Shwe Nan San

Shwe Nan San 2022 June လရဲ့အစ

ဝါကျွတ်အကြို အဖွင့်ရဲ့ ရွှေအရောင်တင်ခြင်းကို Pt တင်ထားတဲ့ နားကပ်တစ်စုံကို Gold ပြန်တင်ပေးထားပါတယ်ဝါကျွတ် သီတင်းကျွတ်ကာလမ...
17/10/2024

ဝါကျွတ်အကြို အဖွင့်ရဲ့ ရွှေအရောင်တင်ခြင်းကို Pt တင်ထားတဲ့ နားကပ်တစ်စုံကို Gold ပြန်တင်ပေးထားပါတယ်
ဝါကျွတ် သီတင်းကျွတ်ကာလမှသည် ချစ်သောမိတ်ဆွေများ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒအားလုံး ရရှိခံစားနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
Shwe Nan San
Myat Thura
လဲ ပုံ
https://invite.viber.com/?g2=AQBY%2Fm%2BNIOjQvU9W35N4vM3uGTeLuLdCz6sSOkOO7PT893XHK%2F4jlvD%2BXo6TLgsN
# 18K

1    8     K
12/09/2024

1 8 K

မိုးဦးရာသီနှင့်အပြိုင် ရွှန်းလဲ့ဝေဆာ လည်ဆွဲရတနာ ကာလာတင်ခြင်း အနုပညာအမြဲတမ်းအလုပ်ပေးတဲ့ ရတနာဆိုင်ရှင်အစ်မ ကျေးဇူးပါ 🙏
02/06/2024

မိုးဦးရာသီနှင့်အပြိုင်
ရွှန်းလဲ့ဝေဆာ လည်ဆွဲရတနာ
ကာလာတင်ခြင်း အနုပညာ
အမြဲတမ်းအလုပ်ပေးတဲ့ ရတနာဆိုင်ရှင်အစ်မ
ကျေးဇူးပါ 🙏

27/05/2024
မီးလာမှ အဆင်ပြေတာမလို့ သည်းခံစောင့်ပေးတဲ့အတွက် ကျေးဇူးများစွာ
19/04/2024

မီးလာမှ အဆင်ပြေတာမလို့ သည်းခံစောင့်ပေးတဲ့အတွက် ကျေးဇူးများစွာ

လက်မှုပညာရှင်တစ်ဦးရဲ့ သေသပ်လှပခြင်းအပေါ် အရောင်ဆင့်ခြင်း                                  ချစ်ခြင်းအားဖြင့်  Shwe Nan Sa...
13/02/2024

လက်မှုပညာရှင်တစ်ဦးရဲ့ သေသပ်လှပခြင်းအပေါ်
အရောင်ဆင့်ခြင်း
ချစ်ခြင်းအားဖြင့် Shwe Nan San

💝  ရတနာအရောင်တင်တာကို ဘယ်လိုနားလည်           သလဲ..?                                  💝 💝 💝💞 အရောင်ကာလာများ ပြောင်းလဲဝတ်ဆ...
10/02/2024

💝 ရတနာအရောင်တင်တာကို ဘယ်လိုနားလည်
သလဲ..?
💝 💝 💝

💞 အရောင်ကာလာများ ပြောင်းလဲဝတ်ဆင်ရန်
💞 မူလအရည်အသွေးကို ထိန်းသိမ်းကာကွယ်ပြီး ခြစ်ရာ ပွန်းရာများ ခံနိုင်ရည်ရှိစေရန်
💞 အမြင်တင့်တယ်တောက်ပပြီး ရောင်းချတဲ့အခါ ဝယ်သူကို ဆွဲဆောင်မှုရှိစေရန်
💞 ဓါတ်မတည့်ခြင်းမှ ကာကွယ်ရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရတနာအရောင်တင်ကြပါတယ်။

💝 ရွှေသားထည်များကို အရောင်တင်ခြင်း (၂)မျိုးရှိပါတယ်။
💘 ရိုးရာလက်ဖြင့်အရောင်တင်ခြင်း
💘 Electroplating နည်းပညာဖြင့်အရောင်တင်ခြင်း(စက်အရောင်တင်)ဆိုပြီး အရောင်တင်နည်း နှစ်မျိုးရှိပါတယ်။

🧡 ရိုးရာနည်းဖြင့် ရွှေသားထည်များကို အရောင်တင်တဲ့နည်းမှာ မီးဖုတ်၊ ငရဲမီးဆွတ်၊ သတံကြိတ်၊ ကြေးဘရတ်ခတ်၊ ပြုတ်ရည်စိမ်၊ မြေချဉ်ပစ်၊ ကြေးနီချောင်းထည့်ထားသော ဆေးဦးရည်ထဲ နှစ်လိုက် ထုတ်လိုက်ဖြင့် လိုချင်တဲ့အရောင်ရသည်အထိ ပြုလုပ်ကြပြီး တစ်ချို့ကတော့ အခေါက်ရွှေကို ဘတ္တရီအိုးဖြင့် ရှော့တိုက်အရောင်တင်နည်းဖြင့်ပါ တွဲဖက်အသုံးပြုကြသည်။

💛 ရိုးရာလက်ဖြင့်အရောင်တင်နည်းရဲ့ အားနည်းချက်ကတော့ အဖြူရောင်(Rhodium၊ Platinum)၊ Rose Gold(ပန်းရောင်)၊ နှစ်ရောင်သုံးရောင်စပ်များ အရောင်တင်လို့ မရခြင်း၊ အရောင်ကာလာမမှန်ခြင်း၊ အရောင်ရရှိမှုတစ်ခုတည်းဖြစ်တဲ့အတွက်ကြောင့် ကြာရှည်ခံတောက်ပတဲ့ အရည်အသွေးမရရှိနိုင်ခြင်းတို့ဘဲ ဖြစ်ပါတယ်။

💚 Electroplating နည်းပညာ(စက်ဖြင့်အရောင်တင်
ခြင်း) ကတော့ အရောင်တင်ဓါတုဗေဒဆေးရည်ထဲ
💙 မှန်ကန်တဲ့ လျှပ်စစ်ဗို့အား
💜 တိကျသည့်အပူချိန်ကို အသုံးချပြီး မိမိအရောင်တင်လိုသည့် သတ္တုထည်၏မျက်နှာပြင်ပေါ် နောက်ထပ်ပါးလွှာသည့် အလွှာတစ်ခု ထပ်ပေါင်းပေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဘဲဖြစ်သည်။ မှန်ကန်သည့် လျှပ်စစ်ဗို့အားပေးနိုင်ဖို့ အရောင်တင်စက်(Jewelry Rectifier) များနှင့် တွဲဖက်အသုံးပြုပေးရသည်။

💝 အရောင်တင်လိုသည့် သတ္တုရတနာထည်ကို အရည်အသွေးမြင့် အရောင်တင်အရည်အသွေးရရှိဖို့အတွက် အရောင်မတင်ခင် ခိုင်ခံ့နူးညံ့သော Buffing Wheels များအသုံးပြုပြီး Polishing(ဘတ်တိုက်ခြင်း) နှင့် Cleaning Solutions များ၊ Magnetic Tumbler များအသုံးပြုပြီး သန့်စင်ဆေးကြောပေးရခြင်းများ အဆင့်လိုက် ပါဝင်ပါတယ်။

💗 24K၊ 18K၊ 14K၊ 9K ရွှေရောင်ကာလာအမျိုးမျိုး
💗 Rose Gold(Pink)
💗 Rhodium White/Black/Blue
💗 Platinum
💗 2/3 Colors များ အရောင်တင်နိုင်ခြင်းဟာ Jewelry Electroplating(စက်အရောင်တင်ခြင်း) ရဲ့ အားသာချက်များဖြစ်ပြီး
💖 အရည်အသွေးကောင်းတန်ဖိုးမြင့် အရောင်တင်ဓါတုဗေဒဆေးရည်များအသုံးပြုထားခြင်းကြောင့် စံနှုန်းပြည့်အထူရရှိမှု၊ ကြာရှည်ခံတောက်ပတဲ့ အရောင်အသွေးမှန်ကန်တဲ့ အရည်အသွေးကောင်းတွေကို ရရှိမှာဘဲ ဖြစ်ပါတယ်။

# fb page

ဒီနေ့ရဲ့ ပြီးမြောက်ခြင်းနှင့် လက်ရာရှင်
04/02/2024

ဒီနေ့ရဲ့ ပြီးမြောက်ခြင်းနှင့် လက်ရာရှင်

အလှတရားလေး ရရှိဖို့ နှလုံးသားတွေ နုညံဖို့ လိုမလား                                                   ချစ်ခြင်းအားဖြင့် SN...
18/01/2024

အလှတရားလေး ရရှိဖို့

နှလုံးသားတွေ နုညံဖို့ လိုမလား

ချစ်ခြင်းအားဖြင့် SNS

20/10/2023

🇨🇭 သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။ သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_
------------------------------
♦၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

♦၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

♦၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

♦၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။
ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင်
အမြန်ကုစားကြပါ။
------------------------------

🩸သွေးပျစ်တဲ့အခါ အခြားဘယ်လိုရောဂါလက္ခဏာတွေ ခံစားရမလဲ ?

အများစုက သွေးပျစ်တာကနေ သွေးခဲတွေဖြစ်လာတဲ့အခါမှ ရောဂါလက္ခဏာတွေစတင်ခံစားရတတ်ပါတယ်။ အဖြစ်များတဲ့ ရောဂါလက္ခဏာတွေကတော့…

* အမြင်အာရုံဝေဝါးခြင်း

* မူးဝေခြင်း

* သွေးခြေဥလွယ်ခြင်း

* ရာသီသွေးအဆင်းများခြင်း

* ခေါင်းကိုက်ခြင်း

* သွေးပေါင်ချိန်တက်ခြင်း

* အရေပြားယားယံခြင်း

* အားအင်မရှိ နုံးချိခြင်း

* အသက်ရှူမဝခြင်းတို့ ဖြစ်ပါတယ်။

အကယ်၍ ဘာအကြောင်းကြောင့်မှန်းမသိဘဲ သွေးခဲလေးတွေ ခဏခဏဖြစ်တဲ့အခါနဲ့ ထပ်ခါထပ်ခါကိုယ်ဝန်ပျက်ကျနေတဲ့အခါမျိုးမှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး သွေးစစ်ဆေးရပါမယ်။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_
-----------------------------------
💧၁။ ရေများများသောက်ပါ။

💧၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

💧၃။ တိရိစ္ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

💧၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

💧၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့_
----------------------------
🔹၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။

🔹၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။

🔹၃။ ကြွက်သားကို သန်မာစေတယ်။

🔹၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။

🔹၅။ စွမ်းအင် တိုးပွားစေတယ်။

🔹၆။ ဝိတ်ကျစေတယ်။

🔹၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။

🔹၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။
-------------------------------
◾- ရေခဲရေကို ရှောင်ပါ။

◾- ရိုးရိုးရေကို များများသောက်ပါ။

◾- ရေနွေးကို များများသောက်ပါ။

◾- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊

◾- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

Credit Original Uploader

ကျန်းမာ ပျော်ရွှင်ကြပါစေ•🇨🇭

👨‍🦳ရွှေနန်းစံရဲ့ဦးလေးကိုယ်တိုင်ထုတ်လုပ်ဖြန့်ချီတဲ့ ရှားဇောင်းလက်ပတ်ယိုဗူးလေးမှာယူရရှိနိုင်ပါတယ်ရှင်🌳မန်ကျီးမှည့်ပါဝင်လို...
15/01/2023

👨‍🦳ရွှေနန်းစံရဲ့ဦးလေးကိုယ်တိုင်ထုတ်လုပ်ဖြန့်ချီတဲ့ ရှားဇောင်းလက်ပတ်ယိုဗူးလေးမှာယူရရှိနိုင်ပါတယ်ရှင်
🌳မန်ကျီးမှည့်ပါဝင်လို့ အပူငြိမ်းပြီးကျန်းမာရေးအထောက်အကူပြုမှာတော့သေချာပါတယ်ရှင့်
😍သုံးစွဲနေကျအမျိုးတို့အတွက်ရွှေနန်းစံမှသတင်းကောင်းပါးအပ်ပါတယ်ရှင် ❤️❤️❤️

Address

Let Pan Yat Street
Myanaung

Opening Hours

Monday 19:00 - 07:00
Tuesday 19:00 - 07:00
Wednesday 19:00 - 07:00
Thursday 19:00 - 07:00
Friday 19:00 - 07:00
Saturday 19:00 - 07:00
Sunday 19:00 - 07:00

Website

Alerts

Be the first to know and let us send you an email when Shwe Nan San posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram