံးနာတာတွေက တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပါပဲ။

အလုပ်တွေ အရမ်းများနေလို့
အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့
အချိန်မပေးနိုင်ရင်တောင် မိမိခုံမှာတင် (၅) မိနစ်လောက် အချိန်ပေးပြီး လုပ်ရုံနဲ့ သိသိသာသာ သက်သာသွားစေမဲ့ လေ့ကျင့်ခန်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ခန်းလေးတွေအပြင် ပိုမိုစနစ်ကျပြီး ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ချင်တယ်ဆိုရင်တော့ Aura Wellness Center မှာ Yoga နဲ့ Pilates တွေကို Certified Instructor တွေနဲ့အတူ စိတ်ချလက်ချ လေ့ကျင့်နိုင်ပြီမို့ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်နဲ့ စိတ်ကြည်လင်မှုတွေကို Aura Wellness Center မှာ အတူတူ ဖော်ဆောင်လိုက်ကြရအောင်နော် 🤗

🪷𝐀𝐮𝐫𝐚 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
📲𝟎𝟗𝟕𝟓𝟒𝟎𝟏𝟏𝟔𝟑𝟓
📍𝟒𝟎𝐀 𝐒𝐭, 𝐁𝐭 𝟓𝟒 & 𝟓𝟓 𝐒𝐭, 𝐘𝐞 𝐌𝐨𝐧 𝐓𝐚𝐮𝐧𝐠, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

🪷 𝐀𝐮𝐫𝐚 𝐘𝐨𝐠𝐚 𝐒𝐭𝐮𝐝𝐢𝐨
📲𝟎𝟗𝟗𝟒𝟎𝟔𝟔𝟒𝟓𝟓𝟓
📍𝟐𝟕 𝐬𝐭 , 𝐁𝐭 𝟕𝟑𝐬𝐭-𝟕𝟒𝐬𝐭 𝐓𝐡𝐢𝐫𝐢𝐦𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐂𝐨𝐧𝐝𝐨 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.


မန္တလေးမြို့ရဲ့ ပူပြင်းတဲ့နွေရာသီမှာ ကျန်းမာရေးအတွက် Yoga နဲ့ Pilates လေးတွေကျင့်ရင်းနဲ့ စိတ်ရောကိုယ်ပါအေးချမ်းစေမဲ့ နေရ...
04/04/2026

မန္တလေးမြို့ရဲ့ ပူပြင်းတဲ့နွေရာသီမှာ
ကျန်းမာရေးအတွက် Yoga နဲ့ Pilates လေးတွေကျင့်ရင်းနဲ့
စိတ်ရောကိုယ်ပါအေးချမ်းစေမဲ့ နေရာလေးတစ်ခုရှိနေပါပြီ 🧘 🍃

Aura Wellness Center ဟာဆိုရင်တော့
မန္တလေးသူလေးအတွက် ကျွမ်းကျင်တဲ့
Instructor တွေကိုယ်တိုင်ဦးစီးပြီး Yoga နဲ့ Pilates လေးတွေကို
Injury ကင်းကင်းနဲ့ လေ့ကျင့်နိုင်အောင် ကူညီပေးမဲ့
Wellness Center တစ်ခုဖြစ်ပါတယ် 🤗

အခုမှစပြီး လေ့ကျင့်မဲ့ Beginner တွေအတွက်လည်း
စိတ်ရှည်ရှည်နဲ့ သင်ကြားပေးသွားမှာဖြစ်သလို
အတန်းချိန်တွေအနေနဲ့လည်း
မိမိကြိုက်နှစ်သက်ရာအချိန်တွေကို ရွေးချယ်နိုင်ပါတယ် ⏲️

ဒါ့အပြင်
အစမ်းလေ့ကျင့်ချင်သူတွေအတွက်လည်း
Session အတန်းလေးတွေရှိတာမို့
Healthy Lifestyle ထဲဝင်လာဖို့ အရမ်းကိုလွယ်ကူနေပြီနော် 🐋

🪷𝐀𝐮𝐫𝐚 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
📲𝟎𝟗𝟕𝟓𝟒𝟎𝟏𝟏𝟔𝟑𝟓
📍𝟒𝟎𝐀 𝐒𝐭, 𝐁𝐭 𝟓𝟒 & 𝟓𝟓 𝐒𝐭, 𝐘𝐞 𝐌𝐨𝐧 𝐓𝐚𝐮𝐧𝐠, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

🪷 𝐀𝐮𝐫𝐚 𝐘𝐨𝐠𝐚 𝐒𝐭𝐮𝐝𝐢𝐨
📲𝟎𝟗𝟗𝟒𝟎𝟔𝟔𝟒𝟓𝟓𝟓
📍𝟐𝟕 𝐬𝐭 , 𝐁𝐭 𝟕𝟑𝐬𝐭-𝟕𝟒𝐬𝐭 𝐓𝐡𝐢𝐫𝐢𝐦𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐂𝐨𝐧𝐝𝐨 ,
𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.


၂၀၂၆ မှာ Healthy Lifestyle ထဲဝင်မယ်ဆိုပြီး အခုထိဘာမှမစရသေးဘူးဆိုရင်တော့ Aura Wellness Center မှာ Yoga Class လေးတွေ အခုလာ...
03/04/2026

၂၀၂၆ မှာ Healthy Lifestyle ထဲဝင်မယ်ဆိုပြီး
အခုထိဘာမှမစရသေးဘူးဆိုရင်တော့
Aura Wellness Center မှာ Yoga Class လေးတွေ
အခုလာ Join လို့ရနေပါပြီ 🧘

Aura ရဲ့ Yoga Class လေးတွေဟာဆိုရင်
Session လိုက်လည်း Join လို့ရသလို
Monthly Plan တွေနဲ့လည်း Join နိုင်မယ့်အပြင်
မိမိအားတဲ့အချိန်နဲ့လိုက်ပြီးတော့လည်း
Join လို့ရတဲ့ အတန်းလေးတွေဖြစ်ပါတယ် 🤗

နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိထားပြီး
လှုပ်ရှားမှုဗေဒ (Movement Science) ကို
တကယ်ကျွမ်းကျွမ်းကျင်ကျင်နားလည်ထားတဲ့
Instructor တွေကိုယ်တိုင် သင်ကြားပေးသွားမဲ့
အတန်းလေးဖြစ်ပြီး Healthy Lifestyle ထဲကို
ဖြည်းဖြည်းနဲ့ မှန်မှန် ဝင်ရောက်ချင်သူတွေအတွက်
အထူးသင့်တော်တဲ့ အတန်းလေးဖြစ်ပါတယ် ✅

Yoga လေ့ကျင့်ခြင်းအားဖြင့်လည်း
စိတ်ရော ခန္ဓာရောပါအေးချမ်းပြီး
ပိုမိုကောင်းမွန်တဲ့ Lifestyle ကို
သိသိသာသာပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ဘဝရဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ်
အတက်အကျအနိမ့်အမြင့်တွေကိုပါ
Balance ဖြစ်ပြီး ဘဝထဲမှာ ဟန်ချက်ညီဖို့အတွက်
မန္တလေးက Aura Wellness Center နဲ့အတူ
ဟန်ချက်ညီညီ လေ့ကျင့်ကြရအောင်နော်🍃 🧘

🪷𝐀𝐮𝐫𝐚 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
📲𝟎𝟗𝟕𝟓𝟒𝟎𝟏𝟏𝟔𝟑𝟓
📍𝟒𝟎𝐀 𝐒𝐭, 𝐁𝐭 𝟓𝟒 & 𝟓𝟓 𝐒𝐭, 𝐘𝐞 𝐌𝐨𝐧 𝐓𝐚𝐮𝐧𝐠, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

🪷 𝐀𝐮𝐫𝐚 𝐘𝐨𝐠𝐚 𝐒𝐭𝐮𝐝𝐢𝐨
📲𝟎𝟗𝟗𝟒𝟎𝟔𝟔𝟒𝟓𝟓𝟓
📍𝟐𝟕 𝐬𝐭 , 𝐁𝐭 𝟕𝟑𝐬𝐭-𝟕𝟒𝐬𝐭 𝐓𝐡𝐢𝐫𝐢𝐦𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐂𝐨𝐧𝐝𝐨 , 𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.


02/04/2026

အခုဖုန်းကြည့်နေချိန် အသက်ရှူတာ သိနေလား

အကြောင်းတရား အထောက်အပံ့တွေကြောင့်
Tr. Khaing Nyein ရဲ့ Pranayama (Breathing) Workshop ကို တီချယ်နဲ့အတူ တက်ရောက်လာကြတဲ့တစ်ဦးတစ်ယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။

အရင်က အသက်ရှူခြင်းကို အလိုအလျောက် ဖြစ်နေတဲ့ အရာတစ်ခုလိုပဲ ထင်ခဲ့ပေမယ့်
တကယ်တော့ ခန္ဓာကိုယ်အတွင်း အစိတ်အပိုင်းများစွာ ပူးပေါင်းလုပ်ဆောင်နေတဲ့
အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်ဆိုတာကို အားလုံး နားလည်လာခဲ့ပါတယ်။

အသက်ရှူခြင်းကို သိစိတ်နဲ့ ညင်သာစွာ လေ့ကျင့်လာတဲ့အခါ
စိတ်တည်ငြိမ်မှု ပိုရှိလာပြီး
အာရုံစူးစိုက်မှုပါ တိုးလာသလို
ခန္ဓာကိုယ်အတွင်းမှာလည်း ပေါ့ပါးသန့်ရှင်းသလို ခံစားလာပါတယ်။

အသက်ရှူခြင်းကို မှန်ကန်စွာ လေ့ကျင့်နိုင်ရင်
စိတ်အညစ်အကြေးတွေ လျော့နည်းလာပြီး
သမာဓိနဲ့ အတွင်းတည်ငြိမ်မှုကို တိုးတက်လာစေနိုင်မှာအမှန်ပါ။

တီချယ်ခိုင်ငြိမ်း
Breathing ရဲ့ အဓိက ရည်ရွယ်ချက်က Awareness (သိစိတ်) ဖြစ်ပြီး
အသက်ရှူခြင်းတစ်ခုတည်းနဲ့တောင်
စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးကို တည်ဆောက်နိုင်ပါတယ်။

Breathing ကနေ သိစိတ်ဆီ
သိစိတ်ကနေ နားလည်မှုဆီ
နားလည်မှုကနေ ဉာဏ်နဲ့ ရွေးချယ်နိုင်တဲ့ အဆင့်ဆီ
တဖြည်းဖြည်း လျှောက်လှမ်းနိုင်ပါတယ်။

ဒီသင်တန်းရဲ့ အတွေ့အကြုံကနေ
အသိတရားကနေ အကျင့်တရားဆီ ပြောင်းလဲနိုင်ဖို့
နေ့စဉ် ဆက်လက် လေ့ကျင့်သွားဖို့
တက်ရောက်သူတိုင်း စိတ်ခွန်အားအပြည့်နဲ့ အတွေ့အကြုံတစ်ခု ရသွားကြတယ်ဆိုတာ ယုံကြည်ပါတယ်။ 🌿

Namaste 🙏🙏🙏

🪷𝐀𝐮𝐫𝐚 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
📲*09762333319*
📍𝟒𝟎𝐀 𝐒𝐭, 𝐁𝐭 𝟓𝟒 & 𝟓𝟓 𝐒𝐭, 𝐘𝐞 𝐌𝐨𝐧 𝐓𝐚𝐮𝐧𝐠, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

🪷 𝐀𝐮𝐫𝐚 𝐘𝐨𝐠𝐚 𝐒𝐭𝐮𝐝𝐢𝐨
📲𝟎𝟗𝟗𝟒𝟎𝟔𝟔𝟒𝟓𝟓𝟓
📍𝟐𝟕 𝐬𝐭 , 𝐁𝐭 𝟕𝟑𝐬𝐭-𝟕𝟒𝐬𝐭 𝐓𝐡𝐢𝐫𝐢𝐦𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐂𝐨𝐧𝐝𝐨 ,
𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

01/04/2026

သင်္ကြန်အကြို အခါသမယမှာ
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
ဘေးဘယာကင်းဝေးကာ
ကံကောင်းခြင်းများစွာ ရရှိကြပါစေ။ 🌼

နှစ်ဟောင်းအမှားများကို ဆေးကြောပစ်ပြီး
နှစ်သစ်မှာ အောင်မြင်မှု၊ ပျော်ရွှင်မှု၊ ကံကောင်းမှုများ
အမြဲတမ်း ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မင်္ဂလာရှိသော သင်္ကြန်ပွဲတော် ဖြစ်ပါစေ။
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်
မိသားစုအတူ ပျော်ရွှင်မှုများ ပြည့်ဝကြပါစေ။ 🌿

✨ Holiday Notice
သင်္ကြန်ပိတ်ရက်အဖြစ်
April 12 ရက်နေ့မှ 19 ရက်နေ့အထိ
Aura Wellness Center နှင့် Aura Yoga Studio
ယာယီပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

🪷𝐀𝐮𝐫𝐚 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
📲*09762333319*
📍𝟒𝟎𝐀 𝐒𝐭, 𝐁𝐭 𝟓𝟒 & 𝟓𝟓 𝐒𝐭, 𝐘𝐞 𝐌𝐨𝐧 𝐓𝐚𝐮𝐧𝐠, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

🪷 𝐀𝐮𝐫𝐚 𝐘𝐨𝐠𝐚 𝐒𝐭𝐮𝐝𝐢𝐨
📲𝟎𝟗𝟗𝟒𝟎𝟔𝟔𝟒𝟓𝟓𝟓
📍𝟐𝟕 𝐬𝐭 , 𝐁𝐭 𝟕𝟑𝐬𝐭-𝟕𝟒𝐬𝐭 𝐓𝐡𝐢𝐫𝐢𝐦𝐢𝐧𝐠𝐚𝐥𝐚𝐫 𝐂𝐨𝐧𝐝𝐨 ,
𝐂𝐡𝐚𝐧 𝐀𝐲𝐞 𝐓𝐡𝐚𝐫𝐳𝐚𝐧 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩 , 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.

ဘဝရဲ့ ဟန်ချက်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ "Management in Life Seminar"🧏🏻‍♀️နေ့စဉ်ဘဝရဲ့ဖြတ်သန်းမှုတွေထဲမှာ အမြဲတစေ ပင...
01/04/2026

ဘဝရဲ့ ဟန်ချက်ကို စနစ်တကျ စီမံခန့်ခွဲနိုင်ဖို့ "Management in Life Seminar"

🧏🏻‍♀️နေ့စဉ်ဘဝရဲ့ဖြတ်သန်းမှုတွေထဲမှာ အမြဲတစေ ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရပြီလား?

😮‍💨အလုပ်တွေဘယ်လောက်ပဲ လုပ်နေပေမဲ့ ရလဒ်ကောင်းတွေမထွက်လာဘဲ ကိုယ်ပိုင်အချိန်တွေ ပျောက်ဆုံးနေတာ၊ စိတ်နဲ့လူနဲ့ မကပ်သလို ခံစားရတာ၊ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ကြုံတွေ့နေရတာဟာ Life Mismanagement (ဘဝကို စနစ်တကျ စီမံခန့်ခွဲမှု အားနည်းခြင်း) ရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

💁🏻‍♀️ဒီလို အခြေအနေတွေကို ကျော်လွှားပြီး ဟန်ချက်ထိန်းကာ Balance ဖြစ်တဲ့လမ်းစဉ်တစ်ခုကို ရှာဖွေနိုင်ဖို့အတွက် Aura Wellness Center မှာ မေတ္တာစေတနာ အပြည့်နဲ့ Dr. Sandi Win က ဦးဆောင်ပြီး စိတ်ခွန်အားဖြစ်စေမယ့် Seminar လေးတစ်ခု ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီ Seminar လေးမှာဆိုရင်တော့..
💁🏻‍♀️ တာဝန်ဝတ္တရားတွေကြားမှာ ကိုယ်ပိုင်ပျော်ရွှင်မှုကို မပျောက်ဆုံးစေဖို့ Work Life Balance ⚖️

✨နေ့နှင့် ညကြား နေထိုင်ဖြတ်သန်းမှုပုံစံကို စနစ်တကျ ပြောင်းလဲယူဖို့။

🧘🏻‍♀️ကိုယ်နှင့် စိတ်ကြား ရုပ်ပိုင်းဆိုင်ရာကျန်းမာရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရရှိစေဖို့။

🧏🏻‍♀️ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား ဘဝရဲ့ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည်စေဖို့။

🌱 အချစ်နှင့် အမုန်းကြား ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးမှာ မျှတတဲ့ စိတ်ထား ထားရှိတတ်စေဖို့

ဒါတွေကို ပြောပြဆွေးနွေးပေးသွားမှာပါ။

ဒီဆွေးနွေးပွဲဟာ Aura Wellness Center မှ လစဉ်ပြုလုပ်ပေးနေကျ ဖြစ်တဲ့ Community Awareness အတွက် အထူးစီစဉ်ထားတဲ့ မေတ္တာလက်ဆောင် အစီအစဉ်ဖြစ်တာကြောင့် မည်သူမဆို ပါဝင်တက်ရောက်နိုင်ပါတယ်။

📅 ကျင်းပမည့်နေ့ရက်: ဧပြီလ ၁၁ ရက်၊ ၂၀၂၆ (စနေနေ့)
🕐 အချိန်: မွန်းလွဲ ၁:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီအထိ
📍 နေရာ: Aura Wellness Centre (Yemontaung, Mandalay)

Registration Form ဖြည့်ရန် - https://forms.gle/RiXA5xBDPi5ZN9ZF7

ဒီ Seminar လေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ ဒီပို့စ်လေးရဲ့အောက်မှာ " Seminar " လို့မန့်ခဲ့ပြီး
အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်၍ဖြစ်စေ၊ Page Messenger မှတစ်ဆင့်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါသည်။

🪷𝐀𝐮𝐫𝐚 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬 𝐂𝐞𝐧𝐭𝐞𝐫
📲 09762333319
📍𝟒𝟎𝐀 𝐒𝐭, 𝐁𝐭 𝟓𝟒 & 𝟓𝟓 𝐒𝐭, 𝐘𝐞 𝐌𝐨𝐧 𝐓𝐚𝐮𝐧𝐠, 𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲.
📩 Contact Information | ဆက်သွယ်ရန် –
📧 Email: aurawellnesscenter28@gmail.com
🍃 ဘဝကို ပိုမိုကောင်းမွန်တဲ့ ပုံစံသစ်တစ်ခုနဲ့ စတင်နိုင်ဖို့ ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

Dr Soe Lwin (Relationship & Ownership)🙏🏻Ownership ဆိုတာ “ဒါက ငါ့ဟာ” လို့ သတ်မှတ်ထားတဲ့ စိတ်တစ်ခုသာ ဖြစ်ပြီး၊ အခြေခံအားဖြ...
22/03/2026

Dr Soe Lwin (Relationship & Ownership)🙏🏻

Ownership ဆိုတာ “ဒါက ငါ့ဟာ” လို့ သတ်မှတ်ထားတဲ့ စိတ်တစ်ခုသာ ဖြစ်ပြီး၊ အခြေခံအားဖြင့် သင်္ညာက မှတ်ထားတဲ့ အတိတ်အတွေ့အကြုံတွေထဲက ပေါ်လာတဲ့ ထင်ယောင်ထင်မှားတစ်ခုပဲ ဖြစ်ပါတယ်။ အမှန်တကယ်မှာတော့ အရာအားလုံးဟာ ကံအရ ဖြစ်ပေါ်လာပြီး ခဏခဏ ပြောင်းလဲနေတဲ့ သဘာဝတရားတွေပါပဲ။ ဒါပေမယ့် မသိမှု (မောဟ) ကြောင့် လောဘနဲ့ပိုင်ချင်လာတယ်၊ ပိုင်ချင်တာကြောင့် ဆုံးရှုံးမှာကို ကြောက်လာတယ်၊ အဲ့ဒီကြောက်ရွံ့မှုကနေ ဒေါသနဲ့ စိတ်ဖိစီးမှုတွေ ထပ်ပြီး ပေါ်လာတတ်ပါတယ်။ ဒီလိုနဲ့ “ပိုင်ဆိုင်မှု” ဆိုတဲ့ အယူအဆဟာ စိတ်ကို ချည်နှောင်ထားတဲ့ အမြစ်တစ်ခုလို ဖြစ်သွားပါတယ်။

Relationship ကို နက်နက်ရှိုင်းရှိုင်း နားလည်လိုက်မယ်ဆိုရင်တော့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အကြောင်း–အကျိုးဆက်နွယ်မှုတစ်ခုသာ ဖြစ်တယ်ဆိုတာ မြင်လာပါလိမ့်မယ်။ ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့အရာကို သတိနဲ့ တိုက်ရိုက် သိမြင်နိုင်တဲ့အခါ အရာအားလုံးဟာ ရိုးရိုးရှင်းရှင်းပဲ ဖြစ်နေတယ်ဆိုတာကို တွေ့ရပြီး စဉ်းစားဖို့တောင် မလိုတော့ပါဘူး။ လက်ခုတ်တီးတဲ့အခါ တီးခြင်းဟာ အကြောင်းဖြစ်ပြီး အသံဟာ အကျိုးဖြစ်သလို အဲ့ဒီအသံဟာ စောလည်း မထွက်ဘူး၊ နောက်ကျလည်း မထွက်ဘူး — အကြောင်းအတိုင်း အချိန်တိတိနဲ့ပဲ ဖြစ်ပေါ်လာတာပါ။ ဒီလိုပဲ Relationship အားလုံးဟာ အကြောင်းရှိလို့ အကျိုးပေါ်လာတာဖြစ်ပြီး “ငါ့ဟာ” လို့ ပိုင်ဆိုင်စရာ မလိုတဲ့ သဘောတရားတစ်ခုပါ။

ဒါပေမယ့် စဉ်းစားလိုက်တဲ့အခါတိုင်း စိတ်ဟာ ပစ္စုပ္ပန်ကနေ ခွာပြီး အတိတ်ထဲကို ပြန်ရောက်သွားတတ်ပါတယ်။ သတိရှိတဲ့အခါမှာပဲ အကြောင်း–အကျိုးကို တိတိကျကျ မြင်နိုင်ပြီး မသိမှုနဲ့ စိတ်ရဲ့ အလေ့အကျင့်တွေကြောင့် မမြင်နိုင်တာဖြစ်ပါတယ်။ သဘာဝတရားအရ ဆန့်ကျင်ဘက်တွေဟာ အမြဲတမ်း ယှဉ်တွဲတည်ရှိနေပြီး Head power နဲ့ Soft power တို့လို အပြန်အလှန် ဆက်နွယ်နေကြပါတယ်။ ဒါကြောင့် “ဘာကြောင့် ပိုင်ချင်တာလဲ” ဆိုတာကို ကိုယ်တိုင် သတိနဲ့ ပြန်ကြည့်နိုင်ဖို့ အရေးကြီးပါတယ်။

ဘဝကို မီးတစ်လုံးလို ထင်မြင်ကြည့်ပါ—သုံးတတ်ရင် အလင်းပေးနိုင်ပေမယ့် မထိန်းနိုင်ရင် မီးလောင်စေနိုင်ပါတယ်။ သင်္ညာအားကောင်းလာတဲ့အခါမှာလည်း ထိန်းချုပ်မရဘဲ တုံ့ပြန်မှုတွေနဲ့ပဲ နေထိုင်မိတတ်ပါတယ်။ ထို့ကြောင့် သတိနဲ့ စောင့်ကြည့်ပြီး နေထိုင်ခြင်းကသာ အရေးကြီးဆုံး ဖြစ်ပါတယ်။ ကျေးဇူးတင်ခြင်းနဲ့ ကျေးဇူးဆပ်ခြင်းစိတ်ထားနဲ့ နေထိုင်နိုင်တဲ့အခါ ကံလမ်းကို ဉာဏ်လမ်းနဲ့ ဆက်လက် လျှောက်နိုင်ပါလိမ့်မယ်။

တရားအားထုတ်ခြင်းဆိုတာ သဘာဝအတိုင်း စီးဆင်းသွားခြင်းမဟုတ်ဘဲ ပြန်လှည့်စီးရတဲ့ လမ်းတစ်ခုဖြစ်ပြီး သီလ၊ သမာဓိ၊ ပညာတို့နဲ့ တည်နေဖို့ လိုပါတယ်။ အရာအားလုံးမှာ အကြောင်းရှိသလို အကျိုးလည်းရှိတာကြောင့် လုပ်သင့်တာကို လုပ်ပြီး အမှန်တရားကို မြင်နိုင်ဖို့ လေ့ကျင့်ရပါမယ်။ အမှန်ကို မသိလို့ မောဟဖြစ်လာတာဖြစ်ပြီး ကောင်းတာဖြစ်စေချင်တာဟာ မှန်ပေမယ့် တစ်ခြားသူနဲ့ ယှဉ်ပြိုင်ခြင်းကတော့ မလိုအပ်ပါဘူး။ အပြစ်မမြင်ဘဲ နားလည်ပေးနိုင်ဖို့ ကြိုးစားပါ—ဒေါသကို ပယ်ဖို့ အကောင်းဆုံးနည်းလမ်းက မေတ္တာဖြစ်ပြီး ပျော်ရွှင်မှုဟာလည်း မေတ္တာအင်အားကြီးတဲ့နေရာမှာပဲ ရှိတာကြောင့် မေတ္တာနဲ့ ပြောပါ၊ မေတ္တာနဲ့ ပြောင်းလဲပါ။ 💛

Address

40A Street, Between 54 & 55 Street
Mandalay
05063

Opening Hours

Monday 06:00 - 19:00
Tuesday 06:00 - 19:00
Wednesday 06:00 - 19:00
Thursday 06:00 - 19:00
Saturday 06:00 - 19:00
Sunday 06:00 - 19:00

Website

Alerts

Be the first to know and let us send you an email when AURA Wellness Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category