မြတ်ဆေးဆိုင်

  • Home
  • မြတ်ဆေးဆိုင်

မြတ်ဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြတ်ဆေးဆိုင်, Pharmaceuticals, ၃ ရပ်ကွက်ပခုက္ကူလမ်းနှင့်ကိုင်းတောလမ်းမပေါ်ရှိမြိုင်မြို့နယ်, .

28/05/2024
05/03/2024

#နေမကောင်းလို့ဆေးခန်းသွားပြတာ_သွေးဖြူဥများတယ်_အဆုတ်ရောင်နေတယ်တဲ့
#သွေးဖြူဥများတာဟာ_သွေးကင်ဆာရောဂါလို့ဖတ်မိပြီး_အိပ်လို့တောင်မပျော်တော့ပါဘူး

( #သွေးဖြူဥများခြင်း)

ကျွန်တော်တို့ရဲ့ သွေးမှာ အကြမ်းအားဖြင့်
1. သွေးရည်ကြည် - Plasma
2. သွေးနီဥ၊သွေးဖြူဥ၊သွေးဥမွှား - formed elements ဆိုပြီး ရှိပါတယ်

#သွေးနီဥတွေဟာ
- Oxygen နဲ့ အာဟာရတွေကို ခန္ဓာကိုယ်တစ်ခုလုံးကို ပို့ပေးပြီး
- Carbon Dioxide နဲ့ အညစ်ကြေးတွေကို စွန့်ပစ်ဖို့ အဆုတ်၊အသည်း၊ကျောက်ကပ်တွေဆီပို့ပေးပါတယ်

#သွေးဥမွှားတွေက သွေးခဲတဲ့နေရာမှာ ကူညီပေးပါတယ်

#သွေးဖြူဥတွေက တော့
- ရောဂါပိုးမွှားတွေ (Bacteria, Virus)
- ပြင်ပက ဝင်လာတဲ့ပစ္စည်းတွေကို ဖယ်ရှားရှင်းလင်းတဲ့ အလုပ်ကိုလုပ်ပေးပါတယ်။
- ကိုယ်ခံအားစနစ်ရဲ့ ရှေ့တန်းတိုက်စစ်မှူးတွေပါ

အဲ့ဒါကြောင့် ပိုးတွေက ခန္ဓာကိုယ်ကို ဖျက်ဆီးလို့ နေမကောင်းတဲ့အခါ(ဖျားနာ) ပိုးတွေကို သတ်ဖို့ သွေးဖြူဥတွေကို ခန္ဓာကိုယ်က (ရိုးတွင်းချဉ်ဆီ) အများအပြားထုတ်ပါတယ်
အဲ့ဒါကြောင့် (ပိုးဝင်ပြီး)နေမကောင်းတဲ့ အခါ သွေးဖြူဥ များတတ်ပါတယ်
သွေးဖြူဥဟာ (၄-၁၁) အထိရှိတတ်ပြီး ၁၁ ကျော်ရင် သွေးဖြူဥ များတယ်လို့ ပြောပါတယ် - ဆိုလိုတာက သွေးဖြူဥ များတိုင်း သွေးကင်ဆာ မဟုတ်ပါဘူး

ကင်ဆာဆိုတာက မကောင်းတဲ့cells တွေ အများကြီး တရားလွန်များတာဖြစ်လို့
သွေးကင်ဆာမှာများတဲ့ သွေးဖြူဥဟာ
မကောင်းတဲ့ (ပုံမှန်မဟုတ်တဲ့) သွေးဖြူဥတွေဖြစ်သလို ပမာဏဟာလည်း ၅၀-၁၀၀-၂၀၀ အများကြီးပါ

အဲ့တော့ သွေးဖြူဥ အများကြီးဆို သွေးကင်ဆာဖြစ်ပြီလားဆိုတော့ #ပြောလို့မရသေးပါဘူး
တခြား သွေးအဖြေတွေ ရိုးတွင်းချဉ်ဆီစစ်ဆေးတာတွေ လုပ်ပြီးမှသာ ပြောနိုင်တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် သွေးဖြူဥများတယ် ဆိုတိုင်း သွေးကင်ဆာ မဟုတ်ပါကြောင်း

(Photo credit; Rs’ Science )
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

Address

၃ ရပ်ကွက်ပခုက္ကူလမ်းနှင့်ကိုင်းတောလမ်းမပေါ်ရှိမြိုင်မြို့နယ်

04191

Telephone

+959788363861

Website

Alerts

Be the first to know and let us send you an email when မြတ်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share