Nan Taw Pharmacy

Nan Taw Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nan Taw Pharmacy, Pharmacy / Drugstore, Kantkaw Street, Min Bu New Bazaar, Minbu.

နန်းတော် မှာ ရာသီစာလေးတွေ
13/06/2025

နန်းတော် မှာ ရာသီစာလေးတွေ

12/06/2025

သဘာဝဆိုတာဆန်းကြယ်တယ်

12/06/2025
ရေလိုအေးလို့ပန်းလိုမွှေးကြပါစေ
12/06/2025

ရေလိုအေးလို့ပန်းလိုမွှေးကြပါစေ

11/06/2025

အသားအရေနှင့် အလှအပ
အသားအရေ ထိန်းသိမ်းခြင်း

အသားဖြူချင်သူတိုင်း သိထားသင့်တဲ့ အလှအပရေးရာအကြောင်း

ဒီဘက်ခေတ်မှာ ကျား၊ မ အသက်အရွယ်မရွေး ကိုယ့်ရဲ့ အသားအရေနဲ့ အလှအပကို ပိုပြီး စိတ်ဝင်စားလာကြပါတယ်။ ပြောင်းလဲတိုးတက်လာတဲ့ နည်းပညာအရ အသားဖြူစေတဲ့၊ နုပျိုလှပစေဖို့ အလှကုန်ပစ္စည်းတွေလည်း ဈေးကွက်ထဲမှာ အပြိုင်အဆိုင် ထွက်ရှိလာကြပါတယ်။

အသားဖြူချင်သူတိုင်း သိထားသင့်တဲ့ အလှအပရေးရာအကြောင်း

အသားဖြူဖို့၊ လှဖို့အတွက် ဓာတုဗေဒပစ္စည်းတွေ ပါနေတဲ့ အသားဖြူဆေးတွေ၊ အလှကုန်ပစ္စည်းတွေကို အသုံးပြုမယ့်အစား နေ့စဉ် နေထိုင်စားသောက်ပုံနဲ့ ကိုယ့်ရဲ့ အပြုအမူလေးတွေကို ပြင်လိုက်ရင် အဆင်ပြေပါတယ်။ ဒါဆိုရင် အသားဖြူစင်လှပဖို့၊ နုပျိုကျန်းမာတဲ့ အသားအရေပိုင်ရှင်တွေ ဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးမယ်နော်။

၁။ ရေများများသောက်ပါ။ လူတစ်ယောက်ဟာ နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် အနည်းဆုံး သောက်ပေးဖို့ လိုအပ်ပါတယ်။ အားကစားလိုက်စားသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ် ပိုဆုံးရှုံးနိုင်တဲ့အတွက် ပိုပြီး သောက်ပေးဖို့ လိုအပ်ပါတယ်။

၂။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် (Sunscreen) လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို ကြမ်းတမ်းစေပြီး နဂိုမူလအသားအရောင်ကို မှိန်စေပြီး မွဲခြောက်စေတဲ့ တရားခံတွေထဲက တစ်ခုပဲ။ ဒါကြောင့် အပြင်သွားတော့မယ်ဆိုရင် နေရောင်နဲ့ ထိတွေ့နေမယ့် မျက်နှာ၊ လည်ပင်း၊ လက်တွေမှာ နေလောင်ကာခရင်မ်ကို လိမ်းပေးဖို့ မမေ့ပါနဲ့။

၃။ ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်ကို သတိရပါ။ ကျန်းမာပြီး စိုပြေကြည်လင်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ရဖို့အတွက် အစိုဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေချိုးပြီး ခြောက်အောင် သုတ်ပြီးတဲ့အခါ မျက်နှာကို အဓိကထားပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ ကိုယ်ခန္ဓာကိုလည်း lotion လိမ်းပေးပါ။

၄။ နေပူထဲ သွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်းသွားပါ။ အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ဆင်ပါ။ အသားအရေကို အေးမြစေပြီး လေဝင်လေထွက်ကောင်းစေဖို့ ချည်သားအဝတ်အထည်တွေကို ဝတ်ဆင်ပါ။ လိုအပ်ရင် နေကာမျက်မှန် တပ်ထားပါ။

၅။ ဟင်းသီးဟင်းရွက် များများစားပါ။ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကို သဘာဝအတိုင်း ဖြူစင်ဝင်းပစေတယ်။ အရေးအကြောင်းတွေ ကင်းစေပြီး တင်းရင်းစေတယ်။ ဒါကြောင့် ကျန်းမာပြီး လှပလိုသူတွေအတွက် နေ့စဉ် မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရထဲမှာ ဟင်းသီးဟင်းရွက်တွေလည်း ပါဝင်ရပါမယ်။

၆။ အသီးအနှံတွေကိုလည်း အမြဲ စားသုံးပေးပါ။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့အပြင် ဖြူစင်ဝင်းပလာစေတဲ့ ဗီတာမင် စီ ဓာတ်တွေ အများအပြားပါဝင်တဲ့ သစ်သီးဝလံတွေကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

၇။ ကိုယ်နဲ့ လိုက်ဖက်မယ့် အလှကုန်ပစ္စည်းတွေ သေချာရွေးဝယ်ပါ။ ကိုယ်က အဆီပြန်တတ်တဲ့သူလား၊ အသားအရေခြောက်တတ်လား၊ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်လားဆိုတာ သေချာသိထားမှ ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ အလှကုန်တွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ သေချာဝယ်ယူလို့ ရမှာပါ။ ဈေးကွက်ထဲမှာ ပေါ်နေတဲ့ ပစ္စည်းမှန်သမျှ လိုက်သုံးကြည့်တာထက် အရေပြားဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ အလှကုန်ပစ္စည်းတွေကို မှန်ကန်တဲ့ နည်းစနစ်နဲ့ အသုံးပြုနိုင်ရင် အကောင်းဆုံးပါပဲ။

10/06/2025

❤️♥️မင်းဘူး မြို့က ချစ်ရတဲ့ ကာကာလေးတို့ရေ မိုးရာသီရောက်လာပြီမို့ ကျန်းမာရေး အထူးဂရုစိုက်ကြပါနော် ချစ်တို့ကျန်းမာရေးအတွက် ဆေးဝါးလေးတွေလိုအပ်လာပြီဆိုရင်တော့ စျေးလမ်းထဲ မီးပွိုင့်နား က နန်းတော် ဆေးဆိုင်က တာဝန်ယူပါရစေ ♥️❤️❤️

09/06/2025

“ သိုင်းရွိုက်ဟော်မုန်းရောဂါများ ( Hypothyroidism and Hyperthyroidism ) ”

အရှေ့တစ်ပတ်က လည်ပင်းကြီးရောဂါ ( Goitre ) အကြောင်း ပြောပြပြီးပြီဆိုတော့ ခုက သိုင်းရွိုက်ဟော်မုန်းရောဂါတွေအကြောင်း ပြောပြပါမယ်။

သိုင်းရွိုက်ဂလင်းဆိုတာ ဘာလဲက ပြန်စလိုက်ရအောင် …..

