
14/10/2024
💡ခါးနာရခြင်းအကြောင်းအရင်းများ နှင့် နာကျင်မှုလျော့နည်းစေသောနည်းလမ်းများ💡
🔖အလေးအပင်မကြာခဏမ,မိခြင်းများ (သို့) မတော်တဆထိခိုက်မိခြင်းနှင့် လဲကျခြင်းတို့ကြောင့်ခါးနာတတ်သလို အချိန်ကြာကြာမတ်တတ်ရပ်ခြင်း၊ ထိုင်ခြင်း၊ ခါးရိုးပုံစံမမှန်ဘဲအိပ်စက်မိခြင်းများကြောင့်လဲ ခါးရိုးဆစ်နှင့် ခါးရိုးဘေးရှိကြွက်သားများနာကျင်တတ်ပါတယ်။
ခါးနာရတဲ့အကြောင်းအရင်းများထဲကမှ ခါးရိုးဆစ်ပြားခြင်း၊ ကျွံခြင်း၊ ခါးကျီးပေါင်းတို့ကြောင့် ခါးအာရုံကြောနှင့်တင်ပါးခွက်ကြောညှပ်ခြင်း(အရပ်ခေါ် ပေါင်တန်းနာ)များလဲဖြစ်ပွားနိုင်တာကြောင့် နီးစပ်ရာဆေးခန်းသို့ ချက်ချင်းသွားရောက်ပြသသင့်ပါတယ်။
💢ခါးနာနေတဲ့အချိန်မှာ နာကျင်တဲ့အခြေအနေကိုဒီထက်ပိုမဆိုးသွားစေဘဲ သက်သာစေဖို့အတွက် အနေအထိုင်ဂရုစိုက်ဖို့က အရမ်းအရေးကြီးပါတယ်။ ခါးရိုးဆစ်နဲ့ကြွက်သားတွေ ရောင်ရမ်းခြင်း၊ တင်းမာခြင်း၊ လှုပ်ရှားရာတွင်နာကျင်ခြင်းများကို လျော့နည်းစေဖို့ပထမဆုံးနည်းလမ်းကတော့ ခါးနာသည့်လူနာများအတွက်ထုတ်လုပ်ထားတဲ့ (Lumbar brace)ခါးပတ်ကို ပတ်ထားဖို့ဖြစ်ပါတယ်။ ခါးပတ်ကို အစာစားချိန်နှင့် အိပ်စက်ချိန်မှလွဲပြီး ကျန်တဲ့အချိန်တွေမှာအမြဲတမ်းပတ်ထားရပါမယ်။💢
‼️ခါးနာခြင်းအတွက် မခွဲစိတ်ပဲကုသခြင်းက ပထမဦးစားပေးဖြစ်ပါတယ်။
အနားယူခြင်း၊ ရေနွေးအိတ်ကပ်ခြင်း၊ သောက်ဆေးထိုးဆေးများဖြင့် ရောဂါကိုသက်သာစေနိုင်သော်လည်း ရောဂါပျောက်ကင်းစေရန်အတွက် ကာယကုထုံးများဖြင့်စနစ်တကျကုသပြီး ခါးပြန်မနာအောင် အနေအထိုင်ဆင်ခြင်ကာ လေ့ကျင့်ခန်းများပုံမှန်ပြုလုပ်၍ ကြိုတင်ကာကွယ်ရပါမည်။
လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ရောဂါသက်သာပျောက်ကင်းစေကာ ခါးရိုးဆစ်ကိုထိန်းမတ်ထားပေးသောအရွတ်များ၊ ကြွက်သားများကို သန်မာလာစေပါတယ်။
ခါးနာရောဂါဝေဒနာရှင်များအတွက်ပြုလုပ်သင့်သောလေ့ကျင့်ခန်းများကိုနောက်တစ်ပတ်တွင်ဆက်လက်တင်ပြပေးပါမယ်ရှင့်🙆♀️
အထက်ပါရောဂါဝေဒနာများကိုခံစားရပါက
"ရွှေတော်ဝင် အကြောအဆစ်နှင့် အထွေထွေရောဂါကုဆေးခန်း" သို့ လာရောက်ဆွေးနွေး တိုင်ပင်ကုသနိုင်ပါတယ်ရှင့်🤗
Ph ☎️ 09-784325569, 09-454066409
Open Hour 🕒 9:00 - 12:00
🕑 2:00 - 6:00
Address🪧
အမှတ်(177), ရပ်ကွက်ကြီး(1), စကားဝါလမ်း, ယူဂိုဆလပ်, ပြင်ဦးလွင်မြို့။
#ကျန်းမာရေး #အထွေထွေ #ဆေးခန်း #အရိုးအကြော #ရွှေတော်ဝင်အရိုးအကြောဆေးခန်း