20/12/2022
➡️အနှိပ်ကုထုံးဟာ ဘီစီ ၃၀၀၀ (လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀) ကျော်က အိန္ဒိယနိုင်ငံမှာ သဘာဝကုထုံးတစ်ခုအနေနဲ့ အသိအမှတ်ပြုပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ထိုအချိန်ကစပြီး အနှိပ်ကုထုံးကို ဒဏ်ရာတွေသက်သာဖို့၊ နာကျင်မှုလျှော့ချဖို့၊ ဖျားနာမှုတွေကို ကာကွယ်ဖို့အတွက် မျိုးဆက်တစ်ခုနဲ့တစ်ခု လက်ဆင့်ကမ်းလာကြတာဖြစ်ပါတယ်။🤝
✅ရှေးခေတ်လူတွေ ယုံကြည်ချက်အရ ဖျားနာမှုနဲ့ ရောဂါတွေက သဘာဝပတ်ဝန်းကျင်နဲ့ ဟန်ချက်မညီလို့ဖြစ်ရတာလို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် massage လုပ်ပေးတာက ခန္ဓာကိုယ်ရဲ့ သဘာဝနဲ့ ရုပ်ပိုင်းဆိုင်ရာကို ဟန်ချက်ညီအောင်ထိန်ပေးထားနိုင်လို့ သဘာဝကုထုံးအနေနဲ့ သတ်မှတ်ကြတာဖြစ်ပါတယ်။🧐
ယဉ်ကျေးမှုတွေ တဖြည်းဖြည်းထွန်းကားလာရင်းနဲ့ ဘီစီ ၂၇၀၀ လောက်မှာ အနှိပ်ကုထုံးဟာ တရုတ်နဲ့ အရှေ့တောင်အာရှဘက်ကို စတင်ရောက်ရှိလာပါတယ်။🧳 တရုတ်နိုင်ငံရောက်လာတဲ့အခါ တရုတ်တိုင်းရင်းဆေး၊ ကိုယ်ခံပညာ၊ ဗုဒ္ဓဘာသာနဲ့တာအိုဘာသာဝင်တို့ရဲ့ ယောဂဝိဝါဒတွေ ပေါင်းစပ်ပြီး massage နည်းပညာဟာ ပိုပြီးတိုးတက်လာခဲ့ပါတယ်။📈
ဒီလိုနဲ့ ယဉ်ကျေးမှုတစ်ခုကနေတစ်ခု၊ မျိုးဆက်တစ်ခုကနေတစ်ခု၊ နိုင်ငံတစ်ခုကနေတစ်ခု လက်ဆင့်ကမ်းလာရင်းနဲ့ ယနေ့ခေတ်မှာ “အနှိပ်ကုထုံးဟာ ကောင်းမွန်တဲ့ဆေးတစ်မျိုး” ဆိုတာ လူတိုင်းလက်ခံထားကြပြီ ဖြစ်ပါတယ်။😉
📌အနှိပ်ကုထုံးခံယူဖို့ စဉ်းစားနေပြီဆိုရင် မနက် ၉ နာရီမှ ည ၉နာရီ အတွင်း ကျွန်တော်တို့ ရွှေလက်တော် အကြောပြင်အနှိပ်ခန်းကို လာရောက်ပြီး ပင်ပန်းနွမ်းနယ်မှု၊ ညောင်းညာမှုတွေကို ဖြေလျော့နိုင်ပါတယ်ဗျ။ 💁♂️
💵စျေးနှုန်းကတော့ ၁ နာရီ - ၁၀,၀၀၀ ကျပ်ပါခင်ဗျာ။
ကိုယ်ရောက်တဲ့အချိန်မှာ မစောင့်ရအောင် Page Messenger ကနေပဲဖြင့်ဖြင့် ☎️ဖုန်းနံပါတ် - 09 9767 08330 ကို ဆက်သွယ်ပြီးတော့ပဲဖြစ်ဖြစ် Booking ကြိုယူထားနိုင်ပါတယ်ခင်ဗျာ . . .
🏠လိပ်စာ - KBZ Bank (3) အနီး ကိုဘွန်းကားပစ္စည်းဆိုင်ရှေ့၊ မြဝတီမြို့။