Sein Pwint Specialist Clinic & Maternity Care

Sein Pwint Specialist Clinic & Maternity Care စိန်ပွင့်အထူးကုဆေးခန်းနှင့်သားဖွားခန်း

မိသားစုတစ်ခုအတွက် လူနေမှု အဆင့်အတန်းမြင့်မားဖို့နဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအားလုံးမှာ အဆင်ပြေပြေနဲ့ နေနို...
15/07/2025

မိသားစုတစ်ခုအတွက် လူနေမှု အဆင့်အတန်းမြင့်မားဖို့နဲ့ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စအားလုံးမှာ အဆင်ပြေပြေနဲ့ နေနိုင်ဖို့ဆိုရင် “သားဆက်ခြားခြင်း” ကလည်း အရေးကြီးတဲ့ နေရာကပါဝင်ပါတယ်။💁

မိခင်ရော၊ ကလေးပါ ကျန်းမာဖို့နဲ့ အဆင်သင့်မဖြစ်သေးခင် ရရှိမယ့် ကိုယ်ဝန်တွေကို ကာကွယ်ဖို့ နည်းမှန်လမ်းမှန်တဲ့ သားဆက်ခြားတတ်ဖို့ အရေးကြီးပြီး ဆရာဝန်နဲ့ တိုင်ပင်ပြီးမှာ ပြုလုပ်တာက အကောင်းဆုံးပါပဲ။🧑‍🍼

👉ဒီအတွက် စိန်ပွင့်အထူးကုဆေးခန်းမှာ “အခမဲ့ သားဆက်ခြား” ပေးမယ့် အစီအစဥ်ရှိနေပါပြီ။

🔺လက်မောင်းတွင်းထည့် သားဆက်ခြားခြင်း (Contraceptive Implant) ကို အမျိုးသမီး (၅) ယောက်တိတိ က အခမဲ့ ရရှိမှာပဲ ဖြစ်ပါတယ်။🔺

📍DKT Myanmar ကတော့ အဆင့်မြင့်သားဆက်ခြားပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပေးနေတဲ့အဖွဲ့အစည်တစ်ခုဖြစ်ပြီး အရည်အသွေးမြင့်ပစ္စည်းတွေနဲ့ အခမဲ့ သားဆက်ခြားပေးခြင်းကို ရရှိနိုင်ဖို့ စိန်ပွင့် အထူးကုဆေးခန်းမှာ ကြိုတင်စာရင်းပေးထားဖို့ လိုပါမယ်ရှင်။

လာမယ့် သောကြာနေ့ (18.7.2025 ) တစ်ရက်တည်းသာ လူဦးရေကအကန့်အသတ်နဲ့ ပြုလုပ်ပေးသွားမှာဖြစ်လို့ အမြန်ဆုံး စာရင်းပေးထားဖို့တော့ အရေးကြီးပါတယ်။💯

အသေးစိတ်အချက်အလက်တွေနဲ့ စိန်ပွင့် ရဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေအကြောင်း သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

စိန်ပွင့်အထူးကုဆေးခန်း

☎️ ဖုန်းနံပါတ်- 09 979 097 114, 09 983 673 281

🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်းမကြီး၊ ခြောက်မိုင်ရပ်ကွက်၊ မော်လမြိုင်မြို့။

#သားဖွားခန်း
#အထူးကုဆေးခန်း




#မော်လမြိုင်အထူးကုဆေးခန်း
#သားဆက်ခြား

မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးအတွက်ကာကွယ်ဆေးထိုးပြီးပြီလား❓🦠ရာသီတုပ်ကွေးဟာ ဗိုင်းရပ်ပိုးတစ်မျိုးကနေ အသက်ရှူလမ်းကြ...
12/07/2025

မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးအတွက်
ကာကွယ်ဆေးထိုးပြီးပြီလား❓

🦠ရာသီတုပ်ကွေးဟာ ဗိုင်းရပ်ပိုးတစ်မျိုးကနေ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး ရောဂါဖြစ်ကြောင်းကို

🤒🌡️ဖျားခြင်း၊နှာချေခြင်း၊ လည်ချောင်းနာခြင်း၊ခေါင်းကိုက်ခြင်း၊နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊
ကိုယ်လက်ကိုက်ခဲခြင်းနဲ့ အစားသောက်ပျက်ခြင်း စတဲ့ လက္ခဏာတွေဖြစ်လာပြီဆိုတာနဲ့ သိနိုင်ပါတယ်

ဒီလို ရာသီတုပ်ကွေးကိုမဖြစ်အောင် ဘာတွေလုပ်ဆောင်ရမလဲဆိုရင်

😷အပြင်သွားတိုင်း နှာခေါင်းနဲ့ပါးစပ်ကိုလုံအောင်အုပ်ပါ
🧼ရောဂါလက္ခဏာရှိသူနဲ့ထိတွေ့ပြီးတိုင်း လက်ကို စက္ကန့် (၂၀) ခန့်ကြာအောင်ဆေးပါ
💪လူစုလူဝေးနေရာတွေရှောင်ကျဉ်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာနေပါ
🍛အိပ်ရေးဝဝအိပ်ခြင်း၊ လုံလောက်တဲ့အာဟာရပြည့်အောင်စားခြင်းတို့ပြုလုပ်ပေးပါ

ဒါ့အပြင် ရာသီတုပ်ကွေးဟာ ကိုယ်ခံအား အားနည်းသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည်ရောဂါခံစားနေရသူတွေမှာ ပိုပြီးအဖြစ်များစေတဲ့အတွက် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံသင့်ပါတယ် ‼️

ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးနှံပြီး မဖြစ်ခင်က
ဒီလိုရောဂါကို ကာကွယ်လိုက်ကြစို့နော်🥰

စိန်ပွင့်အထူးကုဆေးခန်း
☎️ ဖုန်းနံပါတ်- 09 979 097 114, 09 983 673 281
🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်းမကြီး၊ ခြောက်မိုင်ရပ်ကွက်၊ မော်လမြိုင်မြို့။

#သားဖွားခန်း
#အထူးကုဆေးခန်း



#မော်လမြိုင်အထူးကုဆေးခန်း

⭐ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)  မှာ မြန်မာပြည်သူပြည်သားများ အားလုံး ဘေးဘယာ ဝေးကွ...
09/07/2025

⭐ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) မှာ မြန်မာပြည်သူပြည်သားများ အားလုံး ဘေးဘယာ ဝေးကွာလို့ ကျန်းမာရွှင်လန်း ပါစေကြောင်း “စိန်ပွင့် အထူးကုဆေးခန်း” မိသားစုကနေ ဆုတောင်းမေတ္တာ ပို့အပ်ပါတယ်။🙏

#စိန်ပွင့်အထူးကုဆေးခန်း
#သားဖွားခန်း
#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

အာရောဂျံ ပရမံ လာဘံ ဆိုတဲ့ ကျန်းမာခြင်းသည် အမြတ်ဆုံးသော လာဘ်တစ်ပါးဖြစ်ပြီးလူတစ်ဦးအတွက် အရေးကြီးဆုံးအရာဟာ ရွှေငွေဥစ္စာ ၊ အ...
03/07/2025

အာရောဂျံ ပရမံ လာဘံ ဆိုတဲ့ ကျန်းမာခြင်းသည် အမြတ်ဆုံးသော လာဘ်တစ်ပါးဖြစ်ပြီး
လူတစ်ဦးအတွက် အရေးကြီးဆုံးအရာဟာ ရွှေငွေဥစ္စာ ၊ အခြားပြင်ပပစ္စည်းများ မဟုတ်ဘဲ ကျန်းမာခြင်းသာဖြစ်ပါတယ်🤗

ဒီလိုဆိုရိုးစကားအရ ကျန်းမာနေစေဖို့ ရောဂါကင်းအောင်နေထိုင်စားသောက်မှုကိုအခြေခံပြီး
နေ့စဉ်ဘဝတွေမှာ အကောင်းဆုံးနေထိုင်သင့်တဲ့အပြင် လုပ်သင့်တဲ့ အရာတစ်ခုရှိပါသေးတယ်🤔

အခုလိုခေတ်မှာ ကျန်းမာတဲ့ပုံစံရှိပေမဲ့ မမြင်နိုင်တဲ့ရောဂါတွေဖြစ်နေနိုင်တဲ့ ခေတ်ကြီးဖြစ်တာကြောင့်
တစ်နှစ်ကို တစ်ကြိမ်တော့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေပြုလုပ်သင့်တာဟာ လိုကိုလိုအပ်တဲ့ အရာဖြစ်ပါတယ်✅

ဒီလိုကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်မယ်ဆိုရင် တိကျသေချာတဲ့ အဖြေတွေရဖို့
သေသေချာချာစစ်ဆေးပေးတဲ့ နေရာ သိထားဖို့လိုအပ်မှာပါ💯

📈တိကျတဲ့ အဖြေထွက်အောင် ခေတ်မီစက်ကိရိယာတွေနဲ့
📈ကျွမ်းကျင်ဝါရင့် ဆရာဝန်ကြီးတွေ ကိုယ်တိုင် Medical Check up တွေပြုလုပ်ပေးနေတဲ့

စိန်ပွင့် က ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ဖို့ အကောင်းဆုံးနေရာဆိုလည်းမမှားပါဘူး

ဒါကြောင့် တိကျသေချာတဲ့ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်ဖို့
စိန်ပွင့်မှာ Medical Check Up လုပ်ကြစို့နော်🥰

☎️ ဖုန်းနံပါတ်- 09 979 097114, 09 983 673821
🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်းမကြီး၊ ခြောက်မိုင်ရပ်ကွက်၊ မော်လမြိုင်မြို့။


#မော်လမြိုင်အထူးကုဆေးခန်း

🚨 အသိပေးအကြောင်းကြားခြင်း 🚨စိန်ပွင့်ဆေးခန်းရဲ့ တာဝန်ခံဆရာဝန် Dr Myint Myat Han ရဲ့ ဓာတ်ပုံတွေကို  Ko Win Htun Naing ဆိုတ...
01/07/2025

🚨 အသိပေးအကြောင်းကြားခြင်း 🚨

စိန်ပွင့်ဆေးခန်းရဲ့ တာဝန်ခံဆရာဝန် Dr Myint Myat Han ရဲ့ ဓာတ်ပုံတွေကို Ko Win Htun Naing ဆိုတဲ့ Facebook Account ကနေ ကားအရောင်းအဝယ်လုပ်တယ်ဆိုပြီး ငွေကြိုလွှဲခိုင်းတာမျိုးတွေနဲ့ စိန်ပွင့်ဆေးခန်းမှာ ကားလာကြည့်လို့ရကြောင်း စသဖြင့် မဟုတ်မမှန်တာတွေကို လိမ်လည်ရေးသားထားတာမျိုး တွေ့ရပါတယ်။

စိန်ပွင့်အထူးကုဆေးခန်းနှင့် သားဖွားခန်း ဆိုတာ ‌ဆေးခန်းသက်သက်သာဖြစ်ပြီး ကားအရောင်းအဝယ် ကိစ္စရပ်တွေ တစ်ခုမှလုပ်ဆောင်တာမျိုး မရှိပါဘူးနော်

Dr Myint Myat Han အနေနဲ့ Facebook Account တစ်ခုတည်းကို အသုံးပြုတာ ဖြစ်တဲ့အပြင် နောက်ထပ် ဘယ် Account ကိုမှ သုံးစွဲတာမျိုးလည်း မရှိပါဘူး။

ဒါကြောင့် Fake Account ပိုင်ရှင် Ko Win Htun Naing Facebook Account မှာ ဖြစ်လာသမျှ ငွေကြေးဆိုင်ရာကိစ္စရပ်များ၊ တရားဥပဒေနဲ့ မညီတဲ့ကိစ္စရပ်များအပါအဝင် တခြားသော ဘယ်ကိစ္စကိုမဆို Dr Myint Myat Han အနေနဲ့ တာဝန်ယူဖြေရှင်းပေးသွားမှာ မဟုတ်တဲ့အကြောင်း အသိပေးပြောကြားလိုက်ပါရစေရှင်

📌 Ko Win Htun Naing Fake Account Link
https://www.facebook.com/ko.win.htun.naing.2025

စိန်ပွင့်အထူးကုဆေးခန်းနှင့် သားဖွားခန်းမှာ တာဝန်ထမ်းဆောင်ရန် 🩺 Medical Officer (ကျား/မ) ဖိတ်ခေါ်လိုပါသည်။အလုပ်လျှောက်ထား...
07/06/2025

စိန်ပွင့်အထူးကုဆေးခန်းနှင့် သားဖွားခန်းမှာ တာဝန်ထမ်းဆောင်ရန်
🩺 Medical Officer (ကျား/မ) ဖိတ်ခေါ်လိုပါသည်။

အလုပ်လျှောက်ထားလိုသူများသည်
- ကိုယ်ရေးရာဇ၀င် CV Form
- ပညာအရည်အချင်းအောင်လက်မှတ် မိတ္တူ
- နိုင်ငံရေးစစ်ဆေးရေးကဒ်ပြားမိတ္တူ
- ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ
- လိုင်စင်ဓါတ်ပုံ (၃)ပုံ
- မျှော်မှန်းလစာ နှင့်အတူ လျှောက်ထားနိုင်ပါသည်။
ဝန်ထမ်းခန့်ဖြစ်ပါက နေစရာစီစဉ်ပေးမည်ဖြစ်သောကြောင့် နယ်ဝေးမှလုပ်ကိုင်လိုသူများလည်းလျှောက်ထားနိုင်ပါသည်။
စိန်ပွင့်အထူးကုဆေးခန်း၏ Page messenger (သို့ ) Viber တွင် CV Form တင် လျှောက်ထားနိုင်ပါသည်။
ဆေးခန်းနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါက Page Messenger နဲ့ အောက်ပါဖုန်းနံပါတ်များကို လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
☎️ ဖုန်းနံပါတ်- 09 979 097 114, 09 983 673 281
🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်း၊ ခြောက်မိုင်ရပ်၊ မော်လမြိုင်မြို့။

#သားဖွားခန်း

#အထူးကုဆေးခန်း



#မော်လမြိုင်အထူးကုဆေးခန်း

ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်မှာ အတွေ့ရအများဆုံး ဝေဒနာတွေထဲကတစ်ခုကတော့ ခါးနာခြင်းပါပဲကိုယ်ဝန်ဆောင်မိခင်အများစုက တစ်ချိန်မဟု...
21/05/2025

ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်မှာ အတွေ့ရအများဆုံး ဝေဒနာတွေထဲကတစ်ခုကတော့ ခါးနာခြင်းပါပဲ

ကိုယ်ဝန်ဆောင်မိခင်အများစုက တစ်ချိန်မဟုတ်တစ်ချိန်မှာ ဒီဝေဒနာကို ခံစားရလေ့ရှိပါတယ်။ ဒီလို အဖြစ်များတဲ့ ခါးနာခြင်းတွေက ဘာကြောင့်ဖြစ်ရတာလဲ၊ ဖြစ်လာခဲ့ရင်ရော ဘယ်လိုနည်းလမ်းတွေနဲ့ သက်သာအောင် နေထိုင်နိုင်မလဲဆိုတာကို အနည်းငယ်မျှဝေပေးချင်ပါတယ် 🤗

ဒါဆို ကိုယ်ဝန်ဆောင်စဉ် ခါးနာခြင်းရဲ့အဓိက အကြောင်းအရင်းတွေကို ကြည့်လိုက်ရအောင် 🤗

🤰🏻ဟော်မုန်းပြောင်းလဲမှု
ကိုယ်ဝန်ဆောင်စဉ်မှာ Relaxin လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ ဒီဟော်မုန်းက မွေးဖွားဖို့အတွက် တင်ပဆုံရိုးတစ်ဝိုက်က အရွတ်တွေကို လျော့ရဲစေပြီး လွယ်ကူစွာ မွေးဖွားနိုင်အောင် ကူညီပေးပါတယ်။ ဒါပေမဲ့ ဒီဟော်မုန်းက ခါးဆစ်ရိုးအပါအဝင် တခြားအဆစ်အမြစ်တွေကိုလည်း မခိုင်မြဲအောင် လုပ်တတ်ပါတယ်။ ဒါကြောင့် ခါးမှာ ထောက်မမှုနည်းပြီး နာကျင်လာနိုင်ပါတယ်။

🤰🏻 ကိုယ်အလေးချိန် တိုးလာခြင်း
ကိုယ်ဝန်ဆောင်စဉ်မှာ ကလေး၊ အချင်း၊ သားအိမ်ကြီးလာတာ၊ amniotic fluid နဲ့ မိခင်ရဲ့ ကိုယ်အလေးချိန်တက်လာတာ စတာတွေကြောင့် ခန္ဓာကိုယ်ရဲ့ အလေးချိန်ဟာ တဖြည်းဖြည်း တိုးလာပါတယ်။ ဒီတိုးလာတဲ့ ကိုယ်အလေးချိန်အားလုံးဟာ ကျောရိုးနဲ့ ခါးအပေါ်မှာ ပိုဖိအားဖြစ်စေပြီး ခါးနာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။

🤰🏻ဗဟိုချက် ပြောင်းလဲခြင်း
ဝမ်းဗိုက် ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာရဲ့ ဗဟိုချက်ကရှေ့ကို ရွေ့သွားပါတယ်။ ဒါကို ထောက်ပံ့ဖို့ မိခင်ဟာ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာတွေမှာ ခါးကို အနောက်ကို ပိုကော့ပြီး နေတတ်ပါတယ်။ ဒီလို အနေအထားက ခါးကြွက်သားတွေကို ပိုမို တင်းမာစေပြီး နာကျင်မှုကို ဖြစ်ပေါ်လာစေပါတယ်။

🤰🏻 စိတ်ဖိစီးမှု
စိတ်ဖိစီးမှုများခြင်းကလည်း ခါးကြွက်သားတွေကို တင်းမာစေပြီး နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။

ဒါဆို ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းကို သက်သာစေတဲ့ နည်းလမ်းတွေကဘာတွေလဲ ❓

ခါးနာခြင်းကို လုံးဝပျောက်ကင်းအောင် လုပ်ဖို့ခက်ခဲပေမဲ့ အောက်ကနည်းလမ်းတွေနဲ့ သက်သာအောင်လို့တော့ နေထိုင်နိုင်ပါတယ်နော်

📌 မှန်ကန်သော ကိုယ်နေဟန်ထား
မတ်မတ်ရပ်ပါ၊ ပုခုံးကို နောက်ဆုတ်ထားပါ၊ မတ်တပ်ရပ်တာ၊ ထိုင်တာ၊ လမ်းလျှောက်တာတွေမှာ ခါးကို မကုန်းအောင် သတိထားပါ။ ကြာကြာ မတ်တပ်ရပ်ရမယ်ဆိုရင် ခြေထောက်တစ်ဖက်ကို ခုံပုလေးတစ်ခုပေါ် တင်ထားခြင်းက ခါးအပေါ် ဖိအားကို လျှော့ချနိုင်ပါတယ်။ ထိုင်တဲ့အခါမှာလည်း ခါးနောက်မှာ ခေါင်းအုံးသေးသေးလေး ခံပြီး ထိုင်ပါ။

📌 အလေးအပင် မခြင်း
အလေးအပင် မဖြစ်မနေ မရမယ်ဆိုရင် ဒူးကိုကွေးပြီး မပါ။ ခါးကို လုံးဝမကုန်းပါနဲ့။ မရမယ့်အရာကို ကိုယ်နဲ့ အနီးကပ်ဆုံးထားပြီး ခြေထောက်အားနဲ့ မပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဖြစ်နိုင်ရင်တော့ အလေးအပင် မ မတာအကောင်းဆုံးပါ။

📌 သင့်တော်တဲ့ ဖိနပ်စီးခြင်း
မြင့်သော ဖိနပ် (ဒေါက်ဖိနပ်) များကို လုံးဝ ရှောင်ရှားပါ။ ဒေါက်နိမ့်ပြီး ခါးနဲ့ ခြေထောက်ကို ကောင်းကောင်း ထောက်မပေးနိုင်တဲ့ ဖိနပ်မျိုးကို ရွေးချယ်စီးပါ။

📌 အိပ်စက်ခြင်း
ဘေးတစောင်း အိပ်စက်ပါ။ ဒူးနှစ်ဖက်ကြားမှာ ကိုယ်ဝန်ဆောင်ခေါင်းအုံး (ဒါမှမဟုတ်) သာမန်ခေါင်းအုံးတစ်လုံး ခံပြီး အိပ်ပါ။ ဒါက ကျောရိုးကို ဖြောင့်တန်းစေပြီး ခါးအပေါ် ဖိအားကို လျှော့ချပေးပါတယ်။

📌 ကိုယ်လက်လှုပ်ရှားမှု
ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ ကိုယ်ဝန်ဆောင် လေ့ကျင့်ခန်း (ဥပမာ - လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ကိုယ်ဝန်ဆောင် ယောဂ) များကို ပုံမှန် ပြုလုပ်ပါ။ ဒီလိုလေ့ကျင့်ခန်းလုပ်ခြင်းက ကြွက်သားတွေကို သန်မာစေပြီး ခါးနာခြင်းကို သက်သာစေသလို ကိုယ်ဝန်ဆောင်စဉ် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပါတယ်။

📌 အပူ သို့မဟုတ် အအေး ကုထုံး
ခါးနာတဲ့နေရာကို ရေနွေးအိတ်ကပ်တာ၊ ရေခဲကပ်တာ လုပ်နိုင်ပါတယ်။ အပူက ကြွက်သား တင်းမာမှုကို ဖြေလျှော့ပေးပြီး အအေးက ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ ဘယ်ဟာက ပိုထိရောက်လဲဆိုတာ ကိုယ်နဲ့ သင့်တော်တာကို ရွေးချယ်ပါ။ (ရေနွေးနဲ့ ချိုးရင်တော့ အလွန်အကျွံ ပူတာမျိုး ရှောင်ပါ)

📌 နှိပ်နယ်ခြင်း
ကိုယ်ဝန်ဆောင် မိခင်တွေအတွက် သီးသန့် နှိပ်နယ်ပေးတဲ့ ကိုယ်ဝန်ဆောင်အနှိပ်ကို နှိပ်နယ်ခြင်းကလည်း ခါးကြွက်သား တင်းမာမှုကို ဖြေလျှော့ပေးပြီး သက်သာရာ ရစေပါတယ်။

📌 ကိုယ်ဝန်ဆောင် ခါးပတ်
ဝမ်းဗိုက်နဲ့ ခါးကို ထောက်မပေးတဲ့ ကိုယ်ဝန်ဆောင် ခါးပတ်ကို ပတ်ခြင်းကလည်း ခါးပေါ်က ဖိအားကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ကြာကြာ ဝတ်ဆင်တာမျိုးကိုတော့ ရှောင်သင့်ပါတယ်။

📌 အနားယူခြင်း
မလိုအပ်ဘဲ မတ်တပ်ရပ်ခြင်း၊ တစ်ခုခုကို အကြာကြီး လုပ်ခြင်းတို့ကို ရှောင်ရှားပြီး လုံလောက်စွာ အနားယူပါ။

ကဲ ဒီလိုအချက်တွေကိုသာ ဂရုတစိုက်လုပ်ပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်ပေါ်တတ်တဲ့ ခါးနာခြင်းတွေကို သက်သာစေမှာပဲ ဖြစ်ပါတယ်နော် 🤗

ကိုယ်ဝန်ဆောင်စဉ်တလျှောက် လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေကို ရယူနိုင်ဖို့အတွက်ကိုတော့ စိန်ပွင့်ဆေးခန်းက (၂၄) နာရီမပြတ်ဝန်ဆောင်မှု ပေးနေပါပြီနော်

ဆေးခန်းနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါက Page Messenger နဲ့ အောက်ပါဖုန်းနံပါတ်များကို လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်

☎️ ဖုန်းနံပါတ်- 09 979 097114, 09 983 673821

🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်းမကြီး၊ ခြောက်မိုင်ရပ်ကွက်၊ မော်လမြိုင်မြို့။

#သားဖွားခန်း
#ကိုယ်ဝန်ဆောင်ခါးနာခြင်း

#မော်လမြိုင်အထူးကုဆေးခန်း
#အထူးကုဆေးခန်း

စိန်ပွင့်အထူးကုဆေးခန်းနှင့် သားဖွားခန်းမှာ တာဝန်ထမ်းဆောင်ရန် 🩺 Medical Officer (ကျား/မ) ၁ ဦး၊ X Ray Technician (ကျား/မ) ...
12/05/2025

စိန်ပွင့်အထူးကုဆေးခန်းနှင့် သားဖွားခန်းမှာ တာဝန်ထမ်းဆောင်ရန်
🩺 Medical Officer (ကျား/မ) ၁ ဦး၊ X Ray Technician (ကျား/မ) ၁ ဦး၊ Housekeeper (ကျား/မ) ၁ ဦး၊ Cashier/Accountant (ကျား/မ) ၁ ဦး ဖိတ်ခေါ်လိုပါသည်။
အလုပ်လျှောက်ထားလိုသူများသည်
- ကိုယ်ရေးရာဇ၀င် CV Form
- ပညာအရည်အချင်းအောင်လက်မှတ် မိတ္တူ
- နိုင်ငံရေးစစ်ဆေးရေးကဒ်ပြားမိတ္တူ
- ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ
- လိုင်စင်ဓါတ်ပုံ (၃)ပုံ
- မျှော်မှန်းလစာ နှင့်အတူ လျှောက်ထားနိုင်ပါသည်။
ဝန်ထမ်းခန့်ဖြစ်ပါက နေစရာစီစဉ်ပေးမည်ဖြစ်သောကြောင့် နယ်ဝေးမှလုပ်ကိုင်လိုသူများလည်းလျှောက်ထားနိုင်ပါသည်။
စိန်ပွင့်အထူးကုဆေးခန်း၏ Page messenger (သို့ ) Viber တွင် CV Form တင် လျှောက်ထားနိုင်ပါသည်။
ဆေးခန်းနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါက Page Messenger နဲ့ အောက်ပါဖုန်းနံပါတ်များကို လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
☎️ ဖုန်းနံပါတ်- 09 979 097 114, 09 983 673 281
🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်း၊ ခြောက်မိုင်ရပ်၊ မော်လမြိုင်မြို့။

#သားဖွားခန်း

#အထူးကုဆေးခန်း



#မော်လမြိုင်အထူးကုဆေးခန်း

09/05/2025

မော်လမြိုင်မြို့နဲ့အနီးတဝိုက်က ကျန်းမာရေးစောင့်ရှောက်မှုခံယူလိုသူတိုင်း၊ ကလေးမီးဖွားမဲ့ ကိုယ်ဝန်ဆောင်မေမေတိုင်းအတွက် "စိန်ပွင့် အထူးကုဆေးခန်းနှင့်သားဖွားခန်း" ရှိတာ မမေ့နဲ့နော် 🤗
(၂၄) နာရီမပြတ် ဖွင့်လှစ်ထားပြီး ကုသဝန်ဆောင်မှုပေးနေတဲ့အတွက် အရေးပေါ်ကျန်းမာရေးအခြေအနေတွေအတွက်လည်း အချိန်မရွေးလာရောက်ကုသမှု ခံယူနိုင်မှာပဲ ဖြစ်ပါတယ်။
မိသားစုတိုင်းကျန်းမာပျော်ရွှင်စေဖို့ "စိန်ပွင့်" ကအကောင်းဆုံး ကုသမှုတွေနဲ့အတူ စောင့်ကြိုနေပါတယ်နော် 💙💙
ဆေးခန်းနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါက Page Messenger နဲ့ အောက်ပါဖုန်းနံပါတ်များကို လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤗
☎️ ဖုန်းနံပါတ်- 09 979 097 114, 09 983 673 281
🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်းမကြီး၊ ခြောက်မိုင်ရပ်ကွက်၊ မော်လမြိုင်မြို့။


#သားဖွားခန်း
#အထူးကုဆေးခန်း



#မော်လမြိုင်အထူးကုဆေးခန်း

စိန်ပွင့်အထူးကုဆေးခန်းနှင့် သားဖွားခန်းမှာ တာဝန်ထမ်းဆောင်ရန် 🩺 X Ray Technician (ကျား/မ) ၁ ဦး၊ Housekeeper (ကျား/မ) ၁ ဦး...
07/05/2025

စိန်ပွင့်အထူးကုဆေးခန်းနှင့် သားဖွားခန်းမှာ တာဝန်ထမ်းဆောင်ရန်
🩺 X Ray Technician (ကျား/မ) ၁ ဦး၊ Housekeeper (ကျား/မ) ၁ ဦး၊ Cashier/Accountant (ကျား/မ) ၁ ဦး ဖိတ်ခေါ်လိုပါသည်။
အလုပ်လျှောက်ထားလိုသူများသည်
- ကိုယ်ရေးရာဇ၀င် CV Form
- ပညာအရည်အချင်းအောင်လက်မှတ် မိတ္တူ
- နိုင်ငံရေးစစ်ဆေးရေးကဒ်ပြားမိတ္တူ
- ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာ
- လိုင်စင်ဓါတ်ပုံ (၃)ပုံ
- မျှော်မှန်းလစာ နှင့်အတူ လျှောက်ထားနိုင်ပါသည်။
ဝန်ထမ်းခန့်ဖြစ်ပါက နေစရာစီစဉ်ပေးမည်ဖြစ်သောကြောင့် နယ်ဝေးမှလုပ်ကိုင်လိုသူများလည်းလျှောက်ထားနိုင်ပါသည်။
စိန်ပွင့်အထူးကုဆေးခန်း၏ Page messenger (သို့ ) Viber တွင် CV Form တင် လျှောက်ထားနိုင်ပါသည်။
ဆေးခန်းနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါက Page Messenger နဲ့ အောက်ပါဖုန်းနံပါတ်များကို လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်
☎️ ဖုန်းနံပါတ်- 09 979 097 114, 09 983 673 281
🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်း၊ ခြောက်မိုင်ရပ်၊ မော်လမြိုင်မြို့။

#သားဖွားခန်း

#အထူးကုဆေးခန်း



#မော်လမြိုင်အထူးကုဆေးခန်း

အပူလျှပ်ခြင်း (Heatstroke) ကို အခုထိသတိလက်လွတ်ဖြစ်နေတုန်းပဲလား  🚨 အခုလိုမျိုး အပူချိန်တွေ အရမ်းမြင့်တက်လာတာနဲ့အမျှ အားလု...
06/05/2025

အပူလျှပ်ခြင်း (Heatstroke) ကို အခုထိသတိလက်လွတ်ဖြစ်နေတုန်းပဲလား 🚨

အခုလိုမျိုး အပူချိန်တွေ အရမ်းမြင့်တက်လာတာနဲ့အမျှ အားလုံးသတိထားရမဲ့ အရေးကြီးတဲ့ ကျန်းမာရေးပြဿနာတစ်ခုကတော့ "အပူလျှပ်ခြင်း" (Heatstroke) ပဲ ဖြစ်ပါတယ်။ ဒီအပူလျှပ်ခြင်းက ပေါ့ပေါ့ဆဆ သဘောထားလို့ မရတဲ့အပြင်၊ အရေးပေါ် ဆေးကုသမှု ချက်ချင်းလိုအပ်ပြီး အသက်အန္တရာယ်အထိ ရှိလာနိုင်တဲ့ အခြေအနေတစ်ခုပါ။

♨️ အပူလျှပ်ခြင်းဆိုတာ ဘာလဲ

အပူလျှပ်ခြင်းဆိုတာ ခန္ဓာကိုယ်က အပူချိန်ကို သူ့အလိုလို ပြန်မထိန်းနိုင်တော့ဘဲ ကိုယ်တွင်းအပူချိန် (များသောအားဖြင့် 104°F (သို့) 40°C အထက်) အရမ်း မြင့်တက်လာတဲ့ အခြေအနေပါ။ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေလို အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို မြန်မြန်ဆန်ဆန်ပဲ ပျက်စီးစေနိုင်ပါတယ်။

♨️ ဘယ်သူတွေ ပိုသတိထားသင့်လဲ

📌 ကလေးငယ်များ (အထူးသဖြင့် မွေးကင်းစကလေးများ)
📌 သက်ကြီးရွယ်အိုများ (အသက် ၆၅ နှစ်နဲ့ အထက်)
📌 နာတာရှည်ရောဂါရှိသူများ (နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ ဆီးချို)
📌 ကိုယ်ဝန်ဆောင်များ
📌 အပြင်မှာ ကာယပင်ပန်း အလုပ်လုပ်ရသူများ (ဆောက်လုပ်ရေးလုပ်သားများ၊ လယ်သမားများ)
📌 အားကစားသမားများ
📌 အဝလွန်သူများ
📌 ရေဓာတ်ခန်းခြောက်နေသူများ

♨️ အပူလျှပ်ခြင်းအတွက် သတိထားရမဲ့ လက္ခဏာတွေက ဘာတွေလဲ

📌 အလွန်မြင့်မားသော ကိုယ်အပူချိန် (104°F or 40°C နှင့်အထက်)
📌 ချွေးထွက်ခြင်း မရှိတော့ဘဲ အသားအရေ ပူခြောက်နေခြင်း (အပူလျှပ်ခြင်းမှာ ခန္ဓာကိုယ်က ချွေးထွက်ပြီး အအေးခံတဲ့ စနစ် ပျက်စီးသွားလို့ပါ)
📌 ပြင်းထန်စွာ ခေါင်းကိုက်ခြင်း
📌 မူးဝေခြင်း၊ ခေါင်းမိုက်ခြင်း၊ အားနည်းခြင်း
📌 စိတ်ရှုပ်ထွေးခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊ စကားပြောမှားခြင်း
📌 ကြွက်တက်ခြင်း
📌 ပျို့အန်ခြင်း
📌 နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း
📌 သတိလစ်ခြင်း

တို့ ဖြစ်စေနိုင်ပါတယ်။

♨️ အပူဒဏ်နဲ့ အပူလျှပ်ခြင်းက‌နေကာကွယ်နိုင်ဖို့အတွက်

💧ရေများများသောက်ပါ
ရေငတ်မှ မဟုတ်ဘဲ တစ်နေ့တာလုံး ရေ၊ ဓာတ်ဆားရည်၊ သစ်သီးဖျော်ရည် တို့ကို မကြာခဏ သောက်ပါ။

🏡 အရိပ်ရပြီး အေးတဲ့နေရာမှာနေပါ
နေအပူဆုံးအချိန် (နေ့လည် ၁၁ နာရီ ကနေ ညနေ ၃-၄ နာရီအတွင်း) အပြင်ထွက်တာကို တတ်နိုင်သလောက် ရှောင်ပါ။ အိမ်ထဲမှာ ဒါမှမဟုတ် အဲကွန်း၊ ပန်ကာရှိတဲ့ နေရာတွေမှာ နေပါ။

🎽 ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားများဝတ်ပါ
ချည်သားလို အရောင်ဖျော့ဖျော့၊ ခပ်ပွပွ အဝတ်အစားတွေက အပူဒဏ်ကို သက်သာစေပါတယ်။

🤠 အပြင်ထွက်တဲ့အခါ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို ကာကွယ်ပါ။ ဦးထုပ်၊ ထီး ဆောင်းပါ၊ နေကာမျက်မှန်တပ်ပါ။

💧 ရေအေးနဲ့မကြာခဏ ရေချိုးပါ၊ ရေပတ်တိုက်ပါ။ ဒါက ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။

🏃🏻‍♀️ပင်ပန်းတဲ့ အလုပ်တွေကို အေးတဲ့အချိန်မှာလုပ်ပါ။
မနက်စောစော ဒါမှမဟုတ် ညနေပိုင်းတွေမှာ ပြောင်းလုပ်ပါ။ အလုပ်လုပ်တဲ့အခါ မကြာခဏ နားပေးတာမျိုး၊ ရေသောက်တာမျိုးလုပ်ပါ။

♨️ အပူလျှပ်ခြင်းမဖြစ်စေဖို့ ရှောင်ရန်အချက်တွေကတော့

🌞 နေအပူဆုံးအချိန်တွင် အပြင်ထွက်ခြင်းကိုရှောင်ပါ။
🌞 ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည်များနဲ့ အရက်က ရေဓာတ်ပိုဆုံးရှုံးစေပြီးတော့ အပူဒဏ်ကို ပိုဆိုးစေနိုင်ပါတယ်။
🌞 သကြားများတဲ့ အချိုရည်တွေက ရေငတ်ပြေစေတယ်လို့ ထင်ရပေမဲ့ တကယ်က ရေဓာတ်ကို ထိထိရောက်ရောက် မဖြည့်တင်းနိုင်ပါဘူး။
🌞 ကားထဲမှာ ကလေးများ၊ သက်ကြီးရွယ်အိုများ၊ အိမ်မွေးတိရစ္ဆာန်များကို တစ်ယောက်တည်း ထားခဲ့ခြင်းမလုပ်ပါနဲ့။
🌞 နေပူထဲမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ပါ။

♨️ အပူလျှပ်တယ်လို့ သံသယရှိရင် ဘာလုပ်ရမလဲ

📌 ချက်ချင်း အရေးပေါ် ဆေးကုသမှုခံယူဖို့
ပို့ဆောင်ပါ။ အချိန်မဆွဲပါနဲ့။
📌 လူနာကို အေးမြတဲ့နေရာ (အရိပ်ရ၊ လေအေးစက်ရှိရာ) ကိုချက်ချင်းရွှေ့ပါ။
📌 မလိုအပ်တဲ့ အဝတ်အစားတွေကို ဖယ်ရှားပါ။
📌 ခန္ဓာကိုယ်ကို ရေအေးနဲ့ ပတ်တိုက်ပေးခြင်း၊ ရေစိုအဝတ်နဲ့ အုပ်ပေးခြင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့ကို ရေခဲအိတ်ကပ်ပေးခြင်း၊ ပန်ကာနဲ့ လေမှုတ်ပေးခြင်းများ ပြုလုပ်ပါ။
📌 လူနာ သတိရှိသေးရင် ရေအေး (သို့) ဓာတ်ဆားရည် အနည်းငယ် တိုက်ပါ။
📌 သတိလစ်နေသော လူနာရဲ့ ပါးစပ်ထဲကိုတော့ ဘယ်အရည်မှ မတိုက်တာ အကောင်းဆုံးပါ။

အပူလျှပ်ခြင်းက ကြိုတင်ကာကွယ်လို့ ရတဲ့ အခြေအနေတစ်ခုပါ။ အခုလို ပူပြင်းတဲ့ရာသီမှာ ပြောပြသွားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာပြီး မိမိကိုယ်ကိုရော၊ မိမိချစ်ခင်ရသူတွေကိုပါ ဂရုစိုက်လိုက်ရအောင်နော် ♥️♥️

စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူဖို့လိုအပ်နေပြီဆိုရင်တော့ (၂၄) နာရီမပြတ်ဝန်ဆောင်မှုပေးနေတဲ့ စိန်ပွင့် ကိုသာသတိရလိုက်ပါ 🤗🤗

ဆေးခန်းနဲ့ပတ်သက်ပြီးအသေးစိတ်မေးမြန်းလိုပါက Page Messenger နဲ့ အောက်ပါဖုန်းနံပါတ်များကို လာရောက် ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤗

☎️ ဖုန်းနံပါတ်- 09 979 097114, 09 983 673821

🏥 ဆေးခန်းလိပ်စာ- အမှတ်(၆၁)၊ ကျိုက်မရောလမ်းမကြီး၊ ခြောက်မိုင်ရပ်ကွက်၊ မော်လမြိုင်မြို့။



#သားဖွားခန်း

#အထူးကုဆေးခန်း



#မော်လမြိုင်အထူးကုဆေးခန်း

ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ကိုယ်အား ဉာဏ်အားဖြင့် ကြိုးစားရုန်းကန် လုပ်ကိုင်နေတ...
01/05/2025

ယနေ့ မေလ (၁) ရက်နေ့မှာ ကျရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ
ကိုယ်အား ဉာဏ်အားဖြင့် ကြိုးစားရုန်းကန် လုပ်ကိုင်နေတဲ့အလုပ်သမားများကို⚙️

စိန်ပွင့် မိသားစုမှ လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်ရှင် 🥰

#စိန်ပွင့် #အလုပ်သမားနေ့

Address

အမှတ်(၆၁), ကျိုက်မရောလမ်း, ခြောက်မိုင်ရပ်, မော်လမြိုင်
Mawlamyine
12011

Telephone

+959979097114

Website

Alerts

Be the first to know and let us send you an email when Sein Pwint Specialist Clinic & Maternity Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sein Pwint Specialist Clinic & Maternity Care:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram