First Aid Care by San Thi-Nurse

First Aid Care by San Thi-Nurse I am a nurse in Myanmar.I want to share the knowledge about first aid care for everyone.

 #ရေယုန်ရောဂါကာကွယ်နည်းHSV-1 (Herpes Simplex Virus Type 1) သည် အဓိကအားဖြင့် နှုတ်ခမ်းနှင့် ပါးစပ်တစ်ဝိုက်တွင် အရည်ကြည်ဖု...
27/02/2026

#ရေယုန်ရောဂါကာကွယ်နည်း

HSV-1 (Herpes Simplex Virus Type 1) သည် အဓိကအားဖြင့် နှုတ်ခမ်းနှင့် ပါးစပ်တစ်ဝိုက်တွင် အရည်ကြည်ဖုများ ဖြစ်စေသော ဗိုင်းရပ်စ်ပိုး ဖြစ်သည်။
၁။ဖြစ်ပွားရသည့် အကြောင်းရင်း

ဤရောဂါသည် ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း ကြောင့်သာ ဖြစ်ပွားသည်။
👉တိုက်ရိုက်ထိတွေ့မှု
ရောဂါပိုးရှိသူ၏ အနာ၊ အရည်ကြည်ဖု သို့မဟုတ် တံတွေးနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ကူးစက်သည်။ (ဥပမာ- အနမ်းပေးခြင်း၊ နှုတ်ခမ်းချင်းထိခြင်း)။
👉ပစ္စည်းမျှဝေခြင်း
ပိုးရှိသူသုံးစွဲထားသော နှုတ်ခမ်းနီ၊ ဇွန်း၊ ခွက်၊ မျက်နှာသုတ်ပုဝါ၊ သွားတိုက်တံများကို မျှဝေသုံးစွဲခြင်း။
👉ပါးစပ်မှတစ်ဆင့် လိင်ဆက်ဆံခြင်း
HSV-1 ရှိသူသည် ပါးစပ်မှတစ်ဆင့် လိင်ဆက်ဆံခြင်းဖြင့် အခြားသူ၏ လိင်အင်္ဂါတွင် ရေယုန်ဖြစ်စေနိုင်သည်။

မှတ်ချက်
ပိုးကူးစက်ခံရပြီးလျှင် ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အတွင်းရှိ အာရုံကြောများထဲတွင် ပုန်းကွယ်နေတတ်ပြီး၊ ကိုယ်ခံအားကျချိန်တွင် ပြန်လည်လှုပ်ရှားကာ ရေယုန်ပြန်ပေါက်လာတတ်သည်။

၂။ မကုဘဲထားလျှင် နောက်ဆက်တွဲ ပြင်းထန်မှုများ
HSV-1 သည် များသောအားဖြင့် ကိုယ်တိုင်ပြန်ကောင်းတတ်သော်လည်း (၁-၂ ပတ်အတွင်း)၊ မကုသဘဲထားပါက
အောက်ပါ ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်နိုင်သည်

* မျက်စိသို့ ပျံ့နှံ့ခြင်း (Ocular Herpes)
အနာကိုကိုင်ပြီး မျက်စိပွတ်မိလျှင် ပိုးမျက်စိသို့ကူးစက်ပြီး မျက်ကြည်လွှာရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းများ ဖြစ်နိုင်သည်။ မကုသပါက မျက်စိကွယ်သည်အထိ ဖြစ်နိုင်ပါတယ်။

* ကိုယ်ခံအားနည်းသူများအတွက် အန္တရာယ်
HIV ရှိသူများ၊ ကင်ဆာဆေးကုသနေသူများတွင် ပိုးသည် ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့နိုင်ပြီး အသည်း၊ အဆုတ်နှင့် ဦးနှောက်အမြှေးပါးများအထိ ထိခိုက်စေနိုင်သည်။

* ဦးနှောက်ရောင်ခြင်း (Herpes Encephalitis)
အလွန်ရှားသော်လည်း ပိုးသည် ဦးနှောက်ထဲအထိ ရောက်ရှိပြီး အသက်အန္တရာယ် ရှိနိုင်သော ဦးနှောက်ရောင်ခြင်းကို ဖြစ်စေနိုင်သည်။

* အရေပြားပိုးဝင်ခြင်း
အနာကို ကုတ်ဖဲ့မိလျှင် ဘက်တီးရီးယားပိုး ထပ်ဆင့်ဝင်ရောက်ပြီး အနာများပြားခြင်း၊ ပြည်တည်ခြင်းများ ဖြစ်နိုင်သည်။

* မွေးကင်းစကလေးငယ်များသို့ ကူးစက်ခြင်း
ရေယုန်ပေါက်နေစဉ် ကလေးငယ်ကို အနမ်းပေးခြင်းဖြင့် ကလေးငယ်အား ကူးစက်နိုင်ပြီး အလွန်အန္တရာယ်များသည်။

၃။ ကာကွယ်ရေးနည်းလမ်းများ (အသေးစိတ်)

HSV-1 ကူးစက်ခြင်းကို ကာကွယ်ရန်နှင့် ပြန်ဖြစ်ခြင်းကို လျှော့ချရန် အောက်ပါတို့ကို လုပ်ဆောင်ရမည်
ကူးစက်ခြင်းကို ကာကွယ်ရန်
✅အနာရှိသူနှင့် ထိတွေ့မှုရှောင်ပါ
ရေယုန်ပေါက်နေသူနှင့် မနမ်းပါနှင့်၊ နှုတ်ခမ်းချင်း မထိပါနှင့်။
✅ပစ္စည်းမျှဝေခြင်း ရှောင်ပါ: ဇွန်း၊ ခွက်၊ နှုတ်ခမ်းနီ၊ မျက်နှာသုတ်ပုဝါတို့ကို မျှဝေမသုံးပါနှင့်။
✅လက်ဆေးပါ
အနာကိုကိုင်မိလျှင် သို့မဟုတ် အနာသို့ ဆေးလိမ်းပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးပါ။
✅ကလေးငယ်ကို အနမ်းရှောင်ပါ
အထူးသဖြင့် မွေးကင်းစကလေးငယ်များကို နှုတ်ခမ်းချင်းတိုက်၍ မနမ်းပါနှင့်။

