မြတ်စေတနာအထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

  • Home
  • Myanmar
  • Mawlamyine
  • မြတ်စေတနာအထွေထွေရောဂါကုတိုင်းရင်းဆေးခန်း

မြတ်စေတနာအထွေထွေရောဂါကုတိုင်းရင်းဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြတ်စေတနာအထွေထွေရောဂါကုတိုင်းရင်းဆေးခန်း, Hospital, အမှတ် (၁၃၇)၊အထက်လမ်းမကြီး၊ကွင်းရပ်(သီရိမြိုင်ရုပ်ရှင်ရုံနှင့်မောင်ငံစျေးကြား), Mawlamyine.

12/12/2024

ရှားစောင်းလက်ပတ်10ပိဿာခန့်
ဝယ်လိုပါသည်
09797234067

 #မြတ်စေတနာ အထွေထွေရောဂါကု     #တိုင်းရင်းဆေးခန်းတွင် ✅ဆီးချိုစစ်ဆေးခြင်း✅Uric Acidစစ်ဆေးခြင်း✅ Cholesterolစစ်ဆေးခြင်းအပ...
11/12/2024

#မြတ်စေတနာ အထွေထွေရောဂါကု

#တိုင်းရင်းဆေးခန်းတွင်

✅ဆီးချိုစစ်ဆေးခြင်း
✅Uric Acidစစ်ဆေးခြင်း
✅ Cholesterolစစ်ဆေးခြင်းအပြင်
✅ Haemoglobinစစ်ဆေးခြင်းများလည်း ပြုလုပ်နိုင်ပါသည်။

❤️မြတ်စေတနာအထွေထွေရောဂါကု တိုင်းရင်းဆေးခန်း ❤️အမှတ် ( 137 ) ၊ အထက်လမ်းမကြီး ၊ ကွင်းရပ် ၊
မော်လမြိုင်မြို့။
☎️09 797 234 067☎️09 420 761 071
☎️09 974 162 323

07/10/2024

❤️မြတ်စေတနာ❤️
အထွေထွေရောဂါကု တိုင်းရင်းဆေးခန်း
အမှတ် ( 137 ) ၊ အထက်လမ်းမကြီး ၊ ကွင်းရပ် ၊
မော်လမြိုင်မြို့။
☎️09 797 234 067
☎️09 420 761 071
☎️09 974 162 323

01/10/2024

တောင်တက်ရင်း ခြေခေါက်လဲရာကနေ
‌ဒဏ်ဖြစ်ခဲ့တဲ့ Ankle Sprain( ခြေကျင်းဝတ်) ဒဏ်နာလူနာပါ

အများအားဖြင့် အခုလို Ankle Sprainတွေဟာ
ဘောလုံး ဘက်စကက် ဘောလီဘော တင်းနစ်စတဲ့
အားကစားသမားများနဲ့ အဝလွန်သူတွေမှာ အဖြစ်များတက်ကြပါတယ်

သာမန် Ligaments ( အရွက်ပြား )နဲ့ Muscle ( ကြွက်သား) ဒဏ်နာဖြစ်တာလောက်ဆိုရင်
3ပတ်ခန့်နေရင် သက်သာတက်ပြီး
ပြင်းထန်ခဲ့ရင်တော့ ....
3ပတ်ကနေ 6ပတ်ခန့်အထိ ကြာတက်ပါတယ်

အပြင်းထန်ဆုံးအဆင့်ဆိုရင်တော့
လပေါင်းများစွာကြာတက်ပြီး အပြုမူ အနေထိုင်
လွဲမှားတဲ့အခါ ပြန် ပြန်ဖြစ်တက်ပါတယ်။

ယခုလူနာကတော့ 3ရက်မြောက်ဆေးပြီး
သက်သာတဲ့အခြေကို ရောက်နေပါပြီ💞💞

မြတ်စေတနာအထွေထွေရောဂါကု တိုင်းရင်းဆေးခန်း
အမှတ် ( 137 ) ၊ အထက်လမ်းမကြီး ၊
ကွင်းရပ် ၊ မော်လမြိုင်မြို့။
☎️09 797 234 067
☎️09 420 761 071
☎️09 974 162 323

 #ကြက်သွန်ဖြူပင်၁။ ရုက္ခဗေဒအမည် - Allium sativum Linn၂။ မျိုးရင်း LILIACEAE၃။အခေါ်အဝေါ်(က) မြန်မာအမည် - ကြက်သွန်ဖြူ( ခ )...
10/09/2024

#ကြက်သွန်ဖြူပင်

၁။ ရုက္ခဗေဒအမည် - Allium sativum Linn

၂။ မျိုးရင်း LILIACEAE

၃။အခေါ်အဝေါ်

(က) မြန်မာအမည် - ကြက်သွန်ဖြူ

( ခ ) အင်္ဂလိပ်အည် Garlic

( ဂ ) မွန်အမည် Casaun_phet-Tine

(ဃ) ချင်းအမည် Kai_Sun-kang

၄။ ပုံသဏ္ဌာန်

#အပင်
ပင်ပျော့ပင်ငယ်မျိုးဖြစ်သည်။ ၁ပေခန့်ထိရှည်သည်။
ပင်စည်မှာ ဥ၏ အောက်ခြေတွင်ရှိပြီး အနည်းငယ်
မာကျော၍ အဝိုင်းငယ်ပုံသဏ္ဌာန်ရှိ၏။ ၎င်းမှအမြစ်များဖြာထွက်သည်။

#အရွက်

အရွက်များ မြေပေါ်သို့ ဥထွက်သည်။ ရှည်လျားသေး သွယ်၍ ပြားချပ်သော အကြောပြိုင်ထွက်များဖြစ်ပြီးလျှင် စိမ်းပြာရောင်ရှိသည်။

#အပွင့်
ပန်းခိုင်မှာ လုံးဝိုင်းပြီး ပန်းပွင့်များစုပေါင်းနေသည်။ ပြာသိုလ၊ တပို့တွဲလတွင် ပွင့်သည်။

#ဥ
အဖြူရောင်ရှိပြီး သေးငယ်သည်။ ကျယ်ပြန့်သော ဘဲဥပုံ ဖြစ်သည်။ တစ်ဥတည်း သို့မဟုတ် အတက်များဖြင့် စုပေါင်းနေပြီး အခွံပါးဖြင့်ဖုံးအုပ်ထားသည်။

၅။ ပေါက်ရောက်သည့်ဒေသ ရှမ်းပြည်နယ်တွင် အများအပြားစိုက်ပျိုးပေါက်ရောက်သည်။

၆။ အာနိသင် အချဉ်အရသာမှတစ်ပါး အရသာ (၁) မျိုးရှိ၏။ လေသက်၊ သလိပ်ရွှင်၊ ချွေးထွက်၊ သုက်ပွားစေသည်။

၇။ အသုံးပြုပုံ

( ၁ ) အဆီကျစေနိုင်သဖြင့် နေ့စဉ်မှန်မှန် စားသုံးပါက သွေးတိုး ရောဂါ မဖြစ်စေရန်နှင့် ဖြစ်ပွားနေသော သွေးတိုးရောဂါ ကို ပျောက်စေသည်။

(၂) အစာစားနေစဉ် အတူစားသုံး၍ဖြစ်စေ၊ အစာစားပြီး ဆေးအဖြစ်အမှုန့်ပြု စားသုံးလျှင် အစာကြေ၍ လေသက် စေနိုင်သည်။

(၃ ) ကလေးများ လေဆန်နာဖြစ်လျှင် ကြက်သွန်ဖြူဥတစ်လုံး ကို မီးဖုတ်ကျွေးပါက ပျောက်ကင်းသည်။

( ၄ ) အဆုတ်နှင့်ဆိုင်သော အဆုတ်အအေးမိ၊ အဆုတ်ပွ သော ရောဂါများကို ပျောက်ကင်းစေသည်။

( ၅ ) အအေးမိခြင်းနှင့် တုတ်ကွေးဖျားများကိုလည်း ပျောက် စေသည်။

( ၆ ) ကြက်သွန်ဖြူကို အဆီထုတ်၍ တိုက်ကျွေးပါက သလိပ် ရွှင်စေ၊ ချောင်းဆိုးသလိပ်ကပ်ခြင်းတို့ကို ပျောက်ကင်းစေသည်။

(၇ ) ရောဂါပိုးများကို သေစေနိုင်သဖြင့် မြစ်ခြောက်နာခေါ် အဆုတ်နာ (တီဘီ)ရောဂါကို တိုက်ကျွေးနိုင်သည်။

(၈ ) လိမ်းဆေးအဆီအဖြစ် နှမ်းဆီနှင့် လေးညှင်းတို့နှင့် ရောစပ်၍ ကျိုချက်ပြီးလိမ်းလျှင် ကိုယ်လက်အကိုက် အခဲနှင့် နားကိုက်နားပြည်ယိုခြင်းကို သက်သာစေသည်။

( ၉ ) နေ့စဉ်မှန်မှန် တို့စားပေးပါက ကျန်းမာရေးအတွက် ကောင်းမွန်ပြီးရောဂါကင်းစေ၍ အသက်ရှည်စနိုင်သည်။

( ၁၀) နှလုံးနှင့်ပတ်သက်သောရောဂါရှင်များအတွက်လည်း ဆေးအနေနှင့်သော်လည်းကောင်း၊ အစာအာဟာရ အဖြစ်နှင့် မှန်မှန်စားသုံးပါက ဖြစ်ပွားမှု နှုန်းနှေးကွေးပြီး တဖြည်းဖြည်း သက်သာစေနိုင်ပါသည်။

(၁၁) ကြာရှည်စားသုံးလျှင် ဆံပင်ကိုနက်စေ၍ သုက်ကိုပွား စေသည်။


(၁၂ ) မြစ်ပွားနာ (ခေါ်) ကင်ဆာရောဂါဖြစ်ပွားနှုန်း နည်းစေရန် အတွက် ကြိုတင်ကာကွယ်စားသုံးပေးနိုင်သည်။

(၁၃) ကြက်သွန်ဖြူ ဥတစ်လုံးကို ကြေးချိတ်နှင့်ဖောက်၍ ပျားရည်တွင် စိမ်ထားပြီးစားသုံးပါက အိပ်ပျော်စားဝင် အင်အားပြည့်ဖြိုးစေနိုင်ပါသည်။

(၁၄) သွေးတွင်းရှိသော cholesterol ကိုကျစေသဖြင့် သွေး ကြောကျဉ်း၊ နှလုံးရောဂါများအတွက် လွန်စွာသင့်တော် ပါသည်။

(၁၅) စမုန်နက်၊ ရှိန်းခို၊ ကြက်သွန်ဖြူ၊ လင်းနေ၊ ကြောင်ပန်း ရွက် ဆတူယူ၍ အမှုန့်ပြုကြိတ်ကာ ပဲဝက်ခန့် အလုံးပြု လုပ်၍ ထားပါ။ ၄င်းဆေးလုံးမှ ၃ လုံးထိ တိုက်ကျွေး ခြင်းဖြင့် ဝမ်းဗိုက်နာ၊ လေနာ၊ အစာအိမ်နာ အမျိုးမျိုးကို ပျောက်ကင်းစေပါသည်။

စာသားများ ကူယူဖော်ပြလိုပါက
ကျွန်တာ်တို့ရဲ့
#မြတ်စေတနာ အထွေထွေရောဂါကု
တိုင်းရင်းဆေးခန်းအမည်မဖြုတ်ဘဲ ကူးယူဖော်ပြပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

မြတ်စေတနာအထွေထွေရောဂါကု တိုင်းရင်းဆေးခန်း အမှတ် ( 137 ) ၊ အထက်လမ်းမကြီး ၊
ကွင်းရပ် ၊ မော်လမြိုင်မြို့။
☎️09 797 234 067
☎️09 420 761 071
☎️09 974 162 323

Refe: ဆေးဖက်ဝင်အပင်ပေါင်းချုပ်

ဒညင်းသီးထဲမှာပါတဲ့ အက်ဆစ်ကို Djenkolic acid လို့ ခေါ်ပါတယ်။ အရပ်ထဲမှာတော့ "ရေ၅ထပ်သွန်ပြီးပြုတ်တယ်""အဆိပ်ထုတ်ပြီးပြုတ်တယ်...
10/09/2024

ဒညင်းသီးထဲမှာပါတဲ့ အက်ဆစ်ကို
Djenkolic acid လို့ ခေါ်ပါတယ်။

အရပ်ထဲမှာတော့
"ရေ၅ထပ်သွန်ပြီးပြုတ်တယ်"
"အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့
"ထန်းလျှက်နဲ့ပြုတ်ရင်အဆိပ်ပြေတယ်"တို့
"ထိပ်ကအဆိပ်ဆံလေးထုတ်ပြီးပြုတ်ရင်
ဘာမှမဖြစ်ဘူး"တို့ စသဖြင့်
မျိုးစုံကြားရပါတယ်

တကယ်တော့ အဆိပ်ဆံလို့သိနေတဲ့နေရာက
ဒညင်းအပင် ပေါက်မယ့်နေရာ ဖြစ်ပါတယ်။
အဆိပ် နဲ့မဆိုင်ပါဘူး
အယူအဆ မှားနေတာပါ။

ဒညင်းသီး အသား တစ်ခုလုံးမှာ
အဆိပ်ဓာတ် Djenkolic acid တွေ
အပြည့် ပါပါတယ်။

ဒညင်းသီးစားလိုက်တဲ့အခါမှာ
ဒီ အဆိပ်ဓာတ်က အစာအိမ် ကတဆင့်
အူ ထဲကို အရင်ရောက်ပါတယ်

အူ ထဲကနေ စုပ်ယူပြီး
သွေး ထဲမှာရှိနေတုန်းမှာ
ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး
ပျောက်မသွားပါဘူး

ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ
ကျောက်ကပ် ကိုမဖြစ်မနေ
ဖြတ်သန်းရပါတယ်။

အဆိုပါအဆိပ်
ကျောက်ကပ်ထဲ ရောက်ချိန်၊
ဆီးဖြစ်လာတဲ့အချိန်၊
ဆီးက အက်ဆစ် pH ဘက်ကို
ရောက်တဲ့အချိန်မှာမှ
အချိုမှုန့်ချောင်းလေး တွေပုံစံ
Crystal အဖြစ်ပြောင်းပြီး
ကျောက်ကပ် ပြွန်သေးသေးလေးတွေ
ပေါ်မှာ စိုက်စူးစေပါတော့တယ်။

အဲဒီအချိန်မှာ
ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ ပျက်စီးပြီး
ဆီး ထဲ သွေးပါလာတာမျိုး
ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။

ဘယ်နှစ်ရေ ပဲပြုတ်ပြုတ်
ဘာထည့်ပြီးပြုတ်ပြုတ်
အဆိပ်ဓာတ်ရှိနေတာ ပဲမို့
ဆီးချို သွေးတိုး ရှိပြီးသားသူများ
ရှောင်သင့်ပါတယ်။

များများစားမှ ဖြစ်တာမျိုး မဟုတ်ဘဲ
တစ်လုံး နှစ်လုံးစားရုံနဲ့လည်း
ဆေးရုံ ရောက်တတ်ပါတယ်။

စားကောင်းပေမယ့်
ဒညင်းသီးအစား အရသာတူတဲ့
မျောက်ငိုသီး လို ၊
နှစ်တစ်ရာသီး၊
ပဲကော လို
ဟာတွေ အစားထိုးပြီး စားတာ
အကောင်းဆုံးပါ။

ကျောက်ကပ်က လူ့အတွက်
တန်ဖိုး ကြီးပါတယ် ။

ကျောက်ကပ် ပျက်စီးရင်
အမြဲတမ်း ကျောက်ကပ်ဆေး နေရတာမျိုးကို
မသေမချင်း လုပ်သွားရမှာပါ၊
အခြေအနေပေါ် မူတည်ပြီး
နှစ်ပတ် တစ်ခါ သို့မဟုတ်
တစ်လ တစ်ခါ
ပုံမှန် ကျောက်ကပ်ဆေး ရပါတယ်၊
တစ်ခါ ဆေးရင် နှစ်သိန်းဝန်းကျင်
ကုန်ကျပါတယ်။

ကျောက်ကပ် အစားထိုး လဲဖို့ဆိုရင်လည်း
သိန်း ရာနဲ့ချီ ကုန်ပါတယ်။

မသိလို့ စားခဲ့တာကတော့
ပြင်လို့ မရတော့ပေမယ့်
ဒီအန္တရာယ်ကို သိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့
တင်ပြလိုက်ရပါတယ်။

DrKyawSoeHtet

Credit to original

 #ရှားစောင်းလက်ပတ် (Aloe vera)(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာရှားစောင...
25/08/2024

#ရှားစောင်းလက်ပတ် (Aloe vera)

(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ
ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ
● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊ ● အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊ ● အစာခြေရာတွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။ ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

*နှုတ်ခမ်းအတွက်
ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

*အသားအရေအတွက်
ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့
သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက်
ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားမည်။

*ပေါက်ရောက်ပုံ
အပူပိုင်း ဒေသ များတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။

*အသုံးပြုပုံ
ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

*အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။

*အသုံးဝင်သောအပိုင်း
အရွက်

Botanical name -Aloe vera Linn
Family name -Liliaceae.
English name -Barbados Aloes

အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။

Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။ အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။ အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။ ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။ အပွင့် - ၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

***-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

***အသုံးပြုပုံ***
အရွက်
၁။ ရှားစောင်း လက်ပပ်သည် မီးယပ် ဆေးအဖြစ် အလွန် ထင်ရှား ၏ ။ ရှားစောင်း လက်ပပ် အတွင်း သားကို ပေါက်ပင် ပဥ္စငါးပါး မီးရှို့ ၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ် ဖြူးစားသော် မီးယပ်သွေး စင်ကြယ် စွာဆင်း၏။

၂။ရှားစောင်း လက်ပပ်သည် အနာ စိမ်း ၊ ဖျဉ်းစွဲ ရောဂါ ၊ အသည်း ရောဂါ ၊ အရေပြား ရောဂါ ၊ အဖျား ရောဂါ ၊ ပန်းနာ ၊ နူနာ ၊ ကိုယ်ရေဝါ ရောဂါ ၊ ဆီး၌ ကျောက်တည် သော ရောဂါများ ကို အလွန် နိုင်နင်းသော ဆေးပင် ဖြစ်သည်။

၃။ ၎င်းသည် လိမ်းဆေး အဖြစ်နှင့် လည်းကောင်း အလွန် စွမ်းရည် ရှိသော ဆေးပင် ဖြစ်၍ ၎င်း၏ အတွင်း သားကို ဝမ်းဗိုက် ကပ်၍ အုံပေး ပါက သွေးလုံး လေလုံး များကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။

၄။၎င်း၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။

၅။ရှားစောင်း လက်ပပ် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။

၆။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစု နာ များ ပေါ်တွင် ရှားစောင်း လက်ပပ်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။

၇။ ကိုယ်ရေဝါ (Jaundice) ရောဂါ ရှိသူ များ အရွက်သား ကို စားပါက ဆီးဝမ်းသက် ပြီး ရောဂါ လည်း ပျောက်၏။

၈။ အရွက် အတွင်းသား ကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။

၉။ အတွင်းသား ကို လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်ကင်း ၏။

၁၀။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေး ရည်တွင် စိမ်ပြီး လျှင် သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်း သည်။

#လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များ

 #မျောက်ကျောက်ရောဂါ ( )           July, 2022 မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတကာမှအလေးထားရမယ့် ပြည်သူ့ကျန်းမာရေးအရ...
23/08/2024

#မျောက်ကျောက်ရောဂါ ( )


July, 2022 မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတကာမှအလေးထားရမယ့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ အဖြစ် ကြေညာခဲ့ပြီး ငြိမ်သွားခဲ့ရာကနေ ခု ပြန်လည်ထကြွလာပြန်ပါပြီ Africa နိုင်ငံတွေမှာ အတွေ့များပေမယ့် ဟိုဟိုဒီဒီ သွားလာနေကြတော့ မရောက်လာဘူးလည်း ပြောမရပါဘူး။

ရေကျောက်ရောဂါ နှင့် ဆင်တူပါတယ်

- အဖျားကြီးတယ်
- အရေပြားမှာ အရည်ကြည်အဖုတွေထွက်တယ်
အစရှိသဖြင့်ပေါ့

🦠 Virus ပိုးကြောင့် ဖြစ်ရတာဖြစ်ပါတယ်
👉 Monkey Pox Virus လို့ခေါ်ပါတယ်

1950 ကျော်လောက်က ဓာတ်ခွဲခန်းမှာ မွေးထားတဲ့ မျောက်တွေမှာ ကျောက်ရောဂါ နဲ့ ဆင်တူတဲ့ ရောဂါဖြစ်ကြတာကနေ Monkey Pox ကို တွေ့ရှိခဲ့ကြပါတယ်။

ရောဂါလက္ခဏာတွေက

​- မအီမသာ နဲ့ နေလို့ မကောင်းဘူး
- အစားအသောက် ပျက်တယ်
- ပင်ပန်းနွမ်းနယ် နေရာကနေ

- ကိုယ်ပူလာတယ်
- ကိုယ်လက် ကိုက်လာတယ်
- ခေါင်းတွေ ကိုက်လာတယ်

ရေကျောက် နဲ့ မျောက်ကျောက်က သေသေချာချာ ကြည့်ရင် ဖျားတာ နဲ့ အနီစက်ထွက်တာပဲ ဆင်တူပြီး

အကျိတ်တွေ ထွက်တာ (လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံ) 👉 မျောက်ကျောက်မှာ ပိုဖြစ်ပါတယ်
အနီစက်ထွက်တဲ့ ပုံစံ
👉 ရေကျောက် မှာ ကျော၊ ရင်ပတ်၊ ဗိုက် စတဲ့ ကိုယ်လုံး နေရာက စထွက်ပြီး
👉 မျောက်ကျောက်က မျက်နှာ၊ ခြေ ၊ လက်၊ Private part စတာတွေက နေ စထွက်ပါတယ်။

လောလောဆယ် ကျွန်တော်တို့ဆီမှာ မတွေ့ရှိသေးပါ

" သတိဆိုတာ ပိုတယ် မရှိလို့" သတိထားကြရအောင်
ပုံစာလေးတွေ နဲ့ ဆိုတော့ မှတ်မိလွယ်တာပေါ့

(ကမ္ဘာကပ်ရောဂါကြီးတွေ တစ်ခုပြီးတစ်ခု ကြုံလာရပြီး စိတ်ဖိစီးမှုများလွန်းနေတဲ့ အချိန်လေးမှာ ကြောင်လေးတွေ နဲ့ ခဏတာလောက်ဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေး ဖြစ်ရအောင် ရည်ရွယ်ပါတယ်)



Dr. ဘုန်းစည်သူလွင်pageမှ ကူးယူဖော်ပြသည်။

အာဟာရနှင့် ကျန်းမာရေးဆေးဖက်ဝင် ဇီးဖြူသီးအကြောင်းဇီးဖြူသီးကိုကြော်စားတာ၊ ထောင်းစားတာမျိုးတွေရှိပါတယ်။ ဆေးဖက်ဝင်တဲ့အသီးတစ်...
22/08/2024

အာဟာရနှင့် ကျန်းမာရေး
ဆေးဖက်ဝင် ဇီးဖြူသီးအကြောင်း

ဇီးဖြူသီးကိုကြော်စားတာ၊ ထောင်းစားတာမျိုးတွေရှိပါတယ်။ ဆေးဖက်ဝင်တဲ့အသီးတစ်မျိုးလည်းဖြစ်ပါတယ်။ ဇီးဖြူသီးမှာ ဗီတာမင်စီနဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဇီးဖြူသီးကိုစားသုံးပေးမယ်ဆိုရင် ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများကို မျှဝေပေးချင်ပါတယ်။

၁။ #အမြင်အာရုံကြည်လင်စေခြင်း
ဇီးဖြူသီးကိုစားပေးမယ်ဆိုရင် မျက်လုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ အသက်အရွယ်ကြီးလာရင်တွေ့ကြုံရမဲ့ အမြင်အာရုံဆုံးရှုံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဇီးဖြူသီးမှာပါဝင်တဲ့ဓါတ်တိုးဆန့်ကျင်ပစ္စည်းက မျက်ကြည်လွှာကို oxidativestress တွေကြောင့် ပျက်စီးမှုကနေကာကွယ်ပေးပြီ; ရေတိမ်ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပါတယ်။ ဇီးဖြူသီးကိုရေစိမ်ပြီး စိမ်ထားတဲ့အရည်နဲ့ မျက်စဉ်းခပ်ပေးမယ်ဆိုရင် အမြင်အာရုံကိုကြည်လင်စေပါတယ်။

၂။ #စိတ်ဖီးစီးမှုကိုသက်သာစေခြင်း
ဇီးဖြူသီးက စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး အိပ်ပျော်စေပါတယ်။ ဦးရေပြားကို ဇီးဖြူသီးအဆီလူးနယ်ပြီးနှိပ်နယ်ပေးပါက အိပ်ပျော်စေမှာဖြစ်သလို ခေါင်းကိုက်တာကိုလည်းသက်သာစေပါတယ်။ ရေမချိုးခင် ဇီးဖြူသီးအဆီကို ဦးရေပြားမှာလိမ်းပေးမယ်ဆိုရင် ကြက်မျက်သင့်တာနဲ့ မအီမသာဖြစ်တာတွေကို သက်သာစေမှာဖြစ်ပါတယ်။

၃။ #ကူးစက်ရောဂါများကိုတိုက်ဖျက်ပေးနိုင်ခြင်း
ဇီးဖြူသီးကိုစားပေးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို တိုးစေနိုင်ပါတယ်။

၄။ #နှလုံးကျန်းမာစေခြင်း
ဇီးဖြူသီးက နှလုံးသွေးကြောစနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ဇီးဖြူသီးဟာဆိုရင် နှလုံးအတွက်အကျိုးပြုနိုင်တဲ့ အာဟာရဓါတ်တွေပါဝင်တာကြောင့် နှလုံးသွေးကြောပိတ်တာတွေမဖြစ်အောင် ကာကွယ်ပေးသလို သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုလည်း လျှော့ချပေးပါတယ်။ အကျိုးပြုကိုလက်စထရောတွေတိုးအောင်လည်း လုပ်ဆောင်ပေးပါတယ်။ နှလုံးသွေးကြောတွေထဲမှာ အဆီတွေစုပုံ ပိတ်ဆို့တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၅။ #အစာကြေနိုင်စွမ်းရှိခြင်း
ဇီးဖြူသီးက အမျှင်ဓါတ်ကြွယ်ဝတာကြောင့် အူမကြီးနဲ့ အစာချေအူလမ်းကြောင်းသန့်ရှင်းအောင်လုပ်ဆောင်ပေးပါတယ်။ အစာချေစနစ်ကို အားဖြည့်ပေးပြီး ခန္ဓာကိုယ်ရဲ့ အာဟာရဓါတ်စုပ်ယူနိုင်စွမ်းကို တိုးတက်စေပါတယ်။ ၎င်းရဲ့ချဉ်ပြီးဖန်တဲ့အရသာက အစာချေအင်ဇိုင်းတွေထွက်လာအောင်လှုံ့ဆော်ပေးပါတယ်။ ဝမ်းချုပ်တာနဲ့ အူမကြီးဆိုင်ရာဝေဒနာတွေကို သက်သာစေနိုင်တဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပါတယ်။

၆။ #အရေပြားကျန်းမာစေခြင်း
ဇီးဖြူသီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အရေပြားကိုကြည်လင်ဝင်းပစေပြီး အဆိပ်အတောက်တွေကိုဖယ်ရှားပေးပါတယ်။ ဝက်ခြံတွေကိုကင်းစေပြီး ချွေးပေါက်ကိုကျဉ်းစေပါတယ်။ အရေပြားမှာဖြစ်ပေါ်တတ်တဲ့ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ free radical တွေကြောင့်အရေပြားပျက်စီးတာတွေကိုလျှော့ချပေးပါတယ်။

၇။ #ဆံသားကိုနက်မှောင်သန်စွမ်းစေခြင်း
ဇီးဖြူသီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်မကျွတ်အောင်ကာကွယ်ပေးနိုင်သလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကလည်း ဆံပင်ကိုသန်စွမ်းနက်မှောင်စေပါတယ်။ ဆံပင်တွေကိုသန်စေပြီးဗောက်လည်းကင်းစေပါတယ်။ ကျန်းမာသန်စွမ်းတဲ့ဆံကေသာကိုပိုင်ဆိုင်နိုင်စေဖို့ ဇီးဖြူသီးကိုအသုံးပြုပေးနိုင်ပါတယ်။

၈။ #ကိုယ်အလေးချိန်ကျစေနိုင်ခြင်း
ဇီးဖြူသီးက ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကိုမြင့်တင်ပေးပြီး အဆီတွေစုပုံမှုကိုလျော့ချပေးနိုင်ပြီး အဆာခံစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကိုလျှော့ချရာမှာ အထောက်အကူပြုနိုင်ပါတယ်။

၉။ #အရိုးတွေကိုကြံ့ခိုင်သန်စွမ်းစေခြင်း
ဇီးဖြူသီးရဲ့အဆီအနှစ်က အရိုးတွေကိုပျက်စီးစေနိုင်တဲ့ဆဲလ်တွေဖြစ်တဲ့ osteoclasts ဆဲလ်တွေရဲ့ လုပ်​ဆောင်မှုကို နှေးကွေးစေနိုင်တာကိုတွေ့ရှိရပါတယ်။ ဇီးဖြူသီးမှာရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့အစွမ်းသတ္တိရှိတာကြောင့် လေးဖက်နာဝေဒနာသည်တွေမှာ အရိုးအဆစ်တွေရောင်ရမ်းနာကျင်တာတွေကို သက်သာစေပါတယ်။

၁၀။ #ကျောက်ကပ်ကျောက်တည်တာကို သက်သာစေခြင်း
ဇီးဖြူသီးအမှုန့်ကို မုန်လာဥအဖြူနဲ့ တွဲဖက်စားပေးတာက ကျောက်ကပ်မှာကျောက်တည်တာကို သက်သာစေနိုင်ပါတယ်။

၁၁။ #အနာပဆုပ်ဆေး
အနာပဆုပ်ပေါ်သော် ဇီးဖြူသီးကို မီးဖုတ်၍အုံပေးရတယ်လို့လေ့လာမိပါတယ်။ (အနာပဆုပ် ဇီးဖြူဖုတ်)

#မြတ်စေတနာ
#အထွေထွေရောဂါကုဆေးခန်း
#မော်လမြိုင်

မြတ်စေတနာအထွေထွေရောဂါကု တိုင်းရင်းဆေးခန်း အမှတ် ( 137 ) ၊ အထက်လမ်းမကြီး ၊ ကွင်းရပ် ၊ မော်လမြိုင်မြို့။ ☎️09 797 234 067☎️09 420 761 071☎️09 974 162 323

20/08/2024

ရှားစောင်းလက်ပတ် ပိဿာ၂၀ခန့် ဝယ်ယူလိုပါတယ်
‌09974162323ကိုဆက်သွယ်ပေးပါ

19/08/2024

#တိုင်းရင်းဆေး အမှတ်မျိုးစုံ
လက်လီ/လက်ကားရရှိနိုင်ပါတယ်။

မြတ်စေတနာအထွေထွေရောဂါကု တိုင်းရင်းဆေးခန်း အမှတ် ( 137 ) ၊ အထက်လမ်းမကြီး ၊ ကွင်းရပ် ၊ မော်လမြိုင်မြို့။ ☎️09 797 234 067☎️09 420 761 071☎️09 974 162 323

17/08/2024

#ခါးနာ သက်သာစေသော
အလွယ်ကူဆုံး နည်းလမ်း ၆ခု



#မြတ်စေတနာ #တိုင်းရင်းဆေးခန်း


မြတ်စေတနာအထွေထွေရောဂါကု တိုင်းရင်းဆေးခန်း
အမှတ် ( 137 ) ၊ အထက်လမ်းမကြီး ၊ ကွင်းရပ် ၊ မော်လမြိုင်မြို့။ ☎️09 797 234 067☎️09 420 761 071☎️09 974 162 323

Address

အမှတ် (၁၃၇)၊အထက်လမ်းမကြီး၊ကွင်းရပ်(သီရိမြိုင်ရုပ်ရှင်ရုံနှင့်မောင်ငံစျေးကြား)
Mawlamyine
12011

Telephone

+959420761071

Website

Alerts

Be the first to know and let us send you an email when မြတ်စေတနာအထွေထွေရောဂါကုတိုင်းရင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category