28/02/2023
https://m.facebook.com/story.php?story_fbid=1456783824763828&id=100012966735054&mibextid=Nif5oz
🩸 ဆီးချိုရောဂါ ပြောင်းပြန်လှန်ပစ်ပါ
************************************
✅ ဆီးချိုရောဂါဆိုတာ သွေးထဲတွင် ပုံမှန်ရှိသင့်တာထက် Glucose-ဂလူးကိုစ်ဓါတ် ပိုလျှံနေသည့် ကျန်းမာရေးပြဿနာတစ်ခု ဖြစ်သည်။
💁 ဆီးချိုရောဂါ (၄)မျိုး အကြမ်းဖျဉ်း သတ်မှတ်ထားသည်။
(၁)အမျိုးစား(၁)ဆီးချို - အသက် ၁၅နှစ်အောက်တွင် စတင်သည်။
(၂)အမျိုးစား(၂)ဆီးချို - အသက် ၁၅နှစ်အထက်တွင် စတင်သည်။
(၃)ကိုယ်၀န်ဆောင်ဆီးချို - ကိုယ်၀န် ၅လနောက်ပိုင်းတွင် တွေ့ရများသည်။
(၄)ဆီးချိုအကြို - အမျိုးစား(၂)ဆီးချိုဖြစ်ဖို့ ဉီးတည်နေသည့် အနေထားဖြစ်သည်။ အသက်အရွယ်မရွေး အ၀လွန်၊ အထိုင်များပါက ဖြစ်နိုင်သည်။
◾️ ဆီးချို(၄)မျိုးထဲမှ အမျိုးစား(၁)ဆီးချိုသည် သရက်ရွက်(မုန့်ချိုအိတ်)မှ အင်ဆူလင် မထုတ်နိုင်၍ ဖြစ်ကြသည်။
◾️ ထို့ကြောင့် ဆီးချိုပြောင်းပြန်လှန်ဖို့ တစ်နည်းအားဖြင့် အင်ဆူလင်ထိုးဆေး ဖြုတ်ဖို့ မဖြစ်နိုင်ပါဟု ပြောနိုင်သည်။
◾️ (ရှားပါးအခြေနေ တစ်ချို့မှ လွှဲ၍)
✅ ကျန်ဆီးချို(၃)မျိုး ဖြစ်နေသူအားလုံးသည် 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 - ဘ၀နေထိုင်နည်း ပြောင်းလဲပြီး ဆီးချိုရောဂါ ပြောင်းပြန်လှန်နိုင်ကြသည်။
👉 ဆီးချိုပြောင်းပြန်လှန်ခြင်း ဆိုသည်မှာ...
◾️ ဆီးချိုဖြစ်နေသူတစ်ဉီး ဆေးသောက်/ဆေးထိုးရန်မလိုပဲ (အင်္ဂလိပ်၊မြန်မာ၊တရုတ်၊ဂျပန်...) သွေးတွင်းအချိုဓါတ် ပုံမှန်လူတစ်ယောက်ကဲ့သို့ ရှိနေခြင်း ဖြစ်သည်။
◾️ ဆီးချိုဖြစ်နေသူတစ်ဉီး မည်သည့်ဆေးမှ မသောက်/မထိုးရပဲ ၃လနှင့် ၆လ အကြာတွင် 𝗛𝗯𝗔𝟭𝗰 < 𝟲.𝟱%(𝟰𝟴𝗺𝗺𝗼𝗹/𝗺𝗼𝗹) အောက်ရှိနေလျှင် ဆီးချိုပြောင်းပြန်လှန်ပြီဟု သတ်မှတ်နိုင်သည်။
👉 ဘယ်သူတွေ ဆီးချိုပြောင်းပြန်လှန်လို့ ရသလဲ?
▶ အသက် ၇၅ကျော်နေသူများလည်း ပြောင်းပြန်လှန်နိုင်သလို ဆီးချိုသက်တမ်း နှစ်ပေါင်း ၂၀ကျော်နေသူများလည်း ပြောင်းပြန်လှန်နိုင်ကြပါပြီ။
◾️ အရှင်းဆုံးပြောရလျှင် အမျိုးစား(၁)ဆီးချိုမှ လွှဲ၍ ကျန်ဆီးချို(၃)မျိုး ဖြစ်နေသူအားလုံး ပြောင်းပြန်လှန်နိုင်သည်။
👉 ဆီးချိုဖြစ်နေတစ်ဉီး ဆီးချိုပြောင်းပြန်လှန်ဖို့ ဘာတွေလိုအပ်သလဲ?
ပထမလိုအပ်ချက် ▶ ဆေးမသောက်ပဲ ကျန်းမာစွာအသက်ရှည်ချင်သည့် "ဆန္ဒ" ရှိနေရမည်။
ဒုတိယအနေဖြင့် ▶ ဆီးချိုဘ၀နေထိုင်နည်း သင်ယူပြီးကျန်းမာသည့် ပြောင်းလဲမှုများ ပျော်ရွှင်စွာပြုလုပ်သွားကြည်။
တတိယအနေဖြင့် ▶ ပြောင်းလဲနေစဉ် အနီးကပ်လမ်းညွှန်အကြံပြုနိုင်မည့် ဆရာ၀န်(Lifestyle Medicine Physician) လိုအပ်ပါမည်။
😊 ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏 ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင် 🙏
🍀 အထက်ပါအကြောင်းအရာများကို ပါမောက္ခဒေါက်တာတင့်ဆွေလတ်ရေးသားထားသော ဆီးချိုသွေးချိုရောဂါအကြောင်းစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။ 🍀.
Sinocare Myanmar
Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