Royal Specialist Clinic and Pharmacy

Royal  Specialist Clinic and Pharmacy Special health care services provide for our valued patients ever with kindly heart.

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽🤰🤷‍♀️🤷‍♀️🤷‍♀️🤷‍♀️...
24/03/2026

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽

🤰🤷‍♀️🤷‍♀️🤷‍♀️🤷‍♀️ ကိုယ်ဝန်ဆောင်ကြတော့မယ်ဆိုရင် အရင်ဆုံးစိတ်ပူမိကြတာက

👉 ဘယ်လို သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် စနစ်တကျတိုင်ပင်ပြသရမလဲဆိုတာ…

👉 ကိုယ်ဝန်ဆောင်လို့ရနိုင်ပါ့မလား ဆိုတာ…
👉ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်ကျန်းမာရေးနဲ့ ကလေးကျန်းမာရေးတွေဟာ အဆင်ပြေပါ့မလားဆိုတာ…

🔴ကားကြီးကွင်းတိုက်ခန်း (အလယ်လမ်း) ရှိ
တော်ဝင် ဆေးခန်းမှာ 🙂🙂🙂🙂
🍁ကိုယ်ဝန်မဆောင်ခင်မှစပြီး ကိုယ်ဝန်ဆောင်ကာလတလျောက်ရော....
🍁မွေးဖွားပြီးချိန်ထိစိတ်ချမ်းသာစွာနဲ့ ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် တွေးပူနေစရာမလိုအောင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဖြင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ…

✅ ​မေ​မေတို့အတွက်တင်သာမက မိသားစုအားလုံးကျန်းမာ​ရေးအတွက် 👉🏽👉🏽👉🏽🏥🏥🏥
💚 အ​ထွေ​ထွေ​ရောဂါအထူးကုဆရာဝန်
💚 နှလုံး​ရောဂါအထူးကုဆရာဝန်
💚 ဆီးချို ​သွေးတိုး ​အထူးကုဆရာဝန်
💚 ခွဲစိတ်အထူးကုဆရာဝန်
💚 က​လေးအထူးကုဆရာဝန်
💚 ကင်ဆာ​ရောဂါအထူးကုဆရာဝန်
💚 အရိုးအ​ကြော အထူးကုဆရာဝန်
💚 နား၊နှာ​ခေါင်း၊လည်​ချောင်းအထူးကုဆရာဝန်
💚 အာထွာ​စောင်းရိုက်ကူးခြင်း
💚 ECG ဆွဲ​ပေးခြင်း
💚 ကိုယ်ဝန်​ဆောင်သားဆက်ခြားနည်းအမျိုးမျိုး​ဆောင်ရွက်​ပေးခြင်း
💚 သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးထိုးနှံနိုင်ခြင်း
💚 ကာကွယ်​ဆေးမျိုးစုံ ထိုးနှံနိုင်ခြင်း
💚 ​သွေးစစ်၊ ဆီးစစ် ​ရောဂါဓါတ်ခွဲရှာ​ဖွေ​ပေးခြင်း
စသည့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုမျိုးစုံ အတွက် သင့်တင့်ချိုသာ​သော နှုန်းထား ၊ ကျွမ်းကျင်​သောကျန်းမာ​ရေး ဆရာဝန် သူနာပြုတို့ဖြင့်လာ​ရောက်ကုသပြသနိုင်ပါပီရှင်

တော်ဝင် ဆေးခန်း
📞09266447123, 09650375584
Page CB

📍ကားကြီးကွင်းတိုက်တန်းအလယ်လမ်း၊ ပြင်ဦးလွင်မြို့
Open hours - မနက် ၈ - ည ၈နာရီ

ဆီးချို ရှိနေသူများ လမ်းလျှောက်ပါလို့ ဘာကြောင့်ပြောရတာလဲဆိုတော့ လှုပ်လှုပ်ရှားရှားနေတာက အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်...
11/03/2026

ဆီးချို ရှိနေသူများ လမ်းလျှောက်ပါလို့ ဘာကြောင့်ပြောရတာလဲဆိုတော့ လှုပ်လှုပ်ရှားရှားနေတာက အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ဆီးချို ရှိနေပြီးသားသူတွေမှာလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့်ပါ။

ဒီတော့ ဆီးချိုရှိသူတွေအတွက် သွေးတွင်းသကြားဓာတ်ကို ထိန်းပေးနိုင်သလို နေ့စဉ် လုပ်ဆောင်ရတာလည်း လွယ်ကူစေတဲ့ နည်းလမ်းကတော့ လမ်းလျှောက်တာပဲ ဖြစ်ပါတယ်။

လမ်းလျှောက်ရုံနဲ့ အခုဖော်ပြပေးထားတဲ့ အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်မှာပါ။

ဆီးချို ရှိသူတွေအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပြီး နောက်ဆက်တွဲ ပြဿနာတွေကို ကာကွယ်ဖို့ဆိုရင် တစ်နေ့တာကို မိနစ် ၃၀၊ တစ်ပတ်ကို ၅ ကြိမ် လျှောက်ပါ။

တစ်ဆက်တည်း မိနစ် ၃၀ မလျှောက်ဖြစ်ဘူးဆိုရင် တစ်ခါကို ၁၀ မိနစ်နှုန်းနဲ့ ၃ကြိမ် ခွဲလျှောက်တာ၊ ၁၅ မိနစ် ၂ ကြိမ် လျှောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။

လမ်းလျှောက်တဲ့အခါ ခပ်သွက်သွက်လေး လျှောက်ပေးပါ။ လမ်းလျှောက်ပြီး မိနစ်အနည်းငယ်ကြာရင် ချွေးစို့လာရပါမယ်။ ပြင်ညီထက် ကုန်းတွေမှာ လျှောက်ပေးပါ။ ဒါမှ လေ့ကျင့်ခန်းလုပ်သလို အကျိုးကျေးဇူးရမှာ ဖြစ်ပါတယ်။

​တော်ဝင်​ဆေးခန်း ၊ ကားကြီးကွင်းတိုက်တန်းအလယ်လမ်းမှာ
သက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးဖြင့်​နေ့စဥ်လာ​ရောက်ပြသနိုင်ပါတယ်ရှင် 🍁🍁🍁🙏🏽🙏🏽

ဖုန်း 09266447123

#​တော်ဝင်​ဆေးခန်း #ကားကြီးကွင်းတိုက်တန်းအလယ်လမ်း #ပြင်ဦးလွင် #​ဆေးခန်း #ကျန်းမာရေးဗဟုသုတ #ဆီးချို

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽🤰ကိုယ်ဝန်ဆောင်ကြတ...
16/11/2025

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ ​ချစ်ခင်ရပါ​သော မေ​မေတို့နှင့် အမျိုးသမီးများအားလုံး မင်္ဂလာပါရှင် 🥰🙏🏽🙏🏽🙏🏽

🤰ကိုယ်ဝန်ဆောင်ကြတော့မယ်ဆိုရင် အရင်ဆုံးစိတ်ပူမိကြတာက

👉 ဘယ်လို သားဖွားမီးယပ်အထူးကုဆရာဝန်နှင့် စနစ်တကျတိုင်ပင်ပြသရမလဲဆိုတာ…
👉 ကိုယ်ဝန်ဆောင်လို့ရနိုင်ပါ့မလား ဆိုတာ…
👉ကိုယ်ဝန်ဆောင်နေစဉ်မှာ မိခင်ကျန်းမာရေးနဲ့ ကလေးကျန်းမာရေးတွေဟာ အဆင်ပြေပါ့မလားဆိုတာ…

🔴ကားကြီးကွင်းတိုက်ခန်း (အလယ်လမ်း) ရှိ
တော်ဝင် ဆေးခန်းမှာ ကိုယ်ဝန်မဆောင်ခင်မှစပြီး ကိုယ်ဝန်ဆောင်ကာလတလျောက်ရော မွေးဖွားပြီးချိန်ထိစိတ်ချမ်းသာစွာနဲ့ ကျန်းကျန်းမာမာနေနိုင်ဖို့အတွက် တွေးပူနေစရာမလိုအောင် သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးဖြင့် စနစ်တကျ တိုင်ပင်ဆွေးနွေးပြသနိုင်ပါပြီ…

✅ ​မေ​မေတို့အတွက်တင်သာမက မိသားစုအားလုံးကျန်းမာ​ရေးအတွက်
💚 အ​ထွေ​ထွေ​ရောဂါအထူးကုဆရာဝန်
💚 နှလုံး​ရောဂါအထူးကုဆရာဝန်
💚 ဆီးချို ​သွေးတိုး ​အထူးကုဆရာဝန်
💚 ခွဲစိတ်အထူးကုဆရာဝန်
💚 က​လေးအထူးကုဆရာဝန်
💚 ကင်ဆာ​ရောဂါအထူးကုဆရာဝန်
💚 အရိုးအ​ကြော အထူးကုဆရာဝန်
💚 နား၊နှာ​ခေါင်း၊လည်​ချောင်းအထူးကုဆရာဝန်
💚 အာထွာ​စောင်းရိုက်ကူးခြင်း
💚 ECG ဆွဲ​ပေးခြင်း
💚 ကိုယ်ဝန်​ဆောင်သားဆက်ခြားနည်းအမျိုးမျိုး​ဆောင်ရွက်​ပေးခြင်း
💚 သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေးထိုးနှံနိုင်ခြင်း
💚 ကာကွယ်​ဆေးမျိုးစုံ ထိုးနှံနိုင်ခြင်း
💚 ​သွေးစစ်၊ ဆီးစစ် ​ရောဂါဓါတ်ခွဲရှာ​ဖွေ​ပေးခြင်း
စသည့် ကျန်းမာ​ရေး​စောင့်​ရှောက်မှုမျိုးစုံ အတွက် သင့်တင့်ချိုသာ​သော နှုန်းထား ၊ ကျွမ်းကျင်​သောကျန်းမာ​ရေး ဆရာဝန် သူနာပြုတို့ဖြင့်လာ​ရောက်ကုသပြသနိုင်ပါပီရှင်

တော်ဝင် ဆေးခန်း
📞09266447123, 09650375584
Page CB

📍ကားကြီးကွင်းတိုက်တန်းအလယ်လမ်း၊ ပြင်ဦးလွင်မြို့
Open hours - မနက် ၈ - ည ၈နာရီ

မင်္ဂလာပါရှင် 🙏🏽🙏🏽🙏🏽ပြင်ဦးလွင်မြို့တွင်လူကြီးမင်းတို့၏ မိသားစုကျန်းမာရေးအတွက် ....'​တော်ဝင်'သားဖွားမီးယပ်နှင့် အ​ထွေ​ထွ...
08/11/2025

မင်္ဂလာပါရှင် 🙏🏽🙏🏽🙏🏽
ပြင်ဦးလွင်မြို့တွင်
လူကြီးမင်းတို့၏ မိသားစုကျန်းမာရေးအတွက် ....

'​တော်ဝင်'
သားဖွားမီးယပ်နှင့် အ​ထွေ​ထွေ​ရောဂါကုဆေးခန်းကို

🏥🏥ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၁၀ ၊ ကားကြီးကွင်းတိုက်တန်းအလယ်လမ်း မှာ ဖွင့်လှစ်ထားပါတယ်​နော်။ 🏥🏥🏥
🛎🛎🛎🛎🛎🛎☎️☎️☎️👨🏿‍⚕️

ဆေးခန်းဖွင့်ချိန် မနက် (၈)နာရီမှ ည (၈) နာရီအတွင်းမှာ
💚 သားဖွားမီးယပ်အထူးကုဆရာဝန်
💚 က​လေးအထူးကုဆရာဝန်
💚 အ​ထွေ​ထွေ​​ရောဂါအထူးကုဆရာဝန်
💚 နှလုံး​ရောဂါအထူးကုဆရာဝန်
💚 ဆီးချို ၊ ​သွေးတိုးနှင့် ​ဟော်မုန်း​ရောဂါဆိုင်ရာ
အထူးကုဆရာဝန်
💚 ခွဲစိတ်အထူးကုဆရာဝန်
💚 အရိုး၊ အ​ကြော အထူးကုဆရာဝန်ကြီး
💚 ကင်ဆာ​ရောဂါအထူးကုဆရာဝန်
💚 နား၊ နား​ခေါင်း၊ လည်​ချောင်းအထူးကုဆရာဝန်
များဖြင့် ​နေ့စဥ်ပြသနိုင်ပါတယ်...

💚 အာထွာဆောင်း ရိုက်ခြင်း
💚 ECG စက်ဖြင့် နှလုံးစစ်ဆေးခြင်း
💚 သွေး၊ ဆီး၊ ဝမ်း၊ သလိပ် စစ်ဆေးခြင်း
💚 အရေးပေါ် လူနာပြုစုကုသခြင်း
💚 Day care ​ဆောင်ရွက်​ပေးခြင်း
💚 ကိုယ်ဝန်​ဆောင်သားဆက်ခြား​ခြင်းများ​ဖြစ်သည့်
သားဆက်ခြား​ဆေးထိုးခြင်း၊ ပစ္စည်းထည့်ခြင်းများ
ဆောင်ရွက်​ပေးခြင်း
💚 သားအိမ်​ခေါင်းကင်ဆာကာကွယ်​ဆေး၊ ကိုဗစ်ကာကွယ်​ဆေးအပါအဝင်ကာကွယ်​ဆေးမျိုးစုံ ထိုးနှံ​ပေးခြင်း

စသည့် ကျန်းမာ​ရေး ​ဝန်​ဆောင်မှုများကို ချိုသာသင့်တင့်​သောနှုန်းထားဖြင့်သာ ကျွမ်းကျင်ဆရာဝန် ၊ သူနာပြုများနှင့် စနစ်တကျကုသမှုတို့ဖြင့် နွေးထွေးစွာဖြင့် ကုသပေးလျှက်ရှိပါတယ်ရှင့် ☺️☺️☺️

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Messenger သို့မဟုတ် 09 266 447 123၊ 09 650 375584 သို့ခေါ်ဆို ဆက်သွယ်နိုင်ပါတယ်ရှင့်။
ကျန်းမာ သာယာသော နေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်
🙏🙏🙏

ကလေးအဖျားကြီးပြီး တ၊က်သွားရင် ၊ အရေ၊းပေါ် ဘာလုပ်ရမလဲဆိုတာ ဆရာဝန်တွေ ထပ်ခါထပ်ခါပြောနေ​ ရေးနေပေမယ့်၊မိဘတွေက နားမထောင်ကြလို...
29/10/2025

ကလေးအဖျားကြီးပြီး တ၊က်သွားရင် ၊ အရေ၊းပေါ် ဘာလုပ်ရမလဲဆိုတာ ဆရာဝန်တွေ ထပ်ခါထပ်ခါပြောနေ​ ရေးနေပေမယ့်၊မိဘတွေက နားမထောင်ကြလို့ ၊တက်ခြင်းရဲ့နောက်ဆက်တွဲဆို၊းကျိုးတွေ ကလေးတွေမှာ ခံစားရတာ အတော်များများပါပဲ။
တစ်ချို့ဆို ဥာဏ်ရ၊ည်နိ၊မ့်သွားကြတယ်။
တစ်ချို့ ကိုယ်လ/က်အ/င်္ဂါမသ-န်စွ'မ်းဖြစ်သွားကြရပါတယ်။

ကလေးတစ်ယောက် အဖျားကြီးပြီး တ၊က်သွားတာနဲ့၊ မိဘတွေက ပြာယာခက်တတ်ပါတယ်။
ကိုယ်ချင်းစာပါတယ်။

ဒါပေမယ့်၊
အရင်ဆုံး စိတ်တည်တည်ငြိမ်ငြိမ်ထားပါ။

တ၊က်နေတဲ့ကလေးကို ဘေးတစ်စောင်းအနေအထားသို့ ပြုပြင်ပါ။
တ၊က်နေတဲ့ကလေးပတ်ဝန်းကျင်က ကလေးရု၊န်းက၊န်တဲ့အခါ ကလေးကိုဒ-ဏ်ရာရစေနိုင်သော ပစ္စည်းများကို ဖယ်ရှားပါ။
ခြေမ/ချို၊း၊ လ၊က်/မချို၊း၊ ဟိုထု ဒီထု မပြုလုပ်ရပါ။
ကလေးပါးစပ်ထဲကို လက်ထ/ည့်တာ ဇွန်းထ/ည့်တာမပြုလုပ်ရပါ။

ကလေးကို ကလေးအသက်အရွယ်နဲ့လိုက်ပြီး Para Suppo 125mg(စ/အိုထဲထ/ည့်ရသော အပူကျဆေးတောင့်) သော်လည်းကောင်း 250mg သော်လည်းကောင်း အလျှင်အမြန်ထည့်ပါ။
Paracetamol Suppo နဲ့ Acetamenophen Suppo အတူတူပါ။
ကလေးရဲ့ကိုယ်အလေးချိန်ကို 10(သို့)15နဲ့ မြောက်ပြီး ထည့်ရမယ့် Paracetamol Dose ကို ချိန်ကြည့်လို့ရပါတယ်။
ကလေးကိုယ်အလေးချိန်က 10kg ဆိုပါတော့။
10×10 သို့ 10×15 =ရလာတဲ့အဖြေက တစ်ကြိမ်မှာ ထည့်ရမယ့် ဆေး Dose ပမာဏပါ။
တစ်နေ့ကို လေးနာရီခြားတစ်ခါ (သို့ )ခြောက်နာရီခြားတစ်ခါ ထည့်လို့ရပါတယ်။

ကျနော်တို့ အရင်က၊ အဖျားကြီးပြီးတက်တဲ့ ကလေးတွေကို ရေချိုးပေးကြပေမယ့်၊
အခုနောက်ပိုင်းမှာ ရေချိုးပေးခြင်းဟာ ကလေးအတွက် အန္တရာယ်များတာရယ်၊ သိပ်ပြီး မထိရောက်တာရယ်ဆိုတဲ့ လေ့လာသုံးသပ်ချက်တွေအရ ရေချိုးပေးဖို့ကို မသင့်တော်ဘူးလို့ သုံးသပ်ရတာကြောင့်၊ အဖျားကြီးပြီးတက်သွားတဲ့ ကလေးကို ရေချိုးမပေးသင့်ဘူးလို့ပဲ ပြောပါရစေ။
ရေမချိုးပေးသင့်ပေမယ့်၊ ကလေးရဲ့ ချိုင်းကြား ပေါင်ကြား လည်ပင်ကြား ဖ/င်ကြားတွေကို ရေခဲဝတ်ကပ်ပေးရပါမယ်။
ရေခဲဝတ်ကပ်ပေးလို့ရပါတယ်။

ကလေးရဲ့ တ၊က်ချိန်ကာလကို မှတ်ထားရပါမယ်။
တ၊က်တဲ့ပုံစံကို မှတ်ထားရပါမယ်။

ကလေးက အတ၊က်ကျသွားတဲ့အခါ အားကုန်ပြီး ပျော့။ခွေ အိပ်ပျော်သွားတတ်ပါတယ်။

စိတ်​တည်တည်ငြိမ်ငြိမ်ပဲထားပြီး နီးစပ်ရာ မှန်ကန်တဲ့ဆေးရုံဆေးခန်းကို ကလေးကို အမြန်ဆုံးခေါ်သွားပေးရပါမယ်။

ကလေးဘာကြောင့်တ၊က်တာလည်းဆိုတဲ့ တက်ရတဲ့အကြောင်းရင်းကို ဆေးခန်းက ဆရာဝန်က ဆုံးဖြတ်ပေးပြီး၊ ကလေးကို ကုသပေးပါလိမ့်မယ်။
ဆက်လက်ကုသဖို့လိုအပ်ခဲ့ရင် ကုသရမယ့် အခြေအနေတွေကို ရှင်းပြပါလိမ့်မယ်။

ကလေးတက်တဲ့အခါ၊
အဖျားကြီးပြီးတက်တာအပြင်၊
ဦးနှောက်အမြှေးရောင်ခြင်း၊
ဝက်ရူးပြန်ရောဂါ၊
မေးခိုင်ရောဂါပိုးတွေနဲ့ အခြားအခြေအနေအချို့ကလည်း ကလေးကို တက်စေတဲ့အကြောင်းအရင်းတွေဖြစ်နိုင်တဲ့အတွက်၊ ကလေးဘာကြောင့်တက်တက် မပေါ့ဆဖို့တော့ လိုပါတယ်။

သားသားမီးမီးလေးတွေအားလုံး ကျန်းမာချမ်းသာကြပြီး၊ဖေဖေမေမေတို့လည်း မှန်ကန်တဲ့ ကျန်းမာရေးအသိတွေကိုပဲ လက်ခံကြတဲ့သူများ ဖြစ်ကြပါစေ 🏥🛎🏥💊💉

(Health Education Post)

အသည်းရောင် အသားဝါ ဘီပိုး (Hepatitis B) ကူးစက်ခံထားရလည်း ကျန်းမာစွာနဲ့ နေထိုင်နိုင်ပါတယ် ✨အကြောင်းအမျိုးမျိုးကြောင့် အသည်...
01/10/2025

အသည်းရောင် အသားဝါ ဘီပိုး (Hepatitis B) ကူးစက်ခံထားရလည်း ကျန်းမာစွာနဲ့ နေထိုင်နိုင်ပါတယ် ✨

အကြောင်းအမျိုးမျိုးကြောင့် အသည်းရောင် အသားဝါ ဘီပိုးကူးစက်ခံထားရသူတွေအနေနဲ့ ဗိုင်းရပ်စ်ပိုးနည်းနေတဲ့အချိန်ကုသခြင်းနှင့် ဗိုင်းရပ်စ်ပိုးများနေချိန် ကုသခြင်းဆိုပြီး ဆေးဝါးကုသမှုပုံစံတွေ ကွဲပြားနိုင်ပါတယ်။

📌ပထမ အခြေအနေ ( ဗိုင်းရပ်စ်ပိုးနည်းနေတဲ့အချိန်​ ) ဆိုတာက ရောဂါမပြင်းထန်ခင် စောစီးစွာ စစ်ဆေး၍ မိမိမှာ ဘီပိုး (Hepatitis B) ကူးစက်ခံထားရမှန်းသိတဲ့ အချိန်ဖြစ်ပြီး ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးကာ အသည်းရဲ့ လုပ်ဆောင်ချက်နဲ့ ဗိုင်းရပ်စ်ပိုးပမာဏကို ပုံမှန်စစ်ဆေးခြင်းဖြင့် ကုသနိုင်ပါတယ်။

📌ဒုတိယ အခြေအနေ ( ဗိုင်းရပ်စ်ပိုးများနေချိန် ) ဆိုတာက ရောဂါပြင်းထန်ချိန် လက္ခဏာတွေပြမှသာ သိရှိခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ပိုးသတ်ဆေး (Antiviral medications) တွေနဲ့ ကုသရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ ကုသမှု အချိန်ပိုကြာနိုင်သလို ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာနိုင်ဖို့လည်း အရေးကြီးပါတယ်။

!!! ဒါကြောင့် ရောဂါမပြင်းထန်ခင် ကုသနိုင်ဖို့အတွက် မိမိမှာ ဘီပိုး (Hepatitis B) ကူးစက်ခံထားရခြင်း ရှိ/ မရှိကို ကြိုတင်စစ်ဆေးသင့်ပါတယ်။

ဘီပိုး (Hepatitis B)ကို စောစီးစွာ မကုသဘဲထားပါက အသည်းခြောက်ခြင်း၊ အသည်းကင်ဆာနဲ့ အသည်းပျက်စီးခြင်း တို့ကို ဖြစ်စေနိုင်တာမို့ မိမိတွင် ဘီပိုး (Hepatitis B) မှန်းသိပါက အချိန်မစွဲဘဲ ကုသမှုခံယူသင့်သလို ကျန်းမာရေးနဲ့ ညီညွတ်စွာ ပြောင်းလဲနေထိုင်သင့်တယ်နော်💁🏻‍♂️

💠 မိမိမှာ ဘီပိုး (Hepatitis B) ကူးစက်ခံထားရတဲ့အခါ -

🙅🏼‍♂️အရက်၊ ဆီကြော်စာ ( အဆီများတဲ့ အစားအစာများ )၊ အချိုဓာတ်လွန်ကဲတဲ့ အစားအစားများ၊ အငန်ဓာတ်များတဲ့ အစားအစာများ၊ ဘက်တီးရီးယား ပါဝင်မှုများတဲ့ အသားစိမ်း၊ ငါးစိမ်းတွေကို ရှောင်ပြီး

🙋🏻‍♂️ဗီတာမင်၊ သတ္ထုဓာတ်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက် များ၊ အမျှင်ဓာတ်များတဲ့ ဆန်လုံးညို၊ ဂျုံ၊ ပဲ အမျိုးမျိုး၊ အဆီနည်းပြီး ပရိုတင်းဓာတ်များတဲ့ ကြက်ရင်ပုံသား၊ ငါးအမျိုးမျိူး စသဖြင့် ရွေးချယ်စားသုံးသင့်ပါတယ်။

🏃🏻‍♂️‍➡️လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်း၊ ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးကိုပုံမှန်သောက်ခြင်းနှင့် စိတ်ဖိစီးမှု လျှော့ချခြင်း စတဲ့ အပြုအမှု အနေအထိုင်တွေကိုလည်း နေ့စဥ်ပြုကျင့်ခြင်းဖြင့် အသည်းရောင် အသားဝါ ဘီပိုးကူးစက်ခံထားရလည်း ကျန်းမာပျော်ရွှင်စွာနဲ့ နေထိုင်နိုင်မှာပဲဖြစ်ပါတယ်။✨

👨🏿‍⚕️👨🏿‍⚕️♥️♥️♥️♥️

ဒါ့​ကြောင့်အတွေ့အကြုံကောင်းများဖြင့်ပြည့်စုံ​သော ကျွမ်းကျင်ဆရာဝန် ကျွမ်းကျင်သူနာပြုများဖြင့်
ပြင်ဦးလွင်မြို့ ကားကြီးကွင်းတိုက်တန်း အလယ်လမ်းရှိ👉🏽👉🏽


🏥🏥🏥🛎🛎
💊💊💊💊💉💉💉💉

'​တော်ဝင်' ​ဆေးခန်းတွင်

မှ အရည်အသွေးပြည့်မှီတဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐓𝐞𝐬𝐭 𝐊𝐢𝐭 များနဲ့ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐃𝐢𝐚𝐠𝐧𝐨𝐬𝐭𝐢𝐜 ​ဆောင်ရွက်ခြင်း
ကုသခြင်းတို့ကို ချိုသာ​သောနှုန်းထား မြန်ဆန်​သောဝန်​ဆောင်မှုတို့ဖြင့် ​ဆောင်ရွက်​ပေးလျက်ရှိပါတယ်ရှင်

☎️☎️☎️ 09266447123
Page cb

01/10/2025
📍သတိပြုစရာ သားအိမ်ကင်ဆာ👉အမျိုးသမီးတွေအတွက် သားအိမ်နှင့်ဆိုင်သောရောဂါလက္ခဏာများသည် သတိထားသင့်တဲ့ ကျန်းမာရေးတစ်ခုပါ။ရောဂါမ...
30/09/2025

📍သတိပြုစရာ သားအိမ်ကင်ဆာ

👉အမျိုးသမီးတွေအတွက် သားအိမ်နှင့်ဆိုင်သောရောဂါလက္ခဏာများသည် သတိထားသင့်တဲ့ ကျန်းမာရေးတစ်ခုပါ။ရောဂါများထဲမှ သားအိမ်ကင်ဆာသည် အဖြစ်အများဆုံးနှင့် အန္တာရယ် အရှိနိုင်ဆုံး​ရောဂါ တစ်ခုဖြစ်ပါတယ် ။

👉သားအိမ်ကင်ဆာဆိုသည်မှာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် သားအိမ်အတွင်းတွင် ပုံမှန်မဟုတ်ဘဲကြီးထွားလာကြတဲ့အကျိတ်ဖြစ်ပါသည်။

👉ဒီလိုသတိထားမပေါ့ဆသင့်တဲ့ သားအိမ်ကင်ဆာရဲ့လက္ခဏာတွေကဘာတွေလဲ ၊ဘာကြောင့် ဂရုတစိုက်ဖြင့် သတိထားသင့်သလဲ ​ကျန်းမာ​ရေး ဗဟုသုတအဖြစ်ဖော်ပြ​ပေးလိုက်ရပါတယ်ရှင် 🙏🏽🙏🏽🙏🏽💐💐💐

🏥💉💊

ပြင်ဦးလွင်မြို့ကားကြီးကွင်းတိုက်တန်း
အလယ်လမ်း ရှိ

🛎🏩 ​တော်ဝင်
သားဖွားမီးယပ်နှင့်အ​ထွေ​ထွေ​ရောဂါကု​​ဆေးခန်းတွင်

❤ အမျိုးသမီးများကိုယ်ဝန်​ဆောင်ဗိုက်အပ်နှံခြင်း . . .

ရိုးရိုး​မွေးဖွားခြင်း၊ ခွဲစိတ်​မွေးဖွားခြင်းအတွက် သင့်တင့်​သောနှုန်းထားတို့ဖြင့် ​မွေးဖွားနိုင်ရန် သက်ဆိုင်ရာဆရာဝန်ကြီးဖြင့်​နွေး​ထွေးစွာတိုင်ပင်​ဆွေး​​နွေးနိုင်ခြင်း . . .

စုံတွဲများသားသမီးရရှိလိုခြင်းအတွက်​ အိုဂျီဆရာဝန်ကြီးဖြင့်ဆွေး​နွေးတိုင်ပင်လမ်းညွှန်ကုသမှု ခံယူနိုင်ခြင်း . . .

စနစ်တကျသားဆက်ခြားနိုင်ရန်အတွက် သားဆက်ခြားနည်းအမျိုးမျိုးကို အိုဂျီဆရာဝန်ကြီးဖြင့် ​ဆွေး​နွေး ​ဆောင်ရွက်နိုင်ခြင်း . . .

အရွယ်အမျိုးမျိုး​သော အမျိုးသမီးများအတွက် အမျိုးသမီး​ရောဂါအမျိုးမျိုး လာ​ရောက်တိုင်ပင်ပြသကုသနိုင်ခြင်း . . .

🏢​တော်ဝင်
သားဖွားမီးယပ်နှင့်အ​ထွေ​ထွေ​ရောဂါကု​ဆေးခန်း
ကားကြီးကွင်းတိုက်တန်း အလယ်လမ်း
ပြင်ဦးလွင်မြို့။

☎️ 09266447123, 09797554526
#​တော်ဝင်​ဆေးခန်း
#​ဆေးခန်း
#သတိပြုစရာသားအိမ်ကင်ဆာ
#အိုဂျီ
#ပြင်ဦးလွင်

မင်္ဂလာပါရှင် 🙏🏽🙏🏽🙏🏽ပြင်ဦးလွင်မြို့တွင်လူကြီးမင်းတို့၏ မိသားစုကျန်းမာရေးအတွက် ....'​တော်ဝင်'သားဖွားမီးယပ်နှင့် အ​ထွေ​ထွ...
29/09/2025

မင်္ဂလာပါရှင် 🙏🏽🙏🏽🙏🏽
ပြင်ဦးလွင်မြို့တွင်
လူကြီးမင်းတို့၏ မိသားစုကျန်းမာရေးအတွက် ....

'​တော်ဝင်'
သားဖွားမီးယပ်နှင့် အ​ထွေ​ထွေ​ရောဂါကုဆေးခန်းကို

ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး ၁၀ ၊ ကားကြီးကွင်းတိုက်တန်းအလယ်လမ်း မှာ ဖွင့်လှစ်ထားပါတယ်​နော်။
😍😍😍

ဆေးခန်းဖွင့်ချိန် မနက် (၈)နာရီမှ ည (၈) နာရီအတွင်းမှာ
💚 သားဖွားမီးယပ်အထူးကုဆရာဝန်
💚 က​လေးအထူးကုဆရာဝန်
💚 အ​ထွေ​ထွေ​​ရောဂါအထူးကုဆရာဝန်
💚 နှလုံး​ရောဂါအထူးကုဆရာဝန်
💚 ဆီးချို ၊ ​သွေးတိုးနှင့် ​ဟော်မုန်း​ရောဂါဆိုင်ရာ
အထူးကုဆရာဝန်
💚 ခွဲစိတ်အထူးကုဆရာဝန်
💚 အရိုး၊ အ​ကြော အထူးကုဆရာဝန်ကြီး
များဖြင့် ​နေ့စဥ်ပြသနိုင်ပါတယ်...

💚 အာထွာဆောင်း ရိုက်ခြင်း
💚 ECG စက်ဖြင့် နှလုံးစစ်ဆေးခြင်း
💚 သွေး၊ ဆီး၊ ဝမ်း၊ သလိပ် စစ်ဆေးခြင်း
💚 အရေးပေါ် လူနာပြုစုကုသခြင်း
💚 Day care ​ဆောင်ရွက်​ပေးခြင်း
💚 ကိုယ်ဝန်​ဆောင်သားဆက်ခြား​ခြင်းများ​ဖြစ်သည့်
သားဆက်ခြား​ဆေးထိုးခြင်း၊ ပစ္စည်းထည့်ခြင်းများ
ဆောင်ရွက်​ပေးခြင်း
💚 ကာကွယ်​ဆေးမျိုးစုံ ထိုးနှံ​ပေးခြင်း

စသည့် ကျန်းမာ​ရေး ​ဝန်​ဆောင်မှုများကို ချိုသာသင့်တင့်​သောနှုန်းထားဖြင့်သာ ကျွမ်းကျင်ဆရာဝန် ၊ သူနာပြုများနှင့် စနစ်တကျကုသမှုတို့ဖြင့် လျှင်မြန် သက်သာ နွေးထွေးစွာဖြင့် ကုသပေးလျှက်ရှိပါတယ်ရှင့် ☺️☺️☺️

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက Messenger သို့မဟုတ် 09 266 447 123၊ 09 650 375584 သို့ခေါ်ဆို ဆက်သွယ်နိုင်ပါတယ်ရှင့်။
ကျန်းမာ သာယာသော နေ့လေးပိုင်ဆိုင်နိုင်ကြပါစေရှင်
🙏🙏🙏

ဆီးချိုစစ်တဲ့စက်တွေ ပေါလာတော့ အိမ်တိုင်းလိုလိုမှာ စက်တွေ ရှိလာကြပါပြီ။ ဆီးချိုရောဂါ ကိုယ့်မှာ ရှိနေ/မနေ သိဖို့ပါ။၁။ည၁၀ န...
18/09/2025

ဆီးချိုစစ်တဲ့စက်တွေ ပေါလာတော့
အိမ်တိုင်းလိုလိုမှာ စက်တွေ ရှိလာကြပါပြီ။ ဆီးချိုရောဂါ ကိုယ့်မှာ ရှိနေ/မနေ သိဖို့ပါ။

၁။ည၁၀ နာရီ နောက်ပိုင်းဘာမှ မစားဘဲ မနက် ၆နာရီ လက်ထိပ်သွေးဖောက်စစ်လို့
ရလာတဲ့ အဖြေက

FBS က 6.1 mmol/L (110 mg/dl )အောက်ဆို ကောင်းပါတယ်။ဆီးချိုရောဂါ မရှိပါ။

FBSက ≥ 6.1 mmol/L - 7 mmol/L [110 mg/dl – 126 mg/dl ]အတွင်းရှိနေခဲ့ရင် ဆီးချို စဖြစ်နိုင်ချေ ရှိနေပြီး

FBS ≥ 7 mmol/L [126 mg/dl ]ကျော်နေရင် ဆီးချိုရှိနေပါပြီ။နောက်နေ့မနက် ထပ်ဖောက်ပြီး confirm ပါရန်။

၂။
အစာစားပြီး ၂ နာရီ အကြာမှာ စစ်တဲ့အခါ
7.8mmol/l[140mg/dl] အောက်ဆိုရင် ကောင်းပါတယ်။

RBS ≥ 7.8 mmol/L - 11.1 mmol/L [140 mg/dl – 200mg/dl ]ဆီးချို ဖြစ်ခါနီးပါပြီ။

RBS ≥ 11.1 mmol/L [200mg/dl ]ကျော်နေရင် ဆီးချို ဖြစ်ပါပြီ။(FBS ထပ်ဖောက်ပါရန်)

၃။သွေးကြောထဲမှ သွေးဖောက်ပြီး ဟေမိုဂလိုဘင် စစ်ဆေးလိုက်တဲ့အခါ (HbA1c)
HbA1c 6 %အောက်ဆိုရင် ကောင်းပါတယ်။
HbA1c ≥ 6 % - 6.4% အတွင်းရှိရင် ဆီးချို ဖြစ်ချင်နေပါပြီ။

HbA1c ≥ 6.5 ကျော်နေရင်
ဆီးချိုရှိနေပီ ဖြစ်ပါတယ်

🛑🛑🛑🛑🛑

ပြင်ဦးလွင်မြို့နယ်တဝိုက်ရှိ မိဘပြည်သူများရှင့်

ကားကြီးကွင်းတိုက်တန်း အလယ်လမ်းရှိ
'​တော်ဝင်'
သားဖွားမီးယပ်​နှင့်အ​ထွေ​ထွေ​ရောဂါကု ​ဆေးခန်း
ပြင်ဦးလွင်မြို့

တွင် ​ဆီးချို ​၊ သွေးတိုးနှင့် အ​ထွေ​ထွေ​ရောဂါ​ဝေဒနာရှင်များအတွက်

👨🏿‍⚕️​ဆီးချို ​သွေးတိုးနှင့် ​ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ဖြင့်လည်း​ကောင်း
👨🏿‍⚕️အ​ထွေ​ထွေ​ရောဂါအထူးကုဆရာဝန်ကြီးဖြင့်လည်း​ကောင်း

သင့်တင့်​သော​စျေးနှုန်း စနစ်ကျ​သော ကုသလမ်းညွှန်မှုတို့ဖြင့်
လာ​ရောက်ပြသကုသနိုင်ပါတယ်ရှင် 🙏🏽🛎🛎

Booking ph : 09266447123

#​ဆေးခန်း

#ပြင်ဦးလွင်
#အထူးကု
#​ဆီးချို​သွေးတိုး

🍃သွေးဆုံးချိန် (Menopause) -အပိုင်း(၁.) မှ (၄)✨အပိုင်း-(၁)အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အသက်၄၅ - ၅၅ နှစ်ကြားကာလမှာ သ...
12/09/2025

🍃သွေးဆုံးချိန် (Menopause) -အပိုင်း(၁.) မှ (၄)

✨အပိုင်း-(၁)

အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အသက်၄၅ - ၅၅ နှစ်ကြားကာလမှာ သွေးဆုံးလေ့ ရှိပါတယ်။
သဘာဝတရားရဲ့ စီမံမှုပါပဲ။

သွေးဆုံးရခြင်းအကြောင်းကတော့ သားဥအိမ် အိုမင်းမစွမ်း ဖြစ်လာခြင်းဆိုတဲ့ သင်္ကေတပါ။
သားဥအိမ်ကနေ သားဥမျိုးစေ့အထွက် ကြဲလာရာကနေ နောက်ဆုံး လုံးဝမထွက်တော့သည့် အထိ ဖြစ်သွားပါတယ်။
သားဥ မျိုးစေ့ ထွက်မလာတော့သည့်အခါ ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးဟော်မုန်းဓာတ် ပြောင်းလဲမှုတွေ ဖြစ်ပါတော့တယ်။
It denotes the end of reproductive era.

ဒီဟော်မုန်းဓာတ်တွေဟာ သားအိမ်ရဲ့ အတွင်းနံရံအပေါ် သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းအထွက် နည်းလာတာနဲ့အမျှ သားအိမ်အတွင်းမှ သွေးဆင်းလာမှုဟာလည်း ရပ်တန့်သွားပါတော့တယ်။

သဘာဝတရားကြီးဟာ အမျိုးသမီးရဲ့ သန္ဓေတည်နိုင်စွမ်းရှိသည့်အခြေအနေမှ သန္ဓေတည်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ကူးပြောင်းလိုက်တာ ဖြစ်ပါတယ်။

ခံစားရသည့် ဝေဒနာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါ။
အချို့လဲ သက်သက်သာသာနဲ့ပဲ သွေးဆုံးသည့်ကာလကို ဖြတ်သန်း နိုင်ကြပါတယ်။
အချို့ကလဲ ဝေဒနာတွေ ပြင်းပြင်းထန်ထန်ခံစားရသူများလဲ ရှိပါတယ်။

ဖြစ်လေ့ ဖြစ်ထရှိသည့် ဝေဒနာတွေကတော့
အပူထပြီး ချွေးထွက်ခြင်း
ညဖက်မှာ ဇောချွေးတွေ ထွက်ခြင်း
မကြာခဏ ဆီးသွားခြင်း
ရာသီလာတာ မမှန် / ရာသီ ရပ်သွားခြင်း
မိန်းမကိုယ် ခြောက်သွေ့နေခြင်း
အိပ်မပျော်ခြင်း
စိတ်ထွေနေခြင်း
သတိမေ့ခြင်း
ကိုယ်အလေးချိန် အပြောင်းအလဲ ရှိခြင်းတို့ ဖြစ်ပါတယ်။
========================================

🍀သွေးဆုံးချိန် Menopause -အပိုင်း(၂)

သွေးဆုံးချိန်မှာ သွေးဆုံးတာနဲ့ ပြိုင်တူ ဖြစ်တတ်သည့် ရောဂါတွေကလဲ ရှိနေပြန်ပါတယ်။
အချို့အမျိုးသမီးတွေကျတော့ သွေးမဆုံးခင်တည်းက ဖြစ်နေတဲ့ ရောဂါတွေနဲ့ တရှောင်ရှောင် ဖြစ်နေကြသူတွေလဲ ရှိပါတယ်။

သွေးဆုံးချိန်နဲ့ တိုက်ဆိုင်လာသည့်အခါ သွေးဆုံးလို့ဆိုပြီး ချော်လဲရောထိုင် တတ်ကြပါတယ်။
ရောဂါတစ်ခုလို သတ်မှတ်ပြီး သွေးဆုံးကိုင်တယ်လို့ဆိုပြီး ပြောလေ့ရှိကြပါတယ်။

အမှန်ကတော့ သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေအတွက် သဘာဝဖြစ်စဉ် တစ်ရပ်ပါ။

သွေးဆုံးချိန်နဲ့ ပြိုင်တူ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့်ရောဂါကို ဖော်ထုတ်နိုင်မှသာ ခံစားနေရသော ဝေဒနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အဖြစ်အများဆုံးရောဂါကတော့ thyroid ရောဂါပါ။
သွေးဆုံးကိုင်နေတာလား/ ဒါမှ မဟုတ် Thyroid ပြဿနာကို သွေးဆုံးကိုင်တယ်လို့ ထင်နေတာပါလား?

Thyroid ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတယ်။
ယခုခေတ်မှာ Autoimmune ပြဿနာတွေနဲ့ thyroid ပြဿနာဟာ ပိုပြီးများလာနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် thyroid hormone ထုတ်တာ များနေနိုင်သလို/နည်းနေတာလဲ ဖြစ်နိုင်ပါတယ်။

Thyroid hormone ဟာ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကလာပ်စည်း အားလုံးရဲ့ ဇီဝဖြစ်စဉ်ကို ချုပ်ကိုင်ထားတာမို့ thyroid hormone ပြဿနာတက်ရင် တစ်ကိုယ်လုံးမှာ ပြဿနာမျိုးစုံတက်တတ်ပါတယ်။

Thyroid hormone များနေရင် ဖြစ်တတ်သော လက္ခဏာများ
အစာကောင်းကောင်းစားနေပေမဲ့ ကိုယ်အလေးချိန် လျော့ကျလာမယ်
နှလုံးခုန် မြန်နေမယ်/ နှလုံးခုန် မမှန် ဖြစ်တတ်တယ်
စိတ်လှုပ်ရှား/ စိတ်ပူ/ စိတ်ဆတ်
အိပ်မပျော်
နွမ်းလျ
တုန်တုန်ရီရီဖြစ်
ကြွက်သားတွေ အားယုတ်
ချွေးတွေထွက် / အပူမခံနိုင်
ဆံပင်ကျွတ်/ ဆံပင်ပါး
ဝမ်းသွားကြိမ်များ
လည်ပင်းအကြိတ် ကြီးချင်ကြီးနေတတ်ပါတယ်
စိတ်ဓာတ်ကျဆင်း
သတိတွေမေ့ / အချို့မှာ Demented ဖြစ်သည်အထိ

Thyroid hormone နည်းနေပြန်ရင် ဖြစ်တတ်သော လက္ခဏာများ
နွမ်းလျနေ
ကိုယ်အလေးချိန်တက်
အအေးဒဏ် မခံနိုင်
ဝမ်းချုပ်
မျက်နှာ ပွနေတတ်ပါတယ်
ခြေထောက်လဲ ရောင်နေတတ်ပါတယ်
အဆစ်တွေ/ အသားတွေ နာကျင်နေ
အသားခြောက်
ဆံပင်ကြမ်း / ပါးလာ
နှလုံးခုန်နှုံး နှေးလာ
စိတ်ဓာတ်ကျဆင်း/ သတိမေ့ / အာရုံ မစူးစိုက်နိုင်
ရာသီမမှန်

“ဖော်ပြပါ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် သွေးဆုံးချိန်မှာ ဖြစ်တတ်သည့် ခံစားချက်တွေနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်”

“အဖြစ်မှန်ကို သိနိုင်မှ အဖြေမှန် ထွက်လာနိုင်မှာ ဖြစ်ပါတယ်”
အဖြေမှန်ထွက်လာမှ ဝေဒနာခံစားချက်များ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

ဆက်ပါဦးမည်။
=======================================

✨သွေးဆုံးချိန် Menopause-(အပိုင်း ၃)

သွေးဆုံးသည့် အသက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကလဲ ရှိနေပြန်ပါတယ်။
ဒီရောဂါတွေ ဖြစ်လေ့ဖြစ်ထရှိတာ သွေးဆုံးချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပြန်ပါတယ်။

၁.Metabolic syndrome or Insulin resistance syndrome
Metabolic syndrome ဆိုတာ —-
Insulin Resistance ( insulin ဟော်မုန်း ယဉ်ပါးခြင်း ) နှင့်အတူ အောက်ဖော်ပြပါထဲက အချက်၂ချက် ပါရပါမယ်။

ဗိုက်အဆီတက်ခြင်း / ခါးအဆီတက်ခြင်း Central obesity /

ဥပါဒ်ပြုအဆီ Triglycerides များနေခြင်း
(Hypertriglyceridemia: ≥150 mg/dL)

အကျိုးပြုအဆီ HDL လျော့နည်းနေခြင်း
(HDL) cholesterol:

Address

A9 (C) , Near Highway Bus Station, Pyinoolwin
Maymyo
05085

Alerts

Be the first to know and let us send you an email when Royal Specialist Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share