ရွှေပါရမီ ၂၄နာရီ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး

  • Home
  • Myanmar
  • Maymyo
  • ရွှေပါရမီ ၂၄နာရီ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး

ရွှေပါရမီ ၂၄နာရီ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး ရွှေပါရမီ ၂၄နာရီ အထူးကုဆေးခန်း။
ဘူတာရုံလမ်း(အနီးစခန်း မီးပွိုင့်လမ်းခွဲ) ၊အနီးစခန်း။

🔴သွေးလွန်တုပ်ကွေး ကာကွယ်ဆေး🔴ဆေးအမည် - QDENGA ထိုးရမည့်ကြိမ်ရေ - ၂ကြိမ်စထိုးရက် ပထမအကြိမ်/ ၃လအကြာ ဒုတိယအကြိမ်အာနိသင်ကာလ -...
06/06/2025

🔴သွေးလွန်တုပ်ကွေး ကာကွယ်ဆေး🔴

ဆေးအမည် - QDENGA
ထိုးရမည့်ကြိမ်ရေ - ၂ကြိမ်
စထိုးရက် ပထမအကြိမ်/ ၃လအကြာ ဒုတိယအကြိမ်

အာနိသင်ကာလ - ၄နှစ်ခွဲခန့် (စာတမ်းများအရ)

🪴မိမိရင်သွေးငယ်များ အတွက် မဖြစ်မနေထိုးနှံသင့်သော
ကာကွယ်ဆေး🪴

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ပြီလား ⁉️

🩸ခြင်ကိုက်ခံရရာမှတဆင့် ကူးစက်တဲ့သွေးလွန်တုပ်ကွေးဟာ တစ်နှစ်ပတ်လုံးဖြစ်ပွားနိုင်တဲ့အပြင် ကမ္ဘာတစ်ဝှမ်း Outbreak ခဏခဏဒဏ်ခံရလေ့ရှိတဲ့ ကြောက်စရာရောဂါတစ်ခုပဲ ဖြစ်ပါတယ်။

📈 နှစ်စဉ် လူသန်းပေါင်း ၄၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရနေရပါတယ်။ အဲ့အထဲမှာမှ လူ ၄ သောင်းလောက်က သွေးလွန်တုပ်ကွေးကြောင့် သေဆုံးနေရပါတယ်။

🦟 အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ထုံးစံဆိုသလိုပဲ အသက်ငယ်လွန်း၊ ကြီးလွန်းတဲ့သူတွေဟာ ဒဏ်ပိုခံရနိုင်ပါတယ်။ ဒါကြောင့်မို့ အဓိက ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်သင့်ပါတယ်။

🦠 သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစား (၄) မျိုးရှိပြီး လူတစ်ယောက်ဟာ အလွန်ကံဆိုးခဲ့မယ်ဆို ဘဝမှာ သွေးလွန်တုပ်ကွေး (၄)ခါ ဖြစ်လို့ရပါတယ်။ ပထမအကြိမ်မှာ မပြင်းထန်ပေမယ့် တစ်ခါထက် တစ်ခါ ပိုပြီး ပြင်းထန်နိုင်တာမို့ ဒုတိယအကြိမ်မှာတင် အသက်ကို ရန်ရှာနိုင်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။

ဒီလိုအကြောင်းရင်းတွေကြောင့် သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့ဆိုတာ မိဘတိုင်း၊ ဆရာဝန်တိုင်း၊ ကျန်းမာရေးအသိရှိတဲ့လူတိုင်းရဲ့အိမ်မက်ပဲ ဖြစ်ပါတယ်။ အဲ့တော့ ၂၀၂၃ မှာ ဒီမျှော်လင့်ချက် ရောင်ခြည်သန်းလာပြီလား?

✳️ လတ်တလော သွေးလွန်တုပ်ကွေးကာကွယ်ဆေး❓
💉 Dengavaxia နဲ့
💉 QDENGA ဆိုပြီး ၂မျိုးရှိပါမယ်။

✳️ ဆေးထုတ်လုပ်ထားပုံ❓
💉 Dengavaxia ကော QDENGA ပါ Live Attenuated လို့ခေါ်တဲ့ သန့်စင်ထားပြီးသား ဘေးမဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးပိုးကို ခန္ဓာကိုယ်ထဲထည့်ပြီး ကိုယ်ခံအားထွက်လာစေတဲ့ ကာကွယ်ဆေးမျိုး ဖြစ်ပါတယ်။

✳️ ပထမဆုံး သွေးလွန်တုပ်ကွေးကာကွယ်ဆေး❓
💉 Dengavaxia အနေနဲ့ ၂၀၁၅ ခုနှစ်ထဲက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၉ - ၁၆နှစ်အတွင်း ထိုးနှံလို့ ရပါတယ်။ အရေပြားအောက် အဆီလွှာထဲ ထိုးနှံရတာဖြစ်ပြီး ၆လခြား ၃ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။

✳️ ဆေးထိုးထားရင် အပြည့်အဝ ကာကွယ်နိုင်မှာလား❓
💉 ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ပေမယ့် ရောဂါဖြစ်ပွားနှုန်း၊ ဆေးရုံတက်နှုန်း၊ ရောဂါပြင်းထန်မှု စတာတွေကို ၆၅ - ၈၀% ထိ လျော့ချပေးနိုင်ပါတယ်။

✳️ ဆေးကြောင့် အန္တရာယ်ရှိမရှိ❓
💉 ပြဿနာနည်းတဲ့ ကာကွယ်ဆေးအမျိုးအစားပေမယ့် ပိုးအရှင်ကို ထိုးတာဖြစ်တာကြောင့်
- ကင်ဆာရောဂါသည်များ
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
- ကိုယ်ခံအားကျဆင်းနေသူများ
- Steroid ဆေးသောက်နေသူများ ထိုးလို့မရပါဘူး။

✳️ ပထမဆုံး ထွက်ထားတဲ့ Dengavaxia ဘာလို့ လူသိနည်းရတာလဲ❓
💉 တာအရင်ထွက်ခဲ့တဲ့ ကာကွယ်ဆေးဖြစ်သော်လည်း အရင်တစ်ခါ သွေးလွန်တုပ်ကွေးဖြစ်ဖူးပြီးမှသာ ထိုးနှံနိုင်တာကြောင့် ဈေးကွက်ထဲ ထင်သလောက် မပေါက်ဘဲ ကမ္ဘာ့နိုင်ငံ (၂၀) မှာသာ အသုံးပြုခွင့်လိုင်စင် ရပါသေးတယ်။

✳️ အသစ်ထွက်ရှိလာတဲ့ QDENGA ကကော❓
💉 ၂၀၂၂ မှာ စတင်ထွက်ရှိခဲ့တဲ့ QDENGA ကို လက်ရှိမှာ အိမ်နီးချင်းအာဆီယံနိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ စတင်ထိုးနှံပေးနေပါပြီ။ အနောက်နိုင်ငံများဖြစ်တဲ့ ယူရို၊ ယူကေ၊ အာဂျင်တီးနားနဲ့ ဘရာဇီးလို ကမ္ဘာလှည့်ခရီးသည်များပြားတဲ့ နိုင်ငံကြီးတွေမှာလည်း သုံးစွဲနေကြပါပြီ။

✳️ QDENGA ရဲ့အားသာချက်က❓
💉 Dengavaxia နည်းတူ သွေးလွန်တုပ်ကွေးမကူးစက်အောင် ၈၀% နီးပါး ကာကွယ်ပေးနိုင်ပြီး ဆေးရုံတက်နှုန်း ၉၀% လောက် လျော့ချပေးနိုင်တာပါ။
ဒါ့အပြင် သွေးလွန်တုပ်ကွေးမဖြစ်ဖူးသေးသူကော ဖြစ်ပြီးသူပါ ထိုးလို့ရတာကြောင့် အဖြစါများတဲ့ဒေသမှာ နေထိုင်တဲ့ အသက် ၄နှစ်မှ ၆၀အရွယ်ထိ ထိုးနှံသင့်ပါတယ်။

✳️ QDENGA ဘယ်နှကြိမ်ထိုးရမလဲ❓
💉 ၃လခြားပြီး ၂ကြိမ် ထိုးနှံရပါမယ်။

✳️ QDENGA ၂ကြိမ်ထိုးအပြီး တစ်သက်လုံးကာကွယ်နိုင်မှာလား❓
💉 ထိုးပြီး ၄နှစ်ခွဲအကြာအထိ ကိုယ်ခံအားကျန်နေသေးပေမယ့် ကာကွယ်ဆေးသဘောသဘာဝအရ ခုခံအားထိန်းထားနိုင်ဖို့ Booster လိုနိုင်ပါတယ်။ လက်ရှိမှာ ဘယ်လောက်နေရင် ပြန်ထိုးရမယ်ဆိုတာ တိတိကျကျတော့ မသိရသေးပါဘူး။

✳️ QDENGA ဘေးထွက်ဆိုးကျိုး❓
💉 တစ်ခြားသော ကာကွယ်ဆေးများလိုပဲ ထိုးထားတဲ့နေရာမှာ နာတာ၊ နီတာ၊ ယောင်တာရှိနိုင်ပါတယ်။ ဖျားတာ၊ နုန်းတာ၊ ကိုယ်လက်ကိုက်ခဲတာ လူနည်းစုမှာ ဖြစ်နိုင်ပါတယ်။

✳️ QDENGA ထိုးရင် သတိထားရမယ့်အချက်❓
💉 သန့်စင်ထားတဲ့ပိုးအရှင် ထိုးတာဖြစ်တဲ့အတွက် တခြားသောကာကွယ်ဆေးများနဲ့ အနည်းဆုံး ၄ပတ်ခြားထိုးရပါမယ်။

✳️ လက်ရှိအခြေအနေမှာ QDENGA ထိုးသင့်လား❓
💉 မထိုးခင်မှာ ဆေးရဲ့တန်ဖိုးနဲ့ အကျိုးကို ချင့်ချိန်ပြီး မိမိဆရာဝန်နဲ့ တိုင်ပင်ပါ။ သွေးလွန်တုပ်ကွေးကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစုမှာ အသက်ဘေးထိ ခြိမ်းခြောက်ခံခဲ့ရဖူးတယ်ဆိုရင် ဒါကိုသာ ကာကွယ်နိုင်မယ်ဆို ရွှေထက် တန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်တဲ့ ကာကွယ်ဆေးပါပဲ။ ဒါမျိုးက ကိုယ်တိုင်ကြုံဖူးမှပဲ လန့်ကြမှာပါ။

အခုလောက်ဆို လက်ရှိခေတ်စားနေတဲ့ သွေးလွန်တုပ်ကွေးဆေးအကြောင်း အကြမ်းဖျင်းသိရှိနားလည်ပြီလို့ ယူဆပါတယ်။
တခြားသော ကာကွယ်နည်းများအနေနဲ့

🦟 ခြင်မပေါက်အောင်

- ဖုံး (ရေသိုလှောင်နေရာတွေ အဖုံးဖုံးပါ)
- သွန် (မလိုတဲ့ ရေသွန်ပါ)
- လဲ (ပန်းအိုး၊ ရေကန် အမြဲလဲလှယ်ပါ)
- စစ် (လှောင်ထားတဲ့ရေကို စစ်ပြီး သုံးပါ)
- လှဲ (ရေမဝပ်အောင် သေချာလှဲကျင်းပါ)
- မြှုပ် (အမှိုက်များ ကျွင်းတူးမြှုပ်နှံပါ)
- လောင်း (ပိုးလောက်လန်းပေါက်လျှင် ဒီဇယ်လောင်းပါ)
- ခပ် (ပိုးလောက်လန်းသေဆေး Abate အဘိတ် ခပ်ပါ)
- ရှင်း (တာယာစုတ်၊ ခြုံ၊ မြက်များ ရှင်းလင်းပါ)
- မှုတ် (ရပ်ရွာအလိုက် ခြင်ဆေးဖြန်းမှုတ်ပါ)

🦟 ခြင်မကိုက်အောင်

- ထောင် (နေ့ခင်းအိပ်လျှင် ခြင်ထောင်ထောင်ပါ)
- ဖွင့် (အလင်းရောင်ရအောင် တံခါးဖွင့်ပါ)
- လိမ်း (ခြင်မကိုက်ဆေး လိမ်းပေးပါ)
- ဝတ် (အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးပါ)

ကာကွယ်ဆေးအပြင် ခြင်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေပါ လိုက်လံလုပ်ဆောင်မယ်ဆိုရင် ဒီရောဂါဆိုးရန်ကနေ ပိုရှောင်လွှဲနိုင်မှာပါ။

#သွေးလွန်တုပ်ကွေး
#ရွှေပါရမီအထူးကုဆေးခန်း

မိုးဦးကျမှာ အဖြစ်များတဲ့ #ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ချက်ကို ပြ...
19/05/2025

မိုးဦးကျမှာ အဖြစ်များတဲ့

#ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ဖို့

ကျန်းမာရေးဝန်ကြီးဌာနက နှိုးဆော်ချက်ကို ပြန်လည်မျှဝေအပ်ပါတယ်ရှင်

#ရွှေပါရမီအထူးကုဆေးခန်း
#အနီးစခန်း

မိုးရာသီမှာ အဖြစ်များတဲ့ အသည်းရောင်အသားဝါ(အေ)ရောဂါကြိုတင်ကာကွယ်နိုင်ဖို့ မျှဝေအပ်ပါတယ်ရှင် #အသည်းရောင်အသားဝါအေ  #ရွှေပါရ...
17/05/2025

မိုးရာသီမှာ အဖြစ်များတဲ့ အသည်းရောင်အသားဝါ(အေ)ရောဂါကြိုတင်ကာကွယ်နိုင်ဖို့ မျှဝေအပ်ပါတယ်ရှင်

#အသည်းရောင်အသားဝါအေ

#ရွှေပါရမီအထူးကုဆေးခန်း
#အနီးစခန်း

အစာအဆိပ်သင့်မှုသည် နေရာဒေသမရွေး မကြာခဏဖြစ်ပွားတတ်ပြီး မသန့်ရှင်းသည့် အစားအသောက်များကို စားသုံးမိခြင်းကြောင့် အများဆုံးဖြ...
16/05/2025

အစာအဆိပ်သင့်မှုသည် နေရာဒေသမရွေး မကြာခဏဖြစ်ပွားတတ်ပြီး မသန့်ရှင်းသည့် အစားအသောက်များကို စားသုံးမိခြင်းကြောင့် အများဆုံးဖြစ်ပွားနိုင်ပါသဖြင့် အစာအဆိပ်သင့်မှုမဖြစ်စေရန်အတွက် လိုက်နာရမည့်အချက်များအား ပြန်လည်မျှဝေလိုက်ပါသည်ရှငိ့

#အစာအဆိပ်သင့်ခြင်း

#ရွှေပါရမီအထူးကုဆေးခန်း

#အနီးစခန်း #ရွှေပါရမီ

မိုးရာသီတုပ်ကွေး ကာကွယ်ဆေးInfluvac tetra2025အသက် ၆ လကနေ စတင်ထိုးနှံနိုင်ပါသည်အသက် ၆လ က ၉နှစ်အတွင်း ယခင်နှစ်များက တစ်ခါမှ...
15/05/2025

မိုးရာသီတုပ်ကွေး ကာကွယ်ဆေး

Influvac tetra2025

အသက် ၆ လကနေ စတင်ထိုးနှံနိုင်ပါသည်

အသက် ၆လ က ၉နှစ်အတွင်း ယခင်နှစ်များက တစ်ခါမှ မထိုးဖူးပါက
တစ်လခြားပြီး နှစ်ကြိမ်ထိုးရပါမည်

အသက် ၉နှစ်အထက် / ယခင်နှစ်က ထိုးဖူးပါက ၂၀၂၅ အတွက် တစ်ကြိမ်သာ ထိုးနှံရန် လိုအပါပါသည်

တုပ်ကွေးပိုးဗီဇအပြောင်းအလဲကြောင့် နှစ်စဉ်ထိုးန့သင့်ပါသည်

အထူးအားဖြင့်

ကိုယ်ဝန်ဆောင်များ
ကလေးငယ်များ
အသက် ၆၅ အထက် လူကြီးသူမများ
နာတာရှည်ရောဂါဝေဒနာရှင်များ ထိုးနှံသင့်ပါသည်

ဆေးထိုးပြီး ၁၀ရက်-၁၅ရက်အတွင်း ကာကွယ်ဆေးအာနိသင်စတင်ရရှိပါမည်

မြန်မာ Reg ပါသော ဆေးဖြစ်ပါသည်။

ကာကွယ်ဆေးရဲ့ အသက်ဖြစ်တဲ့ Cold chain မပျက်ရအောင် သိုလှောင်သိမ်းဆည်းထားပါသောကြောင့်

မိမိတို့ထိုးနှံလိုသော အချိန်ကို ဖုန်းဖြင့် ကြိုတင်ချိန်းဆိုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်

09965618069

09 757314038

International Nurses Day (12th May) 🤍ကမ္ဘာတစ်ဝှမ်းလုံးရှိ သူနာပြုတာဝန်ဝတ္တရားများကို စွမ်းစွမ်းတမံဆောင်ရွက်နေသော မီးအိမ်...
12/05/2025

International Nurses Day (12th May) 🤍
ကမ္ဘာတစ်ဝှမ်းလုံးရှိ သူနာပြုတာဝန်ဝတ္တရားများကို စွမ်းစွမ်းတမံဆောင်ရွက်နေသော မီးအိမ်ရှင်များအားလေးစားဂုဏ်ပြုအပ်ပါသည်။

Our Nurses Our Future 🤍


#ရွှေပါရမီအထူးကုဆေးခန်း

11/05/2025
ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ချမ်းမြေ့သာယာရှိပါစေကြောင်း ကျွန်မတို့ ရွှေပါရမီ ၂၄နာရီ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး မိသားစ...
11/05/2025

ကဆုန်လပြည့်

ဗုဒ္ဓနေ့မှာ ချမ်းမြေ့သာယာရှိပါစေကြောင်း ကျွန်မတို့

ရွှေပါရမီ ၂၄နာရီ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး မိသားစုက ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်
🙏🏻🙏🏻🙏🏻

 #သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ပြီလား ⁉️ #ကာကွယ်ဆေး ပေါ်ပြီလား?ရှေးဦးစွာ ဒီ Article အတွက်Novel Heart Care ရဲ့ Litera...
09/05/2025

#သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နိုင်ပြီလား ⁉️
#ကာကွယ်ဆေး ပေါ်ပြီလား?

ရှေးဦးစွာ ဒီ Article အတွက်
Novel Heart Care ရဲ့ Literature ကို
Credit ပေးပါတယ်။

🩸ခြင်ကိုက်ခံရရာမှတဆင့် ကူးစက်တဲ့သွေးလွန်တုပ်ကွေးဟာ တစ်နှစ်ပတ်လုံးဖြစ်ပွားနိုင်တဲ့အပြင် ကမ္ဘာတစ်ဝှမ်း Outbreak ခဏခဏဒဏ်ခံရလေ့ရှိတဲ့ ကြောက်စရာရောဂါတစ်ခုပဲ ဖြစ်ပါတယ်။

📈 နှစ်စဉ် လူသန်းပေါင်း ၄၀၀ ကျော် သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရနေရပါတယ်။ အဲ့အထဲမှာမှ လူ ၄ သောင်းလောက်က သွေးလွန်တုပ်ကွေးကြောင့် သေဆုံးနေရပါတယ်။

🦟 အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ထုံးစံဆိုသလိုပဲ အသက်ငယ်လွန်း၊ ကြီးလွန်းတဲ့သူတွေဟာ ဒဏ်ပိုခံရနိုင်ပါတယ်။ ဒါကြောင့်မို့ အဓိက ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်သင့်ပါတယ်။

🦠 သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး အမျိုးအစား (၄) မျိုးရှိပြီး လူတစ်ယောက်ဟာ အလွန်ကံဆိုးခဲ့မယ်ဆို ဘဝမှာ သွေးလွန်တုပ်ကွေး (၄)ခါ ဖြစ်လို့ရပါတယ်။ ပထမအကြိမ်မှာ မပြင်းထန်ပေမယ့် တစ်ခါထက် တစ်ခါ ပိုပြီး ပြင်းထန်နိုင်တာမို့ ဒုတိယအကြိမ်မှာတင် အသက်ကို ရန်ရှာနိုင်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။

ဒီလိုအကြောင်းရင်းတွေကြောင့် သွေးလွန်တုပ်ကွေးကို ကာကွယ်ဖို့ဆိုတာ မိဘတိုင်း၊ ဆရာဝန်တိုင်း၊ ကျန်းမာရေးအသိရှိတဲ့လူတိုင်းရဲ့အိမ်မက်ပဲ ဖြစ်ပါတယ်။ အဲ့တော့ ၂၀၂၃ မှာ ဒီမျှော်လင့်ချက် ရောင်ခြည်သန်းလာပြီလား?

✳️ လတ်တလော သွေးလွန်တုပ်ကွေးကာကွယ်ဆေး❓
💉 Dengavaxia နဲ့
💉 QDENGA ဆိုပြီး ၂မျိုးရှိပါမယ်။

✳️ ဆေးထုတ်လုပ်ထားပုံ❓
💉 Dengavaxia ကော QDENGA ပါ Live Attenuated လို့ခေါ်တဲ့ သန့်စင်ထားပြီးသား ဘေးမဖြစ်နိုင်တဲ့ သွေးလွန်တုပ်ကွေးပိုးကို ခန္ဓာကိုယ်ထဲထည့်ပြီး ကိုယ်ခံအားထွက်လာစေတဲ့ ကာကွယ်ဆေးမျိုး ဖြစ်ပါတယ်။

✳️ ပထမဆုံး သွေးလွန်တုပ်ကွေးကာကွယ်ဆေး❓
💉 Dengavaxia အနေနဲ့ ၂၀၁၅ ခုနှစ်ထဲက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။
အသက် ၉ - ၁၆နှစ်အတွင်း ထိုးနှံလို့ ရပါတယ်။ အရေပြားအောက် အဆီလွှာထဲ ထိုးနှံရတာဖြစ်ပြီး ၆လခြား ၃ကြိမ်ထိုးဖို့ လိုအပ်ပါတယ်။

✳️ ဆေးထိုးထားရင် အပြည့်အဝ ကာကွယ်နိုင်မှာလား❓
💉 ရာနှုန်းပြည့် မကာကွယ်ပေးနိုင်ပေမယ့် ရောဂါဖြစ်ပွားနှုန်း၊ ဆေးရုံတက်နှုန်း၊ ရောဂါပြင်းထန်မှု စတာတွေကို ၆၅ - ၈၀% ထိ လျော့ချပေးနိုင်ပါတယ်။

✳️ ဆေးကြောင့် အန္တရာယ်ရှိမရှိ❓
💉 ပြဿနာနည်းတဲ့ ကာကွယ်ဆေးအမျိုးအစားပေမယ့် ပိုးအရှင်ကို ထိုးတာဖြစ်တာကြောင့်
- ကင်ဆာရောဂါသည်များ
- ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
- ကိုယ်ခံအားကျဆင်းနေသူများ
- Steroid ဆေးသောက်နေသူများ ထိုးလို့မရပါဘူး။

✳️ ပထမဆုံး ထွက်ထားတဲ့ Dengavaxia ဘာလို့ လူသိနည်းရတာလဲ❓
💉 တာအရင်ထွက်ခဲ့တဲ့ ကာကွယ်ဆေးဖြစ်သော်လည်း အရင်တစ်ခါ သွေးလွန်တုပ်ကွေးဖြစ်ဖူးပြီးမှသာ ထိုးနှံနိုင်တာကြောင့် ဈေးကွက်ထဲ ထင်သလောက် မပေါက်ဘဲ ကမ္ဘာ့နိုင်ငံ (၂၀) မှာသာ အသုံးပြုခွင့်လိုင်စင် ရပါသေးတယ်။

✳️ အသစ်ထွက်ရှိလာတဲ့ QDENGA ကကော❓
💉 ၂၀၂၂ မှာ စတင်ထွက်ရှိခဲ့တဲ့ QDENGA ကို လက်ရှိမှာ အိမ်နီးချင်းအာဆီယံနိုင်ငံများဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားမှာ စတင်ထိုးနှံပေးနေပါပြီ။ အနောက်နိုင်ငံများဖြစ်တဲ့ ယူရို၊ ယူကေ၊ အာဂျင်တီးနားနဲ့ ဘရာဇီးလို ကမ္ဘာလှည့်ခရီးသည်များပြားတဲ့ နိုင်ငံကြီးတွေမှာလည်း သုံးစွဲနေကြပါပြီ။

✳️ QDENGA ရဲ့အားသာချက်က❓
💉 Dengavaxia နည်းတူ သွေးလွန်တုပ်ကွေးမကူးစက်အောင် ၈၀% နီးပါး ကာကွယ်ပေးနိုင်ပြီး ဆေးရုံတက်နှုန်း ၉၀% လောက် လျော့ချပေးနိုင်တာပါ။
ဒါ့အပြင် သွေးလွန်တုပ်ကွေးမဖြစ်ဖူးသေးသူကော ဖြစ်ပြီးသူပါ ထိုးလို့ရတာကြောင့် အဖြစါများတဲ့ဒေသမှာ နေထိုင်တဲ့ အသက် ၄နှစ်မှ ၆၀အရွယ်ထိ ထိုးနှံသင့်ပါတယ်။

✳️ QDENGA ဘယ်နှကြိမ်ထိုးရမလဲ❓
💉 ၃လခြားပြီး ၂ကြိမ် ထိုးနှံရပါမယ်။

✳️ QDENGA ၂ကြိမ်ထိုးအပြီး တစ်သက်လုံးကာကွယ်နိုင်မှာလား❓
💉 ထိုးပြီး ၄နှစ်ခွဲအကြာအထိ ကိုယ်ခံအားကျန်နေသေးပေမယ့် ကာကွယ်ဆေးသဘောသဘာဝအရ ခုခံအားထိန်းထားနိုင်ဖို့ Booster လိုနိုင်ပါတယ်။ လက်ရှိမှာ ဘယ်လောက်နေရင် ပြန်ထိုးရမယ်ဆိုတာ တိတိကျကျတော့ မသိရသေးပါဘူး။

✳️ QDENGA ဘေးထွက်ဆိုးကျိုး❓
💉 တစ်ခြားသော ကာကွယ်ဆေးများလိုပဲ ထိုးထားတဲ့နေရာမှာ နာတာ၊ နီတာ၊ ယောင်တာရှိနိုင်ပါတယ်။ ဖျားတာ၊ နုန်းတာ၊ ကိုယ်လက်ကိုက်ခဲတာ လူနည်းစုမှာ ဖြစ်နိုင်ပါတယ်။

✳️ QDENGA ထိုးရင် သတိထားရမယ့်အချက်❓
💉 သန့်စင်ထားတဲ့ပိုးအရှင် ထိုးတာဖြစ်တဲ့အတွက် တခြားသောကာကွယ်ဆေးများနဲ့ အနည်းဆုံး ၄ပတ်ခြားထိုးရပါမယ်။

✳️ လက်ရှိအခြေအနေမှာ QDENGA ထိုးသင့်လား❓
💉 မထိုးခင်မှာ ဆေးရဲ့တန်ဖိုးနဲ့ အကျိုးကို ချင့်ချိန်ပြီး မိမိဆရာဝန်နဲ့ တိုင်ပင်ပါ။ သွေးလွန်တုပ်ကွေးကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစုမှာ အသက်ဘေးထိ ခြိမ်းခြောက်ခံခဲ့ရဖူးတယ်ဆိုရင် ဒါကိုသာ ကာကွယ်နိုင်မယ်ဆို ရွှေထက် တန်ဖိုးရှိပြီး အဖိုးမဖြတ်နိုင်တဲ့ ကာကွယ်ဆေးပါပဲ။ ဒါမျိုးက ကိုယ်တိုင်ကြုံဖူးမှပဲ လန့်ကြမှာပါ။

အခုလောက်ဆို လက်ရှိခေတ်စားနေတဲ့ သွေးလွန်တုပ်ကွေးဆေးအကြောင်း အကြမ်းဖျင်းသိရှိနားလည်ပြီလို့ ယူဆပါတယ်။
တခြားသော ကာကွယ်နည်းများအနေနဲ့

🦟 ခြင်မပေါက်အောင်

- ဖုံး (ရေသိုလှောင်နေရာတွေ အဖုံးဖုံးပါ)
- သွန် (မလိုတဲ့ ရေသွန်ပါ)
- လဲ (ပန်းအိုး၊ ရေကန် အမြဲလဲလှယ်ပါ)
- စစ် (လှောင်ထားတဲ့ရေကို စစ်ပြီး သုံးပါ)
- လှဲ (ရေမဝပ်အောင် သေချာလှဲကျင်းပါ)
- မြှုပ် (အမှိုက်များ ကျွင်းတူးမြှုပ်နှံပါ)
- လောင်း (ပိုးလောက်လန်းပေါက်လျှင် ဒီဇယ်လောင်းပါ)
- ခပ် (ပိုးလောက်လန်းသေဆေး Abate အဘိတ် ခပ်ပါ)
- ရှင်း (တာယာစုတ်၊ ခြုံ၊ မြက်များ ရှင်းလင်းပါ)
- မှုတ် (ရပ်ရွာအလိုက် ခြင်ဆေးဖြန်းမှုတ်ပါ)

🦟 ခြင်မကိုက်အောင်

- ထောင် (နေ့ခင်းအိပ်လျှင် ခြင်ထောင်ထောင်ပါ)
- ဖွင့် (အလင်းရောင်ရအောင် တံခါးဖွင့်ပါ)
- လိမ်း (ခြင်မကိုက်ဆေး လိမ်းပေးပါ)
- ဝတ် (အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ပေးပါ)

မှတ်ချက်
======
မြန်မာနိုင်ငံမှာတော့ ဒီကာကွယ်ဆေးဟာ တွင်ကျယ်စွာ ရောက်ရှိ/ ထိုးနှံခြင်း မရှိသေးပါဘူး။
(Novel Heart Care နဲ့ ဘာရွန်ဂရက် တို့ကို ချိတ်ဆက် စုံစမ်းနိုင်တယ်လို့တော့ သိရပါတယ်)
အရေးအကြီးဆုံးအချက်က မိမိတို့ ဒေသအသီးသီးမှာ ယခုထိုးနှံနေကြတဲ့ ကာကွယ်ဆေးဟာ ရာသီတုပ်ကွေးကာကွယ်ဆေး ဖြစ်ပြီး သွေးလွန်တုပ်ကွေး ကာကွယ်ဆေး (လုံးဝ) မဟုတ်ပါဘူး။
တချို့မိဘတွေက သွေးလွန်တုပ်ကွေး ကာကွယ်ဆေးဆိုပြီး အမှတ်မှားနေတာကို တွေ့နေရပါတယ်။

ပူပြင်းလှတဲ့ နွေရာသီမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) နှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်း/အပူရှပ်ခြင်...
27/04/2025

ပူပြင်းလှတဲ့ နွေရာသီမှာ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း (Heat Exhaustion) နှင့် အပူဒဏ်ကြောင့် သတိလစ်ခြင်း/အပူရှပ်ခြင်း (Heat Stroke) အကြောင်း အားလုံးသတိပြု ဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ပါတယ်🤩🤩🤩

အပူလွန်နွမ်းနယ်ခြင်းနှင့် အပူရှပ်ခြင်း 🥵🥵🥵
--------------------------------------------
ယခု မြန်မာနိုင်ငံရဲ့အပူချိန်ဟာ 40'C ကျော်လာပါပြီ။ အပူချိန်လွန်ကဲ လာသည်နှင့်အမျှ အပူကြောင့် နွမ်းနယ်ခြင်း နှင့် အပူလေဖြတ်ခြင်းများ တွေ့လာရပါတော့သည်။ထို့ကြောင့် ယခုအခါမှာတော့ အပူလွန်ကဲခြင်းကြောင့် ဖြစ်လာရသော ရောဂါများကို ရေးသားဖော်ပြလိုက်ပါတော့သည်။

အပူလွန်ကဲခြင်းကြောင့် ဖြစ်ပွားသောရောဂါများမှာ အပူလွန်ရျ်ပင်ပန်းနွမ်းနယ်ခြင်း(Heat exhaustion) နှင့် အပူရှပ်ခြင်း( Heat Stroke)တို့ပင်ဖြစ်ပါသည်။

Heat exhaustion အပူလွန်နွမ်းနယ်ခြင်း ဆိုသည်မှာ အလွယ်ပြောရရင်တော့ဖြင့် ခန္ဓာကိုယ်အပူချိန်မြင့်တက်လာခြင်းနှင့် ရေဓာတ်ဆုံးရှုံးခြင်းတို့ကြောင့်ပင်ဖြစ်ပါသည်။ယခုလို အပူလွန်ကဲသော နွေရာသီတွင် အဖြစ်များပေသည်။ အပူလွန်နွမ်းနယ်ခြင်းကိုကုသရပါမည်လော။ ကုသရပါမည်။ မကုသပါက အပူလေဖြတ်ခြင်းဖြစ်လာနိုင်ပါသည်။ ထိုမှတဆင့် အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်ပါသည်။

အပူလွန်နွမ်းနယ်ခြင်းဖြစ်ပါက အောက်ပါလက္ခဏာများ ခံစားရနိုင်ပါသည်။ စိတ်ရှုပ်ထွေးခြင်း ၊ ဆီအရောင်ရင့်ခြင်း(အညိုရောင် ဖြစ်ပါက ရေဓာတ်ဆုံးရှုံးသည့်လက္ခဏာဖြစ်သည်)၊ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားကိုက်ခဲခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျောခြင်း၊ အသားရေဖျော့တော့ခြင်းနှင့်ချွေးထွက်များခြင်းများ ခံစားရပေလိမ့်မည်ဖြစ်သည်။

ဘယ်လိုကုသကြမလဲ?
- အဓိကကတော့ နေပူထဲမထွက်ဖို့ဖြစ်ပေသည်။ အိမ်ထဲအပူသက်သာသောနေရာများတွင်နေထိုင်ခြင်းက အကောင်းဆုံးဖြစ်ပေသည်။ လေအေးပေးစက်ခံခြင်းကလည်း ထိရောက်သော ကာကွယ်ခြင်းပေဖြစ်သည်။
- ရေများများသောက်ခြင်းကလည်း ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်သည်။ ထို့အပြင် ရေဓာတ်ဖြည့် အချိုရည်များသောက်သုံးနိုင်ပါသည်။ ဆားဓာတ်ဆုံးရှုံးခြင်းကိုကာကွယ်ပေးပါသည်။ သို့သော် ကဖိန်းဓာတ်ပါဝင်သော ကော်ဖီနှင့် အရက်သောက်သုံးခြင်းကိုမူ လုံးဝရှောင်ရှားသင့်ပါသည်။
- ချောင်ချိသောအဝတ်အစားများဝတ်ဆင်ခြင်း၊ အရောင်ဖျော့သောအဝတ်အစားများဝတ်ဆင်ခြင်းကလဲ အပူဒဏ်ကိုလျော့ချပေးနိုင်ပါသည်။ အပူလွန်ကဲလာပါက ရေအေးချိုးခြင်း၊ စိမ်ခြင်းနှင့် ရေပတ်တိုက်ခြင်းကိုပြုလုပ်နိုင်ပါသည်။
- အပူကိုလျော့ချရန် ပန်ကာလေခံခြင်း၊ လေအေးပေးစက်ခံခြင်းများကလဲသင့်တော်ပေသည်။ သို့သော် နေပူထဲမှ ပြန်လာစတွင် ရေချိုးခြင်း လေအေးပေးစက်ခံခြင်းများ ချက်ခြင်းပြုလုပ်ခြင်းမှ ရှောင်ရှားသင့်ပေသည်။

အထက်ပါကုသကာကွယ်နည်များဖြင့် ကုသပေးသော်လည်း ၁၅မိနစ် အတွင်းပြန်လည်မသက်သာလာပါက ဆေးရုံးဆေးခန်းသို့ ပြသရပေမည်။ အပူလွန်လေဖြတ်ခြင်းသည် အရေးပေါ်အခြေအနေဖြစ်သည်။ အပူလွန်နွမ်းနယ်ခြင်းမှ ပြန်လည်သက်သာလာသောလူများသည် နောက်ပိုင်းတွင်လည်း သာမန်လူများထက်ပိုရျ် ခန္ဓာကိုယ်အပူချိန်မြင့်မားခြင်း၊ နွမ်းနယ်ခြင်းများပိုမိုဖြစ်တတ်ပါသည်။

ရှောင်ရှားရန်အချက်များမှာ -
- ပူပြင်းသောရာသီတွင် အပြင်ထွက်ခြင်း၊ နေပူခံခြင်း
- အပြင်းအထန်လေ့ကျင့်ခန်းလုပ်ခြင်းများရှောင်ရှားသင့်ပါသည်။
အပူလွန်နွမ်းနယ်ခြင်းဖြစ်နိုင်ချေများသောအခြေအနေများမှာအောက်ပါအတိုင်းဖြစ်သည်။
- လူနေထူထပ်သောမြို့ပြများ
- အသက် ၄နှစ်အောက် ကလေးငယ်များနှင့် အသက်၆၅နှစ်အထက် သက်ကြီးရွယ်အိုများ
- နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ အဝလွန်ရောဂါ၊ သွေးတိုးရောဂါ၊ဆီးချိုရောဂါ၊ အရက်သမားများနှင့် ဖျားစေနိုင်သောအခြေအနေများ
- ဆီးဆေး၊ အိပ်ဆေး၊နှလုံးသွေးတိုးကျဆေး နှင့်ဘစိတ်ရောဂါဆေးများသောက်သုံးနေရသူများ

သတိချပ်ရန်မှာ ဆီးချိုရောဂါသည်များသည် အပူဒဏ်ကို အများအားဖြင့်လျော့တွက်ကြသဖြင့် အရေးပေါ်ဖြစ်ခြင်း၊ ဆေးရုံရောက်ခြင်းနှင့် သေဆုံးနှုန်းမြင့်မားကြပါသည်။

အပူချိန်မြင့်မားနေတဲ့ရာသီမှာ အပြင်မထွက်ဘဲ အိမ်ထဲမှာနေခြင်းက အကောင်းဆုံးပါပဲ။ အကယ်ရျ်များ မဖြစ်မနေအပြင်ထွက်ရမယ့်အခါမှာ ဒါတွေလုပ်သွားသင့်ပါတယ်။
- ပေါ့ပါးချောင်ချိပြီး အရောင်ဖျော့တဲ့အဝတ်အစားများဝတ်ဆင်သွားပါ။
- ဦးထုတ်၊ ထီးစတဲ့ အကာအကွယ်များယူဆောင်သွားပါ။
- SPF 30နှင့် အထက်ပါသော နေရောင်ကာ creamများလိမ်းသွားပါ။
- ရေဓာတ်ဆုံးရှုံးခြင်းမှကာကွယ်ရန် ရေ ၊ ဓာတ်ဆားများ ပိုမိုသောက်ပါ။
- ကော်ဖီ၊ အရက်သောက်ခြင်းမှရှောင်ပါ။
- အတက်ရောဂါ၊ နှလုံး၊ကျောက်ကပ်၊ အသည်းရောဂါများစတဲ့ ရေသောက်သုံးခြင်းကန့်သတ်သောရောဂါများကိုတော့ ဆရာဝန်နှင့်ပြန်လည်ပြသပြ်ီိးမှ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပါ။
ထို့သို့မလိုက်နာပါက အပူရှပ်ခြင်း Heat Stroke ဖြစ်လာနိုင်ပါသည်။

Heat Stroke ဆိုသည်မှာ အပူချိန် 40'C သို့မဟုတ် 104'F နှင့်အထက်တွင်တွေ့ရသော အပူလွန်ခြင်းဖြစ်ပေသည်။ လက္ခဏာများမှာ-
- သတိလစ်ခြင်း၊ တက်ခြင်း
- ခေါင်းကိုက်ခြင်း
- ချွေးလုံးဝမထွက်တော့ပဲ အရေပြားခြောက်သွေ့ခြင်း
- ပူရျ် နီရဲသောအရေပြားဖြစ်ခြင်း
- ပျို့အန်ခြင်း
- နှလုံးခုန်မြန်ခြင်းများဖြစ်ပါသည်။

ထို့သို့ဖြစ်ပါက ဆေးရုံသို့အမြန်သွားရပေမည်။ အသက်သေအထိပြင်းထန်သော်လည်း ကုသနည်းမှာ အပူချိန်ကျစေရန် အအေးခံခြင်းပဲဖြစ်ပါသည်။ စောင့်ကြည့်ကုသပြီး အအေးခံခြင်းသည်အကောင်းဆုံးသောကုသသောနည်းပဲဖြစ်ပါသည်။ ထို့ကြောင့် ပူပြင်းသောနွေရာသီတွင် အပူဒဏ်ရှောင်ရှားရင်း ကျန်းမာရေးကိုဂရုစိုက်ကြပါဟု တိုက်တွန်းမှားကြားအပ်ပါသည်။

***🙏 မူရင်းရေးသားသူအား လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်ရှင် 🙏

#ရွှေပါရမီအထူးကုဆေးခန်း

#အပူဒဏ်
#အနီးစခန်း

မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်ဖို့အတွက် 💉Influvac Tetra 💉ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးလို့ရပါပြီရှင...
25/04/2025

မိုးရာသီမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေးကို ကြိုတင်ကာကွယ်ဖို့အတွက် 💉Influvac Tetra 💉ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးလို့ရပါပြီရှင့်🙏🙏🙏

🥰💉 Influvac Tetra 💉ရာသီတုပ်ကွေးကာကွယ်ဆေးထိုးထားခြင်းအားဖြင့် Seasonal Flu Strain 4မျိုးဖြစ်တဲ့
A/H1N1 , A/H3N2 , B/Victoria , B/Yamagata အစရှိတဲ့ ရာသီတုပ်ကွေး 4မျိုးကို ကာကွယ်နိုင်ပါတယ်ရှင့် 🙏🥰

ဘယ်အသက်အရွယ်ကနေစပြီးကာကွယ်ဆေးထိုးထားလို့ရပြီလဲ

💉ကလေးအသက် ၆လ အထက်မှစ၍ စတင် ထိုးနှံ လို့ ရပါပြီ ။ ကလေး အသက်၉နှစ် အောက် ကလေးတွေ မှာဆိုရင်တော့ ၁ လ ခြားပြီး နှစ်ကြိမ် ထိုးနှံသင့်ပါတယ်။ ကလေး အသက် ၉နှစ်အထက်ဆိုရင်တော့ တစ်ကြိမ်ထိုးထားရုံနဲ့ ကာကွယ် နိုင်မှာဖြစ်ပါတယ်။

💉ကာကွယ်ဆေးထိုးပြီးရင် ဘယ်နှလ လောက်ကာကွယ်နိုင်ပါသလဲဆိုရင်

💉ကာကွယ်ဆေးထိုးပြီး ၂ပတ်ကနေ ၃ပတ်အတွင်း ဆေး အာနိသင် စပြပြီး တစ်ကြိမ်ထိုးပြီးတာနဲ့ ၆လကနေ ၁နှစ်အထိ ကာကွယ်နိုင်ပါတယ်💉

☎️ကာကွယ်‌ဆေးထိုးလိုသူများအနေဖြင့် Cb တွင်လာရောက်မေးမြန်းနိုင်သလို

09757314038
09965618069
09676005597 သို့ ဆက်သွယ်မေးမြန်းပြီး ကြိုတင်စာရင်းပေးနိုင်ပါတယ်ရှင့်

ကာကွယ်ဆေးရဲ့ အသက်က cold chain ဖြစ်တာမို့
မီးပျက်တာ များတဲ့ အနီးစခန်းဆေးခန်းမှာ အမြဲအရန်သင့်ထားလို့မရတာကြောင့် ကြိုတင်ချိန်းဆိုပေးပါရှင့်

#ရွှေပါရမီ #ရွှေပါရမီအထူးကုဆေးခန်း #အနီးစခန်း

#ရာသီတုပ်ကွေးကာကွယ်ဆေး

Address

No (178), Railway Station Road, Anesakhan
Maymyo
05085

Telephone

+959965618069

Website

Alerts

Be the first to know and let us send you an email when ရွှေပါရမီ ၂၄နာရီ အထူးကု ဆေးခန်းနှင့် ရောဂါရှာဖွေရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram