29/01/2024
Lasikဖြင့်ပါဝါလျော့ခြင်း
ပထမဆုံး လေဆာပစ်သူများက အသက် ၂၁ နှစ်ပြည့်သူဖြစ်ရပါမယ်။ လေဆာမပစ်ခင် မိမိရဲ့ပါဝါ၊ မျက်ကြည်လွှာ အထူ အပါး၊ မျက်စိခြောက်မနေရ၊ မျက်စိရဲ့ အကျယ်၊ သွေးတိုး ဆီးချို၊ Bပိုး၊ C ပိုး၊ HIV စစ်ဆေးရပါမယ်။
မျက်လုံးပါဝါ အရမ်းများသူတွေဆိုရင် လေဆာပစ်ပြီးလည်း ပါဝါအနည်းငယ်ကျန်တာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ ပါဝါဖျောက်တာက တသက်လုံးခံတယ်ဆို ပြောမရပါဘူး။ ဥပမာ - မိမိရဲ့ပါဝါက ၈၀၀ ဆိုရင် လေဆာပစ်ပြီး ၁၀၀ (သို့) ၂၀၀ လောက် ကျန်လို့ မျက်မှန်ပြန်တပ်ရသူလည်း ရှိပါတယ်။ တချို့က ပါဝါအကုန်ပျောက်ပြီး အာရုံကြောအားနည်းခြင်းကြောင့် ပါဝါပြန်တက်လာတာ မြန်ဆန်မျိုးလည်း တွေ့ရပါတယ်။
ဘေးထွက် ဆိုးကျိုးတွေကတော့ ခွဲစိတ်ခြင်းကြောင့် မျက်သားခြောက်သွေ့ခြင်း ၊ အလင်းရောင်ကို အာရုံခံမှုလွန်ကဲခြင်း ၊အလင်းစူးစူးကို မကြည့်နိုင်ခြင်း ၊ မျက်ကြည်လွှာကို လိုသည်ထက်ပိုပြီး ပုံသွင်းမိခြင်း (သို့) လိုသလောက် ပုံမသွင်းနိုင်ခြင်းတွေလည်း ဖြစ်နိုင်ပါတယ်။ မျက်ကြည်လွှာရောင်ရမ်းခြင်း ၊ လေဆာကုထုံးအပြီးမှာ မျက်ကြည်လွှာထူလာခြင်းတွေ ဖြစ်လာနိုင်သလို Dry eye ( မျက်စိခြောက်ခြင်း) နှင့် Eye floaters ( မျက်လုံးတွင်း ရေမြုပ်များ) ဖြစ်နိုင်ချေလည်း ရှိပါတယ်။
လိုအပ်မှ၊ ပါဝါအရမ်းများတယ် ဆိုသူဆိုလုပ်လို့ရပါတယ်။ ပါဝါနည်းတယ် ၃၀၀ ၊ ၄၀၀ဆို မလုပ်သင့်သေးဘူးလို့ အကြံလေးပေးချင်ပါတယ်။
မိတ်ဆွေ၊ လူနာရှင်များ အားလုံး
ကျန်းမာ၊ ချမ်းသာ ကြပါစေ🙏🙏🙏🙏🙏
Aung lay ( Eye Health )