24/09/2025
‼️ (တစ်လ ဆယ်ပေါင် )အထက် ဝိတ်ကျအဆီကျစေမယ့်လျှို့ဝှက်ချက်(၅)ချက်‼️
✅ကိုယ်က gym ဆော့နေတယ်
✅Diet လုပ်နေတယ်
ဝိတ်လျော့နေရက်သားနဲ့ ဝိတ်ကသိသိသာသာကျမလာဘူးဆိုရင် ဒီအချက်တွေကိုပြင်လိုက်ပါ📌📌📌📌
👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇👇
✅ရေများများသောက်ပါ 🥛🥛
တစ်ရက်တာ ရေသုံးလီတာပြည့်အောင်သောက်ခြင်းအားဖြင့် အူမကြီးကိုဆေးကြောနေသလိုဖြစ်တဲ့တစ်ရက်တာလုပ်ဆောင်မှု့မှာလည်း လန်းဆန်းတတ်ကြွစေပါ
(ည အိပ်ချိန်နဲ့ 3နာရီလောက်ခွာပီးရေသောက်တာရပ်ရပါမယ် )
✅အစားကိုအချိန်မှန်ရမယ် ၊စားတဲ့အစားမှန်ရပါမယ် 🍱
မနက်စာကို 6နဲ့ 9နာရီကြားစားပေးပါ
နေ့လည်စာ 11နဲ့1ကြားစားပါ
ညနေစာ 4နဲ့ 6ခွဲကြားစားပါ အဲ့နောက်ပိုင်းဘာမှထပ်မစားတော့လေဝိတ်ကျမယ့်ရလဒ်သိသာလေပါ တစ်ရက်တာစားမယ့်အစားထဲ ပရိုတိန်းများတာနဲ့အမျှင်ဓာတ်များတဲ့အစားကိုရွေးစားပေးရပါမယ်နော် Fat food နဲ့ ဆီကြော်စာတွေရှောင်ပေးရပါမယ်
✅စောစောအိပ်ရပါမယ်နော် 😴
ည 10နဲ့ မနက် 6နာရီက အကောင်းဆုံး အိပ်ချိန်ထချိန်ပါ
✅ညမအိပ်ခင်နှစ်နာရီဖုန်းသုံးတာ /tv 📲📺ကြည့်တာ ရပ်ရပါမယ်
ညအိပ်ချိန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့အတွက် ဖုန်း tv နှစ်နာရီအလိုရပ်ထားမှသာ အိပ်ချိန်အနှောက်အယှက်မဖြစ်မှာပါနော်
အိပ်ချိန် စားချိန်မှန်မှ ဝိတ်ကျတာလည်းမြန်မှာပါ
✅လေ့ကျင့်ခန်းတစ်ခုခုလုပ်ရပါမယ် (သို့)ခြေလှမ်းပေါင်းတစ်သောင်းနီးပါးလမ်းလျောက်ရပါမယ် 🏃♀️🏃
ကဲ….ဒီအချက်တွေသာသေချာလုပ်ရင်
သင်က အသက်ရှည်ရှည်နဲ့ကျန်းမာပျော်ရွှင်စွာ ဝိတ်ချနိုင်ပြီး ကျန်းမာပေါ့ပါး သွက်လက်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါပြီရှင် 💜
တကယ်ဝိတ်ကျချင်တာမှန်ရင်တော့ ဘဝရဲ့ life styles ကိုပြောင်းကိုပြောင်းလဲပစ်နိုင်ရပါမယ်နော် 💜
(Dietmealplanner)🎗
#ဝိတ်ကျအဆီကျစေဖို့