သိုင်းရွိုက်ဆိုတာ လည်ပင်းရှေ့တည့်တည့် အောက်ခြေနားလောက်မှာရှိတဲ့ လိပ်ပြာပုံစံ gland ပဲ ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအားလုံး ဇီဝကမ္မဖြစ်စဉ်တွေ နေ့စဉ်ပုံမှန်လုပ်ဆောင်ဖို့အတွက် အလွန်အရေးကြီးတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများခြင်းဟာ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုတွေကို ပျက်စေပြီး ရောဂါများ ဖြစ်စေပါတယ်။

📌 HYPOTHYROIDISM

သိုင်းရွိုက်ဂလင်းက လုပ်ဆောင်မှုအားနည်းပြီး သိုင်းရွိုက်ဟော်မုန်းနည်းနည်းပဲထုတ်တဲ့အခါ Hypothyroidism ဖြစ်စေပါတယ်။ ဒီ Hypothyroidism ဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အသက်ကြီးတဲ့သူတွေမှာတော့ risk ပိုများပါတယ်။ မျိုးရိုးကြောင့် ပိုအဖြစ်များပြီး အမျိုးသမီးတွေမှာ အမျိုးသားတွေထက် သုံးဆလောက် ပိုအဖြစ်များတာကို တွေ့ရပါတယ်။

❓Hypothyroidism ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

* Hashimoto thyroiditis လို့ခေါ်တဲ့ ခုခံအားပုံမမှန်တဲ့ရောဂါ

* မျိုးရိုးလိုက်ခြင်း

* အိုင်အိုဒင်းဓာတ် ချို့တဲ့ခြင်း

* ကင်ဆာဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသခြင်း

* ကင်ဆာ၊ နှလုံးနှင့် စိတ်ရောဂါနှင့် ပတ်သက်သောဆေးများ သောက်သုံးနေရခြင်း

* သိုင်းရွိုက်ဂလင်း ခွဲစိတ်ထားခြင်း

❓Hypothyroidism မှာ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ

အများအားဖြင့် သူ့ရဲ့လက္ခဏာတွေက သိသာမထင်ရှားဘဲ အခြားရောဂါကြောင့်လို့ ထင်တတ်ကြပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ….

* ကိုယ်အလေးချိန်တက်လာခြင်း၊ ဝိတ်ချဖို့ခက်ခဲခြင်း

* နုန်းချိခြင်း

* စိတ်ကျလွယ်ခြင်း

* ဆံပင်ကျွတ်ခြင်း၊ ဆံသားခြောက်ခြင်း

* ကြွက်သားများ တောင့်တင်းခြင်း

* အရေပြားခြောက်ခြင်း

* လည်ပင်းကြီးလာခြင်း

* ခြေသည်းလက်သည်း ကျိုးလွယ်ခြင်း

* နှလုံးခုန်နှုန်းနှေးခြင်း

* အအေးမခံနိုင်ခြင်း

* ရာသီမမှန်ခြင်း

* ဝမ်းချုပ်ခြင်း

❓Hypothyroidism ကို ဘယ်လို ကုသကြမလဲ

သိုင်းရွိုက်ဟော်မုန်းအစားထိုးကုသမှုတွေ Levothyroxine လို့ခေါ်တဲ့ဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့် သောက်သုံးနိုင်ပါတယ်။

📌 HYPERTHYROIDISM

သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုများနေပါက Hyperthyroidism ဖြစ်စေပါတယ်။
❓Hyperthyroidism ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ ?

* လည်ပင်းကြီးရောဂါတစ်မျိုးဖြစ်တဲ့ Graves’ disease

* သိုင်းရွိုက်ဂလင်းကြီးခြင်း

* သိုင်းရွိုက်အကျိတ်ကြီးခြင်း

❓Hyperthyroidism မှာ ဘယ်လိုလက္ခဏာတွေ တွေ့ရမလဲ ?

* ကိုယ်အလေးချိန်လျော့ကျခြင်း

* စိတ်လှုပ်ရှားလွယ်ခြင်း

* နှလုံးခုန်နှုန်းမြန်ခြင်း၊ ရင်တုန်ခြင်း

* ခြေလက်များ တုန်ခြင်း

* ချွေးထွက်များခြင်း

* အပူဒဏ်မခံနိုင်ခြင်း

* အရေပြားနီပြီး ယားခြင်း

* ဆံပင်ပါးခြင်း

❓Hyperthyroidism ကို ဘယ်လို ကုသကြမလဲ

သိုင်းရွိုက်ဟော်မုန်းနည်းစေတဲ့ ဆေးတွေ သောက်သုံးနိုင်ပေမယ့် ခွဲစိတ်မှုခံယူဖို့နဲ့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းကုထုံးတွေကသာ ရောဂါကို ပျောက်ကင်းသက်သာစေနိုင်ပါတယ်။

09/06/2025

မျိုးဥအိမ် ရေအိတ်တည်ခြင်း အကြောင်းသိကောင်းစရာ အပြည့်အစုံ
Hello Sayarwon Panel မှ အချက်အလက်များကို စစ်ဆေးပြီးပါသည်။

အညွှန်းစာရင်း:
ရောဂါလက္ခဏာများ
ဘယ်အချိန် ဆေးဝါးကုသမှု ခံယူရမလဲ။
သာမန်မျိုးဥအိမ်ရေအိတ်များ။ (functional cysts)
ရောဂါကြောင့်ဖြစ်တဲ့ ရေအိတ်များ။
ဖြစ်ပွားရသည့် အကြောင်းရင်းများ။
နောက်ဆက်တွဲပြဿနာများ
ရောဂါစစ်ဆေးမှုများ။
ကုသနိုင်တဲ့ နည်းလမ်းများ။
ကာကွယ်နည်းများ
အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းမှာ မက်မွန်သီးနဲ့ ပုံစံရော၊ အရွယ်အစားပါ အတူတူလောက်ရှိတဲ့ မျိုးဥအိမ် ၂ခုရှိပါတယ်။ မျိုးဥအိမ် တစ်ခုစီက သားအိမ်ရဲ့တစ်ဖက်တစ်ချက်စီမှာ တည်ရှိပါတယ်။ မျိုးဥတွေဟာ မျိုးဥအိမ် ထဲမှာ ကြီးထွားလာပြီး လစဉ် ဓမ္မတာစက်ဝန်းကာလအတွင်းမှာ မျိုးဥအိမ်က ထွက်ရှိပါတယ်။

မျိုးဥအိမ် ရေအိတ်တည်ခြင်း အကြောင်းသိကောင်းစရာ အပြည့်အစုံ

မှတ်ချက်ဆောင်းပါး

မျိုးဥအိမ် ရေအိတ်ဆိုတာ မျိုးဥအိမ်အတွင်းနဲ့ မျိုးဥအိမ်မျက်နှာပြင်ပေါ်မှာ ဖြစ်တတ်တဲ့ အရည်တွေပြည့်နေတဲ့ အိတ်ကိုခေါ်တာပါ။ မျိုးဥအိမ်ရေအိတ်တွေရဲ့ အရွယ်အစားကတော့ အမျိုးမျိုးရှိပြီး ပဲစေ့အရွယ်ကနေ လိမ္မော်သီးထက်ကြီးတဲ့ အရွယ်အထိရှိပါတယ်။ အမျိုးသမီး တော်တော်များများက သူတို့ဘဝသက်တမ်း တစ်လျှောက် မျိုးဥအိမ် ရေအိတ်တွေ ဖြစ်တတ်ကြပါတယ်။ များသောအားဖြင့် မျိုးဥအိမ်ရေအိတ်တွေဟာ အနည်းငယ် မသက်မသာဖြစ်ရုံကလွဲပြီး အန္တရာယ်မရှိကြပါဘူး။

မျိုးဥအိမ် ရေအိတ်တည်ခြင်း တော်တော်များများက ဘာကုသမှု ခံယူစရာမှမလိုဘဲ လအနည်းငယ်အတွင်းမှာ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမယ့် မျိုးဥအိမ် ရေအိတ် ပေါက်ပြဲသွားမယ်ဆိုရင်တော့ ပြင်းထန်တဲ့ ရောဂါလက္ခဏာတွေကို ဖြစ်စေနိုင် ပါတယ်။ ဒီတော့ ကျန်းမာရေးကို စောင့်ရှောက်တဲ့အနေနဲ့ တင်ပါးဆုံဧရိယာတစ်ဝိုက် စစ်ဆေးမှုတွေကို ပုံမှန်စစ်ဆေးခြင်းဖြင့် ရောဂါလက္ခဏာတွေကို ကြိုသိနိုင်ပြီး ပြင်းထန်တဲ့ ရောဂါတွေမဖြစ်အောင် တားဆီးနိုင်ပါတယ်
ရောဂါလက္ခဏာများ
မျိုးဥအိမ် ရေအိတ်တည်ခြင်း အများစုက ဘာရောဂါလက္ခဏာမှ ပြလေ့မရှိဘဲ သူ့ဘာသာပျောက်ကင်းသွားလေ့ရှိပါတယ်။ ဒါပေမဲ့ အရွယ်ကြီးတဲ့ ရေအိတ်တွေကတော့

တင်ပါးဆုံ ပတ်ဝန်းကျင်တစ်ဝိုက် နာကျင်ခြင်း။
ရေအိတ်ရှိတဲ့ဘက်ခြမ်း ဝမ်းဗိုက်အောက်ဘက်ပိုင်းမှာ နာကျင်မှု စူးစူးရှရှခံစားရခြင်း သို့မဟုတ် အုံ့ပြီး နာကျင်နေခြင်း။
ဝမ်းဗိုက်အတွင်း ပြည့်ကျပ်ပြီး လေးလံနေခြင်း။
ဝမ်းဗိုက်အတွင်း လေပွနေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ad icon
advertisement

ဘယ်အချိန် ဆေးဝါးကုသမှု ခံယူရမလဲ။
ရုတ်တရက် ဝမ်းဗိုက်ပိုင်း (သို့မဟုတ် ) တင်ပါးဆုံ ပတ်ဝန်းကျင်ကနေ ရုတ်တရက် ပြင်းထန်စွာ နာကျင်ခြင်း၊ သွေးလန့်ပြီးခြင်း၊ ဖျားနာပြီး နာကျင်လာခြင်း၊ ပျို့အန်လာခြင်း၊ အသက်ရှူမြန်လာခြင်း၊ မူးဝေလာခြင်းနဲ့ အားနည်းလာခြင်းတို့ကို ကြုံလာရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ် ။

သာမန်မျိုးဥအိမ်ရေအိတ်များ။ (functional cysts)
မျိုးဥအိမ် ရေအိတ်တည်ခြင်း မှာ ရေအိတ် အများစုဟာ ဓမ္မတာစက်ဝန်းကြောင့် ဖြစ်ပေါ်လာကြတာပါ။ ဒီရေအိတ်တွေကို သာမန်မျိုးဥအိမ်ရေအိတ်တွေ (functional cysts) လို့ခေါ်ပါတယ်။ ဒီရေအိတ်တွေဟာ တခြားသော ရေအိတ်အမျိုးအစားတွေထက် အတွေ့ရများပါတယ်။

Photo Credit : britannica
Functional ovarian cyst ဆိုတာကတော့ မျိုးဥအိမ်က မျိုးဥပြုလုပ်နေတဲ့ အချိန်နဲ့ မျိုးဥကြွေတဲ့အချိန် အနည်းငယ်ပြောင်းလဲသွားတဲ့အတွက် ဖြစ်ပေါ်တဲ့ ရေအိတ်တွေပါ။ အမျိုးသမီးတစ်ယောက်ရဲ့ မျိုးဥအိမ်မှာ follicle လို့ခေါ်တဲ့ ရေအိတ်လို ခန္ဓာကိုယ် အစိတ်အပိုင်းတွေက လတိုင်းလတိုင်းမှာ ပုံမှန်ကြီးထွားလာပါတယ်။ follicle တွေဟာ အမျိုးသမီး ဟော်မုန်းတွေ ဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း (progesterone) (နောက်ထပ်မျိုးဥဖြစ်ပေါ်မှုကို တားဆီးပေးတဲ့ ဟော်မုန်း) ကို ထုတ်လုပ်ပေးတဲ့အပြင် မျိုးဥကြွေချိန်ကျရင်လည်း မျိုးဥကို ထုတ်လုပ်ပေးပါတယ်။ လစဉ်လတိုင်းကြီးထွားနေတဲ့ follicle တွေ ရေအိတ်အဖြစ် ကြီးထွားလာမယ်ဆိုရင် ဒါကို သာမန် ရေအိတ်တွေလို့ခေါ်ပါတယ်။

follicle လို့ခေါ်တဲ့ ရေအိတ်လို ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ရင့်မှည့်နေတဲ့ မျိုးဥကို သယ်ဆောင်ထားပြီး ပုံမှန်အားဖြင့် ဥကြွေသွားတဲ့ အခါကျရင် ဒီအိတ်တွေက အလိုလို ပျက်ဆီးသွားပါတယ်။ ဒါပေမဲ့ ဥမထွက်တဲ့အခါမျိုး (သို့မဟုတ်) ရေအိတ်က ဥထွက်သွားပြီးတဲ့ အခါမှာတောင် ရေအိတ်က ပြန်ပိတ်သွားတဲ့ အခါကျရင် ရေအိတ်ထဲမှာ အရည်တွေ စုမိလာနိုင်ပါတယ်။ ဒီလို သာမန် မျိုးဥအိမ်ရေအိတ်တွေက ကင်ဆာလိုမျိုး တခြားသော အကြောင်းရင်းတွေကြောင့် မျိုးဥအိမ် ကြီးထွားလာတဲ့ ပုံစံတွေနဲ့ မတူပါဘူး။

အများစုအားဖြင့် ဒီလို ရေအိတ်တွေက အန္တရာယ်မရှိတဲ့အပြင် ဘာမှကုသစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုရေအိတ်တွေ မပျောက်သွားဘဲ ပိုကြီးလာမယ်၊ မျိုးဥအိမ် လိမ်သွားမယ် (မျိုးဥအိမ်လိမ်သွားခြင်း။ (Ovarian torsion) အကြောင်းကို အောက်မှာ အကျယ်ရှင်းထားပါတယ်။)

၊ ပေါက်ပြဲသွားမယ်၊ သွေးထွက်သွားမယ်ဆိုရင် နာကျင်မှုကို ပြင်းထန်စွာ ခံစားရနိုင်ပါတယ်။

မျိုးဥအိမ် ရေအိတ်တည်ခြင်း မှာ ရေအိတ် ပိုကြီးလာလေ ရောဂါလက္ခဏာ ပိုဖြစ်လေပါပဲ။ ရောဂါ လက္ခဏာတွေကတော့-

ဝမ်းဗိုက်အောက်ပိုင်း နာကျင်ကိုက်ခဲခြင်း (အထူးသဖြင့် ဓမ္မတာ စက်ဝန်းအလယ်ခန့်မှာဖြစ်တတ်ပါတယ်။)
ဓမ္မတာ စက်ဝန်းစတဲ့ အချိန် နှေးကွေးခြင်း။
ဓမ္မတာ မလာချိန် မွေးလမ်းကြောင်းမှ သွေးဆင်းခြင်း တို့ ဖြစ်စေနိုင်ပါတယ်။
functional cysts (၂) မျိုးရှိပါတယ်။

အဲ့ဒါတွေကတော့

Follicular cyst ( မျိုးဥအိမ်အတွင်းမှ ရေအိတ်)။
မျိုးဥအိမ် ရေအိတ်တည်ခြင်း အကြောင်းသိကောင်းစရာ အပြည့်အစုံ
Photo Credit : mayoclinic
ဓမ္မတာ စက်ဝိုင်း တစ်ဝက်လောက်ခန့်မှာ မျိုးဥဟာ သူ့ကို သယ်ဆောင်ထားတဲ့ အိတ်ထဲမှ ထွက်လာပြီး မျိုးဥသယ်ပြွန်တလျှောက် ဆင်းသွားပါတော့တယ်။ Follicular cyst ဆိုတာကတော့ မျိုးဥအိမ်အတွင်းက ရေအိတ်လေးက မျိုးဥကို အပြင်ထုတ်ပေးဖို့ ပေါက်ပြဲမသွားဘဲ ပိုကြီးလာတဲ့ ရေအိတ်မျိုးကို ခေါ်တာ ဖြစ်ပါတယ်။

Corpus luteum ရေအိတ်။

Photo Credit : mayoclinic
ကော်ပတ်စ် လူတီယမ် (corpus luteum) ကို lutein ဆဲလ်လို့ခေါ်တဲ့ ခန္ဓာကိုယ် အဆီဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ Luteus ဆိုတာ လက်တင် ဘာသာစကားအရ အဝါရောင်လို့ အဓိပ္ပာယ်ရပါတယ်။ Corpus luteum ဆိုတာ အမျိုးသမီး မျိုးပွားစနစ်ထဲက ဟော်မုန်းထုတ်ပေးတဲ့ အစိတ်အပိုင်းတွေပါ။ Corpus luteum ဟာ မျိုးဥအိမ်ထဲက မျိုးဥသယ်ထားတဲ့ ရေအိတ် (follicle) မှ ဥကြွေအပြီးမှာ မျိုးဥမရှိတော့တဲ့ ရေအိတ်သာ ဖြစ်ပါတယ်။

follicle (ရေအိတ်) တွေဟာ မျိုးဥထွက်ပြီးတာနဲ့ corpus hemorrhagicum လို့ခေါ်တဲ့ သွေးခဲနေတဲ့ corpus luteum အဆင့်ကို ဖြတ်ပြီးမှ သာမန် corpus luteum အဆင့်ကိုရောက်တာ ဖြစ်ပါတယ်။ မျိုးဥက ဥသယ်ပြွန်ထဲကို ဆင်းသွားတဲ့ အချိန်မှာ corpus luteum က မျိုးဥအိမ်ထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။ မျိုးဥအိမ်နဲ့ နှိုင်းယှဉ်ရင်တော့ corpus luteum ဟာ တော်တော်ကြီးတယ်လို့ ပြောရမှာ ဖြစ်ပြီး corpus luteum အဆင့်မှာဆိုရင် အချင်းက ၂ စင်တီမီတာကနေ ၅ စင်တီမီတာ အထိရှိနိုင်ပါတယ်။

corpus luteum ဟာ အီစထရိုဂျင် (estrogens) နဲ့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်း ၂ မျိုးကို ထုတ်ပေးပါတယ်။ ပရိုဂျက်စတီရုန်း (progesterone) ဟာဆိုရင် မျိုးဥ မျိုးအောင်ရင် သားအိမ်ထဲမှာ အဆင်သင့်ဖြစ်စေဖို့အတွက် သားအိမ်ကို ပြင်ဆင်ပေးတဲ့ ဟော်မုန်းဖြစ်ပြီး သန္ဓေသားအာဟာရ အတွက်လည်း ပြင်ဆင်ပေးပါတယ်။ အကယ်၍ မျိုးဥက သန္ဓေ မအောင်ဘူးဆိုရင် corpus luteum ဟာ အလုပ်မလုပ်တော့ဘဲ ၁၀ ရက်ကနေ ၁၄ ရက်ခန့်အကြာမှာတော့ ဓမ္မတာ လာခြင်း (menstruation) ဖြစ်ပါတယ်။

follicle အဆင့်မှ ကော်ပတ်စ် လူတီယမ် (corpus luteum) အဆင့်ထိ ကြီးထွားလာပြီးနောက် တစ်ခါတစ်ရံ အရည်များက corpus luteum အထဲ စုမိနေတဲ့ အခါ ရေအိတ် ဖြစ်လာနိုင်ပါတယ်။

သာမန် မျိုးဥအိတ်ရေအိတ်တွေဟာ များသောအားဖြင့် အန္တရာယ်မရှိဘဲ နာကျင်တယ်ဆိုတာလည်း ရှားပါတယ်။ များသောအားဖြင့် ဓမ္မတာ စက်ဝန်း ၂ ကြိမ် ၃ ကြိမ်ခန့်မှာ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။

ရောဂါကြောင့်ဖြစ်တဲ့ ရေအိတ်များ။
ဒီရေအိတ်တွေကတော့ ဓမ္မတာ စက်ဝန်းရဲ့ ပုံမှန် လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်တဲ့ ရေအိတ်တွေနဲ့ မဆိုင်ပါဘူး။ အဲ့ဒါတွေကတော့

Dermoid Cyst ။
Dermoid ရေအိတ်ဆိုတာကတော့ တစ်ရှူးတွေ၊ အမွှေးအမျှင်တွေ၊ အရေပြားနဲ့ သွားများအထိ ပါဝင်တဲ့ ရေအိတ်တွေ ဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ပါဝင်နေရတာလဲ ဆိုတော့ ဒီရေအိတ်ဟာ သန္ဓေသားဆဲလ်တွေကနေ ဖြစ်ပေါ်လာတာကြောင့်မို့ပါ။ ပုံမှန်အားဖြင့် ဒီရေအိတ်တွေမှာ ကင်ဆာဆဲလ်တွေ မပါဝင်ပါဘူး။

ဒီရေအိတ်တွေဟာ တဖြည်းဖြည်း ကြီးထွားတတ်ပြီး မပေါက်ပြဲသွားသ၍ နာကျင်မှု မရှိပါဘူး။ Dermoid ရေအိတ် ဖြစ်တတ်တဲ့ နေရာတွေကတော့ မျက်နှာ၊ ဦးခွံအတွင်း၊ နောက်ကျောအောက်ဘက်ပိုင်းနဲ့ မျိုးဥအိမ်အတွင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ မျိုးဥအိမ်မှာ ဖြစ်ပေါ်တဲ့ ရေအိတ်တွေကတော့ အမျိုးသမီးတွေရဲ့ မျိုးပွားနိုင်သေးတဲ့ ကာလမှာ ဖြစ်ပေါ်နိုင်ပြီး ဒီရေအိတ်တွေဟာ လိမ်သွားခြင်း၊ ရောဂါကူးစက်ခံရခြင်း၊ ပေါက်ပြဲခြင်းနဲ့ ကင်ဆာတို့ကို ဖြစ်စေနိုင်ပါတယ်။

Dermoid ရေအိတ်ကိုတော့ ပုံမှန်အားဖြင့် သမာရိုးကျခွဲစိတ်မှုနဲ့ ဖယ်ရှားကြသလို ခွဲစိတ်မှု အနည်းငယ်သာ လိုအပ်တဲ့ အချိန်မှာတော့ Laparoscopyလို့ခေါ်တဲ့ ဝမ်းဗိုက်အတွင်းက အင်္ဂါတွေကို ခွဲစိတ်မှု အနည်းငယ်သာလိုအပ်တဲ့ နည်းလမ်းနဲ့ ခွဲစိတ်တာ ဖြစ်ပါတယ်။

Dermoid ရေအိတ်တွေဟာ သန္ဓေသားကြီးထွားနေစဉ်ကာလအတွင်းမှာ အရေပြားနဲ့ အရေပြားဆိုင်ရာ အစိတ်အပိုင်းမှာ ပိတ်မိသွားတဲ့အတွက်ကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် Dermoid ရေအိတ်တွေရဲ့ ဆဲလ်တွေမှာ အရေပြား၊ မွေးညင်းပေါက်၊ ချွေးထွက်ဂလင်းတွေနဲ့ တစ်ခါတစ်ရံ အမွှေးအမျှင်၊ သွားနဲ့ နာဗ်ကြောများအထိပါ ပါဝင်တတ်ပါတယ်။

သာမန်အားဖြင့် Dermoid ရေအိတ်ကို အရေးပေါ် ကုသရမယ့် အခြေအနေ တစ်ရပ်တစ်ခု အဖြစ် မသတ်မှတ်ထားပါဘူး။ ဒါပေမဲ့ Dermoid ရေအိတ် ပေါက်ပြဲသွားမယ်၊ ရောင်ကိုင်းသွားမယ်၊ နာကျင်လာမယ်၊ ဖျားနာလာမယ်ဆိုရင် လူနာအနေနဲ့ ဆရာဝန်ထံ အမြန်ဆုံးပြသသင့်ပြီး နာကျင်မှု ပြင်းအားအလိုက် အရေးပေါ် ကုသရမှာ ဖြစ်ပါတယ်။

Cystadenomas။
Cystadenomas ဆိုတာ မျိုးဥအိမ်ရဲ့ အပေါ်ယံ အလွှာပေါ်မှာ ဖြစ်ပွားလေ့ရှိပြီး အန္တရာယ်မရှိတဲ့ ရေအိတ် ဖြစ်ပါတယ်။ ဒီရေအိတ်အတွင်းမှာ အခန်းပေါင်းများစွာ ပါဝင်ပြီး အတွင်းမှာ ရေနဲ့ အကျိအချွဲကဲ့သို့သော အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ မျိုးဥအိမ် အကျိတ် ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေထဲမှာ Cystadenomas ဖြစ်တတ်တာကတော့ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။

Cystadenomas ရေအိတ် ၈၀ ရာခိုင်နှုန်းကတော့ အန္တရာယ်မရှိကြဘဲ ၁၀ ရာခိုင်နှုန်းကတော့ အန္တရာယ်ပေးနိုင်တဲ့ ရေအိတ်တွေ ဖြစ်နိုင်သလို ကျန် ၁၀ ကတော့ အန္တရာယ် ဖြစ်စေနိုင်တာက တစ်ဝက်၊ အန္တရာယ်တစ်ဝက်မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။

Endometriomas ။
ဒီရေအိတ်တွေကတော့ သားအိမ် (uterus ) ရဲ့ အနားသတ်ဆဲလ်တွေက သားအိမ် အပြင်ဘက် ကြီးထွားတဲ့ အခါ ဖြစ်ပေါ်တဲ့ ရေအိတ်တွေပါ။ ဒီအနားသတ်ဆဲလ်တွေက မျိုးဥအိမ် (ovary)ကို တွယ်ကပ်ပြီး ကြီးထွားလာနိုင်ပါတယ်။ Ovarian endometrioma တွေဟာ အီစထရိုဂျင်ဟော်မုန်း လိုအပ်ပြီး အန္တရာယ်မရှိကြပါဘူး။

ဒါပေမယ့် ရေအိတ်တွေရှိရင်တော့ သန္ဓေအောင်နိုင်ခြေ နည်းသွားပါတယ်။ Ovarian endometrioma တွေက ဘာကြောင့် သန္ဓေ မရနိုင်ခြေ မြင့်မားစေတာလဲဆိုတော့ မျိုးဥအရည်အသွေးနဲ့ အရေအတွက်တွေ ထိခိုက်သွားတဲ့အတွက်လို့ သတ်မှတ်ထားပါတယ်။ ဒီရေအိတ်တွေဟာ အမေရိကန်နိုင်ငံရှိ မျိုးပွားနိုင်တဲ့ အရွယ် အမျိုးသမီး ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းမှာ ဖြစ်ပွားတတ်ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့

တင်ပါးဆုံဧရိယာတစ်ဝိုက် နာတာရှည်နာကျင်ခြင်း၊
ဓမ္မတာ လာချိန် နာကျင်ခြင်း ( dysmenorrhea)
လိင်ဆက်ဆံချိန် နာကျင်ခြင်း (dyspareunia) နဲ့
သန္ဓေ မအောင်နိုင်ခြင်းတို့ဖြစ်တတ်ပါတယ်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ။
မျိုးဥအိမ် ရေအိမ် (ovarian cyst) တွေဟာ အောက်ပါ အကြောင်းရင်းများကြောင့် ဖြစ်ပွားရတာ ဖြစ်ပါတယ်။

ဟော်မုန်း ပြဿနာ။
သန္ဓေအောင်စေဖို့အတွက် မျိုးဥကြွေစေရန် သောက်သုံးရတဲ့ clomiphene (Clomid) လို့ခေါ်တဲ့ ဆေးတွေ သောက်သုံးတဲ့ အခါ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ရခြင်း။

တစ်ခါတရံမှာ ရေအိတ်တွေဟာ မျိုးကြွေတဲ့အချိန် မျိုးဥအိမ်မှာ စတင်ဖြစ်ပေါ်ပြီး ကိုယ်ဝန်ဆောင်နေတဲ့ ကာလပတ်လုံး တည်ရှိနေပါတယ်။

Endometriosis။ (သွေးလုံးတည်ခြင်း)
သားအိမ်မှ (uterus) အနားသတ် ဆဲလ်များ သားအိမ် အပြင်မှာ ကြီးထွားပြီး ဒီတစ်ရှုးတွေက မျိုးဥအိမ်ကို တွယ်ကပ်ကာကြီးထွားတဲ့အချိန် ဖြစ်ပေါ်ပါတယ်။

တင်ပါးဆုံ ဧရိယာတစ်ဝိုက် ကူးစက်မှု ခံရခြင်း။
ကူးစက်ရောဂါ တစ်မျိုးမျိုးက မျိုးဥအိမ်တွေထဲ ပျံ့နှံ့သွားတဲ့အခါမှာ ရေအိတ်ဖြစ်စေနိုင်ပါတယ်။

အရင်က မျိုးဥအိမ်ရေအိတ် ဖြစ်ဖူးခြင်း။
အရင်က ဖြစ်ဖူးတယ်ဆိုရင် နောက်ထပ်ဖြစ်ဖို့ အခွင့်အလမ်းပိုများပါတယ်။

နောက်ဆက်တွဲပြဿနာတွေ ထပ်တိုးလာစေနိုင်သလား။
အမျိုးသမီး တချို့မှာတော့ ရှားပါးတဲ့ ရေအိတ်များ ဖြစ်တတ်ကြပါတယ်။ သွေးဆုံးချိန် အပြီးမှာ ဖြစ်ပေါ်တဲ့ မျိုးဥအိမ် ရေအိတ်တွေကတော့ ကင်ဆာကျိတ်တွေ ဖြစ်နေနိုင်တဲ့အတွက် တင်ပါးဆုံဆိုင်ရာကျန်းမာရေး စစ်ဆေးမှုကို ပုံမှန်လုပ်ဆောင်နေဖို့ လိုပါတယ်။ မျိုးဥအိမ်ရေအိတ်ဖြစ်ရင် ရှားရှားပါးပါး ဖြစ်တတ်တဲ့ တခြား အခြေအနေတွေကတော့

မျိုးဥအိမ် လိမ်သွားခြင်း။ (Ovarian torsion)
မျိုးဥအိမ် ရေအိတ်တွေ ကြီးလာတဲ့အခါမှာတော့ မျိုးဥကို နေရာရွေ့သွားစေနိုင်ပါတယ်။ နေရာရွေ့လေလေ မျိုးဥအိမ်ကို လိမ်စေနိုင်ပြီး ပြင်းထန်တဲ့ နာကျင်မှုကို ဖြစ်စေနိုင်ပါတယ်။ ရောဂါ လက္ခဏာတွေကတော့ တင်ပါးဆုံ ဧရိယာတစ်ဝိုက် ရုတ်တရက် ပြင်းထန်စွာနာကျင်ခြင်း၊ ပျို့အန်ခြင်းတို့ကို ဖြစ်စေနိုင်တဲ့အပြင် မျိုးဥအိမ်သို့ သွေးရောက်မှုကို နည်းစေခြင်း၊ ပိတ်ဆို့စေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ပေါက်ပြဲခြင်း။
ရေအိတ်တွေ ပေါက်ပြဲသွားမယ်ဆိုရင် ပြင်းထန်စွာနာကျင်နိုင်ပြီး ခန္ဓာကိုယ် အတွင်းပိုင်းမှလည်း သွေးထွက်နိုင်ပါတယ်။ ရေအိတ်ကြီးလေလေ ပေါက်ပြဲနိုင်တဲ့ အန္တရာယ်များလေလေပါပဲ။ လိင်ဆက်ဆံခြင်းလို ကြမ်းတမ်းတဲ့ တင်ပါးဆုံ တစ်ဝိုက်လှုပ်ရှားမှုတွေက ရေအိတ်တွေကို ပိုပြီး ပေါက်ပြဲစေနိုင်ပါတယ်။

မျိုးဥအိမ် ရေအိတ်ကို စစ်ဆေးမှု ပြုလုပ်ပုံများ။
Ultrasound
တင်ပါးဆုံ ဧရိယာတစ်ဝိုက် စစ်ဆေးတဲ့ အချိန်မှာ မျိုးဥအိမ် ရေအိတ်တွေကို တွေ့ရှိတတ်ပြီး ပုံမှန်အားဖြင့် မျိုးဥအိမ် တစ်ခုမှာ ရောင်ကိုင်းနေတာကို တွေ့ရမှာ ဖြစ်ပြီး ရေအိတ်ရှိနေလားဆိုတာကို အတည်ပြုဖို့ အတွက် ကြိမ်နှုန်းမြင့် အသံလှိုင်းကို အသုံးပြုပြီး ခန္ဓာကိုယ် အတွင်းပိုင်းအင်္ဂါတွေကို စစ်ဆေးတဲ့ ultrasound စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ ultrasound စစ်ဆေးမှုတွေက အရွယ်အစား၊ တည်နေရာ၊ ပုံစံနဲ့ အရည်တွေပြည့်နေလား၊ အစိုင်အခဲတွေ ပြည့်နေလားဆိုတာ ခွဲခြားပေးနိုင်မှာပါ။

မျိုးဥအိမ် ရေအိတ်တွေကို စစ်ဆေးပေးနိုင်တဲ့ တခြား ကိရိယာတွေကတော့

CT scan။
ခန္ဓာကိုယ်အတွင်းပိုင်း ပုံရိပ်တွေကို အထူး ပြုလုပ်ထားတဲ့ X-rays နဲ့ ကွန်ပျုတာကို အသုံးပြုပြီး ထုတ်လုပ်ပေးတဲ့ စစ်ဆေးမှုဖြစ်ပါတယ်။

MRI (Magnetic Resonance Imaging)။
သံလိုက်လှိုင်းကို အသုံးပြုပြီး ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါပုံရိပ် အသေးစိတ်ကို ဖော်ပေးတဲ့ စစ်ဆေးမှု နည်းပညာဖြစ်ပါတယ်

ရေအိတ်အများစုက ပုံမှန်အားဖြင့် ရက်သတ္တပတ် အနည်းငယ် (သို့) လအနည်းငယ်အကြာမှာ ပျောက်ကင်းသွားတဲ့ အတွက်ဆရာဝန်တွေက ကုသမှု နည်းလမ်းကို ချက်ခြင်း လုပ်ဆောင်ပေးမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား ရက်သတ္တပတ် အနည်းငယ် (သို့) လအနည်းငယ်အကြာမှာ ultrasound စစ်ဆေးမှုကိုသာ ထပ်လုပ်မှာ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ထပ်စစ်တဲ့ အခါ ရေအိတ်အခြေအနေက ဘာမှပြောင်းလဲမှု မရှိဘူး (သို့မဟုတ်) အရွယ်အစားပိုကြီးလာမယ်ဆိုရင် ဆရာဝန်တွေက တခြားသော စစ်ဆေးမှုတွေကို ထပ်လုပ်ပြီးဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကို သတ်မှတ်မှာ ဖြစ်ပါတယ်။

အဲ့ဒါတွေကတေ့ာ-

ကိုယ်ဝန်ဆောင်ထားရလားဆိုတာကို စစ်ဆေးဖို့အတွက် ကိုယ်ဝန်စစ်ဆေးမှု။
အီစထရိုဂျင် (estrogens) နဲ့ ပရိုဂျက်စတီရုန်း (progesterone) များနေလားဆိုတာကို စစ်ဆေးဖို့အတွက် ဟော်မုန်း ပမာဏ စစ်ဆေးမှုများ။
မျိုးဥအိမ် ကင်ဆာဖြစ်နေလားဆိုတာကို စစ်ဆေးဖို့ အတွက် CA-125 သွေးစစ်ဆေးမှုတို့ဖြစ်ပါတယ်။
မျိုးဥအိမ် ရေအိတ်တွေကို ကုသနိုင်တဲ့ နည်းလမ်းများ

မျိုးဥအိမ် ရေအိတ်က မပျောက်သွားဘူး (သို့) ပိုကြီးလာမယ်ဆိုရင် ဒီရေအိတ်ကို ရှုံ့သွားစေမယ့် ကုသမှု (သို့မဟုတ်) ဖယ်ရှားဖို့ အတွက် ဆရာဝန်တွေက အကြံပေးမှာ ဖြစ်ပါတယ်။

သန္ဓေတားဆေးများ။
သင်မှာ မျိုးဥအိမ် ရေအိတ်တွေ ပြန်ပြန်ဖြစ်နေမယ်ဆိုရင် ဆရာဝန်တွေက မျိုးဥကြွေခြင်းကို တားပြီး ရေအိတ်တွေ မကြီးထွားလာစေရန်အတွက် သောက်သုံးရတဲ့ သန္ဓေတားဆေးတွေကို ညွှန်းမှာ ဖြစ်ပါတယ်။ သန္ဓေတားဆေးတွေက ရေအိတ်တွေကို ပျောက်ကင်းသွားစေမှာ မဟုတ်ပေမယ့် နောက်ထပ် အသစ်မဖြစ်လာအောင် တားဆီးပေးနိုင်ပါတယ်။ သောက်သုံးရတဲ့ သန္ဓေတားဆေးတွေဟာ မျိုးဥအိမ် ကင်ဆာ ဖြစ်ပွားနိုင်ခြေကိုလည်း နည်းပါးစေနိုင်ပါတယ်။ မျိုးဥအိမ်ကင်ဆာကတော့ သွေးဆုံးအပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

Laparoscopy။
ရေအိတ်ကလည်း သေးငယ်နေမယ်၊ ပုံရိပ်ဖော် စစ်ဆေးချက်တွေ အရလည်း ကင်ဆာမဟုတ်ဘူးဆိုရင် ဆရာဝန်များက Laparoscopy လို့ခေါ်တဲ့ ခန္ဓာကိုယ် အတွင်းပိုင်းကို စစ်ဆေးပြီး အသေးစားခွဲစိတ်မှုကို ပြုလုပ်နိုင်တဲ့ ခွဲစိတ်နည်းနဲ့ ကုသမှာပါ။

ခွဲစိတ်ခြင်း။
မျိုးဥအိမ် ရေအိမ်က ကြီးနေမယ်ဆိုရင် ဆရာဝန်များက သမာရိုးကျခွဲစိတ်မှုနဲ့ ခွဲထုတ်မှာ ဖြစ်ပါတယ်။ အရင်ဆုံး တစ်ရှူးတွေကို ဖယ်ထုတ်ပြီး စစ်ဆေးခြင်းပြုလုပ်တဲ့ အခါ ရေအိတ်က ကင်ဆာဆဲလ် ဖြစ်နေမယ်ဆိုရင် မျိုးဥအိမ်နဲ့ သားအိမ်ကို ဖယ်ရှားမှာ ဖြစ်ပါတယ်။

နိဂုံးချုပ်။

သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေ မျိုးဥအိမ် ရေအိတ်တည်ခြင်း က သိပ်စိုးရိမ်စရာ မရှိပါဘူး။ ရေအိတ်အများစုဟာ လအနည်းငယ်အတွင်းမှာ သူ့ဘာသာပျောက်ကင်းသွားတတ်ပါတယ်။ သို့ပေမယ့် endometriomas ကတော့ မကုသဘဲထားမယ်ဆိုရင် သန္ဓေရနိုင်ခြေကို လျှော့ကျစေနိုင်ပါတယ်။ သန္ဓေရနိုင်ခြေကို မြင့်တတ်စေရန်အတွက် ဆရာဝန်တွေက ရေအိတ်ကို ရှုံ့သွားအောင်ပြုလုပ်ခြင်းနဲ့ ခွဲစိတ်ခြင်း ပြုလုပ်မှာ ဖြစ်ပါတယ်။

Functional cysts, cystadenomas, and dermoid cysts တွေကတော့ သန္ဓေရနိုင်ခြေကို မထိခိုက်ပါဘူး။ ဆရာဝန်က မျိုးဥအိမ်ရေအိတ်တွေနဲ့ ပတ်သတ်ပြီး စောင့်ကြည်ပြီး ကုသတဲ့ ကုသမှုတွေကို ပြုလုပ်တတ်ကြပေမယ့် သွေးဆုံးအပြီးမှာ ဖြစ်တတ်တဲ့ ရေအိတ်တွေကိုတော့ ဖယ်ရှားပစ်ဖို့ အကြံပေးမှာ ဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ သွေးဆုံးပြီးချိန်မှာ ကင်ဆာဆဲလ်ရေအိတ်တွေနဲ့ မျိုးဥအိမ်ကင်ဆာ ဖြစ်ပွားနိုင်ခြေမြင့်မားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ သို့ပေမယ့် မျိုးဥအိမ် ရေအိတ်အများစုက မျိုးဥအိမ် ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မမြင့်စေပါဘူး ရေအိတ်က ၅ စင်တီမီတာ အထက်ကြီးလာတယ်ဆိုရင်တော့ ဆရာဝန်တွေက ခွဲစိတ်ပြီး ဖယ်ရှားမှာ ဖြစ်ပါတယ်။

မျိုးဥအိမ် ရေအိတ်တွေကို ဘယ်လို ကာကွယ်ကြမလဲ။
မျိုးဥအိမ်ရေအိတ်တွေကို ကာကွယ်ဖို့ နည်းလမ်းမရှိပေမယ့် တင်ပါးဆုံ ဧရိယာတစ်ဝိုက် ပုံမှန်စစ်ဆေးပေးခြင်းက မျိုးဥအိမ်တွေ ပြောင်းလဲမှုတွေကို သိရှိစေနိုင်သလို ကုသမှုကို လည်း စောစောစီးစီး ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင်-

ပုံမှန်မဟုတ်တဲ့ ဓမ္မတာလာတာမျိုး၊
ဓမ္မတာ စက်ဝိုင်းပြောင်းလဲမှု၊
တင်ပါးဆုံ ဧရိယာတစ်ဝိုက်နာကျင်နေခြင်း၊
အစာစားခြင်းစိတ်မရှိခြင်း ၊
အကြောင်းပြချက်မရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း၊
ဝမ်းဗိုက် ပူလာခြင်း စတဲ့ အရာတွေကိုတွေ့လာရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
အန္တရာယ်မရှိတဲ့ ရေအိတ်တွေက ကင်ဆာကျိတ် အဖြစ် ပြောင်းလဲသွားခြင်း မရှိပါဘူး။ သို့ပေမယ့် မျိုးဥအိမ် ကင်ဆာရဲ့ လက္ခဏာတွေက မျိုးဥအိမ်ရေအိတ်ရဲ့ လက္ခဏာတွေနဲ့ တူနေနိုင်တဲ့အတွက် ပုံမှန်စစ်ဆေးမှု လုပ်ဖို့ က အရေးကြီးပါတယ်။

ရေးသားသူ- Arkar Hein

သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ စစ်ဆေးခြင်း

သားဥအိမ်ကင်ဆာဖြစ်နိုင်ခြေ က သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ ပိုများပါတယ်။ ငယ်ရွယ်ပေမယ့် မိသားစုမျိုးရိုးရှိတာ၊ ကင်ဆာဖြစ်နိုင်တဲ့ မျိုးဗီဇရှိရင်လည်း ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်မဆောင်သော အမျိုးသမီးများ မျိုးဥအိမ် ကင်ဆာပိုဖြစ်နိုင်သလား
သားဥအိမ် ရေအိတ်တည်ခြင်း ရောဂါစု PCOS ကို သက်သာစေနိုင်မယ့် အစေ့အဆန်တွေ
နောက််ထပ်ဆောင်းပါး

မမျိုးဥအိမ် ရေအိတ်တည်ခြင်း နဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။
Hello Sayarwon Panel မှ အချက်အလက်များကို စစ်ဆေးပြီးပါသည်။

ဒီတစ်ခေါက်တော့ မမျိုးဥအိမ် ရေအိတ်တည်ခြင်း နဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

မမျိုးဥအိမ် ရေအိတ်တည်ခြင်း နဲ့ ကိုယ်ဝန်ရခြင်း မရခြင်း ။ ။
မမျိုးဥအိမ် ရေအိတ်တည်ခြင်း ပြဿနာဟာ မိန်းကလေး တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုပါ။ ဖြစ်လေ့ရှိကြတဲ့ဆိုပေမယ့် မမျိုးဥအိမ်မှာ ရေအိတ်တည်တဲ့ ပြဿနာ ကိုယ့်မှာရှိနေတယ်ဆိုတဲ့အကြောင်း သိတဲ့ မိန်းကလေးတွေက နည်းပါတယ်။ အများစုကတော့ အာထရာဆောင်းရိုက်ရင်းနဲ့မှ မတော်တဆ တွေ့သွားတတ်ကြတာများပါတယ်။ ကြားဖူးကြတာရှိတယ်မလား။ မမျိုးဥအိမ်မှာ ရေအိတ်တည်ရင် ကိုယ်ဝန်ရဖို့ အနှောင့်အယှက်ရှိနိုင်တဲ့ ဆိုတဲ့ အကြောင်းတွေ။ ဒါတွေက အမှန်ပဲလား။

မျိုးဥအိမ်ကရေအိတ်နဲ့ ကိုယ်ဝန်အကြောင်း မပြောခင် မမျိုးဥအိမ်မှာ ရေအိတ်တည်တာ ဘယ်လိုဖြစ်တာလဲဆိုတဲ့အကြောင်း အရင်သိဖို့လိုအပ်ပါတယ်။

အမျိုးသမီးတစ်ယောက်ရဲ့ မျိုးပွားအင်္ဂါအစိတ်အပိုင်းမှာ မက်မွန်သီး နဲ့ ပုံစံရော၊ အရွယ်အစားပါ အတူတူ လောက် ရှိတဲ့ မျိုးဥအိမ် ၂ခုရှိပါတယ်။ မျိုးဥအိမ် တစ်ခုက သားအိမ် ရဲ့တစ်ဖက် တစ်ချက်စီမှာ တည်ရှိပါတယ်။ မျိုးဥတွေဟာ မျိုးဥအိမ် ထဲမှာ ကြီးထွားလာပြီး လစဉ် ဓမ္မတာ စက်ဝန်းကာလအတွင်းမှာ မျိုးဥအိမ်က ထွက်ရှိပါတယ်။

မျိုးဥအိမ် ရေအိတ် ဆိုတာ မျိုးဥအိမ်အတွင်းနဲ့ မျိုးဥအိမ် မျက်နှာပြင်ပေါ်မှာ ဖြစ်တတ်တဲ့ အရည်တွေပြည့်နေတဲ့ အိတ်ကိုခေါ်တာပါ။ မျိုးဥအိမ်ရေအိတ်တွေရဲ့ အရွယ်အစားကတော့ အမျိုးမျိုးရှိပြီး ပဲစေ့အရွယ်ကနေ လိမ္မော်သီးထက်ကြီးတဲ့ အရွယ်အထိ ရှိပါတယ်။ မျိုးဥအိမ်ရေအိတ်တည်တယ်ဆိုတာ ကင်ဆာရောဂါဖြစ်တာ လည်း မဟုတ်သလို အများစုက ကျန်းမာရေးအတွက် အန္တရာယ်လည်း မရှိတတ်ကြပါဘူး။

မျိုးဥအိမ် အမျိုးအစားများ
( ၁ ) Functional Cysts ( ရာသီစက်ဝန်းကြောင့်ဖြစ်ရတဲ့ ပုံမှန်ရေအိတ်)

Follicular cyst – မမျိုးဥထွက်လာဖို့ မျိုးဥကိုသိမ်းထားတဲ့ follicles လေးတွေ မပေါက်ကွဲဘဲ ကြီးလာတဲ့ပြဿနာ
Corpus Luteal cyst – follicle အဆင့်မှ ကော်ပတ်စ် လူတီယမ် (corpus luteum) အဆင့်ထိ ကြီးထွားလာပြီးနောက် တစ်ခါတစ်ရံ အရည်များက corpus luteum အထဲ စုမိနေတဲ့အခါ ရေအိတ် ဖြစ်လာနိုင်ပါတယ်။
( ၂ ) ပုံမှန်မဟုတ်ရောဂါကြောင်ဖြစ်သော ရေအိတ်များ

Dermoid Cyst – မျိုးဥအိမ် အရည်အိတ်အတွင်း ဆံပင်တွေ၊ သွားတွေရှိတဲ့အလုံးတည်တဲ့ပြဿနာ
Cystadenomas – Cystadenomas ဆိုတာ မျိုးဥအိမ်ရဲ့အပေါ်ယံ အလွှာပေါ်မှာ ဖြစ်ပွားလေ့ရှိတဲ့ ကျန်းမားရေး ဆိုးကျိုး မပေးတဲ့ အကျိတ်မျိုး ဖြစ်ပါတယ် Cystadenomas ရေအိတ် ၈၀ ရာခိုင်နှုန်းကတော့ ကျန်းမာရေး အန္တရာယ်မရှိကြဘဲ ၁၀ ရာခိုင်နှုန်းကတော့ အန္တရာယ်ပေးနိုင်တဲ့ အကျိတ်တွေ ဖြစ်နိုင်သလို ကျန်၁၀ကတော့ အန္တရာယ် ဖြစ်စေနိုင်တာက တစ်ဝက်၊ အန္တရာယ်တစ်ဝက်မျိုးနဲ့ ဖွဲ့စည်းထားပါတယ်။
Endometriomas – ဒီရေအိတ်တွေကတော့ သားအိမ် (uterus ) ရဲ့ အနားသတ်ဆဲလ်တွေက သားအိမ် အပြင်ဘက် ကြီးထွားတဲ့အခါ ဖြစ်ပေါ်တဲ့ ရေအိတ်တွေပါ။
Polycystic O***y Syndrome – ဒါကတော့ သားဥအိမ်ပတ်လည်မှာ အရည်အိတ် အများကြီးတည်တဲ့ ပြဿနာတစ်ခုပါ။
မျိုးဥအိမ် ရေအိတ်နဲ့ ကိုယ်ဝန် ။ ။
တချို့ကြားဖူးနေကြသလို မျိုးဥအိမ်မှာ ရေအိတ်တည်ပြီဆိုတာနဲ့ ကလေးမရနိုင်တော့ဘူးဆိုတာ ၁၀၀ ရာခိုင်နှုန်း မှန်ကန်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မျိုးဥမှာ ရေအိတ်ရှိပေမယ့်လည်း ကိုယ်ဝန်ရသွားတဲ့သူတွေ အများကြီးပါ။ ကိုယ်ဝန် ရခြင်း မရခြင်းဟာ ကိုယ်ဖြစ်နေတဲ့ မျိုးဥအိမ် ရေအိတ် အမျိုးအစားပေါ် မူတည်နေတဲ့ အရာပါ။ ခုပြောပြမယ့် မျိုးဥအိမ်ရေအိတ်တည်တဲ့ အမျိုးအစားတွေက ကိုယ်ဝန်ရဖို့ ခက်ခဲတာကို ဖြစ်စေတတ်ပါတယ်။

Endometriomas – ဒီရေအိတ်တွေကတော့ သားအိမ် (uterus ) ရဲ့ အနားသတ်ဆဲလ်တွေက သားအိမ် အပြင်ဘက် ကြီးထွားတဲ့ အခါ ဖြစ်ပေါ်တဲ့ ရေအိတ်တွေဖြစ်တာကြောင့် မမျိုးဥပြွန်ကို သွားပိတ်ပြီး ကိုယ်ဝန်ရနိုင်ချေကို လျော့ကျစေပါတယ်။ ဒါပေမယ့် Endometriomas ရေအိတ်တည်နေတဲ့သူတိုင်း ကလေးမရနိုင်ဘူးလို့ ပြောလို့မရပေမယ့် ကလေးမရတဲ့အမျိုးသမီး ၅၀ ရာခိုင်နှုန်းမှာ Endometriomas အရည်အိတ်ရှိနေတတ်ပါတယ်။ ဒီတော့ Endometriomas ကို ကာကွယ်ချင်ရင် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ အရက်ကိုရှောင်ပါ။ ကဖင်းဓာတ်အများကြီးပါတဲ့ အချိုရည်တွေကို ကော်ဖီတွေကို လျှော့ပါ။

Polycystic O***y Syndrome – ဒီ သားဥအိမ်ပတ်လည်မှာ အရည်အိတ်တည်တဲ့ ပြဿနာဟာ အမျိုးသမီးတွေ ကလေးမရနိုင်ခြင်းကို အများဆုံး ဖြစ်စေတဲ့အကြောင်းတစ်ခုပါ။ သားဥအိမ်မှာ အရည်အိတ်တွေ အများကြီးတည်နေတဲ့အခါ ပုံမှန်ထွက်ရမယ့် ဟော်မုန်းတွေ မထွက်တော့တာကြောင့် မမျိုးဥကို ထုတ်ပေးမယ့် Follicle လည်းမကွဲတော့ဘဲ အတွင်းမှာ အရည်တွေစုလာ၊ မမျိုးဥလေးလည်း ထွက်မလာ၊ ရာသီမှန်အောင် ထိန်းထားပေးတဲ့ progestrone ဟော်မုန်းလည်း ထွက်မလာတော့တာကြောင့် ကိုယ်ဝန်ရဖို့ ခက်ခဲသွားတာ ဖြစ်ရပါတယ်။

ကိုယ့်မှာ မျိုးဥအိမ်ရေအိတ်လည်းရှိတယ် ကိုယ်ဝန်လည်းရှိနေတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ ။ ။

ကိုယ်ဝန် စစချင်းကာလမှာ မျိုးဥအိမ်မှာ ရေအိတ်တည်တာမျိုးတွေ ဖြစ်တတ်တယ်ဆိုပေမယ့် အများအားဖြင့်တော့ စိုးရိမ်မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဝန်တစ်လျှောက် ရေအိတ်ကဆက်ပြီး ကြီးထွားလာမယ်ဆိုရင် မီးဖွားချိန်မှာ အခက်အခဲဖြစ်နိုင်သလို၊ ရေအိတ်ပေါက်ကွဲသွားတတ်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ ကိုယ်ဝန်ကို အပ်ထားပြီး ပုံမှန်ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ။

ရေးသားသူ – Dr. Thinl Yadanar

Address

Kantkaw Street, Min Bu New Bazaar
Minbu
+959

Telephone

+959953358333

Website

Alerts

Be the first to know and let us send you an email when Nan Taw Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram