Shwe Pyae Pharmacy

  • Home
  • Shwe Pyae Pharmacy

Shwe Pyae Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Pyae Pharmacy, Medical and health, ​ရွှေရာစုဟိုတယ်လမ်းကြား, ​ဈေးရပ်ကွက်, မူဆယ်မြို့, .

ဝါတွင်းကာလမှာ ဆေးလှူကြမယ်🙏🙏🙏
14/08/2023

ဝါတွင်းကာလမှာ ဆေးလှူကြမယ်🙏🙏🙏

ရွှေပြည့်မှာ ရနိင်ပါပြီရှင့်
14/08/2023

ရွှေပြည့်မှာ ရနိင်ပါပြီရှင့်

ရွှေပြည့် 💊🩹ဆေးဆိုင်နှင့် 💉🩺အထွေထွေရောဂါကုဆေးခန်းကိုရွှေရာစုဟိုတယ် လမ်းကြား ဈေးရပ်ကွက် မူဆယ်မြို့🏠 မှာဖွင့်လှစ်ထားပါပီနေ...
20/07/2023

ရွှေပြည့် 💊🩹ဆေးဆိုင်နှင့် 💉🩺အထွေထွေရောဂါကုဆေးခန်းကို
ရွှေရာစုဟိုတယ် လမ်းကြား ဈေးရပ်ကွက် မူဆယ်မြို့🏠 မှာဖွင့်လှစ်ထားပါပီနော်
#ဆေးဝါး
#ဆေးခန်

သွေးလွန်တုပ်ကွေးကို ဒီလိုကာကွယ်လို့ရပါတယ် သွေးလွန်တုပ်ကွေးကို ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပါ။ ရောဂါကိုကာကွယ်နိုင်မယ့် ...
07/07/2023

သွေးလွန်တုပ်ကွေးကို ဒီလိုကာကွယ်လို့ရပါတယ်

သွေးလွန်တုပ်ကွေးကို ကာကွယ်တာက အကောင်းဆုံး နည်းလမ်းပါ။ ရောဂါကိုကာကွယ်နိုင်မယ့် နည်းလမ်းက ခြင်ကိုက်မခံရအောင် ဂရုစိုက်တာနဲ့ ရောဂါပိုးရှိတဲ့နေရာတွေကို ရှောင်ကြဉ်တာပါ။ ခြင်ကိုက်မခံရအောင်ကာကွယ်မှုက အထိရောက်ဆုံးသော ရောဂါကာကွယ်နည်းပါ။

* �
* ဖြစ်နိုင်ရင် လူထူထပ်တဲ့နေရာတွေကို ရှောင်ရှားပါ – လူထူထပ်တဲ့နေရာတွေက ရောဂါပိုးအလွယ်တကူ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် လူထူထပ်တဲ့နေရာတွေကိုရှောင်ကြဉ်တာကလည်း ရောဂါကာကွယ်တဲ့ နည်းလမ်းတစ်ခုပါ။
* အိပ်စက်ချိန်မှာ ခြင်ထောင်ဖြင့် အိပ်စက်ပါ –နေ့ဘက်မှာဖြစ်ဖြစ် ညဘက်မှာဖြစ်ဖြစ် အိပ်စက်တဲ့အခါတိုင်း ခြင်ထောင်ထောင်အိပ်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ဒီအကျင့်က သွေးလွန်တုပ်ကွေးတင်မဟုတ်ဘဲ ခြင်ကြောင့်ဖြစ်တဲ့ရောဂါတိုင်းကို ကာကွယ်ပြီးသားဖြစ်ပါတယ်။
* နေအိမ်တွင်းကို ခြင်မဝင်နိုင်အောင် လုပ်ဆောင်ပါ – နေဝင်ချိန် နဲ့ ညဘက်တွေမှာ လေအေးပေးစနစ် ဖွင့်ထားပြီး ခြင်မဝင်နိုင်အောင် သေချာစီမံထားတဲ့ နေရာမှာနေပါ။ နေအိမ်မှာ ခြင်လုံဇကာ တပ်ဆင်ပြီး ခြင်မဝင်ရောက်နိုင်အောင် ဂရုစိုက် လုပ်ဆောင်တာမျိုးတွေ လုပ်ဆောင်ပြီး နေအိမ်ကို ခြင်ကင်းစင်ဇုန်အဖြစ် ဖန်တီးပါ။
* လုံခြုံစွာဝတ်ဆင်ပါ – ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ညနေဘက် နဲ့ ညဘက် အချိန်တွေမှာ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တွေ ဝတ်ဆင်ပြီး ခြင်ကိုက်မခံရအောင် ကာကွယ်ပေးပါ။
* ခြင်နိုင်ဆေးသုံးပါ – ဒါကတော့ အသုံးအများဆုံးသော ခြင်ကာကွယ်နည်းလမ်း တစ်ခုပါ။ ခြင်ကို ကာကွယ်ဖို့အတွက် နေအိမ်တွင်းမှာ ခြင်ဆေး ထွန်းလို့ရသလိုခြင်ဆေး ဖြန်းဆေးကို အသုံးပြုလို့လည်း ရပါတယ်။
* နေအိမ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ – နေအိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေ သန့်ရှင်းနေအောင် ထားပေးပါ။ ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းပါ။ သွေးလွန်တုပ်ကွေးရောဂါပိုး သယ်ဆောင်ထားတဲ့ ခြင်တွေက အိမ်အတွင်းပိုင်းနဲ့ အိမ်အနီးတဝိုက်က နေရာတွေမှာ နေထိုင်ပြီး ကားတာယာ အဟောင်းလိုမျိုး မိုးရေတွေ ဝပ်နေနိုင်တဲ့ နေရာတွေထဲမှာ ပေါက်ဖွားနိုင်တာကြောင့် နေအိမ်ပတ်ဝန်းကျင်က ခြင်ခိုအောင်းနိုင်တဲ့ နေရာတွေကို ရှင်းလင်းထားပါ။
* ခြင်မကိုက်တဲ့လူးဆေးလူးပေးပါ – သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေကို မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အရင်ဆုံး လုပ်ရမှာက ခြင်မကိုက်အောင် ဂရုစိုက်ဖို့ပါ။ ကိုယ်တိုင်မှာရော မိမိချစ်ရသူတွေမှာပါ မတော်တဆ ခြင်ကိုက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ အရေပြားမှာ ခြင်မကိုက်အောင် လူးတဲ့ဆေးလေး လူးပေးပါ။
* တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ – ခန္ဓာကိုယ်မှာ ချွေးနံ့ကင်းစင်နေမယ်ဆိုရင် ခြင်ကိုက်ခံရတာ သက်သာပါတယ်။ ဒါကြောင့် ခြင်ကိုက်ခံရတာနဲ့ ရောဂါဘယတွေဘေးကနေ ကင်းဝေးစေဖို့ဆိုရင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ဖို့လိုပါမယ်။

သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့် ဖြစ်တဲ့ ရောဂါတွေ ကင်းဝေးပြီး သာယာကြည်နူးစရာ ကောင်းတဲ့ မိုးရာသီကို ပိုင်ဆိုင်နိုင်ကြပါစေ။
# credit

Address

​ရွှေရာစုဟိုတယ်လမ်းကြား, ​ဈေးရပ်ကွက်, မူဆယ်မြို့

Telephone

+959445105734

Website

Alerts

Be the first to know and let us send you an email when Shwe Pyae Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Pyae Pharmacy:

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram