Hlaing Pwint Phyu Pharmacy

Hlaing Pwint Phyu Pharmacy လှိုင်ပွင့်ဖြူဆေးဆိုင်

27/09/2025
27/09/2025

ကလေးတွေရဲ့ အရေပြားမှာ တွေ့ရတတ်တဲ့ ညှင်းအဖြူကွက်လေးတွေအကြောင်း (Tinea Versicolor)

♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

♦️ကလေးတွေရဲ့ အရေပြားမှာ Tinea Versicolor လို့ခေါ်တဲ့ ညှင်းအဖြူကွက်လေးတွေက ကလေးတွေမှာ မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါက အရမ်းမကူးစက်လွယ်ပေမယ့် အန္တရာယ်မရှိသော အရေပြားမှိုစွဲခြင်း တစ်မျိုးဖြစ်ပါတယ်။

♦️ညှင်းအဖြူကွက် (Tinea Versicolor) ဆိုတာဘာလဲ?
ညှင်းအဖြူကွက်လေးတွေဆိုတာ Malassezia ဟုခေါ်သော မှိုပိုးတစ်မျိုးကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဤမှိုသည် သဘာဝအားဖြင့် လူတိုင်း၏ အရေပြားပေါ်တွင် အနည်းငယ်ရှိနေတတ်သော်လည်း အချို့သော အခြေအနေများတွင် ပေါက်ဖွားမှု လွန်ကဲသွားပြီး အရေပြားကို ယားယံခြင်းနှင့် အရောင်ကွက်များ ဖြစ်ပေါ်စေပါတယ်။

♦️ဘယ်လိုလက္ခဏာတွေ ပြလဲ?
* အရောင်ကွက်များ - အဖြူ၊ အညို၊ ပန်းရောင်ကွက်များလည်း ပေါ်လာတတ်ပါတယ်။ နေပူစာလှုံပြီးနောက် အကွက်များသည် ပတ်ဝန်းကျင်အရေပြားထက် ပိုမိုဖြူနေတတ်ပါတယ်။ မှိုကြောင့် နေရောင်ခြည်ဒဏ်မှ မကာကွယ်နိုင်သောကြောင့် ဖြစ်ပါတယ်။
* ယားယံခြင်း - ညှင်းကွက်များသည် ယားယံတတ်သော်လည်း ကလေးအချို့တွင် ယားယံခြင်းမရှိတတ်ပါ။
* အကွက်များ၏ပုံစံက အရွယ်အစားအမျိုးမျိုးရှိပြီး တစ်ခါတရံတွင် အကွက်ငယ်များ ပေါင်းစပ်ကာ အကွက်ကြီးများ ဖြစ်ပေါ်တတ်ပါတယ်။
* ပေါ်လာလေ့ရှိသော နေရာများက ရင်ဘတ်၊ ကျော၊ လည်ပင်း၊ ချိုင်းကြားနှင့် လက်မောင်းများတွင် အဖြစ်များပါတယ်။

♦️ဘာကြောင့်ဖြစ်ရတာလဲ?
ဤမှိုပိုးသည် နွေးထွေးစိုစွတ်သော ပတ်ဝန်းကျင်ကို နှစ်သက်သဖြင့် အောက်ပါအချက်များက ဖြစ်ပွားစေနိုင်ပါတယ်။
* ရာသီဥတုပူပြင်းခြင်းနှင့် စိုထိုင်းခြင်း
* အလွန်အကျွံ ချွေးထွက်ခြင်း
* အဆီပြန်သော အရေပြား
* ကိုယ်ခံအားစနစ် အားနည်းခြင်း
* ဟော်မုန်းအပြောင်းအလဲများ (ဥပမာ - ဆယ်ကျော်သက်အရွယ်)

♦️အိမ်မှာ ဘယ်လိုဂရုစိုက်ကုသမလဲ?
* အရေပြားကို ခြောက်သွေ့အောင်ထားပါ - ချွေးထွက်ပြီးတိုင်း ရေချိုးပေးခြင်း သို့မဟုတ် ခြောက်သွေ့သော အဝတ်အစားများနှင့် လဲလှယ်ဝတ်ဆင်ပေးပါ။
* ပေါ့ပါးချောင်ချိသော ချည်သားအဝတ်အစားများ၊ ချွေးစုပ်ယူမှုကောင်းမွန်သော အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပေးပါ။
* နေပူထဲသို့ ထွက်သည့်အခါ နေရောင်ကာခရင်မ် လိမ်းပေးပါ။
* ကလေးတွင် အရေပြားအကွက်များ ပေါ်လာပါက မိမိသဘောဖြင့် ဆေးမလိမ်းဘဲ ဆရာဝန်နှင့် တိုင်ပင်ပါ။

👉 လိမ်းဆေးများ (Topical Treatments)
* မှိုပိုးသတ်ဆေး လိမ်းဆေး (Antifungal Creams/Lotions) - Clotrimazole, Miconazole, Ketoconazole စသည့် ဆေးများကို ဆရာဝန်ညွှန်ကြားချက်ဖြင့် လိမ်းပေးနိုင်ပါတယ်။
* မှိုသတ်ဆေး ခေါင်းလျှော်ရည် (Selenium Sulfide or Ketoconazole Shampoo) - ဒီလိုခေါင်းလျှော်ရည်ကို ခန္ဓာကိုယ်ပေါ်တွင် လိမ်းပြီး ၁၀ မိနစ်ခန့်ထားကာ ရေဆေးချခြင်းဖြင့် ကုသနိုင်ပါတယ်။

👉 သောက်ဆေးများ (Oral Medications)�ရောဂါအလွန်ပျံ့နှံ့ပါက သို့မဟုတ် လိမ်းဆေးများဖြင့် မသက်သာပါက ဆရာဝန်မှ Fluconazole သို့မဟုတ် Itraconazole ကဲ့သို့သော ဆေးဝါးများ ညွှန်ကြားကုသပေးနိုင်ပါတယ်။ ဒီဆေးများကို ဆရာ၀န် ညွှန်ကြားချက်ဖြင့်သာ သောက်သုံးသင့်ပါတယ်။

♦️ညှင်းအဖြူကွက်လေးတွေက ကုသပျောက်ကင်းနိုင်သော်လည်း နောက်ထပ် ပြန်လည်ဖြစ်ပွားနိုင်ခြေရှိပါတယ်။ ကုသမှုပြီးဆုံးပါက အရေပြားပေါ်ရှိ အရောင်ကွက်များ လုံးဝပျောက်ကင်းသွားရန် လပေါင်းများစွာ ကြာတတ်ပါတယ်။ ထို့ကြောင့် စိတ်ရှည်ရှည်ဖြင့် ကုသမှု ခံယူသင့်ပါတယ်။

References
1. American Academy of Dermatology (AAD).
2. American Academy of Pediatrics (AAP)
3. Mayo Clinic
4. National Health Service (NHS), UK

🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻🌻

(တခြား ကလေးမိဘများအတွက်လည်း ဗဟုသုတ တိုးပွားအောင် share ပေးခြင်းဖြင့် ကူညီနိုင်ပါတယ်။ တဆင့် ပြန်လည် ကူးယူရေးသားခြင်း ခွင့်မပြုပါဘူး။)


&Wellness


#ညှင်း

Giff Set လေး Stock ရှိသလောက်ပေးပါမည်။
25/09/2025

Giff Set လေး Stock ရှိသလောက်ပေးပါမည်။

🩺✨ မင်္ဂလာပါ ✨🩺✔️ ဆေးခန်းပြချင်သူဖြစ်စေ✔️ဆေးဝယ်ဖို့လိုအပ်သူဖြစ်စေ✔️ တိုင်ပင်ဆွေးနွေးချင်သူဖြစ်စေ👉 သင်လိုအပ်တဲ့ အရာတိုင်း...
19/09/2025

🩺✨ မင်္ဂလာပါ ✨🩺
✔️ ဆေးခန်းပြချင်သူဖြစ်စေ
✔️ဆေးဝယ်ဖို့လိုအပ်သူဖြစ်စေ
✔️ တိုင်ပင်ဆွေးနွေးချင်သူဖြစ်စေ

👉 သင်လိုအပ်တဲ့ အရာတိုင်းကို တိကျပြီး အဆင်ပြေအောင် ကျွမ်းကျင်မှုနဲ့ ဆောင်ရွက်ပေးပါမည်။

💊 သင့်ကျန်းမာရေးအတွက် တာဝန်ယူပြီး အပြည့်စုံ ဝန်ဆောင်မူများဖြင့် အချိန်မရွေး သင့်ဘေးတွင်ရှိနေပါမည်။

🌟✨ ဆံပင်ကျွတ်တာ။ဆံပင်တွေပါးသွားတာကို စိတ်မကောင်းဖြစ်နေရလား? ✨🌟💚 GroHair ဆံပင်ပေါက်ဆေး 💚ရှိနေပီနော်👉 ဆံပင်အမြစ်ကိုသန်မာစေ...
18/09/2025

🌟✨ ဆံပင်ကျွတ်တာ။ဆံပင်တွေပါးသွားတာကို စိတ်မကောင်းဖြစ်နေရလား? ✨🌟

💚 GroHair ဆံပင်ပေါက်ဆေး 💚ရှိနေပီနော်
👉 ဆံပင်အမြစ်ကိုသန်မာစေပြီး ကျွတ်တာ လျော့ချစေမယ်
👉 ဆံပင်အသစ်တွေ တဖြည်းဖြည်း ပြန်ပေါက်စေမယ်
👉 ခေါင်းအရေပြားကို သန့်စင်ပြီး ကျန်းမာအောင်ထိန်းပေးမယ်

🔥 ယနေ့မှစပြီး သင့်ဆံပင်ကို ပြန်လည် အားဖြည့်ပါ! 🔥

📌 အသုံးပြုပုံ – ညအိပ်ချိန်ခေါင်းအရေပြားကို massage လုပ်ပေးပီး ဖျန်းပေးပါ။
👉 ဆံပင်ကျွတ်ခြင်းကိုစိုးရိမ်နေသူတိုင်းအတွက် GroHair ✨

မြို့တွင်း / နယ် ပစ္စည်းအော်ဒါအမှာလေးတွေလဲ ပို့ပေးပါတယ်နော်။
14/09/2025

မြို့တွင်း / နယ် ပစ္စည်းအော်ဒါအမှာလေးတွေလဲ ပို့ပေးပါတယ်နော်။

🌱✨ Flex Seed အကျိုးကျေးဇူးများ ✅ နှလုံးကျန်းမာရေး ကာကွယ်ပေးတယ်✅ အစာချေမှု စနစ်ကောင်းစေတယ် ✅ အသားအရေစိုပြေစေတယ်✅ ကိုယ်အလေ...
08/09/2025

🌱✨ Flex Seed အကျိုးကျေးဇူးများ

✅ နှလုံးကျန်းမာရေး ကာကွယ်ပေးတယ်
✅ အစာချေမှု စနစ်ကောင်းစေတယ်
✅ အသားအရေစိုပြေစေတယ်
✅ ကိုယ်အလေးချိန်ထိန်းချုပ်ချင်သူတွေအတွက် အထောက်အကူဖြစ်တယ်
✅ အမျိုးသမီး hormone balance ကောင်းစေပြီး monthly cycle နဲ့ menopause အဆင်ပြေစေတယ်

👉 ကျန်းမာလို့၊ အလှပို အတူတူသုံးလို့ရမယ့် Flex Seed လေးကို မမေ့နဲ့နော် 🌸
---

Terbinafine ခရင်မ် (Terbinafine cream) ဆိုတာ  (fungus) တွေကြောင့်ဖြစ်တဲ့ အရေပြားရောဂါများကို ကုသဖို့အသုံးပြုတဲ့ အရေပြားပ...
06/09/2025

Terbinafine ခရင်မ် (Terbinafine cream) ဆိုတာ (fungus) တွေကြောင့်ဖြစ်တဲ့ အရေပြားရောဂါများကို ကုသဖို့အသုံးပြုတဲ့ အရေပြားပေါ်လိမ်းဆေးတစ်မျိုးပါ။
ပွေး (Ringworm)

(Tinea corporis, Tinea cruris)
(Candidiasis)
လိမ်းနည်း
1. လိမ်းမယ့်နေရာကို အရင်ဆုံး ဆပ်ပြာနဲ့ဆေးပြီး၊ အဝတ်လေးနဲ့သန့်စင်ထားပါ။
2. စိုထိုင်းမှုမရှိအောင်ခြောက်သွားမှ လိမ်းပါ။
3. ခရင်မ်ကို ပါးပါးလိမ်း ပေးပါ။
4. နီးစပ်တဲ့အရေပြားအပိုင်းလေးတွေလည်း တစ်ပြိုင်နက် လိမ်းပေးခြင်းက အထူးကောင်း ပါတယ်။
5. တစ်နေ့လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ထိ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိမ်းနိုင်ပါသည်။
ကုသချိန်
(Athlete’s foot) → ၁–၂ ပတ်
ပွေး၊ → ၁–၂ ပတ်
(Candidiasis) → ၁–၂ ပတ်

(လိမ်းပြီးချင်း ​သက်သာသွားမယ်ထင်ရပေမယ့်၊ ဆက်လိမ်းပြီး ကုသချိန်အပြည့်လိုပါတယ်။)
အကျိုးကျေးဇူး
ပိုးကို တိုက်ရိုက်သတ်ပေးနိုင်ခြင်း
အရေပြားယားယံခြင်းကို လျော့စေခြင်း
ပြန်လည်ဖြစ်ပေါ်လာတာ လျော့နည်းစေခြင်း
သုံးရလွယ်ကူပြီး ထိရောက်မှုရှိ
သတိပြုရန်
မျက်စိ၊ ပါးစပ်ထဲမလိမ်းပါနှင့်
အစမ်းလိမ်းပြီး အလွန်ယားယံ၊ ၊ အဖုထနေလျှင် သုံးရန်ရပ်ပြီး ဆရာဝန်ထံပြပါ

ကလေးများ၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များမှာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ အသုံးပြုရန်

06/09/2025

🦠 အစာအိမ်ပိုး (H.pylori) ဆိုတာဘာလဲ❓

အစာအိမ်ပိုး Helicobacter pylori (H.pylori) ဆိုတာ အစာအိမ်အနာဖြစ်စေနိုင်သော ဘက်တီးရီးယားပိုး တစ်မျိုးဖြစ်ပြီး၊ အစာအိမ်အတွင်းမှာ နေနိုင်ပါတယ်။ ဒီဘက်တီးရီးယားဟာ နာတာရှည် အစာအိမ်ရောင်ရမ်းခြင်း (Chronic Gastritis) အစာအိမ်နှင့် အူသိမ်ဦးအနာဖြစ်ခြင်း (Peptic Ulcer Disease) နဲ့ အစာအိမ်ကင်ဆာ (Gastric Cancer) တို့ရဲ့ အဓိကတရားခံ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားနှုန်းမှာ ကမ္ဘာတစ်ဝှမ်းလူဦးရေ၏ ၅၀% ခန့် H.pylori ရောဂါပိုးကူးစက်ခံထားရပြီး သန့်ရှင်းမှုအားနည်းသော နိုင်ငံများတွင် (၇၀%-၉၀%) မြင့်တက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင် စစ်တမ်းအချက်အလက်များ မလုံလောက် သော်လည်း ကျေးလက်ဒေသများနှင့် ရေနှင့် အစားအသောက် သန့်ရှင်းမှုမရှိသောနေရာဒေသများတွင် ဖြစ်ပွားနှုန်း မြင့်တက်နိုင်ပါတယ်။

🦠 အစာအိမ်ပိုး (H.pylori) ဘယ်လိုကူးစက်နိုင်သလဲ❓

အစာအိမ်ပိုး (H.pylori) ဟာ အောက်ပါနည်းလမ်းတွေကတစ်ဆင့် ကူးစက်နိုင်ပါတယ်။

💢 တစ်ဦးနဲ့တစ်ဦး အတူတူ စားသုံးခြင်း၊ သွားတိုက်တံ မျှဝေသုံးစွဲခြင်း။
💢 မသန့်ရှင်းတဲ့ရေ၊ အစာ၊ သန့်စင်မှု မရှိသောအရာများမှတဆင့် ပိုးဝင်ခြင်း။
💢 မသန့်ရှင်းသော ဆေးဘက်ကိရိယာများ (ဥပမာ- အစာအိမ်ကြည့်ကိရိယာ endoscope) မှတဆင့်ကူးစက်ခြင်း။

🦠 အစာအိမ်ပိုး (H.pylori) ရောဂါရဲ့ လက္ခဏာများ

💢 အစာမ‌ကြေခြင်း
💢 အန်ခြင်း
💢 အစာမစားနိုင်ခြင်း
💢 ရင်ဘတ်အောင့်ခြင်း
💢 ရင်ပူခြင်း
💢 အလေးချိန်လျော့ကျခြင်း

🦠 နောက်ဆက်တွဲဆိုးကျိုးများ

💢 အစာအိမ်နှင့် အူသိမ်ဦးအနာ
💢 အစာအိမ်ကင်ဆာ
💢 သွေးအားနည်းမှု
💢 အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

🦠 H.pylori ရောဂါ စစ်ဆေးနည်းများ

💢 Urea Breath Test (UBT) - ပထမဆုံးရောဂါစစ်ဆေးမှုအတွက် ကောင်းမွန်သင့်တော်သော စစ်ဆေးမှုဖြစ်ပြီး၊ ဆေးကုသပြီးနောက် ကုသမှုအောင်မြင်မှုရှိမရှိ စစ်ဆေးရန်အထူးအသုံးဝင်ပါတယ်။
💢 ဝမ်းစစ်ဆေးခြင်း (Stool Antigen Test) - ဆေးကုသပြီးနောက် sensitivity အနည်းငယ် လျော့နိုင်ပါတယ်။
💢 သွေးစစ်ဆေးခြင်း (Antibody Test) - ရောဂါဟောင်းလား (သို့) လက်ရှိရောဂါလားဆိုတာ ခွဲခြားမရနိုင်ပါ။
💢 အစာအိမ်မှန်ပြောင်းကြည့်ခြင်းနှင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။

🦠 H.pylori ရောဂါ ကုသနည်းလမ်းများ

💢 သတ်မှတ်ထားသော အစာအိမ်အက်စစ်ထိန်းဆေး၊ ဘစ်စမတ်ဆေးနှင့် ပိုးသတ်ဆေးများကို သတ်မှတ်ထားသော ကာလအတိုင်း မှန်ကန်စွာ သောက်သုံးရန် လိုအပ်ပါတယ်။
💢 နောက်ပိုင်းတွင် အစာအိမ်ပိုးသည် ပိုးသတ်ဆေးများကို ခံနိုင်ရည်မြင့်တက်လာသော‌ကြောင့် ထိရောက်မှုရှိသော ဆေးတွဲများဖြင့် ရွေးချယ်ကုသရန် အရေးကြီးပါတယ်။
💢 အစာအိမ်ပိုး (H.pylori) ရောဂါကို တိကျစွာ စစ်ဆေးပြီး တိတိကျကျ ကုသနိုင်မှသာ အစာအိမ်နှင့် သက်ဆိုင်သော နောက်ဆက်တွဲရောဂါများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါတယ်။


#ရွှေပြည်တန်ဆေးခန်း

Address

29th Street Bet 76th &77th
Mandalay

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Hlaing Pwint Phyu Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram