Healthy and Beauty By Ma Thet

Healthy and Beauty By Ma Thet မသက်-ကျန်းမာရေးနှင့်အလှအပ

09/05/2026

ISSE  skincare တဆက်မကုန်သေးဘူး  တင်းတိတ်တွေပါးသွားလို့တဲ့ 😱 မလေးရှားက ညီမလေးက ဆက်သုံးရမှာလား မမ ဆိုပြီး လာမေးနေလို့ ISSE...
09/05/2026

ISSE skincare တဆက်မကုန်သေးဘူး
တင်းတိတ်တွေပါးသွားလို့တဲ့ 😱

မလေးရှားက ညီမလေးက ဆက်သုံးရမှာလား မမ ဆိုပြီး လာမေးနေလို့

ISSE နေ့လိမ်းနဲ့ ညလိမ်းက Skincareမို့ အမြဲသုံးလို့ရပါတယ်ရှင်

မသက်ဆို သုံးဆက်တောင်ကုန်ပြီ
🥰🥰🥰
မျက်နှာကို ရေဓာက်ဖြည့်ပေးပြီး
တင်းတိတ်၊အမဲစက်၊ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်ကို သက်သာပျောက်ကင်းစေပါတယ်ရှင်



သွေးဆုံးတာဟာ ပြီးဆုံးခြင်း မဟုတ်... အမျိုးသမီးရဲ့ "ဒုတိယအကြိမ် နုပျိုမှု" ဖြစ်တယ်။လူအများက "သွေးဆုံးပြီ" ဆိုတာကို ကြားတာ...
09/05/2026

သွေးဆုံးတာဟာ ပြီးဆုံးခြင်း မဟုတ်... အမျိုးသမီးရဲ့ "ဒုတိယအကြိမ် နုပျိုမှု" ဖြစ်တယ်။

လူအများက "သွေးဆုံးပြီ" ဆိုတာကို ကြားတာနဲ့ သွားပြီ၊ အိုပြီလို့ ထင်ကြတယ်။ ပြောရမှာ ရှက်စရာကောင်းတယ်လို့တောင် ထင်ကြတယ်။

တကယ်တော့ ဒါဟာ ခန္ဓာကိုယ်ရဲ့ "စနစ် အဆင့်မြှင့်တင်မှု" လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်တယ်။

ဆေးဘက်ဆိုင်ရာ သုတေသနပြုချက်အရ သွေးဆုံးတာဟာ အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

သွေးဆုံးတာ တဖြည်းဖြည်း ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က ကိုယ့်ကို "တခြားသူကို စိတ်ပူတာ၊ ဂရုစိုက်တာကို ရပ်တန့်ပြီး ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်ဖို့ အချိန်ရောက်ပါပြီ" လို့ တိုက်ရိုက် သတိပေးနေတာဖြစ်တယ်။

✨ "ရှင်းမပြနိုင်တဲ့" ဒီလက္ခဏာတွေက ကိုယ့်တစ်ယောက်တည်း ဖြစ်တတ်တဲ့ ထူးဆန်းတဲ့ လက္ခဏာတွေ မဟုတ်ပါဘူး။

ခန္ဓာကိုယ် အပူချိန်တက်မယ်၊ ချွေးထွက်မယ်။

ရှေ့တစ်စက္ကန့်မှာ ကောင်းနေပြီး နောက်တစ်စက္ကန့်မှာ အပူလှိုင်းတစ်ခု ရိုက်ခတ်သွားသလို ချွေးတွေ အရမ်းထွက်နေလား။ ဒါဟာ ခန္ဓာကိုယ်က အပူချိန်ထိန်းညှိမှုကို ပြန်လည်ချိန်ညှိနေတာပါ။

✨ ဦးနှောက်က မှုန်ဝါးပြီး ဟိုမေ့ ဒီမေ့ဖြစ်မယ်။

ဦးနှောက်က ရုတ်တရက် လှည့်မရဖြစ်ပြီး အခုပဲ ပြောလိုက်တဲ့စကားကို မေ့သွားလား။

ဒါဟာ ကိုယ်ထုံထိုင်းလာတာ မဟုတ်ပါဘူး။ ဟော်မုန်းတွေက ပြန်ချိတ်ဆက်နေတာပါ။

✨ အိပ်မပျော်ဘူး၊ အိပ်ရေးမဝဘူး။

မနက် ၃ နာရီမှာတောင် မျက်နှာကြက်ကို စိုက်ကြည့်နေမိတယ်။ မောပန်းနွမ်းနယ်နေပေမယ့် ဦးနှောက်က အနားမယူနိုင်ဘူးလား။

✨ စိတ်တိုလွယ်တယ်၊ စိတ်ဓာတ်ကျတယ်။

အကြောင်းပြချက်မရှိဘဲ ဒေါသထွက်တယ်။ ဒေါသထွက်ပြီး ငိုချင်လာတယ်။ ဒါဟာ ကိုယ်ရူးသွားလို့ မဟုတ်ဘူး။ ဟော်မုန်းပြောင်းလဲနေလို့ဖြစ်တယ်။

ဒါတွေကို တွေ့ကြုံခံစားနေရပြီလား...
ဒီ"စနစ်အဆင့်မြှင့်တင်မှု" နဲ့ ရင်ဆိုင်ရတဲ့အခါ ပေးလိုတဲ့ ရှင်သန်ရပ်တည်ရေး လမ်းညွှန်က ...

🍃 လေဝင်လေထွက်ကောင်းတဲ့ ချည်သား အဝတ်အထည် ဝတ်ဆင်နိုင်ပါတယ်။ ပန်ကာငယ်တစ်လုံး ဆောင်ထားနိုင်ပါတယ်။

🍃 စိတ်ခံစားမှုဆိုင်ရာ ချိန်ညှိမှု--
မိသားစုကို ပွင့်ပွင့်လင်းလင်း ပြောပြပါ... " ကျွန်မ သွေးဆုံးချိန်ရောက်နေပြီမို့ ဟော်မုန်းပြောင်းလဲမှုတွေ ဖြစ်နေတယ်။ စိတ်ခံစားမှုတွေ ထိခိုက်လွယ်နေတယ်။ နားလည်ပေးပါ။"

🍃 အိပ်မပျော်ရင် သိုးတွေပဲ ရေမနေပါနဲ့။
မအိပ်ခင် ခြေထောက်ကို ရေနွေးစိမ်ပါ။
ပျင်းစရာကောင်းတဲ့ စာအုပ်တစ်အုပ်ဖတ်ပါ။
ဖုန်းက အိပ်မပျော်ခြင်းရဲ့ အဓိကတရားခံဆိုတာ မှတ်ထားပါ။ မအိပ်ခင် နာရီဝက်အလိုကတည်းက ဖုန်းပွတ်တာကို ရပ်ပါ။

🍃 ပဲများများစားပါ၊ အပူအစပ် နည်းပါ။
ပေါ့ပါးတဲ့ အစားအစာကို ပိုစားပြီး
ပဲထုတ်ကုန်တွေကို ပိုစားပါ။
နေ့တိုင်း နာရီဝက်လမ်းလျှောက်ပါ။
စိတ်ခံစားချက်တွေ သိသိသာသာ ကြည်လာပါလိမ့်မယ်။

🍃လက်ခံခြင်းက အကောင်းဆုံးဆေးဖြစ်တယ် ( ဒါက အရေးကြီးဆုံးပါ)

သွေးဆုံးတာဟာ ကမ္ဘာပျက်တာ မဟုတ်ပါဘူး။ အသိဉာဏ်ပညာကို စုဆောင်းခဲ့ပြီးနောက် "ပြန်လည်စတင်တာ" ဖြစ်ပါတယ်။
တခြားသူ နှစ်သက်ဖို့ဆိုပြီး ဟန်ဆောင်နေဖို့ မလိုအပ်တော့သလို မိသားစုအတွက် ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းဖို့လည်း မလိုအပ်တော့ပါဘူး။

ဒီ "ကန့်သတ်ချက်" တွေက လူမှုဆက်ဆံရေးမှာတင်မက ကိုယ်နဲ့ ကိုယ့်ခန္ဓာကိုယ်အတွက်ပါ အကျုံးဝင်ပါတယ်။

ဒီလမ်းကို တစ်ယောက်တည်းလျှောက်ရင် အထီးကျန်ဆန်နိုင်ပေမယ့် ညီအစ်မတစ်စုနဲ့ အတူလျှောက်ရင် တစ်ယောက်ကိုတစ်ယောက် ဝေမျှ ပံ့ပိုးပြီး မစုံလင်မှုတွေကို အတူလက်ခံ၊ အတူတောက်ပနိုင်ပါတယ်။

ဒီ "အဆင့်မြှင့်တင်မှု" ကို လက်ရှိမှာ ဖြတ်သန်းနေတယ်ဆိုရင် ဒီအကြောင်းအရာကို အကောင်းဆုံး သူငယ်ချင်းတွေနဲ့ မျှဝေပြီး "အတူတူ ကျက်သရေရှိရှိ အိုမင်းကြရအောင်" လို့ အားပေးစကား ပြောပေးနိုင်ပါတယ်။

-- ဘာသာပြန် မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

#မူရင်းပို့စ်ပိုင်ရှင်အား crdပေးပါတယ်ခင်ဗျ🙏🙏🙏

တင်းတိတ် (Melasma) ဆိုတာ အရေပြားပေါ်မှာ အမည်းစက် ဒါမှမဟုတ် အညိုကွက်တွေ ဖြစ်ပေါ်လာတာပါ။ အဓိကအားဖြင့် ဖြစ်ပွားတဲ့ အရေပြားအ...
09/05/2026

တင်းတိတ် (Melasma) ဆိုတာ အရေပြားပေါ်မှာ အမည်းစက် ဒါမှမဟုတ် အညိုကွက်တွေ ဖြစ်ပေါ်လာတာပါ။ အဓိကအားဖြင့် ဖြစ်ပွားတဲ့ အရေပြားအလွှာ အနက်ပေါ်မူတည်ပြီး (၃) မျိုး ခွဲခြားနိုင်ပါတယ် -

၁။ အရေပြားအပေါ်ယံလွှာ တင်းတိတ် (Epidermal Melasma)
အရေပြားရဲ့ အပေါ်ဆုံးအလွှာမှာ ဖြစ်တာပါ။
အစွန်းအထင်းတွေက အညိုရောင်ရင့်ရင့် ဖြစ်ပြီး အနားသတ် ထင်ရှားပါတယ်။
ကုသရအလွယ်ဆုံး အမျိုးအစား ဖြစ်ပါတယ်။

၂။ အရေပြားအတွင်းလွှာ တင်းတိတ် (Dermal Melasma)
အရေပြားရဲ့ ပိုနက်တဲ့အလွှာ (Dermis) မှာ ဖြစ်တာပါ။
အရောင်က မီးခိုးပြာရောင် ဒါမှမဟုတ် အညိုဖျော့ဖျော့ ပုံစံရှိတတ်ပါတယ်။
အတွင်းပိုင်းမှာ ဖြစ်တဲ့အတွက် ကုသရ ပိုခက်ခဲပါတယ်။

၃။ အရောအနှော တင်းတိတ် (Mixed Melasma)
အပေါ်ယံလွှာနဲ့ အတွင်းလွှာ နှစ်ခုလုံးမှာ ရောပြီး ဖြစ်နေတာပါ။
အရောင်က အညိုရောင်ရော၊ မီးခိုးရောင်ရော ကွက်ကြား ပါနေတတ်ပါတယ်။
ဒါဟာ အဖြစ်အများဆုံး အမျိုးအစားလည်း ဖြစ်ပါတယ်။

ဘာကြောင့် ဖြစ်ရတာလဲ?
အဓိကကတော့ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှု၊ ဟော်မုန်း ပြောင်းလဲမှု (ဥပမာ- ကိုယ်ဝန်ဆောင်ချိန်၊ တားဆေးသောက်ချိန်) နဲ့ မျိုးရိုးဗီဇတို့ကြောင့် ဖြစ်တတ်ပါတယ်။

တင်းတိတ်တွေသက်သာစေဖို့ Skin care ကောင်းကောင်းရှာနေသူများအတွက် Isee ရှိပါတယ်ရှင့် 😘
#တင်းတိတ် #အမဲစက် #နေလောင်
Buy one get one promotion
တစ်စုံ 75⏺⏺⏺
⏺400460906viber

မိန်းမကိုယ်ဘာကြောင့်နံသလဲမိန်းမကိုယ်ဟာ ဘယ်လိုအမွှေးနံသာ သုံးသည်ဖြစ်စေ နံနေတာ ကြုံရနိုင်ပါတယ်။အမျိုးသမီးအချို့ဟာ သဘာဝအရကိ...
07/05/2026

မိန်းမကိုယ်ဘာကြောင့်နံသလဲ

မိန်းမကိုယ်ဟာ ဘယ်လိုအမွှေးနံသာ သုံးသည်ဖြစ်စေ နံနေတာ ကြုံရနိုင်ပါတယ်။

အမျိုးသမီးအချို့ဟာ သဘာဝအရကို အနံ့ပြင်းများ ထုတ်လွှတ်တတ်ပြီး တချို့ကတော့ ဒီလိုမဟုတ်ကြပါဘူး။ ချွေးထွက်များခြင်း၊ အကာအကွယ် မသုံးဘဲ လိင်ဆက်ဆံခြင်း စတာတွေဟာ ဒီအစိတ်အပိုင်းတွေရဲ့ အနံ့ကို ယာယီ ပြောင်းလဲစေပါတယ်။ ဒါပေမယ့် မိန်းမကိုယ်မှာ ရနံ့တစ်ခုတော့ အမြဲရှိပါတယ်။

ဒီလိုဆိုရင်တော့ မိန်းမကိုယ်ရဲ့ အနံ့ပြောင်းလဲခြင်းဟာရောဂါကြောင့်လားဆိုတာ သာမန်ပြောင်းလဲမှုလား၊ ခွဲခြားသိဖို့ လိုနေပါပြီ။

မိန်းမကိုယ်ဟာ ဘယ်အခါမှာ သတ္တုနံ့ရနိုင်သလဲ

ဓမ္မတာကာလပြီးဆုံးချိန် ဒါမှမဟုတ် သုတ်ရည်နဲ့ထိတွေ့ပြီးချိန်မှာ သတ္တုနံ့ရတတ်ပါတယ်။ နှစ်ခုစလုံးဟာ မိန်းမကိုယ်ထဲက pH ဓါတ်ကို ဘေ့စ်ဘက်ကို ပိုများစေပါတယ်။ ဒါကြောင့် အနံ့ပြောင်းခြင်း ဖြစ်ပါတယ်။ ကိစ္စ၂ခုလုံးဟာ ယာယီပဲ ဖြစ်သင့်ပါတယ်။ တကယ်လို့ အနံ့ပြောင်းတာ ကြာနေမယ်ဆိုရင်၊ ယားယံနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။

ချိုအီလွန်းသောအနံ့

ရမြဲအနံ့ထက် ပိုပြီးပြင်းရှရှရတဲ့ အကြောင်းကတော့ ချွေးအရမ်းထွက်ခြင်း၊ တင်းကြပ်တဲ့ အောက်ခံဘောင်းဘီ၊ ဓါတုဗေဒနည်းနဲ့ ထုတ်ထားတဲ့ ချည်နဲ့ ရက်လုပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ ဘောင်းဘီတွေကြပ်ပြီး လေဝင်လေထွက် မကောင်းရင် အနံ့ပိုပြင်း တတ်ပါတယ်။ အဲ့ဒီအခါ ဆပ်ပြာခပ်ပျော့ပျော့နဲ့ ဆေးပေးခြင်း၊ အောက်ခံအဝတ် မကြာခဏလဲပေးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ မကိုက်ညီမယ့် ကိစ္စတွေတော့ မလုပ်ပါနဲ့။

မိန်းမကိုယ်ဟာ ဘယ်အခါမှာ ငါးညှီနံ့ရနိုင်သလဲ

ကျန်းမာရေးသိပ်မကောင်းတဲ့အခါမျိုးမှာ ဒီအသုံးအနှုန်းနဲ့ သင့်တော်ပါတယ်။

သိပ်ပြီးဆိုးတဲ့အနံ့ဆိုရင် မိန်းမကိုယ်မှာ ဘက်တီးရီးယား ပိုးဝင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ vaginosis နဲ့ trichomoniasis ဆိုပြီး ၂မျိုး ရှိပါတယ်။ vaginosis ကတော့ မိန်းမကိုယ်တွင်းမှာ ဘက်တီးရီးယား ဟန်ချက်မညီခြင်းနဲ့ ဆက်စပ်နေပါတယ်။ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတော့မဟုတ်ပေမယ့် ဆက်ဆံဖော်အသစ်တွေ့တဲ့အခါ ပိုဖြစ်စေနိုင်ပါတယ်။

တဆေးနံ့

မှိုပိုးဝင်ခြင်းတိုင်းမှာ အနံ့မရတတ်ပါဘူး။ တခြားလက္ခဏာတွေဖြစ်တဲ့ အဖြူဆင်းခြင်း၊ ယားယံခြင်းတို့ကြုံမှ သတိထားမိတတ်ပါတယ်။ တခါတရံ ပေင်မုန့်နံလို ရတတ်ပေမယ့် မှိုနံ့ရတာမျိုးလည်း ရှိတတ်ပါတယ်။ အနံ့ရခြင်းတခုကပဲ မှိုပိုးဝင်ခြင်းကိုပြတဲ့ လက္ခဏာမဟုတ်ပါဘူး။ ဒါပေမယ့် vaginosis ရောဂါဖြစ်ခြင်း၊ မိန်းမကိုယ်ကို ယားယံစေတဲ့ တခြားရောဂါပိုးဝင်ခြင်း စတာတွေနဲ့ ခွဲခြားနိုင်ပါတယ်။

ပုပ်သောအနံ့

မိန်းမကိုယ်ကနေ ပုပ်တဲ့အနံ့ကို ရုတ်တရက် ဆိုးဆိုးရွားရွား ရလာရင် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ကျန်းမာရေးမကောင်းတဲ့ လက္ခဏာ ဖြစ်ပါတယ်။ မိန်းမကိုယ်ထဲမှာ ပြီးခဲ့တဲ့ ဓမ္မတာကိစ္စအတွက် tampon သုံးပြီး မေ့ကျန်ခြင်းလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့သားဖွားမီးယပ်ဆရာဝန်ဟာ ကြာရှည်စွာ မေ့ထားခဲ့တဲ့ tampon ကို ထုတ်ယူပေးနိုင်တာကြောင့် ချိန်းဆိုပြသဖို့ မရှက်ပါနဲ့။

မိန်းမကိုယ်အနံ့ ဖြစ်ရခြင်း အကြောင်းများ

တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်း

အမျိုးသမီးတွေမှာ ပိုမိုရှုပ်ထွေးတဲ့ အစိတ်အပိုင်းတွေရှိပြီး အမြဲဂရုစိုက်ဖို့ မလွယ်ကူပါဘူး။ မိန်းမကိုယ်အနံ့ဟာ သန့်ရှင်းရေးကိစ္စကလွဲလို့ မဖြစ်နိုင်ပါဘူး။ နေ့စဉ် ဆေးကြောဖို့ မမေ့ပါနဲ့။ အနံ့မပါတဲ့ ခပ်ပျော့ပျော့ ဆပ်ပြာကို သုံးပါ။ အိမ်သာဝင်ရင် ရှေ့ကနေနောက်ကို ဆေးကြောပါ။ ရေမချိုးဖြစ်ရင်တောင် အတွင်းခံကို နေ့စဉ်လဲပါ။

ဘက်တီးရီးယားကြောင့်ဖြစ်သော vaginosis

မိန်းမကိုယ်ထဲမှာ ဘက်တီးရီးယားတွေ ပေါက်ပွားတာများရင် ဖြစ်တတ်ပါတယ်။ အရည်ဆင်းခြင်းဟာ ဒီပြဿနာရဲ့ အဓိကလက္ခဏာ ဖြစ်ပါတယ်။ အနံ့လည်း ရတတ်ပါတယ်။ ဒီရောဂါကို မကုခင်မှာ တခြားရောဂါ အမျိုးအစားတွေ မဟုတ်ဘူးဆိုတာ သေချာစေရပါမယ်။ ကုသမှုမှာ မိန်းမကိုယ်လိမ်းတဲ့ ဂျယ်လ်အဆီများ၊ ပဋိဇီ၀ သောက်ဆေးများ ပါဝင်ပါတယ်။

Trichomoniasis ရောဂါ

လိင်ဆက်ဆံမှုကနေ ကူးစက်တတ်တဲ့ရောဂါ ဖြစ်ပါတယ်။ ကပ်ပါးပိုးကြောင့်ဖြစ်တတ်ပြီး အမျိုးသားများရော အမျိုးသမီးများမှာပါ တွေ့နိုင်ပါတယ်။ ရောဂါဖြစ်တိုင်းမှာ လက္ခဏာ မပြတတ်ပါဘူး။ ဒါပေမယ့် မိန်းမကိုယ်က အရည်ဆင်းတာ၊ ဆီးသွားရင် အစိမ်းရောင်သမ်းပြီး အမြှုပ်တွေ ဖြစ်နေတာ၊ ဆီးသွားရင်ပူတာ၊ လိင်ဆက်ဆံစဉ် နာကျင်တာ၊ လိင်အင်္ဂါ ယားယံတာ စတာတွေ ရှိ၊မရှိ စစ်ဆေးရပါမယ်။ ရောဂါရှာဖွေခြင်းကတော့ စစ်ဆေးတဲ့နေရာမှာ ကပ်ပါးပိုး ရှိ၊မရှိ စစ်ဆေးခြင်း ဖြစ်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး ကုသပြီးချိန်မှာလည်း ပြန်ဖြစ်တတ်ပါတယ်။

မိန်းမကိုယ် မှိုပိုးဝင်ခြင်း

Candida လို့ခေါ်တဲ့ မှိုကြောင့် ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ပူခြင်း၊ ရောင်ရမ်းခြင်း၊ ယားခြင်း၊ အရည်ဆင်းခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ မိန်းမနဲ့ ယောက်ျားကြား ကူးစက်နိုင်ပါတယ်။ မှိုစွဲပျောက်စေတဲ့ဆေးတွေလိမ်းခြင်း၊ သောက်ခြင်းနဲ့ ကုသနိုင်ပါတယ်။

လိင်ဆက်ဆံခြင်းမှ ကူးစက်သော ရောဂါများ

Chlamydia နဲ့ Gonorrhea ၂မျိုးစလုံးဟာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်ပြီး မိန်းမကိုယ်မှာ အနံ့ဆိုးတွေကို ဖြစ်ပေါ်စေပါတယ်။ နောက်ပိုင်းမြှ အလွယ်တကူ ကုသနိုင်ပေမယ့် သေချာမကုသရင် ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သူတို့ဟာ ရောဂါလက္ခဏာပြတာရှိသလို မပြဘဲလည်း ဖြစ်တတ်ပါတယ်။ ဆီးသွားစဉ် နာကျင်ခြင်း၊ ပြည်လို အရည်ဆင်းခြင်း စတာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ဒီအခြေအနေ မဖြစ်အောင် လိင်မှုကိစ္စ ရှောင်ကြဉ်ခြင်း ဒါမှမဟုတ် ဆက်ဆံနေစဉ် အကာအကွယ်သုံးခြင်း စတာတွေ လိုက်နာရပါမယ်။

တင်ဆုံရိုးကွင်း အင်္ဂါများ ရောင်ရမ်းခြင်း

ဒီရောဂါဟာလည်း လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ရောဂါ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ သားအိမ်၊ မျိုးဥအိမ်၊ မျိုးဥပြွန် စတာတွေကို ထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ဖျားခြင်း၊ အရည်ဆင်းခြင်း၊ ဝမ်းဗိုက်နဲ့ ဆီးစပ်အောင့်ခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ပဋိဇီဝဆေးတွေနဲ့ ကုသနိုင်ပြီး မကုသဘဲထားလိုက်ရင် ဆိုးရွားတဲ့ ကျန်းမာရေးပြသနာ ဥပမာ-မြုံခြင်း ဖြစ်နိုင်ပါတယ်။

သားအိမ်ခေါင်းကင်ဆာ

HPV ဗိုင်းရပ်စ်ပိုးဟာ သားအိမ်ကင်ဆာ ဖြစ်ပွားစေပါတယ်။ ဒီကင်ဆာဟာ သားအိမ်အောက်ပိုင်းမှာ ဖြစ်တတ်ပါတယ်။ ပိုဆိုးလာတဲ့ သားအိမ်ခေါင်းကင်ဆာ လက္ခဏာတွေကတော့ လိင်ဆက်ဆံပြီးနောက် သွေးထွက်ခြင်း၊ အနံ့ဆိုးသော အရည်များဆင်းခြင်း၊ ဆီးစပ်နာကျင်ခြင်း စတာတွေ ဖြစ်ပါတယ်။

လိင်ဆက်ဆံဖော် အများကြီးရှိရင်၊ ငယ်ရွယ်စဉ်မှာ လိက်ဆက်ဆံရင်၊ ဆေးလိပ်သောက်ရင်၊ ကိုယ်ခံအားကျဆင်းရင်၊ တခြား လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါရှိရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွာနိုင်ခြေ များပါတယ်။ ကင်ဆာအဆင့်ပေါ် မူတည်ပြီး ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။

မိန်းမကိုယ်ကင်ဆာ

မိန်းမကိုယ်မှာ ဖြစ်တတ်ပေမယ့် ရှားပါတယ်။ စောစီးစွာသိရင် အလွယ်တကူ ကုသနိုင်ပါတယ်။ ဖြစ်ခါစမှာ လက္ခဏာ မပြတတ်ပါဘူး။ ပိုဆိုးလာတဲ့အခါ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ ဆီးသွားစဉ် နာကျင်ခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ဝမ်းချုပ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

ဒီလက္ခဏာတွေရှိရင် ဆရာဝန်ပြသသင့်ပါတယ်။ ကင်ဆာ စတင်ဖြစ်ပေါ်တဲ့နေရာကို မူတည်ပြီးတော့ မိန်းမကိုယ်ကင်ဆာကို လေးမျိုးခွဲခြားနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်တဲ့ဆေးတွေ သုံးတာများရင်၊ လိင်ဆက်ဆံဖော်များရင်၊ ဆေးလိပ်သောက်ရင် ဖြစ်နိုင်ခြေ ပိုများပါတယ်။

မိန်းမကိုယ်ကင်ဆာလို့ ရောဂါအမည်တပ်လိုက်ပြီဆိုရင် ဆရာဝန်ဟာ ခွဲစိတ်ခြင်း၊ ဓါတ်ရောင်ခြည်ပေးခြင်း၊ ကင်ဆာဆေးသွင်းခြင်း စတာတွေနဲ့ ကုသနိုင်ပါတယ်။

မိန်းမကိုယ်နှင့် အူမကြီးဆက်နေခြင်း

ပုံမှန်မဟုတ်ဘဲ မိန်းမကိုယ်နဲ့ အူမကြီးကို ဆက်တဲ့အပေါက် ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဝမ်းသွားတဲ့အခါ၊ လေလည်တဲ့အခါ မိန်းမကိုယ်ထဲကို ရောက်သွားတတ်ပါတယ်။

ဒီရောဂါဟာ ကသိကအောက်နိုင်ပြီး ဆက်ဆံရေးပျက်ယွင်းခြင်း၊ မိမိကိုယ်ကို ယုံကြည်မှုပျက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ဆရာဝန်ကို ပြသဖို့ ခက်ပေမယ့် ခွဲစိတ်ဖို့ လိုအပ်တတ်တာမို့ ပြရပါမယ်။

ဒီပြဿနာရဲ့ တခြားလက္ခဏာတွေကတော့ အနံ့ဆိုးတဲ့အရည်များ မိန်းမကိုယ်မှဆင်းခြင်း၊ မိန်းမကိုယ်နေရာမှနာခြင်း၊ မကြာခဏပြန်ဖြစ်ခြင်း၊ မိန်းမကိုယ်မှ ဝမ်းသွားခြင်း၊ လေလည်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ Crohn ရောဂါ၊ ဆီးစပ်နေရာတွင် ကင်ဆာကုသခြင်း၊ ခွဲစိတ်ခြင်း စတာတွေဟာ ဒီအနာကို ဖြစ်ပေါ်စေပါတယ်။

07/05/2026

ရေအိတ်လည်းရှိနေတယ် ကလေးလည်းယူချင်တယ်ဆိုတဲ့ အမျိုးသမီးတွေအတွက်
#ရေအိတ်တည်ခြင်း
#ကလေးရချင်သူများအတွက်
#အမျိုးသမီးကျန်းမာရေး


ဆရာဝန်ကတောင် ညွှန်းပေးတဲ့ Jolly တကယ်ကောင်းလို့ တကယ်သောက်လို့တကယ် ကလေးတွေရကြပြီနော်  🤩🤩🤩
16/03/2026

ဆရာဝန်ကတောင် ညွှန်းပေးတဲ့ Jolly

တကယ်ကောင်းလို့ တကယ်သောက်လို့
တကယ် ကလေးတွေရကြပြီနော်
🤩🤩🤩

💯မျက်နှာအသားအရည်ဖြူဝင်းချင်မှသာလိမ်းနော်💥အသားအရောင်ကိုဆယ်ဆလောက်လင်းဖြူစေတယ်❌ချွတ်ဆေးတေနဲ့အရောင်ချွတ်ခံရလို့မဟုတ်ပဲ🌱သဘာဝအ...
14/03/2026

💯မျက်နှာအသားအရည်ဖြူဝင်းချင်မှသာလိမ်းနော်
💥အသားအရောင်ကိုဆယ်ဆလောက်လင်းဖြူစေတယ်
❌ချွတ်ဆေးတေနဲ့အရောင်ချွတ်ခံရလို့မဟုတ်ပဲ
🌱သဘာဝအသီးအနှံကရတဲ့အဆီတွေနဲ့
ပြုပြင်ပေးတာမို့
💯ဘေးထွက်ဆိုးကျိုးကင်းကင်းနဲ့စိတ်ချစွာအသုံးပြုပါ

‼️ISEE whitening set ၊📢📢📢

#အာမခံတင်းတိပ်ပျောက်ဆက် ှိပီးဘေးထွက်ဆိုးကျိုးမရှိယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါတယ် #အမျိုးသမီးတိုင်းအတွက်

‼️နှစ်မျိုးတည်းနဲ့စကင်ကဲလို့ပြီးတာ💯ISEE ပဲရှိတယ်စကင်မကဲထားတဲ့မျက်နှာကတရက်နေပူမိတာနဲ့မည်းတာပါပဲအဆင့်ဆင့်လိမ်းဖို့အချိန်မပ...
14/03/2026

‼️နှစ်မျိုးတည်းနဲ့စကင်ကဲလို့ပြီးတာ
💯ISEE ပဲရှိတယ်
စကင်မကဲထားတဲ့မျက်နှာက
တရက်နေပူမိတာနဲ့မည်းတာပါပဲ
အဆင့်ဆင့်လိမ်းဖို့အချိန်မပေးနိုင်ရင်
ISEE ,သာလိမ်းပါ
သင်္ကြန်ပရိုမိုးရှင်းလည်းရှိတော့
များများသာဝယ်ထားလိုက်ပါနော်၊👌👌👌

,၊⁉️အာမခံတင်းတိပ်ပျောက်ဆက် ISEE ၊🔥🔥ကိုလိမ်းဖို့အခုထိစဉ်းစားနေတုန်းလားမမတို့ကစဉ်းစားနေတုန်း သူများကလှသွားပြီညီမလေးရဲ့ရလဒ်...
13/03/2026

,၊⁉️အာမခံတင်းတိပ်ပျောက်ဆက်
ISEE ၊🔥🔥ကိုလိမ်းဖို့အခုထိစဉ်းစားနေတုန်းလား
မမတို့ကစဉ်းစားနေတုန်း သူများကလှသွားပြီ
ညီမလေးရဲ့ရလဒ်က သုံးပတ်ပဲသုံးရသေးတဲ့ရလဒ်ပါ💯💯
#ထိုင်းနိုင်ငံဆရာဝန်ရဲ့ Formula
ထိုင်းနိုင်ငံရဲ့ # FDA ရပြီးသားပါ
၊💯သဘာဝအသီးအနှံများနဲ့ပေါင်းစပ်အခြေခံပြီး ထုတ်ထားလို့
side effect ကင်းကင်းကြည်လင်ဝင်းပနိုင်ပါပြီ

#အာမခံတင်းတိပ်ပျောက်ဆက်ISEE



Address

Ahneesakhan
Maymyo
05085

Website

Alerts

Be the first to know and let us send you an email when Healthy and Beauty By Ma Thet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share