Royal Specialist Clinic and Pharmacy

Royal  Specialist Clinic and Pharmacy Special health care services provide for our valued patients ever with kindly heart.

🍃သွေးဆုံးချိန် (Menopause) -အပိုင်း(၁.) မှ (၄)✨အပိုင်း-(၁)အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အသက်၄၅ - ၅၅ နှစ်ကြားကာလမှာ သ...
12/09/2025

🍃သွေးဆုံးချိန် (Menopause) -အပိုင်း(၁.) မှ (၄)

✨အပိုင်း-(၁)

အမျိုးသမီး အများစုဟာ သဘာဝအားဖြင့် အသက်၄၅ - ၅၅ နှစ်ကြားကာလမှာ သွေးဆုံးလေ့ ရှိပါတယ်။
သဘာဝတရားရဲ့ စီမံမှုပါပဲ။

သွေးဆုံးရခြင်းအကြောင်းကတော့ သားဥအိမ် အိုမင်းမစွမ်း ဖြစ်လာခြင်းဆိုတဲ့ သင်္ကေတပါ။
သားဥအိမ်ကနေ သားဥမျိုးစေ့အထွက် ကြဲလာရာကနေ နောက်ဆုံး လုံးဝမထွက်တော့သည့် အထိ ဖြစ်သွားပါတယ်။
သားဥ မျိုးစေ့ ထွက်မလာတော့သည့်အခါ ခန္ဓာကိုယ်ထဲမှာ အမျိုးသမီးဟော်မုန်းဓာတ် ပြောင်းလဲမှုတွေ ဖြစ်ပါတော့တယ်။
It denotes the end of reproductive era.

ဒီဟော်မုန်းဓာတ်တွေဟာ သားအိမ်ရဲ့ အတွင်းနံရံအပေါ် သက်ရောက်မှု ရှိတာကြောင့် ဟော်မုန်းအထွက် နည်းလာတာနဲ့အမျှ သားအိမ်အတွင်းမှ သွေးဆင်းလာမှုဟာလည်း ရပ်တန့်သွားပါတော့တယ်။

သဘာဝတရားကြီးဟာ အမျိုးသမီးရဲ့ သန္ဓေတည်နိုင်စွမ်းရှိသည့်အခြေအနေမှ သန္ဓေတည်နိုင်စွမ်း မရှိတော့သည့် အခြေအနေသို့ ကူးပြောင်းလိုက်တာ ဖြစ်ပါတယ်။

ခံစားရသည့် ဝေဒနာတွေကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါ။
အချို့လဲ သက်သက်သာသာနဲ့ပဲ သွေးဆုံးသည့်ကာလကို ဖြတ်သန်း နိုင်ကြပါတယ်။
အချို့ကလဲ ဝေဒနာတွေ ပြင်းပြင်းထန်ထန်ခံစားရသူများလဲ ရှိပါတယ်။

ဖြစ်လေ့ ဖြစ်ထရှိသည့် ဝေဒနာတွေကတော့
အပူထပြီး ချွေးထွက်ခြင်း
ညဖက်မှာ ဇောချွေးတွေ ထွက်ခြင်း
မကြာခဏ ဆီးသွားခြင်း
ရာသီလာတာ မမှန် / ရာသီ ရပ်သွားခြင်း
မိန်းမကိုယ် ခြောက်သွေ့နေခြင်း
အိပ်မပျော်ခြင်း
စိတ်ထွေနေခြင်း
သတိမေ့ခြင်း
ကိုယ်အလေးချိန် အပြောင်းအလဲ ရှိခြင်းတို့ ဖြစ်ပါတယ်။
========================================

🍀သွေးဆုံးချိန် Menopause -အပိုင်း(၂)

သွေးဆုံးချိန်မှာ သွေးဆုံးတာနဲ့ ပြိုင်တူ ဖြစ်တတ်သည့် ရောဂါတွေကလဲ ရှိနေပြန်ပါတယ်။
အချို့အမျိုးသမီးတွေကျတော့ သွေးမဆုံးခင်တည်းက ဖြစ်နေတဲ့ ရောဂါတွေနဲ့ တရှောင်ရှောင် ဖြစ်နေကြသူတွေလဲ ရှိပါတယ်။

သွေးဆုံးချိန်နဲ့ တိုက်ဆိုင်လာသည့်အခါ သွေးဆုံးလို့ဆိုပြီး ချော်လဲရောထိုင် တတ်ကြပါတယ်။
ရောဂါတစ်ခုလို သတ်မှတ်ပြီး သွေးဆုံးကိုင်တယ်လို့ဆိုပြီး ပြောလေ့ရှိကြပါတယ်။

အမှန်ကတော့ သွေးဆုံးတယ်ဆိုတာ အမျိုးသမီးတွေအတွက် သဘာဝဖြစ်စဉ် တစ်ရပ်ပါ။

သွေးဆုံးချိန်နဲ့ ပြိုင်တူ ဖြစ်လေ့ဖြစ်ထ ရှိတတ်သည့်ရောဂါကို ဖော်ထုတ်နိုင်မှသာ ခံစားနေရသော ဝေဒနာတွေကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

အဖြစ်အများဆုံးရောဂါကတော့ thyroid ရောဂါပါ။
သွေးဆုံးကိုင်နေတာလား/ ဒါမှ မဟုတ် Thyroid ပြဿနာကို သွေးဆုံးကိုင်တယ်လို့ ထင်နေတာပါလား?

Thyroid ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များတယ်။
ယခုခေတ်မှာ Autoimmune ပြဿနာတွေနဲ့ thyroid ပြဿနာဟာ ပိုပြီးများလာနေပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် thyroid hormone ထုတ်တာ များနေနိုင်သလို/နည်းနေတာလဲ ဖြစ်နိုင်ပါတယ်။

Thyroid hormone ဟာ ခန္ဓာကိုယ် တစ်ကိုယ်လုံးရှိ ကလာပ်စည်း အားလုံးရဲ့ ဇီဝဖြစ်စဉ်ကို ချုပ်ကိုင်ထားတာမို့ thyroid hormone ပြဿနာတက်ရင် တစ်ကိုယ်လုံးမှာ ပြဿနာမျိုးစုံတက်တတ်ပါတယ်။

Thyroid hormone များနေရင် ဖြစ်တတ်သော လက္ခဏာများ
အစာကောင်းကောင်းစားနေပေမဲ့ ကိုယ်အလေးချိန် လျော့ကျလာမယ်
နှလုံးခုန် မြန်နေမယ်/ နှလုံးခုန် မမှန် ဖြစ်တတ်တယ်
စိတ်လှုပ်ရှား/ စိတ်ပူ/ စိတ်ဆတ်
အိပ်မပျော်
နွမ်းလျ
တုန်တုန်ရီရီဖြစ်
ကြွက်သားတွေ အားယုတ်
ချွေးတွေထွက် / အပူမခံနိုင်
ဆံပင်ကျွတ်/ ဆံပင်ပါး
ဝမ်းသွားကြိမ်များ
လည်ပင်းအကြိတ် ကြီးချင်ကြီးနေတတ်ပါတယ်
စိတ်ဓာတ်ကျဆင်း
သတိတွေမေ့ / အချို့မှာ Demented ဖြစ်သည်အထိ

Thyroid hormone နည်းနေပြန်ရင် ဖြစ်တတ်သော လက္ခဏာများ
နွမ်းလျနေ
ကိုယ်အလေးချိန်တက်
အအေးဒဏ် မခံနိုင်
ဝမ်းချုပ်
မျက်နှာ ပွနေတတ်ပါတယ်
ခြေထောက်လဲ ရောင်နေတတ်ပါတယ်
အဆစ်တွေ/ အသားတွေ နာကျင်နေ
အသားခြောက်
ဆံပင်ကြမ်း / ပါးလာ
နှလုံးခုန်နှုံး နှေးလာ
စိတ်ဓာတ်ကျဆင်း/ သတိမေ့ / အာရုံ မစူးစိုက်နိုင်
ရာသီမမှန်

“ဖော်ပြပါ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် သွေးဆုံးချိန်မှာ ဖြစ်တတ်သည့် ခံစားချက်တွေနဲ့ တူနေတာကို တွေ့ရပါလိမ့်မယ်”

“အဖြစ်မှန်ကို သိနိုင်မှ အဖြေမှန် ထွက်လာနိုင်မှာ ဖြစ်ပါတယ်”
အဖြေမှန်ထွက်လာမှ ဝေဒနာခံစားချက်များ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။

ဆက်ပါဦးမည်။
=======================================

✨သွေးဆုံးချိန် Menopause-(အပိုင်း ၃)

သွေးဆုံးသည့် အသက်အရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိသော ရောဂါများကလဲ ရှိနေပြန်ပါတယ်။
ဒီရောဂါတွေ ဖြစ်လေ့ဖြစ်ထရှိတာ သွေးဆုံးချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေပြန်ပါတယ်။

၁.Metabolic syndrome or Insulin resistance syndrome
Metabolic syndrome ဆိုတာ —-
Insulin Resistance ( insulin ဟော်မုန်း ယဉ်ပါးခြင်း ) နှင့်အတူ အောက်ဖော်ပြပါထဲက အချက်၂ချက် ပါရပါမယ်။

ဗိုက်အဆီတက်ခြင်း / ခါးအဆီတက်ခြင်း Central obesity /

ဥပါဒ်ပြုအဆီ Triglycerides များနေခြင်း
(Hypertriglyceridemia: ≥150 mg/dL)

အကျိုးပြုအဆီ HDL လျော့နည်းနေခြင်း
(HDL) cholesterol:

🛎🛎🛎🛎🛎🛎🛎🛑🛑🛑🛑👩‍👦ဒီရက်ပိုင်း ကလေးတွေရော လူကြီးတွေရော Flu တုပ်ကွေးဖြစ်နေကြပြီး ချောင်းဆိုး ရင်ကျပ် ချွဲသံတွေ ကျန်နေခဲ့ကြတယ် ...
27/08/2025

🛎🛎🛎🛎🛎🛎🛎🛑🛑🛑🛑

👩‍👦ဒီရက်ပိုင်း ကလေးတွေရော လူကြီးတွေရော Flu
တုပ်ကွေးဖြစ်နေကြပြီး ချောင်းဆိုး ရင်ကျပ် ချွဲသံတွေ ကျန်နေခဲ့ကြတယ် ဒီတခါ ရာသီတုပ်‌ကွေးကတော့
အတော်လေးခံလိုက်ကြရတယ် အဓိကက အဆုတ်ပိုးဝင်ပြီး အဖျားမကျ ညဆိုပြန်ပြန်ဖျားကြ ချောင်းတွေအရမ်းဆိုး အသက်ရှူမြန် မောနေတဲ့ ကလေးလူနာတွေ အတော်လေး လာပြကြတယ် အများစု ၁၀ယောက်မှာ ၈ယောက်က သောက်ဆေးနဲ့ အဆင်ပြေသွားကြတယ် ၂ယောက်လောက်ကတော့ သောက်ဆေးနဲ့ မရလို့
သွေးစစ် ဓါတ်မှန်ရိုက်ကြည့်တော့ သွေးတွင်းပိုးတွေများ သွေးဖြူဉတွေများပြီး ဓါတ်မှန်မှာ အဆုတ်ပိုးဝင် အဆုတ်ရောင်ရောဂါ Pneumonia နှင့် အဆုတ်ခဲ
Consolidation ဖြစ်နေတဲ့ ကလေးလူနာတွေခပ်စိတ်စိတ်ပြန်တွေ့နေရတယ်😯😯😯
အဆုတ်ခဲနေရင်တော့ ဆေးရုံတက် ဆေးထိုးရတယ် အငွေ့ရှူရတယ် လိုအပ်ရင် အောက်ဆီဂျင်တွေပေးရတယ်

သွေးတွင်းအောက်စီဂျင် ၉၂ % အောက်ဆိုရင်တော့ ချက်ချင်းဆေးရုံတင် ကုသမူ့ခံယူဖို့လိုပါတယ် (တချို့မိဘတွေက ကလေးကမောပြီး ရင်ဘတ်အောက်ပိုင်းချိုင့်
အသက်ရှူတွေ မြန်နေတာ သွေးတွင်းအောက်စီဂျင် ၉၂% အောက်ကျနေတာတောင် ဆေးရုံမတက်ချင်ကြဘူး
သောက်ဆေးပဲလိုချင်ကြတာ အာပေါက်မတက်သေချာလေး ရှင်းပြပြီး ဆေးရံတက်ပြီး ကုသမု့ခံယူစေပါတယ် )

Flu ထပ်မဖြစ်အောင်လို့ လက်ကို ဆပ်ပြာနဲ့သေချာဆေးပါ၊ အဟာရဖြစ်အောင်ကျွေးပါ၊ ကလေးတွေက်ု ချစ်ရင် မနမ်းပါနဲ့ လို့ တရစပ်ပြောနေရတယ် 😛😛😜

အခုတလော ချောင်းဆိုး မရပ်မနားဆိုးတဲ့ ချောင်းဆိုးသံကြီးတွေနဲ့ ကလေးတော်တော်များများလာပြနေကြတယ် လိုက်လာပြတဲ့ ဖေဖေမေမေတွေ ကိုယ်တိုင်ကလည်း ချောင်းတွေဆိုးနေကြတာ 😱😱😱
မိဘတွေကို ရောဂါအကြောင်းသေချာနားလည်အောင်ရှင်းပြရ အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ပြောထားမှာထားရ ထပ်မဖြစ်အောင် ကာကွယ်မူ့တွေ ‌ပြောရ ဆေးကို ဆေးပတ်လည်အောင်တိုက်ဖို့‌ပြောရနဲ့ ဟူးးးးးး မောလိုက်တာ ဆိုတာလေ 🥺🥺🥺
ဆေးခန်းမှာ ကလေးတွေ ချောင်းဆိုးလို့ လာပြပြီဆိုရင် ချောင်းဆိုးပျောက်ဆေးတွေ တိုက်လာတတ်ကြတာများပါတယ်
တချို့ချောင်းဆိုးပျောက်ဆေးတွေက ကလေးတွေနဲ့
မသင့်တော်သော ဆေးတွေပါနေတတ်တာ
ဖေဖေမေမေတွေက မသိကြတော့ ဆေးဆိုင်က
ရောင်းလိုက်တဲ့ ပေးလိုက်တဲ့ ဆေးတွေတိုက်နေကြပြီး
မသက်သာတော့မှပဲ ဆေးခန်းလာပြကြတာ များပါတယ်
တချို့ မေမေတွေက တိုက်နေတဲ့ ဆေးတွေပါလာတော့
သင့်တော်လျှင် ဆက်တိုက်ခိုင်းပြီး မသင့်တော်လျှင်
ဆေးပြောင်းပေးရတော့တယ်

👩‍🔬တချို့ချောင်းဆိုးပျောက်ဆေးတွေမှာ ရင်ချောင်ဆေးပါတော့ ဆေးရဲ့ ဆိုးကျိုးက ရင်တုန်တယ် ဟိုက်တယ်
ခဏခဏ ကြုံရတဲ့ ပြသနာတခုပါပဲ
ကလေးကို စမ်းကြည့်တော့ နှလုံးခုန် အရမ်းမြန်နေ
ချက်ချင်းဆေးရုံတင်ပြီး နှလုံးသီးသန့်စက်တပ်ထားပြီး
စောင့်ကြည့်နေရတယ် (မလိုလားအပ်တဲ့ စိတ်ဖီစီးမူ့တွေ
အကုန်အကျတွေ ထပ်ခံစားရတယ်)

👨‍🔬တချို့ ချောင်းဆိုးပျောက်ဆေးရည်က မှိန်းတာတွေပါတယ် တိုက်တဲ့ ပမာဏများပြီး ကလေးက မှိန်းနေ အိပ်ချင်နေ မစား မလန်းဖြစ်နေ စိတ်တွေပူရ ဆေးရုံတင်ပြီး
သွေးစစ်ရ ဓာတ်မှန်ရိုက်ရ ဆေးသွင်းရတာတွေ လုပ်ရ
စောင့်ကြည့်ရတာတွေ လုပ်ရတော့တယ်
(အဲ့ချောင်းဆိုးပျောက်ဆေး မတိုက်တော့ပဲ
၁ရက်လောက် ဆေးရုံတက်စောင့်ကြည့်မှ ကလေးက ဆေးအရှိန်လည်းကုန်ရော ထပြီးစားသောက် ဆော့ကစား လန်းလာတော့မှပဲ မိဘတွေရော ဆရာဝန်တွေရော စိတ်ချမ်းသာတော့တယ်)

👩‍⚕️ဆရာမက ဖေဖေမေမေတွေကို ပြောဖြစ်တဲ့ စကားလေးကတော့ ကလေးတခုခုဖြစ်ရင် ဥပမာ
၁။ ဖျားတယ် အဖျားကျဆေးတိုက်ကြည့်ပြီး ၁ရက်ကျော်မှ အဖျားမကျလျှင်
၂။ ချောင်းဆိုး နှာစေး ဆေးတိုက်တာ ၁ရက်ကျော်လို့
မသက်သာလျှင်
၃။ ၁နေ့ကို ဝမ်း ၃ကြိမ်ထက်ပိုသွား အန်တာ ၂ကြိမ်ထက်အန်လျှင်
၄။ ချက်နဲ့ ဝမ်းဗိုက်အောက်ပိုင်းကြား မခံမရပ်နိုင်နာပြီး ချွေးစီးတွေထွက်ပြီး ဖြူဖတ်ဖြူရော်ဖြစ်လျှင်
၅။ နားကိုက် နားပြည်ယို ဖျားလျှင်
၆။လည်ပင်းနာတာ အစာရေမြိုလို့မရလျှင်
၇။ ခြေထောက်ကိုက်တာ ညောင်းတာ ဖြစ်လျှင့်
၈။ ခေါင်းမှာ လည်ပင်းမှာ အနာဖုတွေ ပေါက်နေတာ
၉။အဖျားကျပြီး မလန်းလျှင် သွေးလွန်တုပ်ကွေးမှတ်ဆိုပြီး ရှင်းပြပြောပြလေ့ရှိပြီး
နီးစပ်ရာ ဆေးခန်းကို ပြပေးခြင်းဖြင့် သေချာစမ်းသပ်ကုသမူ့ ခံယူခြင်းဖြင့် ကလေးများ ခံစားနေရတဲ့ ရောဂါတွေက အမြန်သက်သာပျောက်ကင်းနိုင်မှာပါရှင့်

(ဆရာမရဲ့ page မှာ messenger မှာအမေးအများဆုံး မေးခွန်းကတော့ ဆရာမရေ ကလေးက ချောင်းဆိုးနေလို့ ဘာဆေးတိုက်ရမလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကတော့
အောက်ကစာလေးကိုပဲ ဆက်ဖတ်ကြည့်ကြပါလို့😊😊)

ကလေးနှင့် ချောင်းအမျိုးမျိုး
****************************
ကလေးတိုင်း တစ်ချိန်ချိန်တွင် ချောင်းဆိုးဖူးသည်။ ချောင်းအမျိုးမျိုးရှိကြောင်း မိဘများကို အကြမ်းဖျင်းနားလည်စေလိုသည်။ ဘာကြောင့်ဆိုးမှန်းမသိသောချောင်းကို ချောင်းဆိုးပျောက်ဆေး မတိုက်စေလိုပါ။

ယာယီ(သို့) ရေတိုချောင်းနှင့် ရေရှည်ချောင်းဟူ၍ ခွဲခြားနိုင်သည်။

(က) အန္တရာယ်မရှိသော ရေတိုချောင်း
••••••••••••••••••••••••••••••••

-ကလေးမှာ အဖြစ်အများဆုံးပြဿနာဖြစ်သည်။ ကလေး တစ်ဦးက တစ်နှစ်လျှင် ၄-၅ ကြိမ်ထိ ဖြစ်နိုင်သည်။

-နှာစေးခြင်း၊ နှာချေခြင်းတို့နှင့် တွဲဆိုးသော ချောင်းက အများအားဖြင့် ၁ ပတ် ၂ ပတ် အတွင်း အလိုလို ပျောက်သည်။

-ကလေးက နို့ (သို့) အစာဝင်သည်။ အသက်ရှူရ မခက်ခဲပါ။

-နှာစေးစေသော ဗိုင်းရပ်စ်ရောဂါပိုးကို ပိုးသတ်ဆေးက မနိုင်၍ ဆေးတိုက်ဖို့မလိုပါ။

-အချိန်တန်လျှင် အလိုလို ပျောက်မည့် ချောင်းမို့ ကလေးအတွက် ဘေးထွက်ဆ်ိုးကျိုးများသည့် ချောင်းဆိုးပျောက်ဆေးမတိုက်သင့်ပါ။

(ခ) အန္တရာယ်အသင့်အတင့်ရှိသော ရေတိုချောင်း
•••••••••••••••••••••••••••••
-၂ နှစ်အောက် ကလေး အဆုတ်လေပြွန်များ ၂ ဘက် လုံးရောင်၍ ချောင်းဆိုးသည်။

-ချောင်းဆိုး၍ အသက်ရှူမြန်သည်။ အများအားဖြင့် နို့စို့နိုင်သေးသည်။ ရှူးရှူးပုံမှန်ထွက်သည်။

-ပိုးသတ်ဆေး မနိုင်သော ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။ ၇-၁၀ ရက်အတွင်း ကောင်းသွားသည်။

-အသက်ရှူမြန်လွန်းလျှင်၊ အစာမဝင်လျှင် ဆေးရုံတက်ပြီး အောက်ဆီဂျင် ကူရသည်။ နှာခေါင်းပိုက်နှင့် အရည်ဓာတ် ဖြည့်ပေးရသည်။

(ဂ) အန္တရာယ်ကြီးသော ရေတိုချောင်း
••••••••••••••••••••••••••••

-မြန်မာနိုင်ငံတွင် ၅ နှစ်အောက်ကလေး သေဆုံးသော အကြောင်းရင်းများတွင်
ပါဝင်သည်။

-ရောဂါပိုးက ပြင်းထန်ပြီး အဆုတ်ရောင်စေသည်။ ချောင်းစဆိုးပြီး ၁ရက် ၂ ရက်အတွင်း အခြေအနေဆိုးလာတတ်သည်။ ချောင်းဆိုးပျောက်ဆေး ပြေးဝယ်တိုက်လျှင် ချောင်းငြိမ်သွားသလိုရှိ၍ မိဘ ဝမ်းသာသည်။ ရောဂါပိုးက မသေသေး၍ အဆုတ်မှ တကိုယ်လုံးပြန့်သွားနိုင်သည်။ သင့်လျော်သော ပိုးသတ်ဆေးကို ပါးစပ်မှ တိုက်ရန် အရေးကြီးပါသည်။

-အချိန်မီ မကုလျှင် ကလေးက အဖျားကြီးပြီး နို့နှင့်အစာမဝင်ခြင်း၊ အန်ခြင်းများရှိမည်။ ဆီးသွားနည်းသွားမည်။ မှိန်းနေမည်။ အသက်ရှူ မြန်လွန်းပြီး ရင်ဘတ် နံရိုးကြားများချိုင့်ဝင်သွားမည်။

-ဆေးရုံ အမြန်သွားပြီး ပိုးသတ်ဆေးကို သွေးပြန်ကြောမှ အမြန်ပေးဖို့လိုသည်။ မကုလျှင် အသက်အန္တရာယ်ရှိသည်။

-ကလေးငယ်လေ ရောဂါပြင်းထန်လာဖို့ မြန်လေဖြစ်သည်။ ၃ လအောက်ကလေးများကို ၁ရက်၂ ရက်အတွင်း မှန်ကန်စွာ မကုနိုင်လျှင် အသက်ဆုံးရှုံးနိုင်သည်။

-မြန်မာနိုင်ငံကျန်းမာရေးဌာနမှ ထိုးပေးသော ကာကွယ်ဆေးများတွင် ပါဝင်သော ၂ မျိုးက ပြင်းထန် အဆုတ်ရောင်ပိုး ၂ မျိုးကို ကာကွယ်နိုင်သည်။ သို့သော် ပြင်းထန်အဆုတ်ရောင်ရောဂါကို ဖြစ်စေသော ရောဂါပိုးများစွာ ရှိသေး၍ ကလေးချောင်းဆိုးလျှင် မပေါ့ပါနှင့်။

(ဃ) အန္တရာယ်ရှိသောရုတ်တရက်ချောင်း
•••••••••••••••••••••••••••••••••
မဖျားဘဲ၊ နှာမစေးဘဲ ဆော့နေရာမှ ရုတ်တရက် ချောင်းဆက်တိုက် ထဆိုးလျှင် နှာခေါင်းမှ တဆင့် အသက်ရှူလမ်းကြောင်းထဲ တစ်စုံတရာ ဝင်သွားတာဖြစ်ဖို့များသည်။ နီးစပ်ရာ အရေးပေါ်ဌာနသို့ အမြန်သွားသင့်သည်။

(င) အန္တရာယ်ရှိသော ရေရှည်ချောင်း
•••••••••••••••••••••••••••••••••

(၁) နို့အန်လွန်းလို့ဆိုးတဲ့ချောင်း
-----------------------------
-စို့လိုက်သောနို့က အစာအိမ်မှအောက်သို့ အကုန်မဆင်းဘဲ လည်ချောင်းထဲ ပြန်တက်လာပြီး လည်ချောင်းကို ကလိ၍ ချောင်းဆိုးသည်။

-အနည်းအကျဉ်းတက်လျှင် ချောင်းနည်းနည်းသာဆိုးမည်။ လိုအပ်လျှင် ဆရာဝန်က သောက်ဆေးပေးမည်။

-အခြေအနေဆိုးပါက အမြဲ ပြန်တက်လာသောနို့ကြောင့် အစာမျိုပြွန်ရောင်လျှင် ဆေးလိုသည်။ ကလေးက နို့ရည်ကို မရရှိ၍ ကိုယ်အလေးချိန်လျော့ကျလာမည်။

(၂ ) ပန်းနာရင်ကြပ် Asthma
-------------------------
-မတည့်တာရှုမိခြင်း၊ ရောဂါပိုး အဆုတ်ထဲဝင်ခြင်း၊
မတည့်သော ဆေးသောက်မိခြင်းစသည်တို့ ကြုံတိုင်း အဆုတ်လေပြွန်များ ကျဉ်းမြောင်း၍ အသက်ရှူကြပ်သည်။

-နာတာရှည် ချောင်းဆိုးနိုင်သလို လေပြွန်များကျဉ်းလွန်းလျှင် ရုတ်တရက် အသက်မရှူနိုင်ဘဲ သေနိုင်သည်။

-ပျောက်အောင်ကုဖို့ဆေးမရှိ၊ လက္ခဏာ သက်သာအောင်သာ ဆေးရှိသည်။ ကလေးအများစုက ပျိုဘော်ဝင်ချိန်တွင် ကောင်းသွားသည်။

-ရေရှည်သုံးဖို့ ဆေးလိုမလို၊ အရေးပေါ်ဖြစ်လျှင် ဆေးသုံးပုံတို့ကို မိသားစုဆရာဝန်က တာဝန်ယူပြီးသင်ကြားရှင်းပြရသည်။

(၃) တီဘီ အဆုတ်ရောင်
----------------------
-အစပိုင်းတွင် ချောင်းကမသိမသာဆိုးသည်။ ချောင်းက ၆ ပတ် ကျော်လာသည်။ ညနေဘက် ဖျား၍ကိုယ်နွေးသည်။ ညဘက်အိပ်လျှင် ချွေးအလွန်ထွက်သည်။ ကလေးက ဘယ်လောက်နို့စို့စို့၊ ဘယ်လောက်စားစား
မထွားလာ။ အချို့က ကိုယ်လေးချိန်ပါ ကျသည်။

-ကလေးက သလိပ်မဟတ်တတ်၍ ဓာတ်မှန်နှင့် ခေတ်မီသွေးစစ်ခြင်းများက တီဘီရှိကြောင်းပြနိုင်သည်။ တခါတရံ ဓာတ်မှန်တွင် တီဘီက မထင်ရှား၊ သွေးစစ်ဖို့က အဆင်မပြေသော အခြေအနေတွင် အတွေ့အကြုံများသော ဆရာဝန်များက တီဘီကိုသံသယအလွန်ရှိလျှင်စကုသည်။

-၆ လမှ ၁၂ လကြာ ဆေးသောက်မှ တီဘီပိုးကို သတ်နိုင်သည်။ ဆေးတိုက်နေစဉ် အာဟာရပြည့်ဝအောင် ကျွေးမှ ကိုယ်ခံအားတက်သည်။

အကျဉ်းချုပ်

အထက်ပါအဖြစ်များသော အကြောင်းရင်းများအပြင် ချောင်းဆိုးခြင်း၏ အခြားအကြောင်းရင်းမြောက်မြားစွာ ရှိပါသေးသည်။

ကလေး ချောင်းဆိုးကြာလျှင်၊ ကလေး ချောင်းဆိုးပြင်းထန်လျှင် ရောဂါရာဇဝင်ကို အသေးစိတ်ယူပြီး ကလေးကိုယ်ခန္ဓာကို သေချာစမ်းသပ်စစ်ဆေးသော အတွေ့အကြုံရင့်ကျက်သည့် ဆရာဝန်က ကုသပေးခြင်းကို ခံယူစေလိုသည်။ ဘာကြောင့် ဆိုးမှန်းမသိသော ချောင်းကို ချောင်းဆိုးပျောက်ဆေး ဝယ်မတိုက်စေလိုပါ။

Credit
နေနေမိုးဆွေ (Child Health Myanmar)
Photo Credits to Google


ကလေးများအားလုံး ကျန်းမာရွှင်လန်းကြပါစေရှင့်

​ကားကြီးကွင်းတိုက်တန်း အလယ်လမ်းရှိ
​တော်ဝင်​ဆေးခန်းတွင်
မိမိတို့ ရင်​သွေး​လေးတို့ ကျန်းမာ​ရေးအတွက်

👉🏽👉🏽👉🏽👉🏽
က​လေး အထူးကုဆရာဝန်ကြီးဖြင့်

စနစ်ကျ​​သော ကုသမှု သင့်တင့်​သောနှုန်းထားတို့ဖြင့်
လာ​ရောက်ပြသနိုင်ပါတယ်ရှင်

ချစ်ခင်စွာဖြင့်
🏥🏥🏥

​တော်ဝင်
သားဖွားမီးယပ်နှင့် အ​ထွေ​ထွေ​ရောဂါကုဆေးခန်း

ကားကြီးကွင်းတိုက်တန်း အလယ်လမ်း
ပြင်ဦးလွင်မြို့
09266447123

🏩🏩🏩🏩☂️☂️☂️☂️💚💚💚💚🛑🛑🛑🛑သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကြည့်မှသိရတာမို့Hess test နဲ့မ...
15/08/2025

🏩🏩🏩🏩☂️☂️☂️☂️💚💚💚💚🛑🛑🛑🛑

သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ
ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကြည့်မှသိရတာမို့
Hess test နဲ့မပေါ်ရင်သွေး‌ကို စစ်ပါ

အခု ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးက
အရင်ဖြစ်နေတာနဲ့ မတူဘူးနော် ...
အဖျား 103 'f /104 'fတောက်လျောက်တက်ပီး ၃ ရက်မြောက်မှာကိုယ်ပူကျသလို ဖြစ်ပီး လန်းလာတယ် ...

(၄) ရက်‌မြောက်မှာတော့
တကိုယ်လုံးအေးစက်လာပီး ...ကယောင်ကတမ်းနဲ့ Shock Sign တွေဖြစ်လာတယ်
Pressure , Oxygen , Platelet Count တွေ ကျ
၅ ရက်မြောက်နဲ့ ၈ ရက်မြောက်အထိ အသက်လုခဲ့ရတယ်
အရည်တွေ ဝင်အောင် သောက်ခဲ့ရတယ်
အစာမဝင်ရင် လက္ခဏာတွေ သတိမထားမိရင်
Expired ဖြစ်သွားကြပါတယ် ....

ခန္ဓာကိုယ်ကရေဓါတ်ဘယ်လောက်ဆုံးရှုံးသွားလဲဆိုရင်
မျက်ရည်တောင်ခမ်းခဲ့တယ် သွေးအားပါနည်းသွားတာမို့
သွေးရည်ကြည်သွင်းရမဲ့ခြေနေထိခံစားခဲ့ရတယ်

၈ ရက်နဲ့ ၉ ရက်တွေက Platelet count ပြန်တက်စေတဲ့ရက်တွေပါ ဒီအထိ တောင့်ခံထားနိုင်ရင် ဒီပိုးကို တိုက်ထုတ်နိုင်ပါပီ ...
အားလုံးဂရုစိုက်ကြပါနော်

Credit

ချစ်ခြင်းဖြင့်

🏥🏥🏥🏥🏥🏥🏥

'​တော်ဝင်' ​
သားဖွားမီးယပ်နှင့် အ​ထွေ​ထွေ​ရောဂါကုဆေးခန်း
ကားကြီးကွင်းတိုက်တန်း အလယ်လမ်း
ပြင်ဦးလွင်မြို့
09266447123

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🌕🙏🏽🙏🏽🙏🏽⛈⛈🌧🌧🌦🌦🌦မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ရဟန်းတော် ငါးရာကို အကြောင်းပြုပြီး မေတ္...
08/08/2025

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🌕
🙏🏽🙏🏽🙏🏽
⛈⛈🌧🌧🌦🌦🌦

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ရဟန်းတော် ငါးရာကို အကြောင်းပြုပြီး မေတ္တသုတ်တော်ကို ဝါခေါင်လပြည့်နေ့မှာဟောကြားပေးခဲ့တာဖြစ်တဲ့အတွက်‌ကြောင့် ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့” လို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ် 🙏

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့‌လေးမှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒများ တစ်လုံးတဝတည်း ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🌕

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ ရဟန်းတော် ငါးရာကို အကြောင်းပြုပြီး မေတ္တသုတ်တော်ကို ဝါခေါင်လပြည့်နေ့မှာဟောကြားပေးခဲ့တာဖြစ်တဲ့အတွက်‌ကြောင့် ဝါခေါင်လပြည့်နေ့ကို “မေတ္တာအခါတော်နေ့” လို့လည်း သတ်မှတ်ခေါ်ဆိုကြပါတယ် 🙏

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့‌လေးမှာ ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာပြီး လိုအင်ဆန္ဒများ တစ်လုံးတဝတည်း ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏

🌺🌻🌼🌷🌹
🙏🙏🙏🙏🙏

"​တော်ဝင်​"
သားဖွားမီးယပ်နှင့်အ​ထွေ​ထွေ​​ရောဂါကု​ဆေးခန်း
ကားကြီးတိုက်တန်း အလယ်လမ်း
ပြင်ဦးလွင်မြို့🏥🏥🏥

☎️09266447123

 #ဦးနှောက်သွေးကြောပေါက်ခြင်း***ကာကွယ်ရန် ဗဟုသုတ ************ဦးနှောက်သွေးကြောပေါက်တာ အဓိက ၄ မျိုးရှိတယ်။ အဲ့ဒါကို သိထားရမ...
27/07/2025

#ဦးနှောက်သွေးကြောပေါက်ခြင်း

***ကာကွယ်ရန် ဗဟုသုတ
************

ဦးနှောက်သွေးကြောပေါက်တာ အဓိက ၄ မျိုးရှိတယ်။ အဲ့ဒါကို သိထားရမယ်။

ပထမတစ်မျိုးကတော့ ရောဂါပေါ့။

အဖြစ်အများဆုံးကတော့ ..သွေးတိုးရောဂါပဲ။

သွေးတိုးတာအရမ်းဆောင့်တက်သွားရင် သွေးကြောတွေမခံနိုင်ဘဲ ပေါက်ထွက်တယ်၊ အဲ့ဒီမှာ လူသိအများဆုံးဖြစ်တဲ့ လေဖြတ်တာဖြစ်တာများတယ်၊ တစ်ချိုကလဲ တန်း6တတာပေါ့။

ဒီတော့ သွေးတိုးကို သတိထားရမယ်။ တစ်ချို့တွေဆို သွေးတိုးရှိမှန်းတောင်မသိဘဲ တန်းခံလိုက်ရတာမျိုးတောင် ရှိတယ်။

သွေးတိုးတယ်ဆိုတာ ခဏခဏတိုးနေကျလူက
သွေးကြောနံရံတွေလိုက်ထူလာတဲ့အတွက် Pressure အမြင့်ကြီးကို ခံနိုင်ရည်ရှိပေမယ့် စတိုးတဲ့သူက
မတရားဆောင့်တက်သွားရင် လစ်ရော။

သွေးတိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆို
ပြောနေကြအတိုင်း အစားအသောက်ထိန်း၊
လေ့ကျင့်ခန်းလုပ်ရမှာပေါ့။

နောက်တစ်ခုက Embolism လို့ခေါ်တဲ့ သွေးခဲပိတ်တာ၊ ဒါကလဲ လှုပ်ရှားမှုနည်းတဲ့သူတွေ၊ ခွဲစိတ်မှုလုပ်ထားတဲ့သူတွေမှာအဖြစ်များတာလေ့ကျင့်ခန်းမှန်မှန်လုပ်ရင် ၉၉.၉% မဖြစ်ဘူး။

Surgery ခွဲစိတ်မှုဆိုတာ ဖြစ်နိုင်ရင် မလုပ်တာကောင်းတယ်ဆိုတာ ဒါမျိုးကို ပြောတာ။ လူတွေက သေချာဂရုစိုက်ခွဲရင် မ6တ နိုင်ပါဘူး၊ 6တ ခဲ့ရင် ဆရာ၀န်ကို အပြစ်တင်တယ်၊

အမှန်က ခွဲပြီဆိုတာနဲ့ သေးသေးကြီးကြီး ပြဿနာဆိုတာ နောက်က တက်နိုင်တယ်ဆိုတာသိထားရမယ်။

ဆရာ၀န်ဘာမှမမှားလဲ ကံမတော်လို့ ဖြစ်တောင့်ဖြစ်ခဲ Embolism လိုမျိုးဖြစ်ပြီး ခေါင်းထဲသွားပိတ်ရင် လစ်ရော။

***ရောဂါထဲမှာ နောက်တစ်ခုကတော့ ***

မွေးရာပါ သွေးကြောတွေမကောင်းတာရှိမယ်။
ဒါက ဘာမှလုပ်မရဘူး၊ ကြိုလဲ မသိနိုင်ဘူး။ လူတိုင်း မွေးကတည်းက ခေါင်းကို CT ရိုက်စစ်နေနိုင်တာမျိုး
မဟုတ်ဘူး ဒါမျိုးက။

မွေးရာပါမဟုတ်ဘဲ နောက်ပိုင်းမှာ Aneurysm လိုမျိုး သွေးကြောတွေပြဿနာတက်လာတာမျိုးရှိမယ်၊
ဒါမျိုးလဲ စစ်မိဖို့ခက်တယ်။

CT ဆိုတာမျိုးက အားအားရှိ ရိုက်နေလို့ကောင်းတဲ့အရာမျိုးလဲ မဟုတ်။ အန္တရာယ်များတာတော့ ဒီအပိုင်းပဲ။ ကာကွယ်လို့လဲမရဘူး။

ရောဂါထဲ နောက်ဆုံးတစ်ခုကတော့ သွေးမတိတ်တဲ့ရောဂါလိုမျိုးဟာတွေ၊ ဒါလဲရှားပါတယ်။

ဒုတိယတစ်မျိုးကတော့ ခေါင်းကို ထိခိုက်မိတာပေါ့။ ဒါကတော့ရှင်းတယ် သိပ်များများပြောစရာမရှိဘူး။

တစ်ခုပဲ သတိထားရမှာ တိုက်ရိုက်ထိခိုက်မိတာမဟုတ်ဘဲ၊ အပြင်ပန်းဒဏ်ရာမရှိဘဲ Concussion လို့ခေါ်တဲ့ ဦးနှောက်က အီနားရှားကြောင့် ဦးခေါင်းခွံနဲ့
ရိုက်မိတာမျိုးဆို သတိမထားမိတတ်ဘူး၊ ဒါလဲ 6တတတ်တယ်။

ကလေးတွေကို အရမ်းမခါနဲ့ဆိုတာ ဒါမျိုးကိုပြောတာ ရှေ့တိုးနောက်ဆုတ် အရှိန်ပြင်းပြင်းနဲ့ ဇတ်ခနဲ ဇတ်ခနဲ လုပ်ရင် concussion ရတတ်တယ်။

***တတိယတစ်မျိုးကတော့ ***

အခုခေတ် လူပြောများတဲ့ stress ကြောင့် သွေးကြောပေါက်နိုင်လားဆိုတာပေါ့။ ပေါက်နိုင်ပါတယ်၊ ခက်တော့ခက်တယ်။

မတန်တဆအရမ်းကြီး stress များလာမှပါ၊ ဒါတောင် လေ့ကျင့်ခန်းလုပ်နေတဲ့သူ ခံနိုင်ရည်ရှိတဲ့သူတွေမှာ မဖြစ်ပါဘူး။

stress များလာရင် ခေါင်းမှာ သွေးကြောတွေ ဒိန်းဒိန်း ဒိန်းဒိန်းဖြစ်လာတာ စာမေးပွဲဖြေခါနီးဆို ခံစားဖူးမယ်ထင်တယ်

(ဥပမာပြောတာ ဒီလောက်နဲ့ မ6တနိုင်ဘူး၊
stress များတယ် 6တသွားလိမ့်မယ်၊
စာမကျက်ဘူးလုပ်မနေကြနဲ့အုံး 😅😅 )။

အဓိကတော့ stress သိပ်များလာရင် stress ကြောင့် သွေးတိုးတာပါ၊ ဒါကလဲ လေ့ကျင့်ခန်း
မှန်မှန်လုပ်တဲ့သူတွေ၊ ငယ်တဲ့သူတွေမှာ ဘာပြဿနာမှ
မရှိနိုင်ဘူး။

ဒီတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ကြပါလို့ပဲ ထပ်ပြောရမှာပဲ။

နောက်ဆုံး စတုတ္ထတစ်မျိုးကတော့ အနောက်တိုင်းဆေးပညာမှာ မပါဘူး။ တိုင်းရင်းမှာပါတယ်။
အဲ့ဒါ အပူအအေး ကိစ္စပဲ။ နှစ်မျိုးရှိတယ်။

တစ်မျိုးက ရုတ်ချည်း အပူအအေးပြောင်းတဲ့ကိစ္စ။
နွေနေ့လည် အရမ်းပူတဲ့အချိန် အေးအောင်ဆိုပြီး ဂုတ်ပေါ်မှာ ရေ၀တ်တင်လိုက်လို့ သွားတဲ့6တ
တက္ကစီသမားဆိုတာ ကြားဖူးမှာပါ။

အဲ့ဒါမျိုးပဲ။ အေးနေတဲ့ရေဖန်ခွက်ထဲ ရေနွေးလောင်းထည့်လိုက်ရင် ခွပ်ဆို ကွဲသွားလိမ့်မယ်၊ အရမ်းပူတဲ့ခွက်ထဲ ရေခဲလောင်းထည့်လိုက်လဲ တူတူပဲ
စမ်းကြည့်လို့ရတယ်။

ဖန်ခွက်လိုပဲ သွေးကြောလဲ အပူအအေး ရုတ်ချည်းပြောင်းရင် ကွဲတာပဲ။ ဒီတော့ နွေရာသီ အရမ်းပူတဲ့အချိန် ရေခဲရေ အအေးက အစ မသောက်သင့်ဘူး။

အဲ့အချိန် ရေနွေးကြမ်းသောက်သင့်တာ၊ လူတွေက မှားနေပြီး အရမ်းပူရင် ရေခဲရေသောက်တယ်လုပ်နေတာ၊ အခန့်မသင့်ရင် 6တသွား မယ့်အကွက်တွေ။

ရှေးထုံးမှာ မနက် ၁၁ နာရီနောက်ပိုင်း ရေမချိုးသင့်ဘူးတို့ဘာတို့လဲ ဒီသဘောပဲ။ အရင်တုန်းက ရေချိုးခန်းဆိုတာမှမရှိတာ အပြင်မှာ ရေတွင်းရေကန်ဘေးမှာ
ချိုးရတာကိုး၊ အရမ်းပူတဲ့အချိန်
ရေချိုးလိုက်ရင် လစ်မှာ။

အခုခေတ်ကတော့ ရေချိုးခန်းနဲ့ဆိုတော့ အဲ့ထုံးက နည်းနည်းလွဲသွားတာ၊ ဒါတောင် နေပူကြီးထဲကပြန်လာရင် နာရီ၀က်လောက်ခြေထောက်မဆေး
မျက်နှာမသစ် ရေမချိုးသင့်ဘူး၊ လက်ဆေးတာတောင် ဖြစ်နိုင်ရင် ချက်ချင်းမဆေးသင့်ဘူး။

အပူအအေးကိစ္စက အနောက်တိုင်းဆေးပညာမှာ
လုံးလုံးမသင်တဲ့ကိစ္စ၊ ဆရာ၀န်အများစုလဲ ဒါကို
သတိပေးလေ့မရှိဘူး၊ သတိထားရမယ်။

အပူအအေးမှာ နောက်တစ်မျိုးက ပန်ကာလေတည့်တည့်အိပ်လို့ လေဖြတ်သွားတာ 6တ နေတာတို့၊
အရမ်းအေးအောင် အဲ့ကွန်းရှေ့အိတ်ရင်
မျက်နှာတစ်ခြမ်းရွဲ့သွားတာတို့။

သူက သွေးကြောပေါက်တာထက် သွေးမလျှောက်တာကြောင့်၊ အပူချိန်မထိန်းနိုင်တာကြောင့်
အဓိကဖြစ်တာ။

ခန္ဓာကိုယ်အပူချိန်သတ်မှတ်ထားတာထက် အကြာကြီးလျော့နေရင်ဦးနှောက် cell တွေ 6တ ရော။
နိုးနေချိန်ဆို ချမ်းတယ်ပြုတယ်နဲ့ သိနိုင်တယ်၊ နေရာထရွှေ့မယ် ပန်ကာထပိတ်မယ်နဲ့ ခန္ဓာကိုယ်ကrespond လုပ်တယ်။

အိပ်နေချိန်က respond အများစု shutdown ဖြစ်နေတယ်၊ အဲ့ဒီမှာ မသိဘဲ 6တ တာပဲ။ လူရဲ့ cell နဲ့ ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေက ပုံမှန်အပူချိန်မှာ
အပြည့်အ၀လုပ်တယ်၊ ပိုပူလာရင်လဲမလုပ်ဘူး
အေးသွားရင်လဲမလုပ်ဘူး။

ပူလာရင်အေးအောင် ချွေးထွက်ရတယ် perspiration ဖြစ် ရေငွေ့ပျံမှ အပူတွေ ပါသွားမှာ ၊ အေးလာရင်ပူအောင် ကြက်သီးထပြီး တုန်ပေးရတယ်
cell တွေ တုန်ရင် အပူထွက်တယ်၊ ဗိုက်တော့ မြန်မြန်ဆာတယ်၊ shivering လို့ခေါ်တာပေါ့။

ဒါက ခန္ဓာကိုယ်က တုန့်ပြန်မှုတွေ။
တုံ့ပြန်မှုမလာတာ နောက်တစ်မျိုးရှိသေးတယ်၊
မူးယစ်သေစာသောက်ထားတဲ့အချိန် စွတ်မူးနေရင် မလာဘူး၊ ဆေးသမား အရက်သမားတွေ အဖြစ်များတယ်၊ ခန္ဓာကိုယ်က ဘာပြောပြောလူကမသိတော့ဘူး
ကောင်းနေတာပဲသိတာကိုး၊ ပြေသွားမှ ပြဿနာတက်တာ။

အပူအအေးကိစ္စက ငယ်တယ်ကြီးတယ်သိပ်မရှိဘူး၊
လူကောင်းလဲ တန်းသေနိုင်တယ်၊ သတိထားရမယ်။ ငယ်တဲ့သူတွေက သွေးကြောနံရံပျော့သေးတော့ သိပ်မဖြစ်လွယ်ဘူး၊ ကြီးတဲ့သူတွေက
သွေးကြောနံရံတွေမာလာတော့ ကြွတ်ဆတ်ပြီး ပိုဖြစ်လွယ်တယ်၊ ဒါတော့ရှိတယ်။

ဒီလောက်ဆို နည်းနည်းချုံငုံမိမယ်ထင်တယ်။ ကြောက်ဖို့မလိုပါဘူး သတိထားပြီး အဲ့ဒါတွေမဖြစ်အောင် ထိန်းရင် အေးဆေးပါ။

လေ့ကျင့်ခန်းမှန်မှန်လုပ်၊ အငန်တွေ တက်စာတွေ မတရားမစားနဲ့ ရေခဲရေ မသောက်နဲ့ အပူအအေး သတိထား၊ ဒါပဲ

ကျန်းမာပျော်ရွှင်ကြပါစေ🙏🙏🙏

အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျန်းမာရေးနဲ့ပတ်သတ်တဲ့ ဆေးပညာတွေနေတိုင်းတင်သွားပေးမှာဖြစ်တဲ့ အတွက် ကျွန်တော်ရဲ့postလေးကို like and shareလေသွားမို့မမေ့နဲ့နော် အားလုံးဘဲကျန်းမာပျော်ရွှင်ကြပါစေ၊၊
#လေးစားစွာဖြင့်မူရင်ရေးသားသူအား
ေးပါသည် 🙏🙏🙏
#ကျန်းမာရေးဗဟုသုတများ
#​တော်ဝင်​ဆေးခန်းကားကြီးကွင်းတိုက်တန်းအလယ်လမ်း
#ကျန်းမာရေး
#​ဆေးခန်း
#ပြင်ဦးလွင်
#အ​ထွေ​ထွေသမား​တော်
#အထူးကု

​တော်ဝင်​ဆေးခန်း
ကားကြီးကွင်းတိုက်တန်း အလယ်လမ်း
Hot line: 09266447123

ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို Djenkolic acid လို့ ခေါ်ပါတယ်။ အရပ်ထဲမှာတော့ "ရေ၅ထပ်သွန်ပြီးပြုတ်တယ်""အဆိပ်ထုတ်ပြီးပြုတ်တယ...
15/07/2025

ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို
Djenkolic acid လို့ ခေါ်ပါတယ်။
အရပ်ထဲမှာတော့
"ရေ၅ထပ်သွန်ပြီးပြုတ်တယ်"
"အဆိပ်ထုတ်ပြီးပြုတ်တယ်"တို့
"ထန်းလျှက်နဲ့ပြုတ်ရင်အဆိပ်ပြေတယ်"တို့
"ထိပ်ကအဆိပ်ဆံလေးထုတ်ပြီးပြုတ်ရင်
ဘာမှမဖြစ်ဘူး"တို့ စသဖြင့်
မျိုးစုံကြားရပါတယ်

တကယ်တော့ အဆိပ်ဆံလို့သိနေတဲ့နေရာက
ဒညင်းအပင် ပေါက်မယ့်နေရာ ဖြစ်ပါတယ်။
အဆိပ် နဲ့မဆိုင်ပါဘူး
အယူအဆ မှားနေတာပါ။

ဒညင်းသီး အသား တစ်ခုလုံးမှာ
အဆိပ်ဓာတ် Djenkolic acid တွေ
အပြည့် ပါပါတယ်။

ဒညင်းသီးစားလိုက်တဲ့အခါမှာ
ဒီ အဆိပ်ဓာတ်က အစာအိမ် ကတဆင့်
အူ ထဲကို အရင်ရောက်ပါတယ်

အူ ထဲကနေ စုပ်ယူပြီး
သွေး ထဲမှာရှိနေတုန်းမှာ
ပျော်ဝင်အဆင့် မှာပဲ ရှိနေပြီး
ပျောက်မသွားပါဘူး

ခန္ဓာကိုယ်ထဲက သွေးတွေ အားလုံးဟာ
ကျောက်ကပ် ကိုမဖြစ်မနေ
ဖြတ်သန်းရပါတယ်။

အဆိုပါအဆိပ်
ကျောက်ကပ်ထဲ ရောက်ချိန်၊
ဆီးဖြစ်လာတဲ့အချိန်၊
ဆီးက အက်ဆစ် pH ဘက်ကို
ရောက်တဲ့အချိန်မှာမှ
အချိုမှုန့်ချောင်းလေး တွေပုံစံ
Crystal အဖြစ်ပြောင်းပြီး
ကျောက်ကပ် ပြွန်သေးသေးလေးတွေ
ပေါ်မှာ စိုက်စူးစေပါတော့တယ်။

အဲဒီအချိန်မှာ
ပုံမှန်အလုပ်လုပ်နေရတဲ့ ပြွန်တွေ ပျက်စီးပြီး
ဆီး ထဲ သွေးပါလာတာမျိုး
ကျောက်ကပ် ပျက်စီးတာမျိုး ဖြစ်လာပါတယ်။

ဘယ်နှစ်ရေ ပဲပြုတ်ပြုတ်
ဘာထည့်ပြီးပြုတ်ပြုတ်
အဆိပ်ဓာတ်ရှိနေတာ ပဲမို့
ဆီးချို သွေးတိုး ရှိပြီးသားသူများ
ရှောင်သင့်ပါတယ်။

များများစားမှ ဖြစ်တာမျိုး မဟုတ်ဘဲ
တစ်လုံး နှစ်လုံးစားရုံနဲ့လည်း
ဆေးရုံ ရောက်တတ်ပါတယ်။

စားကောင်းပေမယ့်
ဒညင်းသီးအစား အရသာတူတဲ့
မျောက်ငိုသီး လို ၊
နှစ်တစ်ရာသီး၊
ပဲကော လို
ဟာတွေ အစားထိုးပြီး စားတာ
အကောင်းဆုံးပါ။

ကျောက်ကပ်က လူ့အတွက်
တန်ဖိုး ကြီးပါတယ် ။

ကျောက်ကပ် ပျက်စီးရင်
အမြဲတမ်း ကျောက်ကပ်ဆေး နေရတာမျိုးကို
မသေမချင်း လုပ်သွားရမှာပါ၊
အခြေအနေပေါ် မူတည်ပြီး
နှစ်ပတ် တစ်ခါ သို့မဟုတ်
တစ်လ တစ်ခါ
ပုံမှန် ကျောက်ကပ်ဆေး ရပါတယ်၊
တစ်ခါ ဆေးရင် နှစ်သိန်းဝန်းကျင်
ကုန်ကျပါတယ်။

ကျောက်ကပ် အစားထိုး လဲဖို့ဆိုရင်လည်း
သိန်း ရာနဲ့ချီ ကုန်ပါတယ်။

မသိလို့ စားခဲ့တာကတော့
ပြင်လို့ မရတော့ပေမယ့်
ဒီအန္တရာယ်ကို သိလာတဲ့အခါ ဆင်ခြင်နိုင်ဖို့
တင်ပြလိုက်ရပါတယ်။

Crd 🙏🏽🙏🏽🙏🏽

​တော်ဝင်
သားဖွားမီးယပ်နှင့် အ​ထွေ​​ထွေရောဂါအထူးကု​ဆေးခန်း၊
ကားကြီးကွင်းတိုက်တန်းအလယ်လမ်း

ဆက်သွယ်ရန်
09266447123

#​တော်ဝင်​ဆေးခန်း
#အ​ထွေ​ထွေ​ရောဂါ
#ပညာ​ပေး
#အထူးကု

💚♥️💚♥️💚♥️🥰🥰
15/07/2025

💚♥️💚♥️💚♥️🥰🥰

ပြီးပြည့်စုံတဲ့လူဆိုတာ မရှိသလို အရာရာတိုင်းမှာ ပြည့်စုံနေတဲ့မိဘဆိုတာလည်း မရှိပါဘူး။ မိဘတွေမှာလည်း ကိုယ်ပိုင်အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိစမြဲပါ။ 🥰

သင့်ကလေးတွေကို ပြုစုပျိုးထောင်ရင်းနဲ့ တစ်ခါတလေ လစ်ဟင်းခဲ့တာမျိုး တာဝန်မကျေခဲ့ဘူးလို့ ခံစားရတာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ စိတ်ပျက်အားငယ်မနေပါနဲ့။ တကယ်တမ်းတော့ သင်ဟာ သင့်ကလေးတွေအတွက် အကောင်းဆုံးသော အဖေနဲ့ အမေ ဖြစ်နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့အပေါ်ထားရှိတဲ့ သင့်ရဲ့မေတ္တာ၊ သင့်ရဲ့ကြိုးစားအားထုတ်မှုတွေက စစ်မှန်ဖြူစင်ပြီး အခြားဘယ်အရာနဲ့မှ တန်ဖိုးဖြတ်လို့ မရနိုင်လို့ပါ။ 💖

အားနည်းချက်တွေ ရှိခဲ့ရင်တောင် သင့်ရဲ့မေတ္တာနဲ့ ဂရုစိုက်မှုတွေက သူတို့အတွက် အရေးအကြီးဆုံးပါ။ သင်ဟာ သူတို့ရဲ့ ကမ္ဘာတစ်ခုလုံးဖြစ်ပြီး သူတို့ဘဝမှာ အရေးပါဆုံးသော လူသားတွေဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ 👨‍👩‍👧‍👦✨

🤧 ရာသီအကူးအပြောင်းတိုင်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်တွေကိုက်ခဲ တာမျိုးဖြစ်တတ်လား? ဒါဆ်ုရင်တော့ တုပ်ကွေးကာကွယ်ဆေး ထိုးသ...
15/07/2025

🤧 ရာသီအကူးအပြောင်းတိုင်း နှာစေး၊ ချောင်းဆိုး၊ ကိုယ်လက်တွေကိုက်ခဲ တာမျိုးဖြစ်တတ်လား? ဒါဆ်ုရင်တော့ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါတယ်နော် ..

😷 - ​'တော်ဝင်' ဆေးခန်း၊ ကားကြီးကွင်းတိုက်တန်း အလယ်လမ်း၊ ပြင်ဦးလွင်မြို့မှာ 🌦💉💚🏥👉🏽
ဗိုင်းရပ်စ်ပိုးလေးမျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ လေးမျိုးစပ်တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံလို့ရပါပြီရှင်..

🤒 အထူးသဖြင့် ထိုးနှံသင့်သောသူများမှာ -
💉အသက် ၆ လနဲ့အထက် ကလေးများမှ လူကြီးများ
💉နာတာရှည်ရောဂါရှိသူများ:
💉ပန်းနာရင်ကျပ်၊ နာတာရှည်လေပြွန်ရောင်ခြင်း (COPD) အပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ။
💉နှလုံးရောဂါရှိသူများ (ဥပမာ- နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးအားနည်းခြင်း)။
💉ဆီးချိုရောဂါရှိသူများ။
💉ကျောက်ကပ်ရောဂါရှိသူများ။
💉အသည်းရောဂါရှိသူများ။
💉ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ရောဂါရှိသူများ (ဥပမာ- လေဖြတ်ဖူးသူများ)။
💉ခုခံအားကျဆင်းစေသော ရောဂါရှိသူများ (ဥပမာ- HIV/AIDS) သို့မဟုတ် ခုခံအားကျဆင်းစေသော ဆေးများ သောက်သုံးနေရသူများ (ဥပမာ- ကင်ဆာဆေးသွင်းကုသနေသူများ)။
💉အသက် ၆၅နှစ်အထက်လူကြီးများ
💉ကိုယ်ဝန်ဆောင်အမျိုးသမီးများ
💉ကလေးငယ်များ: အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးငယ်များဟာ တုပ်ကွေးကြောင့် ဆေးရုံတက်ရနိုင်ခြေ ပိုများပါတယ်။
💉ကျန်းမာရေးဝန်ထမ်းများ
💉တုပ်ကွေးရောဂါ ပြင်းထန်စွာ ခံစားရနိုင်ခြေရှိသူများနှင့် နီးစပ်သူများ
💉အိမ်မွေးတိရစ္ဆာန်များနှင့် ထိတွေ့ရသူများ: အချို့သော တုပ်ကွေးပိုးများသည် တိရစ္ဆာန်များမှ လူသို့ ကူးစက်နိုင်သောကြောင့် တိရစ္ဆာန်များနှင့် ထိတွေ့ဆက်ဆံရသူများလည်း ထိုးနှံသင့်ပါသည်။

🌏 မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းမှာ လေးမျိုးစပ်တုပ်ကွေးကာကွယ်ဆေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီ ဖြစ်ပါတယ်။ နှစ်စဉ် တုပ်ကွေးဗိုင်းရပ်စ်အမျိုးအစားတွေ ပြောင်းလဲနေတာကြောင့် ကာကွယ်ဆေးကိုလည်း နှစ်စဉ်ပုံမှန် ထိုးနှံဖို့ လိုအပ်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးနဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုတာတွေရှိရင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်း - 09266447123, pg- cb

လိပ်စာ - ​တော်ဝင် ​ဆေးခန်း၊အမှတ်(A9-C)၊ကားကြီးကွင်းတိုက်တန်းအလယ်လမ်း၊ရပ်ကွက်ကြီး ၁၀၊ ပြင်ဦးလွင်မြို့။

#အထူးကုဆေးခန်း
#ဆေးခန်း
#​တော်ဝင်​ဆေးခန်း
#ဓာတ်ခွဲခန်း
#ပြင်ဦးလွင်
#ဓာတ်မှန်နှင့်အာထရာဆောင်း
#အထူးကု
#တုတ်​ကွေး
#ကာကွယ်​ဆေး

လုံးဝမ​ပေါ့ဆသင့်​သော ​သွေးတိုး​ရောဂါ 💊💊💊🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑သွေးတိုးခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၀) ခုသွေးတိုး ပြီ ဆို...
04/07/2025

လုံးဝမ​ပေါ့ဆသင့်​သော ​သွေးတိုး​ရောဂါ 💊💊💊

🛑🛑🛑🛑🛑🛑🛑🛑🛑🛑🛑

သွေးတိုးခြင်း ရဲ့ ကြောက်စရာ နောက်ဆက်တွဲ ပြဿနာ (၁၀) ခု

သွေးတိုး ပြီ ဆိုရင်လေ သိပ်ပြီး အိပ်လို့ကောင်းတာနော်။ ခေါင်းထိုးမယ်၊ မူးပြီး အိပ်ပျော်သွားတယ်၊ မျက်နှာတွေ မို့အစ်နေမယ်။ ဒီလောက်နဲ့ ပြီးသွားပြီ ထင်ပါသလား။

သွေးတိုးပြင်းရင် လေဖြတ်နိုင်တယ်၊ ဦးနှောက်သွေးကြော ပြတ်နိုင်တယ်၊ သွေးတိုး ဖြစ်ရင် ဆီးချိုလည်းဖြစ်လာနိုင်တယ် ဆိုတာတွေပဲ သိထားတာ များတယ်။

ဒါပေမယ့် ကြောက်စရာကောင်းတဲ့ တခြားထိခိုက်မှုတွေ၊ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်သေးတယ်ဆိုတာ သိထားစေချင်ပါတယ်နော်

(၁) သွေးကြော ထိခိုက်ပျက်စီးခြင်း
သွေးကြော တွေဟာ အောက်ဆီဂျင်သယ်ဆောင်ရမယ့် အဆုတ် နဲ့ နှလုံး ဆီကနေ ကိုယ်တွင်းအင်္ဂါတွေ နဲ့ တခြားတစ်ရှူးတွေ ဆီကို သွေးလည်ပတ်ရ လွယ်ကူစေဖို့ ကြံ့ခိုင်မှု၊ ပျော့ပျောင်းနိုင်မှု၊ အတားအဆီးကင်းမှု တွေ ပြည့်စုံနေသင့်ပါတယ်။

သွေးတိုး ကြောင့် အဲဒီသွေးကြောတွင်းမှာ ထိခိုက်မှုတွေ ဖြစ်စေပြီး အဆီချေးတွေ ပိုပြီး ကပ်တွယ်စေနိုင်တယ်။ ဒီလိုကပ်တွယ်ရာကနေ သွေးကြောတွေကို ပိုတောင့်တင်း မာကျောစေပြီး သွေးကြောကျဉ်းစေနိုင်တာကြောင့် အန္တရာယ်ကြီးပါတယ်။

(၂) သွေးကြောဖောင်းခြင်း
သွေးကြောနံရံ တစ်စိတ်တစ်ပိုင်းကို ဖိအားများတဲ့အခါ အခုလို ဖြစ်လာတတ်ပါတယ်။ သွေးကြောသာ ပေါက်ပြီး ခန္ဓာကိုယ်ထဲ သွေးယိုတဲ့အခါ ဆိုးရွားတဲ့အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာက ဘယ်သွေးကြောမှာမဆို ဖြစ်နိုင်ပေမယ့် ပင်မသွေးလွှတ်ကြောထဲမှာ အဖြစ်များဆုံးပါ။

သွေးလွှတ်ကြော တစ်ခုမှာ ထိခိုက်ထားတယ်ဆိုရင် သွေးတိုးရောဂါ မရှိရင်တောင် သွေးကြောဖောင်းခြင်းပြဿနာ ဖြစ်လာနိုင်ပါတယ်။

(၃) ရုတ်တရက် နှလုံးအမောဖောက်ခြင်း
နှလုံးဆီကို ပို့တဲ့သွေးလွှတ်ကြောတစ်ခုကို ပိတ်ဆို့စေလောက်တဲ့အထိ အဆီချေးတွေ စုနေခဲ့ရင် ရုတ်တရက် နှလုံးဖောက်ခြင်း(heart attack) ဖြစ်လာနိုင်ပါတယ်။ ဒီလိုပိတ်ဆို့မှုကြောင့် နှလုံးကြွက်သားတွေ ဆီကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ မရနိုင်တော့ပါဘူး။

ဒီလိုဖြစ်လာရင် ရင်ဘတ်အောင့်တာ၊ မွန်းကျပ်တာ ခံစားရလေ့ရှိပေမယ့် တစ်ခါတလေ လက်မောင်း၊ လည်ပင်း သို့မဟုတ် မေးရိုးထဲမှာ လည်း နာကျင်မှုခံစားရနိုင်ပါတယ်။

လူက အသက်ရှူလို့လည်းခက်မယ်၊ ခေါင်းမူးမယ်၊ မအီမသာဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာတွေဖြစ်လာရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကို အမြန်ဆုံးပြသင့်ပါတယ်။

(၄) နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း
သွေးတိုး ကြောင့် နှလုံးသွေးကြောတွေကို ကျဉ်းစေနိုင်ပါတယ်။ အချိန်ကြာလာတဲ့အခါ နှလုံးရဲ့လုပ်ဆောင်ချက်တွေ ခက်ခဲလာပြီး အားနည်းလာနိုင်ပါတယ်။

နောက်ဆုံးမှာ ခန္ဓာကိုယ်အနှံ့ကို သွေး အလုံအလောက် မပို့လွှတ်နိုင်တော့တဲ့အထိ အားနည်းလာပါလိမ့်မယ်။

(၅) နှလုံးကြီးခြင်း
သွေးလည်ပတ်စေဖို့ အတွက် လုပ်ဆောင်ရခက်ခဲနေတဲ့အခါ နှလုံးကြွက်သားတွေ ထူလာပါတယ်။ ရလဒ် အနေနဲ့တော့ နှလုံးတစ်ခုလုံး ပိုကြီးလာပါတယ်။
နှလုံးက ကြီးလာလေ သူ့ရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေ အတွက် စွမ်းဆောင်ရည် ကျဆင်းလာလေ ပါပဲ။

(၆) လေဖြတ်ခြင်း
သွေးတိုး က လေဖြတ်ခြင်း ရဲ့ အဓိက အကြောင်းရင်း ပါပဲ။ လေဖြတ်ခြင်း နှစ်မျိုး ရှိပါတယ်
Hemorrhagic အားနည်းနေတဲ့ ဦးနှောက်သွေးကြောပေါက်ခြင်း
Ischemic ဦးနှောက်ဆဲလ် တွေဆီ သွေးမရောက်အောင် သွေးခဲ ပိတ်ဆို့ခြင်း

(၇) မှတ်ဉာဏ် ချို့ယွင်းခြင်း
သွေးတိုး ကြောင့် ဦးနှောက်ကို သွေးပို့လွှတ်တဲ့ သွေးကြောတွေ ထဲမှာ အဆီချေးတွေ ပိတ်ဆို့တဲ့ အခါ သွေးလည်ပတ်မှု ကို နှေးစေနိုင်ပါတယ်။

ဦးနှောက် ရဲ့လုပ်ဆောင်ချက် ပြောင်းလဲကုန်တဲ့အခါ vascular dementia လို့ခေါ်တဲ့ အခြေအနေ ဖြစ်စေနိုင်ပါတယ်။

ဒီလိုဖြစ်လာရင် တွေးပုံ၊ ပြောပုံ၊ မြင်တွေ့ပုံ၊ မှတ်မိပုံတွေ အပြင် ကိုယ့်ရဲ့လှုပ်ရှားပုံတွေ မှာပါ ထိခိုက်မှုရှိလာနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ အချိန်နဲ့အမျှ တဖြည်းဖြည်းဖြစ်လာတတ်ပါတယ်။

(၈) ကျောက်ကပ် ပျက်စီးခြင်း
သွေးတိုးက ကျောက်ကပ်ပျက်စီးစေတဲ့ ဒုတိယမြောက်အဖြစ်များဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ အဆိပ်အတောက်တွေနဲ့ အရည်ပိုတွေကို စစ်ထုတ်ဖယ်ရှားရာမှာ ကျောက်ကပ်ကအသုံးပြုတဲ့ သွေးကြောတွေကို ကျဉ်းပြီး မာကျောစေနိုင်ပါတယ်။

အဲဒီမှာ nephrons လို့ခေါ်တဲ့ အထူးစစ်ထုတ်မှုအစိတ်အပိုင်းတွေကို သွေးနဲ့အာဟာရ အလုံအလောက် မရစေနိုင်တော့ပါဘူး။ နောက်ဆုံးမှာ ကျောက်ကပ်ကို ပျက်စီးစေတာဖြစ်ပါတယ်။

(၉) မျက်စိ ပြဿနာ
သွေးတိုး ဖြစ်တာ အချိန်ကြာလာတဲ့အခါ မြင်လွှာဆီကို သွေးပို့လွှတ်မှုနှေးစေပါတယ်။ ဒါ့အပြင် ဦးနှောက်ကို သတင်းပို့ပေးတဲ့ အမြင်အာရုံကြောဆီကို သွေးပို့လွှတ်မှုလည်းနှေးစေနိုင်ပါတယ်။

သွေးတိုးကြောင့် မြင်လွှာအောက်မှာ အရည်တွေစုလာစေနိုင်ပြီး အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။

(၁၀) အရိုးအားနည်းခြင်း
သွေးတိုးရှိတဲ့သူတွေရဲ့ ဆီးထဲမှာ ကယ်လ်စီယမ်တွေပါသွားတာ များတတ်ပါတယ်။ အရိုးကျန်းမာရေးအတွက် အရေးပါတဲ့ ဒီဓာတ်ကို ခန္ဓာကိုယ်ကစွန့်ထုတ်တာများတဲ့အခါ အရိုးကျိုးအက်တာတွေ ဖြစ်လွယ်လာနိုင်ပါတယ်။

ဒါ့ကြောင့် အငန်တွေ လျှော့စားကြပါ၊ အဆီတွေ လျှော့စားပါ၊ ပေါ့ပေါ့ဆဆ သဘောမထားကြပါနဲ့လို့ သတိပေးလိုက်ပါတယ်။

================================

'​တော်ဝင်'
သားဖွားမီးယပ်နှင့် အ​ထွေ​ထွေ​ရောဂါကု​ဆေးခန်း
ကားကြီးကွင်းတိုက်တန်း အလယ်လမ်း
ရကက ၁၀၊ ပြင်ဦးလွင်

☎️ 09266447123,
Pg Cb

Address

A9 (C) , Near Highway Bus Station, Pyinoolwin
Maymyo
05085

Alerts

Be the first to know and let us send you an email when Royal Specialist Clinic and Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram