31/03/2026
အိပ်စက်ခြင်းဆိုင်ရာ ကျန်းမာရေး🩺
"တစ်နေ့ကို (၈) နာရီ အိပ်ရုံနဲ့ မလုံလောက်ပါဘူး - နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က ပိုအရေးကြီးပါတယ်"
• အိပ်ရာဝင်ခါနီး (၁) နာရီအလိုမှာ ဖုန်းကြည့်ခြင်းကို ရှောင်ကြဉ်ပါ။ (Blue light က အိပ်စက်ခြင်းကို နှောင့်ယှက်ပါတယ်)
• အိပ်ခန်းအပူချိန်ကို အေးမြပါစေ။ (18°C မှ 22°C ဝန်းကျင်က အကောင်းဆုံးပါ)
• နေ့လယ် ၂ နာရီနောက်ပိုင်း ကော်ဖီ (Caffeine) သောက်ခြင်းကို ရှောင်ပါ။
• နေ့စဉ် အိပ်ချိန်နဲ့ ထချိန်ကို တသမတ်တည်းဖြစ်အောင် ကြိုးစားပါ။
ဒါတွေဖြစ်နေပြီလား ပြန်စမ်းစစ်ပါ။
• ညဘက် အသက်ရှူရပ်သလို ဖြစ်ပြီး လန့်နိုးတတ်ခြင်း။
• ဟောက်သံ အရမ်းကျယ်ခြင်း (Sleep Apnea လက္ခဏာ ဖြစ်နိုင်ပါတယ်)။
• ညဘက် လုံလောက်အောင် အိပ်သော်လည်း နေ့ဘက်မှာ အမြဲတမ်း ငိုက်မြည်းနေခြင်း။
• အိပ်ပျော်ဖို့ တစ်နာရီထက်မက အချိန်ယူနေရခြင်း (Insomnia)။
👨⚕️ဒီလိုလက္ခဏာတွေ ရှိနေရင် ဆရာဝန်ကြီးများ နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်နေပါပြီ
"ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းက ကျန်းမာခြင်းရဲ့ အစပါ"👍🏻
📍ဌာနခွဲ (၁): ရပ်ကွက် (၄)၊ ဘုရင့်နောင်လမ်းမကြီး(ညဈေးရှေ့)၊ မြဝတီမြို့။
📞 09-795508524
📍 ဌာနခွဲ (၂): ရပ်ကွက် (၃)၊ ကရင်စာပေရုံးဘေး၊ မြဝတီမြို့။
📞 09-758633098, 09-791613018
#ပုဂ္ဂလိကဆေးရုံကြီး #ခေတ်မှီဆေးရုံ #ကျန်းမာရေး #၂၄နာရီဝန်ဆောင်မှု #မြဝတီမြို့ #စရိတ်မျှပေးဝန်ဆောင်မှု