Shwe Yamin Nurse aid and pharmacist aid Training school

Shwe Yamin Nurse aid and pharmacist aid Training school Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Yamin Nurse aid and pharmacist aid Training school, Home Health Care Service, အနော်ရထာလမ်းမ ရပ်ကွက်ကြီး(19) ပြင်ဦးလွင်မြို့, Maymyo.

‼️ ဒီရက်ထဲ ရှောင်တခင် အသည်းရောင်အသားဝါ A ရောဂါခံစားနေရတယ်ဆိုတဲ့ ပို့စ်တွေ တွေ့မိလို့ ဒီစာလေးကို ရေးပေးလိုက်ရပါတယ်။ဒီရောဂ...
27/02/2025

‼️ ဒီရက်ထဲ ရှောင်တခင် အသည်းရောင်အသားဝါ A ရောဂါခံစားနေရတယ်ဆိုတဲ့ ပို့စ်တွေ တွေ့မိလို့ ဒီစာလေးကို ရေးပေးလိုက်ရပါတယ်။

ဒီရောဂါက အစာမသန့်တာ၊ ရေမသန့်တာကနေ ကူးစက်တတ်ပြီး အသားဝါတာ၊ ပျို့အန်တာ၊ ပင်ပန်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ပုံမှန်လူတွေမှာ စိတ်ပူစရာမလိုဘူး။ ဒီရောဂါက အနားယူလိုက်ရင် သူ့အလိုလို ပျောက်တတ်တဲ့ သဘောရှိပြီး ရေရှည်မှာ ဆိုးကျိုးမရှိပါဘူး။ နာတာရှည်ရောဂါတခုခု အခံရှိသူတွေ၊ နဂိုအသည်းမကောင်းသူတွေတော့ မဖြစ်မနေ အထူးကုနဲ့ပြကြပါ။

ဆေးရုံဆေးခန်း သွားနိုင်ရင် သွားကြပါ။ ဆေးရုံတက်ဖို့ မဖြစ်မနေ မလိုပေမဲ့ ပြနိုင်ရင် ပြသင့်ပါတယ်။

ဘာတွေသိထားရမလဲ ဆိုတာကို အချက်လေးတွေ စုပြီး ပြောပြပေးပါမယ်။

1️⃣ Hepatitis A ဆိုတာ ဘာလဲ?

Hepatitis A က ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်တဲ့ အသည်းရောင်ရောဂါပါ။ ဒါပေမယ့် Hepatitis B တို့ C တို့လို ရေရှည်မဖြစ်ပါဘူး။ တစ်ခါဖြစ်ပြီးရင် ခန္ဓာကိုယ်က ကိုယ်ခံအားရလာပြီး နောက်ထပ် ထပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် တစ်ခါဖြစ်ဖူးရင် ကာကွယ်ဆေးထိုးဖူးသလို စိတ်ချလို့ရပါတယ်။

2️⃣ ဘယ်အချိန်တွေ ကူးတတ်လဲ? ဘယ်အချိန်မှ မကူးတော့ဘူးလဲ?

Hepatitis A က လူနာဆီကနေ တခြားသူတွေကို ကူးတာက လက္ခဏာမပြခင် ၁-၂ ပတ်လောက်ကတည်းက စတတ်ပါတယ်။ အသားဝါတာ၊ ဖျားတာလို လက္ခဏာတွေ စပြီဆိုရင် အဲဒီအချိန်မှာ ကူးစက်နိုင်စွမ်း အမြင့်ဆုံးပါ။

ဒါပေမယ့် အသားဝါတာ စပြီး ၁ ပတ်-၁၀ ရက်လောက် ကြာသွားရင် ဗိုင်းရပ်စ်က အညစ်အကြေးထဲ မထွက်တော့တာမို့ လူနာဆီက မကူးနိုင်တော့ပါဘူး။ ဒါကြောင့် ရောဂါစစဖြစ်ကာစ ရက်ပိုင်းက အထူးဂရုစိုက်ရမယ့် အချိန်ပါ။

3️⃣ ဘယ်လိုကုသမလဲ?

Supportive Care က အဓိကပါ။ ဒီရောဂါကို ဗိုင်းရပ်စ်သတ်ဆေး (antiviral) တွေ မသုံးပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်ခံအားက ဒီဗိုင်းရပ်စ်ကို သူ့ဘာသာ ရှင်းပေးနိုင်လို့ပါ။ ကျွန်တော်တို့ လုပ်ရမှာက လူနာ သက်သောင့်သက်သာဖြစ်အောင် စောင့်ရှောက်ပေးတာပါ။

💧 ရေဓာတ်ဖြည့်ပါ - ပျို့အန်ရင် ရေများများသောက်၊ လိုအပ်ရင် IV fluids ပေးပါ။
😴 အနားယူပါ - အသည်းကို ပင်ပန်းမှု မဖြစ်အောင် အေးဆေးနားပါ။
🍲 အစာချေလွယ်အောင် စားပါ - အဆီများတာ၊ အရက်တွေ ရှောင်ပြီး ပေါ့ပေါ့ပါးပါး စားပါ။ ကစီဓာတ်များများ စားပေးပါ။ သွေးတွင်းသကြားဓာတ်ပြုတ်ကျတတ်သူတွေ အချိုရည်၊ သကြားရည်၊ ဂလူးကို့စ်အရည် သောက်ပေးပါ။ အသည်းရောင်နေရင် အချိုဓာတ်ပိုကျတတ်လို့ပါ။
💊 ဝေဒနာသက်သာဆေး - ပျို့အန်ရင် Ondansetron, နာကျင်ရင်/ ခေါင်းကိုက်ရင် Paracetamol (နေ့တစ်နေ့ 2-3 ဂရမ်ထက် မပိုရ)၊ Vitamin B complex လည်း အာဟာရဖြည့်ဖို့ သုံးလို့ရပါတယ်။

4️⃣ အသားဝါတာကို ဘယ်လိုထိန်းမလဲ?

အသားဝါတာက အသည်းက bilirubin ကို မထိန်းနိုင်လို့ပါ။ ဒါက တဖြည်းဖြည်း သက်သာလာမှာမို့ စိတ်ပူစရာမလိုပါဘူး။ အရက်ရှောင်၊ အနားယူရင် လုံလောက်ပါတယ်။

5️⃣ အိမ်သားတွေ မကူးအောင် ဘယ်လိုလုပ်မလဲ?

လူနာဆီက ကူးတာက အညစ်အကြေးကနေ ပါးစပ်ထဲဝင်တာမို့ အိမ်သားတွေ ဂရုစိုက်ရမှာက -

🧼 လက်ကို မကြာခဏ ဆေးပါ - ဆပ်ပြာနဲ့ သေချာဆေးပါ၊ အထူးသဖြင့် အိမ်သာသုံးပြီး၊ အစာစားခင်မှာ။
🚽 အိမ်သာခွဲသုံးပါ - လူနာသုံးတဲ့ အိမ်သာကို ခွဲထားပြီး သန့်ရှင်းအောင် ထားပါ။
🍽️ ပန်းကန်၊ ဇွန်းခွဲပါ - လူနာနဲ့ တွဲမသုံးပါနဲ့၊ သုံးပြီးရင် ဆပ်ပြာနဲ့ သေချာဆေးပါ။
🧴 သန့်ရှင်းရေး ဂရုစိုက်ပါ - လူနာထိတဲ့ မျက်နှာပြင်တွေကို ပိုးသတ်ဆေးနဲ့ သုတ်ပါ။

ဒီလိုလုပ်ရင် အိမ်သားတွေ ကူးစက်မှာ မပူရတော့ပါဘူး။

6️⃣ ကာကွယ်ဆေး ပြေးထိုးရင် မီဦးမလား?

အိမ်သားတွေထဲ မဖြစ်ရသေးသူတွေက Hepatitis A ကာကွယ်ဆေး ထိုးလို့ရပါတယ်။ လူနာနဲ့ ထိတွေ့ပြီး ၂ ပတ်အတွင်း ထိုးမယ်ဆိုရင် ကူးစက်မှုကို တားနိုင်ဖို့ အခွင့်အလမ်း အများကြီးရှိပါတယ် (post-exposure prophylaxis)။ ဒါကြောင့် ရောဂါစဖြစ်တာနဲ့ မိသားစုဝင်တွေ ဆေးခန်းပြေး၊ ကာကွယ်ဆေး ထိုးထားတာ အကောင်းဆုံးပါ။ ကလေးငယ် ဒါမှမဟုတ် ကိုယ်ခံအားနည်းသူဆိုရင် immunoglobulin ထိုးတာလည်း ထည့်စဉ်းစားလို့ရပါတယ်။

7️⃣ အသည်းအားဆေး သောက်ရင်ရော?

အသည်းအားဆေးတွေနဲ့ Milk Thistle လို အာဟာရဖြည့်စွက်စာတွေက လက္ခဏာတချို့ သက်သာအောင် အနည်းငယ် ကူညီနိုင်ပါတယ်။ မဖြစ်မနေ သောက်စရာမလိုပေမဲ့ သောက်နိုင်ရင် သောက်ကြပါ။ အဓိကက အပေါ်မှာ ဖော်ပြခဲ့တဲ့ supportive care ပါပဲ။

8️⃣ စိတ်မပူပါနဲ့၊ ဒါက စိုးရိမ်စရာမဟုတ်ပါဘူး

Hepatitis A က ရက်သတ္တပတ် အနည်းငယ်ကနေ လအနည်းငယ်အတွင်း သူ့အလိုလို ပျောက်သွားတတ်ပါတယ်။ အသည်းကို ရေရှည် မထိခိုက်စေပါဘူး။ ရှားရှားပါးပါး ပြင်းထန်တဲ့ အခြေအနေ (fulminant hepatitis) ဖြစ်ရင်တော့ ဆေးရုံမှာ ကုသဖို့လိုနိုင်ပေမယ့် ဒါက

26/02/2025

Elderly case ပါ 1month ပါပဲ
နေစားငြိမ်း 650000
ခန္ဓာကိုယ် ပြည့်သောဆရာ ဆရာမ ဆို အဆင်ပြေပါတယ် အဖိုးက ဝိတ်များလို့ပါ..
ရန်ကုန် အတွက်ပါ
Cv အပြည့်အစုံတင်ပေးပါ..
ph.. 09421174540 တိုက်ရိုက်
ဆရာမ လေးက ကရင် ခရစ်ယာန် ဖြစ်ရင်ပိုကောင်းပါတယ်နော်

ps.. အလုပ်ကို စိတ်ဝင်စားပီး လုပ်ကိုင်ချင်စိတ်ရှိမှ လျှောက်ပါ.. အပျော်သဘော မလုပ်ပါနှင့် 📣
ကျောင်းဘက်မှ အလုပ််ရှာပေးတာဖြစ်လို့ ကျောင်းနာမည်မပျက်ချင်တာပါ 🙏

26/02/2025

Home case လေးပါ..
Elderly case ပါ 1month တည်းပါ
Elderly experience ရှိသူ
Day only 20000
ဆိုက်ကယ်ခ ပေးမည်...
ရန်ကုန်မဟာစည် ရွှေနှင်းဆီလမ်း
Cv form အပြည့်အစုံတင်ပေးပါ
ph.. 09421174540 တိုက်ရိုက်

ps.. အလုပ်ကို စိတ်ဝင်စားပီး လုပ်ကိုင်ချင်စိတ်ရှိမှ လျှောက်ပါ.. အပျော်သဘော မလုပ်ပါနှင့် 📣
ကျောင်းဘက်မှ အလုပ််ရှာပေးတာဖြစ်လို့ ကျောင်းနာမည်မပျက်ချင်တာပါ 🙏

သင်တန်းလေးကို သုံးလ လောက် ပိတ်ထားပါမယ်သင်တန်း နဲ့ ပတ်သက်လို့ တက်ရောက်ချင်သူ များအတွက် မေလ လဆန်းလောက်ပြန်လည်ဖွင့်မည် ဖြစ်...
26/02/2025

သင်တန်းလေးကို သုံးလ လောက် ပိတ်ထားပါမယ်
သင်တန်း နဲ့ ပတ်သက်လို့ တက်ရောက်ချင်သူ များအတွက် မေလ လဆန်းလောက်ပြန်လည်ဖွင့်မည် ဖြစ်ပါသည် ။
ကျေးဇူး တင်ပါတယ် 😇
Shwe Yamin Nurse aid and pharmacist aid Training school

12/02/2025

Edit.. လူရပါပီ..

Position : Phlebotomist (​သွေးဖောက်ကျွမ်းကျင်)
Female. : post
location : ‌ ​ပုစွန်​တောင်မြို့နယ်
office time : 8:00am to 6:00pm
off day : ၁ပါတ်၊ ၁ရက်,
ပညာအရည်အချင်း : တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးသူ
salary : 300,000 to 350,000

requirement
•သင်တန်းဆင်းလက်မှတ်ရှိရမည်။
• အနည်းဆုံး‌ သွေးဖောက်ဖူးသည့် လုပ်သက် ( ၁)နှစ်ရှိရမည်။
•သင်ယူကြိုးစားလိုစိတ် အပြည့်ရှိရမည်။ •စကားပြောယဥ်ကျေးချိုသာရမည်။
•Team work နှင့် တက်ကြွစွာ လုပ်နိုင်ရပါမည်။

ဆက်သွယ်ရန် ☎
09775414048 viber
သို့ဆက်သွယ်လျှောက်ထားနိုင်ပါသည်။

12/02/2025

Edit.. လူရပါပီ...

Position : Nurse Aid (3Post)
Working Hours : 8:00 to 6:00
Off day : One week per day
Location : Pazundaung Township
Salary : 250,000

Requirements

• ဓာတ်ခွဲခန်းများ၊ ဆေးခန်းများ၊ ဆေးကုမ္ပဏီများ တွင် အတွေ့အကြုံ ရှိသူ ဦးစားပေးမည်။

• ရုပ်ရည်ပြေပြစ်၍ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး တက်ကြွစွာသင်ယူလိုစိတ်ရှိသူဖြစ်ရမည်။

•Experienced ရှိသူဦးစား​ပေးမယ်။

Job Description
• ဆရာဝန်ကြည့်မည့် လူနာများအား သွေးပေါင်ချိန် တိုင်းပေးခြင်း၊ ECG ဆွဲပေးခြင်း၊ သွေးဖောက်ပေးခြင်း၊ SOP2, PR, Temperature, Height, Weight များတိုင်းပေးခြင်း၊ ဆရာဝန် နှင့်အခန်းဝင်၍ ကူညီပေးခြင်း

• Home Service အနေဖြင့် သွေးဖောက်ပေးခြင်းများ ဆောင်ရွက်ပေးရမည်။

ဆက်သွယ် ရန် ☎09775414048 viber ကို cv အပြည့်အစုံတင်ပေးပါ

04/02/2025

Edit.. လူရပီ ...

မန်းလေး အတွက် Elderly case and Toddler child 4 yrs old case နှစ်ခုအတွက်
female nurseaid နှစ်ယောက်လိုပါတယ် 🙋တအိမ်တည်းကပဲခေါ်တာမလို့ပါ

အဖွားနှင်​့🖐 အတူ လမ်းလျှောက်ပေး/ vital sign regular ယူရမည်။ လေ့ကျင့်ခန်းလုပ်ပေးနိုင်ရမည် ။
နေစားငြိမ်း salary 4 Lk.

လေးနှစ်ကလေးလေးအတွက် ကျောင်းကြိုပို့/ ကလေးချစ်တတ်စိတ်ရှည်သောဆရာမဖြစ်ရပါမယ်
နေစားငြိမ်း salary 4 Lk.

☎ လျှောက်ထားလိုပါက 09775414048 သို့ viber (or) page cb သို​ ့ Cv form အပြည့်အစုံတင်ပေးပါရန်..

04/01/2025

Edit.. လူရပါပီ..

အလုပ်ခေါ်စာလေးပါ 🗣
ပြင်ဦးလွင် မြို့အနီးစခန်း ရှိ
ရွှေပါရမီ ဆေးခန်းတွင် Nurseaid (female)
ခုနစ်ယောက် လိုအပ်နေပါတယ် Duty time
7am to 7pm day and night
အနီးစခန်း အနီးတဝိုက်ဆိုလျှင် ပိုအဆင်ပြေသည်။
လျှောက်ထားလိုပါက ဖုန်း.. 09775414048 သို့ page cb သို့ ဆက်သွယ်နိုင်ပါတယ်

Hello hello📣🗣နှစ်သစ်မှာ သင်တန်းလေးကိုJanunary 2စ၍ ကျောင်းအပ်လက်ခံနေပါပီနော် 😇 အတန်းသစ် Batch3  ကိုစတင်ပါမယ်ရှင်😊 💚 Shwe ...
01/01/2025

Hello hello📣🗣
နှစ်သစ်မှာ သင်တန်းလေးကိုJanunary 2စ၍ ကျောင်းအပ်လက်ခံနေပါပီနော် 😇 အတန်းသစ် Batch3 ကိုစတင်ပါမယ်ရှင်😊

💚 Shwe Yamin 💚 သူနာပြုအကူနှင့်ဆေးဝါးကျွမ်းကျင် သင်တန်းကျောင်းကိုဗလီကြီးလမ်း၊ ရကက ၃ ​​​​ြ ပင်ဦးလွင် မြို့တွင်
ဖွင့်လှစ်မည် ဖြစ်ပါသည်။

ကိုယ်ပိုင်ဆေးဆိုင်ဖွင့်ချင်သူများ📗
ဆေးရုံဆေးခန်းများတွင်📗 လုပ်ကိုင်ချင်သူများ
🔺ဘိုးဘွားရိပ်သာ (aging home ) များတွင် သွားရောက်လုပ်ကိုင်ချင်သူများ
🔺Oversea သို့သွားရောက်လုပ်ကိုင်ချင်သူများ
🔺Home care အနေဖြင့် သွားရောက်လုပ်ကိုင်ချင်သူများ
စသည်တို့ကို ကျွမ်းကျင်တတ်မြောက်စွာ အရည်အချင်းရှိဆရာ ဆရာမ များနှင့် ထိရောက်စွာ သင်ကြားပေးမည်ဖြစ်ပါသည် ။

ပညာ အရည်အချင်းမှာ
( ၈ )တန်းအောင်
စ၍ တက်ရောက်နိုင်ပါသည်။

🔈နိုင်ငံခြား အလုပ်အကိုင်အနေဖြင့် 📢
ယုံကြည်စိတ်ချရသော Agency များဖြင့်
ချိတ်ဆက်ထားပါသည် 😇


သင်တန်း ​ကြေးအနေဖြင့်▫️▫️
▫️ငါးသိန်း(500000)(ဘာသာစုံ)
အရစ်ကျ နှစ်ကြိမ်သွင်းနိုင်ပါသည်။
တစ်ဘာသာချင်းတက်မည်ဆိုရင်
တစ်ဘာသာလျှင် နှစ်သိန်းငါးသောင်း(၂၅၀၀၀၀)
Subjects▫️▫️
🔹Nursing Basic foundation course
🔹Advance Nursing
🔹Pharmaco

📗 နယ်မှတက်ရောက်လိုသူများအတွက်
▫️အဆောင်နေထိုင်ခွင့် အခမဲ့ နှင့် Wi-Fi စည်စဥ်း
ပေးထားပါသည်။
လူဦးရေး အကန်သတ် ထားပါသည်။
▫️သွေးပေါင်ချိန်စက် ၊သာမိုမီတာ၊ နားကြပ်
▫️uniform တစ်စုံ
▫️Language အနေဖြင့် Chinese basic speaking နှင့် grammar and basic four skill English များသင်ကြားပေးပါမည်။

သင်တန်းကာလကြာချိန်💚 သုံးလ (၃)လ
ကလေးများအား training အနေဖြင့် ဆေးခန်းနှင့် ဘိုးဘွားရိပ်သာတွင် လက်တွေ့ဆင်းကာ အတွေ့အကြံုများ သင်ယူကာ ပြုစုရမည်ဖြစ်ပါသည်။

⬜️သင်ကြားရေးတွင် ကလေးများ နားလည်သိရှိမှု့အတွက် 100%အာမခံပါသည်။
◽️နယ်ဝေးမှ လာရောက်သော ကလေးများအတွက်
ကားဂိတ်သို့လာရောက်ကြိုပေးပါမည်။

📗 သင်တန်းကာလ ပြီးမြောက်အချိန်တွင်
အလုပ်အကိုင်းများ ရရှိအောင်ဆောင်ရွက်ပေးမည်။

🔶သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်သိလိုပါက ph : 09775414048(founder) နှင့် 09980922358 (Office)သို့ မနက် ရှစ်နာရီမှ ညနေခြောက်နာရီအတွင်း စုံစမ်းနိုင်ပါသည်။

နှစ်သစ်ဆုတောင်း 🍀🍀ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ🍀အပူအပင်ကင်းကင်းအိပ်စက်ပ...
01/01/2025

နှစ်သစ်ဆုတောင်း 🍀

🍀ငြိမ်းချမ်းသောအရပ်မှာနေထိုင်ခွင့်ရ၍

ပိုကောင်းတဲ့အနာဂတ်ကိုသာပိုင်ဆိုင်ခွင့်ရပါစေ

🍀အပူအပင်ကင်းကင်းအိပ်စက်ပြီး အေးချမ်းစွာနိုးထနိုင်ပါစေ

🍀ရင်တွင်းတေးသံကြည်လင်၍ အမုန်းတရားများလည်းကင်းပါစေ

🍀ရရှိသောမေတ္တာချိုမြိန်၍ စိတ်နေမြင့်သူနဲ့သာ ဆုံတွေ့ပါစေ

🍀ထပ်တူမျှတဲ့ချစ်ခြင်းတွေနဲ့ ချစ်သူများလည်းပျော်ရွှင်ပါစေ

🍀ပန်းကလေးများမွှေး စမ်းကလေးများအေးသလို သာယာတဲ့ဘဝကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေလို့
Shwe Yamin Nurse aid and pharmacist aid Training school မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏

20/12/2024

Edit .. ရပါပီ ..
အလုပ်ခေါ်စာလေးပါ မန်းလေးမြို့
110 47×48 လမ်းပေါ်ရှိဆေးခန်းတွင် Nurseaid female အလိုရှိပါတယ်.salary 2Lkပါ..Cv form အပြည့်အစုံနဲ့

Viber.. 09775414048 သို့ လာရောက်လျှောက်ထားနိုင်ပါတယ်

Address

အနော်ရထာလမ်းမ ရပ်ကွက်ကြီး(19) ပြင်ဦးလွင်မြို့
Maymyo

Telephone

+959775414048

Website

Alerts

Be the first to know and let us send you an email when Shwe Yamin Nurse aid and pharmacist aid Training school posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram