ဒေါနမြေ NatureFarm

  • Home
  • ဒေါနမြေ NatureFarm

ဒေါနမြေ NatureFarm Clean,Good,Share,

 #သံပုရာပင် အပွင့်တွေပွင့်ပေမယ့် အသီးမတင်ရင် ဒါတွေလုပ်ပေးပါ....🌱🌱🌱သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲသံပုရာပင်စိ...
12/08/2021

#သံပုရာပင် အပွင့်တွေပွင့်ပေမယ့် အသီးမတင်ရင်
ဒါတွေလုပ်ပေးပါ....
🌱🌱🌱
သံပုရာပင်တွေ အသီးတင်ဖို့ ဘာတွေလုပ်ဖို့လိုလဲ

သံပုရာပင်စိုက်တဲ့ ဦးကြီးတချို့ စိုက်ထားတာ (၃-၄) နှစ်ရှိပြီ အပွင့်တွေလည်း ပွင့်တဲ့အခါပွင့်ပေမယ့် အသီးမတင်ဘူး ကြုံတွေ့နေပါသလား။

ဒါဆိုရင်တော့ အောက်ကအချက်တွေ လုပ်ဖို့ လိုအပ်နေပါပြီဗျ။

၁။ နေရောင်ခြည်

သံပုရာပင်က အသီးတွေ မသီးခင်အချိန်မှာ နေရောင်ခြည်ကောင်းကောင်းရဖို့လိုပါတယ်ဗျ။ နေရောင်ကောင်းစွာမရရင်တော့ ပန်းလည်းများများစားစားပွင့်မှာ မဟုတ်ပါဘူး။

ပန်းမပွင့်ရင်တော့ အသီးလဲ မတင်တော့ပါဘူး။ သံပုရာပင်က တစ်ရက်ကို အနည်းဆုံး (၆)နာရီလောက် နေရောင်ရဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် ဦးကြီးတို့ရဲ့ သံပုရာပင်တွေက အရိပ်အောက်ရောက်နေတယ်ဆိုရင်တော့ အရိပ်ဖြစ်စေတဲ့အပင်တွေကို ကိုင်းချိုင်တာမျိုးလုပ်ပြီး အလင်းရရှိအောင် လုပ်ပေးလိုက်ပါ။

၂။ ရေ

အသီးတင်ဖို့ ဒုတိယအရေးကြီးဆုံးအချက်ကတော့ ရေရရှိမှုပါ။ ရေကို လုံလုံလောက်လောက် ပေးသွင်းခြင်းက သံပုရာသီးတွေ အထွက်ကောင်းဖို့ ကူညီပါလိမ့်မယ်။

စိုက်တဲ့မြေကလည်း ရေစီးရေလာကောင်းတဲ့မြေ ဖြစ်သင့်ပြီး အမြဲခြောက်သွေ့နေတဲ့မြေမှာ မစိုက်သင့်ပါဘူး။ မြေကိုလည်း အမြဲစမ်းစစ်သင့်ပြီး အနက်(၂) လက်မလောက်ထိ မြေကခြောက်နေတယ်ဆိုရင်တော့ ရေများများပေးဖို့ လိုအပ်နေပါပြီဗျ။

အရွက်တွေ ငိုက်ကျနေတယ်ဆိုရင်လည်း ရေလိုအပ်နေပါပြီ။ တစ်ပတ် (၁)ကြိမ် ပုံမှန် ရေရွှဲရွှဲလောင်းပေးသင့်ပါတယ်။

၃။ အာဟာရဓာတ်
အာဟာရဓာတ်ရရှိဖို့ အပင်စစိုက်ကတည်းက သဘာဝမြေသြဇာတွေ ထည့်ပေးသင့်ပါတယ်ဗျ။ ရှောက်သံပုရာအုပ်စုဝင်တွေကိုကျွေးတဲ့ ဓာတ်မြေသြဇာ (citrus fertilizer)တချို့ကို တစ်နှစ်ကို လေးကြိမ်လောက် ကျွေးပေးပါ။

သံပုရာပင်က နိုက်ထရိုဂျင်ကို ပိုပြီးစားသုံးတဲ့ကောင်မို့ (N:P:K) အချိုး (၃:၁:၁) နဲ့ (၂:၁:၁) လိုမျိုး နိုက်ထရိုဂျင်အချိုးပိုပါတဲ့ ဓာတ်မြေသြဇာတွေကို ရွေးချယ်ပြီးသုံးသင့်ပါတယ်။

၄။ အပူချိန်

သံပုရာပင်တွေက အပူချိန်( ၂၀ )ဒီဂရီစင်တီဂရိတ် လောက်ထိ လျော့ကျပြီး အေးသွားတာကို ခံနိုင်ရည်ရှိကြပါတယ်။ ဒါပေမယ့် (၂၀) ဒီဂရီစင်တီဂရိတ်ရဲ့အောက်ရောက်ပြီး အလွန်အေးသွားရင်တော့ အသီးသီးနှုန်း ကျသွားတတ်ပါတယ်။

ဒါ့ကြောင့် အိုးနဲ့စိုက်တဲ့အပင်တွေကို အလွန်အေးလာတဲ့အခါ အအေးဒဏ်သက်သာမယ့်နေရာဆီ ပြောင်းထားပေးသင့်ပါတယ်။ နေပွင့်လာပြီး အအေးပေါ့လာတဲ့ နေ့လည်ခင်းလိုအချိန်တွေမှာတော့ အပြင်ပြန်ထုတ်ပေးပါ။

အအေးဒဏ်ရှောင်ဖို့ အဆောက်အအုံထဲ ပြောင်းရွှေ့ထားတဲ့အခါ အရွက်တွေခြောက်လာတတ်တာမို့ ရေဖျန်းပေးဖို့ မမေ့ပါနဲ့ဗျ။

၅။ ဝတ်မှုန်ကူးခြင်း

သံပုရာပင်တွေက အများအားဖြင့် တစ်နှစ်ပတ်လုံး ပန်းပွင့်နိုင်ကြပေမယ့် အဓိကအားဖြင့်တော့ မိုးရာသီနဲ့ နွေဦးပိုင်းမှာ ပန်းအများဆုံးပွင့်တတ်ကြပါတယ်ဗျ။ ပန်းတွေပွင့်တိုင်းမှာ ဝတ်မှုန်ကူးဖို့ လိုအပ်ပါတယ်။

ဆိုလိုတာက ပန်းတော့ပွင့်ပေမယ့် ဝတ်မှုန်မကူးပဲ ကြွေသွားရင် အသီးလည်း မရနိုင်တော့ပါဘူး။ ဒါ့ကြောင့် ပွင့်တည်းဝတ်မှုန်ကူးခြင်းက အကောင်းဆုံးဖြစ်ပေမယ့် အသီးအထွက်ကောင်းဖို့ဆိုရင်တော့ လက်နဲ့ဝတ်မှုန်ကူးခြင်းကို လုပ်ပေးဖို့ လိုပါတယ်ဗျ။

လက်နဲ့ဝတ်မှုန်ကူးခြင်းဆိုတာကတော့ စုပ်တံခပ်သေးသေး (သို့) ဂွမ်းစလေးနဲ့ အဖိုဝတ်မှုန်တွေကိုခြစ်ယူပြီး အမအင်္ဂါပေါ် သုတ်ပေးခြင်းဖြစ်ပါတယ်။ အသေးစိတ်ဆန်ပြီး လက်ဝင်တာမို့ တစ်နိုင်တစ်ပိုင် စိုက်တဲ့သူတွေအတွက် ပိုသင့်တော်ပါတယ်ဗျ။

၆။ ကိုင်းချိုင်ပေးခြင်း

အသီးများများသီးဖို့ရန် အပင်ကရှည်စရာမလိုပါဘူးဗျ။ ဒါ့ကြောင့် မိုးဦးပိုင်းမှာ ကိုင်းချိုင်ခြင်းတွေ ပြုလုပ်ပေးပါ။ အပေါ်ကို ရှည်ထွက်နေတဲ့ ကိုင်းတွေက ပုံမှန်အားဖြင့် အသီးမသီးကြပါဘူး။

ဒါကြောင့်မို့ အဲ့လိုကိုင်းတွေကို ဦးစားပေးချိုင်ပါ။ ထို့ပြင် ခြောက်နေတဲ့ကိုင်းတွေနဲ့ ရောဂါကျနေတဲ့ကိုင်းတွေကို (၄၅) ဒီဂရီစောင်း၍ ဖြတ်ပေးပါ။

ပင်မပင်စည်ကို နေရောင်မဝင်နိုင်လောက်အောင် ပိတ်စို့နေတဲ့ ကိုင်းတချို့ကိုလည်း ချိုင်ပေးပါ။ ဒါမှ ပင်စည်ကို နေရောင်ရရှိမှာဖြစ်ပြီး လေဝင်လေထွက်လည်းကောင်းကာ မှိုရောဂါတွေဖြစ်ခြင်းမှ ကင်းလွတ်မှာလည်း ဖြစ်ပါတယ်ဗျ။

ပြုံပြွတ်ပြီးသီးနေတဲ့အထဲမှ တချို့အသီးတွေကို ခြွေပေးခြင်းက အရည်အသွေးကောင်းပြီး အရွယ်အစားကြီးတဲ့အသီးတွေရရှိမှာလည်းဖြစ်ပါတယ်ဗျ။

ဒီအချက်တွေကို လုပ်ဆောင်ပေးပြီး ဦးကြီးတို့ရဲ့ သံရာပုပင်တွေ အသီးထွက်ကောင်း၍ ဈေးကောင်းရကြပါစေဗျာ။

စိုက်ပျိုးလိုသော မိတ်ဆွေများအတွက် သံပုရာနှင့်ရှောက် ပျိုးပင်များ crd ပေးပါတယ်

07/04/2020

Good Morning

အဖိုးရေ ကြက်တွေအနာတွေကျစျေးကလဲခွက်စျေးဖြစ်နေပြီဆိုတော့..ကို့ခြံထဲက$လုပ် ကိုယ်ပြီးအောင်လုပ်ကြက်သားစားတဲ့လူတွေရှိနေသ၍ထမင်း...
04/04/2020

အဖိုးရေ ကြက်တွေအနာတွေကျ
စျေးကလဲခွက်စျေးဖြစ်နေပြီဆိုတော့..

ကို့ခြံထဲက$လုပ် ကိုယ်ပြီးအောင်လုပ်
ကြက်သားစားတဲ့လူတွေရှိနေသ၍
ထမင်းမငတ်ဘူးတဲ့

01/04/2020

Home stay
Save life

အပြင်မှာအပူတွေနဲ့ ဆူညံနေပေမယ့်ခြံထဲမှာတော့ငြိမ်းချမ်းလျှက်ဘဲ
30/03/2020

အပြင်မှာအပူတွေနဲ့ ဆူညံနေပေမယ့်
ခြံထဲမှာတော့ငြိမ်းချမ်းလျှက်ဘဲ

COVID Case စတွေ့ပါပြီ။(အကြောက်လွန်ကဲခြင်း မဖြစ်ကြရန်)မူရင်းတင်ပြသူ Dr အား Credit ပေးပါ၏။ကျန်းမာရေးအတွက် အရမ်းကြီး မကြောက...
24/03/2020

COVID Case စတွေ့ပါပြီ။
(အကြောက်လွန်ကဲခြင်း မဖြစ်ကြရန်)
မူရင်းတင်ပြသူ Dr အား Credit ပေးပါ၏။
ကျန်းမာရေးအတွက် အရမ်းကြီး မကြောက်လန့်ပါနဲ့လို့ အားပေးချင်ပါတယ်။
ကျွန်တော်တို့ ထပ်ခါထပ်ခါ ပြောခဲ့သလိုပါပဲ။ ကူးစက်မှုမှာ ကိုဗစ်က တုပ်ကွေးနဲ့ မတိမ်းမယိမ်းပါပဲ။ ရောဂါပြင်းထန်မှုမှာလည်း ကိုဗစ်က တုပ်ကွေးနဲ့ မတိမ်းမယိမ်းပါပဲ။ တစ်ချို့တုပ်ကွေးထက်တောင် သက်သာပါသေးတယ်။ သေဆုံးမှုမှာလည်း SARS လောက်၊ အီဘိုလာလောက် မဆိုးပါဘူး။ လက်ရှိဒေတာတွေအရ အီဘိုလာက ၁၀၀ ဖြစ်ရင် ၉၀ လောက်ထိ သေနိုင်ပါတယ်။ ကိုဗစ်က ၁၀၀ ဖြစ်ရင် ၁ ယောက် ၂ ယောက်လောက်ပဲ သေနိုင်ပါတယ်။ တုပ်ကွေးလောက်ပါပဲ။ ကျန်တဲ့သူတွေက ပြန်ကောင်းသွားပါတယ်။ ကိုဗစ် ကူးစက်ခံရသူရဲ့ ၈၀ ရာခိုင်နှုန်းက ဆိုးဆိုးရွားရွား ရောဂါလက္ခဏာတောင် မပြပါဘူး။ သူ့ဘာသာ ပြန်ကောင်းသွားတာပါ။ လမ်းပေါ်မှာ ခေါက်ကနဲ လဲကျပြီး သေဆုံးတာမျိုး ဖြစ်ဖို့လည်း အင်မတန့် အင်မတန်ခဲယဉ်းပါတယ်။
စတွေ့ပြီဆိုတော့ ဘာလုပ်ရမလဲ ဆိုရင် ပြည်သူတွေ အနေကတော့ အခုလုပ်နေတဲ့ personal hygiene နဲ့ social distancing ကိုပဲ ဆက်လုပ်ရမှာပါ။ Social distancing ရဲ့ တန်ဖိုးကို လုံး၀ လျှော့မတွက်ပါနဲ့။
အစိုးရကတော့ ရောဂါကာကွယ်တားဆီးရေးအပြင် သူ့ရဲ့ health care providers တွေကို ကာကွယ်ဖို့ အတော်လေး ရုန်းကန်လှုပ်ရှား ရပါတော့မယ်။
နောက်လုပ်ရမယ့်တစ်ချက်က စီးပွားရေး ပြင်ဆင်မှုပါ။ ကိုဗစ်ကို ကျန်းမာရေးဘက်က ထိန်းချုပ်နိုင်ရင်တောင် စီးပွားရေးဘက်ကတော့ အတော်လေး သတိရှိမှ ပြင်ဆင်နိုင်မှ တော်ကာ ကျပါမယ်။ အထူးသဖြင့် အင်တာနက်ပါ။ အခုအချိန်မှာ အင်တာနက်နဲ့ ဖုန်းလိုင်းကျရင် ကျွန်တော်တို့ အတော် အထိနာပါမယ်။ ဒီအတွက် သက်ဆိုင်ရာက အသေအချာ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။
နောက်ထပ်အရေးကြီးတာကတော့ ပိုးတွေ့ရှိ လူနာ အပါအဝင် တစ်ခြားသူတွေကို အပြစ်တင်ခြင်း မလုပ်ဖို့ပါ။ အခုအချိန်မှာ ဉာဏ်ပညာနဲ့ ယှဉ်သော မေတ္တာတရားက အရေးကြီးပါတယ်။ အပြစ်ချည်းပဲ တင်နေရင် ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။ အပြစ်တင်ခြင်းကနေ အကြောက်တရားလွန်ကဲခြင်းကို ရောက်သွားတာပဲ ဖြစ်ဖြစ်၊ ဒေါသဆိုတာကို ရောက်သွားတာပဲ ဖြစ်ဖြစ် ရလာဒ်က မကောင်းနိုင်ပါ။
စားစရာနဲ့ အိမ်သုံးပစ္စည်းတွေလည်း ကိုယ့်အိမ်အတွက်ပဲ အလွန်အမင်း မဝယ်ပါနဲ့။ တစ်ခြားသူတွေအတွက်လည်း ကိုယ်ချင်းစာ ချန်ထားပေးပါ။ ကျွန်တော်တို့ ငတ်မသေနိုင်ပါဘူး။
စိတ်တစ်အားပူလာရင် သမိုင်းကို ပြန်ကြည့်ပါ။ ကျွန်တော်တို့ တိုင်းပြည်ဟာ အတော်လေး ဒူပေဒဏ်ပေ ခံနိုင်တဲ့ တိုင်းပြည်ပါ။ ရပ်ကွက်စကားနဲ့ ပြောရရင်တော့ အတော် အသက်ပြင်းတဲ့ တိုင်းပြည်ပါ။ ပွဲကြီးပွဲငယ် အသွယ်သွယ်ကို သူများတွေလောက် မတောင့်တင်းပေမယ့် ကိုယ့်အင်ကိုယ့်အားနဲ့ ရအောင် ကျော်နိုင်ခဲ့တာချည်းပါပဲ။
ဒီပြဿနာကို ကိုင်တွယ်ရာမှာ လူတိုင်းလူတိုင်းက ငါ ဆိုတဲ့ အဆင့်မှာပဲ စဉ်းစားရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ "ငါတို့" လို့ စဉ်းစားဆောင်ရွက်မှသာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီရောဂါရဲ့ အဖြေက individual level ကို ကျော်လွန်ပြီး community level မှာ ကိန်းဝပ်နေတာမို့ပါ။ ဒါကို သေသေချာချာ တွေးကြည့်စေချင်ပါတယ်။
ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားသာ ရှိရင် ဒီတစ်ပွဲကိုလည်း အတူတူကျော်ဖြတ်နိုင်မှာပါ။ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရင်း၊ မျက်စိကိုဖွင့် နားကိုစွင့်ရင်း တစ်ယောက်နဲ့ တစ်ယောက် အားပေးစကား ပြောကြရမယ့် အချိန်၊ ဝိုင်းဝန်းစောင့်ရှောက်ဖေးမကြရမယ့် အချိန်၊ မိသားစုစိတ်ဓာတ် ထားရမယ့်အချိန် ရောက်ပါပြီ ခင်ဗျာ။ ။
Htet Nay Lin Oo

22/03/2020

ရေငတ်ဝမ်းကျရောဂါအကြောင်းလေးပါ ******* ရောဂါလက္ခဏါများ **********
၁။မစင်အရည်များဖြစ်နေခြင်း
၂။အဝါရောင်မစင်များသွားခြင်း
၃။ မစင်အနံ့ဆိုးဝါးခြင်း
၄။မစင်တွင်သွေးပါခြင်း
၅။ရေငတ်ခြင်း
၆။နာခေါင်းခြောက်လွန်းခြင်း
၇။ဆီးနည်းခြင်း
၈။ခန္တာကိုယ် မထိန်းသိမ်းနိုင်လောက်အောင်တုန်နေခြင်း

******ရောဂါအကြောင်းအရင်းများ ********** ၁ ခန္ဓာကိုယ်တွင်းကပ်ပါးများ ၂ ဘက်တီးရီးယားများ ၃ ဗိုင်းရပ်များစွဲကပ်နေခြင်း ၄ မသန့့်ရှင်းသောအစာများစားမိခြင်း ၄ အစာပြောင်းလဲမှုနှင့်အစာချေဖျက်နှိင်မှုပြသနာများ
ရာသီမရွေးဖြစ်နှိင်စေခြင်း မသန့်ရှင်းသောဝန်းကျင်
နှင့် ဝက်ငယ်များတွင် ဖြစ်ပွာလေ့ရှိပြီး ဝက်ငယ်များကို အစာမပြောင်းလဲမိစေရန်အထူး အလေးထားသင့်သည်။

ကာကွယ်ခြင်း ဝက်ခြံနှင့်ဝက်စာခွက်များအားသန့်ရှင်းစွာထားခြင်း အစာမှန်မှန်ကျွေးခြင်း အစာပြောင်းရန်လိုအပ်ပါက တဖြေးဖြေးခြင်းပြောင်းခြင်း
ရောဂါရှိသောဝက်ကို အခြားဝက်များနှင့် သီးခြားခွဲထားခြင်း ။

*********ကုသခြင်း **********
ဝက်တစ်ကောင် ၁ ရက်စာ ၁***ဂျင်း ၁ ကျပ်သား ။ လေးညှင်း ၁ ကျပ်သား ။ ထုံကျောက်မှုန့် ၁ ကျပ်သား ။ ရေကျက်အေး ၄ လီတာ ရောစပ်၍တစ်နေ့ ၂ကြိမ်တိုက်ပါ ။

ဒါတွေမနိုင်ရင် ၂ ***ဆား ၃ ဇွန်း ။ သကြား ၉ ဇွန်း ။ ရေ ၄ လီတာ အထက်ပါတို့ကိုဖျော်တိုက်ခြင်း

၃**** မာကလာရွက်ကို ပြုက်ပြီးအအေးခံတိုက်ခြင်းတို့ဖြင့်ရှေ့ဉီးစွာ ပြုစုကုသနှိင်ပါတယ်
အထက်အကြောင်းအရာများကို တွေရှိပါက နားလည်တက်ကျွမ်းသည့် နီးစပ်ရာတိကုနှင့်သာ
အမြန်ဆုံးကုသပါ။
#ခရေဝင်း

1 month Recordအောက်နားလေးကDateတွေကိုshow
20/03/2020

1 month Record
အောက်နားလေးကDateတွေကိုshow

20/03/2020

စိတ်ကောက်နေတဲ့ကလေးလေးတောင်
သူတို့ကိုကြည့်ပြီး ကြည်းနူးနေလေရဲ့

Address

Asia Road

302

Website

Alerts

Be the first to know and let us send you an email when ဒေါနမြေ NatureFarm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share