ရောဂါပြန်ဖြစ်ခြင်းကို ကာကွယ်ရန် (ပိုးရှိပြီးသားသူများအတွက်)-
✅နေရောင်ခြည်ကာကွယ်ပါ
နေရောင်ခြည်သည် ရေယုန်ပြန်ထစေသော အဓိကအကြောင်းရင်းဖြစ်သည်။ အပြင်ထွက်လျှင် နှုတ်ခမ်းဆီ (Sunscreen Lip Balm) သုံးပါ။
✅စိတ်ဖိစီးမှုလျှော့ချပါ
အနားယူပါ။
✅ကိုယ်ခံအားကောင်းအောင်နေပါ
အာဟာရပြည့်ဝအောင်စားပြီး အိပ်စက်မှုလုံလောက်အောင်ထားပါ။
✅ဗိုင်းရပ်စ်သတ်ဆေး သောက်ပါ
မကြာခဏ ပြန်ဖြစ်တတ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဗိုင်းရပ်စ်သတ်ဆေး
(ဥပမာ- Acyclovir) ကို ရေရှည်သောက်သုံးခြင်းဖြင့် ပြန်ဖြစ်နှုန်းကို လျှော့ချနိုင်ပါတယ်။
#ပြင်းထန်သောလက္ခဏာများ (ဥပမာ- မျက်စိနာခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း) ရှိပါက ဆရာဝန်နှင့် ချက်ချင်းပြသပါ။

    (SOP)​၁။ ပြင်ဆင်ခြင်း (Preparation)​ပစ္စည်းများ စစ်ဆေးခြင်း Sterile dressing kit (ပိုးသန့်အနာထည့်ပစ္စည်း)၊ ပိုးသန့်လ...
23/02/2026


(SOP)

​၁။ ပြင်ဆင်ခြင်း (Preparation)
​ပစ္စည်းများ စစ်ဆေးခြင်း
Sterile dressing kit (ပိုးသန့်အနာထည့်ပစ္စည်း)၊
ပိုးသန့်လက်အိတ် (Sterile gloves)၊
Normal Saline၊
ပိုးသန့်ဂွမ်း/ပတ်တီး၊
အနာကပ်တိပ် (Surgical tape) နှင့် အမှိုက်ပုံး (Biohazard bag)။

#လက်ဆေးခြင်း
အနာကိုမကိုင်တွယ်မီWHOရဲ့စနစ်တကျလက်ဆေးနည်း(၇)ဆင့်အတိုင်းဆောင်ရွက်ပါ။

​၂။ အနာကို စစ်ဆေးခြင်း (Wound Assessment)
​အနာဟောင်းကို ဖယ်ရှားခြင်း: အနာဟောင်းပေါ်က ပတ်တီးကို အသာအယာခွာပါ။
အနာထဲ ငြိနေလျှင် Normal Saline အနည်းငယ် ဆွတ်ပေးပါ။

#လေ့လာခြင်း
အနာရဲ့ အရွယ်အစား၊ အနံ့၊ အရောင် (နီရဲနေလား၊ ပြည်ရှိလား) နဲ့ အရည်ထွက်နှုန်း (Drainage) ကို သေချာကြည့်ပါ။

​၃။ သန့်စင်ခြင်းနှင့် ဆေးထည့်ခြင်း (Cleaning & Dressing)

#သန့်စင်ခြင်း
Normal Saline သုံးပြီး အနာရဲ့ အလယ်ဗဟိုကနေ အပြင်ဘက်ကို စက်ဝိုင်းပုံစံ ခပ်ဖွဖွ သန့်ရှင်းရေးလုပ်ပါ။
(အပြင်ကပိုးတွေ အထဲမဝင်စေရန် ဖြစ်သည်)

#ဆေးထည့်ခြင်း
ဆရာဝန်ညွှန်ကြားထားတဲ့ Topical Cream (သို့မဟုတ်) ပိုးသတ်ဆေးကို ထည့်ပါ။

#ဖုံးအုပ်ခြင်း
ပိုးသန့်ဂွမ်း/ပတ်တီး (Sterile Gauze) ဖြင့် အုပ်ပြီး အနားသတ်များကို တိပ်ဖြင့် သေချာကပ်ပါ။

 #အဆစ်လွဲပြီးရောင်ရမ်းနေတယ်ဆိုရင် အခြေအနေ ပိုမဆိုးသွားအောင်နဲ့ နာကျင်မှု သက်သာစေဖို့ R.I.C.E. လို့ ခေါ်တဲ့ အခြေခံ ရှေးဦး...
20/02/2026

#အဆစ်လွဲပြီးရောင်ရမ်းနေတယ်ဆိုရင်
အခြေအနေ ပိုမဆိုးသွားအောင်နဲ့ နာကျင်မှု သက်သာစေဖို့
R.I.C.E. လို့ ခေါ်တဲ့ အခြေခံ ရှေးဦးသူနာပြုစုနည်းကို အသုံးပြုနိုင်ပါတယ်။

ဒီအဆင့်တွေကို သေချာလိုက်နာကြည့်ပါ
၁။ Rest (အနားပေးပါ)
✅ရောင်နေတဲ့ အဆစ်ကို ထပ်ပြီး အားမစိုက်ပါနဲ့။ လှုပ်ရှားမှု လုံးဝရပ်လိုက်ပြီး ငြိမ်ငြိမ်ထားပါ။
✅အဆစ်ကို ထပ်မလှုပ်မိအောင် ကျပ်ပြား (သို့မဟုတ်) သစ်သားချောင်း၊ ကတ်ထူပြားတို့ဖြင့် ခိုင်အောင် စည်းထားပေးပါ။

၂။ Ice (ရေခဲကပ်ပါ)
✅ အရမ်းအရေးကြီးပါတယ် ရောင်နေတဲ့နေရာကို ရေခဲအိတ် (သို့မဟုတ်) အဝတ်သန့်သန့်နဲ့ ပတ်ထားတဲ့ ရေခဲတုံးလေးတွေနဲ့ ကပ်ပေးပါ။
✅တစ်ခါကပ်ရင် ၁၅ မိနစ် ကနေ မိနစ် ၂၀ ခန့် ကပ်ပေးပါ။ တစ်နေ့ကို ၄ ကြိမ်ကနေ ၈ ကြိမ်အထိ လုပ်ပေးနိုင်ပါတယ်။
🙅 သတိပြုရန်
ရေခဲကို အရေပြားပေါ် တိုက်ရိုက် မတင်ပါနဲ့ (အဝတ်ခံပါ)။
အပူ (ရေနွေးအိတ်) မကပ်ပါနဲ့၊ အပူက သွေးလည်ပတ်မှု ပိုများစေပြီး ပိုရောင်လာစေနိုင်ပါတယ်။

၃။ Compression (ပတ်တီးစည်းပါ)
✅ ရောင်ရမ်းမှုကို ထိန်းချုပ်ဖို့အတွက် Elastic Bandage (ကျုံ့ဆန့်နိုင်တဲ့ ပတ်တီး) နဲ့ ခပ်တင်းတင်းလေး စည်းပေးထားပါ။
🙅သို့သော် သွေးကြောပိတ်သွားအောင်အထိ အရမ်းကြီး မတင်းပါစေနဲ့ (ခြေချောင်း၊ လက်ချောင်းလေးတွေ ပြာနှမ်းလာရင် ပြန်လျှော့ပေးပါ)။

၄။ Elevation (မြှင့်ထားပါ)
✅ရောင်နေတဲ့ အစိတ်အပိုင်း (ခြေထောက် သို့မဟုတ် လက်) ကို နှလုံးထက် မြင့်တဲ့နေရာမှာ ရှိနေပါစေ။
👉ဥပမာ- ခြေထောက်ဆိုရင် ခေါင်းအုံး (၂) လုံးလောက် ခံပြီး မြှင့်ထားပေးခြင်းဖြင့် အရည်စုတာနဲ့ ရောင်တာကို ကျစေပါတယ်။

❌ #မလုပ်သင့်သည်များ

🙅အရိုးပြန်သွင်းခြင်း
ကိုယ့်ဘာသာကိုယ် အဆစ်ပြန်သွင်းတာ၊ အတင်းဆွဲတာမျိုး လုံးဝမလုပ်ပါနဲ့။ အာရုံကြောနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

🙅အပူလိမ်းဆေးလိမ်းခြင်း
ရောင်နေစဉ်အတွင်း ပူတဲ့ လိမ်းဆေးတွေကို ချက်ချင်းမလိမ်းပါနဲ့။

🚨 #ဘယ်အချိန်မှာဆရာဝန်ဆီသွားသင့်သလဲ
👉အဆစ်က ပုံစံ လုံးဝပျက်သွားရင် (သို့မဟုတ်) အရိုးစိုက်ထွက်နေရင်။
👉ဒဏ်ရာရတဲ့နေရာက ထုံကျဉ်လာရင်။
👉နာကျင်မှုက အရမ်းပြင်းထန်ပြီး ဘယ်လိုမှ မခံနိုင်ရင်။
👉ခြေထောက်/လက် ကိုအလေးချိန် လုံးဝမခံနိုင်တော့ရင် (မတ်တပ်ရပ်မရရင်)။
နီးစပ်ရာကျန်းမာရေးဌာနသို့ချက်ချင်းသွားပါ

 #အရေပြားယားယံတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမဲ့ အခြေအနေ သိပ်မပြင်းထန်ရင် အိမ်မှာတင် သက်သာအောင် ပြုလုပ်လို့ရတဲ့ နည...
19/02/2026

#အရေပြားယားယံတာဟာ
စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပေမဲ့
အခြေအနေ သိပ်မပြင်းထန်ရင်
အိမ်မှာတင် သက်သာအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းလေးတွေ ရှိပါတယ်။
ယားနာဖြစ်တဲ့အခါ
အောက်ပါအချက်လေးတွေကို လိုက်နာကြည့်ပါ

၁။ #အအေးတိုက်ပေးပါ
ယားယံတဲ့နေရာကို
ရေအေးဝတ်ကပ်ပေးတာ
ဒါမှမဟုတ် ရေခဲအိတ်ကပ်ပေးတာက ရောင်ရမ်းမှုကို ကျစေပြီး အာရုံကြောတွေကို ထုံသွားစေလို့ ယားယံမှုကို ချက်ချင်းသက်သာစေပါတယ်။ (၁၀ မိနစ်ခန့် ကပ်ပေးနိုင်ပါတယ်)

၂။ #ရေနွေးပူပူနှင့်ရေမချိုးပါနှင့်
ရေနွေးနဲ့ ချိုးတာက အရေပြားကို ပိုမိုခြောက်သွေ့စေပြီး ယားယံမှုကို ပိုဆိုးစေပါတယ်။ ရေအေး ဒါမှမဟုတ် ခပ်နွေးနွေး
ရေကိုသာ အသုံးပြုပါ။

၃။ #အစိုဓာတ်ထိန်းပေးပါ
အရေပြားခြောက်သွေ့လို့ ယားတာဆိုရင် အနံ့မပါတဲ့ Moisturizer ဒါမှမဟုတ် လိုးရှင်းတစ်မျိုးမျိုးကို ပုံမှန်လူးပေးပါ။ Calamine Lotion လူးပေးခြင်းကလည်း အေးမြစေပြီး ယားယံမှုကို သက်သာစေပါတယ်။

၄။ #ဆပ်ပြာအပြင်းစားများရှောင်ပါ
အနံ့ပြင်းတဲ့ဆပ်ပြာ၊ ရေမွှေးနဲ့ ဓာတုပစ္စည်းများတဲ့ အလှကုန်တွေက အရေပြားကို ပိုပြီး ကျိန်းစပ်စေပါတယ်။ နူးညံ့တဲ့ ဆပ်ပြာ (သို့) ကလေးဆပ်ပြာကို ပြောင်းသုံးကြည့်ပါ။

၅။ #ချည်သားပွပွများကိုဝတ်ဆင်ပါ
ကျပ်ထုတ်နေတဲ့ အဝတ်အစားတွေနဲ့ နိုင်လွန်သားတွေက အရေပြားကို ပွတ်တိုက်ပြီး ယားယံမှုကို ကြွစေပါတယ်။ လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွတွေကို ရွေးချယ်ဝတ်ဆင်ပါ။

၆။ #မကုတ်ပါနှင့်
အဓိကအချက်က မကုတ်ဖို့ပါပဲ။ ကုတ်လိုက်ရင် အရေပြားပွန်းပဲ့ပြီး ပိုးဝင်နိုင်သလို ယားယံမှုကလည်း ပိုဆိုးလာတတ်ပါတယ်။ တကယ်လို့ မနေနိုင်ရင် လက်ဖဝါးနဲ့ အသာအယာ ပွတ်ပေးပါ။
🚨သတိပြုရန် -
တကယ်လို့
👉ယားနာက တစ်ကိုယ်လုံးကို ပြန့်လာရင်၊
👉အဖျားတက်လာရင်၊
ဒါမှမဟုတ်
👉အနာကနေ ပြည်ထွက်လာရင်တော့
အိမ်တွင်းကုထုံးနဲ့တင် မလုံလောက်ဘဲ
နီးစပ်ရာ ဆေးခန်းမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။

🚑  #အပူလောင်ခြင်းအတွက်ရှေးဦးပြုစုနည်း✅ လုပ်ဆောင်ရမည့်အချက်များ (Do's)၁။ ရေအေးလောင်းပါ 👉အပူလောင်သည့်နေရာကို ရေဘုံဘိုင်ဖွင...
18/02/2026

🚑 #အပူလောင်ခြင်းအတွက်ရှေးဦးပြုစုနည်း

✅ လုပ်ဆောင်ရမည့်အချက်များ (Do's)

၁။ ရေအေးလောင်းပါ
👉အပူလောင်သည့်နေရာကို ရေဘုံဘိုင်ဖွင့်၍ ရေအေးအေး (သာမန်အပူချိန်ရှိရေ) ဖြင့် ၁၅ မိနစ်မှ မိနစ် ၂၀ ခန့် ကြာအောင် လောင်းချပါ။
(မှတ်ချက်။ ။ ရေခဲရေ လုံးဝ မသုံးရပါ)

၂။ ပစ္စည်းများကို ဖယ်ရှားပါ
👉 လက်ဝတ်ရတနာများ၊ နာရီ၊ ခါးပတ်နှင့် ကျပ်နေသော အဝတ်အစားများကို အမြန်ဆုံး ဖယ်ရှားပါ။
(အသားဖြင့် ကပ်နေသော အဝတ်အစားဖြစ်လျှင် အတင်းဆွဲမခွာဘဲ ထိုအတိုင်းထားပါ)

၃။ အနာကို ဖုံးအုပ်ပါ
👉သန့်ရှင်းသော ပတ်တီးစ (သို့) ပလပ်စတစ်အကြည် (Cling wrap/Food wrap) ဖြင့် အနာပေါ်တွင် ဖွဖွလေး အုပ်ပေးထားပါ။

၄။ အကိုက်အခဲပျောက်ဆေး
👌နာကျင်မှု သက်သာစေရန် ပါရာစီတမော (Paracetamol) သောက်နိုင်ပါသည်။

🚫 ရှောင်ကြဉ်ရမည့်အချက်များ (Don'ts)
* ❌ ရေခဲတုံး တိုက်ရိုက်ကပ်ခြင်း မပြုလုပ်ရ (တစ်ရှူးပျက်စီးစေနိုင်သည်)။
* ❌ သွားတိုက်ဆေး၊ ငံပြာရည်၊ ထောပတ်၊ ကြက်ဥအကာ လုံးဝ (လုံးဝ) မသုတ်လိမ်းရ။ (ပိုးဝင်နိုင်သည်)။
* ❌ အရည်ကြည်ဖုများ ကို မဖောက်ရ။
* ❌ ဂွမ်း (Cotton wool) ဖြင့် အနာကို တိုက်ရိုက်မအုပ်ရ (အမျှင်များကပ်ငြိနိုင်သည်)။

🏥 ဆေးရုံ/ဆေးခန်းသို့ ချက်ချင်းသွားပါ
အောက်ပါအခြေအနေများတွင် ဆရာဝန်နှင့် ပြသရန် လိုအပ်ပါသည်။
* အပူလောင်သည့်ဧရိယာသည် လက်ဝါးပြင်ထက် ကြီးမားလျှင်။
* မျက်နှာ၊ လည်ပင်း၊ လက်၊ ခြေထောက်နှင့် လိင်အင်္ဂါများတွင် ဖြစ်လျှင်။
* ဓာတုဗေဒပစ္စည်း (သို့) လျှပ်စစ်ကြောင့် အပူလောင်လျှင်။
* ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ ဖြစ်လျှင်။

 #ခွဲစိတ်ဒဏ်ရာတွေအနာမကျက်ခြင်းနောက်ကွယ်ကအကြောင်းတချို့ဆရာဝန်ကြီးကလဲတော်ပါတယ်အနာဆေးထည့်တာလဲ ကောင်းပါတယ်ဒါပေမဲ့ အာဟာရကို ဂ...
15/02/2026

#ခွဲစိတ်ဒဏ်ရာတွေအနာမကျက်ခြင်းနောက်ကွယ်ကအကြောင်းတချို့
ဆရာဝန်ကြီးကလဲတော်ပါတယ်
အနာဆေးထည့်တာလဲ ကောင်းပါတယ်
ဒါပေမဲ့ အာဟာရကို ဂရုမစိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုး (ရလဒ်) တွေကတော့

၁။ အနာကျက်နှုန်း သိသိသာသာ နှေးကွေးခြင်း
(Delayed Healing)
ခွဲစိတ်ဒဏ်ရာ တစ်ခု ကျက်ဖို့အတွက် Protein၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီး လိုပါတယ်။ ဒါတွေ မရှိရင် Cell အသစ်တွေ ဖြစ်ပေါ်မှု နှေးသွားမယ်။အနာက ခြောက်သင့်သလောက် မခြောက်ဘဲ ဖြစ်နေမယ်။

၂။ ပိုးဝင်နိုင်ခြေ မြင့်မားလာခြင်း (Increased Risk of Infection)

အာဟာရချို့တဲ့ရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (Immune System) က အားနည်းသွားပါတယ်။ ဒါဆိုရင်အနာမှာ ပိုးဝင်ဖို့ (Surgical Site Infection) လမ်းကြောင်း ပွင့်သွားမယ်။
ပိုးဝင်ရင် အနာက ပြည်တည်မယ်၊ နီရဲရောင်ရမ်းမယ်။ နောက်ဆုံး ချုပ်ရိုးပါ ပြုတ်ထွက်နိုင်ပါတယ်။

၃။ အနာချုပ်ရိုး ပြန်ပွင့်ခြင်း (Wound Dehiscence)
ဒါက အဆိုးဆုံးပါပဲ။
ကော်လာဂျင် (Collagen) တည်ဆောက်ဖို့ Protein နဲ့ Vitamin C လုံလောက်အောင် မရရင် အသားနုက ခိုင်ခိုင်မာမာ မကပ်နိုင်တော့ဘဲ အနာချုပ်ရိုးက ပြန်ပွင့်ထွက်သွားနိုင်ပါတယ်။

၄။ ဆေးရုံတက်ရက် ကြာရှည်ခြင်းနှင့် ကုန်ကျစရိတ် ပိုများခြင်း
အနာမကျက်တော့ ဆေးရုံမှာ ကြာကြာနေရမယ်၊ ပိုးသတ်ဆေးတွေ ပိုထိုးရမယ်။ ဒါဟာ လူနာအတွက်ရော ဆရာမကြီးတို့လို ပြုစုရတဲ့သူတွေအတွက်ပါ စိတ်ရောကိုယ်ပါ ပင်ပန်းစေတဲ့ အချက်ပါ။

"ဆရာဝန်ကြီးက ခွဲစိတ်တာကို အပြတ်အသတ် အောင်မြင်အောင် လုပ်ပေးထားပြီးပြီ။ ဒါပေမဲ့ ဆရာကြီး ချုပ်ပေးထားတဲ့ အသားတွေ တစ်သားတည်း ပြန်ဖြစ်ဖို့က လူနာ့အသားထဲမှာ အသားဓာတ် (Protein) ရှိမှရမှာ။ အသားဓာတ်မရှိရင် ဆရာကြီးဘယ်လောက်တော်တော် အနာက ပြန်ပွင့်လာလိမ့်မယ်။

ဒီလိုမျိုး "ဆရာဝန်ရဲ့ လက်ရာကို ထိန်းသိမ်းဖို့ လူနာမှာ တာဝန်ရှိတယ်။
ဒါကြောင့်
🥗 ခွဲစိတ်ဒဏ်ရာ အမြန်ကျက်စေရန် အာဟာရလမ်းညွှန်
(Nutrition for Post-Op Wound Healing) ကို ဖော်ပြပေးလိုက်ပါတယ်
#အာဟာရဓာတ်အုပ်စုဘာကြောင့်လိုအပ်တာလဲ

#အသားဓာတ် (Protein) "အသားနုတက်စေရန်" အဓိက အခြေခံအုတ်မြစ် ဖြစ်သည်။
ဥပမာ
ကြက်သား၊ ကြက်ဥ (အလွန်အရေးကြီး)၊ ငါး၊ ပဲအမျိုးမျိုး၊ တို့ဟူး နှင့် နို့ထွက်ပစ္စည်းများ။

#ဗီတာမင်စီ (Vitamin C)(Collagen )
"အသားကပ်စေရန်" နှင့် ပိုးဝင်ခြင်းကို ကာကွယ်ပေးရန်။
ဥပမာ
လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး၊ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ နှင့် ခရမ်းချဉ်သီး။

#ဗီတာမင်အေ (Vitamin A) "အရေပြားအသစ်" ဖြစ်ပေါ်မှုနှင့် ရောင်ရမ်းမှုကို ထိန်းညှိပေးရန်။
ဥပမာ
မုန်လာဥနီ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်

#ဇင့်/သွပ်ဓာတ် (Zinc) "ဆဲလ်အသစ်ပွားခြင်း" နှင့် အသားဓာတ် တည်ဆောက်မှုကို အားပေးရန်။
ဥပမာ
ပင်လယ်စာ၊ အမဲသား၊ ဖရုံစေ့ နှင့် ပဲကပ်ကျော်/ပဲနီလေး။

#အကျိုးပြုအဆီ (Healthy Fats) အနာကျက်ရန် "စွမ်းအင်" ပေးပြီး ဗီတာမင်ဓာတ်များကို ခန္ဓာကိုယ်က စုပ်ယူနိုင်ရန်။
ဥပမာ
ထောပတ်သီး၊ သံလွင်ဆီ၊ အခွံမာသီး (ဗာဒံစေ့/သစ်ကြားသီး)။

#ရေဓာတ် (Hydration)
"အရေပြား တင်းရင်းမှု" ရှိစေရန်နှင့် အနာဆီသို့ အာဟာရဓာတ်များ ရောက်ရှိစေရန်။
ဥပမာ
ရေသန့်၊ သကြားနည်းသော သစ်သီးဖျော်ရည် နှင့် စွပ်ပြုတ်ရည်။
ဒါတွေစုံအောင်မစားနိုင်သေးရင်
ကြက်ဥ အနည်းဆုံး ၂ လုံး တခြားရောဂါအခံ(ဥပမာ-ကျောက်ကပ်) မရှိလျှင် တစ်နေ့ကို ကြက်ဥ အနည်းဆုံး ၂ လုံး စားပေးခြင်းက အသားနုတက်ဖို့အတွက် အထိရောက်ဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်းဖြစ်ပါတယ်။

​နည်းနည်းချင်းစီနှင့် အကြိမ်ခဏခဏ ခွဲစိတ်ပြီးစား
အစားအသောက် ပျက်နေပါက ထမင်းနပ်ကြီး ၃ နပ်ထက် အာဟာရရှိတာကို နည်းနည်းချင်းစီနဲ့ တစ်နေ့ ၅ ကြိမ်၊ ၆ ကြိမ် ခွဲစားပေးပါ။

​အချိုလျှော့ပါ
သွေးထဲမှာ သကြားဓာတ်များနေရင် "အနာကျက်နှုန်း နှေးစေပြီး" ပိုးဝင်ဖို့ ပိုလွယ်ကူစေတာကြောင့် အချိုရည်နဲ့ အချိုကဲတာတွေကို ရှောင်ရပါမယ်။

 #တုတ်ကွေးဖြစ်တဲ့အခါ အခြေအနေ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ စနစ်တကျ ပြုစုကုသလို့ ရပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ခန္ဓာကိ...
15/02/2026

#တုတ်ကွေးဖြစ်တဲ့အခါ
အခြေအနေ သိပ်မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ စနစ်တကျ ပြုစုကုသလို့ ရပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားက ဗိုင်းရပ်စ်ကို ပြန်တိုက်ထုတ်နိုင်ဖို့ အားဖြည့်ပေးရမှာ ဖြစ်ပါတယ်။
အိမ်မှာ ပြုစုရမယ့် နည်းလမ်းတွေကို အောက်ပါအတိုင်း အပိုင်းလိုက် ခွဲခြားဖော်ပြပေးလိုက်ပါတယ်

၁။ အနားယူခြင်းနှင့် အရည်များများသောက်ခြင်း
ဒါဟာ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။

ခန္ဓာကိုယ်က ပိုးကို တိုက်ထုတ်နေရတဲ့အတွက် အားအင်ကုန်ခမ်းနေတတ်ပါတယ်။
ဒါကြောင့် အိပ်ရေးဝဝ အိပ်ပေးပါ။

အရည်များများသောက်ပါ အဖျားတက်တဲ့အခါ ချွေးထွက်ပြီး ရေဓာတ်ခမ်းခြောက်နိုင်ပါတယ်။ ရေ၊ ဓာတ်ဆားရည်၊ စွပ်ပြုတ်ရည်နဲ့ သစ်သီးဖျော်ရည် လတ်လတ်ဆတ်ဆတ်တွေကို သောက်ပေးပါ။ (ကော်ဖီနဲ့ အရက်ကိုတော့ ရှောင်ပါ)။

၂။ လက္ခဏာများကို သက်သာစေရန် ဆေးသောက်ခြင်း

#အဖျားကျဆေး
ကိုယ်ပူတာနဲ့ ကိုက်ခဲတာအတွက် ပါရာစီတမော (Paracetamol) ကို သောက်နိုင်ပါတယ်။ (ဆေးညွှန်းအတိုင်း သောက်ရန် သတိပြုပါ)။

#ချောင်းဆိုးပျောက်ဆေး
သလိပ်ပျော်ဆေး သို့မဟုတ် ချောင်းဆိုးသက်သာစေတဲ့ ဆေးရည်တွေကို သောက်နိုင်ပါတယ်။

#နှာပိတ်ခြင်း
ရေနွေးငွေ့ ရှူပေးတာ (Steam Inhalation) ဒါမှမဟုတ် နှာစေးပျောက်ဆေး သောက်တာမျိုး လုပ်နိုင်ပါတယ်။

၃။ အာဟာရ ပြည့်ဝစွာ စားသုံးခြင်း

အစာကြေလွယ်ပြီး အာဟာရဖြစ်မယ့် အစားအစာတွေကို စားပါ။
(ဥပမာ- ဆန်ပြုတ်၊ ကြက်စွပ်ပြုတ်)။
ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေကို စားပေးခြင်းက ခုခံအားကို အထောက်အကူပြုပါတယ်။

၄။ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကူးစက်မှု ထိန်းချုပ်ခြင်း
အိမ်သားတွေကို မကူးစက်အောင် အောက်ပါအတိုင်း နေထိုင်ပါ

်ပါ
ချောင်းဆိုး၊ နှာချေတဲ့အခါ Mask တပ်ထားပါ သို့မဟုတ် တစ်ရှူးနဲ့ အုပ်ထားပါ။

#လက်ဆေးပါ
နှာချေပြီးတိုင်း သို့မဟုတ် မျက်နှာကို ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စနစ်တကျ ဆေးပါ။

#သီးသန့်နေပါ
ဖြစ်နိုင်ရင် အခန်းခွဲနေပြီး အသုံးအဆောင် ပစ္စည်းများ (ပန်းကန်၊ ခွက်၊ မျက်နှာသုတ်ပုဝါ) ကို ခွဲခြားသုံးပါ။

🚨 #လူနာကိုဘယ်လိုစောင့်ကြည့်ရမလဲ
အိမ်မှာ ပြုစုနေရင်း အောက်ပါလက္ခဏာတွေ တွေ့လာရင်တော့ ချက်ချင်း ဆေးရုံ/ဆေးခန်း ပြသရပါမယ်
👉အသက်ရှူ မဝတော့ခြင်း၊ ရင်ဘတ်အောင့်ခြင်း။
👉အောက်ဆီဂျင် တိုင်းတဲ့အခါ 94% အောက် ရောက်သွားခြင်း။
👉 အဖျား လုံးဝမကျဘဲ အပြင်းအထန် တက်နေခြင်း။
👉 စကားပြောတာ ယောင်ယမ်းခြင်း သို့မဟုတ် မှိန်းနေခြင်း။

 #လုံးဝမပေါ့ဆသင့်သောချောင်းဆိုးရောဂါအဆုတ်ထဲပိုးဝင်တာဟာ သာမန်နှာစေးချောင်းဆိုးတာနဲ့မတူဘဲ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ ...
15/02/2026

#လုံးဝမပေါ့ဆသင့်သောချောင်းဆိုးရောဂါ

အဆုတ်ထဲပိုးဝင်တာဟာ
သာမန်နှာစေးချောင်းဆိုးတာနဲ့မတူဘဲ အသက်အန္တရာယ်ရှိနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။

ဒါကြောင့်
"အိမ်မှာတင် ကုလို့ရမလား" ဆိုတဲ့မေးခွန်းအတွက် အဖြေကတော့
ရောဂါအခြေအနေပေါ် မူတည်ပါတယ်။
အခြေအနေကို သေချာနားလည်နိုင်ဖို့ အောက်ပါအချက်တွေကိုကကြည့်ပေးပါ။
ပိုးဝင်တာ အလွန်အမင်း မပြင်းထန်ဘဲ လူနာက လူငယ်ဖြစ်ပြီး တခြားရောဂါအခံမရှိရင် ဆရာဝန်နဲ့ပြသပြီး ဆရာဝန်ညွှန်ကြားတဲ့အတိုင်း အိမ်မှာ ဆေးသောက်ပြီး ကုသနိုင်ပါတယ်။

ဒါပေမဲ့ ဒါဟာ ဆရာဝန်က "ဆေးရုံတက်စရာမလိုဘူး" လို့ အတည်ပြုပြီးမှသာ လုပ်သင့်တဲ့အရာပါ။

🚨 #ဘယ်လိုအချိန်မှာဆေးရုံချက်ချင်းသွားရမလဲ
(အန္တရာယ်လက္ခဏာများ)
အောက်ပါလက္ခဏာတွေရှိရင် အိမ်မှာတင် ကုသဖို့မကြိုးစားဘဲ ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးသွားရပါမယ်

👉အသက်ရှူရခက်ခဲခြင်း အသက်ရှူရင် မောနေခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူသံ ပြင်းနေခြင်း။

👉သွေးထဲက အောက်ဆီဂျင်ကျခြင်း: Oxygen level ၉၄ အောက် ရောက်သွားခြင်း။

👉သတိလစ်ခြင်း/ယောင်ယမ်းခြင်း: လူနာက စကားပြန်မပြောနိုင်တော့တာ ဒါမှမဟုတ် လူမသိတော့တာမျိုး။

👉ဖျားလွန်းခြင်း: အဖျား အရမ်းတက်ပြီး ချမ်းတုန်နေခြင်း။

👉 ကလေးငယ်များ သို့မဟုတ် သက်ကြီးရွယ်အိုများ: ခုခံအားနည်းတဲ့သူတွေ ဖြစ်တဲ့အတွက် အခြေအနေ မြန်မြန်ဆိုးရွားသွားနိုင်ပါတယ်။

ဆရာဝန်က အိမ်မှာပဲ ကုသဖို့ ညွှန်ကြားထားတယ်ဆိုရင်တော့

#ဆေးကိုအတိအကျသောက်ပါ ပဋိဇီဝဆေး (Antibiotics) ပေးထားရင်
သက်သာသွားရင်တောင် ကုန်အောင်သောက်ရပါမယ်။

#အနားယူပါ
ခန္ဓာကိုယ်က ပိုးကို တိုက်ထုတ်နိုင်ဖို့ အနားယူဖို့ အရမ်းလိုပါတယ်။

#ရေများများသောက်ပါ ချောင်းဆိုးတဲ့အခါ သလိပ်ထွက်ရလွယ်အောင် ရေများများသောက်ပေးပါ။

#အောက်ဆီဂျင်တိုင်းပါ
အိမ်မှာ Pulse Oximeter ရှိရင် ပုံမှန်တိုင်းပေးပါ။

#အရေးကြီးသောသတိပေးချက်:
အဆုတ်ပိုးဝင်တာဟာ ဗိုင်းရပ်စ်ကြောင့်လား
ဘက်တီးရီးယားကြောင့်လားဆိုတာကို ဓာတ်မှန်ရိုက်ခြင်း (X-ray) နဲ့ သွေးစစ်ခြင်းတို့ လုပ်မှသာ သိနိုင်ပါတယ်။
မိမိဘာသာ အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးလောက်နဲ့ပဲ ကုနေရင် ရောဂါကျွမ်းသွားနိုင်ပါတယ်

🧠  #အတက်ရောဂါဖြစ်လျှင်ပြုစုနည်း (Seizure First Aid)​လူနာက ရုတ်တရက် သတိလစ်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားတာ၊ တုန်ခါနေတာမ...
14/02/2026

🧠 #အတက်ရောဂါဖြစ်လျှင်ပြုစုနည်း (Seizure First Aid)

​လူနာက ရုတ်တရက် သတိလစ်ပြီး တစ်ကိုယ်လုံး တောင့်တင်းသွားတာ၊ တုန်ခါနေတာမျိုး ဖြစ်လာရင် အောက်ပါအတိုင်း အေးအေးဆေးဆေး ကူညီပေးပါ

​၁။ ဘေးအန္တရာယ်ကင်းအောင် လုပ်ပါ
​လူနာ တက်နေစဉ်မှာ အနီးအနားက ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေ (ဥပမာ - စားပွဲ၊ ကုလားထိုင်၊ ဖန်ခွက်) ကို ဖယ်ရှားလိုက်ပါ။
​လူနာ့ခေါင်းအောက်မှာ နူးညံ့တဲ့အရာ (ဥပမာ - ခေါင်းအုံး၊ အင်္ကျီအပို) တစ်ခုခု ခုပေးပါ။

​၂။ ဘေးစောင်းပေးပါ (Recovery Position)
​လူနာ တက်တာ ရပ်သွားတာနဲ့ (သို့မဟုတ်) တက်နေစဉ်အတွင်း အန်ဖတ်တွေ၊ တံတွေးတွေ ထွက်လာရင် အသက်ရှူလမ်းကြောင်း မပိတ်အောင် "ဘေးစောင်း" ပေးထားဖို့ အလွန်အရေးကြီးပါတယ်။

​၃။ အချိန်မှတ်ပါ
​လူနာ စတက်တဲ့အချိန်ကနေ ဘယ်လောက်ကြာကြာ တက်သလဲဆိုတာ နာရီကြည့်ပြီး မှတ်ထားပါ။ (၅ မိနစ်ထက်ကျော်ရင် အန္တရာယ်ရှိလို့ ဆေးရုံအမြန်သွားရပါမယ်)။

​၄။ တင်းကြပ်တာတွေ လျှော့ပေးပါ
​လည်ပင်းက ကော်လာ၊ ခါးပတ်နဲ့ တင်းကြပ်နေတဲ့ အဝတ်အစားတွေကို လျှော့ပေးပါ။ မျက်မှန်တပ်ထားရင် ချွတ်ပေးပါ။

​⚠️ #လုံးဝ (လုံးဝ) #မလုပ်ရမည့်အချက်များ (အရေးကြီးဆုံး)
​ပါးစပ်ထဲ ဘာမှမထည့်ပါနှင့်
ဇွန်းထည့်တာ၊ အဝတ်စ ထည့်တာ၊ လက်ချောင်းထည့်တာမျိုး လုံးဝမလုပ်ရပါ။
လူနာက လျှာကို ကိုက်မိတာထက် ပါးစပ်ထဲထည့်တဲ့ ပစ္စည်းကြောင့် အသက်ရှူလမ်းကြောင်းပိတ်တာ ဒါမှမဟုတ် သွားကျိုးတာက ပိုအန္တရာယ်များပါတယ်။

​အတင်းမချုပ်ပါနှင့်
လူနာ လှုပ်ရှားနေတာကို ရပ်သွားအောင် အတင်းဖိချုပ်တာမျိုး မလုပ်ရပါ။
ဒါဟာ လူနာကို အရိုးကျိုးစေနိုင်ပါတယ်။
​သတိမရခင် ရေမတိုက်ပါနှင့် လူနာ အတက်ရပ်ပြီး လုံးဝ သတိပြန်မရမချင်း ရေ သို့မဟုတ် ဆေး လုံးဝမတိုက်ရပါ။

​🚨 #ဘယ်အချိန်မှာဆေးရုံအမြန်သွားရမလဲ?
👉​အတက်က (၅) မိနစ်ထက် ကြာနေရင်။
👉​တစ်ကြိမ်တက်ပြီး သတိပြန်မရသေးဘဲ နောက်တစ်ကြိမ် ထပ်တက်ရင်။
👉​အတက်ရပ်သွားပေမဲ့အသက်ရှူရ ခက်ခဲနေရင်။
👉​ကိုယ်ဝန်ဆောင် အမျိုးသမီး တက်ရင်
ဆေးရုံအမြန်သွားပါ

 #အမောဖောက်ပီး‌ဆေးရုံရောက်လာတဲ့လူနာတွေကိုကယ်တင်ဖို့မလွယ်ပါဘူးဒီအတိုင်းလက်လွှတ်လိုက်ရတဲ့လူနာတွေက အိမ်ထောင်စုတိုင်းရဲ့အားက...
14/02/2026

#အမောဖောက်ပီး‌ဆေးရုံရောက်လာတဲ့လူနာတွေကိုကယ်တင်ဖို့မလွယ်ပါဘူး
ဒီအတိုင်းလက်လွှတ်လိုက်ရတဲ့လူနာတွေက
အိမ်ထောင်စုတိုင်းရဲ့အားကိုးရာမဏ္ဍိုင်ကြီးတွေဖြစ်နေတာက
တကယ့်ရင်နာစရာအဖြစ်အပျက်တွေပါ
ဒီလိုမဖြစ်အောင်ဆိုရင် ဖြစ်စေတဲ့အကြောင်းရင်းတွေကိုရှောင်ပါ
ဖြစ်လာတာနဲ့ချက်ချင်းကုပါ

#နှလုံးရောဂါဖြစ်ပွားစေသောအချက်များ

အဝလွန်ခြင်း - ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထက် ပိုလွန်ခြင်း

ဆေးလိပ်သောက်ခြင်း - ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲခြင်း

ဆီးချို/သွေးတိုး ရောဂါ - သွေးတွင်းသကြားဓာတ်မြင့်မားခြင်း၊ သွေးတိုးရောဂါခံစားရခြင်း

ဆီးချို/သွေးတိုးရောဂါ - နာတာရှည် ကျန်းမာရေး ပြဿနာများ

အသက်/မိသားစုရာဇဝင် - အသက်အရွယ်များလာခြင်းနှင့် မိသားစုတွင် နှလုံးရောဂါ သမိုင်းကြောင်း

စိတ်ဖိစီးမှု - စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ တင်းမာမှုများ

#နှလုံးရောဂါကြိုတင်သတိပေးသည့်လက္ခဏာများ

ရင်ဘတ်နာ/ဖိအားခံစားရခြင်း - ရင်ဘတ်တွင် နာကျင်မှု၊ တင်းမာမှု ခံစားရခြင်း

အသက်ရှူကြပ်ခြင်း/ချွေးထွက်ခြင်း - ပုံမှန်မဟုတ်ပဲ အသက်ရှူရခက်ခြင်း၊ ချွေးများများ ထွက်ခြင်း

လက်/မေးရိုး/ကျောနာခြင်း - လက်၊ မေးရိုး၊ ကျောတစ်လျှောက် နာကျင်မှု ပျံ့နှံ့ခြင်း

ပျို့အန်ခြင်း/ပင်ပန်းနွမ်းနယ်ခြင်း - ပျို့အန်ချင်ခြင်း၊ အားအင်ကုန်ခြင်း
🚨 ဤလက္ခဏာများ ခံစားရပါက ချက်ချင်း ဆေးရုံသွားရောက် ကုသမှု ခံယူပါ
#ကြိုတင်ကာကွယ်ခြင်းဖြင့်မိသားစုအားလုံးကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ

13/02/2026

🤢 #အစာအဆိပ်သင့်ခြင်း (Food Poisoning) #ပြုစုနည်း

​မသန့်ရှင်းတဲ့ အစားအစာတွေ၊ မလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ အသားငါးတွေ စားမိတဲ့အခါ အစာအဆိပ်သင့်တတ်ပါတယ်။ ဗိုက်ရစ်နာတာ၊ အန်တာ၊ ဝမ်းလျှောတာတွေ ဖြစ်လာရင် အောက်ပါအတိုင်း လုပ်ဆောင်ပါ

1.အစာအိမ်ကို အနားပေးပါ​ဗိုက်အရမ်းနာပြီး အန်နေတဲ့အချိန်မှာ အစာအသစ်တွေ ထပ်မကျွေးပါနဲ့။ (၂) နာရီ၊ (၃) နာရီလောက် ဗိုက်ကို အနားပေးထားပါ။

2.အရေးကြီးဆုံးက ရေဓာတ်မခမ်းခြောက်အောင် လုပ်ပါ
​အန်တာနဲ့ ဝမ်းသွားတာကြောင့် ခန္ဓာကိုယ်ထဲက ရေဓာတ်တွေ ကုန်ခမ်းသွားနိုင်ပါတယ်။
​ဓာတ်ဆားရည် (ORS): နည်းနည်းချင်းစီ မကြာမကြာ တိုက်ပေးပါ။ တစ်ခါတည်း အများကြီးတိုက်ရင်ပြန်အန်တတ်လို့ ဇွန်းနဲ့ဖြစ်ဖြစ်တစ်ငုံစီဖြစ်ဖြစ်တိုက်ပေးပါ။
ဓာတ်ဆားမရှိရင် အုန်းစိမ်းရည် တိုက်လို့ရပါတယ်။

3.အစာ ပြန်ကျွေးနည်း
​အန်တာ ရပ်သွားပြီး ဗိုက်ထဲ နည်းနည်းသက်သာလာပြီဆိုမှ အစာအပျော့စားတွေကို စတင်ကျွေးပါ။ဥပမာ (ငှက်ပျောသီး)၊ (ဆန်ပြုတ်/ထမင်းပျော့ပျော့)၊ (ပန်းသီး)၊(ပေါင်မုန့်ကင်)။
​ရှောင်ရန်: နို့ထွက်ပစ္စည်းများ၊ အဆီအစိမ့်များ၊ အစပ်များနှင့် ကဖင်း (ကော်ဖီ/လက်ဖက်ရည်) တို့ကို ၂ ရက်ခန့် ရှောင်ထားပါ။

4.ဆေးမြီးတိုများ ရှောင်ကြဉ်ပါ
​ဝမ်းပိတ်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။ အဆိပ်အတောက်တွေ အပြင်ထွက်တာကို တားဆီးသလို ဖြစ်သွားနိုင်ပါတယ်။

​🚨 #ဘယ်အချိန်မှာဆေးရုံဆေးခန်းအမြန်သွားရမလဲ
​အောက်ပါလက္ခဏာတွေ တွေ့ရင်တော့ အိမ်မှာပဲ ကုမနေဘဲ ဆေးခန်းကို အမြန်သွားပါ

1.​တောက်လျှောက် အန်နေပြီး ရေတောင် သောက်လို့မရတော့ရင်။
2.​ဝမ်းထဲမှာ သွေးပါလာရင်။
3.​ကိုယ်အပူချိန် (၁၀၂°F) ထက် ကျော်ပြီး အရမ်းဖျားလာရင်။
4.​မျက်တွင်းတွေ အရမ်းချိုင့်ဝင်ပြီး ဆီးမသွားတော့ရင် (ရေဓာတ် အလွန်အမင်း ခမ်းခြောက်ခြင်း)။
ဆေးရုံဆေးခန်းအမြန်သွားပါ။

ဤစာအုပ်ကိုနည်းပညာနှင့် အလှမ်းဝေးရာအရပ်တွင် ရောက်ရှိနေကြပြီး တစ်စုံတစ်ရာ နေမကောင်းဖြစ်ပါက ကျွန်မကိုယ်တိုင် ချက်ချင်းပြေးသ...
12/02/2026

ဤစာအုပ်ကို
နည်းပညာနှင့် အလှမ်းဝေးရာအရပ်တွင် ရောက်ရှိနေကြပြီး တစ်စုံတစ်ရာ နေမကောင်းဖြစ်ပါက ကျွန်မကိုယ်တိုင် ချက်ချင်းပြေးသွား၍ မကူညီနိုင်သော မောင်လေးမိသားစုနှင့် ချစ်ခင်ရသူများ အတွက် ရည်ညွှန်း၍ ရေးသားပါမည်။
​ကျွန်မ မရှိသည့်တိုင်အောင် ဤစာအုပ်ပါ လမ်းညွှန်ချက်များကို ကြည့်ရှုခြင်းဖြင့် မိသားစုဝင်အချင်းချင်း အသက်ကယ်တင်နိုင်ရန်နှင့် စနစ်တကျ ပြုစုစောင့်ရှောက်နိုင်ရန်
ဤစာအုပ်သည် ကျွန်မကိုယ်စား အားကိုးထိုက်သော လက်စွဲတစ်ခု ဖြစ်ပါလိမ့်မည်။"

Address

Myeik

Opening Hours

Monday 12:00 - 00:00
Tuesday 12:00 - 00:00
Wednesday 12:00 - 00:00
Thursday 12:00 - 00:00
Friday 12:00 - 00:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959766414993

Website

Alerts

Be the first to know and let us send you an email when First Aid Care by San Thi-Nurse posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram