NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး

NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး, Pharmaceutical Company, No. 88, 91st Street, Mingalar Taung Nyunt.

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယ မှာ မိဘပြည်သူအပေါင်း ကျန်းမာသုခနှင့်ပြည့်စုံပါစေကြောင်း နေလကမ္ဘာမိသားစုမှ ဆုတောင်းမေတ္တာပို...
06/10/2025

ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယ မှာ မိဘပြည်သူအပေါင်း ကျန်းမာသုခနှင့်ပြည့်စုံပါစေကြောင်း နေလကမ္ဘာမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#သီတင်းကျွတ်လပြည့်

🪾လေးညှင်းပွင့်ကနေရတဲ့ လေးညှင်းဆီဟာဆိုရင် ကိုက်ခဲနာကျင်ခြင်းကို သက်သာစေသော အစွမ်းရှိပြီး သွေးလည်ပတ်မှုကိုကောင်းစေကာ ရောင်...
28/09/2025

🪾လေးညှင်းပွင့်ကနေရတဲ့ လေးညှင်းဆီဟာဆိုရင် ကိုက်ခဲနာကျင်ခြင်းကို သက်သာစေသော အစွမ်းရှိပြီး သွေးလည်ပတ်မှုကိုကောင်းစေကာ ရောင်ရမ်းခြင်းတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

🦵🏼ဒါကြောင့် ဒူးနာ၊ ခါးနာ၊ ကြွက်သားများနာကျင်ကိုက်ခဲ၊ ဇက်ကြောတက်၊ ခြေလက်ထုံကျင်၊ လေဖြန်းလေငန်း၊ လေးဖက်နာ၊ အကြောတွေတောင့်တင်း၊ အဆစ်အမြစ်တွေရောင်ရမ်းတဲ့အခါမှာ လေးညှင်းဆီပါဝင်တဲ့ နေလကမ္ဘာ ဒဏ်ကျေဖျန်းဆေးကိုသာ သုံးလိုက်ပါ။ ရှိန်းရှိန်းနွေးနွေးလေးနဲ့ ဝေဒနာတွေကို ယူပစ်သလို သက်သာစေပါလိမ့်မယ်☺️

🔺သုံးစွဲရလွယ်ကူတဲ့ဖျန်းဆေးပုံစံက အချိန်နေရာမရွေး သယ်ဆောင်သုံးစွဲရ လွယ်ကူစေပါတယ်။ အားကစားသမား၊ သက်ကြီးရွယ်အို၊ အိမ်ရှင်မ၊ ရုံးသမား၊ ကျောင်းသမားတိုင်း လက်စွဲထားသင့်သည့် ဆေးစွမ်းတစ်လက် ဖြစ်ပါတယ်။ နေလကမ္ဘာဒဏ်ကျေဖျန်းဆေး တစ်ဗူးကို ၄၈၀၀ ကျပ်ဖြင့် မှာယူနိုင်ပါပြီ။

သင့်ကျန်းမာရေးကို စောင့်ရှောက်ဖို့ နေလကမ္ဘာဆေးဝါးများက အမြဲအသင့်ရှိနေပါတယ်။

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေဖျန်းဆေး #ဒူးနာ #ကိုက်ခဲနာကျင် #ဇက်ကြောတက် #ခါးနာ

🧠 အာရုံကြောအားနည်းခြင်း လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူ ခေါင်းကိုက်၊ အမြင်မကြည်၊ ဇက်ကြောတက်၊ မျက်ရိုးကိုက်၊ ခေါင်းအုံ ခေါင်းကိ...
22/09/2025

🧠 အာရုံကြောအားနည်းခြင်း လက္ခဏာတွေဖြစ်တဲ့ ခေါင်းမူ ခေါင်းကိုက်၊ အမြင်မကြည်၊ ဇက်ကြောတက်၊ မျက်ရိုးကိုက်၊ ခေါင်းအုံ ခေါင်းကိုက်၊ အိပ်မပျော်၊ မှတ်ဉာဏ်အားနည်း၊ အာရုံစူးစိုက်မရဖြစ်နေပြီဆိုရင် နေလကမ္ဘာ အာရုံကြောအားတိုးဆေးရှိတယ်နော် …

🪵မြန်မာ့ဂျင်းဆင်းလို့တင်စားခေါ်ဝေါ်ကြတဲ့ အစွမ်းထက် တိုင်းရင်းဆေးပင်တောင်ကြာဥနဲ့ အဓိကဖော်စပ်ထုတ်လုပ်ထားပြီး အကြောအားနည်းခြင်းကိုသက်သာစေတာကြောင့် အာရုံကြောအားနည်းတဲ့အခါမှာ ဖြစ်တတ်သည့်ဝေဒနာများကို သက်သာစေပါတယ်။

🔺အာရုံကြောအားနည်း မှတ်ဉာဏ်အားနည်းခြင်းတွေကြုံတွေ့နေရပြီဆိုရင် နေလကမ္ဘာ အာရုံကြောအားတိုးဆေးကို တစ်နေ့လျှင်(၂)ကြိမ် သုံးစွဲကြည့်ပါ။
ခေါင်းကြည်ပြီး ကိုယ်လက်ပေါ့ပါးလို့ ဝေဒနာသက်သာလာတာကို လက်တွေ့ခံစားရမှာပါ။

🔺နေလကမ္ဘာအာရုံကြောအားတိုးဆေး အလုံး(၁၈၀)ပါတစ်ဗူးလျှင် ၇၅၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံအနှံ့ အိမ်အရောက်ငွေချေနှင့် မှာယူနိုင်ပါပြီ 📦

#အာရုံကြောအားတိုးဆေး #နေလကမ္ဘာ #သမားကိုင်ဆေး #တိုင်းရင်းဆေး #မြန်မာဆေး

🌳 အပူအပုပ်တွေများလို့ ဝမ်းချုပ်ခြင်း🌳 ဝမ်းသွားရခက်ခဲသော အကျင့်ရှိခြင်း🌳 အကြောတက်စာများ အစားများခြင်း🌳 လေထိုး လေအောင့် ဗိ...
17/09/2025

🌳 အပူအပုပ်တွေများလို့ ဝမ်းချုပ်ခြင်း
🌳 ဝမ်းသွားရခက်ခဲသော အကျင့်ရှိခြင်း
🌳 အကြောတက်စာများ အစားများခြင်း
🌳 လေထိုး လေအောင့် ဗိုက်ပွ မအီမသာဖြစ်ခြင်း
🌳 အပူများလို့ ခံတွင်းနံနံ့ခြင်း
🌳 ဝက်ခြံ၊ အဖုအပိန့်များထွက်ခြင်း တို့ဖြစ်နေပြီဆိုရင် ဝမ်းကျန်းမာရေးကို ဂရုစိုက်ဖို့အရေးကြီးနေပါပြီ။

ဝမ်းချုပ်တတ်ရင် အစားအစာအပြင် သင့်တော်သော ဆေးဝါးများသုံးစွဲသင့်သလို သုံးစွဲသည့်ဆေးဝါးများမှာလည်း ဘေးထွက်ဆိုးကျိုးများမရှိစေဖို့ အရေးကြီးပြန်ပါတယ်။

နေလကမ္ဘာကထုတ်လုပ်ထားတဲ့ ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေးမှာဆိုရင် ရှားစောင်းကရသော မုတ်ခါး၊ မက်လင်ချဉ်၊ ပွေးကိုင်းတို့လို သဘာဝပစ္စည်းများနှင့်သာ ဖော်စပ်ထားပြီး နေ့စဉ်ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဝမ်းနှုတ်ဆေးမဟုတ်တာကြောင့် နေ့စဉ်ပုံမှန်ညအိပ်ရာမဝင်ခင် သောက်သုံးပေးနိုင်ပြီး ဗိုက်ရစ်ဗိုက်နာခြင်းမရှိပဲ ပေါ့ပါးလန်းဆန်းဖို့ ကူညီပေးနိုင်ပါတယ်နော်

တစ်ဗူးလျှင် ၄၈၀၀ ကျပ်ဖြင့် အိမ်အရောက်မှာယူနိုင်ပါတယ်နော်

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေး #ဝမ်းချုပ် #ဝမ်းမှန်

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတလျှောက်မှာ ကျောက်တည်ခြင်းကို ခံစားနေရပြီလား...🔺နေလကမ္ဘာဆီးကျောက်ကြေဆေးမှာဆိုရင် ကျောက်တွေက...
11/09/2025

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတလျှောက်မှာ ကျောက်တည်ခြင်းကို ခံစားနေရပြီလား...🔺

နေလကမ္ဘာဆီးကျောက်ကြေဆေးမှာဆိုရင် ကျောက်တွေကိုချေဖျက်ပေးနိုင်တဲ့ ကျောက်ကွဲရွက်၊ သံမနိုင်ကျောက်မနိုင်တို့ ပါဝင်တာမို့ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းတလျှောက်က ကျောက်တွေကို စွန့်ထုတ်နိုင်ဖို့ ကူညီပေးပါတယ်။

ကျောက်တည်ခြင်းအပြင် ဆီးပူ၊ ဆီးအောင့်၊ ဆီးကျန်၊ ဆီးဝါ၊ ဆီးသွားအားမရ၊ ဆီးအနည်ပါခြင်းတို့လို ဆီးပြဿနာများအတွက်ပါ သောက်သုံးနိုင်တဲ့ အစွမ်းထက် သမားကိုင်တိုင်းရင်းဆေးစစ်စစ်ဖြစ်ပါတယ်။

တစ်နေ့ကို(၂)ကြိမ် တစ်ခါသောက်(၃)လုံးကနေ (၅)လုံးထိသောက်နိုင်ပြီး တန်ဖိုးအနေဖြင့် အလုံး(၁၈၀)ပါတစ်ဗူးလျှင် ၇၅၀၀ကျပ်ဖြင့် မှာယူရရှိနိုင်ပါသည်။

အမြို့မြို့အနယ်နယ်ရှိ ဆေးဆိုင်များတွင်လည်း ဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းပြောင်းလဲနိုင်ကြောင်းကိုလည်း အသိပေးပါရစေခင်ဗျာ...

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ကျောက်တည်ခြင်း #ဆီးကျောက်ကြေဆေး #ဆီးပူ #ဆီးအောင့် #သံမနိုင်ကျောက်မနိုင် #ကျောက်ကွဲရွက်

အခုလိုရာသီဥတုမှာလေးဖက်နာသမားတွေအတွက် အရေးကြီးဆုံးက ခြေ၊ လက်တွေကို နွေးနွေးထွေးထွေးထားဖို့ပါ။ခြေလက်တွေကို မိုးရေစိုခြင်း၊...
24/08/2025

အခုလိုရာသီဥတုမှာလေးဖက်နာသမားတွေအတွက် အရေးကြီးဆုံးက ခြေ၊ လက်တွေကို နွေးနွေးထွေးထွေးထားဖို့ပါ။

ခြေလက်တွေကို မိုးရေစိုခြင်း၊ ရေစိုနဲ့ကြာရှည်နေခြင်းတွေက ခြေဆစ်လက်ဆစ်တွေကို ကိုက်ခဲ၊ တောင့်တင်း၊ ယောင်ရဲ၊ နာကျင်ခြင်းကို ပိုဆိုးစေမှာပါ။

ဒါကြောင့် ခြေဆစ်လက်ဆစ်တွေကို
🔺အကြောလျော့စေသော လေ့ကျင့်ခန်းတွေပုံမှန်
ပြုလုပ်ပါ။
🔺မိုးရေမစိုအောင်နေထိုင်ဆင်ခြင်ပါ။
🔺ကိုက်ခဲယောင်ရဲသက်သာအောင် နေလကမ္ဘာလေးဖက်နာသောက်ဆေးကို နေ့စဉ်သောက်ပါ။
🔺ဒါအပြင် ခြေလက်များနွေးထွေးစေဖို့ နေလကမ္ဘာဖျန်းဆေးကို အသားထဲစိမ့်ဝင်အောင်လိမ်းပါ။
🔺အဆစ်ကြီးနေရာများကို နေလကမ္ဘာဆေးကပ်ခွါကိုသုံးပေး
ပါ

စျေးနှုန်းများအနေဖြင့်
📍နေလကမ္ဘာလေးဖက်နာသောက်ဆေး -၄၈၀၀ကျပ်
📍နေလကမ္ဘာဒဏ်ကျေဖျန်းဆေး - ၄၈၀၀ ကျပ်
📍နေလကမ္ဘာဆေးကပ်ခွါ(၁၀)ချပ်ပါ - ၁၂၃၀၀ ကျပ်

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #လေးဖက်နာသောက်ဆေး #ဂေါက်ရောဂါ #ဒဏ်ကျေဖျန်းဆေး #ဒူးနာ #ခါးနာ #ဆေးကပ်ခွါ

☔️☀️ရာသီဥတုအပြောင်းအလဲ အပူအအေးမမျှတနေတဲ့ အခုလိုကာလမှာ လေးဖက်နာသမားများအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။☀️အပူအအေးမမျှတတဲ့အချိန်...
12/08/2025

☔️☀️ရာသီဥတုအပြောင်းအလဲ အပူအအေးမမျှတနေတဲ့ အခုလိုကာလမှာ လေးဖက်နာသမားများအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။

☀️အပူအအေးမမျှတတဲ့အချိန်မှာ အနေအထိုင်၊ အစားအသောက်မှားယွင်းတာနဲ့ လေးဖက်နာကြောင့်ဖြစ်သော အဆစ်အမြစ်တွေခဲပြီး ရောင်ရမ်းနာကျင်တာတွေဖြစ်နိုင်ပါတယ်။

ယခုလိုအချိန်ကာလမှာ
🔺အစားအသောက်ဆင်ခြင်ပါ။
🔺အဆစ်များမခဲစေဖို့ သင့်တင့်သောလေ့ကျင့်ခန်းများ လုပ်ပေးပါ။
🔺အဆစ်များကိုက်ခဲနေရင် ကြွက်သားများပြေလျော့ပြီး ရောင်ကျစေသောဆေးများလိမ်းနိုင်သလို သောက်ဆေးအနေပါ နေလကမ္ဘာရဲ့လေးဖက်နာသောက်ဆေးကို ရွေးချယ်နိုင်ပါတယ်။

🍀နေလကမ္ဘာက လေးဖက်နာအတွက် အကောင်းဆုံးသောပရဆေးပင် တောင်မရိုးကို အရောင်ကျ အကိုက်အခဲသက်သာစေသော ဆေးခါးကြီး၊ သမြှားနီ၊ နနွင်း၊ ပျားရည်တို့နှင့် ဖော်စပ်ထားတာမို့ လေးဖက်နာဝေဒနာရှင်များ ပုံမှန်မှီဝဲပေးရန် သင့်တော်သော ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။

📍အလုံး (၉၀)ပါဝင်သော ဆေးတစ်ဗူးလျှင် ၄၈၀၀ ကျပ်ဖြင့် ဖြန့်ချိပေးနေပြီး Page Chat box တွင် အိမ်အရောက်ငွေချေစနစ်ဖြင့် မှာယူနိုင်သလို မြို့နယ်အလိုက်နီးစပ်ရာဆေးဆိုင်များတွင်လည်း မေးမြန်းဝယ်ယူနိုင်ပါတယ်ခင်ဗျာ

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #လေးဖက်နာသောက်ဆေး #ဂေါက်ရောဂါ

နေလကမ္ဘာ ဒဏ်ကျေဖျန်းဆေးဟာဆိုရင် ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း၊ အကြောတက်၊ ညောင်းညာခြင်းတို့သာမက …🔺နှာစေး နှာပိတ် နှာရည်ယိုနေရင...
30/07/2025

နေလကမ္ဘာ ဒဏ်ကျေဖျန်းဆေးဟာဆိုရင် ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း၊ အကြောတက်၊ ညောင်းညာခြင်းတို့သာမက …
🔺နှာစေး နှာပိတ် နှာရည်ယိုနေရင် လက်ဖဝါးထဲထည့်ပွတ်ပြီး ရှုပေးပါ။
🔺ခေါင်းမူး ခေါင်းကိုက် ခေါင်းမကြည်ရင် နားထင်နှင့် ဇက်ကြောများကို လိမ်းပေးပါ။
🔺လေထိုး လေအောင့်နေရင် ရင်ခေါင်းမှ ဝမ်းဗိုက်တလျှောက်ကို ပွတ်လိမ်းပေးပါ။

👉🏼သုံးစွဲချိန်မှာ ပြင်းထန်တဲ့ပရုတ်အနံ့များ အဝတ်အစားများတွင် မစွဲစေအောင် ဖော်စပ်ထားပြီး ဖျန်းဆေးပုံစံမို့ သုံးရလွယ်ကူပါတယ်။
👉🏼အားကစားသမား၊ ကာယလုပ်သားများ၊ နာကျင်ကိုက်ခဲတတ်သူများ၊ အညောင်းထိုင်အကြောတက်သူများ၊ ခေါင်းမူးခေါင်းကိုက်၊ နှာစေးနှာပိတ်၊ လေထိုးလေအောင့်ဝေဒနာများအထိ သုံးနိုင်တာမို့ အိမ်တိုင်းဆောင်ထားသင့်တဲ့ ဆေးဝါးတစ်လက်ပဲဖြစ်ပါတယ်။

📌ဖျန်းဆေးတစ်ဗူးလျှင် ၄၈၀၀ ကျပ်
📌အညွှန်း: တစ်နေ့လျှင် (၃)ကြိမ် အသားထဲစိမ့်ဝင်အောင် ပွတ်သပ်လိမ်းပေးပါ။

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ဒဏ်ကျေဖျန်းဆေး #ဒူးနာ #ခါးနာ #နှာစေးနှာပိတ် #ခေါင်းကိုက် #လေထိုးလေအောင့်

♥️နှလုံးဝေဒနာများအတွက် အကောင်းဆုံးသော မြန်မာ့တိုင်းရင်းဆေးပင်ဖြစ်သည့် ပိတောက်မှိုကနေ ထုတ်လုပ်ထားတဲ့ နေလကမ္ဘာ နှလုံးအားဆေ...
24/07/2025

♥️နှလုံးဝေဒနာများအတွက် အကောင်းဆုံးသော မြန်မာ့တိုင်းရင်းဆေးပင်ဖြစ်သည့် ပိတောက်မှိုကနေ ထုတ်လုပ်ထားတဲ့ နေလကမ္ဘာ နှလုံးအားဆေး ဟာဆိုရင် စားမဝင်၊ အိပ်မပျော်၊ နှလုံးတုန်၊ ရင်တုန်၊ မူးဝေမောပန်း၊ ချွေးထွက်များ၊ စိုးရိမ်စိတ်လွန်ကဲခြင်းတွေကို လျော့ပါးသက်သာစေပါတယ်။

🥃အမှုန့်ပုံစံထုတ်လုပ်ထားတဲ့ နေလကမ္ဘာ နှလုံးအားဆေးကို ရေနှင့်ဖျော်၍ဖြစ်စေ အမှုန့်ချည်းဖြစ်စေ သောက်သုံးနိုင်ပြီး နေစဉ့်သုံးစွဲပေးရင် စားကောင်း အိပ်ပျော် နှလုံးအေးစေနိုင်ပါတယ်

♥️စျေးနှုန်း - ၄၈၀၀ ကျပ်
♥️ဆေးညွှန်း - တစ်နေ့လျှင် (၂)ကြိမ်မှ (၃)ကြိမ်၊ လက်ဖက်စားဇွန်း တစ်ဇွန်းစာပမာဏ

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #နှလုံးအားဆေး #ပိတောက်မှို #နှလုံးတုန်

🔺အပူအပုပ်များပြီး ဝမ်းချုပ်ခြင်း🔺ဝမ်းကောင်းကောင်းမသွားခြင်း🔺ဝမ်းသွားရတာအားမရခြင်း🔺ဝမ်းသွားရခက်ခြင်းဝမ်းချုပ်ခြင်းနောက်ဆက...
20/07/2025

🔺အပူအပုပ်များပြီး ဝမ်းချုပ်ခြင်း
🔺ဝမ်းကောင်းကောင်းမသွားခြင်း
🔺ဝမ်းသွားရတာအားမရခြင်း
🔺ဝမ်းသွားရခက်ခြင်း
ဝမ်းချုပ်ခြင်းနောက်ဆက်တွဲဖြစ်တဲ့
🔺ခေါင်းမကြည်၊ လေးလံထိုင်းမှိုင်းခြင်း
🔺ဝမ်းသွားသွေးပါခြင်း
🔺လိပ်ခေါင်းရောဂါတွေ ဖြစ်နေပြီဆိုရင် ဖြေရှင်းပေးနိုင်တဲ့ နေလကမ္ဘာရဲ့ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေး ရှိနေပါပြီ။

ဝမ်းမှန်ဆေးဖြစ်တာကြောင့် နေ့စဉ်ပုံမှန်သောက်သုံးနိုင်ပြီး ကျား၊ မ၊ အသက်မရွေးမရွေး သုံးစွဲနိုင်ပါတယ်။

ဆေးညွှန်း - ညအိပ်ရာမဝင်မီ ဆေး(၃)ပြားမှ (၅)ပြား
စျေးနှုန်း - ၄၈၀၀ ကျပ် (အလုံး၉၀)

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ရှားစောင်းလက်ပတ်ဝမ်းမှန်ဆေး #ဝမ်းချုပ် #ဝမ်းမှန်

မမေ့ရက်စရာ (၁၉)ဂျူလိုင် အာဇာနည်နေ့ #နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #အာဇာနည်နေ့
19/07/2025

မမေ့ရက်စရာ (၁၉)ဂျူလိုင် အာဇာနည်နေ့

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး
#အာဇာနည်နေ့

ကျောက်ကပ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောက်တည်လာတဲ့အခါ ဆီးသွားတိုင်းနာကျင်တာ၊ ဆီးသွားရခက်တာ၊ ဆီးသွားတိုင်းသွေးပါတာ၊...
13/07/2025

ကျောက်ကပ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ကျောက်တည်လာတဲ့အခါ ဆီးသွားတိုင်းနာကျင်တာ၊ ဆီးသွားရခက်တာ၊ ဆီးသွားတိုင်းသွေးပါတာ၊ ခါးနောက် အောက်ဘက်ပိုင်းနာကျင်တာ၊ ဆီးပိုးဝင်တာတွေအထိဖြစ်နိုင်ပြီး ကျောက်အရွယ်အစားကြီးလာပါက ခွဲစိတ်ရသည်အထိ ဖြစ်နိုင်ပါတယ် ❗️

ဒါကြောင့် ဆီးနောက်တာ၊ အနည်အမှုန်များပါတာ၊ ဆီးပူတာ၊ ဆီနံ့ပြင်းတာကနေစပြီး ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းတလျှောက်မှာ ကျောက်တည်နေတာတွေအထိ ကျောက်တွေကို ချေဖျက်ပေးနိုင်သည့် နေလကမ္ဘာ ဆီးကျောက်ကြေဆေးကို မှီဝဲပေးနိုင်ပါသည်။

ကျောက်ကွဲရွက်၊ သံမနိုင်ကျောက်မနိုင်တို့လို ကျောက်တွေကိုချေဖျက်​နိုင်သည့် ဆေးပင်များနှင့် ဖော်ပါထားတာကြောင့် ကျောက်များကိုကျေပီး အမြန်ဆုံးရှင်းနိုင်တဲ့ အစွမ်းထက်သမားကိုင်တိုင်းရင်းဆေးဖြစ်ပါတယ်။

📍နေလကမ္ဘာ ဆီးကျောက်ကြေဆေး တစ်ဗူးလျှင် အလုံးရေ(၁၈၀)ပါဝင်ပီး ၇၅၀၀ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။
📍ဆေးညွှန်း- တစ်နေ့လျှင် နှစ်ကြိမ်၊ တစ်ခါသောက်
ဆေး(၅)ပြား

#နေလကမ္ဘာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး #ကျောက်တည်ခြင်း #ကျောက်ကပ် #ဆီးလမ်းကြောင်း

Address

No. 88, 91st Street
Mingalar Taung Nyunt
11221

Opening Hours

Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Saturday 09:00 - 16:00

Telephone

+959444675026

Website

Alerts

Be the first to know and let us send you an email when NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NayLa Kabar-နေလကမ္ဘာဆေးဝါးထုတ်လုပ်ရေး:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram