Ko kyaw Phyo အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း

  • Home
  • Myanmar
  • Maymyo
  • Ko kyaw Phyo အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း

Ko kyaw Phyo အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း စိတ်​ထားမွန်​မြတ်​ဖို့ က အဓိက..လူ​တေ

🏕🏕🏛🌁🏩 ပြင်​ဦးလွင်​မှာ အိမ်​ခြံ​ကောင်း​ကောင်းနဲ့  အနားယူ​နေချင်​သူများ Guest House ဖွင့်​ချင်​သူများအတွက်​ 🏩🌁🏛🏕🏕.........
26/01/2020

🏕🏕🏛🌁🏩 ပြင်​ဦးလွင်​မှာ အိမ်​ခြံ​ကောင်း​ကောင်းနဲ့  အနားယူ​နေချင်​သူများ Guest House ဖွင့်​ချင်​သူများအတွက်​ 🏩🌁🏛🏕🏕...................................................................................

🌲🌲🌲 အိမ်မှာ နေရင်း အသက်ရှည်/ကြည်နူးစေမည့် စိတ်ချမ်းသာစရာ ရူခင်းအလန်းလေးများကို နေ့စဉ်နေ့တိုင်း ရူစားလိုပါသလား? 🌲🌲🌲

🌲🌲🌲 ပြင်ဦးလွင်မြို့တွင် နေ့စဉ်နေ့တိုင်း မဟာကံထူးသာဘုရာကြီးကို အိမ်ကနေပဲ ကုသိုလ်ယူပြီး ဖူးမျော်လိုပါသလား ?
တန်​​ဆောင်​တို​င်​မီးပုံးပျံပွဲ ကို မိမိ​နေအိမ်​မှ ကြည့်​ရှု ခံစားလိုပါသလား ?🌲🌲🌲

🌲🌲🌲 Ko Kyaw Phyo အိမ်​ခြံ​မြေ မိသားစု သို့ အချိန်မရွေး ဆက်သွယ်လိုက်ပါ ခမျာ အပေါ်က အချက်တွေနဲ့ ပြည့်စုံစေမည့် တန်ဖိုးသင့်မြေကွက်များကို ရောင်းချပေးနေပါပြီခင်​ဗျ😊🌲🌲🌲

🌲မိသားစုများ ရာသက်ပန်အေးချမ်းသာယာစွာ နေထိုင်နိုင်ဖို့ နေအိမ်အဆောက်အဦးနဲ့လိုက်ဖက်ညီပြီး ရူခင်းကောင်းသည့်​အပြင်​ အရှုပ်​ရှင်းကင်း​သော ပြင်ဦးလွင်မြို့ မှ ရပ်ကွက်ကြီး မြေကွက်များသာ ဖြစ်​ပါတယ်​ ခင်​ဗျာ

တည်နေရာ👉 ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၁၁) |
ရေငယ် #
💰(ဈေးနှုန်း➡ (၁၉၅) သိန်း မှ (၂၈၀) သိန်းကြား)

မြေကွက်အကျယ်➡ပေ ၄၀×၆၀ | ပေ ၅၀x၆၀ |ပေ ၅၀x၅၅ | ပေ ၄၀ x ၅၀

🌲🌲🌲အုတ်တံတိုင်း💐 ၊ သံပန်း ၊ သံတံခါး ၊ ကွန်ကရစ်လမ်း ၊ လျှပ်စစ်မီး အပြီးအစီး အကုန်ဆောင်ရွက်ပေးထားလို့ ဝယ်သူတွေဘက်မှ အဆင်သင့် အိမ်ဆောက်နေရုံပါပဲခင်ဗျာ။💐💐🎋🌾🌼🌸

📃📃 စာချုပ်စာတမ်း📃📃 - လန ၃၉ လျှောက်ထားတဲ့စာရွက်စာတမ်းများ၊ ပုံစံ ၁၀၅-၁၀၆ မြေစာရင်းရုံးမှပေးအပ်ထားသောစာရွက်စာတမ်းများ၊ မြေအဆင့်ဆင့်ပိုင်ဆိုင်ခဲ့တဲ့ဆက်စပ်စာချုပ်၊ မြေအရောင်းအဝယ်စာချုပ်၊ ဝယ်ယူသူအမည်ပေါက်ဖြင့်မြေအပြီးအပိုင်လွှဲပြောင်းစာချုပ်၊ စာချုပ်စာတမ်းနှင့် ကုန်ကျစရိတ်အားလုံး ရောင်းချသူဘက်မှ(အားလုံး)ကျခံပေးပါမည်။

📱ဆက်သွယ်ရန်ဖုန်း📱
09 764373503
09 697714164
Messenger မှလည်း အသေးစိတ်သိလိုသမျှစုံစမ်းနိုင်ပါတယ် ခင်ဗျ...
စိတ်​ဝင်​စားသူများလည်း လာ​ရောက်​ကြည့်​ရှုနိုင်​ပါတယ်​ခင်​ဗျာ...😊👍
လူကြီးမင်းတို့ စိတ်ကျေနပ်မှုရရှိစေရေးသည်
ကျွန်ုပ်တို့၏အဓိက ဝန်ဆောင်မှုပင်ဖြစ်ပါသည်😇
Kyaw Phyo🏡🏡🏡

🌲🌲🌲ပြင်ဦးလွင်မြို့မှာခြံဝန်းကျယ်၊ အရူပ်အရှင်းကင်း၊ မြို့နဲ့နီး၊ ခိုင်မာမူရှိပြီး ရင်နှီးမြုပ်နှံရန်လည်း သင့်တော်သည့် ရပ...
17/11/2019

🌲🌲🌲ပြင်ဦးလွင်မြို့မှာ
ခြံဝန်းကျယ်၊ အရူပ်အရှင်းကင်း၊ မြို့နဲ့နီး၊ ခိုင်မာမူရှိပြီး ရင်နှီးမြုပ်နှံရန်လည်း သင့်တော်သည့်
ရပ်ကွက်ကြီးမြေကို တန်ဖိုးသင့်ဈေးနူန်း နှင့် ရနိုင်မည့် အခွင့်အရေးကို ကျွန်တော်တို့.... အိမ်ခြံမြေမှ လူကြီးမင်းတို့နှင့် မိတ်ဆက်ပေးပါရစေ🌲🌲🌲

🏞နေရာ👉👉👉
ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး၊ ရပ်ကွက်ကြီး(၁၂)

