Thein Than Htaike Physio Care

Thein Than Htaike Physio Care Physiotherapy Home Service Mawlamyine

"August လထဲက ကိုင်တွယ်ခဲ့ရတဲ့ Major caseအကြီးကြီးဖစ်တဲ့ fracture caseလေးအကြောင်း" ဘလောက် improvement ဖစ်လာလဲဆ်ုတာ ၀မ်းသာ...
14/01/2026

"August လထဲက ကိုင်တွယ်ခဲ့ရတဲ့ Major caseအကြီးကြီးဖစ်တဲ့ fracture caseလေးအကြောင်း"

ဘလောက် improvement ဖစ်လာလဲဆ်ုတာ ၀မ်းသာအားရကြွားလိုက်ပါအူးမယ် 😇

💚Before physiotherapy treatment

👉 Foot drop
👉Toes can't extended
👉 Numbness & tingling in leg
👉Knee swelling & scar adherence
👉Knee flexion 25 degrees
👉 Can't squat well
👉Can walk with 2 assistance

💙After 4 month of physiotherapy treatment
✅No foot drop
✅Toes can extend
✅No numbness, tingling in legs
✅No swelling and no scar adherence in knee
✅Knee flexion to 95 degrees
✅Can do wall squatting easily
✅Can walk without assistance

အရိုးအကြောအဆစ်နဲ့ ပတ်သက်လျှင် ဆေးထိုးဆေးသောက်၊ ခွဲစိတ်စရာမလိုဘဲ Scientific နည်းဖြင့် ကုသပေးနေသော Thein Than Htaike Physi...
27/12/2025

အရိုးအကြောအဆစ်နဲ့ ပတ်သက်လျှင် ဆေးထိုးဆေးသောက်၊ ခွဲစိတ်စရာမလိုဘဲ Scientific နည်းဖြင့် ကုသပေးနေသော Thein Than Htaike Physio Care (မော်လမြိုင်မြို့) Physiotherapy Home Service လေးရှိနေပီမို့ တစ်ရက်ကြိုတင်ပီး home service လေးရယူနိုင်ပါပီရှင်

Physiotherapist ကိုယ်တိုင်ကုသပေးတာမို့ ယုံကြည်စိတ်ချစွာ ကုသနိုင်ပါတယ်ရှင်😍

ကုသနိုင်သောPhysiotherapy service များ

📌Frozen Shoulder (ပခုံးအဆစ်ကပ်ခြင်း)

📌Low Back Pain (ခါးနာခြင်း)

📌Knee Pain (ဒူးနာခြင်း)

📌Cervical and lumbar spondylosis (ကျီးပေါင်းတက်ခြင်း)

📌Pelvic Girdle Pain (တင်ပါးနှင့်တင်ပါးခွက်နာကျင်ခြင်း)

📌Joint Pain and Stiffness (အဆစ်များခိုင်ခြင်း ၊နာကျင်ခြင်း)

📌 Calcaneal Spur ခြေဖနောင့်အတက်ထွက်ခြင်း

📌Plantar Fascitis ခြေဖနောင့်နာခြင်း

📌Muscle Pain ‌and swelling (ထိခိုက်ဒဏ်ရာကြောင့်ကြွက်သားများနာကျင်ခြင်း၊ရောင်ရမ်းခြင်း)

📌Stroke (လေဖြတ်ခြင်းကြောင့်လှုပ်ရှားသွားလာရခက်ခဲခြင်း)

📌Difficulty in movement after bone fractures (အရိုးကျိုးပြီးနောက်လှုပ်ရှားသွားလာမှုခက်ခဲခြင်း)

📌Sports injury (အားကစားလုပ်ခြင်းကြောင့်ထိခိုက်ဒဏ်ရာရခြင်း)

📌Spinal Cord Injury (ကျောရိုးတစ်လျှောက် အာရုံကြောမကြီးဖိမိခြင်းကြောင့် လှုပ်ရှားသွားလာရခက်ခဲခြင်း)

📌Facial Palsy / Bell's Palsy (မျက်နှာ‌တစ်ခြမ်းရွဲ့ခြင်း)

အထက်ပါ‌ အရိုးအကြောဝေဒနာရှင်များအတွက် အရိုးအကြောအဆစ်ပြန်လည်သန်စွမ်းရေးပညာရှင် (Physiotherapist)က်ုယ်တိုင် Electro therapy (ခေတ်မီစက်ကိရိယာများဖြင့်ကုသခြင်း), Therapeutic Exercise (လေ့ကျင့်ခန်းကုထုံးများဖြင့်ကုသခြင်း) ဖြင့်၀န်ဆောင်မှုပေးနေပီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

💰 ကုသမှုတစ်ကြိမ်လျှင် လူနာရဲ့ case
conditionပေါ်မူတည်ပြီး 30000-35000ထိ
ကျနိုင်ပါသည်
⏲️ ကြာချိန် 45min-1:30hrထိလည်းကြာနိုင်
ပါသည်

***Note: (စက်ဖြင့်နှိပ်နယ်ခြင်းမျိုးဖြင့်ကုသနည်းမပာုတ်ပါ၊ ခေတ်မီစက်ကိရိယာများဖြင့် professionalကျကျကုသပေးခြင်းဖြစ်သည်)

အသေးစိတ်သိရှိလိုပါက
📞 09970053584 သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

14/12/2025

သကြားဖြတ်တာနဲ့ ပတ်သက်လို့ ပြောပါရစေ။

သကြားဖြတ်ရင် အသားအရေလှတယ်၊ ဝက်ခြံသက်သာတယ်၊ ကင်ဆာအားပေး မဖြစ်စေဘူးလို့ အများစုသိပြီးသား ဖြစ်မှာပါ။

ဟုတ်ပါတယ် … ဒီအတွက် နည်းနည်းလောက် ပိုတိိတိကျကျလေး ပြောပြချင်လို့ပါ။....

သကြားဖြတ်တာ ကောင်းလားဆို ကောင်းပါတယ်။

သကြားက ဘာလဲဆိုတော့ ရှူးဂါးပေါ့နော် (စတာပါ) အဓိကက free sugar ကိုဖြတ်ရမှာ ဖြစ်ပါတယ်။ စာစကားနဲ့ဆိုရင်တော့ monosaccharides, disaccharides တွေပေါ့။ Glucose, fructose, sucrose စတာတွေပါ။

ဒါဖြင့် ဒီသကြားက ဘယ်ထဲပါလဲ၊ ဖြတ်ရမှာ ဘာတွေလဲဆိုတော့ အရည်တွေကိုလျှော့၊ အဖတ်တွေကို ချင့်ချိန်ပါ။

အရည်တွေထဲမှာ အချိုရည်၊ ဖျော်ရည်တွေ၊ ကော်ဖီ၊ လက်ဖက်ရည်ထဲထည့်တဲ့ သကြားများ၊ နို့ဆီများပေါ့။ (သကြားအဖြူဖြစ်ဖြစ် အညိုဖြစ်ဖြစ် အတူတူပါပဲ)

ဘူးနဲ့ဝယ်တာဆို အကုန်နီးပါးက ဖြတ်သင့်ပါတယ်။ ဖျော်ရည်အဆီကစလို့ ကိုလာ၊ ပက်စီလိုမျိုးကနေ ပြည်တွင်းဖြစ် အချိုရည်အကုန်၊ အားဖြည့်အချိုရည်တွေ လစ်ပိုတို့လိုဟာတွေပါ အပါဖြတ်ပါ။ အဲ... ချွင်းချက်က zero cola လိုမျိုးတော့ ရပါတယ်။

လက်ဖက်ရည်ဆိုင် ကြီးစိုးတဲ့ ရွှေမြန်မာတွေကိုလည်း နို့စိမ်းတီးပြောင်းသောက်တာ၊ တစ်နေ့တစ်ခွက်ထက် ပိုမသောက်တာ၊ ချိုပေါ့မှာတာလိုမျိုး လုပ်ပါလို့ အကြံပေးပါရစေ။

ကာဖီချစ်သူတွေကတော့ နိုးရှုးဂါးလို့ မှာတာမျိုး (ပျားရည်နဲ့ဆိုလည်း မရပါဘူးနော်) နှပ်ကော်ဖီကို သကြားမထည့်ဘဲ နွားနို့နဲ့သောက်တာမျိုးက ကောင်းပါတယ်။ 3 in 1, 2 plus 1 တွေကတော့ ဟိုးထားလိုက်ပါ။

100% fruit juice ဆိုတာလည်း သကြားရည်ပါပဲ... နိုးနိုးပါ။

Unsweetened ပဲနို့၊ နွားနို့တွေကတော့ သောက်လို့ရသလို သောက်လည်းသောက်သင့်ပါတယ်။

အဖတ်တွေမှာဆို ကိတ်၊ ဒိုးနပ်တို့လို မုန့်မျိုးကို လျှော့နိုင်သလောက် လျှော့ပါ။ မုန့်ဆိုင်က မုန့်တွေအများစုပေါ့။ ခုခေတ်စားတဲ့ tiramisu လိုတွေကအစ ပါတယ်နော်။

မုန့်တွေထဲမှာ ပေါင်မုန့်ဆိုရင် ကိတ်မုန့်လို သကြားများများ မထည့်ရတာမျိုးကြောင့် စားမယ်ဆို စားလို့ရပါတယ်။ မုန့်ဆိုင်ရှေ့ဖြတ်ရင် မုန့်နံ့လေးမွှေး၊ စိတ်မထိန်းနိုင်ဘူးဆို ပေါင်မုန့်လိုမျိုးလေး စားပေါ့နော်။ တစ်ခါတလေ စားတာမျိုးလောက်က ရပါတယ်။ ကိတ်တို့၊ ဒိုးနပ်တို့ဆိုတာ အရသာတူတာ အစားထိုးလို့ရရိုးလားနော်။ သကြားပါပြီး လျှောခနဲ စိမ့်စိမ့်လေးမှ ကိတ်လို့ခေါ်တာဆိုမှဖြင့် စားမယ်ဆိုလည်း တစ်ခါတလေလေး စားပေါ့နော်။ အပတ်တိုင်းတော့မဟုတ်ဘူးနော်။

မြန်မာမုန့်တွေမယ် ဟာလဝါတို့၊ ရွှေထမင်းတို့၊ မုန့်ကြာစေ့တို့၊ သာကူချိုချိုလေးတို့ဆိုရင် မစားလည်းဖြစ်တယ်ဆို မစားဘဲနေကြည့်လိုက်ပါ။ နံကထိုင်တို့၊ မရွေးတို့လည်း သကြားပါတာပါပဲနော်။

နောက်ပြီး သကာရည်၊ ထန်းလျက်၊ ပျားရည်၊ ရှောက်သီးဆေးပြား၊ ဇီးထုပ်ကဲ့သို့ သွားရည်စာများနဲ့ jelly တွေလည်း ပါတယ်... ရှောင်ရမယ့်ထဲမှာ။

သကြားတွေကို natural တွေ၊ unnatural တွေ မေ့လိုက်ပါ။ အိမ်မှာသုံးတဲ့ သကြားဆိုတာလည်း တကယ်တော့ ကြံပင်ကြိတ်ပြီး ရတာပဲ။ အသီးတွေမှာပါတဲ့ သကြားတွေဟာလည်း free sugar ပဲမို့ လျှော့သင့်၊ ဖြတ်သင့်ပါတယ်။

ဒါဖြင့် အသီးအနှံများများစားဆိုတဲ့ ကျန်းမာရေး အကြံပြုချက်နဲ့လွဲနေပြီလားလို့ မထင်စေချင်ပါဘူး။

အသီးနဲ့အနှံ၊ ဟင်းသီးဟင်းရွက်တွေမှာ သကြားပါတာများတာက အသီးတွေ (fruit) တွေပေါ့နော်။ မစားရတော့ဘူး ဖြတ်ရမယ်လို့ မဆိုလိုပါဘူး။ သို့သော် အများအပြားတော့ မစားသင့်ပါဘူး။ အသီးစားမယ်ဆို သဘာဝအတိုင်းစားပါ။ စားခါနီးမှ အခွံခွာစားတာမျိုးလုပ်ပါ။ ဖျော်ရည်လုပ်မသောက်ဘဲ အသီးအတိုင်း စားပါ။ ပိုလည်း ဗိုက်ပြည့်စေသလို အသီးထဲပါတဲ့ အမျှင်ဓာတ်နဲ့ အခြားဓာတ်တွေကနေပါ အကျိုးရရှိအောင်လို့ပါ။

အသီးခြောက်အနေနဲ့ စားတာ၊ ယိုထိုးစားတာ၊ ပေါင်မုန့်နဲ့သုတ်စားတဲ့ jam မျိုး၊ ဇီးထုပ်၊ ရှောက်သီးဆေးပြားလို စတာတွေမှာ ထပ်ဆောင်းသကြား ထပ်ထည့်ရလို့ သကြားပါဝင်မှု အင်မတန်များပါတယ်။ စားလိုက်ရတာ လက်တစ်ဆုပ်၊ ဝင်သွားတာက သကြားတွေချည်းဖြစ်နေပါမယ်။

ပြန်ကောက်ရရင် ငှက်ပျောသီးတစ်လုံး တစ်ရက်တာမှာ စားတာမျိုးဆို ကျန်းမာရေးအတွက် ကောင်းပါတယ်။ ငှက်ပျောသီးလည်းစား၊ စပျစ်သီးလည်း တစ်လုံးပြီးတစ်လုံးစား၊ လိမ္မော်သီးလည်း ၃~၄ လုံးစား... ဒါတွေအားလုံး တစ်ရက်ထဲမှာဆို များသွားပါပြီ။ ဒီတော့ အသီးအနှံအစုံ စားဖြစ်မယ်ဆို တစ်မျိုးတစ်စိတ် သေးသေးစီစား။ အဲဒါမှမဟုတ် အသီးတစ်မျိုးတည်းဆိုရင်တော့ မိမိလက်တစ်ဆုပ်ခန့်ပမာဏက တစ်နေ့တာအတွက် လုံလောက်ပါတယ်။....

သကြားဆိုတာ ပျော်ရွှင်မှုကိုပေးတယ်။ စားပြီး စိတ်ကျေနပ်မှုကို ရစေတယ်။ အမှန်ပါပဲ။

အဲဒီတော့ ပျော်ရွှင်မှုရှားနေတဲ့ လောကကြီးမှာ သကြားဖြတ်ခိုင်းရတာတော့ ရက်စက်ရာများ ကျနေသလား။

WHO recommendation အရ တစ်နေ့တာလိုအပ်တဲ့၊ စားဖြစ်တဲ့ကယ်လိုရီရဲ့ ၁၀ ရာခိုင်နှုန်းအောက်သာ အထက်ပါ free sugar တွေ စားသင့်ပါသတဲ့။ နည်းနည်းစားမိတာအတွက်ဆို အပြစ််ရှိသလို စိတ်မကောင်းဖြစ်မနေပါနဲ့။

တဖြည်းဖြည်းနဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ စားဖြစ်တယ်ဆို ပိုကောင်းပါသတဲ့။

ဒီတော့ သကြားဘယ်လောက်က ဒီ ၁၀% နဲ့ ညီသမျှလဲ ဆိုတာလေး ရှင်းပြပါရစေ။

ပေါင် ၁၅၀ ဝန်းကျင်ရှိပြီး အထိုင်များတဲ့ လူတစ်ယောက်က တစ်နေ့တာ ကယ်လိုရီ ၁၅၀၀ လိုတယ်ဆိုပါစို့။ ၁၀% ဆိုတော့ သကြားကနေ ကယ်လိုရီက ၁၅၀ ထက် မပိုသင့်ဘူးလို့ ဆိုလိုတာပါ။ သကြား ၁ ဂရမ််ဟာ ၄ ကယ်လိုရီဆိုတဲ့ အင်အားကို ပေးပါတယ်။ ဒီတော့ သကြား ၃၇ ဂရမ်လောက်ထက် ပိုမစားသင့်တာပါ။

ရှုပ်သွားပြီလား။

ပေါင် ၁၅၀ ဝန်းကျင်ရှိတဲ့ သာမန်ပဲလှုပ်ရှားမှုရှိတဲ့သူဆိုရင် တစ်နေ့ကို သကြား ထမင်းစားဇွန်း ၂ ဇွန်းကျော်ကျော် (2 and half tablespoons)၊ လက်ဖက်စားဇွန်း ၇ ဇွန်း (7 teaspoons ) လောက်တော့ စားလို့ရပါတယ်။ မိမိဘာသာ သကြားထည့်ရင်တော့ ဒီပမာဏက ချင့်ချိန်မိဖို့ လွယ်ပါတယ်။ ဒါပေမယ့် အပေါ်မှာပြောထားသလို လုပ်ထားပြီးသားမုန့်နဲ့ သောက်စရာတွေမှာတော့ ပမာဏက မှန်းဖို့မလွယ်တာကြောင့် တဖြည်းဖြည်းချင်း တတ်နိုင်သလောက်လျှော့ပါ။

ဆီးချိုသကြားလို့ခေါ်ကြတဲ့ သကြားတွေကတော့ မသောက်ဘဲနေနိုင်ရင် မသောက်တာ ပိုကောင်းပါတယ်။ အချိုနဲ့ သကြားအစားထိုးမယ်ဆိုလည်း ခေတ္တခဏသာ အစားထိုးပြီး တဖြည်းဖြည်းနဲ့ သကြားဖြတ်၊ ထိုသကြားတွေလည်း မသုံးဘဲအဆင်ပြေတယ်ဆို အကောင်းဆုံးပါ။

ဘဝဆိုတာ မချိုမြိန်မှတော့ သကြားတွေထပ်တိုးစားမိနေလည်း အပိုပါပဲလို့တွေးရင်း free sugar လျှော့နိုင်ကြပါစေ…။

အာဟာရဆရာဝန်တစ်ဦး

Reference : 📖
https:// iris. who. int / server/ api/ core/bitstreams/ 4be74f01-de93-4596-bbd1-02a97afb1221/content

Injury တခုရရင် ရေခဲကပ်သင့်လား ရေနွေးကပ်သင့်လား မသိသေးသူများအတွက်၂၄နာရီအတွင်း ဒဏ်ရာရရင် ရေခဲကပ်ပါ၂၄နာရီကျော်ရင် ရေနွေးကပ်...
10/12/2025

Injury တခုရရင် ရေခဲကပ်သင့်လား ရေနွေးကပ်သင့်လား မသိသေးသူများအတွက်

၂၄နာရီအတွင်း ဒဏ်ရာရရင် ရေခဲကပ်ပါ
၂၄နာရီကျော်ရင် ရေနွေးကပ်ပါ

25/11/2025

ကျောင်းတက်တုန်းကအမှတ်တရလေးတွေ❤️

22/11/2025

ဖုန်းအကြာကြီး သုံးပြီးရင် မျက်စိကို ဘယ်လိုအားပြန်ဖြည့်မလဲ?
စက္ကန့်ပိုင်းအတွင်းမှာ သင့်ရဲ့မျက်စိတွေ ပြေလျော့စေမယ့် နည်းလမ်းတွေ ပြောပြပါမယ်။

ပထမဆုံး - ၂၀-၂၀-၂၀ စည်းမျဉ်းပါ။
မိနစ် ၂၀ တိုင်းမှာ၊ ပေ ၂၀ အကွာက အရာတစ်ခုခုကို စက္ကန့် ၂၀ ကြာအောင် ကြည့်ပေးပါ။
ဒါက မျက်လုံးကြွက်သားတွေကို ချက်ချင်း ပြေလျော့စေပါတယ်။

ဒုတိယ - ဖြည်းဖြည်းချင်း မျက်တောင်ခတ်ပေးပါ။
ဖုန်းကြည့်နေတဲ့အချိန်မှာ လူတွေဟာ မျက်တောင်အရမ်းခတ်လေ့မရှိပါဘူး။
ဒါကြောင့် မျက်စိခြောက်ပြီး ယားယံလာတတ်ပါတယ်။
ဖုန်းကြည့်တာ ကြာသွားပြီဆိုရင် ဖြည်းဖြည်းချင်း မျက်တောင်ကို ၁၀ ကြိမ်လောက်ခတ်ကြည့်ပါ။
ကွာခြားမှုကို သတိထားမိပါလိမ့်မယ်။

တတိယ -လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး နွေးအောင်လုပ်ပါ။
ပြီးရင် လက်ဝါးနှစ်ဖက်နဲ့ မျက်လုံးပေါ်ကို ဖြည်းဖြည်းချင်း အုပ်ပေးလိုက်ပါ။
အားနဲ့ဖိစရာမလိုပါဘူး။
စက္ကန့် ၃၀ ကြာအောင် အုပ်ထားပါ။
ဒါက မျက်စိညောင်းညာမှုကို ချက်ချင်း သက်သာစေပါတယ်။

စတုတ္ထ - မျက်နှာကို ရေခဲရေနဲ့ သစ်ပါ။
ဒါက မျက်စိကို ကြည်လင်ပြီး ပင်ပန်းမှုကို လျော့ကျစေပါတယ်။

နောက်တချက်- ဖုန်းကို မျက်လုံးကနေ အနည်းဆုံး တစ်ပေခွဲလောက် ခွာပြီးသုံးပါ။
ဖုန်းနဲ့အရမ်းနီးနေရင် မျက်စိအပိုအလုပ်လုပ်ရပါတယ်။

မျက်စိလေ့ကျင့်ခန်း ဘယ်လိုလုပ်ရမလဲ?
အပေါ်ကြည့်။ အောက်ကြည့်။
ဘယ်ကြည့်။ ညာကြည့်။
မျက်လုံးကို စက်ဝိုင်းပတ်သလို လှည့်ပေးပါ။
ဖြည်းဖြည်းချင်း လုပ်ပေးပါ။
ဒါက မျက်လုံးကြွက်သားတွေကို သန်မာစေပါတယ်။

မျက်စိကျန်းမာရေးကို ဂရုစိုက်ပါ။
ဒီအချက်တွေကို အခုပဲ လိုက်လုပ်ကြည့်ပါ။
😊😊😊
Crd The Body Hack

03/11/2025

နက်ဖန် လပြည့်နေ့ Physiotherapy Home Service တစ်ရက် နားပါမည် ❤️

13/09/2025

"Thein Than Htaike Physio Care မှာ လက်ရှိပြနေသော လူနာများအတွက်"

15.9.25 မှ 19.9.25 အထိ physio home service နှင့် ဆေးခန်း 5ရက်တိတိ ခတ္တပိတ်ပါသည်❤️

📣(20.9.25 စနေ‌ နေ့မှ ပြန်လည်ပြသနိုင်ပါသည်📝)

Address

No. 38(A) Taung Waing Road
Mawlamyine

Telephone

+959970053584

Website

Alerts

Be the first to know and let us send you an email when Thein Than Htaike Physio Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thein Than Htaike Physio Care:

Share