Say Lett ဆေးလက် ဂျပန်-မြန်မာ အကြောပြင်အနှိပ်

  • Home
  • Myanmar
  • Monywa
  • Say Lett ဆေးလက် ဂျပန်-မြန်မာ အကြောပြင်အနှိပ်

Say Lett ဆေးလက် ဂျပန်-မြန်မာ အကြောပြင်အနှိပ် ဂျပန်_မြန်မာ နည်းစနစ်ဖြင့် အကြောပြင်‌နှိပ်နယ် ပေးသောဝန်ဆောင်မှုအားရရှိနိုင်ပါသည်။
(1)

11/04/2026

လာရောက်အားပေးတဲ့ customer တစ်ဦးတစ်ယောက်ချင်းစီကို ကျတော်တို့‌ ဆေးလက် မှအထူး ကျေးဇူးတင်ပါတယ်ခင်ဗျ

04/04/2026

#ဆေးလက်

15/03/2026

လမ်းလျှောက်နေရင်းဘဲဖစ်စေ🚶🏻🏃🏻⛹🏻🤾🏻မတော်တဆ ဘောလုံးကန်ရင်းဘဲဖစ်စေ ခြေကျင်းဝတ်ခေါက်တာတို့ဘာတို့ကြုံဖူးကြမှာပါ
ဒီလိုမျိုးဆို ဘယ်လိုမျိုးပြုလုပ်ကုသရမလဲဆိုတာကြည့်သွားပေးနော်🥰
💯 #ဆေးလက် # #မုံရွာ # # Lett #
0️⃣9️⃣. 7️⃣6️⃣3️⃣4️⃣0️⃣5️⃣3️⃣8️⃣4️⃣
0️⃣9️⃣. 9️⃣4️⃣3️⃣1️⃣1️⃣1️⃣7️⃣1️⃣0️⃣

09/03/2026

အနှိပ်ခံခြင်းက အလုပ်တွေများပီး အကြောတက်တွေအပြင် စိတ်ဖိစီးမှုကိုပါလျှော့ချပေးနိုင်ပါတယ်💯💯💯 #ဆေးလက် # #မုံရွာ #

06/03/2026

ဒူးနာ၊ခါးနာ၊အကြောတင်၊အကြောညှပ် လေးလံထိုင်းမှိုင်းပီးနာကျင်ကိုက်ခဲနေတဲ့မိတ်ဆွေတို့အတွက် # #ဆေးလက် # # #မုံရွာ # #

20/02/2026

ဆေးလက် သို့

13/02/2026

လူကြီးမင်းတို့📢📢အကြောတင် ၊အကြောညပ်၊အကြောကပ်၊ညောင်းညာကိုက်ခဲ စသည့် အကြောနှင့်ပတ်သက်သော အရာတွေကို✨✨
မုံရွာမြို့၊ရန်ကင်းရပ်၊ဘုရားနီသံလမ်းအနီး၊အောင်မဟာလမ်းပေါ်တွင်ဖွင့်လှစ်ထားပါသည်။စုံစမ်းမေးမြန်းလိုပါက 09-763405384, 09-943111710 သို့ ဆက်သွယ်လို့ရပါတယ်🥰🥰

ခြေဖဝါး ခြေဖနောင့် နာတတ်သူများ အတွက်❓ခြေဖဝါးနာတာ ဘာကြောင့်လဲ။ 🅰️ ခြေဖဝါးနာရင် အဖြစ်များတာ (၂)မျိုးရှိပါတယ်။ ခြေဖဝါး အရွတ...
24/12/2025

ခြေဖဝါး ခြေဖနောင့် နာတတ်သူများ အတွက်

❓ခြေဖဝါးနာတာ ဘာကြောင့်လဲ။
🅰️ ခြေဖဝါးနာရင် အဖြစ်များတာ (၂)မျိုးရှိပါတယ်။ ခြေဖဝါး အရွတ်ပြားယောင်တာ (plantar fasciitis) နှင့် ဖနောင့်အတက်ထွက်တာ (calcaneal spur) တို့ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အခါ ဖနောင့်နားမှာ နာတတ်ပါတယ်။

❓Plantar fasciitis ဆိုတာ ဘာလဲ။
🅰️ ခြေဖဝါးမှာ ခြေချောင်းလေးတွေကနေ အပြားလိုက်ရှိနေတဲ့ အရွတ်ပြားဟာ ခြေဖနောင့်နားမှာ တွယ်ဆက်ပါတယ်။ ထိုအရွတ်ပြားအပေါ်သို့ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်နှင့် ထိန်းထားနိုင်တဲ့ပမာဏကိုကျော်သော အလေးချိန်မျိုးပိမိတာကြာလာရင် အရွတ်ပြားယောင်လာတတ်ပါတယ်။ ဖနောင့်နာတာ၊ ခြေဖဝါးနာတာမျိုးခံစားရစေပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပြီး
✳️ဝတဲ့သူတွေ၊
✳️အမျိုးသမီးတွေ (ဒေါက်ဖိနပ်အမြင့်စီးခြင်း၊ ဖိနပ်အမာစီးခြင်း)၊
✳️ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊
✳️လမ်းလျှောက်များသူတွေ၊
✳️မတ်တပ်အရပ်ကြာသူတွေ၊
✳️ခြေဖဝါးမျက်နှာပြင်ပြားသူတွေ၊
✳️အားကစားလုပ်သူတွေ (ပြေးခြင်း၊ ခုန်ခြင်း) စသည်တို့တွင်လည်း ခြေဖဝါးအရွတ်ယောင်တာ‌မျိုးဖြစ်ကြပါတယ်။

❓ဖနောင့်အတက်ထွက်ခြင်း (Calcaneal Spur) ဆိုတာကရော ဘာလဲ။
🅰️ အရွတ်ပြားယောင်တာကြာရှည်လာတဲ့အခါ အရွတ်ပြားဟာ ဖနောင့်ရိုးနဲ့တွယ်ဆက်ထားတဲ့နေရာမှာပြဲလာ၊ပါးလာတာမျိုးဖြစ်ရာကနေ ထိုနေရာကို အရိုးအမှုန်လေးတွေ အစားထိုးစုပုံလာတယ်။ စုပုံလာတာများလာတဲ့အခါ အရိုးအသေးလေးပုံစံက ဖနောင့်ရိုးမှာထင်ထင်ရှားရှား ပေါ်လာတော့တယ်။ အဲ့ဒါကို ဖနောင့်မှာ အတက်ထွက်တယ်လို့ခေါ်ပါတယ်။ အတက်ထွက်နေတဲ့နေရာတည့်တည့်ကို လက်နဲ့ဖိကြည့်လိုက်ရင် ဆူးအောင့်ပြီး နာတာမျိုး ခံစားရပါတယ်။ လမ်းလျှောက်တဲ့အခါ အတက်ပေါ်ကို ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကျတာကြောင့် ဆူးပြီးအောင့်ကာ နာလာတယ်၊ ဒါဆို သေချာပါပြီ ဖနောင့်အတက်ထွက်တာပါ။

❓သက်သာအောင် ဘယ်လိုလုပ်လို့ရမလဲ။
🅰️ အကောင်းဆုံးနည်းလမ်းကတော့ ခြေဖဝါးမှာ နာလာပြီဆိုတာနဲ့
☑️နားပါ။ လမ်းလျှောက်တာ၊ မတ်တပ်အကြာကြီးရပ်တာကနေ အတတ်နိုင်ဆုံး နားပါ။
အကယ်၍ နားလို့ မရဘူးဆိုရင်
☑️စီးနေကျ ဖိနပ်ကို ပြောင်းပါ။ ကိုယ်စီးနေကျဖိနပ်က မျက်နှာပြင်မာမယ်၊ အမြင့်ဖြစ်နေမယ်စသည်တို့လိုဖိနပ်မျိုးကို မဝတ်ဆင်ဘဲ ပျော့တဲ့ဖိနပ်မျိုးကို ပြောင်းစီးပါ။
ဖိနပ်ပြောင်းစီးလို့ မရဘူးဆိုရင်
☑️ဖိနပ်မှာ တပ်ဆင်လို့ရတဲ့ ခြေဖဝါးအထောက်အကူပြုပစ္စည်းများနဲ့နေပါ။ ရှူးဖိနပ်တို့လို ဖိနပ်မျိုးနဲ့ဆို ပိုသင့်တော်ပါတယ်။ ဥပမာ ခြေဖဝါးအလယ်က အခွက်လေးကို ထောက်ပံ့ပေးသော ပစ္စည်း (Medial arch support)၊ ဖနောင့်အောက်မှာခံရတဲ့ စီလီကွန်လို ပစ္စည်း (soft heel pad) စသည်တို့ရှိပါတယ်။ ထိုပစ္စည်းတွေ အောက်မှာခံစီးတာကြောင့် လမ်းလျှောက်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ နာတာ တော်တော်သက်သာမှာပါ။

❓အခြား ဘာလုပ်လို့ရသေးလဲ။
🅰️ အိမ်တွင်းကုသမှုအနေနဲ့
☑️ခြေဖဝါးက နာခါစလည်းဖြစ်မယ်၊ ယောင်လည်းယောင်နေမယ်ဆိုရင် ရေခဲကပ်လို့ရပါတယ်။
☑️မယောင်လည်းမယောင်ဘူး၊ နာတာလည်း ကြာပြီဆိုရင်တော့ ‌ရေနွေးစိမ်ပေးလို့ရပါတယ်။ ရေနွေးစိမ်ထားရင်း လေ့ကျင့်ခန်းတွေ(Physiotherapist များသင်ပြသည့်အတိုင်း) လုပ်ရင် ပိုကောင်းပါတယ်။

❓ ဖီဆီအိုသရပီ ကုသမှုခံယူသင့်သလား။
🅰️ အပေါ်မှာပြောခဲ့တဲ့ နည်းလမ်းတွေအတိုင်း မသက်သာဘူး၊ မြန်မြန်လည်းသက်သာချင်တယ်ဆိုရင်တော့ ကုသမှုခံယူသင့်ပါတယ်။ Physiotherapist များက
✳️Electrotherapy(စက်ဖြင့်လေ့ကျင့်ကုသခြင်း)
✳️Exercise therapy (လေ့ကျင့်ခန်းကုထုံး)
✳️Advice (ဆောင်ရန်၊ ရှောင်ရန် အကြံဉာဏ်များ) စသည်တို့ ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

ဒီဖနောင့်နာတာနဲ့ ပတ်သက်ပြီး အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဖနောင့်အတက်ထွက်ခြင်းက နောက်အကြိမ်ကြိမ်ပြန်ဖြစ်၊ ပြန်နာနိုင်တဲ့အတွက် ခြေဖဝါးမှာ နာခြင်းတစ်စုံတစ်ရာ ခံစားရပြီဆိုတာနဲ့ မပေါ့ဆဘဲ သတိထားသင့်ပါတယ်။
#ဆေးလက် #အနှိပ် #အကြောပြင်

သင့်  #ခါးနာ တာ မြန်မြန်သက်သာစေဖို့... အခုချက်ချင်း ရပ်လိုက်ရမယ့် အချက် (၇) ချက် 🚫ခါးနာတာဟာ ဆေးသောက်ရုံတင်မဟုတ်ဘဲ နေ့စဉ်...
20/12/2025

သင့် #ခါးနာ တာ မြန်မြန်သက်သာစေဖို့... အခုချက်ချင်း ရပ်လိုက်ရမယ့် အချက် (၇) ချက် 🚫
ခါးနာတာဟာ ဆေးသောက်ရုံတင်မဟုတ်ဘဲ နေ့စဉ်နေထိုင်မှုပုံစံ (Lifestyle) ပြောင်းလဲဖို့ အင်မတန် အရေးကြီးပါတယ်။ ခါးနာတာ ပိုဆိုးစေတဲ့ ဒီအမှားတွေကို ဒီနေ့ကစပြီး ဆင်ခြင်ကြည့်ရအောင်။

၁။ ၃-၄ နာရီဆက်တိုက် #မလှုပ်မယှက် ထိုင်နေတာကို ရပ်ပါ။ 🪑
ခါးရိုးဟာ လှုပ်ရှားနေတာကို ပိုကြိုက်ပါတယ်။ ၄၅ မိနစ် (သို့) ၁ နာရီ ကြာတိုင်း ထိုင်ပုံထိုင်နည်း ပြောင်းပေးပါ။ မတ်တပ်ရပ်တာဖြစ်ဖြစ်၊ စက္ကန့် ၂၀ လောက် အကြောလျှော့တာ (Micro-break) ဖြစ်ဖြစ် လုပ်ပေးတာက ခါးရဲ့ ဖိအားကို လျော့ကျစေပါတယ်။

၂။ နာတဲ့နေရာ တစ်ကွက်တည်းကိုပဲ အတင်းဆွဲဆန့်တာ (Stretching) ကို လျှော့ပါ။ 🧘‍♂️
ခါးနာတာက ခါးကြောင့်ချည်းပဲ မဟုတ်ပါဘူး။ တင်ပါးဆုံကြွက်သား (Glutes) တွေ တင်းနေတာ၊ ကျောရိုးအလယ်ပိုင်း (Thoracic spine) မလှုပ်ရှားနိုင်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ခါးတစ်နေရာတည်းကိုပဲ အာရုံမစိုက်ဘဲ တစ်ကိုယ်လုံး ဟန်ချက်ညီအောင် လေ့ကျင့်ခန်းလုပ်ပါ။

၃။ #ခါးကုန်းတာ/ #ကွေးတာကို "လုံးဝ" ရှောင်ကြဉ်တာမျိုး မလုပ်ပါနဲ့။ ✅
ခါးနာရင် လူတွေက အကြောက်လွန်ပြီး ခါးကို ကျောက်ပတ်တီးစည်းထားသလို မလှုပ်ဘဲ နေတတ်ကြပါတယ်။ ခါးရိုးက ကွေးညွှတ်ဖို့ တည်ဆောက်ထားတာပါ။ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖြည်းဖြည်းချင်း ကုန်း/ကော့ ပေးတာက ကြွက်သားတွေကို ပိုသန်မာစေပြီး အနာကျက်တာကို မြန်စေပါတယ်။

၄။ လှုပ်ရှားတဲ့အခါ #အသက်အောင့် ထားတာမျိုး မလုပ်ပါနဲ့။ 💨
အလေးအပင်မတာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် အသက်အောင့်ထားရင် ဝမ်းဗိုက်အတွင်း ဖိအားတက်ပြီး ခါးအောက်ပိုင်းကို ပိုတင်းမာစေပါတယ်။ အသက်ကို ဝဝရှူပြီး လှုပ်ရှားမှုနဲ့အတူ လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်ပေးပါ။

၅။ ပခုံးတစ်ဖက်တည်းမှာ #အိတ်အလေးကြီး လွယ်တာ ရပ်ပါ။ 👜
တစ်ဖက်တည်း လွယ်တာက ခန္ဓာကိုယ်ကို စောင်းသွားစေပြီး ခါးရိုးတစ်ဖက်ပေါ်ကို ဖိအားတွေ ပုံကျစေပါတယ်။ တတ်နိုင်ရင် ကျောပိုးအိတ် (Backpack) ပြောင်းသုံးပါ၊ ဒါမှမဟုတ် ဘယ်ညာ မကြာခဏ ပြောင်းလွယ်ပေးပါ။

၆။ အရမ်းပျော့တဲ့ #မွေ့ရာပေါ် အိပ်တာ #ရှောင်ပါ။ 🛏️
အရမ်းပျော့တဲ့ မွေ့ရာက ခါးရိုးရဲ့ သဘာဝအတိုင်း ရှိရမယ့် ကွေးညွှတ်မှုကို မထိန်းပေးနိုင်ဘဲ နစ်ဝင်သွားစေပါတယ်။ အတော်အသင့် မာတဲ့ မျက်နှာပြင် (Medium-firm) ရှိတဲ့ မွေ့ရာက ခါးနာသူတွေအတွက် အသင့်တော်ဆုံးပါ။

၇။ မှာ "အဆိုးဆုံး အခြေအနေ" တွေ လိုက်ရှာဖတ်တာ ရပ်လိုက်ပါ။ 📱
ဒါက တကယ်အရေးကြီးပါတယ်။ "ခါးနာတာ လေဖြတ်နိုင်သလား" ဆိုတဲ့ စိုးရိမ်စိတ်တွေက ကြွက်သားတွေကို ပိုတင်းမာစေပြီး နာကျင်မှုကို ပိုတိုးစေပါတယ်။ သင့်ခါးရိုးက သင်ထင်တာထက် ပိုသန်မာသလို၊ သေချာ ဂရုစိုက်ရင် ပြန်ကောင်းနိုင်ပါတယ်။
✨ #မှတ်ချက် - ကျွန်ုပ်တို့ရဲ့ခါးရိုးက ပြောင်းလဲမှုဒဏ်ကို
ခံနိုင်ရည်ရှိပါတယ်၊ မကျိုးပဲ့လွယ်ပါဘူး။နေ့စဉ် အလေ့အကျင့် သေးသေးလေးတွေ ပြောင်းလဲလိုက်ရုံနဲ့ နာကျင်မှုကင်းတဲ့ ဘဝကို ပြန်ရနိုင်ပါတယ်။
သင်ရော ဒီထဲက ဘယ်အချက်ကို အလုပ်မိဆုံးလဲ? Comment မှာ ပြောသွားပါဦး။ 👇
#ဆေးလက် #အကြောပြင် #အနှိပ်

17/12/2025

#တံတောင်ဆစ် #ကျဉ်ကြော

09/12/2025

❄️❄️ဆောင်းရာသီမှာဘာလို့ အနှိပ်ခံ(အကြောပြင်) သင့်တာလဲ...

Address

Aung Mahar Street, Monywa, Myanmar
Monywa
02303

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Say Lett ဆေးလက် ဂျပန်-မြန်မာ အကြောပြင်အနှိပ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share