အညာတောအိမ်-Anyar Taw Eain

အညာတောအိမ်-Anyar Taw Eain Place for Anyar IDP for access to health care.

စစ်ဘေးရှောင်ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း မှတ်တမ်း…… #အညာတောအိမ် #စစ်ဘေးရှောင်  #ကျန်းမာရေး
22/01/2026

စစ်ဘေးရှောင်ပြည်သူများအား
ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်း မှတ်တမ်း……
#အညာတောအိမ်
#စစ်ဘေးရှောင်
#ကျန်းမာရေး

2026 နှစ်ဦးစကတည်းကပခုက္ကူခရိုင်အတွင်း နေ့စဥ်စစ်ကြောင်းများ ထိုးနေပါသောကြောင့် စစ်ရှောင်ဦးရေ ၁သောင်းကျော်အထက်ရှိနေသလို ...
19/01/2026

2026 နှစ်ဦးစကတည်းက
ပခုက္ကူခရိုင်အတွင်း နေ့စဥ်စစ်ကြောင်းများ ထိုးနေပါသောကြောင့် စစ်ရှောင်ဦးရေ ၁သောင်းကျော်အထက်ရှိနေသလို အိမ်တွေလည်း မီးရှိုးခံရတာတွေကလည်း များစွာရှိနေပါသောကြောင့်
ပြည်သူထံမှပြည်သူဆိသို့
ဝိုင်းဝန်းကူညီပေးကြပါအုံး

#အညာတောအိမ် 🍀

မလွတ်မြောက်သေးသော လွတ်မြောက်နယ်မြေအတွင်း အရေးပေါ် သွေးလှူဒါန်းနိူင်ရန်အတွက်သွေးလှူရှင်များအား သွေးအုပ်စုစစ်ဆေးပေးနွေးဦး...
07/01/2026

မလွတ်မြောက်သေးသော လွတ်မြောက်နယ်မြေအတွင်း
အရေးပေါ် သွေးလှူဒါန်းနိူင်ရန်အတွက်
သွေးလှူရှင်များအား သွေးအုပ်စုစစ်ဆေးပေး

နွေးဦးသစ္စာ ဆေးကူညီရေးအဖွဲ့

#အညာတောအိမ် 🍀

အညာဆောင်းက တစိမ့်စိမ့်နဲ့ အရိုးထိအောင်အေးတယ် စစ်ကြောင်းလာလို အဝတ်တထည် နဲ့ ကိုယ်လွတ်ရုန်းပြေးရတဲ့ ပြည်သူတွေစောင် အနွေးထည်...
27/12/2025

အညာဆောင်းက တစိမ့်စိမ့်နဲ့ အရိုးထိအောင်အေးတယ်
စစ်ကြောင်းလာလို အဝတ်တထည် နဲ့ ကိုယ်လွတ်ရုန်းပြေးရတဲ့ ပြည်သူတွေ
စောင် အနွေးထည်မလုံလောက်လို
ဖျားနေတဲ့ ပြည်သူတွေ
လေဖြတ်သွားတဲ့ လူနာတွေပါ ရှိနေကြတဲ့
စစ်ရှောင်ပြည်သူတွေ ဘယ်လောက်များနေကြသလဲ?
ရိက္ခာ စောင် အနွေးထည်တွေ လိုအပ်ချက်တွေများနေကြပြိး
ပြည်သူမှပြည်သူသို့ဝိုင်းဝန်း ကူညီပေးကြပါအုံး

#အညာတောအိမ် 🍀

8/များ ဖိတ်ခေါ်ပါတယ်
17/12/2025

8/များ ဖိတ်ခေါ်ပါတယ်

📢 ဖိတ်ခေါ်ခြင်း 📢
မကွေးဖက်ဒရယ်ယူနစ်လူငယ်ဖိုရမ်
ပြန်လည်ရုန်းထရမည့် မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက် (မကွေးဖက်ဒရယ်ယူနစ်လူငယ်ကွန်ရက်) အတွက် အစပြုခြင်း!
________________________________________

သင်က အသက် ၁၈ - ၃၅ ကြား လူငယ်တစ်ယောက်လား ?
သင်က မကွေးယူနစ်သား တစ်ယောက်လား ?
သင် မကွေးယူနစ်အတွက် လူငယ်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်လိုပါသလား ?

မကွေးယူနစ်အတွင်းမှ တော်လှန်ရေးတာဝန်များကို အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှ ထမ်းဆောင်နေကြသည့် လူငယ်မောင်မယ်များ၊ အင်အားစုများ အားလုံးကို ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဆီသို့ ဦးတည်ချီတက်နေသော မကွေးဖက်ဒရယ်ယူနစ် လူငယ်ဖိုရမ် သို့ တက်ရောက်ဖို့ လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

နောက်ခံသမိုင်းနှင့် ရည်ရွယ်ချက်

မကွေးတိုင်းဒေသကြီး လူငယ်ကွန်ရက်သည် ၂၀၁၃ ခုနှစ်တွင် မွေးဖွားလာခဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလ တစ်လျှောက်လုံး ဒီမိုကရေစီစံနှုန်းများဖြင့် လူငယ့်အရေးကိစ္စများကို ရှေ့ဆောင်ခဲ့သည့် ကွန်ရက်တစ်ခုဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ပြီးနောက်၊ ကွန်ရက်အဖွဲ့ဝင် လူငယ်များသည် ဒေသအသီးသီးရှိ ခုခံတွန်းလှန်ရေး အင်အားစုများ၊ သပိတ်အင်အားစုများနှင့် CDM လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်ကာ ပြည်သူ့ တော်လှန်ရေးကို ဦးလည်မသုန် ဆင်နွှဲလျက်ရှိပါသည်။
ယခုအခါတွင် ဒေသတွင်းနိုင်ငံရေးဖြစ်စဉ်များ နှင့် ဖက်ဒရယ်ယူနစ်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်ထု၏အသံ ကို ပြန်လည်စုစည်းရန်နှင့် ကိုယ်စားပြုပါဝင်နိုင်စေရန်အတွက် ဤဖိုရမ်ကို အစပြုကျင်းပရန် လိုအပ်နေပါသည်။

ဖိုရမ်ကျင်းပရခြင်း၏ အဓိက ရည်ရွယ်ချက်များမှာ-
• မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက်ကို ပြန်လည်ချိတ်ဆက်စုစည်းရန် နှင့် တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် လူငယ်များ ပူးပေါင်းပါဝင်မှု မြှင့်တင်ရန်။
• တော်လှန်ရေးကာလအတွင်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာခဲ့ရသော လူငယ်များအတွက် ပြန်လည်ကုစားမှုဆိုင်ရာ မူဝါဒ များ ရေးဆွဲနိုင်ရန်။
• ဒေသတွင်းနိုင်ငံရေးနှင့် ဖက်ဒရယ်ယူနစ်တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ၏ အသံကို ကိုယ်စားပြုပါဝင်နိုင်စေရန်။
________________________________________

🗓️ ဖိုရမ်အစီအစဉ်အသေးစိတ်

ကျင်းပမည့်ရက် ၉/၁၀ ဇန်နဝါရီလ ၂၀၂၆
ကာလ ၂ ရက်
ကျင်းပပုံစနစ် Online (အွန်လိုင်း)
လျာထားတက်ရောက်သူဦးရေ ၅၀၀ ဦး
အခြေခံမူများ လွတ်လပ်မှု၊ တရားမျှတမှု၊ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီကျင့်စဉ်နှင့် အခြေခံလူ့အခွင့်အရေး၊ အဖွဲ့အစည်းလွှမ်းမိုးမှု ကင်းရှင်းစွာ သီးခြားရပ်တည်မှု၊ တာဝန်ယူမှု/တာဝန်ခံမှု/ပွင့်လင်းမြင်သာမှု၊ လူငယ်ဖွံ့ဖြိုးတိုးတက်မှု အကျိုးဖြစ်ထွန်းမှုတို့ကို ဦးတည်သည်။
________________________________________

🤝 ဖိတ်ခေါ်ပါဝင်ရန်
မကွေးတိုင်းဒေသကြီး၏ အနာဂတ်အတွက် ဖက်ဒရယ်ဒီမိုကရေစီ၏ အုတ်မြစ်များကို စုပေါင်းတည်ဆောက်လိုသော၊ မိမိတို့လူငယ်ထု၏ အခန်းကဏ္ဍကို ပိုမိုအားကောင်းစေလိုသော မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ တော်လှန်ရေးအင်အားစုများ၊ လူငယ်ကိုယ်စားလှယ်များ၊ လူငယ်လှုပ်ရှားသူများ အနေဖြင့် အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်း တက်ရောက်နိုင်ပါကြောင်း နိုးဆော်အပ်ပါတယ်။

စာရင်းပေးသွင်းရန် လင့်ခ်: https://docs.google.com/forms/d/e/1FAIpQLSdVvJ_6Lm6KeQkCPxvN9NufEHy0ErCZqqOS7vKFRoxLonUCaQ/viewform?usp=header
မကွေးဖက်ဒရယ်ယူနစ်လူငယ်ကွန်ရက်

Google form ဖြည့်သူများထံသို့ Zoom Invitation Link ပေးပို့ပေးပါမည်။

#မကွေးတိုင်းဒေသကြီးလူငယ်ကွန်ရက်
#မကွေးဖက်ဒရယ်ယူနစ်
#လူငယ်ဖိုရမ်
#ဖက်ဒရယ်ဒီမိုကရေစီ
#ပြည်သူ့တော်လှန်ရေး

အညာတောအိမ် PYDC. နွေဦးသစ္စာပူးပေါင်း၍ ပထမအကြိမ် ဆေးသင်တန်းပေးခဲ့
17/12/2025

အညာတောအိမ် PYDC. နွေဦးသစ္စာ
ပူးပေါင်း၍ ပထမအကြိမ် ဆေးသင်တန်းပေးခဲ့

11/12/2025

ပခုက္ကူခရိုင် မြိူင်နယ်အရှေ့တောင်ချမ်းတွင် စခအအ ၃၀၀ဝန်းကျင်ခန့်စစ်ကြောင်းထိုးနေတာ တပတ်ခန့်ကြာပြိးဖြစ်ပါသဖြင့် စစ်ရှောင် ကျေးရွာပေါင်း.၁၀ရွာကျော်နှင့်ပြည်သူသောင်းဂဏန်းကျော်ရှောင်တိမ်းနေရပါသည်။
ဆောင်းတွင်းကာလ ဖြစ်ပါသောကြောင့် စောင်/ရိက္ခာနှင့် ဆေးဝါးများအရေးပေါ်လိုအပ်ပါသောကြောင် ဝိုင်းဝန်းကူညီပေးကြပါ။

#အညာတောအိမ် 🍀

ဆောင်းဝင်လို အညာဆောင်းကတစိမ့်စိမ့်နဲ့ အရိုးထိအောင်အေးနေတယ်စစ်ကြောင်းတွေ အရပ် ရှစ်မျက်နှာကနေ ထိုးစစ်လာနေပြီ ပြည်သူတွေ စစ်...
10/12/2025

ဆောင်းဝင်လို အညာဆောင်းကတစိမ့်စိမ့်နဲ့ အရိုးထိအောင်အေးနေတယ်
စစ်ကြောင်းတွေ အရပ် ရှစ်မျက်နှာကနေ ထိုးစစ်လာနေပြီ
ပြည်သူတွေ စစ်ရှောင်နေကြပြီ
ပြည်သူ့အိမ်တွေ မီးရှို့ခံနေရပြီ
စောင် ဆေးဝါး
လာကူပေးကြပါ
တစ်ထည် 31000 ကျပ်ပါဗျ

*အညာတောအိမ်*

Free Burma Ranger (FBR) မှ လှူဒါန်းပေးပါသော စောင်အထည်ရေ ၁၀၀၀ မှ၃၀၀ ကို အညာတောအိမ်မှ ပြန်လည် ဝေမျှပေးခြင်း မှတ်တမ်းလေးပါရ...
27/11/2025

Free Burma Ranger (FBR) မှ လှူဒါန်းပေးပါသော စောင်အထည်ရေ ၁၀၀၀ မှ
၃၀၀ ကို အညာတောအိမ်မှ ပြန်လည် ဝေမျှပေးခြင်း မှတ်တမ်းလေးပါရှင် 🩵

#အညာတောအိမ် 🍀

🩷
15/10/2025

🩷

ဆိပ်ဖြူမြို့နယ်က လေယာဥ်ဗုံးကြောင့် ထိခိုက်ဒဏ်ရာရသူများကို ငွေသားသွားရောက်ထောက်ပံ့ပေးခဲ့ခြင်းမှတ်တမ်းဖြစ်ပါတယ်ရှင် 🍀🍀🍀
27/08/2025

ဆိပ်ဖြူမြို့နယ်က လေယာဥ်ဗုံးကြောင့် ထိခိုက်ဒဏ်ရာရသူ
များကို ငွေသားသွားရောက်ထောက်ပံ့ပေးခဲ့ခြင်းမှတ်တမ်း
ဖြစ်ပါတယ်ရှင် 🍀🍀🍀

19/08/2025

လေကြောင်းကြောင့်
ထိခိုက်ဒဏ်ရာ ရတဲ့ လူနာတွေ
5 ဦးကို ထောက်ပံ့ပေးဖို့အကူညီလေး
တောင်းချင်ပါတယ်ရှင်
အဆင်မပြေတဲ့ မိသားစုတွေထဲကမို့ပါ 🙏🙏🙏

Address

Sulipan Street
Myaing

Telephone

+959401512506

Website

Alerts

Be the first to know and let us send you an email when အညာတောအိမ်-Anyar Taw Eain posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အညာတောအိမ်-Anyar Taw Eain:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram