အာရောဂျံ

အာရောဂျံ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အာရောဂျံ, Pharmacy / Drugstore, Dinewunkween Quarter, Mawlamyine.

 #သဘာဝကပေးတဲ့နတ်ဆေးပင် #အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................ရှားစောင်းလ...
04/12/2023

#သဘာဝကပေးတဲ့နတ်ဆေးပင်

#အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................

ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း

*ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ #ဆောင်ရန်ရှောင်ရန်အချက်လေးတွေ နဲ့ #အသုံး၀င်ပုံ၊‌ #သိကောင်းစရာ‌တွေ ကို အဓိကထား ဖော်ပြပေးသွားပါမယ်။

ရှားစောင်းလက်ပပ်ပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက် ရရှိရပါမယ်၊🌤️ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သိုမှီထား နိုင်တဲ့မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။💁🏼‍♂️ ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း ဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။💁🏼‍♂️📈 သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစားမြေမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကိုနှစ်သက်ပါတယ်။

**** ရှားစောင်းလက်ပပ်စိုက်ပျိုးနည်းများ ****

ရှားစောင်းလက်ပပ်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊✌️
မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်💁🏼‍♂️

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။
ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင် လာပါလိမ့်မယ်။💕

အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။
ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီပုံပေးပါက ပို၍ဖြစ်ထွန်း လွယ်ပါတယ်။ 💁🏼‍♂️💕

**** မြေသြဇာမများရ***

ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများ လွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ်ပါတယ်၊🙅🏼‍♂️ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ။💁🏼‍♂️

**** မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ ****

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးကြီးထွားလေ့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး🙅🏼‍♂️ ၊

ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။

**** အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့ ****

တခြားအပင်တွေဟာ အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက် လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊

တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။🙋🏼‍♂️
ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။

**** သားတက်ခွဲစိုက်နည်း ****

သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်လာမှ ရေလောင်းပါ။ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊🙋🏼‍♂️
အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့အရောင်ကလဲ အစိမ်းရင့်ရောင် ပြောင်းလဲလာပါလိမ့်မယ်၊ အဲဒီတော့မှ အသေအချာစစ်ဆေးကြည့်ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြု ချင်ပါတယ်။💁🏼‍♂️
– DOCA


ရှားစောင်းလက်ပတ်ပင် အကြောင်းသိကောင်းစရာ
(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

ပေါက်ရောက်ပုံ 🌱

အပူပိုင်း ဒေသ များတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။

အသုံးပြုပုံ

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ပုံပန်းအသွင်ပြင်

အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။

အသုံးဝင်သောအပိုင်း

အရွက်

Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်)

အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။ Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။
အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။

အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။

ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။

အပွင့်*

၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ

● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊💁🏼‍♂️ အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊🦠 အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။
ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

နှုတ်ခမ်းအတွက်💋

ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်🧏🏻

ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက် 👉

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။💁🏼‍♀️
ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားပါမည်။

စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတများ

01/12/2023

၁။ ကျောက်ကပ်
အားကောင်းအောင်
ခြေဖျားထောက် လမ်းလျှောက်ပါ။

၂ ။အသည်း
အားကောင်းအောင်
ချိုင်း အောက်ကို
လက်ခုပ် နဲ့ ပုတ်ပေးပါ။

၃။ နှလုံး
အားကောင်းအောင်
တံတောင်ဆစ် အကွေးချိုင့် ထဲကို
လက်ခုပ်ဖြင့် ပွတ်ပေးပါ။

၄ ။အစာအိမျ
အားကောင်းအောင်
ချက် ဘေးပတ်ပတ်လည်
လက်ဖြင့် ပွတ်ပေးပါ။

၅။ကျော မာဆက်လုပ်ဖို့
အိပ်ယာထ
ဒူးနှစ်ဖက်ပိုက်ပြီး ထပြီးရင်
နောက်ကိုဖြေးဖြေး လှန်ပေးပါ။

၆။ ဦးဏှောက်
အာရုံကြောလန်းဆန်းပြီး
သွေးလှည့်ပတ်မူ့ အားကောင်းစေဖို့
ငယ်ထိပ် ကို လက်ခုပ် နဲ့
ဖြေးဖြေးပုတ်ပေးပါ။

#တမျိုး ၅၀စီ လုပ်ပါ။

🪴 ကျန်းမာပျော်ရွှင်
ရောဂါကင်းဝေးကြပါစေ။🪴

မူရင်းအား လေးစားစွာဖြင့်
ကျန်းမာရေး အသိ ဝေမျှပါသည်။

မေတ္တာဖြင့်...
ဝင်းသီဟ ကျော်(DNTZ)

🇨🇭ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ============================အူမကြီးကင်ဆာဟာ အမျိုးသား ၂၃ ယောက်မှာ တစ်ယောက်နှုန်း နဲ့ အမ...
30/11/2023

🇨🇭ဝမ်းချုပ်ခြင်းနှင့် အူမကြီးကင်ဆာ
============================

အူမကြီးကင်ဆာဟာ အမျိုးသား ၂၃ ယောက်မှာ တစ်ယောက်နှုန်း နဲ့ အမျိုးသမီး ၂၆ ယောက်မှာ တစ်ယောက်နှုန်း ဖြစ်နိုင်တဲ့အတွက် အဖြစ်များလှတဲ့ ကင်ဆာရောဂါ တစ်ခုပါ။
” ဝမ်းချုပ်တတ်ရင် အူမကြီး ကင်ဆာ ဖြစ်နိုင်ခြေရှိတယ် ” လို့ ပြောလေ့ရှိကြပါတယ်။ အူမကြီး ကင်ဆာ ( Colorectal Carcinoma ) ဆိုတာ နာမည်အတိုင်းပဲ အူမကြီး ဒါမှမဟုတ် အစာဟောင်းအိမ်မှာ ဖြစ်တဲ့ ကင်ဆာရောဂါပါ။ အူမကြီးကင်ဆာဟာ ကမ္ဘာပေါ်မှာ တတိယမြောက် အဖြစ်အများ​ဆုံး ကင်ဆာရောဂါဖြစ်ပြီး ကင်ဆာရောဂါရှင်စုစုပေါင်းရဲ့ 10.7 ရာခိုင်နှုန်းဟာ အူမကြီးကင်ဆာကို ခံစားနေကြရပါတယ်။

◾ အူမကြီးကင်ဆာ ဘာကြောင့် ဖြစ်ရတာလဲ..?

အူမကြီး ကင်ဆာ ​ဖြစ်ရတဲ့ အကြောင်းရင်းကို ယခုအချိန်ထိ သေချာ မသိရသေးပေမယ့် ကင်ဆာဖြစ်ဖို့ အလားအလာ အရှိဆုံးတွေကတော့…
၁။ အသက် ၆၀ နဲ့ အထက်တွေ ( ကင်ဆာ​ရှိတဲ့ လူ (၁၀) ယောက်မှာ (၉) ယောက်ဟာ အသက် ၆၀ နဲ့အထက်တွေပါ)
၂။ စားတဲ့အစားအစာထဲမှာ အမျှင်ဓာတ် နည်းပါးသူတွေ (အမျှင်ဓာတ်နည်းတဲ့အခါ ဝမ်းချုပ်လေ့ရှိပြီး အညစ်အကြေးတွေဟာ အူတွေထဲမှာ ကြာရှည်စွာ
ရှိနေရပါတယ်)
၃။ အနီရောင် ရှိသော အသားတွေနဲ့ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာ စားသုံးနေသူတွေ၊
၄။ အဝလွန်သူတွေ၊
၅။ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသူတွေ၊
၆။ ဆေးလိပ်၊ အရက် သောက်သုံးသူတွေ ၊
၇။ (၁၀) နှစ်အထက် အူတွေရောင်ရမ်းတဲ့ရောဂါ ( extensive ulcerative colitis or Crohn’s disease ) ရှိသူတွေ၊
၈။ မိသားစုထဲမှာ အူမကြီးကင်ဆာ ဖြစ်ပွားထားသူတွေ ပဲ ဖြစ်ပါတယ်။ မိသားစုနဲ့ ပတ်သက်ပြိး ကင်ဆာမှတ်တမ်းရှိဖူးသူတွေဟာ စောလျင်စွာ နှစ်စဉ်ပုံမှန်စမ်းသပ် စစ်ဆေးမှုတွေ ခံယူထားသင့်ပါတယ်။

◾ အူမကြီးကင်ဆာမှာတွေ့ရတတ်တဲ့ အဓိကလက္ခဏာတွေ…

၁။ ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလာခြင်း (မကြာခဏ ဝမ်းချုပ်တာ၊ ဆိတ်ချီးတုံးလို ဝမ်းမာမာကျစ်ကျစ် သွားတာ သို့မဟုတ် မကြာခဏ ဝမ်းလျောတာ)
၂။ ဝမ်းသွားတဲ့ အလေ့အထ ပြောင်းလဲလာပြီးတဲ့နောက် ဝမ်းသွားရင် သွေးပါနေခြင်း၊
၃။ ဝမ်းကျန်သလို ခံစားရခြင်း
၄။ အစာစားပြီးနောက် အချိန်တိုင်းလိုလို ဗိုက်အောက်ပိုင်းထိုးအောင့်၊ ပြည့်အင့်ကာ မအီမသာဖြစ်ခြင်း၊ လေပွလေကယ်ဖြစ်ခြင်း
၅။ အကြောင်းပြချက်မရှိ ပိန်ချုံးသွားခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီလက္ခဏာတွေ ခံစားနေရတာ ကြာလာပြီး ဘယ်လိုမှ မသက်သာရင်၊ အသက် (၆၀) နဲ့ အထက် ရှိသောသူ ဖြစ်ရင် ပိုမို ဂရုတစိုက် စမ်းသပ်စစ်ဆေးမှု ခံယူသင့်ပါတယ်။

◾ ဘယ်လို ကုသမလဲ..?

အူမကြီးကင်ဆာရဲ့ တည်နေရာ၊ ဘယ်လောက်အထိ ပျံ့နှံ့မှု ရှိမရှိ အပေါ် မူတည်ပြီး ​အမြစ်ပြတ်ကုသလို့ ရမရ သိရှိနိုင်မှာဖြစ်တဲ့အ​ပြင် အူလမ်းကြောင်းအပေါ် ကင်ဆာရဲ့ ပျံ့နှံ့မှုကြောင့် ဝမ်းအိတ် ခဏတာ (သို့)
တစ်သက်တာ ထုတ်ထားဖို့ လိုမလိုကို အကြမ်းဖျင်း ဆုံးဖြတ်နိုင်မှာ ဖြစ်ပါတယ်။
လူနာအခြေအနေပေါ် မူတည်ပြီး ခွဲစိတ်ကုသတာ၊ ဓာတ်ရောင်ခြည်ပေးတာ၊
ကင်ဆာဆေးသွင်းတာတွေကို လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဝမ်းအိတ်ထုတ်ထားရတဲ့ အခြေအနေတွေနဲ့ ကုသမှုတွေ ခံယူနေရစဉ်စိတ်ပိုင်း​ဆိုင်ရာအနေနဲ့ များစွာ ပြင်ဆင်ထားဖို့ လိုသလို ချစ်ခင်ရတဲ့ မိသားစု၊ဆွေမျိုးမိတ်ဆွေတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုကလဲ ရောဂါဖြတ်ကျော်ဖို့အတွက် အများကြီး အထောက်အကူပြုပါလိမ့်မယ်။

◾ အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင်…

• ကျန်းမာသန့်ရှင်း လတ်ဆတ်ပြီး အာဟာရ ပြည့်ဝသော အစားအစာကို စားသုံးပါ။ အထူးသဖြင့် အမျှင်ဓာတ် ကြွယ်ဝသော အသီးအရွက်၊ အစေ့အဆန်များ များများစားပါ။

• အဝလွန်နေပါက စနစ်တကျ ကိုယ်အလေးချိန်လျှော့ပါ။

• တစ်ပတ်မှာ မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းပုံမှန် အချိန်ပေး၍ လုပ်ပါ။

• ဆေးလိပ်နဲ့ အရက် ဖြတ်ပါ။

ဝမ်းချုပ်တာဟာ အူမကြီးကင်ဆာရဲ့ ကနဦးအကြောင်းရင်းဖြစ်နိုင်တာမို့ ဝမ်းမချုပ်အောင် ဂရုပြုရမှာ ဖြစ်သလို ဝမ်းချုပ်တဲ့အကျင့် ရှိနေရင်လည်း အူမကြီးကင်ဆာ ရှိမရှိ စောစောစီးစီး စမ်းသပ်စစ်ဆေးသင့်ပါတယ်။ ရောဂါကို စောစီးစွာ သိရတာက အမြစ်ပြတ်အောင် ကုသနိုင်တဲ့ အခွင့်အလမ်း တစ်ခုဖြစ်ပါတယ်။

credit/coppy@

ဒီမြက်ခင်းပြင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့တာ အံ့သြစရာမရှိပါဘူး။  ၎င်း၏ အဆုံးမရှိသော ကျန်းမာရေး အကျိုးကျေးဇူးများဖ...
29/11/2023

ဒီမြက်ခင်းပြင်ဟာ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့သွားခဲ့တာ အံ့သြစရာမရှိပါဘူး။ ၎င်း၏ အဆုံးမရှိသော ကျန်းမာရေး အကျိုးကျေးဇူးများဖြင့်၊ ၎င်းသည် လူသားများအတွက် လက်ဆောင်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတစ်ဝှမ်းနှင့် အများအားဖြင့် ပူနွေးသောနိုင်ငံများတွင် ဤပေါင်းပင်ကို ကျွန်ုပ်တို့တွေ့နိုင်သည်။ ဤမြက်များသည် မြစ်ကမ်းပါးများ၊ အခြေချနေထိုင်ရာ ဒေသများနှင့် လမ်းများတစ်လျှောက်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေပါသည်။ ၎င်း၏ များပြားလှသော အသုံးအဆောင်များကို ကျွန်ုပ်တို့ မသိခြင်းကြောင့် ၎င်းကို အများအားဖြင့် လျစ်လျူရှုထားကြသည်။

သာမန်နှင့် ပြင်းထန်သော ရောဂါများကို ကုသရာတွင် ဤမြက်ပင်သည် မည်မျှ အံ့ဩစရာကောင်းပြီး ထိရောက်မှုရှိကြောင်း လူအများက သက်သေခံခဲ့ကြသည်။ ယခု ကျွန်ုပ်တို့သည် buzz ၏နောက်ကွယ်မှအကြောင်းရင်းများကိုသင့်အားတင်ပြသည်။

Paragis ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေက ဘာတွေလဲ။

သည် မတူညီသောဖျားနာမှုများအတွက် အစားထိုးဆေးဝါးအဖြစ် အာဖရိကတွင် တွင်ကျယ်စွာအသုံးပြုသည်။
Porac၊ Pampanga မှ Aeta လူမျိုးများသည် ပိုးမွှားများကို နှိမ်နင်းရန် Paragis ၏ အရွက်ခြောက်များကို အသုံးပြုကြသည်။
Paragis အရွက်များတွင် ဆီလီကွန်မိုနောက်ဆိုဒ်၊ ကယ်လ်စီယမ်အောက်ဆိုဒ်နှင့် ကလိုရင်းတို့ ပါဝင်ပါသည်။
အရွက်ခြောက်မှာ ပရိုတင်းဓာတ် ပါဝင်ပါတယ်။
အများအပြားက ၎င်းကို ရောင်ရမ်းမှု ဆန့်ကျင်ခြင်း၊ သဘာဝ ဆန့်ကျင်ဘက်ဟစ်တမင်း၊ သဘာဝ ဆီးဆေး၊ ဆီးချိုရောဂါ တိုက်ဖျက်ရေး၊ ထိရောက်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်း နှင့် cytotoxic ဂုဏ်သတ္တိများ ရှိသည်ဟု ကြေညာခဲ့သည်။

ဆေးဖက်ဝင်အပင်များအဖြစ် အသုံးပြုနိုင်သော Paragis အစိတ်အပိုင်းများ
အရွက်

Paragis အရွက်ပြုတ်သောက်ခြင်း သို့မဟုတ် Paragis Tea ပြုလုပ်ခြင်းဖြင့် နာကျင်ကိုက်ခဲမှုများစွာကို သက်သာစေပါသည်။ အချို့သောအခြေအနေများတွင် နုတ်နုတ်စင်းထားသော သို့မဟုတ် ကြေမွသောအရွက်များကိုလည်း ဖာထေးနိုင်ပါသည်။

ဖြဲ
ပိုမိုထိရောက်သောရလဒ်ရရှိရန် ပင်စည်ကို အရွက်ဖြင့်ပြုတ်ပါ။

အမြစ်များ
အမြစ်ပြုတ်သောက်ခြင်းဖြင့် ရောဂါများစွာကို ပျောက်ကင်းစေပါသည်။

Paragis ဖြင့် ကုသနိုင်သော ကျန်းမာရေး အခြေအနေများ

#ကင်ဆာ
ဒီအပင်ရဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိကြောင့်၊ ဒါက သင့်ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ကြီးထွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

Cyst နှင့် Myoma
သားအိမ်အရည်အိတ်အခြေအနေရှိလူနာများသည် Paragis လက်ဖက်ရည်ကိုနေ့စဉ်သောက်သုံးခြင်းဖြင့် cyst လုံးဝပျောက်ကွယ်သွားကြောင်း သက်သေပြခဲ့သည်။

#ကျောက်ကပ်ပြဿနာများ
Paragis သည် ကျွန်ုပ်တို့၏ ခန္ဓာကိုယ်အတွင်း ရေပမာဏကို တိုးစေပြီး ဆီးအဖြစ် ဆားကို ဖယ်ရှားပေးသည့် သဘာဝ ဆီးဆေးတစ်မျိုး ဖြစ်သည်။

#အဆစ်နာ
ခြစ်ထားသော အရွက်များကို အုန်းသီးနှင့် ရော၍ အပူပေးပါ။ ထိခိုက်သောနေရာကို ပတ်တီးနှင့် ပတ်တီးပတ်ထားပါ။

#ဆီးချိုရောဂါ
Paragis လက်ဖက်ရည်ကို ပုံမှန်သောက်ပြီး ဆီးချိုရောဂါကို နှုတ်ဆက်လိုက်ပါ။

#ဒဏ်ရာများကို
သွေးထွက်ခြင်းကို ရပ်တန့်ရန် အနာပေါ် ဖျော်ရည်ကို လိမ်းပါ။

#ကပ်ပါးရောဂါ
Paragis သည် သင့်အစာအိမ်မှ သန်ကောင်များနှင့် ကပ်ပါးကောင်များကို ဖယ်ရှားပေးနိုင်သော ပြင်းထန်သော ဝမ်းနုတ်ဆေးဖြစ်သည်။

#ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
ပဋိဇီဝဆေးသောက်ခြင်းကို ရပ်လိုက်ပြီး UTI ကို ချက်ချင်းပျောက်ကင်းစေရန် အရွက်ပြုတ်ကို စတင်သောက်သုံးနိုင်ပါသည်။

#သွေးတိုးရောဂါ
Paragis အရွက်ပြုတ်သောက်ခြင်းဖြင့် သွေးတိုးရောဂါဖြစ်နိုင်ခြေကို လျှော့ချပါ။

#ဖျားခြင်း။ ကိုယ်ပူခြင်း
သင့်အပူချိန်ကို လျှော့ချရန် မည်သည့်ဆေးမှ မလိုအပ်ပါ။ ပိုမြန်ပြီး ထိရောက်တဲ့ရလဒ်တွေရဖို့အတွက် Paragis အမြစ်ပြုတ်သောက်ရုံပါပဲ။

#ညောင်းညာခြင်း ( Pilay )
ညောင်းညာခြင်းမှ ချက်ခြင်းသက်သာရာရရန် နုတ်နုတ်စင်းထားသော အရွက်အချို့ကို ကိုက်ထားသောနေရာကို ကပ်ပေးပါ။

#ဗောက်
ဗောက်များ၏အသွင်အပြင်ကိုလျှော့ချ။ နုတ်နုတ်စင်းထားသော အရွက်များနှင့် ပင်စည်များကို အုန်းဆီဖြင့် ရောမွှေပါ။ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုပြီး ဦးရေပြားပေါ် ညင်သာစွာ နှိပ်နယ်ပေးပါ။ ဆံပင်ကျွတ်ခြင်းကိုလည်း ရပ်တန့်စေပြီး သင့်ဆံပင်ကို နဂိုအထူအတိုင်း ပြန်လည်ပေါက်လာစေနိုင်ပါတယ်။

#သွေးဝမ်းသွားခြင်း။
၎င်းသည် အစာအိမ်ရောဂါ အမျိုးအစားဖြစ်ပြီး သွေးနှင့်အတူ ဝမ်းလျှောခြင်း ဖြစ်ပေါ်စေပါသည်။ ဤစိုးရိမ်ဖွယ်အခြေအနေကို သက်သာစေရန် Paragis ၏ အမြစ်ပြုတ်သောက်ပါ။


# Paragis ဖြင့် ကုသနိုင်သော အခြားရောဂါများ
ပန်းနာ
သွေးကင်ဆာ
ဆီးအိမ်ရောဂါများ
အသည်းပြဿနာများ
အသားဝါခြင်း။
ငှက်ဖျားရောဂါ
အမျိုးသမီးများတွင် မျိုးမပွားနိုင်ခြင်း
ဝက်ရူးပြန်ရောဂါ

 #ရှောက်သီး၏  #အကျိုးကျေးဇူးများ  #ရှောက်ရည်အစွမ်းအံမခန်းရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန...
25/11/2023

#ရှောက်သီး၏ #အကျိုးကျေးဇူးများ

#ရှောက်ရည်အစွမ်းအံမခန်း

ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။မနက်အိပ်ရာထခါစမှာ ရေနွေး မတ်ခွက်တစ်ခွက်ထဲကို ရှောက်သီးတစ်စိတ်ညှစ်ပြီး သောက်ပေးရင် အောက်ပါအကျိုး ကျေးဇူးတွေ ရရှိနိုင်ပါတယ်။

(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

ရှောက်သီးမှာ ဗီတာမင် C နဲ့ ပိုတက်စီယမ်တွေ များစွာ ပါဝင်ပါတယ်။ ဗီတာမင် C ဟာ အအေးမိဝေဒနာကို တွန်းလှန်နိုင်ပြီး ပိုတက်စီယမ်မှာမူ ဦးနှောက်နှင့် အာရုံကြော လုပ်ငန်းဆောင်တာအတွက် လှုံ့ဆော်နိုင်ပြီး သွေးဖိအားကို ထိန်းချုပ်နိုင်ပါတယ်။

(၂)အစာခြေဖျက်မှုကို ကူညီနိုင်ခြင်း

ရေနွေးဟာ အစာအိမ်နဲ့ အူလမ်းကြောင်းတွင်း လှုံ့ဆော်မှုပေးနိုင်တာကြောင့် အူနံရံမှ ကြွက်သားတွေ လှုပ်ရှားလာစေပါတယ်။

(၃)ခန္ဓာကိုယ်၏ pH ဓာတ် ညီမျှစေခြင်း

ရှောက်သီးဟာ အက်စစ်ဓာတ်ပါဝင် နေပေမယ့် ခန္ဓာကိုယ်တွင်းမှာ သူတို့ဟာ အယ်လ်ကာလီ ဖြစ်နေတတ်ပါတယ်။ စီထရစ်အက်စစ်ဖြစ်တဲ့ ရှောက်သီးဟာ ခန္ဓာကိုယ်တွင်း ဇီဝရုပ်ဖြစ်စဉ်မှာ အက်စစ်ဓာတ် ဖြစ်အောင် ဖန်တီးလို့မရနိုင်တာကြောင့်ပါ။ ခန္ဓာကိုယ်တွင် အယ်လ်ကာလီဖြစ်နေတာဟာ ကျန်းမာရေးကောင်းဖို့အတွက် သော့ချက်ပါ။

(၄)ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီနိုင်ခြင်း

ရှောက်သီးမှာ အမျှင်ဓာတ်တွေများစွာ ပါဝင်တာကြောင့်အစာစားချင်စိတ်ကို ချိုးနှိမ်ပေးတဲ့အပြင် ဆာလောင်မှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် အယ်ကာလီ အစားအစာကို စားသုံးသူတွေဟာ ကိုယ်အလေးချိန် ကျဆင်းနှုန်း မြန်ဆန် တတ်ပါတယ်။

(၅) သဘာဝဆီးဆေး ဖြစ်စေခြင်း

ရှောက်ရည်ဟာ ဆီးထွက်များစေတာမို့ ခန္ဓာကိုယ်အတွင်း မလိုလားအပ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။

(၆) အသားအရေ ကြည်လင်ဝင်းပစေခြင်း

ဗီတာမင် C ဟာ အရေးကြောင်းတွေကို လျော့နည်းစေနိုင်ပြီး အသားအရေ ဝင်းပစေနိုင်ပါတယ်။ ရှောက်ရည်ဟာ သွေးထဲမှ အဆိပ်တွေကို ဖယ်ရှားနိုင်တာကြောင့် အသားအရေ သန့်ရှင်းမှု ရှိစေနိုင်ပါတယ်။

(၇)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း

(၈)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၉)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း

(၁၀)အနာကျက်မြန်စေခြင်း

(၁၁)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၂)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း

(၁၃)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း

(၁၄)ရင်ကျပ်ပန်းနာ သက်သာစေခြင်း

(၁၅)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း

(၁၆)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

(၁၇)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၈)ဆံပင်သန်မာစေခြင်း

(၁၉)အမြင်အာရုံကို ကောင်း စေသည်။

(၂၀) သွေးကို တိတ်စေသည်။

(၂၁)bioflavinoidကြောင့် သွေးကြောကို သန်မာစေသည်။ Internal haemorrhage ကိုယ်တွင်းသွေးယိုစီးခြင်းကို ကာကွယ် ပေးသည်။

(၂၂)သွေးပေါင်ကို ကျစေသည်။

(၂၃)သန်ကျစေသောအာနိသင်ရှိသည်။

(၂၄)Anti cancer compound များ ပါ၀င်သောကြောင့် ကင်ဆာကျိတ် များကြီးထွားခြင်းကို ရပ်တန့်စေ သည်။

(၂၅)သွေးချိုကို ကျစေသည်။

ဆေးဖက်၀င်ရှောက်သီး

(၁)အုန်းနို့ခေါက်ဆွဲ၊ဒံပေါက်၊မုန့်ဟင်းခါးအ၀စားမိသည်အခါတွင် ရှောက်ဖျော်ရည်ကိုသောက်ပေးခြင်းဖြင့် သွေးတိုး၊သွေးတက်၊အစာမကြေ ခြင်းမှ ပြေပျောက်စေသည်။

(၂)အစာအဟာရများကိုမမှီဝဲချင်ဘဲ လေခံနေခြင်း။ လေများမကြာခဏပျို့အန်ခြင်းနှင့်အစာမကြေခြင်းများ ဖြစ်နေပါကရှောက်သီးတစ်စိတ်ကိုနုပ်နုပ်စဉ်ကာ ထန်းလျက်တစ်ဆယ်သားခန့်ဖြင့် ကျကျကျို ပြီး မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန် တစ်၀က်ခန့် သောက်ပေးရသည်။ ပြီးမနက် တစ်ကြိမ်၊ ညတစ်ကြိမ် လက်ဖက်ရည် အကြမ်းပန်းကန်တစ်၀က်ခန့် သောက်ပေးရသည်။ ရင်မရှင်းမလင်း ခြင်းများ၊ အစာမကြေ၊ လေအန် လေဆန်နေခြင်းများ သက်သာသွားမည်။

(၃) ခန္ဓာကိုယ်ရှိ အကြောများ အခံမရပ်နိုင်အောင် တက်ခြင်း။ အကျိတ်အဖု များထွက်ခြင်း၊ ပြင်းထန်စွာ ထိခိုက်လျက် အတွင်းကြေ ဒဏ်ရာ ရရှိခြင်းများ ဖြစ်ခဲ့လျှင် ရှောက်ရည် တစ်ဆ၊ နနွင်းမှုန့်တစ်ဆ၊ ထုံးတစ်ဆ တို့ကိုရောလျှက် မနက် ညတစ်ကြိမ်စီ လိမ်းပေးဖြင့် သက်သာ ပျောက်ကင်းသည်။

(၄) မီးယပ်အဆင်းများလျှင် မှူးဝေတက်သည်။ ရှောက်သီးနှင့် ထန်းလျက်ရောကာ ကျွေးပေးရသည်။

(၅) သွေးတိုး ရောဂါရှင် များအတွက် ရှောက်သီး အလုံးကြီး တစ်လုံး၏ အတွင်းသားများ၊ ထန်းလျက်စိတ်သား ဆားခါးတစ်ဆယ်သား၊ ကွမ်းရွက်သတ္တုရည် တစ်ဆယ်သား တို့ကိုစုရော ထောင်းပြီး နေ့တစ်နေ့ လှန်းပေးရသည်။ မနက် ဟင်းစား ဇွန်းတစ်ဇွန်း၊ ညဟင်းစားတစ်ဇွန်း မှန်မှန် သောက်ခြင်းဖြင့် သွေးတိုးရောဂါမှ ပျောက်ကင်း စေပါသည်။

(၆) ရှောက်ခွံများကို ပါးပါးလှီးကာ အခြောက်လှန်းရသည်။ ခြောက်သွေ့သွားလျှင် မီးတောက် အရက်နှင့် ခုနှစ်ရက်စိမ်ထားရသည်။ လေငန်းကြောင့် ပါးရွဲ့၊ ပါးစပ်ရွဲ့၊ လက်ကပ်၊ လက်မြှောက်မရ၊ ခြေတစ်ဖက်ဆွဲများကို နေ့စဉ် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် လိမ်းပေးခြင်းဖြင့် သက်သာပျောက်ကင်းသည်။

(၇)သနပ်ခါးကို ပျစ်ပျစ်သွေးပြီး ရှောက်ရည် မပြစ်မကျဲ ညှစ်ထည့်ပါ။ ထိုသနပ်ခါးကို နေ့စဉ်မှန်မှန်လိမ်းပေးခြင်းဖြင့် အသားအရေ ချောမွေ့ပြီး ၀က်ခြံ၊ တင်းတိတ်၊ မှဲ့ခြောက်များ ပျောက်ကင်းစေသည်။

ဆေးဖက်၀င်ရှောက်မြစ်

(၁) အနာ ပေါက်လာလျှင် ရှောက်ပင်မှ အမြစ်ကို တူးကာ ရေစင်အောင် ဆေးပြီး မကြာခဏ လိမ်းပါ။နုလျှင်ပိန် ရင့်လျှင်ပေါက် အမြန်ပျောက်သည်။

(၂) အကြာခဏအန်လျှင် ရှောက်မြစ်သွေးရည်နှင့် ပျားရည်ရောစပ်ကာ ဟင်းစားဇွန်းတစ်ဇွန်း တိုက်ပေးခြင်းဖြင့် အအန်ရပ်သွားမည်။

(၃) ကလေးများမကြာခဏ နို့အန်ရောဂါဖြင့်နေလျှင် ရှောက်မြစ်ကိုသွေးပြီး ၆လသားအတွင်း တစ်ပဲသားအထိ ကော်ဖီဇွန်းဖြင့် တိုက်ကျွေးပါ။

(၄) နှလုံးရောင်၊ လေထိုးလေပွ၊ လက်ပြင် ငုတ်ခြင်းနှင့် နာကျင် ကိုက်ခဲခြင်း တို့အတွက် ရှောက်မြစ်သွေးရည်၊ ပျားရည် ဆတူစပ်၍ ကာဟင်းစားဇွန်းတစ်ဇွန်းစာကို မနက်၊ ညတစ်ကြိမ်စီသောက်ပါ။

crd

 #အမျိုးသမီးအများစုဖြစ်တတ်တဲ့   #မီးယပ် သွေးဆုံးကိုင်တဲ့ဝေဒနာကို အရှင်းပျောက်ကင်းစေသောနည်းလမ်း==========================...
25/11/2023

#အမျိုးသမီးအများစုဖြစ်တတ်တဲ့ #မီးယပ် သွေးဆုံးကိုင်တဲ့ဝေဒနာကို အရှင်းပျောက်ကင်းစေသောနည်းလမ်း
=============================

အမျိုးသမီးများ အသက် (၄၀) ကျော်လာပါက အမျိုးသမီးရောဂါ တစ်မျိုးဖြစ်သော သွေးဆုံးမီးယပ် ကိုင်သော ဝေဒနာကို ခံစားရတတ်လေ့ရှိပါသည်။
ထိုရောဂါဝေဒနာ သက်သာ ပျောက်ကင်းစေရန် အတွက်....

(၁) နွားနို့ တစ်ပိသာ (သို့) ၂ လီတာခန့်

(၂) ဘဲဥ ၁၀ လုံး

(၃) ကျောက်ဖရုံသီး ခပ်ငယ်ငယ် တစ်လုံးတို့ကို တစ်ရက် တစ်မျိုး သုံးရက် စားသုံးပေးရမှာဖြစ်ပါတယ်။

#ပထမနေ့မှာ နွားနို့ တစ်ပိသာ (သို့) ၂ လီတာခန့်ကို တစ်ရက်တည်း ကုန်အောင် သောက်ရပါမယ်။

#ဒုတိယနေ့မှာ ဘဲဥပြုတ်(၁၀) လုံးကို ကုန်အောင်စားပြီး

#တတိယနေ့မှာ ကျောက်ဖရုံသီးကို အခွံနွှာ အစေ့ထုပ်ပြီး အသားကို ကြိတ်စက် နဲ့ မွှေပြီး အရည်စစ်သောက်ရပါမည်။

#ထို (၃) မျိုးကို ရက်မခြားပဲ ဆက်တိုက် စားသုံးပေးခြင်းဖြင့် အမျိုးသမီးတို့ခံစားရသည့် မိးယပ်သွေးဆုံးကိုင် ရောဂါ သက်သာပျောက်ကင်းစေပါသည်။။။

#ကိုယ်ရောစိတ်ပါကျန်းမာကြပါစေ။


#မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

နနွင်းမှုန့် စားသုံးခြင်းသည် ဘယ်လိုရောဂါတွေကို သက်သာစေနိုင်လဲ။နနွင်းမှုန့်လို့ပြောမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတ...
25/11/2023

နနွင်းမှုန့် စားသုံးခြင်းသည် ဘယ်လိုရောဂါတွေကို သက်သာစေနိုင်လဲ။

နနွင်းမှုန့်လို့ပြောမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့ ပာင်းခတ် အမွှေးအကြိုင်တွေထဲက တစ်မျိုးပါ။

နေ့တိုင်းစားနေပေမယ့် သူက ဘယ်လောက်တောင် အကျိုးကျေးဇူးရှိနိုင်လဲဆိုတာ ကျွန်တော်တို့ကိုယ်တိုင် အမှုမဲ့အမှတ်မဲ့ ဖြစ်နေတာပါ။ အခုတော့ သုတေသန စာရွက်စာတမ်းတွေနဲ့တကွ လေ့လာတွေ့ရှိချက်တွေ ခိုင်ခိုင်မာမာ တွေ့ရှိလာတဲ့အတွက် အားလုံးသိရှိနိုင်အောင် မျှဝေပေးလိုက်ပါတယ်။

နနွင်း ဘယ်ကရလဲဆိုတာကနေ စပါမယ်။ နနွင်းက နနွင်းပင်ဆိုပြီးတော့ ရှိပါတယ်။ ကျွန်တော်တို့ အာရှတိုက်က လူမျိုးစုတွေအတွက်ကတော့ နနွင်းကို အထူးတလည် မိတ်ဆက်ပေးစရာတောင် မလိုတော့ပါဘူး။ အသားတစ်မျိုးမျိုး ချက်ရင်ပဲများသောအားဖြင့် နနွင်းထည့်ပြီး ချက်လေ့ချက်ထရှိကြပါတယ်။ အထူးသဖြင့် အိန္ဒိယအစားအစာတွေမှာဆိုရင် ပိုပြီးတော့တောင် နနွင်းပါဝင်ပါသေးတယ်။

အရသာ အားဖြင့်ကတော့ အနည်းငယ်ဖန်ပါတယ်။ ဟိုးအရင် ခေတ်အဆက်ဆက်ကတည်းက အစားအစာတွေကို အရောင်ဆိုးတဲ့ နေရာမှာ သုံးကြပါတယ်။ အခုနောက်ပိုင်းဆိုရင် ထောပတ်၊ ဒိန်ခဲ၊ Mustard အနှစ်၊ အခြားသော ပာင်းအရောင်တင် အမှုန့်အနေနဲ့ တွင်တွင်ကျယ်ကျယ် ထည့်သွင်းအသုံးပြုလာတာကိုလည်း တွေ့လာရပါတယ်။

ဒါတွေကတော့ အစားအသောက်တွေမှာ သုံးတာပါ။ အခုနောက်ပိုင်းတော့ ကျန်းမာရေးအရလည်း တော်တော် လေး အကျိုးကျေးဇူးများတဲ့အတွက် အားဖြည့်ဆေးအနေနဲ့တောင် နနွင်းကို ထုတ်လုပ်လာကြပါတယ်။ ကျန်းမာရေးအတွက် အကျိုးရှိဖို့ကြတော့ ကျွန်တော်တို့ နေ့စဉ်စားနေသလောက်နဲ့ ပြည့်ပြည့်ဝ၀ရရှိဖို့ အခက်အခဲရှိတဲ့အတွက် Supplement တွေ လိုအပ်ရင် မှီဝဲပေးဖို့ လိုအပ်လာပါတယ်။

နနွင်းမှာ Curcumin လို့ ခေါ်တဲ့ အာပာရဓာတ် တစ်မျိုးပါဝင်တဲ့အတွက် Anti-inflammatory (ရောင်ရမ်းတာကို သက်သာစေတဲ့) အကျိုးကျေးဇူးရှိတဲ့အပြင် Anti-oxidants property (ဓာတ်တိုးဆန့်ကျင်သတ္တိ) ပါရှိတဲ့အတွက် ကင်ဆာရောဂါများကို တစ်ဖက်တစ်လမ်းက ကာကွယ်ပေးပါတယ်။

နနွင်းပာ သဘာဝက ပေးထားတဲ့ အရောင်ကျဆေး တစ်မျိုး ဖြစ်တဲ့အတွက် အောက်ပါရောဂါတွေမှာ အသုံးတည့်ပါတယ်။

၁။ အဆစ်အမြစ် ရောင်ရမ်းခြင်း (arthritis)

၂။ ရင်ပူခြင်း (Heartburn)

၃။ ဒူးနာ၊ ခြေချင်းဝတ်နာ (Knee joint pain, Ankle joint pain)

၄။ Crohn’ Disease နှင့် Ulcerative Colitis (အူလမ်းကြောင်းရောင်ရမ်းခြင်း၊ အူလမ်းကြောင်းတွင် အနာများဖြစ်သည့်ရောဂါ)

၅။ ဝမ်းပျက်ဝမ်းလျှောရောဂါ

၆။ အစာမကြေ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

၇။ အရေပြားရောင်ရမ်းခြင်း (lichen planus)

၈။ အစာအိမ်ရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်း

၉။ Irritable Bowel Syndrome (ဝမ်းခဏခဏသွားသည့် ရောဂါ)

စတဲ့ရောဂါတွေမှာ နနွင်းစားပေးသင့်ပါတယ်။

ဒါ့အပြင် အခုလို ဆောင်းတွင်းမှာ အအေးဓာတ်လွန်ကဲလို့ ဖြစ်တတ်တဲ့ လေပြွန်ရောင်ရောဂါ (Bronchitis)၊ နှာစေးချောင်းဆိုး (Common Cold) ရောဂါတွေကိုပါ သက်သာစေနိုင်ပါတယ်။

အမျိုးသမီးတွေမှာဆိုရင်လည်း ရာသီသွေးပေါ်ချိန်မှာ ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဒါ့အပြင် ဆီးလမ်းကြောင်းပိုးဝင်လို့ ဆီးအိမ်၊ ကျောက်ကပ် စတာတွေ ရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။

ဒါ့အပြင် ဓာတ်ရောင်ခြည်ပေးပြီး ကုသမှုခံယူနေတဲ့ ကင်ဆာဝေဒနာရှင်များမှာ ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ အရေပြားရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ ဒါ့အပြင် ပိုးမွှားတစ်မျိုးမျိုး ကိုက်လိုက်လို့ အင်ပြင်ထတာမျိုး၊ Allergic ဖြစ်တာမျိုးတို့ကိုလည်း သက်သာစေပါတယ်။

နနွင်းမှာပါဝင်တဲ့ Curcumin က အာရုံကြောဆဲလ် (Neurons) လေးတွေ အရေအတွက်များလာစေတဲ့ အတွက် ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါများဖြစ်ကြတဲ့ အခုနောက်ပိုင်းအဖြစ်များလာတဲ့ စိတ်ဓာတ် ကျရောဂါနှင့် အယ်ဇိုင်းမား (Alzheimer’s disease) ရောဂါတို့ကိုပါ အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေး နိုင်တယ်လို့ တွေ့ရှိလာတဲ့အတွက် အနောက်နိုင်ငံ တော်တော်များများမှာ နနွင်းကို သတိထား အလေးပေးပြီး စားလာတာကိုလည်း တွေ့ရှိရပါတယ်။

နှလုံးရောဂါကို ဘယ်လို ကာကွယ်ပေးမလဲ

နနွင်းမှာပါတဲ့ Curcumin ဓာတ်ပာ နှလုံးသွေးကြော နံရံလေးတွေရဲ့ လုပ်ငန်းဆောင်တာကို ပိုမိုကောင်းမွန် စေပါတယ်။ သွေးကြောနံရံလေးတွေ ကောင်းကောင်း အလုပ်မလုပ်တော့ဘူးဆိုရင် သွေးခဲလေးတွေ လာပိတ်မယ်။ အဲဒီကနေတစ်ဆင့် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် သွေးကြောနံရံလေးတွေက သွေးဖိအား အနည်းအများဖြစ်စေတာ (သွေးတိုးရောဂါ) ကိုလည်း အရေးပါတဲ့နေရာမှာ ပါဝင်နေတဲ့အတွက် သွေးကြောနံရံလေးတွေ ကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက်က Curcumin ပါတဲ့ နနွင်း စားပေးဖို့ လိုအပ်ပါတယ်။

ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့အတွက် ကင်ဆာရောဂါ၊ အထူးသဖြင့် အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ ကင်ဆာများကို ကာကွယ်ပေးနိုင်တဲ့အပြင် သွေးတွင်း ကိုလက်စထရောမတက်အောင်လည်း ထိန်း ညှိပေးနိုင်ပါတယ်။ အကျိုးဆက်အားဖြင့် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်လေငန်းရောဂါတွေကို တစ်ဖက်တစ်လမ်းကနေ ကာကွယ်ပေးနိုင်ပါတယ်။

အထူးဂရုပြုသင့်သည့် အချက်များ

ကျွန်တော်တို့ မြန်မာလူမျိုး တော်တော်များများက ထိခိုက်ရှနာတစ်ခုခုဖြစ်ပြီဆိုတာနဲ့ နနွင်း သိပ်လေ့ရှိပါ တယ်။ ဒါက တကယ့်ကို လွဲမှားလွန်းတဲ့ နည်းလမ်းပါ။ အဲဒီလို နနွင်းသိပ်ပေးလိုက်ခြင်းဖြင့် နနွင်းမှုန့်မှာ ပါနေနိုင်တဲ့ မေးခိုင်ပိုးနှင့် အခြားသော ဘက်တီးရီးယား ပိုးမွှားများကို တစ်ခါတည်း သွေးထဲထည့်ပေးသလို ဖြစ်သွားတတ်ပြီး မေးခိုင်ရောဂါ၊ တခြားသော ဘက်တီးရီးယားရောဂါများလည်း အလွယ်တကူ ဖြစ်ပွားစေနိုင်ပါတယ်။

ကျွန်တော်ပြောထားတဲ့နည်းလမ်းတွေက ပာင်းချက်တဲ့နေရာမှာ ထည့်ချက်ခိုင်းတာပါ။ ဒါမှ အပူဓာတ်နဲ့တွေ့ပြီး ပါဝင်တဲ့ ပိုးမွှားတွေလည်း သေဆုံးသွားတဲ့အတွက် စားလို့စိတ်ချရပြီလို့ ယူဆတဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပာင်းချက်လို့ ထည့်တဲ့နေရာက ရမယ့် နနွင်းမှာပါတဲ့ Curcumin ဓာတ်က ကျွန်တော်တို့ လိုအပ်သလောက် မပြည့်မီတတ်ပါဘူး။ ဒါကြောင့် အားဖြည့်ဆေး Supplement သောက်ဖို့တော့ လိုအပ်ပါတယ်။

အားလုံးကျန်းမာခြင်းဆုလာဘ် ပိုင်ဆိုင်နိုင်ကြပါစေရှင့်.....

Crd.

25/11/2023

အူကျရောဂါအတွက် သဘာဝဆေးနည်းများ

အူကျရောဂါဟာ အမျိုးသားအများစုမှာ ဖြစ်နေတဲ့ရောဂါတစ်ခု ဖြစ်ပါတယ်။ မကြာခဏလည်း ဆေးနည်းမေးလာကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်း မသွားနိုင်သူများအတွက် သဘာဝဆေးနည်းများကို ရှာဖွေစုစည်းပြီး ရေးသားမျှဝေပေးလိုက်ပါတယ်။

နည်းလမ်း(၁) မုတ်ခါးနှင့်သံပုရာ

မုတ်ခါးကို ပရဆေးဆိုင်မှာ၀ယ်၊ သံပုရာရေနဲ့ရောပြီး တစ်နေ့ ၂ကြိမ်၊ ၃ကြိမ်ခန့် အူကျတဲ့နေရာပေါ်(ကပ်ပယ်အိတ်ပေါ်) လိမ်းပေးပါ။

နည်းလမ်း(၂) ရှားစောင်းစေးနဲ့သံပုရာ

ရှားစောင်းလက်ပပ်ကို ဖြတ်လိုက်ရင် ထွက်လာတဲ့အစေးနဲ့ သံပုရာရေနဲ့ ရောစပ်ပြီး လိမ်းပေးပါ။

နည်းလမ်း(၃) ရွှေဖရုံညှာနှင့်ဆန်ဆေးရေ

ရွှေဖရုံသီး၏အညှာကို ခြောက်သွားအောင် နေလှန်းထားပြီး ၄င်းအညှာခြောက်ကို ဆန်ဆေးရေနဲ့ သွေးပြီးလိမ်းပေးပါ။

နည်းလမ်း(၄) ဇာတိပ္ဖိုလ်သီးနှင့်ကြက်ဥအကာ

ဇာတိပ္ဖိုလ်သီး၏ အစေ့အဆန်ကို ကြက်ဥအကာရည်နှင့်
ကျောက်ပျဉ်တွင်သွေး၍ တစ်နေ့ (၃)ကြိမ် လိမ်းပေးပါက
အူကျရောဂါ သက်သာ ပျောက်ကင်းစေပါမည်။

လွယ်ကူပြီး ရိုးရှင်းတဲ့ သဘာဝဆေးနည်းများဖြင့် အူကျဝေဒနာရှင်များ သက်သာပျောက်ကင်းနိုင်ကြပါစေ။

credit - စောနွဲ့နေဆိုင် - ပူတာအို

အစွမ်းထက် သဘာဝဆေးနည်းများ

တစ်နည်း -

ဗာဒံ(ဗန်ဒါ)ရွက်အား အတွင်းခံထဲတွင် နေ့စဉ်ထည့်၍ ဝတ်ထားခြင်းဖြင့်လည်း

တစ်နည်း-

ကွမ်းစားဆေးရွက်ကြီးအမှုန့်အား ရေဖြင့်နယ်၍ အပေါ်သို့ လိမ်း၍ဆွဲတင်ပါကလည်း သက်သာပျောက်ကင်းပါသည်။

(credit)

 #အထက်လှန်အောက်လျှောအတွက် ၁ခွက်နဲ့ အစွမ်းပြတဲ့ ဆေးစွမ်းတစ်လက်ကျမတို့မိသားစု လက်စွဲသုံးခဲ့တဲ့ ဆေးနည်းကောင်း တစ်လက်ပါ။ ကို...
25/11/2023

#အထက်လှန်အောက်လျှောအတွက် ၁ခွက်နဲ့ အစွမ်းပြတဲ့ ဆေးစွမ်းတစ်လက်

ကျမတို့မိသားစု လက်စွဲသုံးခဲ့တဲ့ ဆေးနည်းကောင်း တစ်လက်ပါ။

ကိုယ်တိုင်လဲဖြစ်ဖူးပီးသောက်ခဲ့ဖူးပါတယ်။

ကျမ ဖြစ်တုံးက ပထမ ဝမ်းချည်းသွားတာပါ။ ၃ ခါသွားပီးတော့ အိမ်သာကနေ ပြန်ထမလာ နိုင် တော့ပါဘူး။

တွဲထုတ် လာရပါတယ်။ နောက်တစ်ကြိမ်ထပ်သွားရင် အသက်တောင်ပါတော့မလား မှတ်ပါတယ်။

ကျမ အမေက ဝမ်းလျောတာထင်လို့ နနွင်းမှုန့်ဖျော်ပီး တိုက်ဖို့လုပ်တုန်းမှာဘဲ စပီးအန်ပါတယ်။

ဒီတော့မှ အထက်လှန် အောက်လျောဖြစ်တာမှန်းသိပီး ဒီဆေးနည်းကို လုပ်တိုက်တာပါ။

ဆေးတစ်ခွက်ဝင်ပီးတာနဲ့ ဝမ်းသွားတာရော အန်တာပါ လုံးဝရပ်သွားတာပါ။

ဝမ်းသွားထားတဲ့အတွက် အားနည်း သွားတာပဲ ကျန်ပါတယ်။ တကယ့်လက်တွေ့ အစွမ်းထက်လှတဲ့ ဆေးနည်းကောင်းလေးပါဘဲ။

ဆေးနည်းကလဲ လွယ်ကူတာမို့ မခက်ခဲဘဲ လုပ်နိုင်ပါတယ်။ ကဲ အထက်လှန်အောက်လျောဖြစ်လို့ကတော့ ဒီလိုလေးလုပ်ပီးသာ တိုက်လိုက်ပါ။

ဆေးနည်း

ရဲယိုသီး ၄/၅လုံး ကိုထောင်းပီး ရေနဲနဲစွပ်၍ အရည်ညှစ်ယူပါ။ အကြမ်းပန်းကန် တစ်လုံးစာလောက်ကို တစ်ခါထဲ ဝင်အောင် တိုက်ပေးလိုက်ပါ။

ဆေးဝင်သွားတာနဲ့ သိသာပါလိမ့်မယ်။ ရဲယိုသီးအနုဆို ပိုအစွမ်း ထက်ပါတယ်။ အနုမရမှ အရင့်သုံးပါ။

မိသားစုသုံး လက်တွေ့ဆေးနည်းမို့ ယုံကြည်စွာ သုံးစွဲနိုင်ပါတယ်။ မိမိတို့ခြံထဲမှာ ရဲယိုပင်စိုက်ထားခြင်းဖြင့် များစွာအသုံးဝင်ပါတယ်။

ဆေးအဖြစ် သုံးနိုင်သလို စားလို့လဲ ရတာကြောင့်လူတိုင်း စိုက်ထားသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit Original Writer

24/11/2023

🛑🛑 ဆောင်းရာသီ ရေချိုးသတိပြုစရာ 🛑🛑
********************************************************************************************

ဆောင်းဥတုတွင် ဒက္ခိဏ ခေါ် တောင်ဝင်ရိုးစွန်းမှနေထွက်သည်။ ကမ္ဘာနှင့် ဝေးကွာလှသဖြင့် နေထွက်ချိန်နောက်ကျသည်။နေနှင့်ဝေးသဖြင့်တေဇောဓာတ် အရနည်းသည်။ ရောဂါပိုးအတော်များများသည် နေရောင်ခြည်ကိုကြောက်ကြသည်။ နေရောင်ခြည်တွင်သေကြသည်။
ပူမှု အေးမှု တေဇောပြုသည်။ တေဇောယုတ်က ရောဂါရသည်။ တေဇောသည် သက်စောင့်ဓာတ်ဖြစ်သည်။သင်နေထိုင်သောအိမ်သည် နံနက်ခင်းနေရောင်ခြည် မရရှိလျှင် သင်၏အိမ်သားများသည် မကြာခနဖျားနာကြလိမ့်မည်။
နေရောင်ခြည်ကသင့်အိမ်သို့ မလာလျှင် သင်သည် နေရောင်ခြည်ရှိရာသို့ သွားရပေလိမ့်မည်။ မနက်ခင်းနေရောင်ခြည်ကို နာရီဝက်ခန့်ခံယူလိုက်ရုံဖြင့် သင့်အတွက် တစ်နေ့တာ လုံလောက်သော တေဇောဓာတ်ကို ရရှိပြီးဖြစ်ပေသည်။ ငွေမကုန်သောဆေးတစ်ပါးမှာ နေရောင်ခြည်ပင်ဖြစ်ပေသည်။
မနက်ခင်းတွင် ရေကူးကန်စသည် တွင် နေရောင်ခြည်ခံ၍ ရေချိုးရခြင်းသည် အထူးကျန်းမာစေသည်။
ဆောင်းတွင် မနက် (၁၁) နာရီခန့်အတွင်း ရေချိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။ကျန်းမာသူ လူငယ်များအတွက် မနက်စောစောကပင် ရေချိုးနိုင်သော်လည်း အသက်ကြီးပိုင်း လူကြီးများမှာ ရေချိုး ဆင်ခြင်ရမည်။
နွေကိုး၊မိုးတစ်ဆယ့်၊ဆောင်းတစ်ဆယ့်တစ် ဆိုသောစာချိုးအတိုင်းသာ ရေချိုးသင့်သည်။
နွေ(၉) မိုး(၁၀) ဆောင်း(၁၁) လူကြီးများအတွက် ရေချိုးချိန် ဖြစ်ပါသည်။ညနေဖက် နေဝင်ချိန်ရေချိုးခြင်းကို ရှေးဆရာကြီးများက ကန့်ကွက်ကြသည်။ ကျန်းမာရေးအတွက်ခွင့်မပြုကြပေ။ ရေချိုးမှားသည်ဆိုခြင်းမှာ ညနေနှင့် ညပိုင်း ရေချိုးသူများတွင် အဖြစ်များသည်ကိုတွေ့ရသောကြောင့်ဖြစ်သည်။
ရေချိုးဆင်ခြင်ခြင်းသည် မမှားသောအရာဖြစ်သည်။ ညနေဖက်ရေမချိုးခြင်းသည် အကောင်းဆုံးဖြစ်မည်ထင်ပါသည်။ မလွဲမရှောင်သာ၍ ချိုးရမည်ဆိုလျှင်လည်း လျှင်မြန်စွာချိုးပါ။ ရေနွေးစပ်ပြီးချိုးပါ။
ရေချိုးပြီးလျှင် တေဇောဓာတ်ရစေရန် ချင်းပြုတ်ရည် ပူပူလေး၊သို့မဟုတ် ချင်းတက်ကိုပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာစိမ်ထားပြီး အုပ်ထားပြီး ကော်ဖီတစ်ခွက်စာခန့်သောက်ပေးပါ။
ရာသီဥတုဆိုးသောအချိန်။ အဖျားအနာထူသောအချိန်များတွင် ချင်း၊ထန်းလျက်ပြုတ်ရည် သို့မဟုတ် ကွမ်းရွက်ပြုတ်ရည်ကို မိသားစုလိုက် သောက်သုံးခြင်းဖြင့် အဖျားရောဂါများ ကူးစက်ခြင်းဘေးမှ ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။

🙏ရောဂါဘေးအပေါင်းတို့မှ ကင်း​ဝေးကြပါ​စေ 🙏

Address

Dinewunkween Quarter
Mawlamyine
12011

Website

Alerts

Be the first to know and let us send you an email when အာရောဂျံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram