
14/07/2025
မိုးရာသီက ပျော်ဖို့ကောင်းပေမယ့် မိုးတွင်းမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အရေပြားရောဂါတွေကတော့ ပျော်ဖို့မကောင်းပါဘူး။
မိုးရာသီဆိုတာ အအေးမိလွယ်၊ ရောဂါဖြစ်လွယ်တဲ့ ရာသီတစ်ခုဆိုလည်းမမှားပါဘူး။ ထို့အပြင်အရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေလည်း အဖြစ်များပါတယ်။ ထိုရောဂါတွေကို ကြိုတင်ကာကွယ်လို့ရစေဖို့ ရည်ရွယ်ပြီး ဖော်ပြပေးပါမယ်။
မိုးတွင်းမှာ Fungal infection လို့ခေါ်တဲ့ မှိုတက်ခြင်းရောဂါက သိသိသာသာအဖြစ်များပါတယ်။
ရေစိုနေသော အဝတ်အစားတွေဝတ်ဆင်ခြင်းမှ အများဆုံးဖြစ်တတ်ပြီး ယားယံခြင်း၊ အနီရောင်အဖုများဖြစ်ခြင်း ဖြစ်စေနိုင်ပါတယ်။
အရေပြားစိုစွတ်ခြင်းနဲ့ မသန့်ရှင်းတဲ့ရေများထိတွေ့ခြင်းကြောင့် Eczema လို့ခေါ်တဲ့ နှင်းခူများလည်း အဖြစ်များပါတယ်။
ထိုပြဿနာများအပြင် အနာများရှိနေလျှင်လည်း မသန့်ရှင်းသောရေများ ထိတွေ့သုံးစွဲမိခြင်းသည် အနာကိုရောဂါပိုးများဝင်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ပါတယ်။
ထိုပြဿနာများကို ကာကွယ်ဖို့အတွက်
🔹မသန့်ရှင်းသောရေများကို ထိတွေ့ခြင်းကိုရှောင်ပါ။( ထိတွေ့မိရင်လည်း ချက်ချင်းသန့်ရှင်းရေးလုပ်ပါ)
🔹 စိုစွတ်နေသော အဝတ်အစားများဝတ်ဆင်ခြင်းများရှောင်ပါ။
🔹 တစ်နေ့လျှင် အနည်းဆုံး ရေတစ်ကြိမ် ချိုးပါ
🔹 တစ်ကိုယ်ရည်သုံးပစ္စည်းများကို သန့်ရှင်းအောင်ထားပါ။
အရေပြားရောဂါများမသက်သာပဲ အခြေအနေ ပိုဆိုးလာပါက ကျွန်တော်တို့ ဓူဝံဆေးခန်းသို့လာရောက်တိုင်ပင်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေခင်ဗျာ။
မိဘပြည်သူများရောဂါအပေါင်းမှ ကင်းဝေးကြပါစေလို့ ကျွန်တော်တို့ Duwun healthcare မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်ခင်ဗျ။
📌ယခင်ဆက်သွယ်ရန် ဖုန်းလိုင်းများခက်ခဲနေပါသဖြင့် Viber 09 778 781 799 ကိုဆက်သွယ်မေးမြန်းနိုင်သည့်အပြင်
ဆေးခန်းကို မနက် ၇နာရီမှ ည ၇ နာရီ အထိ ဝန်ဆောင်မှု
ပေးထားပြီး.. သွေးစစ်ဆေးခြင်း ၊ ဓာတ်မှန်ရိုက်ခြင်း၊
Ultrasound ရိုက်ခြင်း ၊ ဆေးခန်းပြသခြင်းတို့ ပြုလုပ်နိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...
Hot Line Phone -
ဖုန်း-09 - 699 508 295
ဖုန်း-09 - 690 554 046
ဖုန်း-09 - 440 4600 61
ဖုန်း-09 - 778 781 799
ဖုန်း-09 - 960 910 066
ဖုန်း-09 - 977 181 010
📌DUWUN Healthcare
Hospitals, Clinics & Diagnostic Centre
ဓူဝံ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေး
အမှတ်(၇၃)၊ ၂၈လမ်း၊ ၇၃ x ၇၄လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့။
#ကျန်းမာရေး