TTH-Health Care Products & Service

TTH-Health Care Products & Service SHHP မှ ထုတ်ကုန်များကို တရားဝင်အရောင်းကိုယ်စားလှယ်အနေဖြင့် ရောင်းချပေးပါသည်။

🙏🙏🙏
05/08/2025

🙏🙏🙏

သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ယောက်နေ့တိုင်း လေ့ကျင့်ခန်းအားကစား လုပ်တာကို သူ့မိတ်ဆွေက မေးတယ် ... တစ်နေကုန်အလုပ်လည်း ...
05/08/2025

သန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ယောက်
နေ့တိုင်း လေ့ကျင့်ခန်းအားကစား လုပ်တာကို
သူ့မိတ်ဆွေက မေးတယ် ...

တစ်နေကုန်အလုပ်လည်း ပင်ပန်းလာပြီးပြီ
ရတဲ့လစာလေးကလည်း နည်းနည်း
ဘာလို့ကျန်းမာရေးကို
ဒီလောက်ဂရုစိုက်နေရသလဲ ?

သူမရဲ့အဖြေဟာ အားလုံးကိုနိုးထလာစေတယ် ...

"လွန်ခဲ့တဲ့ ၁၀ နှစ်က
ကျွန်မရဲ့အဖေဟာ သူစုထားတဲ့ငွေ ဘတ် ၈ သိန်းကို
အဖိုးရဲ့ကျန်းမာရေးအတွက် အကုန်ခံကုသခဲ့တယ်...

လွန်ခဲ့တဲ့နှစ်အနည်းငယ်က
ကျွန်မရဲ့၁၀ နှစ်စာစုမိထားတဲ့ငွေ
ဘတ်၂ သန်းလည်း
ကျမရဲ့အဖေ ကျန်းမာရေးအတွက်
အကုန်ခံကုသခဲ့ရပြန်တယ်..

ကျွန်မတို့ ၂ မျိုးဆက်လုံး (Generation) ဟာ
ဆေးရုံအတွက် ပင်ပင်ပန်းပန်းအလုပ်တွေ
လုပ်ခဲ့ရတယ်...
ကျွန်မရဲ့သားသမီးတွေကို ကျွန်မလိုဒုက္ခ
မပေးချင်ဘူး...

မျိုးဆက်နံပါတ် ၃ ကိုလည်း
ဆေးရုံအတွက် ပင်ပင်ပန်းပန်းအလုပ်
မလုပ်ပေးရအောင်
ဒီနေ့ ကျွန်မ ကျန်းမာတုန်း မဖျားမနာတုန်း
ကျွန်မရဲ့ကျန်းမာရေးကို ကျွန်မ ဂရုစိုက်ရပါမယ်"

ကျန်းမာရေးကို ဂရုစိုက်ကြပါ...
ကျန်းမာရေးစောင့်ရှောက်ဖို့အတွက်
စရိတ်ဘယ်လောက်ကြီးကြီး
ဆေးရုံဆေးခန်းကုသစရိတ်
ဆေးဖိုးဝါးစရိတ်ထက်
မကြီးဘူး ဆိုတာယုံလိုက်ပါ..

သင့်ကို ကျန်းမာရေးဂရုစိုက်ပါ
လို့ လာပြောတဲ့
မိတ်ဆွေအပေါင်းသင်းတွေကိုလည်း
ကျေးဇူးတင်လိုက်ပါ...

လူတော်တော်များ ကျန်းမာရေး ဂရုမစိုက်ဖို့
ပေးလေ့ရှိတဲ့အကြောင်းပြချက်တွေက
* စိတ်မဝင်စားဘူး
* မလိုအပ်သေးဘူး
* အချိန်ပိုမရှိဘူး

သင့်ပိုက်ဆံအိတ်ထဲက ပိုက်ဆံကိုကုန်အောင်
ဆရာဝန်က စကား (၃) ခွန်းပဲ ပြောမှာပါ...

* သင့်ရဲ့ကျန်းမာရေး အရမ်းဆိုးဝါးနေပါပြီ
* ခင်ဗျားကံကောင်းသေးတယ် ကုသလို့ရသေးလို့
* ဒါပေမယ့် " ပိုက်ဆံကုန်ကျစရိတ် " တော့ များမယ်

သင့်ရဲ့ နှစ် ၃၀ လောက်စုထားတဲ့ငွေကို
ဆရာဝန်က ၃ မိနစ်အတွင်း အရယူသွားလိုက်ပါပြီ...

ကျန်းမာရေးကို ဂရုစိုက်ကြပါ
အပျော်အပါး ၊ အသောက်အစား လျှော့ပါ

ခန္ဓာကိုယ်ရဲ့ကလီစာတွေဟာ စျေးအရမ်းကြီးတယ်
အဲဒီ ကလီစာတွေက လွယ်လွယ်ကူကူရှာဝယ်လို့
မရပါဘူး...

အသက်ငယ်သေးလို့
ကျန်းမာရေးကောင်းပါသေးတယ်
ဆိုတာ အကြောင်းပြချက်ပါ...
ဒီနေ့သတင်းစာမျက်နှာတွေပေါ်မှာ
ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးတဲ့လူဦးရေ
အရမ်းများပါတယ်...

" ကျန်းမာရေးကောင်းရင် သင့်အနာဂတ်အတွက်
လုံခြုံရပါတယ် .. ပျော်ရွှင်စေရပါမယ် "

 #လင်ဇီးသည်စောင်းလျှင် ထိန်းမတ်၊နဂိုရှိမူ ခိုင်အောင်ကူပေး၊မနှေးသက်စောင့်၊ဝန်းကျင်အမှောင့် ညှိကာဖယ်ပေးထိပ်တန်းဆေးဖြစ်ပါတယ...
24/07/2025

#လင်ဇီးသည်
စောင်းလျှင် ထိန်းမတ်၊
နဂိုရှိမူ ခိုင်အောင်ကူပေး၊
မနှေးသက်စောင့်၊
ဝန်းကျင်အမှောင့် ညှိကာဖယ်ပေး
ထိပ်တန်းဆေး
ဖြစ်ပါတယ်။
#ထိပ်တန်းဆေးဆိုတာ ဆေးမဟုတ်ပါဘူး။အမြဲတမ်း ဒါမှမဟုတ် နေ့တိုင်းစားလို့ရတဲ့ ပစ္စည်းဖြစ်ပါတယ်။
#ဒီပစ္စည်းတွေကို အမြဲတမ်း ဒါမှမဟုတ် နေ့တိုင်း စားနိုင်မယ်ဆိုရင်
ဒီပစ္စည်းက စောင်းနေတာကို မတ်ပေးပြီး နဂိုရှိရင် ခိုင်အောင် ကူပေးနိုင်ပါတယ်။
အကယ်၍ လူတစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေ အရမ်းကောင်းနေရင် လင်ဇီးမှီဝဲတဲ့အခါ အရမ်းသိသာတဲ့ အကျိုးသက်ရောက်မှု မရှိသလို ဖြစ်နေတတ်ပါတယ်။နဂိုကကတည်းကအရမ်းမတ်နေတဲ့အတွက် ဖြစ်ပါတယ်။
#စောင်းလျှင်ထိန်းမတ်၊နဂိုရှိမူ ခိုင်အောင်ကူ #
#နဂိုဆိုတာဘာလဲ?ကျန်းမာခြင်းဟာ ကကျွန်တော်တို့ရဲ့ နောက်ဆုံးအတည်ပြုခြင်းနဲ့နောက်ဆုံအခြေခံအုတ်မြစ်ဖြစ်ပါတယ်။ #ကျွန်တော်တို့ဟာ ကိုယ်ခံစွမ်းအားစနစ်ရဲ့ ညှိနှိုင်းမှု၊အားကောင်းအောင်ပြုပြင်ပေးမှု(သို့မဟုတ်) ပြန်လည်စီစဥ်မှုတွေက တစ်ဆင့် ခိုင်မာတည်ငြိမ်တဲ့ အနေအထားတစ်ခုကို ရောက်ရှိစေပြီးနောက် ကျွန်တော်တို့ကိုကျန်းမာတယ်ဆိုတဲ့ အရှိလက္ခဏတစ်ခုရအောင် အာမခံပေးပါတယ်။
#မနှေးသက်စောင့်၊ ဝန်းကျင်အမှောင့် ညှိကာဖယ် #ဆိုတာက
အရမ်းလှပတဲ့စကားစုလေးဖြစ်ပါတယ်။
ကျန်းမာရေးကောင်းကောင်းထိန်းသိမ်းနိုင်မယ်ဆိုရင် ကြာကြာအသက်ရှင်နေနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ ဟာလူတစ်ယောက်နဲ့ အစွမ်းကုန် လုပ်သင့်လုပ်ထိုက်တာတွေကို အစွမ်းပြလုပ်ကိုင်နိုင်မှာဖြစ်သလိုအစွမ်းကုန် ထမ်းသင့်တဲ့တာဝန်ဝတ္တရားတွေကိုလည်း ထမ်းရွက်နိုင်မှာဖြစ်ပါတယ်။
#ဟောပြောသူ-ပါမောက္ခရွှီရွေ့ရှန်
-Health Care Products & Service

17/07/2025
14/03/2025

💛ကျန်းမာရေးထက် အရေးကြီးတာ ဘာများရှိဦးမှာလဲ ?💜

(..) သောကြာနေ့   မှာ အသည်းရောင်အသားဝါ  ( ) နှင့်ပတ်သက်ပြီး သိလိုတဲ့မေးခွန်းတွေကို ဒေါက်တာတင်မာထက်မှပြန်လည်ဖြေကြားပေးသွား...
04/03/2025

(..) သောကြာနေ့ မှာ အသည်းရောင်အသားဝါ ( ) နှင့်ပတ်သက်ပြီး သိလိုတဲ့မေးခွန်းတွေကို ဒေါက်တာတင်မာထက်မှပြန်လည်ဖြေကြားပေးသွားမှာ ဖြစ်ပါတယ်။ မေးခွန်းတွေကို ကွန်မန့်မှာ ရေးပေးခဲ့လို့ ရပါတယ်။
=======

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများသိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မ...
21/02/2025

ကင်ဆာကို ကာကွယ်နိုင်ကြောင်း အတည်ပြုထားသည့် နည်းလမ်းများ

သိပ္ပံပညာရှင်တွေက ကင်ဆာအများစုကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို မကြာခင်ကမှ ကြေညာလိုက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ ဆေးလိပ်မသောက်တာတွေဟာ ကင်ဆာကို ကာကွယ်ဖို့ အဓိက သော့ချက်တွေဖြစ်ပြီး အောက်ပါတွေကို ပြုလုပ်တာကြောင့်လည်း ကင်ဆာဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

၁။ ရောင်ရမ်းမှုတွေ မရှိအောင် ရေသောက်ပါ

စိတ်ဖိစီးမှုတွေ တစ်ချိန်လုံး ဖြစ်နေတာကြောင့် ခန္ဓာကိုယ်မှ ကင်ဆာဖြစ်စေနိုင်တဲ့ ရောင်ရမ်းမှု ထုတ်လုပ်မှု ၅၅ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ပါတယ်။ နေ့စဉ် ရေရှစ်ခွက်လောက် သောက်ပေးရင် ရောင်ရမ်းမှုကို ဖြေရှင်းနိုင်ပါတယ်။ ရေဟာ ရောင်ရမ်းမှုဖြစ်စေတဲ့ ဒြပ်ပေါင်းတွေကို (သူတို့က ခန္ဓာကိုယ်ရဲ့ဆဲလ်တွေကို ဖျက်ဆီးမှု မပြုလုပ်နိုင်ခင်မှာပဲ) ဖယ်ရှားပေးနိုင်ပါတယ်။ ဒါ့အပြင် ဟာချီဆင် ကင်ဆာသုတေသန ဌာနမှ လေ့လာမှုအရ ရေဓာတ်ပြည့်ဝနေတာကြောင့် အူမကြီးကင်ဆာ၊ သားမြတ်ကင်ဆာနဲ့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေကို ၄၅ ရာခိုင်နှုန်းနဲ့အထက် လျှော့ချနိုင်ပါတယ်လို့ သိရပါတယ်။

၂။ သားမြတ်ကို ကာကွယ်နိုင်အောင် နေခြည်နုနု ခံယူပါ

နေရောင်ခြည်နဲ့ နေ့စဉ် မိနစ် ၂၀ ခန့် ထိတွေ့တာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်အပြီးမှာ ဖော်ထုတ်လိုက်ပါတယ်။ နေရောင်ခြည် (UV Light) ဟာ ခန္ဓာကိုယ်မှ ကင်ဆာကို တိုက်ထုတ်နိုင်တဲ့ အာဟာရ ဗီတာမင်ဒီ ထုတ်လုပ်မှုကို မြင့်မားစေနိုင်ပါတယ်။ နံနက်ခင်းမှာ နေရောင်ခြည်ကို ခံယူရင် အရေပြားအနေနဲ့ ဆဲလ်ပျက်စီးမှုတွေကို ပြန်လည် ပြုပြင်နိုင်စွမ်း အမြင့်ဆုံး အချိန်ဖြစ်တာမို့ အရေပြားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ငါးဆအထိ လျှော့ချနိုင်ပါတယ်။

Tip!
သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပါ

သွေးထဲမှာ သကြားဓာတ်တွေ မြင့်တက်နေတာဟာ ကင်ဆာကြီးထွားမှု အတွက် လောင်စာ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထားရှိတာဟာ အကျိတ်ကြီးထွားမှုကို ရပ်တန့်စေနိုင်တဲ့အပြင် ခုခံအားစနစ်ကိုလည်း ကင်ဆာဆဲလ်တွေကို ဖျက်ဆီးနိုင်ချိန်ပေးဖို့ အဓိက သော့ချက်ပါလို့ ဆိုပါတယ်။ သွေးတွင်းသကြားဓာတ် တည်ငြိမ်မှုရှိအောင် -

၁။ နံနက်တိုင်း အမျှင်ဓာတ်မှီဝဲပြီး ခန္ဓာကိုယ်မှ သကြားစုပ်ယူမှုကို ပိတ်ပင်ပါ။

၂။ သကြားဓာတ် (ကာဗိုဟိုက်ဒရိတ်) စုပ်ယူမှု နှေးကွေးအောင် အစာစားတိုင်း ပရိုတင်း (အသား၊ ဥ၊ နို့၊ တိုဟူး) ပါဝင်အောင် စားပေးပါ။

နေရောင်ခြည်နဲ့ ထိတွေ့မှုမရှိတဲ့ နေရာရောက်နေရင် နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲနိုင်ပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

၃။ ကျန်းမာနေအောင် ဟင်းခတ် အမွှေးအကြိုင် အသုံးပြုပါ

ဇီရာစေ့အခြောက် လက်ဖက်ရည်ဇွန်း တစ်ဝက်စာ ဒါမှမဟုတ် ဇီရာ စားပွဲဇွန်း တစ်ဇွန်းစာကို နေ့စဉ် အသုံးပြုတာကြောင့် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံဆဲလ်တွေ ထုတ်လုပ်နိုင်အောင် လှုံ့ဆော်မှုပေးပြီး ကင်ဆာဆဲလ် ကြီးထွားမှုကို ပိတ်ပင်နိုင်ပါတယ်။ ဒါ့အပြင် နေ့စဉ် ကြက်သွန်ဖြူတစ်ဥ စားသုံးတာကြောင့် အစာခြေစနစ်အတွင်း ကင်ဆာရောဂါ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဆာလဖာကွန်ပေါင်းတွေက သင်ရဲ့ ခုခံအားစနစ်မှ မသင်္ကာစရာ ဆဲလ်တွေကို ဖျက်ဆီးနိုင်စွမ်းရည် မြှင့်တင်ပေးနိုင်လို့ပါလို့ ကယ်လီဖိုးနီးယားမှ သုတေသီတွေက ပြောပါတယ်။

Tip! အာလူးကြော်ကို ရှောင်ပါ

အာလူးလိုမျိုး ကစီများတဲ့ အစာကို အပူချိန်မြင့်မားစွာနဲ့ ကြော်လှော်ခဲ့ရင် ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်းတွေ ထွက်လာတာမို့ အာလူးကြော်လိုမျိုး အစာတွေကို ရှောင်ရမယ်လို့ WHO က သတိပေးထားပါတယ်။

၄။ ပျက်ပြယ်အောင် စတော်ဘယ်ရီသီး စားပါ

စတော်ဘယ်ရီသီးမှာ များစွာပါဝင်တဲ့ အပင်ဒြပ်ပေါင်း Ellagic Acid တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းစနစ်ရဲ့ အမြှေးပါးအတွင်း ပျော်ဝင်နိုင်တာကြောင့် ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းနဲ့ အဆိပ်အတောက်တွေကြောင့် ပျက်စီးနိုင်ခြေကို ၇၅ ရာခိုင်နှုန်းထိ ကာကွယ်နိုင်တယ်လို့ ကန်တက်ကီ တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။

၅။ လေထုသန့်စင်အောင် သန့်ရှင်းရေးသုံး ပစ္စည်းတွေကို သတိထားသုံးပါ

အနံ့အသက်ပါတဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဒြပ်ပေါင်း နှစ်မျိုး ပါဝင်တယ်လို့ ဝါရှင်တန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အနံ့အသက် မပါဝင်တဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေကို ပြောင်းသုံးတာကြောင့် ကင်ဆာဖြစ်နိုင်ခြေဟာလည်း အလိုအလျောက် ကျဆင်းသွားနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

၆။ ခုခံအားစနစ် မြင့်တက်အောင် မိတ်ဆွေ အပေါင်းအသင်းထားပါ

သင်ရဲ့မိတ်ဆွေရင်းတွေနဲ့ အချိန်ယူပြီး တွေ့ဆုံတာကြောင့် ကင်ဆာဖြစ်နိုင်ခြေ ငါးဆထိ လျှော့ချနိုင်တယ်လို့ သြစတြေးလျမှ သုတေသီတွေက ဆိုပါတယ်။ မိတ်ဆွေ ဒါမှမဟုတ် မိသားစုတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်သူတွေဟာ စိတ်ဖိစီးမှုတွေ ကျဆင်းတာကြောင့် ခုခံအားစနစ် သန်မာပြီး ကျန်းမာရေးလည်း ပိုကောင်းမွန်တယ်လို့ သုတေသီတွေက ဆိုပါတယ်။

ဒေါက်တာခင်မိုးမိုး
BY GOOD HEALTH

(ဤ ကျန်းမာရေး ဗဟုသုတ များအား ပြန်လည်ကူးယူ ဖော်ပြပါက ကျင့်၀တ်အရ မူရင်းရေးသားသူနှင့် Source ကိုပါ ထည့်သွင်းကူးယူဖော်ပြကြပါရန်)
🙏

မိမိိအသက်(30)အရွယ်မှာ ရှိုင်းဟုပ်ဆေးလက်ခြောက်အနီ အဝါကို တရားတစ်လဝင်တဲ့အချိန် အနီနဲ့အဝါကိုစသောက်ခဲဲ့ပါတယ် ငယ်တုန်းရွယ်တုန...
04/02/2025

မိမိိအသက်(30)အရွယ်မှာ ရှိုင်းဟုပ်ဆေးလက်ခြောက်အနီ အဝါကို တရားတစ်လဝင်တဲ့အချိန် အနီနဲ့အဝါကိုစသောက်ခဲဲ့ပါတယ် ငယ်တုန်းရွယ်တုန်းတရားဝင်ရင်သိပ်ခံနိုင်ရည်မရှိအာရုံကြောအားနည်းလို့ လက်ဖက်ခြောက်သောက်တာ တရားမှတ်လို့လန်းဆန်းနေတယ် ပိုလန်ကိုမသောက်ဖြစ်သေးဘူးအဲတုန်း အနီအဝါနဲ့ကိုယ့်တွ့ရလာလူအများကိုကူညီဝန်ဆောင်ပေးချင်တဲ့စိတ်နဲ့သင်တန်းတွေတက်ရောက်ပြီး လူအများကိုကူညီနိုင်ခဲ့ပါပြီး အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်🙏

03/02/2025

Address

No. 8, Aung Mingalar Street
Mudon
12081

Website

Alerts

Be the first to know and let us send you an email when TTH-Health Care Products & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram