27/03/2026
“”ခန္ဓာကိုယ်ရဲ့ ဒုတိယ သူရဲကောင်းများ”” 🛡️💪
အချစ်ရေးမှာ “ဒုတိယလူ” ဆိုတာ အကောင်းဆုံး အရှုံးသမားလို့ အသတ်မှတ်ခံရတတ်ပေမဲ့... သင့်ခန္ဓာကိုယ်ထဲက “ဒုတိယနေရာ” ယူထားတဲ့ (ဒုတိယ အခန်းကဏ္ဌန် က ) အင်္ဂါရပ်တွေကတော့ သင့်ကျန်းမာရေးအတွက် မရှိမဖြစ် Hero တွေဆိုတာ သိပါသလား? 🧐
ဒီနေ့မှာတော့ သင့်ကို အသက်ရှည်ကျန်းမာစေမယ့် ခန္ဓာကိုယ်ရဲ့ ဒုတိယသူရဲကောင်း (၂) ဦးအကြောင်း ပြောပြပေးပါမယ်👇
၁။ ဒုတိယနှလုံးသား (The Second Heart) 🫀 – ခြေသလုံးကြွက်သား
ဘာကြောင့် ခြေသလုံးကို ဒုတိယနှလုံးလို့ ခေါ်ရတာလဲ? 👣
နှလုံးက သွေးတွေကို ညှစ်ထုတ်ပေးသလိုပဲ၊ ခြေသလုံးကြွက်သားတွေကလည်း အောက်ပိုင်းရောက်သွားတဲ့ သွေးတွေကို အပေါ်ဘက် နှလုံးဆီပြန်ရောက်အောင် Pump လုပ်ပြီး ပြန်တွန်းတင်ပေးလို့ပါ
✅ ဒုတိယနှလုံး ကျန်းမာရင်:
• သွေးလည်ပတ်မှု ကောင်းမွန်မယ်
• ခြေထောက် သွေးပြန်ကြောပိတ်တာ၊ သွေးခဲတာမျိုးကို ကာကွယ်ပေးမယ်
💡 ဒုတိယနှလုံး ကျန်းမာစေဖို့ဆိုရင်
• တစ်နေ့ကို မိနစ် (၃၀) ခန့် လမ်းလျှောက်ပါ
• ခြေလှမ်း ၈,၀၀၀ မှ ၁၀,၀၀၀ ပြည့်အောင် လျှောက်ပေးပါ
၂။ ဒုတိယဦးနှောက် (The Second Brain) 🧠 – အစာအိမ်နှင့် အူလမ်းကြောင်း
ဘာကြောင့် အူလမ်းကြောင်းကို ဒုတိယဦးနှောက်လို့
ခေါ်ရတာလဲ? 🧠🧐
အစာအိမ် နဲ့ အူလမ်းကြောင်းမှာ အာရုံကြောဆဲလ် သန်း ၁၀၀ ကျော်ရှိပါတယ်။ ဒီ စနစ်ကို Enteric Nervous System (ENS) လို့ ခေါ်ပြီး အစာ ခြေဖျက်ခြင်း ၊ အာဟာရ စုပ်ယူခြင်း ၊ အညစ်အကြေး စွန့်ထုတ်ခြင်း တို့ကို ဦးနှောက် ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိပဲ သီးခြားစီ အလုပ်လုပ်နိုင်စွမ်း ရှိလို့ပါပဲ 😲
✨ စိတ်ခံစားချက်နဲ့ အူလမ်းကြောင်း ဆက်သွယ်ချက်
ဒါ အပြင် ဦးနှောက်ကနေ အူလမ်းကြောင်း အထိ ချိတ်ဆက် ထားတဲ့ အာရုံကြောတစ်ခုဖြစ်တဲ့ Vagus nerve က hormone ထုတ်လွှတ်ခြင်း နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ခန္တာကိုယ် အတွက် ကောင်းတဲ့ ဘတ်တီရီးယားတွေ (Gut Microbiota) အပေါ်မှာ သက်ရောက်မှုရှိပါတယ် ။စိတ်ခံစားမှု အပေါ် သက်ရောက်မှုရှိတဲ့ hormones တွေ ဖြစ်တဲ့ Serotonin (90%) နဲ့ Dopamine (50%) ကိုလဲ အူလမ်းကြောင်းကနေ ထုတ်ပေးပါတယ်။
ဒါကြောင့် စားသောက်မှုပုံစံ နဲ့ အူလမ်းကြောင်း ကျန်းမာရေးဟာ Stress (စိတ်ဖိစီးမှု) , Anxiety (စိုးရိမ်ပူပန်မှု) , Depression (စိတ်ဓါတ်ကျခြင်း), motivation (တက်ကြွမှု) စတဲ့ စိတ်ခံစားချက်တွေနဲ့ ဆက်နွယ် နေပါတယ်
💡 💡 ဒုတိယ ဦးနှောက် ကျန်းမာစေဖို့ စားသောက်သင့်တဲ့ အစားအစာတွေက
🦠 Probiotics (ကောင်းတဲ့ ဘက်တီးရီးယားများ):
ဒိန်ချဉ်၊ ကင်မ်ချီ၊ ချိစ် (Cheese) စတဲ့ အစားအစာတွေက အူလမ်းကြောင်းထဲက ကောင်းတဲ့ ဘက်တီးရီးယားလေးတွေကို တိုးပွားစေပါတယ်
🍌 Prebiotics (ဘက်တီးရီးယားတို့ရဲ့ အစာ):
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး နဲ့ ပန်းဂေါ်ဖီတို့ကတော့ အူလမ်းကြောင်းထဲက Gut Microbiota လေးတွေ ရှင်သန်ဖို့အတွက် အစာ (Fuel) ကျွေးလိုက်တာပါပဲ
🥦 Fibers (အမျှင်ဓာတ်):
ဟင်းသီးဟင်းရွက်နဲ့ ပဲအမျိုးမျိုးက အူလှုပ်ရှားမှုကို ပုံမှန်ဖြစ်စေပြီး အူထဲက အဆိပ်အတောက်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးပါတယ်
ဒါအပြင်
💧ရေများများသောက်ပါ
🧠 စိတ်ဖိစီးမှုကို လျော့ချပါ (စိတ်ဖိစီးမှုက အူလမ်းကြောင်းကို ထိခိုက်စေပါတယ်)
😴 အိပ်ရေးဝဝ အိပ်ပါ
အနှစ်ချုပ်ရရင်... 📝
ကျွန်တော်တို့ ခန္တာကိုယ်ရဲ့ ဒုတိယသူရဲကောင်း (၂) ဦး ဖြစ်တဲ့ ခြေသလုံးကြွက်သား နဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဂရုစိုက်ခြင်းအားဖြင့်:
✅ နှလုံးကျန်းမာရေး ပိုကောင်းလာမယ်
✅ စိတ်ခံစားမှု ပိုတည်ငြိမ်ပြီး စိတ်ပျော်ရွှင်လာမယ်
✅ ကိုယ်ခံစွမ်းအား ပိုမြင့်လာမယ်
ဆိုတော့ …..ဒီနေ့ကစပြီး ကျွန်တော်တို့ရဲ့ ဒုတိယသူရဲကောင်းတွေကို အာဟာရပြည့်ဝစွာ ကျွေးမွေးပြီး ပုံမှန်လေ့ကျင့်ခန်းလေးတွေနဲ့ ဂရုစိုက်လိုက်ရအောင်ဗျာ 🏃♂️🥗
ချစ်ခင်ခြင်းများစွာဖြင့်...
Dr Aung Ba
Nutritionist
Image generated by Gemini