ဆက်သွယ်ရန်
☎ 09 697714164
☎ 09 764373503

🎆 မြို့နီး၊ ဈေးနီး...
🚗 ပြည်ချစ်ဘုရားကြီးကိုလည်း မဝေး...
🚘 မန္တလေး-လားရှိုးလမ်းမကြီးကနေ...
🚗 #(၃)မိနစ်ပဲဝင်လိုက်ပါ။ 😊😊😊
🏪 မိုင်ထိုင်းစတိုးဆိုင်ကြီးအနီး
🚗 PyinOoLwin Center ကြီးကို #(၃)မိနစ်
🚗Ruby Mart ကို #(၅)မိနစ်

🏙 ပတ်ဝန်းကျင်လေးကလည်း လူနေစည်ကားမှု မြန်ဆန်နေသလို၊ တိတ်ဆိတ်အေးချမ်းမှုလေးကလည်း ရှိနေပြန်ပါတယ်။ 😊

💸 #ဈေးနူန်း - ( ၂၀၅ ) သိန်း မှ ( ၂၄၅ ) သိန်း ကြား အရမ်း တန်တယ်နော် 😊

🎁 #ဝန်ဆောင်မှုများ #🎁
📣 မြေကွက်အတွင်း ပေ(၂၀)အကျယ် ကွန်ကရစ် လမ်းများ
📣 အုတ်တံတိုင်း၊ သံပန်း/ စလိုက်သံတံခါး
📣 လမ်းမီးတိုင်များ
📣 #လေးလအရစ်ကျပေးချေနိုင်မှု

📚 #စာချုပ်စာတမ်းအပိုင်း
✅မြေအဆင့်ဆင့်အလွှဲပြောင်းစာချုပ်
✅မြေအရောင်းအ၀ယ်စာချုပ်
✅မြေအပြီးအပိုင်လွှဲပြောင်းစာချုပ်
✅ဆက်စပ်စာချုပ်အပြည့်အစုံပါမည်။
✅ရောင်းသူ၏ မှတ်ပုံတင်မိတ္တူနှင့် လက်ဗွေနှိပ်ပေးမည်။
✅စာချုပ်စာတမ်း ကုန်ကျစရိတ်အားလုံးကို ရောင်းချသူဘက်မှ (အားလုံး) ကျခံပေးမည်။

🚶👫🏃‍♀️🚗🚙🚐
#လူကိုယ်တိုင်မလာနိုင်းသေးလို့ မြေကွက် အသေးစိတ်သိလိုတဲ့ မိတ်ဆွေများအတွက် အချိန်းမရွေး ဖုန်းဆက် မေးမြန်းနိုင်ပါတယ်။ လူကြီးမင်းတို့ သိလိုသမျှကို အသေးစိတ်ရှင်းပြပေးပါမယ်။ လူကိုတိုင်လာရောက်ကြည့်ရှု့မယ်ဆိုလျှင်လဲ ပြင်ဦးလွင်ရောက်တာနဲ့ ဖုန်းတစ်ချက်သာ ဆက်လိုက်ပါ၊ လာကြိုပြီး လိုက်ပြရှင်လင်းပြသပေးပါမယ်ခင်ဗျာ။

တစ်​ထပ်​တိုက်​ လုံးချင်း design ​လေး​တွေ
03/09/2019

တစ်​ထပ်​တိုက်​ လုံးချင်း design ​လေး​တွေ

🏘 အေး​အေးချမ်းချမ်းအပန်း​ဖြေ​နေထိုင်​လိုသူများ/အိမ်​အငှါးချထားလိုသူများအတွက်​ ​ဈေးတန်​ပြီးအရှုပ်​ရှင်းကင်းတဲ့လုံးချ...
17/08/2019

🏘 အေး​အေးချမ်းချမ်းအပန်း​ဖြေ​နေထိုင်​လိုသူများ/အိမ်​အငှါးချထားလိုသူများအတွက်
ဈေးတန်​ပြီးအရှုပ်​ရှင်းကင်းတဲ့
လုံးချင်းတစ်​ထပ်​တိုက်​နှင့်​ ခြံအပါ ​ရောင်းမည်​🏠🏠

🌁🛣တည်​​နေရာ🛣🌁
- မြို့ မ လက်​ဘက်​ရည်​ဆိုင်​အနီး
- Ruby Mart မှ ၃မိနစ်​ခန့်အကွာ
- ကားကြီးဝန်း အ​ရှေ့ ဘက်
- အိမ်​အမှတ်​ ( CC-31)၊ နဝရတ်​လမ်းသွယ်​ -၂၊ ရပ်​ကွက်ကြီး(၈)​၊ပ​ဒေသာမြို့ သစ်​၊ပြင်​ဦးလွင်​မြို့ ။

ခြံအကျယ်​အဝန်း----(၆၀​ ​ပေ x ၆၀​ ​ပေ)

🏙 အခန်းဖွဲ့ စည်းပုံ 🏙
- (12'x24') ဧည့်​ခန်း (၁)ခန်း
- (12'x16')အထူးအိပ်​ခန်း (၁)ခန်း + (8'x10') ​ရေပူ​ရေ​အေးစက်​ပါ ​ရေချိုးခန်း ဘိုထိုင်​အိမ်​သာ တွဲလျက်

-( 12'x 12') အိပ်​ခန်း (၁)ခန်း

- ​လျှောက်​လမ်း ( 12' x18')
- (12'x22') မိးဖိုခန်း + ​ရေချိုးခန်း (4'x7')+ အိမ်​သာ (5'x5')
- (10'x8') ဝင်​​ပေါက်​ခန်း (၁)ခန်း
🏯ခြံ အပြင်​အဆင်​🏯
- ခြံ အ​ရှေ့ ​တောင်​​ထောင့်​တွင်​ အုတ်​ကန်​ရှိပြီး
- ခြံ အ​ရှေ့​မြောက်​​ထောင့်​တွင်​ ​ရေတွင်းနှင့်​​ရေစုပ်​စက်​ရှိပါသည်
- ခြံ အ​နောက်​​တောင်​​ထောင့်​တွင်​ အိမ်​သာနဲ့ ​ရေစင်​ ​ရေတိုင်​ကီ ရှိပြီး
- ခြံ အ​နောက်​​မြောက်​​ထောင့်​တွင်​ အလှဆင်​​ကျောက်​​တောင်​ငယ်​ နှင့်​ ငါးအလှ​မွေးကန်​ ပြုလုပ်​ထားပါသည်

🗒📃စာချုပ်​စာတမ်း📃🗒
- မြို့ ​မြေ​နေရာချထား​ရေး​ကော်​မတီ​မြေ​ပေးအမိန့်စာရွက်​စာတမ်းများ
- ပိုင်​ဆိုင်​မှု အ​ထောက်​အထားစာရွက်​စာတမ်း
- နှစ်​ဦးသ​ဘောတူ အ​ရောင်းအဝယ်​ စာချုပ်
- ဝယ်​သူ အမည်​​ပေါက်​ အလွဲ​ပြောင်းစာချုပ်
စသည်​တို့ ကို ​ရှေ့ ​နေ နဲ့  ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူး ​ရှေ့ တွင်​ အခိုင်​မာချုပ်​ဆို​ပေးပါမည်​။

💵💵​ဈေးနုန်း 💵💵--သိန်း ၁၂၀၀( ညှိနိုင်း )

☎📞ဆက်​သွယ်​ရန်​📞☎
- 09 697714164
- 09 764373503
ဈေးတန်​ပြီး ​နေရာ​ကောင်းလို့  ယခုပဲ Hello လုပ်​နိုင်​ပါတယ်​ ခင်​ဗျာ😊☺👍

 #⃣​ကျေးရွာမြေ တစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာ​အောင်​ ဘယ်​လိုလုပ်​ရမလဲ❓ #ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်န...
08/08/2019

#⃣​ကျေးရွာမြေ တစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာ​အောင်​ ဘယ်​လိုလုပ်​ရမလဲ❓

#ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိ
မိတ်ခွဲခြား၍ တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။ ဆိုလိုတာက မြို့မြေလို ကွက်
စိတ် ၊ကွက်ကြဲ ၊တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထား
ခြင်းမရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေ
တွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ်​လောက်​ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါ။ ရွာအတွင်း တစ်ကွက်
ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်
အမှတ် မြေအကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး၊ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။
ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦး
ပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း (၁-က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ) လည်း မရှိပါဘူး၊ မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ "အောက်
မြန်​မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။ x x x x အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်​ပျိုး လုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတစ်​ခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလို​ချေ..ဟု ပြဌာန်းထားချက်အရ ဖြစ်ပါတယ်။

#သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင်ပိုင်​ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် (၂ )ချက် ရှိနေတာ တွေ့ရပါတယ်။ (၁)ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါ
တယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant
လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန်တစ်​ခုကို ရရှိနိုင်ပါတယ်။ ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊သို့သော် အရင်​က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊ စီမံချက်မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံ စာရင်းတွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။(၂) အချက်က
လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ရယူခြင်း ဖြစ်ပါတယ်။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး
အခြားနည်း သုံးနေတဲ့မြေ၊ အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါ
တယ်။ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်
ဥပ​ဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထား
သော မြေအမျိုးအစားတွင် ရွာမြေ အ၀န်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာ
မြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။ ယခု ၂၀၁၂လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) ပါ (ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေ
အိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရ၀ဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်) ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ
ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ကို 3 A လို့သုံးရမှာ ဖြစ်ပါတယ်။ သို့​သော် 3 A Certificate ထုတ်ပေးရန်
ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှ လုပ်ထုံးလုပ်
နည်း ထုတ်ပြန် ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

-Original Writer

တစ်​ထပ်​အိမ်​ နှစ်​သက်​သူများအတွက်​..😊😊😊 . From online
31/07/2019

တစ်​ထပ်​အိမ်​ နှစ်​သက်​သူများအတွက်​..😊😊😊
. From online

🌁🌁🏙🏙 နေရာကောင်းကိုမှကြိုက်ပြီး ဈေးတန်မှ ရင်းနှီးမြုပ်နှံလိုသူအတွက်​🏙🏙🌁🌁➡🌁 အခြေချနေထိုင်လိုသူများအတွက်🌁➡မြေပြင်သာလာကြည့်...
28/07/2019

🌁🌁🏙🏙 နေရာကောင်းကိုမှကြိုက်ပြီး ဈေးတန်မှ ရင်းနှီးမြုပ်နှံလိုသူအတွက်​🏙🏙🌁🌁

➡🌁 အခြေချနေထိုင်လိုသူများအတွက်🌁
➡မြေပြင်သာလာကြည့်လိုက်ပါ တစ်ကယ်တန်တယ်မှ ဝယ်ယူနိုင်ပါတယ်နော်
➡ပေ (၄၀× ၇၂),(၅၀x ၅၀),(၆၀ x၆၅),(၅၀ x၅၀)

➡💵 သိန်း၁၈၀ မှ 💵 ၃၅၀သိန်း (ညှိနှိုင်း)
➡အရစ်ကျ သုံးလအတွင်း လေးရစ်ခွဲ​ပေးနိုင်

တည်နေရာ
🏠🏠🏠🏠🏠
➡ပြင်ဦးလွင် ရပ်ကွက်ကြီး( ၁၂ ) ရေချမ်းအိုး
➡ပြင်ဦးလွင်-လားရှိုးလမ်းမကြီးမှ ၂ မိနစ်ခန့်အကွာ ရပ်ကွက်ကြီးမြေ
➡ရှုခင်းကောင်းပြီး ဘေးပတ်ပတ်လည် အိမ်ခြေအပြည့်
➡ပြင်ဦးလွင် DSTA ရှေ့
➡VEA ကိုယ်ပိုင်အထက်တန်းကျောင်းအနီး
➡Pyin Oo Lwin Center
➡ပုလဲဖြူဆွယ်တာဆိုင်အနီး
➡Ruby Mart / ကားကြီးကွင်း အနီး
➡ရပ်ကွက်သန့်ပြီး ဘေးပတ်ပတ်လည် အိမ်ကြီးအိမ်ကောင်းများနှင့် တည်းခိုခန်း / အိမ်ဆောက်ပြီးငှားရမ်းလိုသူများ / ပြင်ဦးလွင်မြို့ထဲနဲ့ကပ်လျက်မှာပဲ အခြေချနေထိုင်လိုသူများ အတွက် အရမ်းအဆင်ပြေတဲ့ နေရာလေးပါဗျ

မြေအမျိုးအစား
⭐⭐⭐⭐⭐⭐
➡ပုံစံ ၁၀၅ / ၁၀၆ ပါပြီး လန ၃၀(ခ) လျှောက်ထားဆဲ

ဝန်ဆောင်မှု
🎁🎁🎁🎁🎁
➡အုတ်တံတိုင်း/သံတံခါး/သံပန်း
➡ကွန်ကရိလမ်း/ကွန်ကရိမီးတိုင်
➡အကွက်ရှေ့မီးတိုင်အရောက်

စာရွက်စာတမ်း
📒📒📒📒📒
➡လန ၃၀(ခ) လျှောက်ထားဆဲ စာရွက်စာတမ်းများ
➡မြေအရောင်းအဝယ်စာချုပ်
➡မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်
်➡ဝယ်သူအမည်ပေါက်ပိုင်ဆိုင်မှု အလွှဲအပြောင်းစာချုပ်
➡ရောင်းသူ၏မှတ်ပုံတင် မိတ္တူ လက်ဗွေရာ
➡ကုန်ကျစရိတ်အား ရောင်းသူဘက်မှ ကျခံပေးပါမည်

ဆက်သွယ်ရန်
☎☎☎☎☎
09-764373503(Viber ) /09-697714164 ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

➡ပြင်ဦးလွင် ရောက်တဲ့နေရာကနေ ကြိုက်တဲ့အချိန်သာ ဖုန်းဆက်လိုက်ပါ

➡မိတ်ဆွေတို့ကြည့်ချင်တဲ့ မြေကွက်အနေအထား စာရွက်စာတမ်းများကို စိတ်တိုင်းကျ အားမနာတမ်း ကြည့်ပြီးမှ ဝယ်ယူအားပေးနိုင်ပါတယ်ဗျ

➡လာရောက်လေ့လာချင်သူများကိုလဲ ဖိတ်ခေါ်ပါတယ်ဗျ

Respect idea.....😊😊😊😊😊
28/07/2019

Respect idea.....😊😊😊😊😊

Page ထဲ ​ရောက်​လာ​သော လူတိုင်း အိမ်​ကြီးအိမ်​​ကောင်းများလည်း ပိုင်​ဆိုင်​နိုင်​ကြပါ​စေ😊😊😊😊
28/07/2019

Page ထဲ ​ရောက်​လာ​သော လူတိုင်း အိမ်​ကြီးအိမ်​​ကောင်းများလည်း ပိုင်​ဆိုင်​နိုင်​ကြပါ​စေ😊😊😊😊

Page ထဲဝင်​လာ​သော လူတိုင်း ကြည်​နူးဖွယ်​ အိမ်​ခြံ​မြေများလည်း ပိုင်​ဆိုင်​နိုင်​ကြပါ​စေ...😊😊😊😊😊😊👍
28/07/2019

Page ထဲဝင်​လာ​သော လူတိုင်း ကြည်​နူးဖွယ်​ အိမ်​ခြံ​မြေများလည်း ပိုင်​ဆိုင်​နိုင်​ကြပါ​စေ...😊😊😊😊😊😊👍

စိတ်​ကူးများ တကယ်​လက်​​တွေ့ ဖြစ်​လာနိုင်​ကြပါ​စေ😊😊😊😊😊
28/07/2019

စိတ်​ကူးများ တကယ်​လက်​​တွေ့ ဖြစ်​လာနိုင်​ကြပါ​စေ😊😊😊😊😊

Dream do come true
27/07/2019

Dream do come true

 # Credit to original post🙂👍
27/07/2019

# Credit to original post🙂👍

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်----------------------------------------------မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေ...
27/07/2019

မေမြို့ (သို့မဟုတ်) ပြင်ဦးလွင်
----------------------------------------------
မေမြို့၊ပြင်ဦးလွင်၊ ပန်းမြို့တော်၊ တောင်လှေကားမြို့ဟူသောအမည်နာမများစွာ ပိုင်ဆိုင်သည့်မြို့ကလေးသည် မြန်မာနိုင်ငံသားတော်တော်များများ
ရောက်ဖူးကြသလို.......

ကမ္ဘာလှည့်ခရီးသည်များနှစ်သက်သောမြို့လည်း ဖြစ်သည်။ ပြင်ဦးလွင်ကလူစိတ်ဝင်စား ရသည်ကို ညွှန်းရမည်ဆိုလျှင်....

ပြင်ဦးလွင်ပိုင်ဆိုင်သောဂုဏ်ပုဒ်များစွာရှိနေပါသည်။ မေမြို့ပန်းနှင့်ဂန္ဓမာထွက်သောမြို့၊ ဆွယ်တာမြို့၊စံဂျူးမလိုင်မြို့၊ ဟင်းသီးဟင်းရွက်မြို့၊ကော်ဖီနှင့်ယိုမျိုးစုံထွက်သောမြို့၊ ဗိုလ်လောင်းမြို့၊ ရထားလုံးရှိသောမြို့၊
အလှဆုံးပန်းခြံရှိသောမြို့၊ဘော်ဒါကျောင်း၊ နွေရာသီတွင်လူတိုင်းတောင့်တ သောတောင်စခန်းမြို့၊ မြန်မာနိုင်ငံ၏ Hollywood မြို့စသည်တို့ဖြစ်သည်။ ပြင်ဦးလွင်မည်သို့ဖြစ်ပေါ်လာပါသနည်း။

ပြင်ဦးလွင်ကို (၁၈၅၀) ခုနှစ်မှာ စတည်ခဲ့တယ်လို့ အောင်မြင်ဘုံသာ မဟာဆုတောင်းပြည့်စေတီ တောင်ဘက်ခြေရင်းမှာရှိတဲ့ ပြင်ဦးလွင်သမိုင်းနဲ့ပတ်သက်တဲ့ ကျောက်စာမှာ ရေးထိုးထားခဲ့ပါတယ်...

"ပြင်ဦး၊ ပြင်ကြီး၊ ပြင်စာ" ပြင်သုံးပြင် တစ်ပြင်ကောင်းစားမယ်လို့ ရှေးတုန်းက တဘောင်ပေါ်ခဲ့ဖူးပါတယ်.. အဲဒီတဘောင်အရ ရှမ်းနဲ့ ဓနုတိုင်းရင်းသားတွေ နေခဲ့ကြတဲ့ ရွာကလေးဟာ ပြင်ဦးလွင်ဆိုပြီး ကောင်းစားနေပါပြီ..

အင်္ဂလိပ်တွေက အထက်မြန်မာပြည်ကို မသိမ်းခင်ကတည်းက သူတို့ဘုရင်ခံနဲ့ ဥရောပတိုက်သားတွေ အပန်းဖြေအနားယူဖို့နဲ့ ပူပြင်းတဲ့ မတ်၊ ဧပြီ၊ မေ၊ ဇွန် လေးလမှာ အစိုးရရုံးစိုက်ဖို့ နွေရာသီတောင်စခန်းမြို့ကို ရှာဖွေခဲ့ပြီး..
ပင်လယ်ရေမျက်နှာပြင်အထက် ပေ၄၀၀၀ ရှိတဲ့ သံတောင်မြို့ကို ၁၈၈၂ ခုနှစ်မှာ စမ်းသပ်ခဲ့ပေမယ့် ၁၈၈၅ မှာ စွန့်လွှတ်ခဲ့ပါတယ်...

အထက်မြန်မာပြည်ကို သိမ်းပြီး ၁၈၉၅ မှာ မြို့ဟောင်းဘူတာမှ ပြင်ဦးလွင်အထိ မီးရထားလမ်းဖောက်ရာကနေ တောင်စခန်းမြို့တည်ဖို့ မျက်စိကျခဲ့ပါတယ်..

1850 ခုနှစ်တွင်မြန်မာနန်းတွင်းအရာရှိတို့ သည် ပြင်စာရွာနှင့်ပြင်ကြီးကျေးရွာ အကြား ရှမ်းရွာလေးတစ်ရွာကိုရောက်ရှိခဲ့စဉ် ထိုရွာကိုပြင်ဦးဟုခေါ်ခဲ့သည်။ ကုန်းမြင့်လွင်ပြင်ထက်တွင်တည်ရှိသောကြောင့် ပြင်ဦးလွင်ဟု မှည့်လိုက်သည်။ အင်္ဂလိပ်တို့ မြန်မာတစ်နိုင်ငံလုံးကိုသိမ်းပိုက် ပြီးနောက် 1887 ခုနှစ် တွင်အမှတ် (5) ဘင်္ဂလားခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကြီး H.O May သည်ပြင်ဦးလွင်ရွာတွင် စစ်အခြေစိုက်တပ် ထိုင်ရသည်။ ပြင်ဦးလွင်၏ ရေမြေတောတောင်သဘာဝ၊ ပင်လယ်ရေအမြင့်၊ ရာသီဥတုတို့သည် အင်္ဂလန်နှင့် အနည်းငယ်ဆင်တူသည်ဟု သတိထားမိလာပြီး မန္တလေး နှင့် ရန်ကုန်နွေအပူဒဏ်များရှောင်ရှားနိုင်ပြီး ထိုရွာကိုအိန္ဒိယရှိ Darjeeling နှင့် Simla ကဲ့သို့တောင်စခန်းမြို့တည်ရန် အကြံပြုသည်။ ဝန်ရွှင်တော်မင်းကြီး Mr. Smeaton ICS (Indian Civilian Service)မှ အင်္ဂလိပ်မြို့ ပုံပေါက်မြို့ငယ်တစ်မြို့တည်ဆောက်ရန် ဆုံးဖြတ်လိုက် သည်။ 1896 တွင်ဗိုလ်မှူးကြီး May သည်မြို့နာမည် ပေးပွဲအတွက် ရွာလူကြီးမိဘများကို အစည်းဝေးဖိတ်ခဲ့ သည်။ ရွာသူကြီးဦးစံက ဗိုလ်မှူးကြီး May ထူထောင် သူဖြစ်သဖြင့် မေမြို့ဟုခေါ်ဆိုရန်အကြံပြုခဲ့ရာမှ မေမြို့ဟုအမည်တွင်သွားခဲ့သည်။ ထိုအချိန်၌ရွာတွင် အိမ်ခြေ-(23)အိမ်သာရှိခဲ့သည်။
အင်္ဂလိပ်တို့သည် 1896မှ 1900 ပြည့်နှစ်များအတွင်း မြို့အကွက်ရိုက်ခြင်း၊ လမ်းဖောက်ခြင်း၊ အဆောက်အဦးဆောက်ခြင်း များဆောင်ရွက်ခဲ့သည်။ အင်္ဂလိပ်မြို့ပုံစံငယ်တွင် အဓိကအားဖြင့် ဘုရင်ခံအိမ်၊ ဘူတာ၊ ရုံးများ၊ စာတိုက်၊ဘဏ်၊ပန်းခြံ၊ ဂေါက်ကွင်း၊ မြင်းစီးကွင်း ၊ အစရှိသည် တို့ကို ဆောက်လုပ်သည်။ အိမ်တော်ကြီးများ ကို မြေ 2-3-4 ဧကများပေါ်တွင် Tudor Style, Edwardian Style, Geogian Style တို့ဖြင့် ဆောက်လုပ်ကာ မြင်းခင်းပြင်များနှင့် အိမ်ရှေ့တွင်ပန်းမျိုးစုံ စိုက်ပျိုး၍အလှဆင် ကြသည်။ လမ်းများဖောက်လုပ်ပြီးချိန်လမ်းဘေးဝဲယာ ဝက်သစ်ချ ၊ ချယ်ရီ ၊ထင်းရှူးပင်နှင့် ငှက်ဖျားကာကွယ်သည်ဟူသော ယူကလစ်ပင်တို့ကို စိုက်ပျိုးကြသည်။ ယခုဈေးကြီးလမ်း ကို Hospital Approach Road၊ ဗိုလ်ချုပ်လမ်းကို Bund Road ၊ ချယ်ရီလမ်းကို Massionary Road စသဖြင့် မှည့်ခေါ်ကြသည်။ မြိုတွင်းသယ်ယူ ပို့ဆောင်ရေးအတွက် လန်ချားနှင့်မြင်းလှည်းများထားရှိသည်။ ရန်ကုန်မှလန်ချားများလာဆွဲရာတွင် အတက်အဆင်းများပြီးပင်ပန်းကြသဖြင့် ရန်ကုန်သို့ပြန်ပြေးကြသည်။ မြင်းလှည်းကို ဟိန္ဒူ ၊ မွတ်ဆလင်များက အဓိကမောင်းနှင်ကြသည်။ မြင်းလှည်း (2) မျိုးရှိသည်။ ရထားလုံးနှင့် ဒေါက် Cart (ယခုကန်တော်ကြီးအသွားလမ်း ပေါ်ရှိ Woodland Cafe နှင့် Hotel Pyin Oo Lwin ရှေ့ရပ်ထားသော) အမိုးပွင့်လှည်းတို့ဖြစ်သည်။ ဒေါက်ကတ်သည် မျက်နှာဖြူ အရာရှိများသာစီးခွင့်ရှိပြီး ရထားလုံးကို လူတိုင်းစီးခွင့် ပြုသည်။ လွတ်လပ်ရေးရပြီး အင်္ဂလိပ်များပြန်ကုန် သဖြင့် နဂိုသတ်မှတ်ချက်ကြောင့် စီးမည့်သူမရှိသဖြင့် ဒေါက်ကတ်မှာ ပျောက်ကွယ်သွား လေသည်။
ဘုရင်ခံအိမ်ကို 1900 ပြည့်တွင်ဆောက်လုပ် ပြီးစီးပြီးဂေါက်ကွင်းငယ် အပြင်1902တွင် အိမ်ပတ်ဝန်းကျင် ပန်းစိုက်ပျိုးရန် အိန္ဒိယမှပန်းပညာရှင် Mr. Surup ကိုတာဝန်ပေးသည်။ Surup သည်နိုင်ငံခြားမှ ပန်းမျိုးစိတ် (300)ကျော်ကို ယူလာပြီး မေမြို့တွင်စိုက်ပျိုး ရာမှ ပန်းမြို့တော်ကိုအစပျိုးခဲ့သူ ဖြစ်သည်။ ဧပြီ (1)ရက် 1900 ပြည့်နှစ်တွင် မန္တလေး-ကွမ်းလုံ မီးရထားလမ်း ဖွင့်ပွဲပြုလုပ်ခဲ့ပြီး ယခင်လားဝန်တင်လမ်းကို ကတ္တရာလမ်းဖောက်လိုက်သည်။ ရှမ်းပြည်ထွက်ကုန်နှင့် မန္တလေးမှ ရေထွက်ပစ္စည်းများရောင်းဝယ်ဖောက်ကား လာပြီး ကုန်စည်စီးဆင်းမှုမြန်လာကာ ၅ ရက်တစ်ဈေးမှာ ပိုမိုစီကားလာခဲ့သည်။
တရုတ်၊ ကုလား၊ ဗမာတို့သည်ယခုမြို့လည် နေရာတွင်အခြေချပြီး ဘုန်းကြီးကျောင်း ၊ဟိန္ဒူကျောင်း၊ ဗလီ၊ ဘုံကျောင်းများဆောက်လုပ်ကြသည်။ နိုင်ငံခြားသာသနာပြုနှင့်နိုင်ငံခြားကျောင်းများ ပေါ်ပေါက်လာပြီး အင်္ဂလိပ်တို့က ထိုကျောင်းများတွင် ပညာသင်ကြသည်။ Goverment Anglo-Vernacular High School, Anglo-Tamil School, St.Albert's Missionary School, St.Joseph Convent School, American Baptist Girl School များပေါ်ထွက်လာခဲ့သည်။
ဒေသ၏အဓိကထွက်ကုန်များမှာ ပန်း၊ဟင်းသီးဟင်းရွက်၊ ဝိုင်၊ ဆွယ်တာ၊နို့နှင့်နို့ထွက်ပစ္စည်း၊ ကုလားမုန့်အချို ၊ယို တို့ဖြစ်သည်။ အင်္ဂလိပ်တို့က ကိတ်နှင့်စက်ပစ္စည်းရောင်း သည်။ တရုတ်က စားသောက်ဆိုင်၊ အရက်ဆိုင်၊ အပေါင်ဆိုင်များဖွင့်လှစ်သည်။ (1904) တွင် အိန္ဒိယစစ်ဦးစီးချုပ် လော့ဒ်ကလစ်ခ်ျ ကမန္တလေးရှိ အင်္ဂလိပ်တပ်၊ ကုလားတပ်များကို မေမြို့သို့ပြောင်းရွှေ့ သည်။စစ်တပ်ဦးရေသည်မြို့နေလူဦးရေနှင့် အတူတူဖြစ်လာရာ တပ်မြေနှင့် အရပ်မြေပြန်ခွဲသည်။ယနေ့ စစ်တက္ကသိုလ်အနီးရှိ ကချင်တပ်၊ ချင်းတပ်၊ ကုလားတပ်၊ ဂေါ်ရခါးတပ်တို့သည် ယခင်ကတည်းကရှိခဲ့သည်။ သစ်တစ်ပင်တောင်မှ ရေကန်ကြီးတစ်ခုဆောက်ကာ ရေပေးဝေရေးပြုလုပ်ခဲ့သည်။ အင်္ဂလိပ်တို့တည်ခဲ့သော ဂေါက်ကွင်းသည် (18)ကြွင်းနှင့် ဧက (500)ပေါ်တွင် တည်ခဲ့ပြီး ထိုခေတ်က ကမ္ဘာ့အဆင့်မှီ ဂေါက်ကွင်းတစ်ကွင်း ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ် ခါနီးဘုရင်ခံ Sir Dorman Smith သည် Anglican Church တွင်သူ့သမီးမင်္ဂလာဆောင်ပွဲ ကျင်းပခဲ့သည်။ ထို့နောက် သူ့အိမ်တော်ရှေ့တွင် မန္တလေးမှပုဏ္ဏားများပင့်၍ မြန်မာ့ရိုးရာနည်းဖြင့် မင်္ဂလာဘိသိက်သွန်းပေးခဲ့သည်။
အင်္ဂလိပ်တို့သည်အင်္ဂလန်တွင်မွေးဖွားသူကိုသာ အထက်တန်းလွှာဟု သတ်မှတ်သဖြင့် ကိုယ်ဝန်ဆောင် အင်္ဂလိပ်အမျိုးသမီးများမီးဖွားလိုလျှင် အင်္ဂလန်သို့ ပြန် ကြရသည်။နောင်မေမြို့တွင် ဆေးရုံဖွင့်လှစ်ပြီးနိုင်ငံခြား ဆရာဝန်နှင့် Nurse များထားရှိပေးသဖြင့် မေမြို့မှာမွေးလျှင် အထက်တန်းလွှာ တွင်းထည့်ပေးလိုက်သည်။
Botanical Garden ကိုဧက (240) ပေါ်တွင် Sir Alex Roger မှဆောက်လုပ်ပေးခဲ့သည် ပထမကမ္ဘာစစ်တွင် တူရကီစစ်သုံ့ပန်းများကို ခေါ်ယူ၍ ကန်တော်ကြီးကိုတူးဖော်ပေးခဲ့သည်။ ထိုအချိန်ဘုရာခံ ၏အမည်မှာ Sir Harcode Butler ဖြစ်သဖြင့် ထိုကန်ကို Butler Lake ဟုခေါ်သည်။ 1917မှစတင်တူးဖော်ရာ 1920တွင်ပြီးစီးကြောင်း ကန်ရေလွှဲပေါက်တွင် ကမ္ဗည်းကျောက်တိုင်ရေးထိုးထား သည်။ရုက္ခဗေဒနည်းစနစ်ဖြင့် အကွက်ချစိုက်ပျိုးခဲ့ပြီး 1924 တွင် ပြီးစီးခဲ့သည်။ London မြို့ရှိ Kew ပန်းခြံဆောက်ခဲ့သော Mr & Mrs Cuffe တို့မှဆောက် လုပ်ပေးခဲ့သည်။
မြို့လည်ခေါင်ရှိ Purcel Tower နာရီစဉ်ကိုကို နိုင်ငံခြားသားများ တကူးတကဓာတ်ပုံရိုက် နားထောင်လေ့ရှိသည်။ ထိုနာရီကို မန္တလေးမြို့ (26×83)ထောင့်ရှိ ကာတစ်ဆေးတိုက်မှ အာမေးနီးယန်းလူမျိုး Mr Purcel မှ 1936 တွင် George V ၏ငွေရတု နန်းတက်သောအထိန်းအမှတ်အဖြစ် လှူဒါန်းခဲ့သည်။ ထိုနာရီသည် အင်္ဂလန်နိုင်ငံ Gillette & Johnson Co. မှ အနည်းငယ်ထုတ်သောနာရီဖြစ်ပြီး Big Ben နာရီသံမျိုးဖြစ်သည်။ တစ်ပတ် ၂ ကြိမ်သံပတ်လှည့်ပေးရပြီး ဒုတိယကမ္ဘာစစ်အတွင်း ကလီစာများအခိုးခံရသည်ကို ဦးသိန်းနာရီဆိုင်မှ ပြန်လည်ပြုပြင်ပေးခဲ့သည်။ 15 Min တိုင်းတစ်ကြိမ် တီးခတ်သည်။ ပွဲကောက်ရေတံခွန်ကို အင်္ဂလိပ်တို့က Hampshire ဟုခေါ်ခဲ့သည်။ 1950 တွင် BE တပ်ကထိုအနီးစခန်းချသဖြင့် BE Fall ဟုခေါ်ဆိုခဲ့သည်။ 1963 တွင်အိမ်ကြီးများကို ပြည်ပိုင် သိမ်းခဲ့ပြီး၊ မေမြို့မှပြင်ဦးလွင်သို့ 1990 ခန့်တွင်ပြောင်းလဲခေါ်ဝေါ်ကာ 2000 ခုနှစ်တွင် ရုက္ခဗေဒဥယျာဉ်ကို အမျိုးသားကန်တော်ကြီးဥယျာဉ်ဟု ပြောင်းလဲခေါ်ဝေါ် ပါကြောင်း တင်ပြလိုက်ပါသည်။

#သခုမအလင်းတန်းများ ၊ ပြင်ဦးလွင်မြို့

 #​ဗဟုသုတ အ​နေနဲ့သိရှိ​စေရန်​ ​စေတနာဖြင့်​📈📉အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း ဘာမြေအမျိုးအစားဖြစ်နိုင်တယ်၊မြေပြန့်လား၊ကုန်းက...
27/07/2019

#​ဗဟုသုတ အ​နေနဲ့သိရှိ​စေရန်​ ​စေတနာဖြင့်

📈📉အက္ခရာ သင်္ကေတတွေကိုကြည့်ပီးလည်း ဘာမြေအမျိုးအစားဖြစ်နိုင်တယ်၊မြေပြန့်လား၊ကုန်းကျလား၊မြောင်းဘေးလား၊ဆည်ရေသောက်လား၊မြစ်ရေဝင်လား၊သုသာန်နဲ့နီးလား.....စသည်ဖြင့် ခွဲခြားလို့ရပါတယ်။

📝📝​မြေအမျိုးအစားများနဲ့ သင်္ကေတ အက္ခရာများကတော့....

➡ဂရန်မြေဆိုရင် သင်္ကေတ L နဲ့ပြပီး မြေပုံကို အနီရောင်
နဲ့ဆွဲတယ်။
➡ဘိုးဘပိုင်မြေဆိုရင် သင်္ကေတ B နဲ့ ပြပီး မြေပုံကို
အပြာ​ရောင်နဲ့ဆွဲတယ်။
➡အစိုးရ မြေဆိုရင် သင်္ကေတ A နဲ့ပြပီး မြေပုံကို
ခရမ်းရာင်နဲ့ ဆွဲတယ်။
➡ဒီလိုပဲ ရွာမြေဆိုရင် လိမ္မော်ရောင်နဲ့ မြေပုံဆွဲပြီး၊
➡သာသနာ့မြေဆိုရင် အစိမ်းရောင်နဲ့ ဆွဲကြတယ်။

၁။ မိုးကောင်းလယ်မြေ၊သာမန်လယ်မြေဆိုရင် R/P/M တို့နဲ့ပြသတက်ပီး၊
✅ပထမတန်းစားဆိုရင် R1
✅ဒုတိယတန်းစားဆိုရင် R2
✅တစ် ဧကအထွက်နှုန်း တင်း၃၀ အောက် ဆိုရင်
တတိယတန်းစား R3
✅တစ် ဧကအထွက်နှူန်း တင်း ၂၀ အောက်ဆိုရင်
စတုတ္ထတန်းစား R4 နဲ့ ပြကြပါတယ်။

၂။ အစိုးရ ဆည်ရေသောက်လယ်မြေဆိုရင် RG

၃။ ပုဂ္ဂလိက ဆည်ရေသောက်လယ်မြေဆိုရင် RP

၎။ ကန်ရေသောက်မူရင်းလယ်ဆိုရင် TM

၅။ မူရင်းလယ်မြေဆိုရင် M/MY

၆။ ချောင်းရေဝင် မြေဆိုရင် C

၇။ ယာမြေ ဆိုရင် Y

၈။ ရာဘာကြက်ပေါင်စေးစိုက်မြေဆိုရင် RR

၉။ တောင်ယာ မြေဆိုရင် TY/YY

၁၀။ ကိုင်းမြေ ဆိုရင် K/KA/KY

၁၁။ ကိုင်းမြေရင့်ဆိုရင် KY

၁၂။ ဥယျာဉ်ခြံမြေဆိုရင် G/U

၁၃။ ဓနိမြေဆိုရင် D

၁၄။ အပိုင်ရမြေ O

၁၅။ အပိုင် ဂရန်မြေ G

၁၆။ အငှားဂရန်မြေ L ..... စသည်ဖြင့် အမျိုးမျိုးရှိကြပါတယ်။မိမိဝယ်မဲ့မြေရဲ့မြေပုံမှာပါတဲ့ သင်္ကေတလေးကိုကြည့်ပီး မိမိဘာသာ အကြမ်းဖျင်းခွဲခြားနိုင်ပါတယ်။

-Original writer

🚀🚀 ပြင်​ဦးလွင်​မှာ ​မြေကွက်​တစ်​ကွက်​ဝယ်​ယူဖို့ မိမိတို့
စိတ်​ကူးဆန္ဒများအားလုံးကို ယုံကြည်​စွာ မိသားစုလို တိုင်​ပင်​​ဆွေး​နွေးနိုင်​ပါတယ်​ခင်​ဗျာ😊

💶💶 ​သိန်း(၄၀)ဝန်းကျင်​မှစပြီး လက်​ငင်းစနစ်​နဲ့​ရော၊ အတိုးမဲ့အရစ်​ကျ စနစ်​နဲ့ပါ ဝယ်​ယူနိုင်​​နေပါပြီ😊

👪ဝယ်​သူ​တွေဘက်​မှ သုံးမယ့်​​ဈေးနဲ့ အတန်​ဆုံး၊
အခိုင်​မာဆုံးဖြစ်​ဖို့ ​မြေပြင်​ရဲ့တည်​​နေရာ၊ အားနည်းချက်​/ အားသာချက်​များ၊ စာချုပ်​စာတမ်းပိုင်းများကိုပါ ​သေ​သေချာချာ လိုက်​လံရှင်းလင်းပြသ​ပေးပါ့မယ်​ ခဗျ😊

🏡🏡ကျွန်​​တော်​တို့ Dream Estate နဲ့ဝယ်​ယူမယ့်​သူ​တွေအတွက်​.......
🚀🚀ခိုင်​မာမှုအတွက်​ - ​ရောင်းမှား/ ဝယ်​မှား မဖြစ်​​ဖို့
စာချုပ်​စာတမ်းပိုင်းများကို အ​သေချာစီစစ်​ထားသည့်​ ရွာ​မြေ၊ လယ(၃၀)​လျှောက်​ထားဆဲ​မြေ၊ လ/ယ(၃၀)ကျ ထားပြီးတဲ့​မြေများကိုသာအ​ရောင်း၊ အဝယ်​ပြုလုပ်​​ပေးထားပါတယ်​ခင်​ဗျာ။

☎☎☎☎☎
#09 697714164
#09 764373503

👪ဒါ့​ကြောင့်​ ပျော်​ရွင်​ဖွယ်​မိသားစုဘ၀နဲ့​ အေးချမ်းတဲ့
နေရာ​လေးပိုင်​ဆိုင်​ဖို့ Ko Kyaw Phyo estate နဲ့ဆက်​သွယ်​လိုက်​ပါ👪

 #ဂရံ    #ပုံစံ ၁၀၅ ၊ ၁၀၆  #စလစ်မြေ #ပုံစံ ၇  #စာရွက်စာတမ်းနမူနာပုံစံပါ။Credit
27/07/2019

#ဂရံ #ပုံစံ ၁၀၅ ၊ ၁၀၆
#စလစ်မြေ
#ပုံစံ ၇
#စာရွက်စာတမ်းနမူနာပုံစံပါ။
Credit

🎁🎁🎁နေရာကောင်းကိုမှကြိုက်ပြီး ဈေးတန်မှ ရင်းနှီးမြုပ်နှံလိုသူအတွက်🎁🎁🎁➡အခြေချနေထိုင်လိုသူများအတွက်➡မြေပြင်သာလာကြည့်လိုက်ပါ...
27/07/2019

🎁🎁🎁နေရာကောင်းကိုမှကြိုက်ပြီး ဈေးတန်မှ ရင်းနှီးမြုပ်နှံလိုသူအတွက်🎁🎁🎁
➡အခြေချနေထိုင်လိုသူများအတွက်
➡မြေပြင်သာလာကြည့်လိုက်ပါ တစ်ကယ်တန်တယ်မှ ဝယ်ယူနိုင်ပါတယ်နော်
➡ပေ (၄၀× ၆၀) / (၄၀ × ၅၀ )
➡သိန်း ၂၃၀ /၂၄၀ /၂၅၀ / ၂၆၀ / ၂၇၅ /၂၈၀ သိန်း (ညှိနှိုင်း)
➡အရစ်ကျကာလ သုံးလအတွင်း လေးရစ်

တည်နေရာ
🏠🏠🏠🏠🏠
➡ပြင်ဦးလွင် ရပ်ကွက်ကြီး( ၁၂ ) ရေချမ်းအိုး
➡ပြင်ဦးလွင်-လားရှိုးလမ်းမကြီးမှ ၂ မိနစ်ခန့်အကွာ ရပ်ကွက်ကြီးမြေ
➡ရှုခင်းကောင်းပြီး ဘေးပတ်ပတ်လည် အိမ်ခြေအပြည့်
➡ပြင်ဦးလွင် DSTA ရှေ့
➡VEA ကိုယ်ပိုင်အထက်တန်းကျောင်းအနီး
➡Pyin Oo Lwin Center
➡ပုလဲဖြူဆွယ်တာဆိုင်အနီး
➡Ruby Mart / ကားကြီးကွင်း အနီး
➡ရပ်ကွက်သန့်ပြီး ဘေးပတ်ပတ်လည် အိမ်ကြီးအိမ်ကောင်းများနှင့် တည်းခိုခန်း / အိမ်ဆောက်ပြီးငှားရမ်းလိုသူများ / ပြင်ဦးလွင်မြို့ထဲနဲ့ကပ်လျက်မှာပဲ အခြေချနေထိုင်လိုသူများ အတွက် အရမ်းအဆင်ပြေတဲ့ နေရာလေးပါဗျ

မြေအမျိုးအစား
⭐⭐⭐⭐⭐⭐
➡ပုံစံ ၁၀၅ / ၁၀၆ ပါပြီး လန ၃၀(ခ) လျှောက်ထားဆဲ

ဝန်ဆောင်မှု
🎁🎁🎁🎁🎁
➡အုတ်တံတိုင်း/သံတံခါး/သံပန်း
➡ကွန်ကရိလမ်း/ကွန်ကရိမီးတိုင်
➡အကွက်ရှေ့မီးတိုင်အရောက်

စာရွက်စာတမ်း
📒📒📒📒📒
➡လန ၃၀(ခ) လျှောက်ထားဆဲ စာရွက်စာတမ်းများ
➡မြေအရောင်းအဝယ်စာချုပ်
➡မြေအဆင့်ဆင့်လွှဲပြောင်းစာချုပ်
်➡ဝယ်သူအမည်ပေါက်ပိုင်ဆိုင်မှု အလွှဲအပြောင်းစာချုပ်
➡ရောင်းသူ၏မှတ်ပုံတင် မိတ္တူ လက်ဗွေရာ
➡ကုန်ကျစရိတ်အား ရောင်းသူဘက်မှ ကျခံပေးပါမည်

ဆက်သွယ်ရန်
☎☎☎☎☎
09-764373503(Viber ) /09-697714164 ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ

🎄🎄🎄Ko Kyaw Phyo Estateမှပိတ်ရက်မရှိ ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်ခင်ဗျ🎄🎄🎄
➡ပြင်ဦးလွင် ရောက်တဲ့နေရာကနေ ကြိုက်တဲ့အချိန်သာ ဖုန်းဆက်လိုက်ပါ
➡မိတ်ဆွေတို့ကြည့်ချင်တဲ့ မြေကွက်အနေအထား စာရွက်စာတမ်းများကို စိတ်တိုင်းကျ အားမနာတမ်း ကြည့်ပြီးမှ ဝယ်ယူအားပေးနိုင်ပါတယ်ဗျ
➡လာရောက်လေ့လာချင်သူများကိုလဲ ဖိတ်ခေါ်ပါတယ်ဗျ
➡နေရာကောင်း အရှုပ်အရှင်းကင်း ဈေးမှန်ပြီး စာရွက်စာတမ်းခိုင်မာသော မြေကွက်များကိုသာ စံရတနာမှ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျ

Address

Maymyo
PYINOOLWIN

Telephone

09764373503

Website

Alerts

Be the first to know and let us send you an email when Ko kyaw Phyo အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram