ရွှေတော်ဝင် ဆေးရုံ မုံရွာမြို့

  • Home
  • Myanmar
  • Monywa
  • ရွှေတော်ဝင် ဆေးရုံ မုံရွာမြို့

ရွှေတော်ဝင် ဆေးရုံ မုံရွာမြို့ Private Hospital in Monywa

We Are Hiring Now! Welcome
03/10/2024

We Are Hiring Now! Welcome

ဆေးရုံ HR ဌာနသို့ ရုံးချိန်အတွင်း လာရောက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။ 071-24045,24046,24047 လိုင်းခွဲ -108
23/01/2024

ဆေးရုံ HR ဌာနသို့ ရုံးချိန်အတွင်း လာရောက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။ 071-24045,24046,24047 လိုင်းခွဲ -108

15/03/2023
၂၀၂၂ ခုနှစ်အတွက် ခွင့်ပျက်ကွက် လုံးဝမရှိ တစ်နှစ်ပတ်လုံး တာဝန်ထမ်းဆောင်ခဲ့ကြသော ရွှေတော်ဝင်ဆေးရုံ မိသားစု ဝန်ထမ်း (၆၂) ဦး...
11/01/2023

၂၀၂၂ ခုနှစ်အတွက် ခွင့်ပျက်ကွက် လုံးဝမရှိ တစ်နှစ်ပတ်လုံး တာဝန်ထမ်းဆောင်ခဲ့ကြသော ရွှေတော်ဝင်ဆေးရုံ မိသားစု ဝန်ထမ်း (၆၂) ဦး အတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပါသည်။

10/01/2023

♻️မေ့လျော့ခံ ကျောက်ကပ်ရောင် ရောဂါများ♻️

ဒီရက်ပိုင်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောက်ကပ်ပျက်တဲ့လူနာတွေအများကြီးတွေ့နေရတယ်၊ များသောအားဖြင့်အသက် ၄၀ အောက်ဖြစ်ကြပြီး အမျိုးသမီးတွေများပါတယ်။
ကျောက်ကပ်ဆရာဝန်ဆီရောက်လာတဲ့အချိန်မှာ သူတို့ရဲ့ ကျောက်ကပ်အခြေနေက နောက်ဆုံးအဆင့် ၅ ကိုရောက်နေပြီး ဘာမှဆက်လုပ်လို့မရတော့ တဲ့ အခြေနေတွေများပါတယ်။ အဲ့ဒါမို့ ကျောက်ကပ်ရောင်​ရောဂါတွေအကြောင်း နည်းနည်းပြောပြချင်ပါတယ်။

♻️ကျောက်ကပ်ရောင်အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ❓

ကျောက်ကပ်ရောင်ရောဂါဟာ ကားအမျိုးစားလိုပဲ အမျိုးအစားအများကြီးရှိပါတယ်၊ တစ်ချို့က ဘာမှလုပ်စရာမလိုပဲ ပြန်ကောင်းနိုင်ပြီး တစ်ချို့က အရောင်ကျဆေးတွေသွင်းမှ ပြန်ကောင်းနိုင်ပါတယ်၊ တစ်ချို့ကျတော့လည်း ဆေး၃ မျိုး ၄ မျိုးသွင်းရပြီး ပြန်ကောင်းဖို့တော်တော်ခဲယဥ်းပါတယ်၊ စနစ်တကျစောစောစီးစီးမကုရင်တော့ ဘာအမျိုးအစားနေနေ အနှေးနဲ့အမြန် ကျောက်ကပ်ပျက်စီးသွားမှာဖြစ်ပါတယ်။

​🔰ဘာလက္ခဏာတွေရှိသလဲ❓

ကျောက်ကပ်ရောင်ရမ်းမှု အမျိုးစားတွေနဲ့ ပြင်းထန်မှုအဆင့်တွေပေါ်မူတည်ပြီး ဘာလက္ခဏာမှ မပြတဲ့အဆင့်ကနေ ချက်ခြင်းကျောက်ကပ်ပျက်တဲ့အဆင့်ထိ အမျိုးမျိုးလာနိုင်ပါတယ်။

ကျောက်ကပ်ရောင်ရောဂါဖြစ်လာရင် များသောအားဖြင့် လူကောင်းအတိုင်းဖြစ်နေပြီး ခံစားရတဲ့ဝေဒနာက သိပ်မသိသာတော့ လူတွေက အရေးမထားကြပါဘူး။
တစ်ချို့ဆို ရောဂါဖြစ်လို့ဖြစ်မှန်းတောင် သတိမထားမိတက်ကြပါဘူး၊ အောက်ပါလက္ခဏာအစုများကတော့ ကျောက်ကပ်ရောင်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပါတယ်၊ တစ်ခုခြင်းလည်းဖြစ်တက်သလို အစုလိုက်လည်းဖြစ်တက်ပါတယ်၊

1. သွေးတိုးရောဂါ
2. ဆီးတွင်းသွေးပါခြင်း နှင့် အမြှုပ်ထခြင်း
3. မျက်နှာအမ်းခြင်း၊ခြေထောက်ရောင်ခြင်း
4. ဆီးနည်းခြင်း
5. မောပန်းနွမ်းနယ်ခြင်း တို့ဖြစ်ပါတယ်။

♻️ဘယ်လိုသူတွေမှာဖြစ်တက်သလဲ❓

လူတိုင်းဖြစ်နိုင်ပါတယ်၊ ကျားမ မရွေး၊အသက်အရွယ်မရွေး ကျောက်ကပ်ရောင်ရမ်းမှုဖြစ်တက်ပါတယ်၊ ရောဂါအခံမရှိလည်းဖြစ်တက်ပါတယ်၊ ဒါပေမယ့် အောက်ပါရောဂါအခံရှိသူများကတော့ သူများထက်ပိုပြီး ကျောက်ကပ်​ရောင်ရောဂါအဖြစ်များသဖြင့် အထက်ပါလက္ခဏာများရှိပ့က သေချာဂရုပြုစစ်ဆေးသင့်ပါတယ်။
1. အကိုက်အခဲပျောက်ဆေးများ၊တိုင်းရင်းဆေးများ ရေရှည်သောက်နေသူများ
2. လေးဘက်နာရောဂါအမျိုးမျိုးရှိသူများ
3. နှလုံးအဆို့ရှင်မကောင်းသူများ
4. ကင်ဆာရောဂါရှိသူများ
5. အသည်းရောင်အသားဝါရောဂါ(B,C)ရှိသူများ
6. ခုခံအားကျဆင်းသောရောဂါရှိသူများ

ရောဂါလက္ခဏာတွေအကြောင်းနဲ့ သတိပြုမိဖို့
အနည်းငယ်ပြောပြချင်ပါတယ်

♻️အသက်၄၀ အောက်သွေးတိုးခြင်း♻️

ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးပြီဆိုရင် ကျောက်ကပ်ရောင်တာကို စစ်ကိုစစ်ရပါမယ်။ တစ်ချို့က သွေးတိုးလို့ကျောက်ကပ်ပျက်ပြီး တစ်ချို့က ကျောကိကပ်ပျက်လို့ကို သွေးတိုးလာတက်လို့ မပေါ့သင့်ပါဘူး။ သွေးတိုးရောဂါဟာ လက္ခဏာသိပ်မပြတက်ပါဘူး၊ ခေါင်းကိုက်တာ၊ နေလို့အဆင်မပြေဖြစ်နေတာ စသည်လောက်သာ ဖြစ်တက်ပြီး သွေးပေါင်ချိန်မကြည့်ရင် မသိနိုင်ပါဘူး၊ ဒါမို့ ဘာကြောင့်နေမကောင်းဖြစ်ဖြစ် သွေးပေါင်ချိန်ကြည့်သင့်ပါတယ်။ အသက်၄၀ အောက် မည်သူမဆို သွေးတိုးရောဂါ ရှိမှန်းစသိတာနဲ့ ကျောက်ကပ်ကို စစ်ဆေးသင့်ပါတယ်၊ ထိုသူများရဲ့ ၆၀ ကနေ ၈၀ ရာခိုင်နှုန်းလောက်ဟာ ကျောက်ကပ်ရောဂါတစ်ခုခုကြောင့်သွေးတိုးခြင်းဖြစ်ပါတယ်၊ သေချာစစ်ဆေးကုသပါက စောစီးစွာသိရှိပြီး ကျောက်ကပ်ပျက်စီးခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်။

🔰အသက် ၁၈ နှစ်ကနေ အသက် ၄၀ လောက်ထိ တစ်နှစ်တစ်ခါ (သို့ )၆ လတစ်ခါလောက် လောက်သွေးပေါင်ချိန်ကြည့်ခြင်း၊ ဆီးစစ်ခြင်း၊ Creatinine စစ်ခြင်း၊ လိုအပ်ပါက အယ်ထရာဆောင်း ရိုက်ခြင်းများပြုလုပ်သင့်ပါတယ်။ ၎င်းစစ်ဆေးမှုများသည် အကုန်အကျ သိပ်မရှိပဲ ရောဂါကို လက္ခဏာမပြခင် စောစီးစွာ သိရှိနိုင်ပါတယ်။

♻️နေ့စဥ်သွားသောဆီးကို အလေးထားကြည့်ရူပါ♻️

ကျွန်တော်တို့ရဲ့ နေ့စဥ်စွန့်ထုတ်ပစ်ရတဲ့ဆီးဟာ ကျောက်ကပ်တွေ အတွင်းကနေ စစ်ထုတ်ပြီးထွက်လာတာဖြစ်လို့ ကျောက်ကပ်အခြနေကို အပြည့်အဝ မှန်းဆလို့ရပါတယ်၊ ပုံမှန်ဆိုရင် ဆီးဟာ ဖြူပြီး ကြည်နေရပါမယ်၊

ကျောက်ကပ်ရောင်ရောဂါဖြစ်နေပြီး ဆီးထဲမှာ သွေးပါလာပြီဆိုရင်တော့ ဆီးဟာ သွေးအရောင်ပြောင်းလာတာ၊ ရေနွေးကြမ်းအရောင်လိုရင့်လာတာ၊ ကိုကာကိုလာလိုအရောင်ဖြစ်လာတာ စသည်ဖြင့် ပါဝင်တဲ့ သွေးအနည်းအများပေါ်မူတည်ပြီး အရောင်ရင့်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်၊

ဆီးထဲမှာ အမြှုပ်တွေအရမ်းထနေတာတွေ့ရင် ကျောက်ကပ်ဇကာတွေရောင်ခြင်းကြောင့် အသားဓါတ်တွေ မထိန်းနိုင်ပဲ ဆီးထဲမှာထွက်ကျလာလို့ဖြစ်ပါတယ်။

🔰ကိုယ်နေ့စဥ်သွားနေကျဆီး ရဲ့ ပြောင်းလဲမှုတွေကို သတိပြုမိရင်လည်း ကျောက်ကပ်ရောင်ရောဂါတွေကို စောစောစီးစီးမိနိုင်ပါတယ်၊

♻️မျက်နှာအမ်းလာခြင်း/ပြည့်လာခြင်း♻️

ကျောက်ကပ်ရောင်ရောဂါတွေရဲ့ ပထမဆုံးလက္ခဏာတွေထဲမှာ မျက်နှာအမ်းတာပါပါတယ်၊ ခြေထောက်တွေအမ်းတာက နောက်မှ ပိုဆိုးလာမှ သိရတဲ့ လက္ခဏာပါ၊ နံနက်အိပ်ယာထလို့ မှန်ထဲမှာ ကိုယ့်မျက်နှာ ကိုယ်ကြည့်ရင်း ပြောင်းလဲမှုကို သိရှိနိုင်ပါတယ်၊ မျက်နှာအမ်းလာတာ သတိထားမိရင်လည်း လိုအပ်တဲ့ စစ်ဆေးမှုတွေ ကို စောစာစီးစီးလုပ်ခြင်းအားဖြင့် ကျောက်ကပ်​ရောင်ရောဂါတွေကို စောစောမိနိုင်ပါတယ်၊

♻️ကျောက်ကပ်ရောင်တာကို ဘာလို့စောစောသိဖို့လိုလည်း❓

ကျောက်ကပ်တစ်ခုဟာ ရောင်ရမ်းမှုတစ်ခုဖြစ်ပြီး သေချာကုသမှုမရှိရင် အမာရွတ်တွေဖြစ်သွားပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့ပါဘူး၊ အဲ့လိုအမာရွတ်တွေဖြစ်ဖို့ အချိန် ၃ လခန့်သာကြာပါတယ် ၊ အဲ့ဒါမို့ ကျောက်ကပ်ရောင်တဲ့ရောဂါကို ၃ လလောက်အတွင်း သိရှိဖို့အရမ်း(အရမ်း) အရေးကြီးပါတယ် ၊ နောက်ကျမှသိရင် ကျောက်ကပ်ဟာ အမာရွတ်တွေဖြစ်သွားပြီး ကုလို့မရတော့ပဲ နာတာရှည်ကျောက်ကပ်အားနည်းတဲ့​ရောဂါဖြစ်သွားပါတော့တယ်။

♻️စောစာသိတော့ရော ကာကွယ်နိုင်သလား❓

ကျောက်ကပ်ရောင်ရမ်းခြင်းဟာ ခံစားရတဲ့ဝေဒနာ သိပ်မဆိုးကြတော့ လူနာတွေရော ဆရာဝန်တွေရော ပေါ့ပေါ့လေးတွေးတက်ကြပါတယ်၊ ဆီးဆေးလေးပေးလိုက်ရင် အရောင်ကျသွားပြီး ကောင်းသွားတယ်ထင်တက်ကြပါတယ်၊ တစ်ချို့ကြတော့လည်း မလိုအပ်ပဲ အရောင်ကျဆေးတွေပေးနေ၊သောက်နေတက်ကြပါတယ်၊ အဲ့တော့ လူနာတွေဟာ ရောဂါကို စောစောသိပေမယ့် ပိန်လိုက်ဖောင်းလိုက်နဲ့ တဝဲလည်လည်ရင်း ကျောက်ကပ်ပျက်တဲ့အဆင့်ကို ​အနှေးနဲ့အမြန် ရောက်သွားတက်ကြပါတယ်၊ မြန်မာပြည်မှာ အဲ့လိုလူနာတွေအများကြီးပါ၊

🔰အဲ့တာမို့ ကျောက်ကပ်ရောင်တယ်ထင်ရင်၊ ကျောက်ကပ်ရောင်တာကို တွေ့ရင် ကျောက်ကပ်ဆရာဝန်ဆီပြသ သင့်ပါတယ်၊ လိုအပ်ရင် ကျောက်ကပ်အသားစထိယူရပါတယ်၊ ကျောက်ကပ်​​ရောင် အမျိုးအစားအလိုက် သူ့အိုးနဲ့သူဆန် တန်တဲ့ဆေးကို အချိန်မှီမှီထိထိရောက်ရောက် စနစ်တကျကုမှ ပျောက်သင့်ပျောက်ထိုက်တဲ့ကျောက်ကပ်ရောင်ရောဂါတွေဟာ ပျောက်ကင်းမှာဖြစ်ပါတယ်။

လူတွေဟာ သွေးထွက်သံယိုရှိမှ၊ ခန္ဓာကိုယ်မှာ နာကျင်ခံစားမှုတွေရှိမှ ရောဂါအဖြစ် အရေးတယူရှိကြပါတယ်၊ ကျောက်ကပ်ရောင်ရောဂါတွေကတော့ အသံတိတ် အလစ်ဝင်ပြီး ဘဝတစ်ခုလုံးကို ဖျက်ဆီးတက်တယ်ဆိုတာ ယခုကျောက်ကပ်ဆေးနေရတဲ့ သူတွေကို မေးကြည့်ရင် သိနိုင်ပါတယ်၊ မိမိကိုယ်ကို မျက်ခြေမပျက်စောင့်ကြည့်ပြီး ကျောက်ကပ်ရောင်ရောဂါများကို လက်ဦးမှုယူ တိုက်ထုတ် ကာကွယ် နိုင်ကြပါစေခင်ဗျာ🙏🙏🙏

Nyi Min Han

ရွှေတော်ဝင်ဆေးရုံ မိသားစုဝင် ဝန်ထမ်းပေါင်း (၂၇၀) ကျော် အတွက် တစ်ဦးလျှင် ဆန် တစ်တင်းခွဲ တစ်အိတ်စီနှင့် ပဲ ဆီ တစ်ပိသာ အား ...
22/09/2022

ရွှေတော်ဝင်ဆေးရုံ မိသားစုဝင် ဝန်ထမ်းပေါင်း (၂၇၀) ကျော် အတွက် တစ်ဦးလျှင် ဆန် တစ်တင်းခွဲ တစ်အိတ်စီနှင့် ပဲ ဆီ တစ်ပိသာ အား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

17/09/2022

Creatinine ဆိုတာ ဘာလဲ။
ကျောက်ကပ်ပျက်စီးရင် Creaetinine ဘာလို့တက်လဲ။

Creatinine က ကျောက်ကပ်ပျက်စီးရင်တက်တယ်။ ပြန်ရောကျနိုင်လား။

Creatinine ဆိုတာဘာလဲ။

Creatinine ဆိုတာ ကျောက်ကပ် လုပ်ငန်းဆောင်တာ ကို တိုင်းတာ ရာမှာ အလွန်အရေးပါ သော အရာဖြစ်ပါတယ်။။ ဘာလို့လဲ ဆိုတော့ Creatinine က ကျောက်ကပ်က မစွန့်ရင် အခြားသော ခန္ဓာကိုယ် အစိတ်အပိုင်းမှ ဓာတ်ဖြိုခွဲ၍ မရသလို စွန့်ထုတ်လို့ လည်း မရနိုင်လို့ပါ။ ဒါကြောင့် သွေးအတွင်း Creatinine ဓာတ် များလာပြီ ဆိုရင် အကြမ်းဖျင်းအားဖြင့် ကျောက်ကပ် မကောင်းလို့ သွေးထဲ မှ Creatinine ဓာတ်ကို မစွန့်ထုတ်နိုင်လို့ ယူဆလို့ ရပါတယ်။

Creatinine ဆိုတာ ဘယ်လိုဖြစ်ပေါ်လာတာလဲ။

Creatinine ဆိုတာ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ကြွက်သားများမှ တစ်ဆင့် Energy ထုတ်သုံးသော အခါတွင် ထွက်ပေါ်လာသော ဘေးထွက်ပစ္စည်းအဖြစ် Creatinine ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။ ထို Creatinine သည် ခန္ဓာကိုယ် အတွက် အစိတ် အတောက်ဖြစ်ပါတယ်။ ထို အဆိပ် အတောက်များကို သွေးမှ တစ်ဆင့် ကျောက်ကပ်သို့ ရောက်ရှိသွားပြီး ကျောက်ကပ်မှ ပြန်လည် စွန့်ထုတ်ရပါတယ်။ ကျောက်ကပ်တစ်ခုတည်းမှ သာ Creatinine ကို ဖျက်စီး စွန့်ထုတ်၍ မရသော ကြောင့် ကျောက်ကပ်မကောင်းလျှင် သွေးအတွင်း Creatinine များနေမည်ဖြစ်ပါတယ်။

Creatinine သည် ကြွက်သားများမှ Energy သုံးလျှင် စွန့်ထုတ်သော ဘေးထွက် ပစ္စည်းဖြစ်သောကြောင့် ယောကျာ်းများတွင် မိန်းမထက်စာလျှင် သွေးအတွင်း Creatinine ပိုများပါသည်။ ကျန်းမာသန်စွင်းသော ကြွက်သားတောင့်တင်းသော အားကစားသမားများတွင် Creatinine သာမန်ထက် ပိုများတတ်ပါတယ်။ သို့သော်လည်း ပုံမှန်ဖြစ်ပါတယ်။ ကျောက်ကပ်မကောင်းသော သူများအနေဖြင့် သာ Creatinine များနေတတ်ပါတယ်။

Creatinine များနေရင် ပြန်ကျတတ်သလား။ ပုံမှန်အတိုင်းပြန်ဖြစ်နိုင်လား။

ပြန်ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ကျောက်ကပ် ပျက်စီးခြင်း အပေါ်မူတည်ပါတယ်။ ကျောက်ကပ်က ဘာကြောင့်ပျက်စီးတာလဲ။ ရုတ်တရက် အကြောင်းအရင်းးတစ်ခုခု ကြောင့် ကျောက်ကပ်ပျက်စီးတာလား။ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကြောင့် ကျောက်ကပ်ပျက်စီးတာလား။

ရုတ်တရက် အကြောင်းအရင်း တစ်ခုခုကြောင့် ကျောက်ကပ်ပျက်စီး တာဆိုရင်တော့ ထိုအကြောင်းအရင်းကို ကုသလိုက်ရင်တော့ ကျောက်ကပ် တဖြည်းဖြည်းပြန်လည်ကောင်းမွန်လာပြီး Creatinine က ပုံမှန် ပြန်ဖြစ်သွားနိုင်ပါတယ်။ ဥပမာအားဖြင့် မြွေကိုက်ခြင်း၊ သွေးထွက်လွန်ခြင်း၊ ဝမ်းလျှောခြင်း၊ ကျောက်ကပ်ရောင်ရောဂါ အချို့တို့တွင် ကျောက်ကပ်အား ပြန်လည် ကောင်းမွန်အောင် ကုသလျှင် ဖြည်းဖြည်းချင်း ကျောက်ကပ်သည် ပြန်လည် ကောင်းမွန်သွားတတ်ပါတယ်။

နာတာရှည် ကျောက်ကပ် ပျက်စီးခြင်းကြောင့် တက်လာတဲ့ Creatinine ဆိုရင်တော့ ပုံမှန် Level အတွင်း ပြန်ရောက်ဖို့ တော့ ခက်ပါတယ်။ ထပ်ပြီး တော့ ကျောက်ကပ်မပျက်စီးအောင် ထိန်းသိမ်းရင်း Creatinine Level ထပ်ပြီး တက်မလာအောင် ထိန်းသိမ်းပြီး ကုသရတာမျိုး ပါ။ နောက်ဆုံး ကျောက်ကပ်လုံးဝပျက်စီး သွားရင်တော့ ကျောက်ကပ် အစားထိုး ကုသရတာမျိုးရှိပါတယ်။ အစားထိုးမကုသနိုင်ရင်တော့ ကျောက်ကပ်ဆေးပြီး ခန္ဓာကိုယ် ထဲ မှ အဆိပ်အတောက်တွေကို ဖယ်ထုတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်နာတာရှည်ကျောက်ကပ် ပျက်စီးခြင်းက ပိုပြီး အန္တရာယ်များပြီး ကုသရလည်းခက်ပါတယ်။ သို့သော်လည်း နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဆိုသည့် အတိုင်း ဖြည်းဖြည်းချင်းပျက်စီးတာပါ။ နှစ်နှင့် ကြာအောင် အချိန်ယူပြီး ပျက်စီးတာပါ။ ချက်ချင်းပျက်စီးတာ မဟုတ်တဲ့ အတွက် ကြိုတင်ကာကွယ်ဖို့ အချိန်တွေ အများကြီး ရှိပါတယ်။ မကာကွယ်လို့ ဂရုမစိုက်လို့သာ အခုလို ကျောက်ကပ်လုံးဝ ပျက်စီးတဲ့အခြေအနေ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ အခြေအနေမျိုးဖြစ်သွားတာပါ။

ဒါကြောင့် ဘယ်လို နာတာရှည် ကျောက်ကပ်ရောဂါတွေ ဖြစ်တတ်လဲ။ ဘယ်လို သတိပြုရမလဲ။ ဘယ်လို ကာကွယ် ပြုမူနေထိုင်ရမလဲ ဆိုတာ အသေးစိတ် ဆက်လက်ဖတ်ရှု လိုက်ရအောင်။

နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းကိုဖြစ်စေသော အကြောင်း များမှ

၁။ ဆီးချိုရောဂါ

၂။ သွေးတိုးရောဂါ ကြောင့် ကျောက်ကပ်ပျက်စီးခြင်း အသေးစိတ်အား အောက်ဖော်ပြပါ Link အား နှိပ်၍ အသေးစိတ် ဖတ်ရှုနိုင်ပါပြီ။

၃။ အသက်အရွယ်ကြီးခြင်း

အသက် ၇၅ နှစ်ကျော်လာလျှင် ကျောက်ကပ်သည် အသက်အရွယ်ကြောင့် အလုပ်လုပ်နိုင်သော တစ်ရှူး များလျော့ နည်းလာပါသည်။ သို့ သော် အခြားရောဂါအခံ များမရှိလျှင် အဆင့် တက်သွားခြင်းမရှိဘဲ လူကောင်း ကဲ့သို့ နေနိုင်ပြီး ရောဂါအခံ တစ်မျိုးမျိုး ၊ ဆီးချို သွေးတိုး၊ အကိုက်အခဲပျောက်ဆေး များရေရှည် သောက်ခြင်းတို့ရှိပါက ပိုဆိုးသွားတတ်ပါသည်။

၄။ ကျောက်ကပ်ရောင်ရောဂါများ

ကျောက်ကပ်ရောင်ရောဂါများသည် အသက်အရွယ်မရွေးတွင်ဖြစ်တတ်ပြီး အကြောင်းရင်းများမှာ လည်း အလွန်များပြားတတ်ပါသည်။ တစ်ခါတရံတွင် အကြောင်းရင်းမရှိဘဲ ကျောက်ကပ်ရောင် ခြင်းမျိုးပင်ရှိတတ်ပါသည်။ ကျောက်ကပ်ရောင်ခြင်းသည်အထက်ရှိ ရောဂါ များနှင့် မတူဘဲ ကျောက်ကပ်နှင့် ပတ်သတ်သည့် လက္ခဏာများခံစားသိရှိတတ်ပါသည်။ ဆီးတွင်းသွေးပါခြင်း၊ ဆီးအရောင်နောက်ခြင်း၊ဆီးသွားသည့် ပမာဏ နည်းသွားခြင်း၊ သွေးတိုးထိန်းမရခြင်း ၊ ခြေလက်များဖောရောင်လာခြင်းတို့ သည် ကျောက်ကပ်ရောင်နေခြင်းကိုပြသည့် လက္ခဏာများဖြစ်ပါသည်။

၅။ အကိုက်အခဲပျောက်ဆေးများပုံမှန်သောက်ခြင်း

ဒူးနာ၊ခါးနာ၊ လေးဘက်နာ စသည့် ကိုယ်လက်နာကျင်ခြင်းအမျိုးမျိုးသည် နာတာရှည်ဖြစ်နေသောလူများတွင် အကိုက်အခဲပျောက်ဆေး များကို နှစ်မျိုးထက်ပို၍ စပ်ပြီး စွဲသောက်ကြခြင်းကြောင့် ကြာလာသော အခါကျောက်ကပ်ပျက်စီးခြင်းဖြစ်ရပါသည်။ အကိုက်အခဲပျောက်ဆေး များသည် ကျောက်ကပ်သို့ သွေးစီးဆင်း မှုကို နည်းစေပြီး ကျောက်ကပ်ရှိ အလုပ်လုပ်သော တစ်ရှူ း များကို သွေးငတ်၍ ကြွေကျပျက်စီးခြင်း ကိုဖြစ်ပေါ် စေပါသည်။ ထို့ကြောင့် အကိုက်အခဲ ပျောက်ဆေး များကို မိမိသဘောဖြင့် မသောက်ဘဲ ကျွမ်းကျင်သော သမားတော် နှင့် ပုံမှန် ကျောက်ကပ်စစ်ဆေးခြင်းပြုလုပ်ပြီး မှသာ သောက်သုံးသင့်ပါသည်။ အကိုက်အခဲပျောက်စေသောတိုင်းရင်းဆေးများ၊ သစ်ဥသစ်ဖု များမှ ပြုလုပ်ထားသော အကိုက်အခဲပျောက်ဆေး များကို မှီဝဲလိုပါကလည်း အလွန်အကျွံရေရှည် မသောက်သုံးဘဲ မိမိ ကျောက်ကပ် ဓာတ်ကိုမကြာခဏ ပြန်လည်စစ်ဆေးနေသင့် ပါသည်။

၆။ ကျောက်ကပ်တွင် ရေအိတ်များပါလာခြင်း

ကျောက်ကပ်တွင်းရေအိတ်များပါလာခြင်းသည် မျိုးရိုးလိုက်တတ်သောရောဂါတစ်မျိုးဖြစ်ပြီး မိဘတွင်ရှိနေပါက မိမိတို့ မောင်နှမသားချင်းအားလုံး အာထရာဆောင်းကိုပုံမှန် နှစ်စဉ် ရိုက်၍ စစ်ဆေးနေသင့်ပါသည်။ ကျောက်ကပ်တွင်းရေအိတ်များသည်တိုးပွားလာတတ်ပြီး ကျောက်ကပ်၏ ပုံမှန် အလုပ်လုပ်နိုင်သော တစ်ရှူ း များ တစ်နေ့တစ်ခြားဆုံးရှုံး လာခြင်းကြောင့် ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပေါ်ပါသည်။ ကာကွယ်နိုင်သော နည်းလမ်းလည်း မရှိသေးသော်လည်း မိမိ ၏ သွေး ပေါင် ပြောင်းလဲ မှု ရှိသည် နှင့်၊ ကျောက်ကပ်ဓာတ် Creatinine တက်လာသည် နှင့် စတင် ကုသ မှု ခံယူထားလျှင် ကျောက်ကပ်ပျက်စီးခြင်းကို အထိုက်အလျောက် တားဆီးနိုင်မည်ဖြစ်ပါသည်။

၇။ မကြာခဏ ဆီးလမ်းကြောင်းပိုး၀င်ရာမှ ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း
ဆီးလမ်းကြောင်းတွင်း မကြာခဏ ပိုး၀င်တတ်သူများတွင် ဆီးလမ်းကြောင်းသည် ပိုး၀င်တိုင်း တစ်ခါရောင် တစ်ခါ အနာပြန်ကျက်ဖြစ်ရသည့် အတွက် ဆီးလမ်းကြောင်းတွင် အမာရွတ် များကျန် ခဲ့ ပြီး ထို အမာရွတ် တစ်ရှူ းသည် ဆီးလမ်းကြောင်းပိတ်ခြင်းကိုဖြစ်စေပါသည်။ ထို အခါ အညစ်အကြေး ဆီး များသည် အောက်ဘက်သို့ မစီးဆင်းနိုင်တော့ဘဲ ကျောက်ကပ် ထဲတွင် အောင်းနေပြီး ကျောက်ကပ်ရေဖြင့် ဖောင်းခြင်း၊ ထိုမှတစ်ဆင့် ပြည်တည်ခြင်းတို့ဖြစ်ပေါ် ပြီး ကျောက်ကပ် ပျက်စီး ခြင်းဖြစ်ပါသည်။

ကျောက်ကပ်ရောဂါ သည် ခဏတာပြသနာမဟုတ်။မိသားစုထဲတွင်တစ်ယောက် ကျောက်ကပ်ပျက်စီးသည် နှင့်
နာတာရှည်ကုသရန်လိုသည်သာမက ပျက်စီးပြီး မှ ကုသသည့် အတွက် ငွေကုန်ကြေးကျမြောက်မြားစွာ ကုန်ကျခြင်း၊ စိတ်ရောလူပါပင်ပန်းခြင်းတို့ဖြစ်ကြရပါသည်။ နာတာရှည် ကျောက်ကပ်ဖြစ်ရသည့် အကြောင်းရင်း များကို ကြည့်လိုက်လျှင် လည်း မိမိ အချိန်မီကာကွယ် ခဲ့ လျှင် ဖြစ်လာမည်မဟုတ်သော အကြောင်း များဖြစ်သည်ကများသည်။ သို့ဖြစ်ရာ ကျောက်ကပ် ရောဂါ ကို ပေါ့ဆမနေဘဲ မိမိတွင် သွေးတိုး၊ ဆီးချို တစ်မျိုးမျိုးရှိသည်ဖြစ်စေ၊ အကိုက်အခဲပျောက်ဆေး များသောက်နေရသည်ပင်ဖြစ်စေ၊ ကျောက်ကပ်ရောဂါ ဖြစ်ဖူးလျှင်ဖြစ်စေ ၊ လူကောင်းပကတိဖြစ်စေကာမူ ကြိုတင်စစ်ဆေးထားရန်လိုအပ်သော စစ်ဆေးမှု တစ်မျိုးဖြစ်ပါသည်။

ကျောက်ကပ်ဓာတ်စစ်ဆေးခြင်းတွင်မည်သည်တို့ပါ၀င်သနည်း။

၁။Ultrasound ရိုက်ပြီး ကျောက်ကပ်ကောင်းမကောင်းစစ်ဆေးခြင်း
Ultrasound ရိုက်ခြင်းသည် ကျောက်ကပ်စစ်ဆေးခြင်းတွင် အလွန်ပင် အရေးပါသော စစ်ဆေးခြင်းဖြစ်ပါသည်။ နာတာရှည်ကျောက်ကပ်ပျက်စီးခြင်း ဖြစ်သည့် အခါတွင် ကျောက်ကပ်သည် Ultrasound တွင် မူလထက် အရွယ်အစားသေးနေမည်ဖြစ်ပါသည်။ အခြားသော နာတာရှည်ကျောက်ကပ်အမျိုးအစား များဖြစ်စေသည့် ကျောက်ကပ်ရေအိတ် တည်ခြင်း အစရှိသည် တို့ကို တိတိကျကျ သိရှိနိုင်ပါသည်။ ရေအိတ် အရွယ်အစားအား တိတိကျကျတိုင်းတာနိုင်ပါတယ်။ ကျောက်ကပ်တွင် ကျောက်တည်ခြင်း များကို လည်း ရှာဖွေနိုင်ပါတယ်။ ကျောက်ကပ်ရောင်မရောင်အား လည်း သိရှိနိုင်ပါတယ်။ ထို့ကြောင့် Ultrasound ရိုက်ခြင်းဖြင့် ကျောက်ကပ်ရောဂါ အတော်များများအား သိရှိနိုင်ပြီး Ultrasound ရိုက်၍ ပုံမှန် Normal Result ထွက်ပါက အလွန်ကောင်းသော အဖြေဖြစ်ပါတယ်။ ဒါကြောင့် Ultrasound ရိုက်ခြင်းသည် လည်း ကျောက်ကပ်စစ်ဆေးခြင်းအတွက် အရေးကြီးသော စစ်ဆေးမှု ဖြစ်ပါတယ်။

၂။ Urea &Eletrolyte, Creatinine
ကျောက်ကပ်ဓာတ် နှင့် ခန္ဓာကိုယ်တွင်းရှိ ဆားဓာတ်များပါ၀င်ပါသည်။ Urea နှင့်Creatinine ဟုခေါ်သော ကျောက်ကပ်ဓာတ်သည် ခန္ဓာကိုယ်တွင်းရှိ အညစ်အကြေးတစ်မျိုးပင် ဖြစ်သည်။ Creatinine သည် သွေးထဲတွင် ရှိပြီး ကျောက်ကပ်မှခန္ဓာကိုယ်ပြင်ပသို့စွန့်ထုတ်ပေးရသောပစ္စည်းဖြစ်ပါသည်။ သွေးထဲတွင် Creatinine များနေပါက ကျောက်ကပ် မှ Creatinine ကို ကောင်းစွာ မစွန့်ထုတ်ပေးနိုင်ခြင်းကို ပြပြီး တစ်နည်းအားဖြင့် ကျောက်ကပ်ကောင်းစွာ အလုပ်မလုပ်နိုင်ခြင်းကိုပြပါသည်။ နှလုံးရောဂါ၊သွေးတိုးရောဂါရှိသူများ နှင့် ဆီးချို ရောဂါရှိသူများတွင် ကျောက်ကပ် ထိမထိစစ်ဆေးသင့်သော အရာဖြစ်ပြီး သွေးကျဆေးစွဲသောက်နေရသူများတွင်လည်း ၆လ ၁ နှစ် ကြာတစ်ခါ ပြန်လည်စစ်ဆေးနေသင့်သော အရာလည်းဖြစ်ပါသည်။
ဆားဓာတ်များတွင် ဆိုဒီယမ်(Na)၊ ပိုတက်ဆီယမ်(K)၊ ကလိုရိုက်(Cl)၊ ဘိုင်ကာဗွန်နိတ်(HCO3) တို့ပါ၀င်ပါသည်။ ခန္ဓာကိုယ်၏ဆားဓာတ်ညီမျှမှု ကို ထိန်းသိမ်းပေးသည်မှာလည်း ကျောက်ကပ်ဖြစ်သောကြောင့် ကျောက်ကပ် ကောင်းမကောင်းစစ်ဆေးမှုတွင် ပါ၀င်ပါသည်။ထို မညီမျှမှုများတစ်ခုခုရှိနေပါက
ဆီး နှင့်ကျောက်ကပ် အထူးကုသမားတော် နှင့်သေချာပြသပြီး မိမိကျောက်ကပ်အခြေအနေကိုပြသအကြံဥာဏ်ရယူသင့်ပါသည်။

၃။Urine RE (ဆီးစစ်ဆေးခြင်း)
ဆီးကို စစ်ဆေးခြင်းဖြင့် ဆီးထဲတွင် သွေးပါမပါ၊ ဆီးထဲတွင် အသားဓာတ်မည်မျှ ကျနေသနည်းအား သိရှိနိုင်ပါသည်။ ကျောက်ကပ်ရောဂါအများစုသည် ဆီးအတွင်းသွေးပါခြင်းနှင့် ဆီးအသားဓာတ်တို့နှင့် ဆက်စပ်သည့်အတွက် ကျောက်ကပ်ရောဂါရှိမရှိအား စစ်ဆေးရာတွင် ဆီးစစ်ခြင်းသည် အလွန်အထောက် အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။ ထိုအပြင် ဆီးလမ်းကြောင်းပိုးဝင်မဝင်ခြင်းအားလည်း သိရှိနိုင်ပါသည်။ သွေးချိုဝေဒနာရှင်မျာမှာလည်း သွေးတွင်းသကြားဓာတ် အလွန်များသည့်အခါတွင် ဆီးအတွင်း သကြားဓာတ်ပါလာခြင်းအား ပမာဏ မည်မျှပါသနည်းအား တိုင်းတာနိုင်ပါသည်။ အသည်းရောင်အသားဝါ ဖြစ်နေသော သူများတွင် လည်း အသားဝါသည့် ဓာတ်အား ဆီးအတွင်း တိုင်းတာသိရှိနိုင်ပါသည်။ ထို့ကြောင့် ဆီးစစ်ဆေးခြင်းသည် ကျောက်ကပ်နှင့် ပက်သက်သော ရောဂါအတော်များများအား ဖော်ပြနိုင်သောကြောင့် ကျောက်ကပ်အတွက် အထောက်အကူပြုသော စစ်ဆေးခြင်းဖြစ်ပါသည်။

Crd, Family Doctor

⚠️ကျောက်ကပ်ဝေဒနာရှင်များအတွက် ဟောပြောဆွေးနွေးပွဲ ⚠️✅ကျောက်ကပ်ဆေးနေရတဲ့ နာတာရှည်ကျောက်ကပ်အားနည်းသောလူနာများဟာ အစားအသောက်န...
18/07/2022

⚠️ကျောက်ကပ်ဝေဒနာရှင်များအတွက် ဟောပြောဆွေးနွေးပွဲ ⚠️

✅ကျောက်ကပ်ဆေးနေရတဲ့ နာတာရှည်ကျောက်ကပ်အားနည်းသောလူနာများဟာ အစားအသောက်နဲ့ပါတ်သတ်ရင် သိပ်နားမလည်ကြပါဘူး။

✅ကျောက်ကပ်ရောဂါကိုယ်တိုင်ကလည်း လူနာတွေကို အစား အသောက်ပျက်စေပြီး အာဟာရချို့တဲ့စေပါတယ်။

✅ကျောက်ကပ်ဆေးနေတဲ့သူတွေ တော်တော်များများဟာ ကျောက်ကပ်သာ ဆေးနေရပေမယ့် နေလို့ထိုင်လို့မကောင်း၊ ခန္ဓာကိုယ်အလေးချိန်ကလည်းတပါတ်တပါတ်ကို အများကြီးတက်၊ ရေတွေကလည်း တခါတခါဆေးရင် အများကြီးထုတ်ထုတ်နေရရ နဲ့ ဒုက္ခရောက်နေရတက်ပါတယ်။ ဒီလိုဖြစ်တာကလည်း အစားအသောက် မှန်ကန်မှုမရှိလို့ဖြစ်ပါတယ်။

✅သွေးတိုးနဲ့ ဆီးချိုရောဂါအခံရှိသူတွေဟာ
ကျောက်ကပ်ဆေးရပြီဆိုရင် သွေးတိုးထိန်းဖို့ခက်နေတာ၊ ဆီးချိုတွေထိန်းဖို့ခက်နေတာ သို့မဟုတ် အချိုဓါတ်တွေ ကျနေတာ စသည့် ပြဿနာတွေတော်တော် များများကြုံတွေ့ရတက်ပြီး ဒီအချက်တွေဟာလည်း အစားအသောက် စနစ်မကျလို့ဖြစ်ရခြင်း ဖြစ်ပါတယ်။

✅ပိုတက်စီယမ် (K+)နဲ့ ဖော့စ်ဖိတ် (PO4+)၊ ကယ်လ်စီယမ် (Ca+) စတဲ့ သတ္တုဓါတ်တွေနဲ့ပါတ်သတ်ပြီး ကျောက်ကပ်လူနာတွေရဲ့ နှလုံး နဲ့ အရိုးပေါ်မှာ ပြသနာအများကြီးရှိပါတယ်၊ ဒီအတွက် အစားအသောက်တွေကိုရှောင်ရပါများလို့ ဟိုဟာစားရမှာလိုလို ဒီဟာရှောင်ရမှာလိုလို နဲ့ ဘာစားလို့စားရမှန်းမသိဖြစ်နေတက်ကြပါတယ်။

✅ ဒီပြဿနာတွေကိုဖြေရှင်းဖို့ နာတာရှည်ကျောက်ကပ် လူနာများမှာ စနစ်တကျဘယ်လိုနေထိုင်စားသောက်ရမယ်ဆိုတာကို ဆီးနှင့်ကျောက်ကပ်အထူးကုဆရာဝန်ကြီး ကိုယ်တိုင် လာမယ့် ဇူလိုင်လ ၂၄ ရက်နေ့ ၊နေ့လည် ၂ နာရီမှာ မုံရွာမြို့ ရွှေတော်ဝင် အထူးကုဆေးရုံကြီးရဲ့ ဆွေးနွေးပွဲခန်းမမှာ ဆွေးနွေးဟောပြောပေးပါမယ်။

✅ကျောက်ကပ်ဆေးနေရတဲ့ နာတာရှည်ကျောက်ကပ်လူနာတွေ ကိုယ်တိုင်သော်လည်းကောင်း၊ အနီးကပ်ပြုစုပေးရတဲ့လူနာစောင့်သော်လည်းကောင်း တက်ရောက်ဆွေးနွေးနိုင်ပါတယ်။ မေးလိုတဲ့မေးခွန်းများကို တက်ရောက်လာသူများမှလည်း ပွင့်ပွင့်လင်းလင်းမေးလို့ရပါမယ်။

✅ဟောပြောဆွေးနွေးပွဲဟာ အခမဲ့ (အခမဲဲ့) ဖြစ်ပြီး တက်ရောက်သူအရေအတွက် ကန့်သတ်ထားသောကြောင့် တက်ရောက်လိုသူများအနေဖြင့် အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်ပြီး သောကြာနေ့ နောက်ဆုံးထားကာ booking လုပ်နိုင်ပါတယ်။

☎️071-2024045, 2024046, 2024047

2021 တစ်နှစ်ပတ်လုံး ခွင့်ရက်မရှိ တာဝန်ထမ်းဆောင်ခဲ့ကြသော ရွှေတော်ဝင် မိသားစုဝင်များအား ဂုဏ်ပြုချီးမြှင့်သော အခမ်းအနား
27/01/2022

2021 တစ်နှစ်ပတ်လုံး ခွင့်ရက်မရှိ တာဝန်ထမ်းဆောင်ခဲ့ကြသော ရွှေတော်ဝင် မိသားစုဝင်များအား ဂုဏ်ပြုချီးမြှင့်သော အခမ်းအနား

Address

ပြည်ထောင်စုလမ်း၊ သာစည်လမ်းမီးပွိုင့်အနီး၊ ဒေါနခြံရပ်ကွက်၊ မုံရွာမြို့။
Monywa
071

Telephone

+95712024046

Website

Alerts

Be the first to know and let us send you an email when ရွှေတော်ဝင် ဆေးရုံ မုံရွာမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category