TKS SURGICAL-Meiktila

TKS SURGICAL-Meiktila အသေးစားခွဲစိတ်မှုနှင့် ခွဲစိတ်ပြီးလူနာစောင့်ရှောက်မှုများအား နေအိမ်အရောက် ဝန်ဆောင်မှုပေးပါသည်🏡🚑

07/12/2025

အစာအိမ်အနာဖြစ်စေတဲ့ ပိုးကို
ဘယ်လိုသတ်မလဲ

27/11/2025




21/11/2025

Sun screen အမြဲသုံးဖို့လိုအပ်သလား?



17/11/2025



💊

17/11/2025

🟢 နိုဝင်ဘာ ၁၄ ရက်နေ့ဟာ World Diabetes Day (ကမ္ဘာဆီးချိုရောဂါ) နေ့ဖြစ်ပါတယ်။

🟢 ဆီးချိုရောဂါဟာ ထိန်းချုပ်ကုသခြင်းသာပြုလုပ်နိုင်ပြီး ပျောက်ကင်းအောင်ကုသလို့မရတဲ့ နာတာရှည်ရောဂါတမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုကို ထိန်းချုပ်နိုင်ခြင်းဟာ ဆီးချိုရောဂါကို ကုသတဲ့ Goal ပန်းတိုင်ပဲဖြစ်ပါတယ်။

🟢 ဒီလိုကုသရာမှာ ဆီးချိုကုသထိန်းချုပ်မှုရှိမရှိကို ပုံမှန်စစ်ဆေးရတဲ့ အပြင် ဆီးချိုကြောင့်နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်‌ရောဂါတို့အတွက်လည်း ကြိုတင်စစ်ဆေးရပါတယ်။

🟢 SML မှာတော့ ဆီးချိုနှင့်သွေးတိုးဝေဒနာရှင်များအတွက် ကျောက်ကပ်ထိခိုက်ခြင်းရှိမရှိကြိုတင်သိရှိစေရန် CKD - 17 Package ကို စစ်ဆေးနိုင်ပါပြီ။

🟢 World Diabetes Day 2025 အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ (၁၀) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ CKD - 17 Package ကို စစ်ဆေးသူတိုင်း Glucometer (U right ဆီးချိုတိုင်းစက်) (၁) လုံး + Test Strip (ဆီးချို Strip ၁၀ ခု) ကို ၁၀၀၀၀ ကျပ်တည်းနဲ့ ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။

🟢 Promotion ကာလကတော့ နိုဝင်ဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

🟢 ယခု Promotion အား SML Medical and Diagnostic Centre (ဗဟန်း) နှင့် SML Advanced Medical Laboratory (တာမွေ) တွင်သာရရှိနိုင်မည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်။

ိုဂရုစိုက်ပါတယ်

11/10/2025

Its !

Good physical health will help you look after your .

Be physically active, eat healthy and sleep well. Take care of yourself.

Caring yourself is loving your family❤️
08/10/2025

Caring yourself is loving your family❤️

မင်္ဂလာရှိသော သတင်းကျွတ်ညလေး ဖြစ်ကြပါစေ🙏🙏🙏🌕🌕🌕🙏🙏🙏ရှေ့လျောက် …ကျန်းမာချမ်းသာကြပြီး ရပ်နီးရပ်ဝေးသတင်းကောင်းများကြားရတဲ့သူတေ...
06/10/2025

မင်္ဂလာရှိသော သတင်းကျွတ်ညလေး ဖြစ်ကြပါစေ
🙏🙏🙏🌕🌕🌕🙏🙏🙏

ရှေ့လျောက် …ကျန်းမာချမ်းသာကြပြီး
ရပ်နီးရပ်ဝေးသတင်းကောင်းများကြားရတဲ့
သူတော်ကောင်းများဖြစ်ကြပါစေ

🙏🙏🙏

နှာခေါင်းတွင်း အသားပိုများ (Nasal Polyps)————————————————————-ဒီအသားပိုအများစုဟာ ကင်ဆာမဟုတ်တဲ့ အသားပိုတွေပဲ ဖြစ်ပါတယ်။ န...
26/09/2025

နှာခေါင်းတွင်း အသားပိုများ (Nasal Polyps)
————————————————————-
ဒီအသားပိုအများစုဟာ ကင်ဆာမဟုတ်တဲ့ အသားပိုတွေပဲ ဖြစ်ပါတယ်။ နှာခေါင်းလမ်းကြောင်း (nasal passages) ဒါမှမဟုတ် ဆိုင်းနပ်စ် (sinuses) ခေါ် နှာခေါင်းကိုယ်ထည်ရိုးတွင်းက လေအိပ်ခန်းလေးတွေအတွင်းမှာ မျက်နှာပြင်တွေ ရောင်ရမ်းပြီး ရုတ်တရက် ပေါ်ထွက်လာတတ်ပါတယ်။
ဒီအသားပိုတွေကြောင့် ခံတွင်းအရသာခံစားနိုင်စွမ်း ဒါမှမဟုတ် အနံ့ခံစားနိုင်စွမ်း လျော့နည်းသွားတာ၊ နှာရည်ယိုတာ၊ ခေါင်းကိုက်တာ နဲ့ ဟောက်တာတွေ ဖြစ်စေနိုင်ပါတယ်။
မကြာခဏဆိုသလိုပဲ ဒီအသားပိုတွေဟာ ရောဂါပိုးဝင်တာ (infections) တွေဖြစ်စေလောက်တဲ့အထိ ဒါမှမဟုတ် အသက်ရှူရခက်ခဲစေလောက်တဲ့အထိ ကြီးမားလာတတ်ပါတယ်။

ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှု
—————————————————-
ရောဂါလက္ခဏာတွေကို ကြည့်ပြီး ဆရာဝန်က နှာခေါင်းအသားပိုရှိနေမယ်လို့ သံသယရှိနိုင်ပါတယ်။ သေချာသိရှိနိုင်ဖို့ နှာခေါင်းမှန်ပြောင်း (nasal endoscope) လို့ခေါ်တဲ့ ကိရိယာနဲ့ နှာခေါင်းအတွင်းကို ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။
သောက်ဆေးဖြစ်ဖြစ်၊ နှာခေါင်းထဲ ပက်ဖျန်းရတဲ့ဆေးဖြစ်ဖြစ် ပေးတဲ့ ဆေးဝါးတွေက အသားပိုတွေကို ပျောက်ကင်းစေဖို့ အကူအညီဖြစ်စေနိုင်ပါတယ်။ အကယ်၍ ရောဂါပိုးဝင်တာရှိခဲ့ရင် ပဋိဇီဝဆေး (antibiotics) တွေက အထောက်အကူပြုနိုင်ပါတယ်။
အကယ်၍ ဆေးတွေနဲ့ မသက်သာရင် ဆရာဝန်က အသားပိုတွေကို ဖယ်ရှားဖို့ မှန်ပြောင်းကိရိယာ (endoscope) ကို အသုံးပြုနိုင်ပါတယ်။
သို့သော် အကယ်၍ ပြင်းထန်တဲ့ အသားပိုတွေရှိခဲ့ရင်တော့ ပိုမိုနက်ရှိုင်းတဲ့ ခွဲစိတ်မှုတစ်ခု လိုအပ်
နိုင်ပါတယ်။

MHRA က ကိုယ်ဝန်ဆောင်စဉ် paracetamol သောက်သုံးခြင်းသည် စိတ်ချရပြီး ၎င်းကြောင့် ကလေးတွင် အော်တစ်ဇင်ရောဂါဖြစ်နိုင်ကြောင်း အ...
24/09/2025

MHRA က ကိုယ်ဝန်ဆောင်စဉ် paracetamol သောက်သုံးခြင်းသည် စိတ်ချရပြီး ၎င်းကြောင့် ကလေးတွင် အော်တစ်ဇင်ရောဂါဖြစ်နိုင်ကြောင်း အထောက်အထားမရှိဟု အတည်ပြုထားသည်။
Paracetamol ကို လူနာအသုံးပြုရန်ညွှန်ကြားချက်ပါ အညွှန်းအတိုင်း သောက်သုံးသင့်သည်။

From:
Medicines and Healthcare products Regulatory Agency
Published
22 September 2025
Last updated
23 September 2025

အူမကြီးရှိ အသားပိုများ (Colon Polyps)———————————————————အဓိကအမျိုးအစား (၂) မျိုးရှိပါတယ်-(၁) Hyperplastic polyps လို့ခေါ...
23/09/2025

အူမကြီးရှိ အသားပိုများ (Colon Polyps)
———————————————————
အဓိကအမျိုးအစား (၂) မျိုးရှိပါတယ်-
(၁) Hyperplastic polyps လို့ခေါ်တဲ့ အသားပိုတွေဟာ အရွယ်အစားသေးပြီး အူမကြီးရဲ့ အောက်ဆုံးပိုင်းနားမှာ ဖြစ်ပေါ်တတ်ကာ ကင်ဆာမဖြစ်နိုင်ပါဘူး။
(၂) Adenomatous polyps လို့ခေါ်တဲ့အသားပိုတွေကတော့ လူအများစုမှာ ပိုတွေ့ရတတ်ပါတယ်။ ဒီအသားပိုတွေက အရွယ်အစားကြီးမားလာပါက ကင်ဆာဖြစ်နိုင်ခြေ ပိုများသော်လည်း ယေဘုယျအားဖြင့် နှစ်ပေါင်းများစွာ ကြာတတ်ပါတယ်။ သူတို့ထဲက အများစုကတော့ ကင်ဆာမဟုတ်တဲ့ အသားပိုတွေအဖြစ်ပဲ ရှိနေတတ်ပါတယ်။

အူမကြီးမှန်ပြောင်းဖြင့် စစ်ဆေးကုသခြင်း
Colonoscopy)
————————————————-
အူမကြီးမှန်ပြောင်းဖြင့် ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပြုလုပ်သည့်အခါ၊ ဆရာဝန်သည် သင့်စအိုမှတစ်ဆင့် အူမကြီးအတွင်းသို့ ကင်မရာသေးသေးလေးတစ်ခုကို ထည့်သွင်းပြီး ကြည့်ရှုစစ်ဆေးနိုင်ရန် ကိရိယာတစ်မျိုးကို အသုံးပြုပါတယ်။ အကယ်၍ အသားပိုတွေ့ရှိပါက ၎င်းတို့ကို ဖယ်ရှားပစ်မှာဖြစ်ပါတယ်။ ပြီးနောက် အသားပိုအစိတ်အပိုင်းအား ဓာတ်ခွဲခန်းသို့ ပို့ကာ အသားစစစ်ဆေးကြပါတယ်။ Biopsy ဟုခေါ်သော ဤလုပ်ငန်းစဉ်ဖြင့် ၎င်းအသားပိုသည် ကင်ဆာရောဂါ ဟုတ် မဟုတ်ကို သိရှိနိုင်မှာဖြစ်ပါတယ်။
ဆရာဝန်က အသားပိုများကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်လေလေ၊ ကင်ဆာရောဂါဖြစ်နိုင်ခြေနည်းလေလေပဲဖြစ်ပါတယ်။
အချိန်ဘယ်တော့ စစ်ဆေးသင့်သည် ဆိုတာကို ဆရာဝန်က အကြံပေးနိုင်သော်လည်း လူအများစုအနေနဲ့ အသက် ၅၀ ရှိလာပါက အသားပိုများရှိမရှိ စစ်ဆေးဖို့ မှန်ပြောင်းစစ်ဆေးခြင်း (Colonoscopy) ကို ပြုလုပ်သင့်ပါတယ်။

သုခစံ-မိတ္ထီလာ

ယနေ့သည်   (ကမ္ဘာ့လူနာဘေးကင်းရေးနေ့) ဖြစ်ပါတယ်။👼ကလေးတိုင်းဟာ မွေးဖွားချိန်ကတည်းက ဘေးကင်းပြီး အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေ...
17/09/2025

ယနေ့သည် (ကမ္ဘာ့လူနာဘေးကင်းရေးနေ့) ဖြစ်ပါတယ်။

👼ကလေးတိုင်းဟာ မွေးဖွားချိန်ကတည်းက ဘေးကင်းပြီး အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံစားပိုင်ခွင့်ရှိပါတယ်။

🙇‍♂️ဒါပေမဲ့ ကမ္ဘာတစ်ဝန်းက ကလေးတွေဟာ ဘေးမကင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကြောင့် အန္တရာယ်တွေခံစားနေရပါတယ်။ ကလေးတွေရဲ့ ဖွံ့ဖြိုးမှုမြန်ဆန်ခြင်း၊ ကျန်းမာရေးလိုအပ်ချက်တွေ ပြောင်းလဲနေခြင်းနဲ့ လူကြီးတွေကို မှီခိုနေရခြင်းတို့ကြောင့် သူတို့ဟာ အလွန်ထိခိုက်
လွယ်ပါတယ်။ အထူးသဖြင့် အောက်မှာဖော်ပြထားတဲ့ တစ်ဦးချင်းစီလိုအပ်ချက်တွေကို ထည့်သွင်းမစဉ်းစားထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာပေါ့—

🧸 အသက်အရွယ်
🧸 ကိုယ်အလေးချိန်
🧸 ဖွံ့ဖြိုးမှုအဆင့်
🧸 ကျန်းမာရေးလိုအပ်ချက်များ
🧸 ဆက်သွယ်ပြောဆိုနိုင်စွမ်း
🧸 ပတ်ဝန်းကျင်အခြေအနေ

⛑️ဘေးကင်းရေးဆိုင်ရာ မတော်တဆဖြစ်မှုတစ်ခုတစ်လေကတောင် ကလေးရဲ့ ကျန်းမာရေးနဲ့ ဖွံ့ဖြိုးမှုကို တစ်သက်တာထိခိုက်စေနိုင်ပါတယ်။



Address

Meiktila

Website

Alerts

Be the first to know and let us send you an email when TKS SURGICAL-Meiktila posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram