Shar

Grade-3(သင်ရိုးသစ်)    တတိယတန်း ဇူလိုင်လ အတွက်     စာမေးပွဲ စစ်ဆေးခြင်း          နမူနာမေးခွန်းများမြန်မာစာ ၊ အင်္ဂလိပ်စာ...
23/06/2025

Grade-3(သင်ရိုးသစ်)
တတိယတန်း
ဇူလိုင်လ အတွက်
စာမေးပွဲ စစ်ဆေးခြင်း
နမူနာမေးခွန်းများ
မြန်မာစာ ၊ အင်္ဂလိပ်စာ ၊ သင်္ချာ ၊ သိပ္ပံ ၊ လူမှုရေး

Verd Form
21/06/2025

Verd Form

Grade-3
21/06/2025

Grade-3

ရှင့်ကို ချစ်ရတာ ပင်ပန်းနေပြီ ။ဘယ်သူက ချစ်ခိုင်းလို့လဲဆိုတဲ့ စကားပဲ ထပ်​ပြောဦးမှာပဲမလား... ဟုတ်ပါတယ် ကိုယ်ကိုယ်တိုင်ကပဲ...
12/06/2022

ရှင့်ကို ချစ်ရတာ ပင်ပန်းနေပြီ ။

ဘယ်သူက ချစ်ခိုင်းလို့လဲဆိုတဲ့ စကားပဲ ထပ်​ပြောဦးမှာပဲမလား... ဟုတ်ပါတယ် ကိုယ်ကိုယ်တိုင်ကပဲ အမှားကြီးကို ဆက်တိုက်ရွေးချယ်နေမိတာပဲ မှားနေလဲ ပြင်ရကောင်းမှန်းမသိဘူး ။

ကျွန်မရှိနေတာက အနှောင့်အယှက်ဆိုတာမှန်းသိသိနဲ့လဲ ဆက်ပြီး ရပ်နေမိတာ မကိုင်ချင်တဲ့ဖုန်းကို ဆက်တိုက်တွေ ခေါ်နေမိတာ ပြီးတော့လဲ မကိုင်တဲ့ဖုန်းကြောင့် ငိုရတာလဲ ကိုယ်ကိုယ်တိုင်ပါပဲ ။ မြင်နေရင် ခေါ်ချင်နေမှာစိုးလို့ Active Now တွေကို မမြင်ချင်ယောင် ဆောင်ခဲ့သားပဲ ဒါပေမယ့် ဘာများလုပ်နေလဲဆိုတဲ့ အတွေးနဲ့ ပြေးပြေးကြည့်နေမိတဲ့ ကိုယ်ပဲ မှားတယ် ။

ကိုယ်မရှိပဲ အဆင်ပြေနေပြီလေ ။ ဒီတိုင်းလေးပဲထားပြီး ကိုယ်ပဲ အဆင်ပြေအောင်နေတော့ပေါ့ တဲ့ နေလို့ရရင်ကောင်းမယ် ဒါမှမဟုတ် မေ့သွားလို့ရရင်ကောင်းမယ် ။ အဆင်ပြေအောင်နေတတ်နေတာပဲလေ ပြီးတော့ ကျွန်မမရှိလဲ အဆင်ပြေနေတာပဲလေ မဟုတ်လား ။ သတိတရနဲ့ ပို့မိတဲ့စာတွေ အဖတ်လုပ်မခံရတဲ့ ခံစားချက်ကို ရှင်မသိဘူးမဟုတ်လား ပြန်ချင်တဲ့အချိန်မှပြန်တယ် ခေါ်ချင်တဲ့အချိန်မှခေါ်တယ် အရာရာကို အများကြီး မတွေးတတ်ရင်တော့ အဆင်ပြေတာပေါ့ အများကြီး တွေးမထားရင်တော့ အဆင်ပြေတာပေါ့ ။ အရာရာကို စိတ်နှစ်ကိုယ်နှစ်ထားတဲ့ ကိုယ့်အတွက်ျတော့ အစစအရာရာဟာ တကယ်ပဲ အဆင်မပြေဘူး ။

ရှင့်လိုနေနိုင်ရင်ကောင်းမယ်ဆိုတဲ့ အတွေးပဲရှိခဲ့တာပါ တကယ့်လက်တွေ့တွေမှာကျ ရှင့်လို ကျွန်မ နေနိုင်လိုက်မယ်ဆိုရင် တကယ်ပဲ ဝေးသွားရတော့မှာပေါ့ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ နေနိုင်သွားမှာကို စိုးကြောက်နေရတဲ့ စိတ်တွေနဲ့ပဲ အတင်းကြီး ဖက်တွယ်ထားခဲ့မိတာ ။

ငိုပြီးမှ အိပ်သွားရတဲ့ ညတွေကိုလဲ မုန်းပြီ ။ ကိုယ်ကပဲ ချစ်နေပြီ တစ်ဖက်က နဲနဲလေးမှ ဂရုမစိုက်တဲ့ ဆက်ဆံရေးကိုလဲ စိတ်ကုန်နေမိပြီ ။ ရှင့်ကို ချစ်ရတာ တကယ်ကိုပဲ ပင်ပန်းတယ် ဒါပေမယ့် မချစ်ပဲ နေနိုင်ဖို့ထိတော့ အသည်းမမာနိုင်ခဲ့သေးဘူး ။

#ကျေးကို

12/06/2022

ဘဝမှာ တခုခုစူးပြီးသေရမယ်ဆိုရင်တောင်

မောင့် နှုတ်ခမ်းမွှေးလေးပဲ စူးပြီးသေပါရစေ😶‍🌫️

😂😂😂
12/06/2022

😂😂😂

လူတစ်ယောက်ကို  ချစ်တယ်လို့ ပြောပြီးရင်ချစ်ပေးဖို့ မမေ့သင့်ပါဘူး ❤❤တချို့ ရှိတယ်လေ ။ ချစ်တယ် လို့ ပြောပြီး  ပိုင်ဆိုင်ခွင...
10/06/2022

လူတစ်ယောက်ကို ချစ်တယ်လို့ ပြောပြီးရင်
ချစ်ပေးဖို့ မမေ့သင့်ပါဘူး ❤❤

တချို့ ရှိတယ်လေ ။
ချစ်တယ် လို့ ပြောပြီး ပိုင်ဆိုင်ခွင့်ရပြီးရင်
ဂရုစိုက်ပေးဖို့ ၊ ကြင်နာပေးဖို့ကျ
မေ့ပစ်လိုက်တတ်ကြတယ် ။

'' ကျွန်တော်က ရင်ထဲကပဲ ချစ်တတ်တယ် ။
အပြင်ကို ထုတ်မပြတတ်ဘူး'' ဆိုတဲ့ စကားလုံးတွေဟာ တစ်ကယ်တမ်းကျ တစ်ဖက်သူရဲ့ စိတ်ခံစားချက်ကို ဂရုမစိုက်ပဲ ပေါ့ပေါ့ပါးပါးလေး
နေချင်သလိုနေနေတာကို ပြနေတာပါပဲ ။

ဒီလိုလူမျိုးတွေနဲ့ ရည်းစားသွားဖြစ်တဲ့သူတွေကတော့ အလွန်သနားဖို့ ကောင်းပါတယ် ။
ရည်းစားထားရတာ အမည်ခံလေး တစ်ခုလေးပဲ
ရှိနေသလိုပဲ။

သူတို့ ချစ်သူဆီက ရချင်တဲ့
ဂရုစိုက် ကြင်နာမှုတွေဆိုတာ
စိတ်ထဲမှာ ငတ်မွတ်တောင့်တနေပေမဲ့
လျစ်လျူ ရှု ခံနေရတာလေ ။

စိတ်အဆင်မပြေတိုင်း
ခိုဝင်လို့ရမယ့် ရင်ခွင်တစ်ခုထက်
မျက်ရည်တွေပဲ ကျစေတဲ့ ရင်ခွင်ဖြစ်နေခဲ့ရတာ။

ဒါ့ကြောင့် ကိုယ့်ဘက်က ချစ်တယ်လို့ ပြောပြီးရင်
ချစ်ပြရပါမယ် ။
ကိုယ်ချစ်ရတဲ့သူကို ကိုယ်ရှိနေလျက်နဲ့
တစ်ယောက်တည်း lonely မဖြစ်စေပါနဲ့။

ကြင်နာမှုနဲ့ နွေးထွေးမှု လေးတွေကို ကိုယ်ချစ်ရတဲ့သူကို ပေးနေဖို့ မမေ့နေသင့်ပါဘူး ။
ခုဒီစာဖတ်နေတဲ့သူ ဂရုစိုက်ပေးမှာလာ😘

Credit

ကျွန်မ ကလေ...အရမ်းမျက်ရည် လွယ်တယ်...။ကိုယ့်အတွေးနဲ့ကိုယ် နှိပ်စက် တတ်တယ်..။တစ်ခါတလေ စကားတွေ အများကြီး ပြောတတ်တယ်။တစ်ခါတလ...
07/06/2022

ကျွန်မ ကလေ...

အရမ်းမျက်ရည် လွယ်တယ်...။

ကိုယ့်အတွေးနဲ့ကိုယ် နှိပ်စက် တတ်တယ်..။

တစ်ခါတလေ စကားတွေ အများကြီး ပြောတတ်တယ်။

တစ်ခါတလေ ကျတော့လည်း တိတ်ဆိတ် နေတတ်ပြန်တယ်။

စိတ်တိုတဲ့အချိန် ဆက်ဆက်ထိ မခံ လူတိုင်းကိုအမြင်မကြည်တတ်ပြန်ဘူး..။

အရွဲ့တိုက်တတ်တဲ့ အကျင့်ကလေးကလည်း ရှိသေးတာ။

စိတ်ဆိုးနေတဲ့အချိန်တော့ ပြောချင်ရာကို ပြောလိုက်တယ်။

စိတ်ဆိုးပြေသွားရင်တော့ ငါပြောတာလွန်သွားပြီးလားဆိုပြီး ဝမ်းနည်းတတ်တယ်။

ဟန်မဆောင်တတ်ဘူး အပေါ်ယံလဲ မဆက်ဆံတတ်ဘူး..။

ဒီလို အကျင့်တွေကြောင့်ဘဲ ထင်တယ် တယောက်ထဲ ဖြစ်ဖြစ်နေတတ်တယ်။

မူရင်းကို credit ပေးပါသည်

ကျွန်မက ရည်းစားလိုချင်ခဲ့တာမဟုတ်ဘူး ချစ်ခြင်းမေတ္တာအစစ်ကို မက်မောခဲ့တာပါဥပမာ.. အသေးမွှားလေးက အစကိုယ့်မျက်နှာလေး တစိမ့်စိ...
07/06/2022

ကျွန်မက ရည်းစားလိုချင်ခဲ့တာမဟုတ်ဘူး
ချစ်ခြင်းမေတ္တာအစစ်ကို မက်မောခဲ့တာပါ

ဥပမာ..
အသေးမွှားလေးက အစ
ကိုယ့်မျက်နှာလေး တစိမ့်စိမ့်ကြည့်ရင်း
တယုတရ ဂရုစိုက်ပေးတာလေးတွေ

ဘယ်လောက်ဝေးနေ ဝေးနေ
ကိုယ့်ဆီ မရောက် ရောက်အောင် လာခဲ့တာမျိုးတွေ

ဘယ်လောက်ခက်ခဲနေပါစေ
ကိုယ့်အတွက် မရ ရအောင် ကြိုးစားပေးတာမျိုးတွေ

ဘာတွေ လုပ်ပေးရ လုပ်ပေးရ
ကိုယ့်အတွက်ဆို Hero တစ်ယောက်လိုမျိုးပေါ့

ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မမြင်တဲ့
ချစ်ခြင်းမေတ္တာတွေမျိုးပေါ့

တစ်ယောက်ပြီး တစ်ယောက်
ပြောင်းချစ်တတ်တဲ့ ချစ်ခြင်းမေတ္တာမျိုးဆို
ကျွန်မ တကယ်မမက်မောဘူး တကယ်မလိုချင်ဘူး

နင့် ချစ်သူက ရုပ်ချောလိုက်တာလို့ အပြောခံရတာထက်
နင့်ချစ်သူက နင့်ကို အလိုလိုက်ပြီး ချစ်လိုက်တာဆိုတာမျိုးပေါ့

သူအနားမှာရှိနေရင် ကိုယ့်အတွက်က
စိတ်လုံခြုံမှုရှိပြီး ပြည့်စုံနေတဲ့ မေတ္တာမျိုးပေါ့

ကိုယ့်တစ်ယောက်တည်းကိုပဲ အချိန်တွေ အကြာကြီး
ချစ်ပေးပြီး ဘယ်တော့မှ ပြောင်းလဲမသွားတဲ့ ချစ်ခြင်းမေတ္တာမျိုးကို
ကျွန်မ တကယ်လိုချင်တယ် အချစ်ခံချင်တယ် ။
Crd

"ကျနော်ကလေ"ကိုယ့်အပိုင်လို့ သတ်မှတ်ထားပြီးရင်ဘယ်သူနဲ့မှ သွားရောမျိုးလဲ မကြိုက်သလိုဘယ်သူကမှ လာရောတာကိုလဲ မကြိုက်ဘူးသဝန်လဲ...
07/06/2022

"ကျနော်ကလေ"
ကိုယ့်အပိုင်လို့ သတ်မှတ်ထားပြီးရင်
ဘယ်သူနဲ့မှ သွားရောမျိုးလဲ မကြိုက်သလို
ဘယ်သူကမှ လာရောတာကိုလဲ မကြိုက်ဘူး

သဝန်လဲအရမ်းတိုတတ်သလို
စိတ်မချတတ်တာလဲပိုရော
ပြီးတော့ အတွေးလဲလွန်တတ်ပြန်သေးတယ်
ဆုံးရှုံးရမှာကိုတော့ အကြောက်ဆုံးပဲ

"ကျနော်က ဥစ္စာ ရှူးဗျ"

မပိုင်ဆိုင်ရမှာကြောက်တဲ့စိတ်နဲ့
အရာရာကို သဝန်တိုမိရင်
ချုပ်ချယ်လွန်းတယ်ဆိုပြီး စိတ်ပျက်ကုန်တယ်

အဲဒီအချက်ကြောင့်
ကျနော်ရဲ့အနား ဘယ်သူမှ မနေချင်ခဲ့ပါဘူး
ထွက်ခွာသွားကြတယ်လေ

"ဟုတ်ပါတယ်"

ကျနော် အဲလောက်ထိချစ်ပြနေမှတော့
ဘယ်သူက အချစ်ခံနိုင်ပါတော့မလဲ
စိတ်ရှုပ်ကြတာ မဆန်ပါဘူးလေ

"ဒါကြောင့်"

ကျနော် မချုပ်ချယ်ဖြစ်အောင်
ကြိုးစားသွားမှာပါ

ဘယ်သူနဲ့ပဲ စာပို့စာပို့
ဘယ်သူပိုစ့်အောက်မှာ Love React ပေးပေး
ဘယ်သူပိုစ့်အောက်မှာ ဘယ်လိုမန့်မန့်
ဘယ်နေရာကို ဘယ်လိုပဲသွားသွား
သူဘာပဲလုပ်လုပ် သူ့အလိုကျ
သူပျော်သလို နေပါစေတော့

မမြင်မစမ်းနဲ့ မျက်ကန်းတစ်ယောက်လို
ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းသိမ်းမယ်
နာကျင်စရာတွေရှိလဲ ကြိတ်ခံစားမယ်

အရာရာကို ကံစီမံရာအတိုင်းပဲ
လက်ခံပါတော့မည်

"သူသာ ကျနော်အပေါ် တစ်ကယ်ချစ်ရင်"

ဘယ်နေရာရောက်ရောက်
ကျနော် စိတ်ချရတဲ့အနေအထား
သူ့ကိုသူ ဆင်ခြင်ပြီး ပြုမှုနေထိုင်ပါ့မည်

ကျနော် သဝန်တိုစရာမလိုအောင်လဲ
သူ အနေရှင်းပြီး တည်ငြိမ်နေပါ့မည်

ကျနော် စိတ်ပူစရာမလိုအောင်လဲ
သူ သစ္စာ ရှိနေပါ့မည်

"ဒါတွေက ကျနော်ပြောစရာမလိုပါဘူး"

ကိုယ့်ကိုတစ်ကယ်ချစ်ရင်
သူဘာသာသူ နာလည်ရမဲ့ ကိစ္စ ဖြစ်တာမို့

ကျနော်ချစ်သလို သူသာပြန်ချစ်ရင်
ကျနော် နေရာတကာ စိတ်ပူစရာ
မလိုပါဘူးလို့ ကျနော်ယုံကြည်တယ်

"ကျနော် ထပ်မနာကျင်ချင်တော့ပါ"

"❤️💙❤️"
Crd

07/06/2022

ဆီဝယ်ရင်အဲလိုဝယ်မယ်😁😁😁

Address

Myaungmya

Website

Alerts

Be the first to know and let us send you an email when Shar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shar:

Share